YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

2 Good 2 Be True.2022.EP87.WEB-DL.1080P(CM).mp4

447.96 MB N/A video/mp4 69 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
[18+] AFAM
2

ဒေစီနဲ့ ဟေဇယ်တို့ဟာ ကလေးဘဝကတည်းက အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ခဲ့သလို လက်ရှိမှာလည်း အပန်းဖြေစခန်းတစ်ခုတည်းမှာ အတူတူလုပ်နေကြပါတယ်။ သူတို့ဟာ ငယ်ဘဝကတည်းက အချင်းချင်းသဘောတူစာချုပ်တစ်ခုထားရှိခဲ့ပြီး အဲဒါကတော့ ယောက်ျား တစ်ယောက်ကိုဘယ်တော့မှ နှစ်ယောက်လုံး ပြိုင်တူမချစ်မိကြေး၊ ယောက်ျားတစ်ယောက်အတွက် သူတို့ရဲ့သူငယ်ချင်းအချစ် မပြိုကွဲရေးတွေပါပဲ။ ဒါပေမဲ့လည်း ငယ်ဘဝအိပ်မက်တွေနောက်ကို အတူတူလိုက်ကြရင်း အဲဒီအိပ်မက်တွေကို အကောင်အထည်ဖော်ပေးနိုင်မယ့် အလားအလာရှင် ဖော်ရိန်နာတစ်ယောက်ကိုမှ အတူတူမျက်စိကျသွားတဲ့အခါမှာတော့ သဘောတူစာချုပ်တွေ၊ သူငယ်ချင်းသံယောဇဉ်တွေကိုခဏခေါက်ထားပြီးတော့ နှစ်ယောက်ကြားမှာ ပညာကုန်ထုတ်သုံးရင်း မီးပွင့်မတတ်တစ်ဂျိန်းဂျိန်းပြိုင်ရမယ့် ပြိုင်ပွဲတစ်ခု ဖြစ်ပေါ်လာပါတော့တယ်။ မင်းသမီးနှစ်ယောက်ရဲ့ ပွင့်ပွင့်လင်းလင်းပညာပြိုင်ခန်းတွေလည်းအများကြီးပါဝင်သလို အချစ်ဟာသပုံစံမျိုးနဲ့ မြူးမြူးသွက်သွက် တင်ဆက်ထားတဲ့အတွက် ရယ်ရင်းမောနေရမယ့်ဇာတ်ကားတစ်ကားဖြစ်တာမို့ ဆက်လက်ရှုစားလိုက်ကြပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size - 6.1GB, 1.95GB, 930MB Quality - 4K HEVC, 1080p, 720p Format - mp4 Duration - 1H 57Min Genre - Comedy Subtitle - Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

Drama • Mystery • TV Movie • Thriller
2 2023 117 mins
[18+] AFAM
Da Capo
9

"ဂီတဆိုတာ ရင်ထဲကစစ်မှန်မှုမပါရင် အသက်မဝင်ဘူး" တဲ့ ဂီတရုပ်ရှင်တစ်ခု CM ပရိတ်သတ်များအတွက် တင်ဆက်ပေးလိုက်ပါတယ် သီချင်းလေးတွေ နားဆင်ရတာကြိုက်တယ်ဆိုရင်တော့ မလွတ်တမ်းကြည့်ရှုလိုက်ပါ ဇာတ်လမ်းအကျဉ်း အရည်အချင်းရှိပေမယ့် နာမည်ကြီးဖြစ်မလာတဲ့ တေးရေးဆရာ/အဆိုတော် ထယ်အီ အရည်အချင်းတစ်ခုရှိနေပေမယ့် ဂီတလောကမှာနေရာယူဖို့မကြိုးစားဘဲ ဂီတကျောင်းတစ်ခုမှာ မျိုးဆက်သစ်တွေကို မွေးထုတ်ပေးနေတဲ့ ဂျီဝန် အနုပညာဝါသနာပိုးအပြည့်နဲ့ Rock ဂီတကို သီဆိုချင်တဲ့ ဒေါ့ခိုတု့ိ သူငယ်ချင်းတစ်စု တစ်ရက်မှာ ထယ်အီနဲ့ ဂျီဝန်တို့ ဂီတကျောင်းမှာ ပြန်တွေ့တဲ့အခါ... ဒေါ့ခိုတို့ သူငယ်ချင်းတစ်စုရော ထယ်အီ့ဆီက ဘယ်လိုပညာတွေ သင်ယူဖြစ်မလဲ.... အနုပညာလမ်းပေါ် ဘယ်လိုပုံစံလေးနဲ့ ဆက်လျှောက်သွားမှာလဲဆိုတာ ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုကြပါရှင် File Size__(1.1GB) / (630MB) Quality__1080p, 720p IMDb Rating__7.1/10 Format__mp4 Duration__01:13:00 Type__Drama, Music Subtitle__Myanmar Subtitle (Hardsub) Translated by Seung Encoded by Naing Aung Latt

Horror • Thriller
9 2020 98 mins
Da Capo
The Rental
5.5

ဒီတစ်​​ခေါက်မိတ်ဆက်​ပေးချင်တာက​တော့ ညဘက်မှာ ​ကျောခြမ်းစရာ Thriller ​လေး​တွေမှ ကြည့်ချင်တယ်ဆိုတဲ့ ​လူ​တွေအတွက် အကြိုက်ဖြစ်ပါလိမ့်မယ် ။ ခရီး​တွေသွားတဲ့အခါ ငှားလို့ရတဲ့ လုံးချင်းအိမ်​လေး​တွေကို သိကြမယ်မလား ။ အခုဇာတ်အိမ်ကလည်း အဲ့လိုအိမ်​လေးအ​ပေါ် အ​ခြေခံထားခဲ့တာပါ ။ ချာလီနဲ့ ​ဂျော့ရှ်က ညီအစ်ကို နှစ်ဦးဖြစ်ပြီး သူတို့ရဲ့ ချစ်သူ​တွေဖြစ်တဲ့ မီရှယ် ၊ မီနာ တို့နဲ့အတူ ပိတ်ရက်မှာ ကမ်း​ခြေကို ခရီးထွက်ဖို့အတွက် ပြင်ဆင်ခဲ့ကြပါတယ် ။ ငှားထားတဲ့ အိမ်ကို ​ရောက်လာတဲ့အခါမှာ​တော့ အိမ်ပိုင်ရှင်က နည်းနည်း ထူးဆန်းပြီး ​လူမျိုး​ရေးခွဲခြားတတ်တဲ့ သူတစ်​ယောက်လည်း ဖြစ်​နေပြန်တာမလို့ မီနာက သ​ဘောမကျခဲ့ပါဘူး ။ ဒီလိုနဲ့ပဲ ညဘက်​​ရောက်တဲ့အခါမှ ​သောက်စားမူးယစ်ရင်း မီနာက သူ့ရည်းစားရဲ့ ညီဖြစ်သူ ချာလီနဲ့ မှားယွင်းမိပြီး နောက်တစ်​နေ့မှာ​တော့ သူတို့ရဲ့ ​ရေချိုးခန်း​တွေထဲမှာ ကင်မရာ ဆင်ခံထားရတာကို သိလိုက်ရပါ​တော့တယ် ။ ဒါတင်မက တခြားရှုပ်​ထွေးတဲ့ကိစ္စကပါ ထပ်ပြီး ထွက်​ပေါ်လာတဲ့အချိန်မှာ​တော့ သူတို့​လေး​ယောက်က ဒါ​တွေက ဘယ်လိုမျိုး ​ဖြေရှင်းကြမလဲ ဆိုတာကို ဇာတ်ကွက်အလှည့်အ​ပြောင်းကြမ်းကြမ်း ၊ အသည်းတယားယားနဲ့ ကြည့်ရမှာ ဖြစ်သလို ချစ်သူ​တွေကြားက က​တောက်ကဆကိုပါ မြင်သာ​အောင် ရိုက်ကူးပြထားတဲ့ ရုပ်ရှင်ကား​ကောင်း တစ်ခုလည်း ဖြစ်ပါတယ် ။ File Size - 954 mb Quality - web-dl 1080p Subtitle -  burmese Translator - Floria Encoder - Thit San Khant

Drama
5.5 2020 88 mins
The Rental
Survival Island
4.9

Survival Island (2005) ပိုစတာကိုကြည့်ပြီးရင် ဘာမှရှည်ရှည်ဝေးဝေး‌ တွေးနေစရာ‌တောင်မလိုဘဲ ဒေါင်းချင်စိတ်ပေါက်သွားမယ့် ကားမျိုးပဲမလား။ ပိုစတာကလည်း မဂျင်းပါဘူး။ တကယ် အဲဒီလို ဝတ်လစ်စလစ်အခန်းတွေအပြည့်ပါပါတယ်။ ပိုတောင်ကြမ်းပါသေးတယ်။ မင်းသမီးကလည်း ခြောက်ပြစ်ကင်းသဲလဲစင် ရှိုက်ဖိုကြီးငယ်အသွယ်သွယ်နဲ့ ဆွဲဆောင်နေတဲ့မင်းသမီး။ နာမည်အတိုင်း survival ကားပေမဲ့ လျှို့ဝှက်ဆန်းကြယ် ဆန်ဆန်တွေလည်းပါတာမို့ ဇာတ်အိမ်ကလည်း ကြည့်ရကောင်းတယ်။ အကြမ်းဖျဉ်းပြောရရင်တော့ လူတစ်စု အပျော်စီးသင်္ဘောနဲ့ ခရီးထွက်ကြတယ်။ သင်္ဘောက မီးထလောင်တယ်။ သင်္ဘောဝန်ထမ်းတွေရော ကျန်တဲ့လူ အများစုရော ဘာဖြစ်သွားမှန်းမသိဘူး။ သင်္ဘောဝန်ထမ်းတစ်ယောက်ရယ် ကောင်မလေးရယ် ကျွန်းပေါ်အတူတူသောင်တင်နေကြတယ်။ နောက်ကျ ကောင်မလေးလင်ကြီးရောက်လာတယ်။ ကျွန်းပေါ်မှာ သုံးယောက်အတူတူ ရှင်ကြသန်ကြရင်း ကောင်မလေးဟာ ဟိုဘက် ဒီဘက် လွန်ဆွဲပွဲကြားမှာ စားလိုက် အစားခံရလိုက် သံသရာလည်တာကို စိတ်ဝင်စားစရာပြထားတဲ့ ရုပ်ရှင်လေးပါပဲ။ လူသုံးယောက်ရဲ့ သံသရာပေါ့။ ကမ်းစပ်လေးမှာ တဲလေးထိုးပြီး တစ်တဲနဲ့တစ်တဲ ရန်ဖြစ်နေပုံတွေကလည်း တစ်ချိန်က နာမည်ကြီးခဲ့တဲ့ ဗမာရုပ်ရှင် ကြိုးတန်းလိုလို ဘာလိုလိုပါပဲ။ ကားဟာ ရှိုက်ဖိုကြီးငယ်အသွယ်သွယ်နဲ့ လှလည်းလှသလို ပမာယူစရာ မက်ဆေ့တွေလည်း အပြည့်ပေးထားတဲ့ ရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို “___” မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.33GB, 1.2GB, 650MB Quality – 1080p, 720p, 480p IMDb Rating – 4.9/10 Format – mp4 Duration – 1H 35Min Genre – Drama, Romance, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by “___“ Encoded by Y

Horror • Thriller
4.9 2005 95 mins
Survival Island
Shirensha

စိတ်လှုပ်ရှားသက်ဝင်ရင်ခုန်စွာနဲ့ကြည့်ရှုရမဲ့ ရုပ်ရှင်ကားကောင်းတစ်ခုကို Channel Myanmar က တင်ဆက်ပေးလိုက်ပါပြီနော် ယွီဖေးနဲ့ထုံယန်ဟာ တစ်ချိန်က ညီအစ်မရင်းတွေလို ခင်မင်ခဲ့ကြတဲ့ သူငယ်ချင်းတွေဖြစ်ပြီး အကြောင်းအရင်းတစ်ခုကြောင့် နှစ်အတန်ကြာ ကွဲကွာခဲ့ရပါတော့တယ် ထိုအကြောင်းရင်းကတော့ ဝူလျန်ဟာ သူတို့နှစ်ယောက်နဲ့ အတန်းဖော်ဖြစ်ခဲ့ပြီး သူမသူငယ်ချင်းထုံယန်အတွက် ယွီဖေးဟာ နောက်ဆုတ်ပေးခဲ့တာ ဖြစ်ပါတယ် ဒီလိုနဲ့ ဝူလျန်ဟာ ထုံယန်ကိုလက်ထပ်ခွင့်တောင်းမဲ့အစီအစဉ်နဲ့ သူတို့သူငယ်ချင်းသုံးယောက်တစ်ဖန်ပြန်ဆုံခဲ့ရပါတော့တယ်။ အဲ့အချိန်မှာပဲ ပုံပြင်လေးက စတင်ခဲ့ပါတော့တယ်。。。 ယွီဖေးရဲ့အကြံအရ စပရိုက်စ်(အံ့အားသင့်ဖွယ်)ဖြစ်အောင် အစီအစဉ်တစ်ခု ချမှတ်ခဲ့ပါတော့တယ် အဲ့ဒါကတော့ ပင်လယ်ပြင်ကြီးမှာ ရွက်လှေလွှင့်ပါတီလုပ်ပြီး ထုံယန်မသိတဲ့အခိုက်မှာ ရေအောက်ခြေက သန္တာကျောက်တန်းမှာ လက်စွပ်ကို သွားဖွက်ထားဖို့ပဲ ဖြစ်ပါတယ်。。。 အဆုံးမရှိတဲ့ကမ်း မှန်းဆမရတဲ့အနက် စူးစမ်းမရတဲ့‌ အခြင်းအရာတွေပတ်လည်ဝန်းရံနေတဲ့ ပင်လယ်ကြီးမှာ ဘာတွေဆက်ဖြစ်မလဲဆိုတာ အသေးစိတ်ကြည့်ရှုလိုက်ပါနော်

0 2023
Shirensha
Sophie’s Choice
7.5

လှပတဲ့ဝတ္ထုတစ်ပုဒ်ကို စာရွက်တစ်ရွက်ချင်းလှန်ရင်း အေးအေးဆေးဆေး ထိုင်ဖတ်နေရသလို ဖီလင်မျိုးကို ပေးနိုင်မယ့် Classic War Drama ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ၁၉၇၉ ခုနှစ်မှာထုတ်ဝေခဲ့တဲ့ စာရေးဆရာ William Styron ရဲ့ Sophie’s Choice စာအုပ်ကိုပဲ ရုပ်ရှင်အဖြစ် ပြန်လည်ဖန်တီးထားတာပါ။ ဇာတ်လမ်းကတော့ ဒုတိယကမ္ဘာစစ်အပြီး နှစ်နှစ်အကြာ ၁၉၄၇ ခုနှစ်မှာ အခြေပြုထားပြီး လူသုံးယောက်ကိုအဓိကထား ဇာတ်အိမ်တည်ထားတာပါ။ စာရေးဆရာတစ်ယောက်ဖြစ်ချင်တဲ့အိပ်မက်ကိုအကောင်အထည်ဖော်နိုင်ဖို့အတွက် ကျေးလက်တောရွာလေးတစ်ရွာကနေ ဘရွတ်ခ်ကလင်းမြို့ကိုတက်လာတဲ့ စာရေးဆရာပေါက်စလေး စတင်ဂို၊ စစ်အတွင်းမှာ နာဇီတွေရဲ့ဖမ်းဆီးမှုကိုခံရပြီး စစ်အကျဉ်းစခန်းမှာ အခက်အခဲပေါင်းမြောက်မြားစွာကိုဖြတ်ကျော်ကာ လွတ်မြောက်လာခဲ့တဲ့ ပိုလန်သူလေး ဆိုဖီနဲ့ သူမရဲ့ချစ်သူ ဂျူးလူမျိုး သိပ္ပံပညာရှင် နေသန်တို့ဟာ ဘရွတ်ခ်ကလင်းမြို့က အိမ်တစ်လုံးမှာ အတူတူငှားနေကြရင်း အခင်ဆုံးသူငယ်ချင်းတွေဖြစ်လာခဲ့ကြတယ်။ ဇာတ်လမ်းကိုတော့ လက်ရှိအချိန်ကာလရယ် ဆိုဖီရဲ့စစ်အတွင်းကကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေကို flashback အနေနဲ့ storytelling ပြန်ပြောထားတဲ့ပုံစံအတိုင်း ဖန်တီးထားတာပါ။ အကျဥ်းချုံး ရီဗျူးပေးရမယ်ဆိုရင်တော့ ဇာတ်လမ်းဟာ စိတ်နှစ်ခံစားသူတွေအဖို့ဆိုရင် တစ်ချိန်တည်းမှာပဲ ကြေကွဲစရာ ကောင်းလွန်းလှသလို အရမ်းလည်း လှပသေသပ်လွန်းပြီး Slow Burning လေးနဲ့ အငြိမ်ကြည့်ရှုရမှာပါ။ သမိုင်းကြောင်းနောက်ခံ ကမ္ဘာစစ်နောက်ခံ Drama ဇာတ်ကားတွေကို ကြိုက်နှစ်သက်တဲ့သူများအတွက်ကတော့ ဒီဇာ​တ်ကားက လုံးဝလက်မလွှတ်သင့်တဲ့ရွှေပါပဲ။ File size…(1.7 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:30:00 Genre…Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Vader

7.5 1982 151 mins
Sophie’s Choice
Maboroshi
6.4

Maboroshi (2023) ~ IMDb – 6.4/10, RT – 62%, MyDramaList – 7.3/10 ~ အဲဒီမြို့ကလေးမှာ လူတွေဟာ ဘယ်တော့မှ ရုပ်ရော နာမ်ရောပြောင်းလဲမလာကြဘူး။ ဒီအဖြစ်တွေဟာ မြို့ကလေးရဲ့ကောင်းကင်မှာ အက်ကွဲကြောင်းတွေပေါ်လာပြီး ဒီမြို့ကလေးရဲ့ အချက်အချာ စတီးစက်ရုံကြီးကို နတ်ဘုရားတွေ ဝင်စီးရာက စတယ်။ ဒီစတီးစက်ရုံကြီးက တစ်မြို့လုံးက လူတွေအားလုံးကို အလုပ်ပေးထားတဲ့နေရာတစ်ခု။ ကောင်းကင်မှာ အက်ကွဲကြောင်းတွေပေါ်လာပြီး တစ်ခုသောမနက်မှာ စတီးစက်ရုံကြီးဟာ ဘယ်သူမှ ဝင်လည်ပတ်ပေးစရာမလိုဘဲ သူ့ဘာသာ လည်ပတ်နေတော့တယ်။ စက်ရုံက အဓိကထုတ်ပေးတာက ဝံပုလွေလို သဏ္ဍာန်ရှိတဲ့ မီးခိုးတွေပေါ့။ အဲဒီမီးခိုးတွေက အလုပ်၂ခုလုပ်တယ်။ တစ်ခုက ကောင်းကင်က အက်ကွဲကြောင်းကိုဖာတာ၊ တစ်ခုက လူတွေကို ပျောက်ကွယ်အောင်လုပ်တာ။ ဘယ်လိုလူတွေကိုပျောက်ကွယ်အောင် လုပ်သလဲဆိုရင်တော့ ခံစားချက်ရှိတဲ့လူတွေကို…။ အဲဒီမြို့ကလေးက လူတွေဟာ ခံစားချက်ရှိနေလို့မရဘူး။ ခံစားချက်မရှိအောင်လည်းနေရတယ်။ ခံစားချက်တစ်ခုရှိလာပြီဆိုတာနဲ့ မီးခိုးဝံပုလွေတွေဟာ အဲဒီလူကို ဝါးမြိုသွားတတ်တယ်။ ခံစားချက်ရှိလာလေ လူတွေရဲ့ နှလုံးသားမှာ အက်ကွဲကြောင်းတွေပေါ်လာလေ မြို့ကလေးရဲ့ ကောင်းကင်က အက်ကွဲကြောင်းတွေကလည်း ပိုအက်ကွဲလာပြီး မြို့ဟာ ပိုပျက်လာတတ်တယ်။ မြို့က လူကြီးတွေက အဲဒီမြို့ကလေးကလူတွေကို အပြောင်းအလဲမရှိအောင်ရော ခံစားချက်မရှိအောင်ရော ထိန်းချုပ်ထားတယ်။ သူတို့ခံစားချက်တွေ မပြောင်းလဲကြသလိုပဲ အဖြစ်တွေ ရာသီတွေကလည်း မပြောင်းလဲဘူး။ အမြဲတမ်း ဆောင်းကျနေတဲ့ မြို့ကလေးမှာ သူတို့အသက်တွေကလည်း ကြီးမလာကြသလို မြို့ကလေးကလူတွေမှာ ဘယ်လိုဒဏ်ရာမျိုးပဲရရ နာကျင်မှုဆိုတာလည်း မရှိဘူး။ ရုပ်ရဲ့အထိအခိုက်နဲ့ နာကျင်မှုကို သူတို့တွေရှာကြည့်ကြပေမဲ့လည်း နာကျင်မှုက သူတို့ဆီ ရောက်မလာခဲ့ဘူး။ သူတို့ကိုနာကျင်စေနိုင်တဲ့ တစ်ခုတည်းသောအရာက ချစ်မိခြင်းပဲရှိခဲ့တယ်။ ချစ်မိသူတွေများလာရင်လည်း မြို့ကလေးရဲ့ကောင်းကင်မှာ အက်ကွဲကြောင်း‌တွေ တိုးသည်ထက်တိုးလာရင်း မြို့ကလေးရဲ့ပျက်ကပ်ဟာ ဆိုက်ရောက်လာလိမ့်မယ်။ တချို့ကတော့ ဒီမြို့ကလေးဟာ နတ်ဘုရားတွေရဲ့ အမျက်တော်ရှခံနေရတာလို့ ဆိုကြတယ်။ တစ်ချို့ကတော့ ဒီမြို့ကလေးဟာ နတ်ဘုရားတွေရဲ့ ကရုဏာလို့ဆိုကြတယ်။ မြို့ကလေးကလူတွေကို ရှိခဲ့ဖူးတဲ့ အလှပဆုံးအချိန်တစ်ခုမှာ သိမ်းဆည်းထားပေးချင်တာလို့ ဆိုကြတယ်။ အလှပဆုံးအချိန်တွေမှာ ခံစားချက်မဲ့စွာရှင်သန်မလား… ခံစားချက်တစ်ခုရဲ့ အရွေ့မှာ မြို့ကလေးရဲ့ ကောင်းကင်အက်ကွဲကြောင်းတစ်ခုတိုးစေမလား… ကတော့ မြို့ကလေးက လူတွေရဲ့ ရွေးချယ်မှုပေါ့။ Maboroshi မှာ အဲဒီရွေးချယ်မှုတွေ ဘယ်လောက်ခက်ခဲပြီး အဲဒီရွေးချယ်မှုတွေ ဘယ်လောက်လှပလဲ မြင်ရလိမ့်မယ်။ အခုပြောနေတဲ့ဇာတ်ကြောင်းဟာ စတိသဘောပါပဲ။ Maboroshi ရဲ့ ဇာတ်ကြောင်းဟာ ဒီထက်အများကြီးပိုရှုပ်ထွေးတယ်။ Maboroshiဟာ ဘယ်လိုကားမျိုးလဲပြောရရင် ကျွန်တော့်အတွက်တော့ Fragmentation တစ်ကြောင်းကို ပြန်အမှတ်ရစေခဲ့တယ်။ “ပြောင်းလဲမရနိုင်တဲ့ရင်နာစရာတွေအတွက် ချစ်စရာ အနုပညာထွက်ပေါက်ဟာ အိမ်နီးချင်းတိုတိုရိုကလေးမှာ ရှိနေတယ်” ဆိုတဲ့ စာသားတစ်ကြောင်းပေါ့။ တိုတိုရိုနဲ့ မတူတာက ဒီရုပ်ရှင်ကတော့ အရှိတရားကို လက်ခံပြီး ဒီထွက်ပေါက်တွေကနေ ကျွန်တော်တို့ရွေ့ပြီး ပိုလှတဲ့နေ့တွေအတွက် ရှေ့ဆက်မလား။ ဒီထွက်ပေါက်ကလေးကိုပဲ မက်မောပြီးနေလိုက်မလားဆိုတာကို ပြသွားခဲ့တယ်။ Maboroshi ဟာ အန်နမဲကြည့်နေကျမဟုတ်တဲ့လူတွေအတွက်တော့ အဆင်ပြေဖို့မသေချာပေမဲ့ အန်နမဲဖန်တွေအတွက်တော့ ကားကောင်းတစ်ကားဖြစ်နေလိမ့်မယ်။ Perfect Blue, Paprika, The Prestige, Inception, Shutter Island နဲ့ Predestionation တို့လို ရုပ်ရှင်တွေကြိုက်တဲ့လူတွေလည်း ကြိုက်ကောင်းကြိုက်ကြပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.4GB, 720MB Quality – 1080p, 720p IMDb Rating – 6.4/10 Format – mp4 Duration – 1H 51Min Genre – Animation, Drama, Fantasy Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

6.4 2023
Maboroshi
The Terminator
8.1

ကဗျာဆရာတစ်ယောက်ရေးတဲ့ အလွမ်းက‌ဗျာတွေက သူကိုယ်တိုင်အသည်းကွဲဖူးမှ ပိုကောင်းသတဲ့။ ဒါရိုက်တာတစ်ယောက် ဇာတ်ကားရိုက်မယ်ဆိုရင်ရော ဘယ်လိုဖြစ်မှ ဇာတ်လမ်းတွေ ပိုကောင်းမလဲ။ ဂြိုဟ်စိမ်းစိမ်းကြီးပေါ်က ဂြိုဟ်သားပြာပြာတွေအကြောင်း ရိုက်ခဲ့သူ၊ တိုက်တန်းနစ်သင်္ဘောကြီး ဘယ်လိုနစ်သွားသလဲ ရိုက်ပြခဲ့သူ ဂျိမ်းစ် ကန်မရွန်း ကတော့ ဟောဒီ Terminator ဇာတ်ကားကြီးကို သူ့ရဲ့ အဖျားအိပ်မက် ကယောက်ကယက်ကနေ စိတ်ကူးရခဲ့ပြီး ထုတ်ဝေသူဆီ အိုင်ဒီယာရောင်းစားခဲ့သူပါ။ သူကိုယ်တိုင် ရိုက်ကူးရမှဖြစ်မယ်ဆိုတဲ့ သဘောတူညီမှုလည်း ပါတာပေါ့။ ဘာပဲဖြစ်ဖြစ် သူ့အိပ်မက်ကနေပြီး ကျွန်တော်တို့ကလေးဘဝရဲ့ အစိုးမိုးနိုင်ဆုံး ဇာတ်ကားကြီးတစ်ကား ထွက်ပေါ်လာတာပါပဲ။ သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားတစ်ကားက အခုလို IMDb 8.1 ရခဲ့တာ၊ ခရမ်းချဉ်သီးပုပ် 100 အပြည့်ရခဲ့တာ ဆိုတာတွေက နွေခေါင်ခေါင် မိုးကြိုးပစ်ချတာထက် ပိုရှားပါးတဲ့အဖြစ်ပါပေါ့။ ထင်မှတ်မထားဘဲ Box Office မှာ နှစ်ပတ်တိတိ ထိပ်တန်းဖြစ်ခဲ့တာ၊ ကန်မရွန်း နဲ့ အာနိုး ကို အောင်မြင်ကျော်ကြားသူတွေအဖြစ် တွန်းတင်ပေးခဲ့တာ၊ အမြတ်ငွေ သောက်သောက်လဲရခဲ့တာတွေက ဒီလိုဇာတ်ကားမျိုးအတွက် မမျှော်မှန်းအပ်တဲ့အရာတွေပါပဲ။ ကျောက်ခဲရေပေါ်ခဲ့တဲ့ဇာတ်ကားတစ်ကားလို့ ပြောကြပါစို့။ အမေရိကန် ရုပ်ရှင်သမိုင်းရဲ့ စံပြုထိုက်သော ထိန်းသိမ်းထိုက်သော ဇာတ်ကားအဖြစ် 2008 ခုနှစ်မှာ ရွေးချယ်ခံခဲ့ရပါတယ်။ လူသားတွေကို ကူညီပေးရမယ့် AI ဉာဏ်ရည်တုကွန်ပျူတာတစ်လုံးက သိပ်ကို အသိဉာဏ်တွေ ရှိသွားပြီး လူသားတွေကို သူ့ရဲ့ အန္တရာယ်အဖြစ် သက်မှတ်လိုက်တဲ့အချိန်မှာ လူသား သန်းသုံးထောင် နျူကလီးယားမီးတောက်ကြီးထဲမှာ အသက်ဆုံးရှုံးခဲ့ရတယ်။ ရှင်သန်ကျန်ရစ်သူတွေက မြေအောက်တွေထဲမှာ ကြွက်တွေလိုနေထိုင်ရင်း အသက်ယဲ့ယဲ့ကို ပင်ပင်ပန်းပန်းဆက်လက်ရှင်သန်နေရချိန် အမှောင်လွှမ်းသောနေ့တွေပေါ့။ လူသားတစ်ယောက် ပေါ်ထွန်းလာခဲ့တယ်။ စက်ရုပ်တွေကို အမှိုက်ပုံဖြစ်အောင်လုပ်နိုင်စွမ်းရှိသူ၊ မြေအောက်က လူသားတွေကို မြေပေါ်ကို တစ်ခေါက်ပြန်ခေါ်နိုင်ခဲ့သူ သူရဲကောင်းကြီးဟာ စက်တွေရဲ့ နောက်ဆုံးအခြေစိုက်စခန်းကို တိုက်ခိုက်အောင်မြင်ခဲ့တယ်။ ဒါပေမဲ့ သူတို့ဝင်စီးနိုင်လိုက်ချိန်မှာ စက်တွေဘက်က သတ်ဖြတ်ရေးမုဆိုးစက်ရုပ်တစ်ရုပ်ကို အတိတ်ကို ပြန်လွှတ်လိုက်ပြီးကာစမှန်း သိလိုက်ရတယ်။ သူ့ရဲ့တာဝန်က လူသားခေါင်းဆောင်ကို ကိုယ်ဝန်လွယ်မွေးမယ့် မိခင်ဖြစ်သူကို ဦးအောင်သတ်ဖြတ်ဖို့။ လူသားခေါင်းဆောင် အတိတ်ကတည်းက မွေးမလာခဲ့အောင်လို့။ ဒီတော့ လူတွေဘက်ကလည်း တစ်ကိုယ်တော်စစ်သည်တစ်ဦးကို လွှတ်လိုက်ရတယ်။ စက်ရုပ်ကို ချေမှုန်းဖို့၊ မိခင်ကို ကာကွယ်ဖို့။ ဒါပေမဲ့ လူသားတစ်ပိုင်းဖြစ်ပြီး သိပ်ကိုမာကြော ခိုင်ခံ့တဲ့ လူသတ်စက်ရုပ်ကြီးကို ဘယ်လိုများတားဆီးမလဲ။ တစ်ခေတ်တစ်ခါက ဂန္တဝင်ဇာတ်ကားကြီးကို CM ရဲ့တင်ဆက်မှုနဲ့ အလွမ်းပြေ ပြန်လည်ကြည့်ရှုကြပါဦးစို့။ File size…(4.4 GB)/(1.5 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:47:00 Genre…Action, Sci-Fi Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Arr Khun Winchester

8.1 1984
The Terminator
Room 0

Room 0 (2024) အချိန်နဲ့ပတ်သက်ပြီးတော့ ဇာတ်ကားတွေအများကြီးရှိပါတယ်။ ဒါပေမဲ့ တကယ်ကောင်းတဲ့ ဇာတ်ကားဆိုတာရှားပါတယ်။ ဒါပေမဲ့ ဒီကားလေးမှာတော့ အချိန်နဲ့ပတ်သက်ပြီးတော့ ရိုက်ထားတာလေးက ထူးထူးခြားခြားနဲ့ ကြည့်ကောင်းလှပါတယ်။ တခြား အချိန်နဲ့ပတ်သက်တဲ့ကားတွေဆို ဇာတ်ကောင်တွေကများ ဇာတ်လမ်းတွေကလဲ ဆရာကြီးအထာနဲ့ ဘာတွေမှန်းမသိ ကြည့်ပြီးရင်တောင် ဘာမှန်းမသိလိုက်လို့ သူများတွေပြန်ရှင်းပြထားတာတွေ သွားသွားဖတ်နေရတာ။ ဒါပေမဲ့ ဒီကားမှာတော့ ဇာတ်ကောင်က တစ်ယောက်ထဲ ဇာတ်ဝင်ခန်းကလဲ အခန်းလေးတစ်ခုထဲ ဒါပေမဲ့ ဇာတ်လမ်းကိုကြည့်နေရင်း သူ့နေရာမှာ ကိုယ်သာဆိုရင်ဆိုပြီး မွန်းကြပ်နေမိမှာတော့ အမှန်ပဲ။ ဒီလိုဇာတ်လမ်းမျိုးတွေက ရိုက်လေ့ရိုက်ထမရှိကြပေမဲ့ ရိုက်လိုက်ရင်လဲ တကယ်ကို ကောင်းမွန်တဲ့ ဇာတ်လမ်းတွေပါပဲ။ ဇာတ်လမ်းအကျဉ်းလေးကိုပဲ ဆက်ပြောလိုက်ရအောင်။ မိန်းမပျိုလေးတစ်ယောက် ငွေအသဲအသန်လိုနေတဲ့အတွက် သူ့ကောင်လေးကနေတဆင့် ငွေတွေအများကြီးအလွယ်ရမဲ့ အလုပ်တစ်ခုကို ရှာခိုင်းခဲ့ပါတယ်။ အလုပ်ကလဲ ခက်ခက်ခဲခဲဘာမှမရှိပါဘူး မိုတယ်တစ်ခုကအခန်းတစ်ခုကိုသွားပြီး လာပေးတဲ့ ပါဆယ်ကိုယူထားရုံပါပဲ။ နောက်မှ လာတောင်းတဲ့သူကိုပြန်ပေးရမှာပါ။ ဒါပေမဲ့ လာပေးတဲ့ သေတ္တာလေးက ထူးထူးဆန်းဆန်းတွေဖြစ်လာပြီးတော့ ဒီအခန်းကျဉ်းလေးထဲမှာပဲ သူတစ်ယောက်ထဲ ပိတ်မိသွားတဲ့အခါမှာတော့ …. အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။ Genre….. Horror, Thriller, Sci-fi Quality…. 1080p | 720p File size… 749MB | 314MB Format… mp4 Duration…. 1h 42min Subtitle…. Myanmar Subtitle (Hardsub) Translator ….. K.Hein Encoder ….. Aaron

0 2024
Room 0
Steve Jobs
7.2

၂၀၁၃တုန်းက Jobsဆိုပြီး တစ်ကားထွက်ပေမဲ့ သူ့ဘဝအကြောင်းကို ရိုက်တာ မပြည့်စုံသလို အခန်းအကူးအပြောင်းတွေက အချိန်အစက် မမိပဲ မြန်လွန်တာကြောင့် မကြိုက်မိပါဘူး ၂၀၁၅မှာလဲ Steve Jobs: Man in machineဆိုပြီး ထွက်ပေမဲ့ Documentaryသဘောမျိုး ရိုက်ထားတာမို့ ကြည့်ရတာ ပျင်းစရာကောင်းပါပါတယ်။ ၂၀၁၅ မှာထွက်တဲ့ Steve Jobs ဆိုတဲ့ ဒီဇာတ်ကားက Universal Studioက ထုတ်မှာ ဖြစ်သလို ဇာတ်ဆောင်တွေကလဲ Michael Fassbender, Kate Winsletတို့လို နာမည်ကြီးတွေကြီးပါပဲ။ သူရဲ့ ဇာတ်ကြောင်းကို ရိုက်ထားသမျှတွေထဲမှာ ဇာတ်လမ်းတစ်ပုဒ်လို ကြည့်ရတာ အကောင်းဆုံးကတော့ ဒီကားပဲမို့ လက်မလွတ်တမ်းသာ ကြည့်လိုက်ကြပါ။ IMDb Rating (7.3/10) နဲ့ Rotten Tomatoes (85%) ထိ ရရှိထားတဲ့ Rating မြင့်ဇာတ်ကားပါ။ အရင်က apple productတွေ ကို သဘောမကျပေမဲ့ Steve Jobs Biography ဖတ်ပြီးကတည်းက သူရဲ့ အယူအဆတွေ အများနဲ့ မတူတဲ့ နေထိုင်တဲ့ ပုံစံကြောင့် ကျွန်တော့်ဘဝရဲ့ Heroတစ်ယောက်ထဲမှာပါလာခဲ့ပါတယ်။ သူကြောင့်ပဲ Apple Productရဲ့ အရသာတွေကို ခံစားတတ်လာတာပါ။ သူရဲ့ ဘ၀ ဇာတ်ကြောင်းကလဲ စိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်နေပါတယ်။ သူရဲ့ စိတ်သဘောထားက ရက်စက်ပြီး တစ်ကိုယ်ကောင်းဆန်တတ်ပေမဲ့ သူ့ရဲ့ မသိစိတ်ထဲမှာတော့ လူသားဆန်မှူတွေ ရှိနေတယ်ဆိုတာ သေချာပါတယ်။ သူရဲ့ အရိုးရှင်းဆုံးက အကောင်းဆုံးဆိုတဲ့ စကားကလဲ အခုအချိန်ထိ မှန်ကုန်နေတုန်းပဲ ဆိုတာ သေချာပါတယ်။ သူကို တီထွင်သူလို့ ပြောတာထက် တီထွင်မှူတွေဖြစ်ပေါ်လာအောင် Motivation အကောင်းဆုံးပေးနိူင်သူလို့ ပြောရင် ပိုမှန်မယ် ထင်ပါတယ် သူရဲ့ အပေအတေ နေထိုင်မှူတွေကြောင့် အစောကြီး သေသွားခဲ့ရတာကလဲ စိတ်မကောင်းစရာပါ။ File size… 2.3 GB / 948 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 2m Genre ….. Drama / Biography Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by JimX

Romance • Comedy • Drama
7.2 2015
Steve Jobs
In the Shadows
5.1

ဒီဇာတ်ကားက​တော့ hollywood stunt သမား​တွေရဲ့ အလုပ်လုပ်ပုံနဲ့ သည်းထိတ်ရင်ဖိုမှုခင်းအ​ကြောင်း ​ ရောစပ်ပြီးပြသထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လိုက်က​တော့ Eric O’Bryne လို့​ခေါ်တဲ့ ​ကြေးစားလူသတ်သမားဖြစ်ပြီး​တော့ ဝါရင့် Hollywood stunt သမားတစ်​ယောက်ကို လက်စား​ချေတဲ့အ​နေနဲ့ သတ်ဖို့ တာဝန်ရခဲ့ပါတယ်။ ဒါ​ပေမဲ့ သတ်ဖို့ကြိုးစားရင်း stuntသမားနဲ့ ရင်းနှီးပြီး သူလိုချင်ခဲ့တဲ့ သာမာန်ဘဝကို ခဏတာ ပိုင်ဆိုင်ပြီး​တဲ့​​နောက် တာဝန်​​ကျေ​အောင်လုပ်ဖို့ အချိန်​ရောက်လာ​တော့ ဘာ​တွေဆက်ဖြစ်မလဲဆိုတာ​ ဇာတ်လမ်း​လေးထဲမှာ ဆက်လက်ရှုစားကြည့်ကြပါခင်ဗျာ File size… 2.3 GB / 1.13 GB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h 45m Genre ….. Action / Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Jack

5.1 2001 105 mins
In the Shadows
The Cider House Rules
7.4

ဒုတိယကမ္ဘာစစ်ကာလတုန်းက မိဘမဲ့ဂေဟာတစ်ခုမှာ ဒေါက်တာလာ့ခ်ျဟာ ကြီးကြပ်တာဝန်ယူခဲ့တယ် သူ့ရဲ့ဂေဟာမှာ ထူးထူးခြားခြား ကလေးလေးတစ်ယောက်ဟာ နှစ်ခါတောင် ဂေဟာပြန်ပို့ခံရတယ် ဒီလိုနဲ့ အဲ့ဒီကလေးကို သူပဲမွေးခဲ့ရတယ် အဲ့ဒီကောင်လေး အရွယ်ရောက်လာပြီး တကယ့်လောကကြီးထဲ ထွက်ခွာချင်လာတဲ့အခါ အပြင်လောကကြီးက ကောင်လေးအတွက် ဘယ်လိုအတွေ့အကြုံတွေ ပေးမှာလဲ ကျန်ခဲ့တဲ့ ဒေါက်တာလာ့ချ်နဲ့ ဂေဟာကလူတွေကရော ဘယ်လိုတွေဖြစ်ကြမှာလဲ လူငယ်တစ်ယောက်ရဲ့ စွန့်စားစိန်ခေါ်ချင်မှု… မိဘဘက်က သားသမီးကို တစ်ယောက်တည်း လောကကြီးထဲ လွှတ်လိုက်ရတဲ့အခါ ဖြစ်ရတဲ့ စိတ်ပူပန်မှု… ဒီလိုမျိုး ၅၂၈ မေတ္တာကို အခု‌ဇာတ်ကားလေးက လှလှပပလေး ဖော်ကြူးပေးထားပါတယ် ဒါ့အပြင် ကိုယ်ဝန်ဖျက်ချတာဟာ လုပ်သင့်ရဲ့လား? အချို့အခြေအနေတွေမှာ ကိုယ်ဝန်မဖျက်ချပေးရင်ရော တကယ်ကောင်းကျိုးဖြစ်မှာမို့လို့လား? မိဘမဲ့ဖြစ်လာတဲ့ ကလေးလေးတွေရဲ့ ခံစားချက်တွေ စတဲ့ လူမှုရေးဆိုင်ရာ အကြောင်းအရာတွေကိုလည်း စိန်ခေါ်ပြီး ရိုက်ကူးထားပါသေးတယ် ဇာတ်ကားလေးက အေးအေးလေးနဲ့ ရင်ထဲခံစားရအောင် ခေါ်ဆောင်ပေးသွားမှာမို့ စီးမျောလိုက်ပါပေးကြပါဦးနော် File size…(2.1 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 02:06:00 Genre… Period Drama, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Winter May

7.4 1999 126 mins
The Cider House Rules
Scooby-Doo! Moon Monster Madness
6.4

ဒီတစ်ခါမှာတော့ စကူဘီဒူးတို့အဖွဲ့ အာကာသထဲခရီးထွက်ရင်း အမှုတွေဖြေရှင်းကြမှာပဲဖြစ်ပါတယ်။ ဘီလီယံနာသူဌေးကြီးစလိုင်းက အာကာသထဲကို လူတိုင်းသွားလို့ရဖို့အတွက် စီမံကိန်းတစ်ခုလုပ်ထားပါတယ်။ နာမည်ကြီးတွေတင်မဟုတ်ဘဲ သာမန်ပြည်သူတွေပါလိုက်လို့ရအောင်ဆိုပြီး မဲနှိုက်စနစ်နဲ့ ကျပန်းရွေးချယ်လိုက်တဲ့အခါမှာ စကူဘီဒူးတို့သူငယ်ချင်းငါးယောက်က ကံထူးသွားပါတော့တယ်။ ဒီလိုနဲ့ ကမ္ဘာ့ပထမဆုံး အာကာသထဲကို ပြည်သူတွေ ခရီးထွက်တဲ့အခါမှာ ဘာတွေကြုံတွေ့ရမလဲ၊ ဂြိုလ်သားတွေနဲ့ရော တွေ့ကြဦးမလား၊ ဘယ်လိုမျိုး လျှို့ဝှက်ဆန်းကြယ်တဲ့အရာတွေကို စကူဘီဒူးတို့တွေ ဖြေရှင်းကြရမလဲ… အစရှိတာတွေကို ဇာတ်လမ်းလေးကိုကြည့်ရှုခံစားပြီး အဖြေရှာရင်း တစ်ရက်တာအမောလေးတွေကို ဖြေဖျောက်နိုင်ကြပါစေ။ File Size : 1.3 GB, 626 MB Quality : WEB-DL 1080p / 720p Running Time : 1hr 20min Format : Mp4 Genre : Animation, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by : Benni Encode by : Thit San Khant

6.4 2015
Scooby-Doo! Moon Monster Madness
Black and White Rounded
6

မှုခင်းရုပ်ရှင်တွေကိုပဲ ကြိုက်တယ်ဆိုတဲ့ CM ရဲ့ ပရိသတ်တွေအတွက် Black and White Rounded ဆိုတဲ့ ရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- တစ်ပတ်ရစ်အိမ်တစ်လုံးကို ပြန်ပြင်တဲ့အချိန် ငွေသားအများအပြားကို တွေ့တယ်ဆိုပြီး ရဲကို တိုင်ကြားခဲ့ပါတယ်။ ဒါပေမဲ့ အရင်အိမ်ပိုင်ရှင် ပိုင်ကော်ဝေးကတော့ တိုက်ပေါ်က ခုန်ချပြီး သေဆုံးသွားခဲ့ပါတယ်။ ရဲတပ်ဖွဲ့ကလည်း သဲလွန်စတွေကတစ်ဆင့် လိုက်လံစုံစမ်းခဲ့ပါတယ်။ နောက်ပိုင်းမှာ ဆက်တိုက်ဆိုသလို လူသေမှုတွေ ဖြစ်လာတဲ့အခါ …… ရဲတပ်ဖွဲ့က တစ်လှမ်းချင်း အဖြေရှာတဲ့အခါ…… အမှန်တရားတွေ တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာတဲ့အခါ…… တရားမျှတမှုနဲ့ ခင်မင်မှုကြား ဘယ်လိုရွေးချယ်မှုတွေကို လုပ်ရမလဲ…… အဖြူနဲ့ အမည်းကို ရှင်းရှင်းလင်းလင်း အဖြေထုတ်နိုင်မလား…… ဆိုတာကို ဆက်လက်ကြည်ရှုအဖြေရှာလိုက်ရအောင်နော်။

6 2024
Black and White Rounded
Northeast “Da Xian’er”
5.6

တရုတ်ကားတွေကြည့်ရင်ဖြစ်ဖြစ်… တရုတ်အသိတွေရှိရင်ဖြစ်ဖြစ်… ဖုန်းရွှေဆိုတဲ့စကားလေးနဲ့ မစိမ်းလောက်ဘူးထင်ပါတယ်… ဒီနေ့ကတော့ ဖုန်းရွှေနဲ့ပတ်သက်ပြီး လူတချို့ရဲ့ ဘဝပြောင်းလဲသွားတဲ့ အကြောင်းပုံဖော်ရိုက်ကူးထားတဲ့ လျို့ဝှက်ဆန်းကြယ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဇာတ်လမ်းလေးကတော့…သရဲပွဲတော်ကာလဆို ဆိုင်တွေ ၁ ပတ်ပိတ်ကြ… လူတွေ ညအပြင်မထွက်ကြနဲ့ နေကြတာ…ဒါကို လေယာဉ်မယ်လေးနဲ့ သူ့ရည်းစားသူဌေးကြီး လျိုချန်ဟူက … အမျိုးပိုင်ရေချိုးခန်းမှာ ရေအတူချိုးရင်း အရှင်လတ်လတ် ရေခဲရိုက်ခံရပြီးသေသွားခဲ့တာပဲ… ဒါက သူ့တရားဝင်ဇနီးကြောင့် ခိုက်တာပါဆိုပြီးဖြစ်တာပဲ… ဒီကြားထဲမှာ နတ်ဆရာနဲ့ ပရောဟိတ်ဆရာကြီးတို့ကလည်း ဝင်ပါနေသေးတယ်… သရဲခြောက်ခံရပြီးသေတာလို့ ပြောနေတဲ့ နတ်ဆရာရယ်…ကံဆိုးတဲ့ ဇနီးကြောင့် ဘိုးဘေးတွေက မကျေနပ်လို့ ဝိညာဉ်နှုတ်ခံရတဲ့အထိ ခိုက်တာပါလို့ စွပ်စွဲနေတဲ့ ပရောဟိတ်ဆရာကြီးရယ်… ကြားထဲမှာ သရဲကလေးလေးကို ကိုယ်ဝန်ဆောင်ထားရတယ်ဆိုတဲ့ သေဆုံးသူရဲ့ဇနီး ကိုယ်ဝန်သည်ရယ်… နောက်သေဆုံးသူထက် ၁ မိနစ်နောက်ကျမွေးလို့ အဖေကြီးရဲ့ မျက်ကွယ်ပြု ငြိုငြင်ခံရတဲ့ သေဆုံးသူရဲ့ အမြွာညီလေးရယ်… ကဲ ဒီဇာတ်ထုတ်ကြီးက ဘယ်လိုတွေရှင်းကြမှာလဲ…အားလုံးက ဒီအမွေဆိုင်လုပ်ငန်းကို လိုချင်နေကြပြီး.. အားလုံးကလည်း အပြန်အလှန်လက်ညှိုးထိုးနေကြတယ်…ဒီတော့ အဆုံးသတ် အမွေတွေ ဘယ်သူရမှာလဲ… ဘယ်သူက လျိုချန်ဟူကို သတ်ခဲ့တာလဲ…

5.6 2025
Northeast “Da Xian’er”