YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

19(1)(a) (2022) Malayalam TRUE WEB-DL.1080p.AAC5.1CH.YK(CM).mp4

1.57 GB N/A video/mp4 1548 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
(18+) Virgin People
5.5

Virgin People ဆိုပေမယ့် အသိဉာဏ်နုနယ်လွန်းတဲ့လူသားတွေလို့ အဓိပ္ပါယ်ဖွင့်ချင်ပါတယ်ဗျ။ အသိဉာဏ်နုနယ်တဲ့အပြင် လောကကြီးအကြောင်း ဘာမှမသိသေးတဲ့အဖြူထည်လေးတွေအကြောင်းကို ရင်နင့်စရာကောင်းအောင် ရိုက်ကူးထားတာမို့ စဉ်းစားစရာအတွေးတစ်ခုရသွားနိုင်မယ့် ရုပ်ရှင်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အခုပဲကော်ဖီတစ်ခွက်သွားဖျော်လိုက်ပါ။ ကိုယ်ခံစားလို့ကောင်းအောင် ဆေးလိပ်တိုပဲဖြစ်ဖြစ်၊ Vape ပဲဖြစ်ဖြစ် အရင်ဆုံးရှူပြီး မီးခိုးလေးတွေမှုတ်ထုတ်လိုက်ပါ... ဒါဆိုဇာတ်လမ်းစကြည့်လို့ရပါပြီ။ မြို့ပေါ်ကလူတွေက အရမ်းကိုမူယာမာယာများတတ်ပြီး ဖြူစင်တဲ့လူတွေကို နှိပ်စက်တတ်တာမို့ သမီးသုံးယောက်ရှိလာတဲ့အခါ မြို့ပြနဲ့ဝေးရာ တောင်ပေါ်မှာပဲနေထိုင်ခဲ့ကြပါတယ်။ အီခန်၊ တိုင်လာ၊ အာနင်တို့ ညီအစ်မသုံးယောက်က မွေးကတည်းက တောမှာပဲမို့လို့ လူတွေရဲ့အကျင့်စရိုက်ကို ကောင်းကောင်းနားမလည်ခဲ့ပါဘူး။ သူတို့ကို အဖော်ပြုပေးတာ ကျမ်းစာပဲရှိပါတယ်။ ပြီးတော့ သူ့အဖေဆီတစ်လတစ်ခါလာတတ်တဲ့ ချိုအင်ဂါလို့ခေါ်တဲ့ ဦးလေးကြီးတစ်ယောက်။ သူလာတိုင်း မြို့ပေါ်ကနေ လက်ဆောင်ပစ္စည်းတွေ ယူလာတတ်တာမို့ မြင်းလှည်းအသံကြားတိုင်း စောင့်မျှော်ရတဲ့ဦးလေးကြီးပေါ့.... တစ်နေ့မှာ သူတို့ညီအစ်မသုံးယောက်ရဲ့အဖေ ရုတ်တရက်ဆုံးပါးသွားပြီးနောက် ချိုအင်ဂါကလည်း လူကြီးမပီသပဲနဲ့ ဘယ်လိုမျိုးအနိုင်ကျင့်အကျင့်ပုတ်မလဲ ပြီးတော့ ညီအစ်မသုံးယောက်ရဲ့ကံကြမ္မာကရော ဘယ်လိုပြောင်းလဲသွားမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှူလိုက်ပါတော့ဗျာ ..... File size…3.24GB  /  1.36GB Quality…1080p Restored WEB DL / 720p Format…mp4 Duration….2h Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Dark V

Comedy
5.5 1984 120 mins
(18+) Virgin People
Werewolf by Night
7

မာဗယ်ရဲ့ ကာရိုက်တာတစ်ခုဖြစ်တဲ့ သမန်းဝံပုလွေကို တီဗီရုပ်ရှင်တစ်ကားအဖြစ် ဒစ္စနေးက ထုတ်လွှင့်လိုက်ပါပြီ။ ဟောလိုးဝင်းလနဲ့ကိုက်ညီစွာပဲ အဖြူအမည်းအများစုနဲ့ ကာလာအချို့ထည့်သွင်းပြီး ဟော်ရာဆန်ဆန် ရိုက်ကူးတင်ဆက်ထားပါတယ်။ မင်းသမီးအဖြစ် The Nevers စီးရီးနဲ့လူသိများတဲ့ Laura Donnelly လည်းပါဝင်ထားပါသေးတယ်။ အဲဒီမင်းသမီးက ရုတ်တရက်ဆို ဂျက်စီကာဂျုန်းစ် စီးရီးထဲကမင်းသမီး Krysten Ritter နဲ့ မှားတတ်ကြပါတယ်။ နောက်များမကြာမီ မာဗယ်စကြဝဠာထဲမှာ ဘယ်လိုပါဝင်လာမလဲတော့ မသိရသေးပါဘူး။ အခုတော့ သီးခြားရုပ်ရှင်တစ်ခုအနေနဲ့ပဲ ခံစားကြည့်လိုက်ရအောင်ပါ။ ဇာတ်လမ်းအကျဉ်း မာဗယ်ရဲ့ စကြဝဠာထဲမှာ စူပါဟီးရိုးတွေရှိနေသလို အမှောင်ထုထဲမှာလည်း ရှေးမိစ္ဆာကောင်တွေ ရှိနေပြန်ပါသေးတယ်။ အဲဒီလို မိစ္ဆာမျိုးစုံကို အမဲလိုက်တဲ့ မုဆိုးတွေလည်း ရှိနေပါသေးတယ်။ ဒီရုပ်ရှင်အစမှာတော့ နာမည်ကျော် မုဆိုး ဘလက်ဒ်စတုန်းမိသားစုရဲ့ ခေါင်းဆောင် ယူလစ်ဆီ ဘလက်ဒ်စတုန်း သေဆုံးသွားပြီးတဲ့နောက် မိသားစုပိုင် သွေးကျောက်တုံးကို အမွေခံဖို့ မုဆိုးအသစ်တစ်ယောက်လိုအပ်လာပါတယ်။ အဲဒီကျောက်တုံးဟာ ကိုင်ဆောင်သူကို အသက်ရှည်စေတယ်၊ ခွန်အားကြီးစေတယ် စသည်ဖြစ် စွမ်းအားမျိုးစုံပေးနိုင်တာကြောင့်နာမည်ကြီး မုဆိုးတွေလည်း ကျောက်တုံးကို ပိုင်ဆိုင်ဖို့ အမဲလိုက်ပြိုင်ပွဲကို ရောက်လာကြပါတော့တယ်။ အဲဒီမှာပဲ သမန်းဝံပုလွေနဲ့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ရှုစားလိုက်ရအောင်... File size…1 Gb / 400 Mb Quality….Webrip 1080p / 720p Format…mp4 Duration….00:52:00 Genre...Action, Adventure, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson

Comedy • Thriller
7 2022 55 mins
Werewolf by Night
D@bbe: The Possession
6.8

ခရစ်ယာန်သရဲကို ဗမာဘုန်းကြီး နိုင်ပါ့မလားဆိုပြီး ဟီးဟီးဟားဟားနဲ့ ဟာသ ပြောဖူးကြတယ်မို့လား။ ဒီကားထဲက သရဲက အဲ့လို သရဲ။ဘယ်ဘုရားပြေးကပ်ရမှန်း မသိအောင်ကို ကြမ်းတာ။သူတို့ အခေါ်အရတော့ ဂျင်(မကောင်းဆိုးဝါး)ပေါ့။ အဲ့တာကလည်း အကြောင်းရှိတယ်။ ဒီဇာတ်ကား ဇာတ်အိမ်တည်ရာ တူရကီက ဟိုးနှစ်ပေါင်းထောင်ချီ ကတည်းက Abrahamic Religions လို့ခေါ်တဲ့ ဂျူး၊ခရစ်ယာန် နဲ့ အစ္စလာမ်ဘာသာတွေ ထွန်းကားခဲ့တဲ့ နေရာ။ဆိုတော့ သရဲကလည်း ကြမ်းပြီပေါ့။ဘာသာ(၃)ခုလုံးက ဘုရားတွေကို ဆင်းကယ်ကြပါဆို သလိုမျိုးပဲ။အလာရှင်မြတ်ကို တိုင်တည်ပါ၏ ဖြစ်လိုက် ၊သခင်ယေရှု၏ နာမတော်တွင် ဖြစ်လိုက်ရယ်။ဆိုတော့ ဇာတ်ကားအကြောင်း ဆက်ကြရအောင်။ ဒီကားကတော့ Dabbe series တွေထဲမှာ (၄)ကား မြောက်ပေါ့။ ပြီးတော့ အကြမ်းဆုံး ကြောက်စရာအကောင်းဆုံး ကားလို့လည်း ညွှန်းကြတယ်။ ဇာတ်လမ်းအစမှာ ဖရော့အာကတ်လို့ခေါ်တဲ့ ဟောဂျာ(ပရောဂဆရာ) တစ်ယောက်က အက်ဘရူလို့ ခေါ်တဲ့ စိတ်ရောဂါကုဆရာဝန်မ တစ်ယောက်ကို ဖိတ်ပြီး ဂျင်အပူးခံထားရတဲ့ လူနာတစ်ယောက်ကို ပရောဂ နှင်ပြတယ်။စဉ်းစားကြည့်ဗျာ။ပရောဂဆရာက လူနာကို မှော်တို့ ဓာတ်တို့ နတ်တို့နဲ့ ကုတယ်။ဆရာဝန်မက ဆေးတို့ ဘာတို့နဲ့ သိပ္ပံနည်းကျ ကုတယ်။ပရောဂဆရာအမြင်မှာ သရဲပူးတယ်ဆိုပေမယ့် ဆရာဝန်မအမြင် မှာတော့ စိတ်ကစဉ့်ကလျားဖြစ်တယ်။လူတစ်ကိုယ် စိတ်အမျိုးမျိုးဖြစ် တယ်ပေါ့။အဲ့မှာ ပရောဂဆရာ သူ့ကို ဖိတ်ပြီး ကုပြတဲ့ လူနာက ပျောက်သွားရော။ဆရာဝန်မကတော့ လုပ်ဇာတ်ကြီး မယုံဘူးပေါ့။ပြီးတော့ ရှင်ဟာ လူလိမ်မဟုတ်ဘူးဆိုရင် သူခေါ်လာပေးမယ့် လူနာကို ကုပြပါဆိုပြီး စိမ်ခေါ်တယ်။ အဲ့လူနာက သူနဲ့ တူမလိုရင်းနှီးတဲ့ ကလေးမလေး။မင်္ဂလာဆောင်တဲ့နေ့မှာ အကောင်းကြီးကနေ ထဖောက်ပြီး လူရာချီရှေ့မှာ သတို့သားကို ဓားနဲ့ ထိုးသတ်ပလိုက်တာ။ အဲ့နောက်တော့ အရူးထောင်ရောက်သွားရော။အဲ့မှာလည်း ဘယ်ဆရာဝန်မှ ကုလို့မရတဲ့သူ။ ဒါနဲ့ ပယောဂဆရာကလည်း စိမ်လိုက်ပေါ့။နှစ်ယောက်သား ကင်မရာတွေ မှတ်တမ်းတင်ပစ္စည်းတွေနဲ့ အဲ့ကောင်မလေးဆီ ချီတက်ကြရရော။ အဲ့ဒီမှာပဲ ငါးပါးရော သံဃာစင်ရော မှောက်တာပဲ။ ဘာဖြစ်မလဲ သိချင်တော့ ကိုယ့်ဟာကိုယ် ဆက်ကြည့်ကြပါ :3 IMDB လည်း 6.8 ရထားပြီး ဘာသာပြန်တဲ့ ကျွန်တော်လည်း ညဘက်မပြန်ရဲလို့ နေ့ခင်းဘက် ပြန်ထားတဲ့ ကားဆိုတော့ သရဲကားကြိုက်တဲ့သူတွေ သေချာပေါက် အကြိုက်တွေ့ပါလိမ့်မယ်။ ( ဘာသာပြန်နှင့် အညွှန်းကတော့ Damien ပဲ ဖြစ်ပါတယ် ) File size…1.26GB / 472MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….2h 14m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Damein

Drama
6.8 2013
D@bbe: The Possession
Rakshak – India’s Braves
8.8

Rakshak-India’s Braves 2023 အိန္ဒိယရဲ့သူရဲကောင်းများတဲ့ ယူနီဖောင်းနဲ့ခန့်နေတဲ့ Jalebi မင်းသား Varun Mitra နဲ့ အပြုံးချိုချိုမင်းသမီးလေး Kanika Mann တို့အဓိကပါဝင်ထားပါတယ် ဇာတ်လမ်းအစမှာ သမီးဖြစ်သူကိုဘူတာလိုက်ပို့ရင်း ဖုန်းအားပြည့်ရဲ့လား မုန့်နဲ့ရေကပါရဲ့လားနဲ့ သဲသဲလှုပ်ဂရုစိုက်အချစ်ပိုနေကြတဲ့ မိသားစုလေးကိုကြည်နူးဖွယ်မြင်တွေ့ရမှာပါ အဲဒီချိန်မှာပဲ မထင်မှတ်တဲ့ပေါက်ကွဲမှုတစ်ခု ….. ဆိုနူးကတော့ခါးပတ်ညိုရထားတဲ့ ဗိုလ်ကြီးတစ်ဦးပါ ခွင့်ရက်ပြန်လာချိန် အပြုံးချိုချိုမာလာလေးနဲ့ စေ့စပ်ပေးဖို့ အိမ်ကစီစဉ်ထားတာနဲ့တန်းတိုးတာပေါ့ အပြုံးချိုလေးဘယ်လောက်စွမ်းလဲဆို တစ်သက်လုံးမကြိုက်တဲ့ ခရမ်းသီးချက်တောင်စားမယ် ဖြစ်သွားသည်ထိပါပဲ ခွင့်ရက်မစေ့ခင်မှာပဲ တာဝန်ကျလို့ပြန်သွားရချိန်မှာတော့…. သာမန်အရပ်သားဘဝမှာ မေတ္တာအပြည့်ကြည်နူးနေတဲ့သူတစ်ယောက် တာဝန်ဝတ္တရားနဲ့ နိုင်ငံ့အကျိုးသယ်ပိုးရချိန်မှာလည်း နိုင်ငံ့သားကောင်းတစ်ယောက်ဖြစ်နေရသူ မေတ္တာဖွဲ့ ၊ စိတ်ခွန်အား ၊ အက်ရှင်တို့ကို တစ်စုတစ်စည်းတည်းမြင်တွေ့ရမဲ့ဇာတ်ကားကောင်းလေးဖြစ်ပါတယ် (အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ BpL ~ Cherry ~ V ~ Yunni တို့ပဲဖြစ်ပါတယ်)

8.8 2023
Rakshak – India’s Braves
Highwaymen
5.6

မော်လီဟာ သူငယ်ချင်းဖြစ်သူ အဲလတ်စ်နဲ့ ကားမောင်းပြီး အိမ်ပြန်နေချိန်မှာ ကားတစ်စီးက သူတို့ကိုအချက်ပြပြီး ကျော်သွားလိုက်တယ်။ ခဏအကြာ လှိုဏ်ခေါင်းထဲ အဝင်မှာ ကားမတော်တဆ ဖြစ်မှုတစ်ခုကိုတွေ့လိုက်ရတယ်။ ဒဏ်ရာရသူတွေကူညီဖို့အတွက် သူငယ်ချင်း နှစ်ယောက် အပြင်ထွက်လိုက်ကြတယ်။ မော်လီကို ဒဏ်ရာရသူတွေကို ကြည့်ခိုင်းထားပြီး အဲလတ်စ်ကတော့ လမ်းပေါ်တက်ပြီး အကူအညီတောင်းတဲ့အခါ ကားတစ်စီးက အဲလတ်စ်ကို တမင်ဝင်တိုက်ပြီးသတ်လိုက်တယ်။ ဖြစ်ရပ်အစအဆုံးကို မြင်သွားတဲ့ မော်လီကိုထပ်တိုက်မယ်အလုပ်မှာ လူတစ်ယောက် ရောက်လာတဲ့ အတွက် ထွက်ပြေးသွားတယ်။ နောက်တော့ရဲတွေရောက်လာပြီး မော်လီကိုကယ်ဆယ်ပေးလိုက်ကြတယ်။ စိတ်ဒဏ်ရာရသွားတဲ့မော်လီဟာ ကားတိုက်ခံရပြီးကိုယ်လက်အင်္ဂါဆုံးရှုံးသွားတဲ့ သူတွေကိုစိတ်သက်သာရာရအောင် ကုစားပေးတဲ့သင်တန်းကိုတက်နေချိန်မှာ ခရေးဆိုတဲ့လူတစ်ယောက်ကမော်လီနဲ့စကားလာပြောတယ်။ ကားတိုက်ပြီးထွက်ပြေးတဲ့သူကို သူသိကြောင်း ၊နောက်တစ်ခါထပ်လာလိမ့် ဖြစ်ကြောင်း ၊တရားခံကိုရဲတွေမဖမ်းပေးနိုင်‌ပေမယ့် သူကူညီနိုင်ကြောင်း ပြောပြတဲ့အခါ မော်လီလည်းခ‌ရေးနဲ့ အတူလက်တွဲပြီး အလုပ်လုပ်ဖို့လက်ခံ လိုက်တယ်။ ဒီလိုနဲ့မော်လီနဲ့ ခရေးတို့ တရားခံကိုဘယ်လိုအခက်အခဲ‌တွေနဲ့ဖမ်းမလဲ ဆိုတာဆက်လက်ကြည့်ရှုပေးပါဦး။ File size…1.57GB / 562MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 20m Genre ….. Action , Crime , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin

5.6 2004 80 mins
Highwaymen
Bone Cold
6

ဂျွန် နဲ့ မာကို ဟာ လျှို့ဝှက်စစ်ဆင်ရေးတွေ၊ လုပ်ကြံရေးတွေလုပ်ကြတဲ့ အထူးတပ်ဖွဲ့ဝင် စနိုက်ဘာသမားနဲ့ နေရာပြသမားပါ..။ သူတို့ရဲ့ တစ်ခုသော မစ်ရှင်ဟာ ယူကရိန်း-ရုရှားနယ်စပ်က တောအုပ်ထဲမှာ ပုန်းအောင်းနေတဲ့ ရုရှားထောက်ခံ ယူကရိန်းခွဲထွက်ရေးသမားကို လုပ်ကြံဖို့ပါ…။ ဘာလို့ဆို ဒီခွဲထွက်ရေးသမားဟာ စစ်မီးမွေးဖို့ကြံနေတာကြောင့်ပါပဲ…။ ဒီလိုနဲ့ ဂျွန်နဲ့ မာကိုဟာ တာဝန်ထမ်းဆောင်ဖို့အတွက် ယူကရိန်းနယ်စပ်တောအုပ်ထဲကို ရောက်လာခဲ့ပါတယ်…။ ယုံတမ်းစကားတွေအရဆိုရင် ယူကရိန်းတောအုပ်ထဲမှာက ဒဏ္ဍာရီလာ သတ္တဝါတွေအစုံရှိပါတယ်တဲ့…။ ဒါကိုမသိတဲ့ ဂျွန်နဲ့မာကိုဟာ တာဝန်ထမ်းဆောင်ဖို့လာရင်းနဲ့ ဒီသတ္တဝါကြီးနဲ့ဆုံတွေ့တဲ့အခါမှာတော့…. Sniper battleတွေအပြင် ဒဏ္ဍာရီလာသတ္တဝါတွေနဲ့ဖိုက်တာပါ မြင်တွေ့ရမယ့် Thriller movieလေးဖြစ်ပါတယ်….။ File size…1.63 GB / 740 MB Quality… WEB-Rip 1080p 5.1 CH / 720p Format…mp4 Duration….1h 49m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

Comedy
6 2023
Bone Cold
Noah
5.8

Noah (2014) နောက်ထပ် သမ္မာကျမ်းဝင်ဇာတ်လမ်းတစ်ခုဖြစ်တဲ့ “Noah” နောဧအကြောင်း ရောက်ရှိလို့လာပါပြီ။ ဒီဇာတ်ကားထဲမှာဆိုရင် နာမည်ကြီးသရုပ်ဆောင် Russell Crowe က နောဧအဖြစ်သရုပ်ဆောင်ထားပြီး ဝါရင့်သဘာရင့် ဂန္ထဝင်သရုပ်ဆောင်ကြီး Anthony Hopkins နဲ့ Jennifer Connelly, Emma Watson, Logan Lerman တို့က အသီးသီးဇာတ်ပို့နေရာကနေပါဝင်ထားကြပါတယ်။ ~ ဖန်ဆင်းခြင်း အကျဉ်း ~ သမ္မာကျမ်းစာရဲ့ Timeline အရဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ခြောက်ထောင်ခန့်လောက်က ထာဝရဘုရားကဗလာနတ္တိကနေ ဖန်ဆင်းခြင်းကိုအစပြုခဲ့ပါတယ်။ ဖန်ဆင်းခြင်းကို ရက်ပေါင်းခုနစ်ရက်အနေနဲ့ ပိုင်းခြားထားခဲ့ပါတယ်။ ပထမနေ့ရက်မှာ ကောင်းကင်နဲ့မြေကြီး၊ နေ့နဲ့ညလို့ သမုတ်ခြင်းကိုခံရတဲ့ အလင်းနဲ့အမှောင်ကို ဖြစ်စေခဲ့ပါတယ်။ ဒုတိယနေ့မှာ ဘုရားသခင်ဟာ မိုဃ်းကောင်းကင်နဲ့ ကုန်း(မြေ)အသီးသီးမှာရေကို ဖြစ်ပေါ်လာစေခဲ့ပါတယ်။ တတိယနေ့မှာ မြေကြီးပေါ်ကရေကို စုဝေးစေပြီး ပင်လယ်၊ ကုန်းကိုစုဝေးစေပြီး မြေလို့အမည်ပေးခဲ့ပါတယ်။ ဒီလိုနဲ့ မြေပေါ်ကပေါက်တဲ့အပင်၊ အလင်းအိမ်ကြီးနှစ်လုံးဖြစ်တဲ့ နေနဲ့လ၊ သားရဲတိရစ္ဆာန်တို့ကို စတုတ္ထနဲ့ ပဉ္စမနေ့ရက်တို့မှာ ဖန်ဆင်းခဲ့ပါတယ်။ ဆဌမနေ့ ရောက်တဲ့အခါမှာ ဘုရားသခင်က​ ကမ္ဘာမြေပေါ်မှာရှိသမျှအရာအားလုံးကို အုပ်စိုးစေဖို့အတွက် သူ့ရဲ့ သဏ္ဌာန်တော်နဲ့အညီ မြေမှုန့်ကနေလူရဲ့ရုပ်လုံးကိုဖန်ဆင်းပြီး နှာခေါင်းထဲဇီဝကိုအသက်မှုတ်သွင်းကာ ပထမဆုံးသက်ရှိလူသားယောက်ျားကို ဖန်ဆင်းခဲ့ပါတယ်။ ဒီအချိန်မှာ အခြားသက်ရှိတွေအတွက် အထီးအမဆိုပြီးရှိခဲ့ပေမယ့် လူယောက်ျားအတွက် အထောက်အမမရှိသေးတဲ့အတွက် ဘုရားသခင်ဟာ လူယောက်ျားကို ကြီးသောအိပ်စက်ခြင်းနဲ့အိပ်စေပြီး သူရဲ့နံရိုးတစ်ချောင်းကိုထုတ်ပြီး “ငါ့အရိုးထဲကအရိုး၊ ငါ့အသားထဲကအသားဖြစ်၏။ လူထဲကထုတ်သောကြောင့် သူ့ကိုလူမိန်းမဟုခေါ်ဝေါ်အပ်သည်” ဆိုပြီး လူမိန်းမကိုဖန်ဆင်းခဲ့ပါတယ်။ နောက်မမှာ ဒီလူယောက်ျားနဲ့လူမိန်းမနှစ်ယောက်တို့ဟာ အာဒံနဲ့ ဧဝ (a.k.a ဒုတိယအာဒံ) ဆိုပြီး လူသိများခဲ့ကြပါတယ်။ ~ ပထမဆုံးသောအပြစ် ~ အာဒံနဲ့ ဧဝတို့ကို ဖန်ဆင်းတဲ့အချိန်မှာ ဘုရားသခင်က ဧဒင်ဥယျာဉ်ရဲ့ အလယ်မှာရှိတဲ့အပင် (အသက်ပင်) ပေါ်က အသီးကလွဲပြီးကျန်တာကို မှန်သမျှစားလို့ရတယ်လို့ ပညတ်ခဲ့ပါတယ်။ ဒါပေမဲ့ ဧဝဟာ မြွေအသွင်ဆောင်ထားတဲ့စာတန်ရဲ့ သွေးဆောင်မှုကြောင့် အသီးကိုစားမိသွားပြီး ခင်ပွန်းကိုပါ စားစေခဲ့ပါတယ်။ ဒီလိုနဲ့ အာဒံနဲ့ဧဝတို့ရဲ့ ပထမဆုံးသောအပြစ်ကို ဘုရားကသိသွားတဲ့အခါမှာ လူယောက်ျားကို မြေပေါ်မှာဖြစ်သမျှ အသီး (အစာရေစာ) မှန်သမျှကို တစ်သက်လုံးပင်ပန်းစာရှာစားရမယ်၊ လူမိန်းမကို ကိုယ်ဝန်ဆောင်ခြင်းဝေဒနာနဲ့ သားဖွားခြင်းဝေဒနာကို ခံစားပြီး ကိုယ်ခင်ပွန်းရဲ့ အုပ်စိုးခြင်းကိုလည်းခံရမယ်ဆိုပြီး ကျိန်စာတိုက်ခဲ့ပါတယ်။ အဲဒီနောက်မှာ ဘုရားသခင်ဟာ အာဒံနဲ့ဧဝတို့ကို ဧဒင်ဥယျာဉ်ထဲကနေ နှင်ထုတ်လိုက်ပြီး အာဒံနဲ့ဧဝတို့ကနေ ဆင်းသက်လာတဲ့ ယောက်ျားမိန်းမမှန်သမျှဟာ ခုနက ဘုရားသခင်ကျိန်ခဲ့တဲ့ ဒဏ်ကိုလူမျိုးအဆက်ဆက်ခံစားလာကြရပါတယ်။ ဒီဇာတ်ကားကတော့ သမ္မာကျမ်းစာထဲက အာဒံနဲ့ ဧဝတို့ရဲ့ တတိယသား ရှေသရဲ့ ၁၀ ဆက်မြောက်မျိုးဆက် နောဧအကြောင်းကို အဓိကရိုက်ကူးထားတာပဲဖြစ်ပါတယ်။ သမ္မာကျမ်းစာအရ အာဒံကအသက် ၁၃၀ အရွယ်မှာ ရှေသကိုမမွေးခင် ကာဣနနဲ့ အာဗေလဆိုပြီးသားနှစ်ယောက်ကိုမွေးခဲ့ပါတယ်။ ဒါပေမဲ့ အာဒံရဲ့သားဦးကာဣနက သူ့ညီအာဗေလကို မနာလိုတဲ့အတွက်ကြောင့် သတ်ခဲ့ပြီးတဲ့နောက်ပိုင်းမှာ ဘုရားရဲ့ကျိန်ခြင်းကိုခံရပြီး ဧဒင်ဥယျာဉ်ထဲကထွက်ပြီး အရှေ့အရပ် နောဒပြည်မှာသွားနေခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ကာလအတန်ကြာပြီး နောဧရဲ့ ခေတ်ကိုရောက်လာတဲ့အခါမှာ ကာဣနမျိုးနွယ်ကနေ ဆင်းသက်လာတဲ့လူတွေရဲ့ အပြစ်တွေကြောင့် ကမ္ဘာကြီးဟာ ဘုရားသခင်ရွံရှာရလောက်တဲ့အထိ အဓမ္မမှုတွေနဲ့ ပြည့်နှက်နေလောက်အောင် ပျက်စီးဆုတ်ယုတ်နေခဲ့ပါတယ်။ ဒါကြောင့် ဘုရားသခင်ဟာ ကမ္ဘာကို “ရေလွှမ်းမိုးခြင်း” အားဖြင့် ဆေးကြောသန့်စင်ပစ်ဖို့အတွက်ရည်ရွယ်ထားခဲ့ပါတယ်။ ဒါပေမဲ့ ဘုရားစကားကိုနားထောင်ပြီး ဘုရားရဲ့နှစ်သက်ခြင်းကိုခံရတဲ့ ရှေသမျိုးဆက် နောဧနဲ့ သူ့အိမ်ထောင်မိသားစု၊ လူတွေရဲ့ သတ်ဖြတ်ခြင်းကိုခံခဲ့ရတဲ့ သားရဲတိရစ္ဆာန်တွေကိုတော့ ရေလွှမ်းမိုးခြင်းအပြီးမှာ ကမ္ဘာကြီးသန့်စင်သွားတဲ့အခါမှာ ဘဝကိုတဖန်အသစ်ပြန်လည်ထူထောင်ဖို့အခွင့်အရေးပေးခဲ့ပါတယ်။ အဲဒီအတွက် ဘုရားသခင်က လာမက်ကိုရူပါရုံအားဖြင့် အလျားအတောင်သုံးရာ၊ အနံအတောင်ငါးဆယ်၊ အမြင့်အတောင်သုံးဆယ်ရှိတဲ့ ဂေါဖရသစ်သားကိုယ်ထည်၊ အပြင်ဘက်နံရံကို ထင်းရှူးစေးနဲ့သုတ်ပြီး အတွင်းခန်းတွေပါတဲ့ သင်္ဘောတစ်စီးကို ဆောက်လုပ်ခိုင်းခဲ့ပါတယ်။ ဆောက်လုပ်ပြီးတဲ့အခါမှာ နောဧတို့ရဲ့မိသားစုနဲ့ ကမ္ဘာပေါ်မှာရှိတဲ့ တိရစ္ဆာန်မှန်သမျှကို အထီးအမ တစ်စုံစီ တက်စေခဲ့ပါတယ်။ ဒီ Noah ဇာတ်ကားမှာ အဓိကသရုပ်ဖော်ချင်တာကတော့ လူတွေရဲ့ရက်စက်ယုတ်မာမှုကြောင့် ဘုရားသခင်ကကမ္ဘာကြီးကို ဆေးကြောပစ်ဖို့အတွက်လုပ်ခဲ့တဲ့ ရေလွှမ်းမိုးမှုကြီးအကြောင်းဖြစ်ပါတယ်။ ဒါပေမဲ့ တချို့နေရာတွေမှာ Cinematic ဆန်အောင်ဆိုပြီး ဒါရိုက်တာ Darren Aronofsky က ကျမ်းစာကနေသွေဖယ်ပြီး လိုတိုးပိုလျှော့လေးတွေလုပ်ထားတာရှိပါတယ်။ ဒါကြောင့်မလို့ ကြည့်ရှုသူတွေအတွက် ဒီဇာတ်ကားထဲက အကြောင်းအရာမှန်သမျှက သမ္မာကျမ်းစာထဲကအကြောင်းတွေဖြစ်တယ်လို့ မမှတ်ယူဘဲ သုတရသမျိုးစုံပေးစွမ်းနိုင်တဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်တယ်ဆိုတာကို သိထားစေချင်ပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Mark မှ တင်ဆက်ထားပါတယ်။)

5.8 2014
Noah
Betty’s Bad Luck In Love
6.2

Betty’s Bad Luck In Love (2024) ======================== IMDb Rating – 6.2/10 ဒီကားလေးကတော့ ကနေဒါယီယန် မင်းသမီးမမ နှစ်ယောက်ဖြစ်တဲ့ American Pie ထဲက မမ Meghan Heffern နဲ့ Laci J Mailey တို့ အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားပြီး Laci တဖြစ်လဲ Betty တစ်ယောက်ရဲ့ အချစ်ရေးမှာ ကျွန်းခံနေတဲ့အကြောင်း လေးကိုရိုက်ကူးထားတာပါ။ အချစ်ရေးမှာ ကျွန်းခံတယ်ဆိုပေမဲ့ စော်မရဘဲမရ နိုင်တာမျိုးမဟုတ်ပဲ တွဲသမျှဘဲနဲ့ မမြဲပဲ ပိုပြီးနီးစပ်လိုက်မယ်ကြံလိုက်တိုင်း တစ်ခုမဟုတ် တစ်ခု အန္တရာယ်ကြုံရပါတော့တယ်။ တစ်ယောက်လည်းမဟုတ် နှစ် ယောက်လည်းမဟုတ်ဆိုတော့ ကြာလာတော့ ဘက်တီတစ်ယောက် trauma တွေပါဝင်လာတဲ့အထိပါပဲ။ ဘက်တီရဲ့ အကွဲအပြဲအချစ်လမ်း ကြောင်းကို ဘက်တီတစ်ယောက်ပြန်လည်တည့်မတ်နိုင်ပါ့မလား ဘယ် လိုတွေအလွဲလွဲအချော်ချော်ဖြစ်ဦးမလဲဆိုတာကိုတော့ ဆက်လက်ကြည့် ရှုလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်) File Size……….(1.36 GB) / (571 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 24Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Romance Translator…….Thetti Tun Encoder……….SWM

Comedy
6.2 2024 84 mins
Betty’s Bad Luck In Love
Tsotsi
7.2

2006 ခုနှစ်မှာ Academy Award for Best International Feature Film ဆုရခဲ့တဲ့ Tsotsi ဆိုတဲ့ လူငယ်ဂန်းစတားလေးတစ်ယောက်ရဲ့ အကြောင်းပဲဖြစ်ပါတယ်။ Tsotsiဆိုတဲ့ ရုပ်ရှင်က ၁၉နှစ်အရွယ် သွေးအေးပြီး ရက်စက်တတ်တဲ့ တောင်အာဖရိက က ဂိုဏ်းခေါင်းဆောင် ကောင်လေးတစ်ယောက်ရဲ့ ဖုံးဖိထားတဲ့ အတိတ်ရဲ့အကြောင်းကို ပြောပြလို့နေပါတယ်။ ငယ်ဘဝမှာ မိခင်၊ ဖခင်တွေနဲ့ တကွဲတပြားဖြစ်ခဲ့ရတဲ့အပြင် မိဘရဲ့ အချစ်မေတ္တာကို ငတ်ခဲ့ရတဲ့ Tsotsi က သူ့ရဲ့ နာမည်နဲ့ identity ကို ဖုံးကွယ်ထားခဲ့ပြီး သူငယ်ချင်းတွေနဲ့အတူ လမ်းပေါ်လုယက်မှုတွေ ကျူးလွန်နေတာ ဖြစ်ပါတယ်။ တစ်နေ့မှာ ဒုစရိုက်မှုတစ်ခု ကျူးလွန်ပြီး ထွက်ပြေးလာတဲ့ Tsotsi က ကားတစ်စီးကို ခိုးမိသွားပြီး ကားနောက်ခန်းမှာ မွေးကင်းစ ကလေးလေး ပါလာတာကို သတိမထားမိခဲ့ပါဘူး။ဒီလိုနဲ့ ၆ရက်လောက် အချိန်ကုန်ဆုံးလာခဲ့ပြီး ကလေးလေးပေါ် သံယောဇဥ်တွယ်လာခဲ့ပါတယ်။ ဒီရုပ်ရှင်က စာအုပ်ကို ပြန်လည် ရိုက်ကူးထားတာဖြစ်ပြီး IMDb 7.2/10 နဲ့ Rotten Tomatoes 82% အပြင် 70% Metacritic ရရှိထားတဲ့ rating ကောင်းတဲ့ ရုပ်ရှင်တစ်ကားဖြစ်လို့ ကြည့်ကြည့်ကြဖို့ တိုက်တွန်းပါတယ်။ File size…(1.6 GB)/(830 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:34:00 Genre…Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leonie

TV Movie • Comedy • Romance
7.2 2005
Tsotsi
Emanuelle and the Last Cannibals
5

Emanuelle and the Last Cannibals (1977) Original title: Emanuelle e gli ultimi cannibali Genre – Adventure, Horror (ရှေးခေတ် အီတလီကားဖြစ်လို့ ရှင်းလင်းသော လိင်မှုဆိုင်ရာပြကွက်များ ပါဝင်တဲ့အပြင် လူသားစားလူရိုင်းရုပ်ရှင် ဖြစ်တဲ့အတွက် သွေးထွက်သံယို အော်ဂလီဆန်စရာအခန်းများ ပါဝင်သောကြောင့် ကြည့်ရှုသူများအနေနဲ့ သတိချပ်စေလိုပါတယ်။) ဂျာနယ်လစ်တစ်ဦးဖြစ်သူ အီမာနူရယ်ဟာ စိတ်ကျန်းမာရေးဆေးရုံအကြောင်း ဇာတ်လမ်းရေးဖို့ အသွင်ယူနေတုန်း ဆေးရုံကို လူသားစားလူရိုင်းတွေလက်ကနေ လွတ်မြောက်လာတဲ့ ကောင်မလေးတစ်ယောက် ရောက်ရှိလာပါတယ်။ တစ်ရက်ကျ ဒီကောင်မလေးဟာ သူ့ကို လိင်ပိုင်းဆိုင်ရာ အမြတ်လာထုတ်တဲ့ သူနာပြုတစ်ယောက်ရဲ့ ရင်သားကို ကိုက်ဖြတ်ပြီး စားသောက်လိုက်တော့ နာမည်ကြီးပြီး အီမာနူရယ်တစ်ယောက် သူ့ကို လေ့လာကြည့်တဲ့အခါ ဒီကောင်မလေးကိုယ်ခန္ဓာကိုယ်ပေါ် ပါလာတဲ့အမှတ်အသားက မျိုးတုန်းသွားပြီလို့ ယူဆရတဲ့ အမေဇုန်လူရိုင်းမျိုးနွယ်တစ်ခုရဲ့ သင်္ကေတ ဖြစ်နေပါတယ်။ ဒီအတွက် အီမာနူရယ်ဟာ ဒီထက်ပိုကြီးမားတဲ့ဇာတ်လမ်း လိုက်နိုင်ဖို့ မနုဿပညာရှင် ပရော်ဖက်ဆာတစ်ယောက်ရယ် တောတွင်းလမ်းပြကောင်မလေးရယ် သူနာပြုတစ်ယောက်ရယ် အမေဇုန်တောထဲမှာ နောက်ဆုံးလက်ကျန် လူသားစားမျိုးနွယ်တွေကို လိုက်ရှာဖို့ စွန့်စားခန်းထွက်ကြရင်း ဘယ်လို ခြောက်ခြားစရာ အန္တရာယ်ဒုက္ခတွေနဲ့ တွေ့ကြမလဲဆိုတာကို ရင်တထိတ်ထိတ် ကြည့်ရှုရမှာပါ။ ကျွန်တော်တို့ ငယ်ငယ်တုန်းက နာမည်အင်မတန်ကြီးခဲ့တဲ့ လူသားစားလူရိုင်းကား Cannibal Holocaust တောင် ၁၉၈၀ မှ ထွက်ခဲ့တာဖြစ်လို့ ဒီ အီတလီကားကို Reference ယူထားသလားလို့ ထင်မိချင်စရာပါပဲ။ File size… 2.6 GB / 1.9 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 34m Genre ….. Adventure/Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Thura Aung

5 1977
Emanuelle and the Last Cannibals
Kinderfanger

ဆွံ့အနားမကြားသင်တန်းကျောင်းဆရာမလေး အိုလီဗီယာဟာ ရုတ်တရက်ပျောက်ဆုံးသွားတဲ့ အရင်းနှီးဆုံးသင်တန်းကျောင်းသား မားရ်ကပ်စ်ကို လိုက်ရှာရင်း ဝါးလေ့စ်ဆိုသူနဲ့ တွေ့ဆုံခဲ့ရပါတယ်။ ဝါးလေ့စ်နဲ့ တွေ့ဆုံမှုကနေတစ်ဆင့် ကလေးပျောက်တရားခံ “ပုလွေသမား” လို့ခေါ်တဲ့ ကြောက်စရာသတ္တဝါအကြောင်းသိခဲ့ရပြီး မားရ်ကပ်စ်ကိုပြန်ခေါ်ဖို့ အတူတူကြိုးစားခဲ့ကြပါတယ်။ “ပုလွေသမား”ဆီကနေ မားရ်ကပ်စ်ကို ကယ်နိုင်မလား၊ အိုလီဗီယာဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုနိုင်မယ့် ခပ်သွက်သွက် Horror ဇာတ်လမ်း‌လေးပါ။ File size…(1.7 GB)/(850 Mb) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:34:00 Genre… Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Tina

0 2023
Kinderfanger
The 400 Blows
8.1

The 400 Blows (1959) ~ IMDb – 8.1/10, Rotten Tomatoes – 99% ~ ပြင်သစ်နယူးဝေ့စီနီမာအရွေ့မှာ ပြင်သစ်ဒါရိုက်တာတွေဟာ သမားရိုးကျ ရုပ်ရှင်ရိုက်နည်းစံနှုန်းတွေကနေ ဖောက်ထွက်ပြီး တည်းဖြတ်မှုတွေ စီနီမာတိုဂရပ်ဖီတွေ ဇာတ်ကြောင်းပြောပုံတွေ အကုန်ဆန်းသစ်ခဲ့ကြတယ်။ သူတို့မျက်မှောက်ခေတ်ရဲ့ လူမှုရေး နိုင်ငံရေးပြဿနာတွေကို ပြသလာကြတယ်။ ဒီပြင်သစ်နယူးဝေ့အရွေ့ဟာ ရုပ်ရှင်သမိုင်းရဲ့ အကြီးဆုံးအရွေ့တစ်ခုဖြစ်ခဲ့တယ်။ François Truffaut ကတော့ ဒီအရွေ့က နာမည်ကျော်ဒါရိုက်တာတွေထဲ အရေးအပါဆုံးလို့ပြောလို့ရတယ်။ သူနဲ့အတူ ပြင်သစ်နယူးဝေ့ရဲ့ ဖောင်ဒါတွေလို့ သတ်မှတ်ထားကြတဲ့ ဒါရိုက်တာတွေကတော့ Jean-Luc Godard, Eric Rohmer, Jacques Rivette နဲ့ Claude Chabrol တို့တွေပါပဲ။ François Truffaut ကို ပြင်သစ်နယူးဝေ့ရဲ့ ဖောင်ဒါတစ်ယောက်လို့ သိကြရုံတင်မဟုတ်ဘဲ The 400 Blows (1959) ဟာလည်း ပြင်သစ်နယူးဝေ့ရဲ့ ကနဦးရုပ်ရှင်တွေထဲပါခဲ့ပြီး ပြင်သစ်နယူးဝေ့ရဲ့ အထင်ရှားဆုံး ရုပ်ရှင်တွေထဲလည်းပါခဲ့တယ်။ ဒီလိုဆိုလို့ ခမ်းနားကြီးကျယ်မှုတွေ၊ ရှေးက ဇာတ်လမ်းကောင်းကြီးတွေလို အင်မတန်ခိုင်မာတဲ့ဇာတ်အိမ်ထဲ အံဝင်ခွင်ကျထည့်ထားတဲ့ ဇာတ်ကောင်တွေ‌တော့ မြင်ရမှာတော့မဟုတ်ဘူး။ ပြင်သစ်နယူးဝေ့ဟာ ရုပ်ရှင်ကို ပိုပြီးလက်တွေ့ကျပြီး မျက်မှောက်ခေတ်ကို ထင်ဟပ်တဲ့ အရွေ့တစ်ခုကို ဦးတည်သွားခဲ့သလို The 400 Blows (1959) ကလည်း နယူးဝေ့ရဲ့အဓိကကျတဲ့ရုပ်ရှင်ဖြစ်ခဲ့တာနဲ့အညီ ဒီဂုဏ်သတ္တိတွေ အကုန်ရှိနေခဲ့တယ်။ One of the Best Films Ever Made စာရင်းထဲလည်း အခုထိဝင်နေတုန်းပဲ။ ဒီရုပ်ရှင်ရဲ့ဇာတ်ဟာ Truffaut ရဲ့ငယ်ဘဝကို ထင်ဟပ်နေခဲ့သလို အဲဒီခေတ်ကာလ ပြင်သစ်လူငယ်ထိန်းသိမ်းရေးစခန်းတွေရဲ့ မတရားမှုတွေ၊ လူငယ်တွေရဲ့ မတရားခံရမှုတွေကို ထင်ဟပ်နေခဲ့တယ်လို့လည်းဆိုတယ်။ ရုပ်ရှင်ထဲက ကောင်လေးဟာ အိမ်မှာ သူ့အိမ်ကို မတွေ့ခဲ့ဘဲ ရုပ်ရှင်ရုံမှာ သူ့အိမ်ကိုတွေ့ခဲ့သလို Truffaut ကိုယ်တိုင်လည်း အလားတူပဲ ဖြစ်ခဲ့တယ်လို့ ဆိုတယ်။ The 400 Blows ဟာ ကိန်းရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံးဒါရိုက်တာဆုရခဲ့ဖူးသလို အော်စကာမှာလည်း ဆန်ခါတင်ဝင်ဖူးတယ်။ ပြောသာပြောရတာ ပြင်သစ်နယူးဝေ့ရဲ့ အခရာကျတဲ့ကားတစ်ကားကို ဘယ်သူမှလည်း ဒါတွေနဲ့တိုင်းပြီး ကြည့်မှာမဟုတ်ပါဘူး။ ဇာတ်လမ်းကတော့ စာသင်ခန်းထဲမှာရော မိဘတွေနဲ့ရော အဆင်မပြေတဲ့ ကောင်လေးတစ်ယောက်အကြောင်းပဲ။ အဲဒီကောင်လေးဟာ မကောင်းဘူး။ အလိမ်တွေပဲပြောတတ်တယ်။ ဒါပေမဲ့ သူအမှန်ပြောရင်လည်း ဘယ်သူမှမယုံကြဘူး။ အဲဒီကောင်လေးဟာ စာမရဘူး။ ဒါပေမဲ့ သူ့ကိုယ်ပိုင်အက်ဆေးတစ်ပုဒ်ကို ရေးပြလိုက်တဲ့အခါလည်း ကူးချတာလို့ပဲ သတ်မှတ်ခံခဲ့ရတယ်။ ဒီလိုအဆိုးတွေထဲကနေ အဆိုးထဲကို ထပ်တွန်းပို့ခံရတဲ့ ကောင်လေးတစ်ယောက်အကြောင်းကို လူကြီးတွေရဲ့ မတရားမှုတွေ၊ နားမလည်မှုတွေ၊ လူငယ်တွေရဲ့ ပုန်ကန်ချင်စိတ်တွေနဲ့ ယှဉ်တွဲပြထားတဲ့ဇာတ်လမ်းပါပဲ။ ဒီရုပ်ရှင်ထဲက ကောင်လေးနဲ့ သူ့အိမ်ရဲ့ဆက်ဆံရေးဟာ တစ်ခါတစ်ခါမှာ သာဓုရဲ့ “အတာ” ကို ပြေးပြေးမြင်မိစေတဲ့ အခြေအနေတွေရှိတယ်။ အရသာကလည်း အဲဒီအရသာနဲ့တောင် ခပ်ဆင်ဆင်ပါပဲ။ မသကာ ကြည့်ချင်စိတ်ပေါ်အောင် ပြောရရင်တော့ သာဓုရဲ့ “အတာ”ကို ကြိုက်တဲ့လူတွေ ဒါကိုလည်းကြိုက်ကြပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 3.6GB, 1.4GB Quality – BluRay 1080p, 720p IMDb Rating – 8.1/10 Format – mp4 Duration – 1H 39Min Genre – Crime, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

8.1 1959
The 400 Blows
Girlfriends
5.8

Girlfriends (2009) ******************* လက်ရှိရည်းစားရဲ့ Side Chick လေးတွေနဲ့ ညီအစ်မလိုဖြစ်နေတဲ့သူလေးတွေ ရှိကြလား .. ယောက်ျားတစ်ယောက်အပေါ် အကြိုက်ချင်းတူတဲ့ မိန်းကလေး ၃ယောက်ဟာ သူတိုချင်း ရင်းနှီးသွားတဲ့အခါ ရည်းစားကိုတောင် သတိမရတော့ဘဲ အချင်းချင်း အရမ်းချစ်ခင်သွားကြတဲ့ အကြောင်းကို 2009 ခုနှစ်မှာ ထွက်ခဲ့တဲ့ Girlfriends ဆိုတဲ့ ဇာတ်ကားလေးမှာ သရုပ်ဖော်ထားရိုက်ကူးထားတာဖြစ်ပါတယ် … ဇာတ်လမ်းအကျဉ်းလေးကတော့ ************************ အသက် ၂၉ နှစ် အရွယ် ဆုန်းရီက လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ ဂျင်းဟိုနဲ့ မထင်မှတ်ဘဲ တွဲဖို့ဖြစ်လာတာကနေ စခဲ့တာပဲဖြစ်ပါတယ်။ ရည်းစားဖြစ်တဲ့ ဂျင်းဟိုက အခြားမိန်းမတစ်ယောက်နဲ့ ဖောက်ပြန်နေတယ်ထင်ပြီး အဲဒီမိန်းကလေးနဲ့ တွေ့ဖို့ ချိန်းခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ ဆုန်းရီထင်ခဲ့သလို တစ်ယောက်တည်း မဟုတ်ဘဲ နောက်ထပ်တစ်ယောက်ပါ ရှိနေတာကိုသိသွားခဲ့ပါတယ်။ ယောက်ျားတစ်ယောက်တည်းကိုပဲ ချစ်နေတဲ့ မိန်းကလေး ၃ ယောက်ရဲ့ ဆက်ဆံရေးက ဘယ်လိုတွေ ပြောင်းလဲသွားမလဲဆိုတာ ဒီကားလေးမှာ ကြည့်ရှုခံစားကြည့်ပါဦးနော် .. (အညွှန်းကို Estel မှ ရေးသားထားပါတယ်) File size…2.41GB / 956MB Quality… WEB-DL 1080p/ 720p Format…mp4 Duration…. 1 hr. 54 min. Genre ….. Comedy, Romance Subtitle….Myanmar Subtitle (Hard Sub) Translated by Estel Encoded by AHtet

5.8 2009 114 mins
Girlfriends
407 Dark Flight

သရဲတစ္ဆေဇာတ်လမ်းတွေဆိုရင် အထူးပိုင်နိုင်ကျွမ်းကျင်တဲ့ အရှေ့တောင်အာရှနိုင်ငံများထဲကမှ ထိုင်းနိုင်ငံရဲ့ ၂၀၁၂ ခုနှစ်ထွက် ရုပ်ရှင်ဇာတ်ကားတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်က သဘာဝလွန်ဖြစ်ရပ်ဆန်းတွေကြောင့် လေယာဉ်ပေါ်လိုက်ပါသူအားလုံး သေဆုံးခဲ့တဲ့ ဖြစ်ရပ်တွေ ကြုံတွေ့ခဲ့ရတဲ့ SA-407 လေယာဉ်ကြီးနောက်ကွယ်က အကြောင်းအရာကိုမဖော်ထုတ်ခဲ့နိုင်ခဲ့ပေမယ့် လေကြောင်းလိုင်းအနေနဲ့ ထိုလေယာဉ်ကြီးကို ပြန်လည်ပြင်ဆင်ဆေးမှုတ်ပြီး ပျံသန်းနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ အောက်စီဂျင်ပြတ်လပ်မှုကြောင့် ခရီးသည်တွေ ထင်ယောင်ထင်မှားဖြစ်ပြီး ထူးဆန်းတာတွေ မြင်တွေ့ခဲ့ရတယ်လို့ ယူဆပြီး ယခုတစ်ကြိမ်မှာ ဘယ်လိုဖြစ်ရပ်ဆိုးမှ ပေါ်ပေါက်လာနိုင်စရာအကြောင်းမရှိဘူးလို့ ယုံကြည်နေခဲ့ကြပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်က ဖြစ်ရပ်မှာ အသက်ရှင်ကျန်ခဲ့တဲ့ လေယာဉ်မယ်ဖြစ်သူ နယူးအတွက်တော့ ဒီလေယာဉ်ကြီးပေါ်ကို ပြန်ရောက်ခဲ့ပြီး ကံကြမ္မာလှည်းဘီး တစ်ပတ်ပြန်လည်ဖို့ ဖြစ်လာခဲ့ပါတယ်။ လေယာဉ်ကို အပြီးသတ်ပြင်ဆင်ပေးနေတဲ့ နယူးရဲ့ချစ်သူ ဘန့်ခ်တစ်ယောက် ကုန်သိုလှောင်ခန်းထဲမှာ စစ်ဆေးနေတုန်း အပြင်ထွက်မရဘဲ လေယာဉ်ပေါ်မှာ ပါလာခဲ့ပါတယ်။ လေယာဉ်မောင်းနှင်ပြီး မကြာခင်မှာပဲ လေယာဉ်တွင်းအောက်ဆီဂျင် ထိုးကျလာပြီးတော့ ခရီးသည်တွေအတွက် သေရေးရှင်ရေး အခြေအနေဖြစ်လာခဲ့ပါတယ်။ လေယာဉ်မှူးအခန်းကိုလည်း ဆက်သွယ်မရ၊ ဝင်မရဖြစ်နေတာကြောင့် ခရီးသည်တွေကို ကယ်တင်ပေးဖို့တာဝန်က လေယာဉ်မယ်ခေါင်းဆောင်ဖြစ်တဲ့ နယူးနဲ့ ဘန့်ခ်တို့ ပခုံးပေါ် ကျရောက်လာခဲ့ပါတယ်။ ခြောက်ခြားစရာတွေကို တစ်ယောက်စ နှစ်ယောက်စ ကြုံတွေ့လာခဲ့ရတာကနေစပြီး ခရီးသည်တွေကို သရဲစတင်ပူးကပ်လာရာကနေတစ်ဆင့် အချင်းချင်းထင်ယောင်ထင်မှားနဲ့ တစ်ယောက်ကိုတစ်ယောက် မယုံကြည်ရဲတဲ့အခြေအနေတွေ ဖြစ်လာခဲ့ပါတယ်။ လေယာဉ်ပေါ်မှာ စီးနင်းလိုက်ပါလာကြတဲ့ လူအမျိုးမျိုး၊ စိတ်အထွေထွေ တို့ရဲ့ တစ်ကိုယ်ကောင်းဆန်မှု နဲ့ စွန့်လွှတ်အနစ်နာခံမှု ရဲရင့်မှု နဲ့ သူရဲဘောကြောင်မှု အမုန်းတရား နဲ့ ချစ်ခြင်းမေတ္တာစတဲ့ ခံစားချက်တွေ လွန်ဆွဲကြပုံကို ဒီခြောက်ခြားဖွယ်ခရီးစဉ်တစ်ခုတည်းမှာ ရောပြွန်းခြယ်သထားတဲ့ ဇာတ်ကားလေးကို CM ကနေ ပရိသတ်ကြီးအတွက် တင်ဆင်ပေးလိုက်ပါတယ်။ File size… 2.8 GB, 1.1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 45m Genre ….. Horror, Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Sai Sumali

Action • Drama
0 2012 105 mins
407 Dark Flight