YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

[18+] Under Your Bed (2019)_720p.mp4

851.98 MB N/A video/mp4 9036 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Revice Forward: Kamen Rider Live & Evil & Demons

၂၀၂၃ မှာ အသစ်ထွက်ရှိလာတဲ့ Kamen Rider Revice ရဲ့ ရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ မူရင်းဇာတ်လမ်းတွဲအပြီးမှာ ဇာတ်အိမ်တည်ထားပါတယ်။ ဒီရုပ်ရှင်မှာတော့ Kamen Rider Revice က အဓိကဇာတ်ကောင်မဟုတ်ဘဲ Kamen Rider Live & Evil, Kamen Rider Demon တို့က အဓိကဇာတ်ကောင်များဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဒိုင်ဂျီနဲ့ ကာဒိုတာ တို့ဟာ Bluebird ဆိုတဲ့ အဖွဲ့အစည်းမှာ ဆက်လက်လုပ်ကိုင်နေကြပါတယ်။ ကာဒိုတာလည်း မျိုးရိုးဗီဇပြုပြင်ရေးဌာနက ‌ဒေါက်တာ အီချီမူရာထံမှာ ဆေးကုသမှုခံယူနေခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ Alicorn ဆိုတဲ့ အကြမ်းအဖက်အဖွဲ့အစည်းပေါ်‌ပေါက်လာပြီး က‌လေးတွေကို ပြန်‌ပေးဆွဲခဲ့ပါတယ်။ ဒိုင်ဂျီနဲ့ ကာဒိုတာလည်း အဆိုပါကလေးတွေကို ဝင်ရောက်ကယ်တင်ရင်း Alicorn ကိုဖြိုခွင်းဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ကာဒိုတာရဲ့ နတ်ဆိုး ပြန်လည်ပေါ်ပေါက်လာခဲ့ပါတယ်။ ဘာလို့ ကာဒိုတာရဲ့ နတ်ဆိုးက ပြန်လည်ပေါ်ပေါက်လာတာလဲ? Alicorn ဆိုတဲ့ အဖွဲ့အစည်းကရော ဘာလဲဆိုတာ Plot twist များစွာနဲ့ ကြည့်ရမှာပါ။ ကျွန်တော့်အမြင်ပြောရရင် ဇာတ်လမ်းပိုင်းက ကျစ်လစ်ပြီးတော့ Plot twist ကလည်း ထင်မထားတာဖြစ်တာမို့ "အော် အဲလိုလား" ဆိုတဲ့ ခံစားချက်မျိုးရခဲ့ပါတယ်။ မူရင်းဇာတ်လမ်းထဲက Main Rider ဇာတ်လမ်းမဟုတ်ပေမယ့် Kamen Rider Live&Evil, Kamen Rider Demon တို့ဟာလည်း ဇာတ်အိမ်ခိုင်မာတဲ့ Riders တွေဖြစ်တာမို့ ကြည့်လို့ကောင်းပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။ Genre..... Action, Adeventure, Drama, Fantasy Quality…. 1080p | 720p | 480p File size… 1.7GB | 882MB | 415MB Format… mp4 Duration…. 1h 17min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Leonard Lin Encoder ..... Aaron

Romance
0 2023 117 mins
Revice Forward: Kamen Rider Live & Evil & Demons
Blue Velvet
7.6

‘Blue Velvet’ ဆိုတာ တကယ်တော့ တစ်ခေတ်တစ်ခါက အရမ်းကိုနာမည်ကြီးခဲ့တဲ့ Bobby Vintonရဲ့ သီချင်းတစ်ပုဒ်ပါ။ ဒါရိုက်တာအတွက် ဒီရုပ်ရှင်ရေးဖို့ စိတ်ကူးရချိန်တုန်းက ခံစားရတဲ့ mood တစ်ခုဖြစ်တဲ့အပြင် ရုပ်ရှင်ထဲမှာပါ ဒီသီချင်းကို အဓိက နေရာက ထည့်သုံးထားတာမို့ ရုပ်ရှင်နာမည်ဖြစ်လာခဲ့တာပါ။ Surrealism နဲ့ neo-noir film တို့ရဲ့ ဘိုးအေကြီး David Lynch ရဲ့ လက်ရာတစ်ခုဖြစ်ပြီး ၁၉၈၆ ရဲ့ အကောင်းဆုံးရုပ်ရှင်လို့ ဝေဖန်ရေး ဆရာတွေက သတ်မှတ်ခဲ့ကြပါတယ်။ လင့်ချ်ဘိုးတော်နဲ့ ပတ်သတ်ရင် အဝေးပြေးလမ်းမကြီးပေါ် အခြေခံထားတဲ့ ရုပ်ရှင်ကိုတောင် “Straight Story” လား “Lost Highway” လားဆိုတာမျိုး အရသာက သိသိသာသာကွဲမှာမို့ ဒီကားဟာတော့ ဒုတိယတစ်မျိုးထဲကလို့ ကြိုပြောထားချင်ပါတယ်။ Mulholland Drive ကြိုက်တဲ့သူတွေ အတွက်လည်း အံကိုက်ပါပဲ။ ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ ဖခင်ဖြစ်သူ ရုတ်တရက် လေဖြတ်သွားလို့ နယ်မြို့လေးကို ပြန်လာတဲ့ ကောလိပ်ကျောင်းသားလေး တစ်ယာက် နားရွက်ပြတ်တစ်ဖက်ကို ကောက်ရပြီးနောက်ပိုင်း သူ့ရဲ့ စူးစမ်း လိုစိတ်ကြောင့် လျှို့ဝှက်နက်နဲမှုတွေထဲ တစ်စတစ်စကျွံဝင်သွားရင်း သူ မမြင်ယောင်ကြည့်ဖူးတဲ့ ကမ္ဘာတစ်ခုစီ ဦးတည်သွားမိသွားတဲ့အကြောင်းပါ…။ တကယ်တမ်းတွေးကြည့်ရင်တော့ 'Blue Velvet' ဆိုတာ ဖရိုဖရဲဖြစ်နေတဲ့ လောကကြီးပါပဲ။ အပြစ်ကင်းသလိုလို အေးချမ်းနေတဲ့ အမေရိကန် မြို့ငယ်လေးရဲ့ အမှောင်ခြမ်းဥပစာပေါ့။ ဒီကားမှာ ယစ်မူးစေတဲ့ ပြင်းပြင်း ထန်ထန် လိင်ပိုင်းဆိုင်ရာတိမ်းညွှတ်မှုကို ပေါ်ပေါ်တင်တင် သရုပ်ဖော်သွားပြီး အမှတ်သင်္ကေတ (Symbolism) တွေလည်း အများကြီး သုံးထားပါတယ်။ Blue Velvet ဟာ အမေရိကန် surrealism ရုပ်ရှင်တွေရဲ့ အကောင်းဆုံး သာဓကအနေနဲ့ရော ၈၀ပြည့်နှစ်တွေရဲ့ ကောင်းဆုံး ရုပ်ရှင်တစ်ခုအနေနဲ့ရော သတ်မှတ်ခံထားရပေမယ့်လည်း တစ်ချိန်တည်းမှာ တစ်ချို့သော အမေရိကန် ဝေဖန်ရေးဆရာတွေကတော့ လိင်ကိစ္စနဲ့ အကြမ်းဖက်မှုတွေကို ခပ်စိပ်စိပ် ချဉ်းကပ်ထားတာမို့ အနုပညာလက်ရာအဖြစ်ကနေ ယုတ်လျော့သွားတယ်လို့ ဆိုကြပြန်ပါတယ်။ ဘယ်လောက်ရယ်ရလဲဆို တစ်ချို့ဆို ညစ်ညမ်းကား လို့တောင် သမုတ်ခဲ့ကြပါသေးတယ် တဲ့။ ကြိုက်/မကြိုက်ကတော့ ကိုယ်တိုင်ပဲ ဆုံးဖြတ်ရမယ့်အရာမို့ ဒေါင်းကြည့်လိုက်ကြပါဦးနော့်.. ဒီထဲမှာ သီချင်း ကောင်းတွေလည်း မြိုင်မြိုင်ဆိုင်ဆိုင်ပါသမို့ လုံးဝတန်မယ်ဆိုတာတော့ လုံးဝ အာမခံပါတယ်။ File size…1.63GB / 678MB Quality…Blu-Ray 1080P 5.1CH  / 720p Format…mp4 Duration….2h Genre ..... Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Z

Action • Animation • Science Fiction
7.6 1986 120 mins
Blue Velvet
Potato Dreams of America
6.6

IMDb Rating - 6.3/10 ဆိုဖီယက်ပြည်ထောင်စု (USSR) ပြိုကွဲပြီး ပြန်လည်ထူထောင်ရေး လုပ်နေစဥ်ကာလမှာ Vladivostok မြို့လေးမှာနေတဲ့ လီနာနဲ့ Potato ဆိုတဲ့ သားအမိနှစ်ယောက်ရှိပါတယ်..... အဲဒီချိန်တုန်းက ရုရှားနိုင်ငံမှာ ရေပြတ်၊ မီးပြတ်၊ conservative တွေများပြီး မိန်းမလျှာတွေဆိုလည်း သတ်ပစ်တဲ့အထိ လူ့အဖွဲ့အစည်းက ပျက်စီးယိုယွင်း နေခဲ့ပါတယ်။ သားဖြစ်သူ Potato က အမေရိကန်ရုပ်ရှင်တွေကို ကြိုက်နှစ်သက်ပြီး အမေရိကန်နိုင်ငံမှာပဲ နေချင်တဲ့သူပါ။ အမေဖြစ်သူ လီနာက ရုရှားနိုင်ငံမှာဆို သူ့သား potato အနာဂတ်ပျောက်မှာ စိုးရိမ်တဲ့အတွက် အမေရိကန်နိုင်ငံကို ထွက်သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီကားထဲမှာ လီနာတို့ သားအမိ အမေရိကန်နိုင်ငံကို ဘယ်လို ရောက်အောင်သွားမလဲဆိုတာကို ဆက်လက်စောင့်ကြည့်ပေးပါဦး........ ဒီကားက အရင်တုန်းက ရုရှားနိုင်ငံရဲ့ လူအဖွဲ့အစည်းအကြောင်း၊ အမေရိကန်နိုင်ငံရဲ့ လူအဖွဲ့အစည်းအကြောင်း၊ LGBTQ+ တွေအကြောင်းကို ကောင်းကောင်းသိမြင်နိုင်မယ့် ကားတစ်ကားဆိုလည်း မမှားပါဘူး။ Autobiography, Comedy, Drama ကားတစ်ကား ဖြစ်ပြီး လူတိုင်းကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်..... (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Parris ဖြစ်ပါတယ်) File Size - (1.29 GB) / (566 MB) / (375 MB) Quality – WebRip 1080p / 720p/480p Duration - 1h 35mins Subtitle – Myanmar Hardsub Format – MP4 Genre : Biography, Comedy, Drama Translator – Parris Encoder – SWM

Drama • Thriller
6.6 2021 97 mins
Potato Dreams of America
No Time to Die
7.4

No time to die ကတော့ No time to disappoint ပါပဲ။ ကျေနပ်စရာကောင်းပါတယ်။ အနားယူပြီးဖြစ်တဲ့ ဂျိန်းစ်ဘွန်းကို စီအိုင်အေက စပက်တာတွေနဲ့ ပတ်သတ်တဲ့အမှုတစ်ခု အကူအညီတောင်းလို့ လက်ခံလိုက်ရင်းနဲ့ 007 အသစ်နဲ့ တွေ့ပြီး အရင်ရန်သူဟောင်းတွေရော ရန်သူသစ်တွေရော ချစ်သူဟောင်းတွေရောနဲ့ တွေ့ပြီး ဇာတ်လမ်းတွေ ရှုပ်ကုန်တာပေါ့။ အဓိကကတော့ ဇီဝလက်နက်နဲ့ လူတွေသတ်ပြီး ကမ္ဘာကြီးကို ပြင်ဆင်ပေးချင်တဲ့ သူတော်ကောင်းကြီးကို 007 ဟောင်း လူယုတ်မာကြီးက လိုက်ပြီး တားဆီးရတဲ့ ဇာတ်လမ်းပါပဲ။ အများကြီးတော့ ဇာတ်လမ်းကို မပြောပြတော့ပါဘူး။ အားလုံးကြိုက်ကြမှာပါ။ (ဒီဇာတ်လမ်းရဲ့ အညွှန်းကိုMr.Andrson မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ CM Team မှဖြစ်ပါတယ်။) File Size - (4GB)/(3.08 GB)/(1.9 GB )/(800 MB) Quality – WEB-DL 4K HEVC , 1080p , 720p, 480p Duration - 2hr 43min Subtitle – Myanmar Hardsub Format – MP4 Genre : 007, Action, Adventure, Thriller Translator – CM Team Encoder – San Win Maung

Drama • Fantasy • Mystery
7.4 2021 163 mins
No Time to Die
The Witcher: Nightmare of the Wolf
7.6

ဒီ Animationဇာတ်လမ်းက​တော့ The Witcher universeထဲက ဇာတ်လိုက်​ကျော်ကြီး Geralt of Riviaအ​ကြောင်းမဟုတ်ပါဘူး။ သူ့ရဲ့ဆရာ Vesemir : The Nightmare of the Wolfရဲ့ ဘဝဇာတ်​ကြောင်းကို အ​ခြေခံရိုက်ကူးထားတာပါ။ ဒါ​ကြောင့် Live Action season1ရဲ့ timelineထက် ပို​စောပါလိမ့်မယ်။ ဒီAnimationထဲမှာ Vesemirရဲ့ ငယ်ဘဝဇာတ်​ကြောင်း၊ Witcher တစ်​ယောက်ဖြစ်လာဖို့ ​ကျော်ဖြတ်ရတဲ့စမ်းသပ်မှု​တွေ၊ သူ့ရဲ့စွန့်စားခန်း​တွေနဲ့အတူ ​ရှေးအယူအရ သာမန်လူ​တွေရဲ့ witcher​တွေအ​ပေါ် သ​ဘောထားကိုလည်း ​ပေါ်လွင်​အောင်ရိုက်ကူးပေးထားပါတယ် ဒါ့အပြင် Kaedwen တိုင်းပြည်က Madam Tetra Gilcrestကလည်း Witcher​တွေကို ရန်ငြိုးရန်စရှိတဲ့အတွက်​ကြောင့် မ​ကောင်းဆိုးဝါး​​တွေ၊ နတ်ဆိုး​​တွေနဲ့ပူး​ပေါင်းပြီး Vesemirတို့ရဲ့ Witcherတိုင်းပြည်ကြီးကို အပြီးတိုင် အမြစ်ဖြတ်ပစ်ဖို့ ကြိုးစားလာတဲ့အခါမှာ.... Witcher verseရဲ့ထုံးစံအတိုင်း ကြမ်းကြမ်းတမ်းတမ်းအ​ပြောအဆို​တွေ၊ သတ်ခန်းဖြတ်ခန်း​တွေကို ​သွေးသံတရဲရဲနဲ့ ပီပီပြင်ပြင်တင်ဆက်ထားတာ​ကြောင့် R -ratedအဖြစ် သတ်မှတ်လို့ရပါတယ် သိပ်မကြာခင်ထွက်လာ​တော့မယ့် Witcher Season 2မှာလည်း ဒီကားရဲ့ ဇာတ်​ဆောင် Vesemirပြန်လည်ပါဝင်လာမှာမလို့ ဒီ​နေ့ထွက်ဇာတ်ကားအသစ်​လေးနဲ့ သူ့ရဲ့ဘဝဇာတ်​ကြောင်း​ကို animation​ကောင်း​ကောင်း ၊ Actionအရသာအပြည့်နဲ့ ကြည့်ရှုရင်း Witcher Universeထဲကို လိုက်ပါစီး​မြောလိုက်ရ​အောင်ပါ File size…901MB and 1.3GB Quality…720p WEB H264 and 1080p WEB H 264 Format…Mp4 Duration….1h 21min Subtitle….Myanmar Subtilte (Hard Sub) Encoder….YK Translated by Pyi T Nyein & JImX

Crime • Drama
7.6 2021 83 mins
The Witcher: Nightmare of the Wolf
Season of the Witch
5.4

14 ရာစုနှစ်မှာ လူဖြစ်လာခဲ့ရင် အသက်ရှင်သန်ဖို့ လွယ်ကူမှာ မဟုတ်ဘူး။ ကိုးကွယ်တဲ့ ဘာသာတွေ လွှမ်းမိုးမှု ရရှိနိုင်ဖို့ ဘာသာရေးစစ်ပွဲတွေ အပြိင်အဆိုင် ဆင်နွှဲကြတဲ့ ခေတ်ကာလ အမျိုးသမီးတွေဆိုရင် ဆေးကုတော်တာ ရေမနစ်တာ အဲဒီလိုအဖြစ်မျိုးတွေ ကြုံလာခဲ့ရင်တောင်မှ စုန်းမဖြစ်တယ်/ စုန်းပညာ တတ်စားတယ်ဆိုပြီး အထင်လွဲခံရတဲ့ ခေတ် စုန်းမ လို့ အထင်မှား ခံရတာနဲ့ ကြိုးပေးမယ်/ရေနှစ်သတ်မယ် ပြန်လည်ချေပခွင့်မရှိခဲ့ဘူး ဒီဇာတ်လမ်း ဖြစ်ပုံက Bhemen နဲ့ Felson ဆိုတဲ့ ဘာသာရေးစစ်သူရဲကောင်း ၂ယောက်ဟာ ရှေ့တန်းကနေ စစ်မတိုက်တော့ပဲ ပြန်လာခဲ့ကြတယ်။ သူတို့ အပြန်လမ်းမှာ မြို့တစ်မြို့ကို ရောက်တော့ လူတွေက ကပ်ရောဂါဘေးကြောင့် သေကြပျက်စီးစပြုနေကြပြီ ဒီလိုဖြစ်တာ ၃ နှစ် ကြာပြီဆိုတာလည်း စုံစမ်းသိရပြီးနောက် Bhemen နဲ့ Felson တို့ နှစ်ယောက် မြို့ကနေ ထွက်ဖို့ ပြင်ဆင်နေချိန်မှာပဲ မြို့စောင့်တပ်တွေရဲ့ ဖမ်းတာကို ခံလိုက်ရတယ်။ အဲဒီမြို့ရဲ့ ဘုန်းတော်ကြီးချုပ်က Bhemen နဲ့ Felson တို့ကို စုန်းမလို့ စွပ်စွဲခံထားရတဲ့ မိန်းကလေးတစ်ယောက်ကို Severac ဆိုတဲ့ ဘုန်းတော်ကြီးတွေရှိနေတဲ့ နေရာ ပို့ပေးဖို့ အပေးအယူလုပ်တယ်။ ဒါပေမယ့် Bhemen နဲ့ Felson တို့က ချက်ချင်း လက်မခံခဲ့ပါဘူး။ နောက်ဆုံးကြမှ စုန်းမလို့ စွပ်စွဲခံထားရတဲ့ မိန်းကလေးကို မျှမျှတတ တရားရင်ဆိုင်ခွင့်ပေးမယ်ဆိုတဲ့ Bhemen ရဲ့ တောင်းဆိုချက်ကို လက်ခံတော့မှ ခရီးထွက်ဖို့ ပြင်ကြတော့တယ်။ Severac ဆီ ပို့ဆောင်ခံရမယ့် မိန်းကလေးက တကယ်ပဲ စုန်းမလား အပြစ်မရှိပဲ စွပ်စွဲခံရတာလား လိုက်ပါပို့ဆောင်မယ့် ခရီးစဉ်မှာ Bhemen နဲ့ Felson တို့ အပြင် အခြား ဘယ်သူတွေရော လိုက်ကြမလဲ ဒီခရီးစဉ်တစ်လျှောက် အဆင်ပြေပြေ အဆုံးသတ်မလား ခရီးစဉ် အဆုံးမှာ ဘယ်လို အရာတွေကရော စောင့်နေမလဲ Bhemen နဲ့ Felson တို့ကရော ရှေ့တန်းစစ်တိုက်နေရာကနေ ဘာတွေဖြစ်ခဲ့လို့ ဒီလို အဖြစ်တွေကို လိုက်ပါ လုပ်ဆောင်နေရတာလဲ ဆိုတဲ့ အကြောင်းတွေကို အတွေးပေါင်းများစွာ နဲ့ Season of The Witch – 2011 ကို အဆုံးထိ ကြည့်ဖို့ တိုက်တွန်းပါရစေ။ Bhemen အဖြစ် သရုပ်ဆောင်ထားတာကတော့ ကျွန်တော်တို့ရဲ့ အချစ်တော် မင်းသားကြီး Nicholas Cage ပဲ ဖြစ်ပါတယ်။ File size…(2.2 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre…Adventure, Fantasy, Action Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Dream Walker

5.4 2011
Season of the Witch
Tango & Cash
6.4

Tango & Cash (1989) ၁၉၈၀ ခုနှစ်တွေတုန်းက လျှမ်းလျှမ်းတောက်အောင်မြင်နေခဲ့တဲ့ Sylvester Stallone နဲ့ Kurt Russell တို့လို အက်ရှင်မင်းသားတွေကို ဇာတ်ဆောင်တင်ရိုက်ထားတဲ့ Action, Comedy ရုပ်ရှင်ကားကောင်းတစ်ခုပါ။ Stallone ကလည်း Rambo ၃ကား နဲ့ Rocky ၄ကားထွက်ပြီးတဲ့အချိန်၊ Kurt ကလည်း Escape from Newyork နဲ့ Big Trouble in Little China တို့လို အက်ရှင်ကားတွေရိုက်ကူးထားပြီးချိန်ပါ။ မင်းသား ၂ယောက်ရဲ့ ဩဇာရှိန်တက်နေဆဲအချိန်ပေါ့။ လော့စ်အိန်ဂျလိစ်ရဲတပ်ဖွဲ့မှာ အတော်ဆုံးလို့ သတ်မှတ်ထားရတဲ့ စုံထောက် ၂ ယောက်ရှိပါတယ်။ အနောက်ဘက်က တန်ဂိုနဲ့ အရှေ့ဘက်က ကက်ရှ် တို့ပါ။ နေရာချင်းမတူသလို စရိုက်ချင်းကလည်းမတူပါဘူး။ တန်ဂိုဟာ သပ်သပ်ရပ်ရပ်ဝတ်စားပြီး လူကြီးလူကောင်းဂိုက်နဲ့ အမြဲနေပေမဲ့ ကက်ရှ်ကတော့ ပိုလွတ်လပ်တဲ့ လမ်းသရဲစတိုင်ရှိပါတယ်။ ဒီလိုအတော်ဆုံးရဲ ၂ ယောက်က လော့စ်အိန်ဂျလိစ်မှာ ရှိနေတော့ ရာဇဝတ်ဂိုဏ်းတွေအနေနဲ့ အခက်ကြုံပါပြီ။ ဒါကြောင့် သူတို့ ၂ ယောက်ကို ရှင်းပစ်ဖို့ကြံပါတော့တယ်။ သူတို့ကိုရှင်းပစ်ချင်တာကတော့ ပရက်လို့ ခေါ်တဲ့ လက်နက် နဲ့ မူးယစ်ဆေးရာဇာကြီးပါ။ အဲဒါနဲ့ တစ်နေ့မှာ သူတို့ ၂ ယောက်လုံးဆီ သတင်းအမှားတစ်ခုကို ပေးပြီး ထောင်ချောက်ဆင်ချလိုက်ပါတယ်။ အဲဒါနဲ့ တန်ဂိုနဲ့ ကက်ရှ်တို့ နာမည်လည်းပျက်တဲ့အပြင် ထောင်ပါကျသွားတာပေါ့လေ။ အဲဒီကနေ သူတို့ ၂ ယောက် နာမည်ဘယ်လိုပြန်အဖတ်ဆယ်မလဲ… မူးယစ်ဂိုဏ်းကို ဘယ်လိုပြန်လိုက်မလဲ… ဆိုတာကို အက်ရှင်ခန်းကောင်းကောင်းနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်ရဲ့ စတန့်ခန်း အတော်များများကို မင်းသားတွေကိုယ်တိုင် သရုပ်ဆောင်ခဲ့ပါတယ်။ အက်ရှင်ခန်းတွေ မပီပြင်မှာစိုးလို့ပါတဲ့လေ။ အဲဒါကြောင့် Stallone ကလည်း နံရိုးတစ်ချောင်းကျိုးခဲ့ပေမဲ့ ပြီးတဲ့အထိတော့ ရိုက်ကူးခဲ့ပါတယ်။ သူတို့ ၂ ယောက်ရဲ့ ရိုက်ကွင်းပြင်ပ ရင်းနှီးမှုကတော့ ရုပ်ရှင်ထဲအထိပါ ရောင်ပြန်ဟပ်နေသလိုပါပဲ။ စရိုက်ချင်းမတူပေမဲ့ အစပ်အဟပ်တည့်နေတာမျိုးပေါ့။ ဒါ့အပြင် ငယ်ငယ်ရွယ်ရွယ် မမ Teri Hatcher လည်း ပါပါသေးတယ်။ ဒါရိုက်တာကလည်း ဟာသတွေကို ပေါပေါပဲပဲဖြစ်အောင်မသုံးထားဘဲ အံဝင်အောင်သုံးထားတဲ့အပြင် ရိုက်ကူးတဲ့နေရာမှာလည်း အက်ရှင်ခန်းတွေကို ရှုထောင့်ကောင်းကောင်းကနေ ရိုက်ကူးထားပါတယ်။ ဒီဇာတ်ကားရုံတင်ခဲ့တုန်းက ဝေဖန်ရေးဆရာတွေဟာ ဇာတ်လမ်းကတော့ အော်စကာရဖို့အထိမဖြစ်နိုင်ပေမဲ့ အက်ရှင်ခန်းတွေ ကောင်းကြောင်း နဲ့ ဇာတ်ဆောင်၂ ယောက်ကြားက အတွဲညီမှုကို အထူးတလှယ်ချီးကျူးခဲ့ပါတယ်။ ဒီဇာတ်ကားဟာ 1989 ခုနှစ်ရဲ့ ဝင်ငွေအကောင်းဆုံး ရုပ်ရှင်တွေထဲက တစ်ခုဖြစ်ခဲ့ပြီး Sylvester Stallone နဲ့ Kurt Russell တို့ကို အက်ရှင်ထိပ်သီးတွေနေရာမှာ ပိုတည်မြဲစေခဲ့ပါတယ်။ ဇာတ်လမ်းက မြုပ်ကွက်အများကြီးနဲ့ စုံထောက်ကားလိုမဟုတ်ပေမဲ့ ကိုယ်ကြိုက်ရတဲ့ အက်ရှင်မင်းသားတွေနဲ့ အက်ရှင်ခန်းကောင်းကောင်းတွေကို နှစ်သက်တယ်ဆိုရင်တော့ မြည်းစမ်းကြည့်သင့်တဲ့ ရုပ်ရှင်တစ်ခုပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.5GB, 998MB Quality – 1080p, 720p IMDb Rating – 6.4/10 Format – mp4 Duration – 1H 44Min Genre – Action, Comedy, Crime Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

6.4 1989 104 mins
Tango & Cash
We Are Marshall
7

Huntingtownဆိုတဲ့ မြို့ငယ်လေးမှာ Marshallလို့အမည်တွင်တဲ့ တက္ကသိုလ်တစ်ခုရှိပါတယ်။ ကျောင်းကိုယ်စားပြု American Footballအသင်းဖြစ်တဲ့ The Herd ပြိုင်ပွဲဝင်ချိန်တိုင်း မြို့သူမြို့သားတွေဟာ မြို့လုံးကျွတ်အားပေးခဲ့ကြပြီး သောင်းသောင်းဖြဖြကြိုဆိုခဲ့ကြတယ်။ ငယ်ရွယ်နုပျိုတဲ့ လူငယ်တွေကလည်း မြို့ရဲ့ဂုဏ်သိက္ခာအတွက် အင်တိုက်အားတိုက်ကြိုးစားကြတယ်။ ဒါပေမယ့် မမျှော်လင့်တဲ့ ကံကြမ္မာဆိုးဟာ HuntingTownနဲ့ Marshallအတွက် ခြောက်ခြားစရာဖြစ်ရပ်ဆိုးကြိးတစ်ခုကို သယ်ဆောင်လာခဲ့ပါတယ်။ ဒီနာကျင်ကြေကွဲရတဲ့ ဒဏ်ရာတွေကို ခံစားနေရတဲ့ တက္ကသိုလ်ကျောင်းသားတွေနဲ့ မြို့ခံလူထုဟာ ဘောလုံးအသင်းကို ဘယ်လိုဆက်ပြီး တည်တံ့အောင်ကြိုးစားကြမလဲ၊ မိုင်၃၀၀ကျော်အဝေးက နည်းပြဂျက်လန်ရေးကရော Marshallနဲ့ ဘယ်လိုများရေစက်ဆုံလာမလဲ။ We are Marshallလို့ ကြွေးကြော်လိုက်တိုင်း သူတို့ရဲ့နာကျင်ဆုံးရှုံးမှု၊ အသင်းသားစိတ်ဓာတ်၊ အချင်းချင်းတန်ဖိုးထားမှု၊ လက်မလျှော့တဲ့ စိတ်အားထက်သန်မှု တွေကို ခံစားမိစေမယ့် ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။ ၂၀၀၆ခုနှစ်က ထွက်ရှိခဲ့ပြီး ၁၉၇၀ခုနှစ်ကို ဇာတ်အိမ်တည်ထားတဲ့ ဒီရုပ်ရှင်ဟာ တကယ့်ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ရုပ်ရှင်တစ်ကားထက်ပိုတဲ့ ဒီရုပ်ရှင်မှာ နာမည်ကြီး အနုပညာရှင်များဖြစ်တဲ့ The Wedding Planner,How to Lose a Guy in 10 Daysတို့ရဲ့ romantic iconလည်းဖြစ်ခဲ့သလို The Lincoln Lawyer, Interstellar တို့မှာဦးဆောင်ထားတဲ့ Matthew McConaughey၊ Captain America: The Winter Soldier (2014),The Falcon and the Winter Soldier(2021)တို့မှာ Falconအဖြစ်ပါဝင်ထားတဲ့Anthony Mackie၊ Fantastic Four(2015)မှာ invisible womanအဖြစ်သရုပ်ဆောင်ထားတဲ့ Kate Maraတို့အပါအဝင် အခြားနာမည်ကြီး castပေါင်းများစွာ ပါဝင်သရုပ်ဆောင်ထားတာမို့ ပိုင်နိုင်လှတဲ့သရုပ်ဆောင်ချက်တွေကြားမှာကိုယ်ကိုယ်တိုင် Marshallကျောင်းသားတစ်ယောက်လို၊ Huntingtownမြို့သားတစ်ယောက်လို ခံစားကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ် အညွှန်းနဲ့ဘာသာပြန် Ahorne ဖြစ်ပါတယ် File size…(2.8 GB)/(1.6 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:11:00 Genre…Drama, Sport Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ahorne

Drama
7 2006 124 mins
We Are Marshall
Ruthless

ဒီ Action, Thriller ရုပ်ရှင်ကားဟာ အထက်တန်းကျောင်း နပန်းနည်းပြတစ်ယောက်ရဲ့ အကြောင်းပါ။ Harry Sumnerက နပန်းနည်းပြ လုပ်ရင်း ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းနေသူပါ။ သူက အိုလံပစ် အားကစားသမားလည်း ဖြစ်ခဲ့ဖူးတဲ့အတွက် အားလည်း အရမ်းသန်ပါတယ်။ တစ်ရက် ရုပ်ရှင်သွားကြည့်ပြီး အပြန်မှာ ဖုန်းတစ်call ဝင်လာပါတယ်။ သူ့သမီးရဲ့ ဖုန်းကနေ စုံထောက်တစ်ယောက် ဆက်လာပြီး သမီးဖြစ်သူဟာ မုဒိန်းကျင့်ပြီး အသတ်ခံလိုက်ရကြောင်း ပြောလာပါတယ်။ ကျူးလွန်သူကို ဖမ်းပြီး ထောင်ချခဲ့ပေမယ့် Harryက သူ့သမီး ဖြစ်ရပ်အပြီး လေးနှစ်အကြာမှာ ခေါင်းမာပြီး ဆတ်ဆတ်ထိမခံတဲ့ ကျောင်းသူလေး Catia နဲ့ ဆုံပါတယ်။ Catia က Harryရဲ့ အတန်းမှာ နပန်းသင်နေတဲ့ ကလေးမလေးပါ။ ပထွေးဆီကနေ အိမ်တွင်း အကြမ်းဖက်မှု ခံနေရတဲ့ Catia လေးကို နည်းပြ Harryက သနားပြီး စောင့်ရှောက်ပေးခဲ့ပါတယ်။ ဒီလိုနဲ့ Catiaက ပြန်ပေးဆွဲ ခံရပြီး ပျောက်သွားတဲ့အကြောင်း Harry သိသွားပြီးနောက်မှာ ကိုယ်တိုင် ရေဆုံးမြေဆုံး လိုက်ရှာပါတော့တယ်။ File size…(1.4 GB)/(676 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Action, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leonie

Drama
0 2023
Ruthless
Suspect
6.1

CM ရဲ့ တရုတ်ကားချစ်ဖန်လေးတွေအတွက် suspect ဆိုတဲ့ ဇာတ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဒီဇာတ်လမ်းလေးကတော့ ရုတ်တရက်ကြီး ကြိုးဆွဲချသေသွားတဲ့ လူတစ်ယောက်… ဒီလူကို သတ်ပါတယ်လို့ ကိုယ်တိုင်ရဲစခန်းရောက်ပြီး ဝန်ခံခဲ့တဲ့ သံသယရှိသူ အမျိုးသမီးတစ်ယောက်… ဒါပေမယ့် ဒီအမျိုးသမီးက ငရဲတရားသူကြီးရဲ့ စွမ်းအားသုံးပြီး စီရင်လိုက်တယ်ပဲ ဖြောင့်ချက်ပေးနေတဲ့အပြင် ပြည်သူ့ရဲတပ်ဖွဲ့က အနားယူသွားတဲ့ ကောဝမ်ပင်းကိုမှ တွေ့ချင်တယ် ဆိုသောအခါ… ကောဝမ်ပင်းဆိုတာ ဘယ်သူလဲဆိုတော့ မှုခင်းအရာရှိဟောင်းတစ်ဦးပေါ့… မွေးရပါ ဓာတ်ပုံမှတ်ဉာဏ်လို မှတ်ဉာဏ်ထူးကို ပိုင်ဆိုင်ထားသူပေါ့… ဒါပေမယ့် ကွင်းဆက်လူသတ်မှုတစ်ခုကို ညီအစ်ကို ၂ ယောက်အတူလိုက်ရင်း သူ့မျက်စိရှေ့တင် သူ့ညီလေး အသတ်ခံလိုက်ရပြီး ထူးထူးဆန်းဆန်း အဲ့လူသတ်တရားခံမျက်နှာကို ဘယ်လိုမှ မမှတ်မိတော့တာကြောင့် ဘဝကို အရှုံးပေးဖို့အထိ စဉ်းစားပြီး အလုပ်နားခဲ့သူပေါ့… ဒီတော့ ငရဲတရားသူကြီးကရော ဘယ်သူလဲ… သူက ဘာလို့ လူတွေကို စီရင်နေတာလဲ… စခန်းမှာ လာဝန်ခံခဲ့တဲ့ အမျိုးသမီးကရော တကယ့်တရားခံလား… တကယ်တရားခံမဟုတ်ရင် သူဘာလို့ တရားခံပါလို့ ဝန်ခံရတာလဲ… ဇာတ်လမ်းလေးကြည့်ပြီး အဖြေရှာလိုက်ကြတာပေါ့…

6.1 2024
Suspect
Enough
5.8

Enough (2002) =========== ဆလင်းမ်ဟာ အယ်လ်အေမှာအလုပ်လုပ်တဲ့စားပွဲထိုးမလေးတစ်ယောက်ဖြစ်ပြီး သူအလုပ်လုပ်တဲ့စားသောက်ဆိုင်မှာပဲ မစ်ချ်ဟီလာ ဆိုတဲ့ အိမ်မက်ထဲက မင်းသားလေးနဲ့တွေ့ဆုံခဲ့ပါတယ်။မစ်ချ်ဟာ ငယ်ရွယ်ချောမောပြီး မိဘအသိုင်းအဝိုင်းတောင့်တင်းသလို ငွေရှာနိုင်သူလည်းဖြစ်တယ်။သူ့ကိုလည်း လိုလေသေးမရှိဖူးဖူးမှုတ်ဂရုစိုက်တတ်လေတော့ နောက်ဆုံးမှာ လက်ထပ်ဖြစ်၊ သမီးလေးတစ်ယောက်ရလာတဲ့အထိ ပျော်ရွှင်စွာနေထိုင်ခဲ့ကြပါတယ်။ ခြောက်နှစ်ကြာပြီးတဲ့နောက်မှာတော့ အဲ့ဒီပျော်စရာအချိန်တွေကုန်လွန်ချိန်ရောက်ခဲ့ပါပြီ။အိမ်မက်ထဲက မင်းသားလေးဟာ မျက်နှာဖုံးတစ်စစနဲ့ကွာကျလာခဲ့ပြီး အကြိမ်ကြိမ်အိမ်ထောင်ရေးဖောက်ပြန်မှုတွေ၊ ကိုယ်ထိလက်ရောက်ကျူးလွန်မှုတွေစိပ်လာချိန်မှာတော့ ဆလင်းမ်တစ်ယောက်သမီးလေးကိုခေါ်ပြီး တိတ်တိတ်ကလေးအဝေးကြီးကိုထွက်ပြေးခဲ့ရပါတယ်။ ဒါပေမယ့်လည်း မစ်ချ်ဟာငွေကြေးချမ်းသာရုံမက၊အဆက်အသွယ်ကလည်းကောင်းလေတော့ ဘယ်လောက်အဝေးကြီးကိုပြေးပြေး အချိန်တိုင်းသူ့လက်က မလွတ်နိုင်တဲ့အခါမှာ ဆလင်းမ်တစ်ယောက်ပြေးနေတာကိုရပ်ပြီး ပြန်လည်ရင်ဆိုင်ဖို့ပြင်ဆင်ရပါတော့တယ်။Enough Is Enough ပါပဲ။ အိမ်တွင်းအကြမ်းဖက်မှုကိုအခြေခံတဲ့ thriller ကားကောင်းတစ်ကားဖြစ်ပြီး၊ အခုချိန်ထိအရွယ်တင်လှပဆဲဖြစ်တဲ့ အန်တီမမ J-lo က ခေါင်းဆောင်ပါဝင်ထားပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ ) File size_(2.2GB)/(1.1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:55:00 Genre_Crime, Drama, Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias

5.8 2002 114 mins
Enough
Steve Jobs
7.2

၂၀၁၃တုန်းက Jobsဆိုပြီး တစ်ကားထွက်ပေမဲ့ သူ့ဘဝအကြောင်းကို ရိုက်တာ မပြည့်စုံသလို အခန်းအကူးအပြောင်းတွေက အချိန်အစက် မမိပဲ မြန်လွန်တာကြောင့် မကြိုက်မိပါဘူး ၂၀၁၅မှာလဲ Steve Jobs: Man in machineဆိုပြီး ထွက်ပေမဲ့ Documentaryသဘောမျိုး ရိုက်ထားတာမို့ ကြည့်ရတာ ပျင်းစရာကောင်းပါပါတယ်။ ၂၀၁၅ မှာထွက်တဲ့ Steve Jobs ဆိုတဲ့ ဒီဇာတ်ကားက Universal Studioက ထုတ်မှာ ဖြစ်သလို ဇာတ်ဆောင်တွေကလဲ Michael Fassbender, Kate Winsletတို့လို နာမည်ကြီးတွေကြီးပါပဲ။ သူရဲ့ ဇာတ်ကြောင်းကို ရိုက်ထားသမျှတွေထဲမှာ ဇာတ်လမ်းတစ်ပုဒ်လို ကြည့်ရတာ အကောင်းဆုံးကတော့ ဒီကားပဲမို့ လက်မလွတ်တမ်းသာ ကြည့်လိုက်ကြပါ။ IMDb Rating (7.3/10) နဲ့ Rotten Tomatoes (85%) ထိ ရရှိထားတဲ့ Rating မြင့်ဇာတ်ကားပါ။ အရင်က apple productတွေ ကို သဘောမကျပေမဲ့ Steve Jobs Biography ဖတ်ပြီးကတည်းက သူရဲ့ အယူအဆတွေ အများနဲ့ မတူတဲ့ နေထိုင်တဲ့ ပုံစံကြောင့် ကျွန်တော့်ဘဝရဲ့ Heroတစ်ယောက်ထဲမှာပါလာခဲ့ပါတယ်။ သူကြောင့်ပဲ Apple Productရဲ့ အရသာတွေကို ခံစားတတ်လာတာပါ။ သူရဲ့ ဘ၀ ဇာတ်ကြောင်းကလဲ စိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်နေပါတယ်။ သူရဲ့ စိတ်သဘောထားက ရက်စက်ပြီး တစ်ကိုယ်ကောင်းဆန်တတ်ပေမဲ့ သူ့ရဲ့ မသိစိတ်ထဲမှာတော့ လူသားဆန်မှူတွေ ရှိနေတယ်ဆိုတာ သေချာပါတယ်။ သူရဲ့ အရိုးရှင်းဆုံးက အကောင်းဆုံးဆိုတဲ့ စကားကလဲ အခုအချိန်ထိ မှန်ကုန်နေတုန်းပဲ ဆိုတာ သေချာပါတယ်။ သူကို တီထွင်သူလို့ ပြောတာထက် တီထွင်မှူတွေဖြစ်ပေါ်လာအောင် Motivation အကောင်းဆုံးပေးနိူင်သူလို့ ပြောရင် ပိုမှန်မယ် ထင်ပါတယ် သူရဲ့ အပေအတေ နေထိုင်မှူတွေကြောင့် အစောကြီး သေသွားခဲ့ရတာကလဲ စိတ်မကောင်းစရာပါ။ File size… 2.3 GB / 948 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 2m Genre ….. Drama / Biography Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by JimX

Romance • Comedy • Drama
7.2 2015
Steve Jobs
Clawfoot
5

ဇာတ်လမ်းအစမှာ လူချမ်းသာတွေနေတဲ့စံအိမ်တစ်လုံးရှေ့ကို ဆောက်လုပ်ရေးအလုပ်သမားတစ်ဦးရောက်လာတယ်။ အိမ်ပိုင်ရှင် ဂျဲနက်က လာရင်းအကြောင်းကိုမေးတယ်။ ယောက်ျားဖြစ်သူက ရေချိုးခန်းပြန်လည်ပြင်ဆင်ဖို့ငွေပေးချေထားကြောင်း စာရွက်စာတမ်းနဲ့ တကွပြလိုက်တယ်။ အိမ်မှာ သူ့ယောက်ျားမရှိတဲ့အတွက် နောက်တစ်ခါမှ အချိန်ပြန်ညှိပြီး လာဖို့ပြောမယ့် အလုပ်သမားရဲ့အချက်အလက်နဲ့ထောက်ပြတာကြောင့် အိမ်ထဲဝင်ဖို့ခွင့်ပြုလိုက်ရတယ်။ အလုပ်သမားတွေအိမ်ထဲမှာအလုပ်လုပ်နေတုန်း အိမ်နီးနားချင်းက ရှေ့နေလည်းဖြစ် သူငယ်ချင်းလည်းဖြစ်သူ တာရှာရောက်လာတဲ့အတွက် ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်တယ်။ ယောက်ျားဖြစ်သူပျောက်သွားတဲ့နေ့မှာ ဒီအလုပ်သမားရောက်လာတဲ့ဟာကို ဂျဲနက်တစ်ယောက်စိတ်ထဲမတင်မကျဖြစ်လာတဲ့အခါမှာတော့….. File size…1.32GB / 676MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 27m Genre …..Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin

5 2023
Clawfoot
Tuck Everlasting

ဒီဇာတ်လမ်းလေးကတော့ စာရေးဆရာမ Natalie Babbit ရဲ့ Tuck Everlasting ဝတ္ထုကိုပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ Tuck Family လို့ခေါ်တဲ့ မိသားစုလေးယောက်ဟာ မှော်ရေအိုင်ကလေးထဲကရေတွေကိုသောက်မိပြီး မသေမျိုးတွေဖြစ်သွားတဲ့အကြောင်းပါ။ ဒီလိုမသေမျိုးတွေဖြစ်သွားတဲ့အတွက်သူတို့ဟာ နှစ်ပေါင်းရာနဲ့ချီနေထိုင်ခဲ့သလို လူမြင်ကွင်းကနေပုန်းရှောင်ပြီးတောထဲမှာသာနေကြရပါတယ်။ ဒီဇာတ်လမ်းရဲ့ဇာတ်လိုက် မင်းသမီးလေးဖြစ်တဲ့ Winifred ဆိုတဲ့ သူဌေးသမီးလေးဟာ အိမ်ကအရမ်းချုပ်ချယ်တဲ့အတွက် တောထဲထွက်ပြေးလာရင်း Tuck မိသားစုရဲ့အငယ်ဆုံးသားဖြစ်သူ Jessie နဲ့တွေ့ဆုံကာဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ရုပ်ရှင်ထဲမှာဆက်လက်ရှု့စားရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးရဲ့ vibe ကတော့ Twilight တို့ Snow-white တို့လို Romance vibe လေးဖြစ်တဲ့အတွက် Disney ကိုကြိုက်နှစ်သက်တဲ့သူတွေကြည့်သင့်တဲ့ကားလေးပါပဲ။ IMDbမှာလည်း 6.6 အထိရထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ File size…(1.4 GB)/(841 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama, Family, Romance, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Saw Forlife

0 2002
Tuck Everlasting
Eye of the Beholder

“Eye of the Beholder” (1999) က mystery thriller ကားတစ်ကားပါ။ Ewan McGregor သရုပ်ဆောင်တဲ့ Stephen ဆိုတဲ့ ဗြိတိသျှစပိုင်တစ်ယောက်က “The Eye” လို့ နာမည်ပြောင်ရှိပြီးတော့ Ashley Judd သရုပ်ဆောင်တဲ့ Joanna ဆိုတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အမျိုးသမီးကို စောင့်ကြည့်ရင်း စွဲလမ်းမိသွားတယ်။ Joanna က ဆွဲဆောင်မှုရှိပေမယ့် လူသတ်သမားတစ်ယောက်ဆိုတော့ အမေရိကတစ်ဝှမ်း မြို့ပြောင်းပြီး လူသတ်တာတွေ ဆက်လုပ်နေတယ်။ Stephen က သူမကို ဖမ်းမယ့်အစား နောက်က လိုက်စောင့်ကြည့်ရင်း တစ်ခါတလေ အန္တရာယ်က ကယ်လိုက်၊ ရာဇဝတ်သက်သေတွေ ဖုံးကွယ်ပေးလိုက်နဲ့। ဇာတ်လမ်းက စိတ္တဇဆန်ဆန်၊ အိပ်မက်ဆန်တဲ့ ခံစားချက်မျိုးပေးပြီး နည်းနည်း ရှုပ်ထွေးတယ်။ ထူးဆန်းပြီး ဆွဲဆောင်မှုရှိတဲ့ ဇာတ်ကားကြိုက်ရင် ဒါက ကြည့်လို့တန်တယ်လို့ထင်ပါတယ်။ File size…(1.8 GB)/(958 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Min Khant

Romance
0 1999
Eye of the Beholder