YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

18 Mongkut Sadud Love (2023) (Ep21).mp4

509.79 MB N/A video/mp4 73 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Son of a Gun
6.4

ပြစ်မှုတစ်ခုနဲ့ ထောင်ထဲကို ပထမဆုံးရောက်လာတဲ့ ဂျက်စီ ရိုင်ယန်ဝှိုက် ဆိုတဲ့ ၁၉ နှစ်အရွယ် ကောင်လေးတစ်ယောက်.. ထောင်ထဲမှာ ဆပ်ပြာတုံးပြုတ်ကျလို့တောင် မကောက်ရဲဖြစ်နေချိန် Criminal Mastermind တဖြစ်လည်း စစ်တုရင်ပညာရှင် တစ်ဦးဖြစ်သူ ဘရန်ဒန် နှင့် တွေ့ဆုံပြီး စစ်တုရင်ကစားကွက်တွေကို ငယ်ငယ်ရွယ်ရွယ်နဲ့ ကျွမ်းကျင်စွာ ကစားနိုင်တဲ့ ဂျက်စီကို သဘောကျသွားတဲ့ ဘရန်ဒန်က ဂျက်စီနဲ့ ပူးပေါင်းပြီး အပြင်လောကမှာပါ Perfect Crime တစ်ခုကို ကျူးလွန်ဖို့ ကြိုးစားတဲ့အခါ သူတို့ကြုံတွေ့ရတဲ့ အခက်အခဲတွေ၊ လှည့်ကွက်တွေ၊ ပညာသားပါမှု၊ အနိမ့်အမြင့်အတက်အကျ များ စုပေါင်းပြီး ဘယ်လို စိတ်ကျေနပ်စရာ ရသများကို ပေးစွမ်းနိုင်မလဲဆိုတာ CM က ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်. File size…1.31GB / 548MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 48m Genre ..... Crime , Drama , Action Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Sai Sumali

Drama • Romance
6.4 2014 108 mins
Son of a Gun
Medieval
7.1

ဥ​​ရောပအလယ်​ခေတ်ဇာတ်ကား​တွေကို ကြိုက်နှစ်သက်သူ​တွေအတွက် ဘိုဟီးမီးယန်း(ချက်နိုင်ငံ)မင်းဆက် သမိုင်းဇာတ်လမ်းတစ်ခုကို တင်ဆက်​ပေးလိုက်ပါတယ်။ ၁၄ရာစုတုန်းက ဘိုဟီးမီးယန်းနယ်​မြေရဲ့ အကြီးကျယ်ဆုံး စစ်သူရဲတစ်​ယောက်ဖြစ်တဲ့ ယန်ဇစ်ဇကာရဲ့ ကနဦးစွန့်စားခန်းတစ်ခုကို ရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။ ၁၄ရာစုနှစ် ချားစ်ဘုရင်-၄ နတ်ရွာစံပြီး​နောက် ဘိုဟီးမီးယန်းနယ်​မြေတွင်း ဂိုဏ်းဂဏ​တွေကွဲပြီး ရောမရှိပုပ်ရဟန်းမင်းနဲ့ ပြင်သစ်ဘုရင်လက်​အောက်ရှိ ပုပ်ရဟန်းမင်းဆိုပြီး ဘာသာ​​ရေးအရပါ ၂ပိုင်းကွဲသွားပါတယ်။ ​ ချားစ်-၄ ​နတ်ရွာစံပြီး​နောက် သား​တော်ဖြစ်သူ ဝင်ဆယ်ဆလက်စ် နန်းတက်ရမှာဖြစ်​ပေမယ့် ရောမရှိပုပ်ရဟန်းမင်းကြီးဆီမှာ နန်းတက်ပွဲခံပြီးမှသာ ရှင်ဘုရင်သစ်ဖြစ်လာမှာဖြစ်လို့ ဝင်ဆယ်ဆလက်စ်အ​နေနဲ့ ​ဘိုဟီးမီးယားနယ်က​နေ ရောမကိုသွားဖို့ လိုအပ်​နေတာဖြစ်ပါတယ်။ ဒါ​ပေမဲ့ ဝင်ဆယ်ဆလက်စ်ဟာ အခွံသာရှိပြီးအဆံမရှိသူဖြစ်လို့ ​ကြွေးမှီများစွာတင်​နေပြီး ရောမကိုသွားဖို့​တောင် ရဲမက်စရိတ် စားစရိတ်ကအစ ​ချေးငှားရမယ့်အ​ခြေအ​နေပါ။ သူတို့​ချေးငှား​နေကျ သူကြွယ်အရှင် ရိုဆင်ဘာ့ဂျ်ကလည်း ​ချေး​​ငွေထုတ်မ​​ပေးတာ​ကြောင့် အကျပ်ရိုက်​နေတာပါ။ ဒါ​ကြောင့် ကြံရာမရတဲ့အဆုံး ရိုဆင်ဘာ့ဂျ်ရဲ့ ဇနီး​​လောင်း ​လေဒီကတ်သရင်းကို ပြန်​ပေးဆွဲပြီး ပြန်​ပေး​ငွေ​တောင်းဖို့ ကြံပါ​တော့တယ်။ ပြန်​ပေးဆွဲ​​​ရမယ့်တာဝန်က​တော့ ​ကြေးစားစစ်သည် ယန်ဇစ်ဇကာရဲ့ တာဝန်ဖြစ်လာပါတယ်။ ဇစ်ဇကာအ​နေနဲ့ ​လေဒီကတ်သရင်းကို ​ပြန်​ပေးဆွဲတဲ့ကိစ္စ​ အောင်မြင်မှာလား၊ အရှင်ဝင်ဆယ်ဆလက်စ်ရဲ့ အကြံအစည်က ထင်သ​​လောက် ရိုးရိုးရှင်းရှင်းနဲ့ ပြီးသွားပါ့မလား။ နောက်ကွယ်က နိုင်ငံ​ရေး ဘာသာ​ရေးအရှုပ်အ​ထွေး​တွေကြား ဘယ်​လောက်ထိ ​ပွေလီဦးမလဲဆိုတာ တိုက်ခိုက်ခန်း၊သတ်ဖြတ်ခန်းများများနဲ့ ကြည့်ရှုရမှာပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။ Genre..... Action, DrMa, History Quality…. 1080p | 720p | 480p File size… 2GB | 1.1GB | 585MB Format… mp4 Duration…. 2h 6min Subtitle…. Myanmar Subtitle (Hardsub) Translator ..... JimX Encoder ..... August

Adventure • Comedy • Family • Horror
7.1 2022 126 mins
Medieval
On the Count of Three
6.5

Val နဲ့ Kevin တို့ဟာငယ်ကတည်းကပေါင်းလာတဲ့သူငယ်ချင်းတွေပါ။Kevin ဟာကလေးဘ၀တည်းကစိတ်ကျန်းမာရေးပြဿနာတွေရှိခဲ့သူပါ။ တစ်ခါကဆေးသောက်ပြီးကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ကြိုးစားတဲ့အတွက်စိတ်ကျန်းမာရေးဆေးရုံကိုပို့ခံထားရပါတယ်။Val ဟာလည်းငယ်စဉ်ကဖခင်ဖြစ်သူရဲ့ရိုက်နှက်တာခံရလို့နာကျည်းနေသူပါ။ သူမုန်းတီးတဲ့အလုပ်ကြောင့်လည်း စိတ်ဆင်းရဲနေပါတယ်။တစ်နေ့မှာတော့ Val ဟာ Kevin ကိုစိတ်ကျန်းမာရေးဆေးရုံကနေခေါ်ထုတ်ပြီး နှစ်ယောက်တူတူအဆုံးစီရင်ဖို့ သဘောတူလိုက်ကြပါတယ်။ ဒါပေမယ့် မသတ်သေခင်နောက်ဆုံးတစ်ရက်မှာ သူတို့ရဲ့မပြီးပြတ်တဲ့ကိစ္စတွေကို လုပ်ဖို့ကြိုးစားရာကနေ တလွဲတွေဖြစ်လာပြီး ဘ၀အပေါ်အမြင်ပြောင်းလဲလာပုံကိုတင်ဆက်ထားပါတယ်။ Jerrod Carmichael ကဒါရိုက်တာ‌အနေနဲ့ရော သရုပ်ဆောင်အနေနဲ့ပါ ပါ၀င်ထားပါတယ်။ဘ၀ရဲ့တန်ဖိုးကိုဆန်းစစ်ပြပြီး သူငယ်ချင်းနှစ်ယောက်ကြား သံယောဇဉ်ကိုပါကြည့်ရမှာပါ။ Rotten tomatoes -85% Metacritic -74% File size…(1.6gb)/(746MB)/(349MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:26:00 Genre...Comedy /Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by....SP

Horror
6.5 2022 86 mins
On the Count of Three
Anna
6.5

Anna (2013) ~ IMDb rating - 6.4/10 ~ Mindscape ဆိုတဲ့ ထောက်လှမ်းရေးအေဂျင်စီက သာမန်ထောက်လှမ်းရေးအေဂျင်စီတစ်ခုမဟုတ်ဘဲ လူတွေရဲ့မှတ်ဥာဏ်တွေကိုဖတ်နိုင်တဲ့ စိတ်စွမ်းအင်ရှိတဲ့သူတွေနဲ့ဖွဲ့စည်းထားတဲ့ အေဂျင်စီတစ်ခုဖြစ်ပြီး နှစ်ပေါင်းများစွာ လက်သည်မပေါ်တဲ့အမှုတွေကို ဖော်ထုတ်ပေးနိုင်ခဲ့ပါတယ်။ ဂျွန်ဝါရှင်တန်ကတော့ Mindscape လက်အောက်က နာမည်ကြီး မှတ်ဥာဏ်စုံထောက်တစ်ဦးပါ။ အထက်လူကြီးက သူ့ကို သာမန်ဆယ်ကျော်သက်တွေထက်ထူးခြားနေတဲ့ အန်နာဆိုတဲ့ကောင်မလေးကို မှတ်ဥာဏ်ဖတ်ပေးဖို့ တာဝန်ပေးလိုက်ပါတယ်။ အန်နာက ကျောင်းတွင်းအကြမ်းဖက်မှုရဲ့တရားခံအဖြစ်နဲ့ကျောင်းထုတ်ခံထားရပြီး အခန်းပြင်ထွက်ခွင့်မရဘဲ အချိန်ပြည့်စောင့်ကြည့်ခံနေရပြီး ပထွေးဖြစ်သူက အန်နာကို စိတ်ကျန်းမာရေးဆေးရုံပို့ဖို့ပြင်နေပါတယ်။ ဂျွန်ရောက်လာတာဟာ အန်နာ့အတွက် အပြစ်ကင်းကြောင်းသက်သေပြဖို့ မျှော်လင့်ချက်ဖြစ်လာပါတယ်။ အန်နာ့ကိုမှတ်ဥာဏ်ဖတ်ရင်း ဂျွန်ရဲ့ Career တလျှောက်မှာ တခါမှမကြုံဖူးတဲ့ ထူးထူးဆန်းဆန်းအရာတွေဖြစ်လာပါတော့တယ်။ ကျောင်း Hallway ကရပ်နေတဲ့နာရီ၊ အပြင်ကကျောင်းသူစာရင်းထဲမှာမရှိတဲ့နာမည်နဲ့ အန်နာ့ကျောင်းနေဖက်တစ်ယောက်ရဲ့လည်ပင်းကအမာရွတ်အပေါက်... ဘယ်အပိုင်းတွေကအမှန်ဖြစ်ပြီး ဘယ်အပိုင်းတွေက အန်နာလုပ်ကြံဖန်တီးထားတာလဲ... တကယ်ပဲအန်နာက Victim လား... လူသတ်သမားလား... ဆိုတာ ​​​ကြည့်ရှုသူတွေကိုယ်တိုင်ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Hnin Ei Pai မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 785MB Quality - 1080p, 720p IMDb Rating - 6.4/10 Format - mp4 Duration - 2H 1Min Genre - Drama, Mystery, Sci-Fi Subtitle - Myanmar Subtitle (Hardsub) Translated by Hnin Ei Pai Encoded by Y

Action & Adventure • Animation • Sci-Fi & Fantasy
6.5 2013 99 mins
Anna
The Killer
7

The Killer(2022) အညွှန်း ******************** အက်ရှင်ကားငတ်နေတဲ့သူတွေအဖို့တော့ နင်းကန်လန်းပါတယ်.. မင်းသားက အရေးအကြောင်းဆိုရင် မိန်းကလေးဖြစ်နေလည်း မျက်နှာတွေဖြတ်ရိုက်သလို ကျောင်းသားအရွယ်ဖြစ်နေလည်း သူ့ရန်ရှာရင် ခြေထောက်တွေ လက်တွေ မျက်တောင်တစ်ချက်မခတ်ဘဲ ရုက်ချိုးပစ်ပါတယ်.. တကယ့်လူမိုက်တွေဆိုရင်တော့ပြောမနေနဲ့တော့… ဘန်ဝီဂန်ဆိုတဲ့ ဘဲတစ်ပွေဟာ သူ့ကောင်မလေး အပျော်ခရီးမထွက်ခင် ကလေးမလေးတစ်ယောက်ကို သွားတဲ့ကာလအတွင်း စောင့်ရှောက်ပေးဖို့ မှာသွားခဲ့တယ်… သူကလည်း မကောင်းတတ်လို့သာ လက်ခံလိုက်ရတယ်..၁၇ နှစ်အရွယ်ကလေးမလေးဆိုတော့ အရာရာစူးစမ်းချင်စိတ်တွေပြည့်နေတဲ့အရွယ်လေး.. ဒါ့ကြောင့် အိမ်မလိုက်ချင်ဘူး သူငယ်ချင်းအိမ်မှာပဲနေမယ်ဆိုတော့ သူက ပိုက်ဆံတောင် သုံးဖို့စွဲဖို့ ထည့်ပေးလိုက်သေးတယ်… အဲ့ဒီနောက်မှာတော့ ပြဿနာမျိုးစုံတက်တော့တာပါပဲ… ဘာတွေလဲဆိုတာကိုတော့ ………………… File Size :(1.89GB) (700MB) and (220 MB) Quality : WEB-DL1080P, 720p Format…mp4 Duration…01:35:00 Genre : Action , Crime Subtitle : Myanmar Subtitle (Hard Sub) Translated by Estel,Song Song & So Ri Encoded by Phyo Pyae

Crime • Drama
7 2022 95 mins
The Killer
Amy’s F**k It List
5.1

Amy’s F**k It List (2023) လူ့ဘဝကြီးမှာ မသေခင်လုပ်ချင်တဲ့အရာတွေကို bucket list လုပ်တယ်ဆိုပြီး ကြားဖူးမှာပေါ့ ဘဝမှာ ကားဝယ်နိုင်ရမယ် ဟိုသွားနိုင်ရမယ် ဒီသွားနိုင်ရမယ် ဘာညာပေါ့ ခုဇာတ်ကားလေးထဲမှာလဲ အေမီဆိုတဲ့ကောင်မလေးက ရုတ်တရက်ကြီး ကင်ဆာရှိနေလို့ တစ်ပတ်လောက်ပဲ ခံတော့မယ်ဆိုတာသိလိုက်ရပါတယ် အဲ့အချိန်မှာ သူက bucket list ရဲ့ next level အနေနဲ့ F**ket list ဆိုပြီး ရှိသမျှသူ့ဘဝမှာ မကျေနပ်ခဲ့သမျှတွေကို လက်ခလယ်ထောင်ပြပါတော့တယ် ဇာတ်လမ်းလေးက ဘတ်ဂရောင်းမြူးဇစ်လေးနဲ့အတူ ခပ်မြူးမြူးလေးကြည့်ရှုရမဲ့အပြင် ဇာတ်ဆောင်မင်းသမီးနဲ့အတူ မိမိရဲ့မကျေနပ်ချက်တွေ လောကကြီးကို အရွဲ့တိုက်လိုက်ရသလိုခံစားရမှာပါ ဘဝရဲ့မွန်းကျပ်မှုတွေဖြေဖျောက်ချင်နေတဲ့သူတွေအတွက် အကူအညီဖြစ်ရအောင် ဒီဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ရပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Sai Thurein Lynn ပဲ ဖြစ်ပါတယ်။ Genre….. Comedy Quality…. 720p File size… 594MB Format… mp4 Duration…. 1h 18min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Sai Thurein Lynn Encoder ….. August

5.1 2023 78 mins
Amy’s F**k It List
The Night They Came Home

The Night They Came Home (2024) (function(f,b,n,j,x,e){})(); အခုတစ်ခါမှာတော့ အမေရိကရဲ့ OG ဇာတ်လမ်းလေးတစ်ပုဒ်ရောက်ရှိလို့လာပါပြီ။ ဒီ “The Night They Came Home” ဆိုတဲ့ ဇာတ်လမ်းကို ၁၉ ရာစုအချိန် ဒေသခံအမေရိကန်တွေဖြစ်တဲ့ ရက်ဒ်အင်းဒီးယန်းတွေရယ် ယနေ့ခေတ်အမေရိကန်တွေဖြစ်ကြတဲ့ လူဖြူတိုင်းရင်းသားတို့ရယ် မြေပုံပေါ် နယ်နိမိတ်ချင်းလုနေကြတဲ့အချိန်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်အပေါ် အခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ အားလုံးလည်း သိကြမယ့် မင်းသားကြီး Danny Trejo ပါဝင်ထားပါတယ်။ ~ ဇာတ်လမ်းအကျဉ်း ~ ရူးဖတ်စ်ဘတ်ခ်ဆိုတဲ့ အင်းဒီးယန်းကပြားလေးတစ်ယောက်ဟာ ငယ်စဉ်အရွယ် မိဘတွေမတရားသတ်ဖြတ်ခံလိုက်ရကတည်းက လူဖြူတွေကိုမကျေနိုင်ဖြစ်နေခဲ့တာပါ။ အဲဒီအချိန်အခါက အင်္ဂလိပ်တွေက ကိုလိုနီချဲ့ထွင်ပြီးတဲ့အချိန်ဖြစ်တဲ့အတွက် အမေရိကတိုက်မှာပါ ခရစ်ယာန်သာသနာစာသင်ကျောင်းတွေရှိလာခဲ့ပါတယ်။ ငယ်စဉ်အရွယ်ဘဝဇာတ်ကြောင်း ခါးသီးလွန်းလှတာကတစ်ကြောင်း၊ အင်းဒီးယန်းခရစ်ယာန်စာသင်‌ကျောင်းတွေရဲ့ ကွဲပြားခြားနားလှတဲ့ပို့ချမှုတွေကတစ်ကြောင်း နှစ်ခုပေါင်းသွားတဲ့အခါမှာ ရူးဖတ်စ်ဟာ လူမျိုးရေးအစွန်းရောက်သွားပြီး သူမကျေမလည်ဖြစ်နေခဲ့တဲ့ လူဖြူတွေကိုသတ်ဖို့ကြံရွယ်လာတဲ့အထိဖြစ်သွားခဲ့ပါတယ်။ ဒါပေမဲ့ ရူးဖတ်စ်တစ်ယောက်အရွယ်ရောက်တဲ့အချိန် သူ့ရဲ့လူမျိုး အင်းဒီးယန်းတစ်ယောက်ကြိုးပေးခံလိုက်ရတာကို မျက်မြင်ကိုယ်တွေ့ဖြစ်သွားခဲ့တဲ့အချိန်မှာမှ တကယ်စိတ်ရိုင်းဝင်သွားပြီး လူဖြူဆိုရင်ကို သတ်ရ ဖြတ်ရ ညှင်းပန်းနှိပ်စက်ရမှ ကျေနပ်နိုင်တဲ့အထိဖြစ်သွားပါတယ်။ ဒီလိုလမ်းလွဲသွားတဲ့ ရူးဖတ်စ်ဟာ သူ့နဲ့ရွယ်တူ လူငယ်ပိုင်းတွေကိုစုပြီး အင်းဒီးယန်းဒေသတစ်ဝိုက် တွေ့သမျှ လူဖြူမှန်သမျှကို သတ်ဖို့ဖြတ်ဖို့ မုဒိန်းကျင့်ဖို့ဖြစ်လာပါတော့တယ်။ ရူးဖတ်စ်နဲ့ သူ့ရဲ့အပေါင်းအပါတွေ အင်းဒီးယန်းနယ်စပ်တစ်လျှောက် ဘယ်လိုဂြိုဟ်ဆိုးတွေမွှေခဲ့ကြသလဲ၊ နောက်ဆုံးမှာ ဘယ်လိုအဆုံးသတ်မျိုးနဲ့ ရင်ဆိုင်ခဲ့ရလဲဆိုတာကို ဒီဇာတ်လမ်းထဲမှာ သုတရသမျိုးစုံနဲ့ တွေ့မြင်ကြည့်ရှူရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 865MB Quality – 1080p, 720p Format – mp4 Duration – 1H 45Min Genre – Western Subtitle – Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

0 2024 105 mins
The Night They Came Home
The Scent of Green Papaya
7.3

၁၉၅၀ ခုနှစ်ဝန်းကျင် Saigon မြို့က မိသားစုကြီးတခုမှာ မူးအိ ဆိုတဲ့ ၁၀နှစ်အရွယ် ကလေးမလေးတယောက်ဟာ အိမ်ကနေထွက်လာပြီး အလုပ်လာလုပ်ပါတယ် သူ အလုပ်လုပ်ရတဲ့ မိသားစုကြီးရဲ့ ပြဿနာအရှုပ်အထွေးတွေကြား သူ့တာဝန်ဖြစ်တဲ့ အစေခံအလုပ်ကို တစိုက်မတ်မတ်လုပ်ရင်း အရွယ်ရောက်ကြီးပျင်းလာတဲ့အချိန် တနေ့မှာတော့ သူ ငယ်ငယ်ကတည်းက ကြိတ်သဘောကျခဲ့ရတဲ့သူရဲ့အိမ်မှာ အစေခံအဖြစ် အလုပ်သွားလုပ်ရပါတော့တယ် ဇာတ်လမ်းလေးက ရှုပ်ရှုပ်ထွေးထွေးဇာတ်ကွက်ရယ်လို့ တခုမှ မပါဘဲနဲ့ မူးအိရဲ့ ကလေးဘဝအတွေးအခေါ်ကနေ ကြီးပျင်း ရင့်ကျက်လာတဲ့အချိန် ပြောင်းလဲလာတဲ့စိတ်ထားကို ပုံဖော်ထားရုံတင်ပါပဲ အဲဒီခေတ်က ဗီယက်နမ်မိန်းကလေးတယောက်ရဲ့ ဘဝပုံစံပေါ့ ၁နာရီနဲ့ မိနစ်၄၀ လောက်ကြာတဲ့ ဇာတ်ကားဖြစ်ပေမဲ့လို့ ဒိုင်ယာလော့ဂ်များများစားစားမပါဘဲ ရိုက်ကွက်တွေရယ် တီးလုံးနောက်ခံလေးရယ်နဲ့ ဇာတ်လမ်းကိုသွားထားတာပါ ဒီရုပ်ရှင်ကို Vietnam Film ဆိုပြီး အထင်မသေးလိုက်ပါနဲ့ Cinematography ကောင်းတဲ့အပြင် Musical theme ရော သရုပ်ဆောင်ပိုင်းရောကောင်းပါတယ် IMBD 7.3, rotten tomatoes 100% ထိရထားတဲ့ ဗီယက်နမ်ရုပ်ရှင်ပါ ဒါရိုက်တာက Haruki Murakami ရဲ့ Norwegian Wood ကို ရိုက်ကူးခဲ့တဲ့ Tran Anh Hung ပါပဲ သူ့ရဲ့ ၉၀ခုနှစ်တွေတုန်းက အတော်ပေါက်ခဲ့တဲ့ အနုပညာလက်ရာပေါ့ သူဟာ ဒီရုပ်ရှင်နဲ့ ဆုတွေအများကြီးရခဲ့သလို ဒီရုပ်ရှင်ကိုယ်တိုင်လည်း ကိန်းရုပ်ရှင်ပွဲတော်မှာ Golden Camera, Award of the Youth, Cèsar Awards မှာ Best First Work ဆုတွေ ရခဲ့သလို Academy Awards ကပေးတဲ့ Best Foreign Film ဆုမှာ nominee ဝင်ခဲ့တဲ့ ပထမဆုံးဗီယက်နမ်ရုပ်ရှင်ပါ ဒါကြောင့်မို့ ဒီရုပ်ရှင်ကို မြည်းစမ်းကြည့်ကြဖို့ အကြံပြုချင်ပါတယ်ဗျာ File size… 1.5 GB / 658 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 44m Genre ….. Drama/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Fio

Documentary
7.3 1993
The Scent of Green Papaya
The Merchant of Venice

အလယ်ခေတ် ၁၆ ရာစု ဝန်းကျင်မှာ ဥရောပဒေသတစ်လျှောက် ဖြန့်ကျက်နေထိုင်တဲ့ ဂျူးတွေက ဘာသာရေးအရ ခွဲခြားဖိနှိပ်ခြင်းကို ခံရပါတယ်။ ဖွံ့ဖြိုးလွတ်လပ်လှပါချည်ရဲ့ဆိုတဲ့ ဗင်းနစ်မြို့မှာတောင် ဂျူးဘာသာဝင်တွေက ခရစ်ယာန်ဘာသာဝင်တွေနဲ့ တန်းတူအခွင့်အရေး မရကြပါဘူး။ ဗင်းနစ်ရဲ့ ‘ဂက်တို’ လို့ခေါ်တဲ့ ရှေးဟောင်းဒေသတစ်ခုမှာပဲ ဂျူးလူမျိုးတွေကို စုစည်းနေထိုင်ခိုင်းပြီး ညနေ နေဝင်တာနဲ့ အဲဒီဒေသရဲ့ ဂိတ်တံခါးကို ခရစ်ယာန်တပ်တွေနဲ့ ပတ်လည်ဝိုင်း ပိတ်ချပါတယ်။ နေ့ဘက်ဆိုရင် ဂက်တိုဒေသကနေ ထွက်ခွာတဲ့ ဘယ်ဂျူးမဆို ဂိတ်ရိုးကို ကျော်တာနဲ့ အနီရောင်ဦးထုပ်ကို ဝတ်ဆင်ရပါတယ်။ ခရစ်ယာန်တွေနဲ့ မရောသွားအောင်ပေါ့။ အဲဒီနည်းနဲ့ ဗင်းနစ်ရဲ့ ဥပဒေထဲမှာ ဂျူးတွေကို တရားဝင်ခွဲခြားထားတာပါ။ နောက်ပြီး ဘယ်ဂျူးမဆို စည်းစိမ်ဥစ္စာ ပိုင်ဆိုင်ခွင့် မရှိပါဘူး။ ဒီတော့ ဗင်းနစ်မြို့မှာ နေတဲ့ ဂျူးဘာသာဝင်တွေက ဘာစီးပွားမှ လုပ်မရမဲ့ တူတူဆိုပြီး ရှိတဲ့ငွေကို အတိုးချေးစားကြပါတယ်။ အဲဒီငွေတိုးချေးစားတာကိုလဲ ခရစ်ယာန်ဘာသာမှာ တားမြစ်ပညတ်ထားပြန်တယ်။ ဗင်းနစ်မြို့က ကုန်သည် – The Merchant of the Venice ရုပ်ရှင်က နာမည်ကျော် ဝီလျံရှိတ်ခ်စပီးယားရဲ့ ပြဇာတ်ကို ပြန်လည်ရိုက်ကူးထားတဲ့ ၂၀၀၄ ခုနှစ်က ရုပ်ရှင်ပါ။ အလယ်ခေတ် ၁၆ ရာစုဝန်းကျင်က ဗင်းနစ်မြို့ကို အခြေတည်ပြီး ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းအကျဉ်းက အန်တိုနီယိုလို့ခေါ်တဲ့ ဗင်းနစ်က နာမည်ကြီး ကုန်သည်တစ်ဦးက သူ့မိတ်ဆွေ ဘာဆန်နီယို အကူအညီတောင်းလို့ ရှိုင်းလော့ခ်လို့ ခေါ်တဲ့ ဂျူးလူမျိုးသူကြွယ်ဆီမှာ ငွေချေးပါတယ်။ ဘာဆန်နီယိုက ပေါ်တီယာလို့ခေါ်တဲ့ မိန်းမလှလေးတစ်ဦးကို တင်တောင်းသွားချင်တာမို့ အဲဒီငွေကို လိုတာပါ။ ဂျူးကြီးကလဲ ငွေကို အတိုးမယူဘဲ ချေးလိုက်ပါတယ်။ ဒါပေမဲ့ အပြန်အလှန်အနေနဲ့ အဲဒီငွေကို အချိန်မီ မဆပ်နိုင်ခဲ့ရင် အန်တိုနီယို့အသားတစ်ပေါင်ကို လှီးယူမယ်လို့ ကတိကဝတ်တောင်းလိုက်တာပါ။ ဒါပေမဲ့ အန်တိုနီယိုက ပြန်မဆပ်နိုင်ခဲ့ပါဘူး။ ဘာသာရေး၊ လူမျိုးရေး ခွဲခြားမှုတွေကို ကာလအဆက်ဆက် ခံလာရတဲ့ ဂျူးကြီးရဲ့ လက်စားချေချင်ဇော အဟုန်တွေက ဘယ်လောက်ပြင်းလဲ၊ ချေးထားတဲ့ ငွေကို အန်တိုနီယို တစ်ယောက် ပြန်မဆပ်နိုင်တော့တဲ့ အခါ ဘာဆက်ဖြစ်မလဲ၊ ဘာဆန်နီယိုနဲ့ ပေါ်တီယာတို့ ကြားက အချစ်ကကြိုးကရော ဘယ်လိုနှစ်ပါးသွားမလဲနဲ့ ဗင်းနစ်မြို့ရဲ့ ဥပဒေက ဂျူးတွေကို ဘယ်လိုဘယ်ပုံနဲ့ ခွဲခြားထားလဲ . . . စတာတွေကို ဥရောပအလယ်ခေတ်ရဲ့ ပြယုဂ်ကို အမိဖမ်းရင်း တစ်စိမ့်စိမ့်နဲ့ အရသာခံကြည့်ရှုနိုင်မဲ့ ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။ အဓိက ဇာတ်လိုက်ဖြစ်တဲ့ ဂျူးကြီး ရှိုင်းလော့ခ်ကိုတော့ The Godfather ရုပ်ရှင်တွေထဲ မိုက်ကယ်ကော်လီယွန်အဖြစ် မြင်တွေ့နေကျဖြစ်တဲ့ ဂန္ထဝင်မင်းသားကြီး Al Pacino က ပါဝင်သရုပ်ဆောင်ထားပါတယ်။ အန်တိုနီယိုနေရာမှာတော့ Kingdom of Heaven နဲ့ The Man in the Iron Mask တို့မှာ ပါဝင်ခဲ့တဲ့ Jeremy Irons က အားဖြည့်ပေးထားသလို အချစ်သူရဲကောင်း ဘာဆန်နီယိုဇာတ်ကောင်ကိုတော့ Enemy at the Gate က Joseph Fiennes က ယူထားပါတယ်။ အသက်ရှူမှားအောင်ကို လှပြီး တစ်ကားလုံး မျက်တောင်မခတ်တမ်း ငမ်းရမဲ့ ရှုမငြီး အလှပဂေးလေး ပေါ်တီယာနေရာမှာတော့ X-Men, John Carter နဲ့ Walking Dead တို့မှာ ပါဝင်ဖူးတဲ့ မင်းသမီးချောလေး Lynn Collins ကို တွေ့ရပါလိမ့်မယ်။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:12:00 Genre… Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Zwe Thukha Min

Animation • Family • Adventure • Science Fiction
0 2004
The Merchant of Venice
Lust, Caution
7.6

Lust, Caution (2007) IMDb Rating (7.6) / Rotten Tomatoes (73%) အန်းလီဟာ သူ့ရဲ့ အင်တာနေရှင်နယ်အနေနဲ့ အအောင်မြင်ဆုံးရုပ်ရှင်လို့ဆိုလို့ရနိုင်တဲ့ Brokeback Mountains ရုပ်ရှင်အောင်မြင်ပြီးတဲ့နောက် Eileen Changရဲ့ Lust, Caution ကို ရုပ်ရှင်အဖြစ် အသက်သွင်းခဲ့တယ်။ Lust , Cautionရဲ့ မူရင်းဝတ္တုကိုက တကယ့်အပြင်မှာရှိခဲ့တဲ့ တရုတ်စပိုင် ကျန်းဖင်းယု (Zheng Pingru)ကို အခြေခံထားတယ်။ Eileen Changကို အန်းလီမှတ်ချက်ပေးတာက Eileen Changလောက် တရုတ်စကားလုံးတွေကို ရက်ရက်စက်စက်သုံးတဲ့ စာရေးဆရာမျိုး သူမတွေ့ဖူးဘူးတဲ့။ ဒါကြောင့်ပဲထင်ပါတယ်။ အန်းလီရဲ့ Lust, Caution ဟာလည်း လိင်မှုခန်းတွေရဲ့နောက်ကွယ်မှာ တော်တော်လေးရက်စက်တဲ့အသွင်ကိုဆောင်နေတယ်။ Lust, Caution ဟာ ဘယ်လိုရုပ်ရှင်မျိုးလဲဆို နိုင်ငံရေးနဲ့ ကိုယ်ပိုင်ခံယူချက်တွေရဲ့ မျဉ်းပေါ် နှလုံးသားရေးရာတွေရဲ့ ဆုံမှတ်တစ်နေရာကို ပြထားတဲ့ရုပ်ရှင်လို့ဆိုရမယ်။ ဒါပေမဲ့လည်း သစ္စာဖောက်တွေကို အမွှန်းတင်တဲ့ကားဖြစ်နေတာကြောင့်ရော လိင်မှုခန်းတွေ အသက်ဝင်လွန်းတာကြောင့်ရော တရုတ်အစိုးရက သဘောမကျခဲ့သလို ထျန်းဝေကိုယ်တိုင်လည်း တရုတ်မှာ နှစ်ပါင်းများစွာ ရုပ်ရှင်ရိုက်ခွင့်အပိတ်ခံခဲ့ရတယ်။ ဇာတ်အိမ်တည်ထားတာက ၁၉၃၈ဟောင်ကောင်နဲ့ ၁၉၄၂ရှန်ဟိုင်းမှာ။ ဒုတိယကမ္ဘာစစ်မတိုင်ခင်တစ်နှစ်နဲ့ မပြီးသေးခင်ကာလပေါ့။ ၁၉၃၇မှာ တရုတ်ပြည်ကို ဂျပန်တွေ ဝင်ကျူးကျော်ခဲ့ပြီးတစ်နှစ်အကြာ ၁၉၃၈မှာ ဟောင်ကောင်က လင်းနန်တက္ကသိုလ်မှာ ဝမ်ကျားချီဆိုတဲ့ ကောင်မလေးက ကျောင်းလာတက်တယ်။ ဒီအချိန်မှာ ဝမ်ကျားချီဟာ ယင်ဖိုတောင်မသန်းဖူးသေးတဲ့ ဘာအတွေ့အကြုံမှ မရှိသေးတဲ့ ရိုးသားတဲ့ ကောင်မလေးတစ်ယောက်ပဲ။ ဝမ်ကျားချီဟာ တက္ကသိုလ်မှာ မျက်စိပွင့်နားပွင့်အမြင်ကျယ်လာသလို အပေါင်းအသင်းတွေလည်းရလာတယ်။ ဒီလိုနဲ့ သူ့သူငယ်ချင်းမတစ်ယောက်ကနေတစ်ဆင့် တက္ကသိုလ်ပြဇာတ်ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ ကွမ်ယုမင်နဲ့ ချိတ်မိသွားတယ်။ ကွမ်ယုမင်က ဝမ်ကျားချီကို မင်းသမီးတင်ပြီး မျိုးချစ်ပြဇာတ်တစ်ပုဒ်ကရာမှာ တော်တော်လေးအောင်မြင်သွားခဲ့တယ်။ မျိုးချစ်စိတ်ဓာတ်တွေလည်း ပိုများလာခဲ့တယ်။ ဒီလိုနဲ့ ကွမ်ဟာ သူ့အစ်ကိုရဲ့သူငယ်ချင်းဖြစ်တဲ့ တရှိုနဲ့သွားတွေ့တယ်။ တရှိုက အဲဒီအချိန်မှာ ဂျပန်အလိုတော်ရိဖြစ်နေတဲ့ ဝမ်ကျင်းဝေရဲ့ ထိပ်တန်းအေးဂျင့်ဖြစ်တဲ့ မစ္စတာရီဆိုတဲ့လူဆီမှာ အလုပ်လုပ်နေတာသိတော့ သူတို့တွေ ဂျပန်အလိုတော်ရိ မစ္စတာရီအိမ်ထဲ ချည်းဝင်ပြီး လုပ်ကြံဖို့ကြံကြတယ်။ ပြဇာတ်လောက်နဲ့တင်းတိမ်မနေဘဲ တကယ့်သစ္စာဖောက်တွေကို သတ်ရမယ်ဆိုတဲ့ စိတ်နဲ့ပေါ့။ ဒီလိုနဲ့ သူတို့ တရှိုရဲ့အချိတ်အဆက်ကိုသုံးပြီး မစ္စတာရီနဲ့ ရင်းနီးလာအောင်လုပ်ကြတယ်။ ပြဇာတ်သမားတွေဆိုတော့ သူတို့ချည်းကပ်ပုံကလည်း ပြဇာတ်ဆန်ဆန်ပါပဲ။ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မစ္စတာမာနဲ့ သူ့မိန်းမ မဒမ်မာအနေနဲ့ သရုပ်ဆောင်ပြီး ရှန်ဟိုင်းက လာတာမို့ ဟောင်ကောင်ကို သိပ်မကျွမ်းသေးတဲ့ မစ္စတာရီ့ဇနီးကို ဟောင်ကောင်ကို လိုက်ပတ်ပြပေးမယ်ဆိုပြီး ချဉ်းကပ်ခဲ့တယ်။ မဒမ်ရီနဲ့ ရင်းနှီးသွားတဲ့နောက် မဒမ်မာတစ်ဖြစ်လဲ ဝမ်ကျားချီဟာ မစ္စတာရီတို့အိမ်ကို အမြဲလိုမာကျောက်သွားကစားပြီး သူတို့ကြားပိုရင်းနှီးလာအောင်လုပ်ခဲ့တယ်။ အောင်မြင်ခဲ့ပါတယ်။ ဝမ်ကျားချီဟာ မစ္စတာရီ သူ့အပေါ် အတိုင်းအတာတစ်ခုအထိ စိတ်ဝင်စားလာအောင် ကောင်းကောင်းလုပ်နိုင်ခဲ့တယ်။ မစ္စတာရီက သူ့ကိုစိတ်ဝင်စားလာတဲ့နောက် သူ့ခန္ဓာကိုပါ ဆက်ရင်းဖို့ လုပ်ခဲ့တယ်။ ဒီနေရာမှာ သူက မဒမ်မာအနေနဲ့ နေနေတာဆိုတော့ အပျိုဖြစ်နေလို့မရသလို အတွေ့အကြုံမရှိမဖြစ်နေလို့လည်း မရတာကြောင့် သူတို့ထဲက တစ်ယောက်နဲ့ သူပန်းဦးခြွေခဲ့တယ်။ ဒီအခန်းရဲ့ရက်စက်မှုကတော့ ဝမ်ကျားချီရဲ့နောက်ပိုင်း ရမ္မက်ကြီးမှုတွေမှာ ဖုံးသွားသလိုလိုရှိပေမဲ့ သူချစ်တဲ့သူရှေ့မှာတင် တခြားတစ်ယောက်ဆီ ခန္ဓာပေးခဲ့ရတဲ့အထိ ရက်စက်မှုမျိုးဟာ ဒီအပြာရောင်သန်းတဲ့အခန်းတွေနောက်မှာ ကွယ်ဝှက်နေခဲ့တယ်။ ဒီလောက်ထိ လုပ်ခဲ့ကြပေဲ့လည်း အထက်က အမိန့်မရတာကြောင့် ဘာမှဆက်မလုပ်နိုင်နေတဲ့အချိန် မစ္စတာရီက ရှန်ဟိုင်းကိုပြန်ရဖို့အကြောင်းဖန်လာပြီး သူတို့ရဲ့ တော်လှန်ရေးအိပ်မက်ဟာ ပျက်သုဉ်းသွားတယ်။ ဇာတ်ရဲ့နောက်ထပ်ကာလက လေးနှစ်အကြာ ၁၉၄၂မှာ ရှန်ဟိုင်းမှာ ဝမ်ကျားချီပြန်ရောက်နေတာက စတယ်။ ဒုတိယကမ္ဘာစစ်ဖြစ်နေတဲ့အချိန်ပေါ့။ ဂျပန်တွေက တရုတ်ကိုသိမ်းထားတုန်းပဲ။ ဝမ်ကျင်းဝေကလည်း ရုပ်သေးအစိုးရရဲ့ သမ္မတဖြစ်နေပြီ သူ့အောက်က မစ္စတာရီကလည်း ထောက်လှမ်းရေးခေါင်းဆောင်ဖြစ်နေပြီ။ ချိန်ကေရှိတ်တို့ ပြည်တွင်းစစ်ရှုံးပြီး ထိုင်ဝမ်ကို မကူးခင်ကာလပေါ့။ ဝမ်ကျင်းဝေရဲ့ အဓိကရန်ဘက်က ချန်ကေရှိတ်ရဲ့ ကူမင်တန်တွေ။ ရှန်ဟိုင်းက ပြည်သူတွေ နိုင်ငံခြားသားတွေကတော့ ဒုက္ခတွေ ပေါင်းစုံနေအောင် ခံနေရပြီ။ မစ္စတာရီကလည်း သတိလည်းပိုကြီးလာသလို သူ့အာဏာကလည်းပိုကြီးလာတဲ့အလျောက် သူ့ကိုလုပ်ကြံဖို့ဆိုတာ တော်တော်ခက်သွားပြီ။ တော်လှန်ရေးသမားတွေအနေနဲ့ သူ့ကိုလုပ်ကြံဖို့ ဘယ်လိုမှမဖြစ်နိုင်တော့ဘူး။ ဒီအချိန်မှာ ကွမ်ယုမင်ကလည်း ကူမင်တန်ထောက်လှမ်းရေးအေးဂျင့်ဖြစ်နေပြီ။ သူက ဝမ်ကျားချီကိုလာရှာပြီး သူတို့အပြီးမသတ်နိုင်ခဲ့တဲ့ စစ်ဆင်ရေးကို ပြန်စဖို့ကြံကြတယ်။ Spoilerd Alert အန်းလီဟာ Lust, Cautionရဲ့ ဇာတ်က ကျွန်တော်တို့ကို ခေါ်သွားချင်တဲ့နေရာဆီ အရင်ခေါ်သွားပြီးမှ နောက်ပြန်ခေါ်ပြီး ဒီနေရာဆီ ဘယ်လိုရောက်လာခဲ့လဲ တဖြည်းဖြည်းချင်း ရုပ်လုံးပြန်သွင်းပြထားတယ်။ ပြောရရင် ဝမ်ကျားချီဟာ မစ္စတာရီကို မဒမ်မာအဖြစ် မလှည့်စားခင် ကျွန်တော်တို့ကို အရင်လှည့်စားသွားခဲ့တယ်။ Lust, Cautionရဲ့ တရုတ်နာမည်ဟာ လက်စွပ်ဆိုတဲ့ အဓိပ္ပာယ်လည်း ထွက်သေးတယ်။ အန်းလီဟာ စစမှာတင် ဒီကားရဲ့ symbolicဖြစ်တဲ့ လက်စွပ်ကိုလည်း ထည့်ပြောထားခဲ့တယ်။ မစ္စတာရီရဲ့ အတွေ့အောက်မှာ ဝမ်ကျားချီဟာ သူ့နှလုံးသားပါသွားတော့မလိုလိုဖြစ်ခဲ့တယ်။ ဝမ်ကျားချီဟာ ရမ္မက်ကနေ ပြောင်းလဲသွားတဲ့ တရွေ့ရွေ့တက်လာတဲ့ချစ်စိတ်တွေကို သတိနဲ့ ချွန်းအုပ်ထားခဲ့ရပေမဲ့ အဲဒီသတိကို ပြိုလဲစေခဲ့တဲ့အရာက လက်စွပ်တစ်ကွင်းဖြစ်ခဲ့တယ်။ မစ္စတာရီရော ဝမ်ကျားချီပါ သတိကြီးကြတဲ့လူတွေပါပဲ။ မစ္စတာရီရဲ့ သတိကိုပြိုလဲစေခဲ့တဲ့အရာက ရမ္မက်ဖြစ်ခဲ့ပြီး ဝမ်ကျားချီရဲ့သတိကိုပြိုလဲစေတဲ့အရာကတော့ လက်စွပ်တစ်ကွင်း ဖြစ်ခဲ့တယ်။ အဲဒီလက်စွပ်ဟာ ဝမ်ကျားချီအတွက်တော့ အချစ်ဖြစ်ကောင်းဖြစ်ခဲ့လိမ့်မယ်။ Lust, Cautionဟာ ကြမ်းကြုတ်တဲ့ခေတ်တစ်ခေတ်နောက်ခံက ဘက်မတူတဲ့လူနှစ်ယောက် သတိလွန်ဆွဲကြတဲ့ ဇာတ်ဆိုလည်းဟုတ်တယ်။ နိုင်ငံရေးအမြင်တွေ ကိုယ်ပိုင်ခံယူချက်တွေ, ရမ္မက်တွေ အချစ်တွေ သတိတွေလွန်ဆွဲကြတာဆိုလည်း ဟုတ်တယ်။ အန်းလီအတွက် ဒီမတိုင်ခင်က သူ့ဇာတ်ကားတိုင်းလိုလိုမှာ ဒီလိုလွန်ဆွဲကြတဲ့အကြောင်းအရာမျိုးတွေ ရိုက်ပြဖူးပြီးသားဆိုတော့ Lust, Cautionမှာ သူ့ကာရိုက်တာတည်ဆောက်ပုံဟာ ဒီလိုဇာတ်အတွက် တော်တော်ပိုင်နိုင်နေပြီ။ ကာရိုက်တာနှစ်ကောင်တည်းရဲ့ လွန်ဆွဲပွဲနဲ့တင် အန်းလီဟာ ဒီဇာတ်တစ်ခုလုံးကို ကောင်းကောင်းအသက်သွင်းနိုင်ခဲ့တယ်။ ဇာတ်အိမ်ကတော့ သူပြထားတဲ့ခေတ်နဲ့မလိုက်အောင်ကို ခေတ်ထက် ဒီလူ၂ယောက်ကိုပဲ အကုန်ပုံထားခဲ့တယ်။ ဒါကလည်း အန်းလီထက် မူရင်းစာရေးဆရာမ Eileen Changလက်ချက်။ သူ့ခေတ်က နိုင်ငံရေးကို ပိုထည့်ရေးကြတဲ့ခေတ်ဖြစ်ခဲ့ပေမဲ့ Eileen Changကတော့ နိုင်ငံရေးကို အရန်လောက်ပဲသုံးပြီး ဇာတ်ကောင်၂ကောင်ဆီပဲ ဦးတည်ထားခဲ့တယ်။ အန်းလီကလည်း ဒီတိုင်းပဲ အသက်သွင်းခဲ့တယ်။ Lust, Cautionရဲ့ ကာရိုက်တာနှစ်ယောက်ထဲက ထျန်းဝေရဲ့ကာရိုက်တာအပေါ်မှာတော့ မတရားလှတဲ့ရက်စက်ခြင်းတွေ လွှမ်းခြုံထားတယ်။ အဲဒီရက်စက်ခြင်းတွေဟာလည်း ကျွန်တော်တို့ဘဝထဲက အရာများစွာလိုပဲ အဖြေမရှိဘူး။ ဝမ်ကျားချီရဲ့ ရွေးချယ်မှုအတွက်လည်း အဖြေမရှိဘူး။ ဒါပေမဲ့ ကိုယ်က ဘယ်အရာအတွက် ပိုတာဝန်ရှိလဲ ရွေးချယ်ဖို့လိုလာတဲ့အခါ နှလုံးသားအတိုင်းလိုက်ရင် အမှားများကောင်းများလိမ့်မယ်။ ဒါပေမဲ့ အသိစိတ်အတိုင်းလိုက်ရင်တော့ ကိုယ့်အတွက် နောင်တပိုများနေမှာပဲ။ ပထမလမ်းအတိုင်းလိုက်တာက မှားနေရင်တောင် မှန်နေမယ်လို့ ကျွန်တော်တော့ သေချာတယ်။ ဝမ်ကျားချီမှာတော့ နောင်တရှိခဲ့မယ်မထင်ဘူး။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို WiRa Aung မှ တင်ဆက်ထားပါတယ်။)

7.6 2007 158 mins
Lust, Caution
Tom & Jerry : Spy Quest

ဒီဇာတ်လမ်းက တွမ်နဲ့ဂျယ်ရီကို တစ်ခေတ်တစ်ခါတုန်းက နာမည်ကြီးတဲ့ Spy Quest animated seriesနဲ့ collabထားတဲ့ Movieပဲ ဖြစ်ပါတယ်။ Spy Questရဲ့ ဇာတ်ကောင် ဂျွန်နီရဲ့ ဖခင်ဖြစ်သူ ဒေါက်တာကွက်စ်ဟာ အရမ်းကိုစွမ်းအားကြီးတဲ့ သိပ္ပံပစ္စည်းတစ်ခုကို စမ်းသပ်အောင်မြင်ထားတာဖြစ်ပြီး သူ့ရဲ့ရန်သူတော် ဒေါက်တာဇင်က အဖျက်လုပ်ငန်းတွေ လုပ်နိုင်ဖို့ အဲဒီနည်းပညာကို လုယူချင်နေတာ ဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ ဒေါက်တာကွက်စ်ကို ဇင်က ဖမ်းဆီးနိုင်ပြီး အဆိုပါနည်းပညာကို မောင်ပိုင်စီးနိုင်ဖို့ လုပ်ပါတော့တယ်။ ဖခင်ဖြစ်သူ အဖမ်းခံလိုက်ရတဲ့ ဂျွန်နီကလည်း လိုက်ကယ်ဖို့ ကြိုးစားရင်း ထပ်ဆင့်အဖမ်းခံလိုက်ရတာကြောင့် အဲဒီ နည်းပညာကို ပေးလိုက်ရုံမှတပါး အကျပ်ကိုင်ခံထားရတဲ့ ဒေါက်တာကွက်စ်မှာ တခြားရွေးစရာလည်း မရှိတော့ပါဘူး။ ဒီလိုဘေးကျပ်နံကျပ်ဖြစ်နေတဲ့ သားအဖတွေကို အားလုံးရဲ့ ဇာတ်လိုက်ကျော်ကြီးတွေ ဖြစ်တဲ့ တွမ်နဲ့ဂျယ်ရီက လိုက်ပြီး ကယ်တင်ရမှာဖြစ်ပါတယ်။ ဒေါက်တာကွက်စ်ရဲ့ နည်းနဲ့ နိုင်ငံတစ်ခုပြာကျသွား‌အောင် စွမ်းဆောင်နိုင်တဲ့ အဖျက်လက်နက်‌တွေ ဖန်တီးနေတဲ့ ဒေါက်တာဇင်ကို တွမ်နဲ့ဂျယ်ရီတိရစ္ဆာန်လေး၂‌ကောင်က ဘယ်လောက်ထိ အဟန့်အတားလုပ်နိုင်မလဲ၊ ဂျွန်နီနဲ့ ဒေါက်တာကွက်စ်တို့ကို ကယ်တင်ပြီးဇင်ကို တားဆီးနိုင်ကြမလားဆိုတာကို အက်ရှင်ဆန်ဆန်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ File size… 1.3 GB / 755 MB Quality… WEBRip 1080p / 720p Format… mp4 Duration…. 1h 13m Genre ….. Adventure / Animation / Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by JimX

0 2015
Tom & Jerry : Spy Quest
A Violent Prosecutor
6.4

အမှုစစ်ဖြစ်ဖို့ ၁၁ နှစ်ကြာကြိုးစားခဲ့ရတဲ့ ဗြောင်ဂျယ်ဝုဟာ အကြမ်းဖက်တတ်လို့နာမည်ကြီးပြီး အမှုစစ်လုပ်သက် ၈ နှစ်အကြာမှာ ဆန္ဒပြပွဲတစ်ခုက ရဲအရာရှိကိုအကြမ်းဖက်ခဲ့တဲ့တရားခံတစ်ယောက်ကို စစ်ဆေးနေတုန်း တရားခံဟာ အမှုစစ်ရုံးမှာ သေသွားခဲ့လေတော့ ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံလိုက်ရတယ်။ သေဆုံးသူဟာ ပန်းနာသည်ဖြစ်နေပြီး သူမသတ်ခဲ့ကြောင့် သူယုံကြည်ရသူအထက်လူကြီးကိုပြောပြခဲ့ပေမဲ့ တကယ့်တရားရင်ဆိုင်ချိန်မှာ သူ့ဘက်မှာ ဘယ်သူမှရှိမနေခဲ့တာကြောင့် သူချောက်ချခံရမှန်းသိပြီးနောက် ၅ နှစ်ကြာပြီးချိန်မှာ ထောင်ထဲကိုအသစ်ရောက်လာတဲ့ အမေရိကားပြန်အ‌ဖြစ်ဟန်ဆောင်ကာ မိန်းကလေးတွေဖျားယောင်းတဲ့ ရုပ်ဖြောင့်ဖြောင့်နဲ့လူလိမ်လေးတစ်‌ယောက်ဟာ သူ့အမှုနဲ့‌ဆက်စပ်နေကြောင်းသိလိုက်ရတော့ နှစ်ယောက်ပေါင်းကာ သူ့ကိုချောက်ချခဲ့သူတွေကို ဖော်ထုတ်ကာ သူအပြစ်ကင်းကြောင်း သက်သေပြဖို့ ပြန်လည်ပြင်ဆင်ပါတော့တယ်။ Hwang Jung Min, Kang Dong Won, Lee Sung Min နဲ့ Park Sung Woong တို့ပါ၀င်လို့ Cast တွေနဲ့တင်ကြည့်ဖိုထိုက်တန်ပြီးသားဖြစ်တာကြောင့် ဇာတ်လမ်းမကောင်းမှာ စိုးရိမ်စရာမလိုကြောင်းပါ။ File size…(1.9 GB)/(965 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 02:06:00 Genre… Action, Comedy, Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su

Animation • Drama • Romance • Comedy
6.4 2016 126 mins
A Violent Prosecutor
[18+] The Pursuit of Lust 5

The Pursuit of Lust 5 (2025) “The Pursuit of Lust” ဟာနာမည်အတိုင်းပဲ ရမ္မက်နွံမှာနစ်ကျွံကြတဲ့ လူသားတွေအကြောင်း၊သူတို့ကို ဒီလိုဖြစ်လာအောင်တွန်းပို့ခဲ့တဲ့အခြေအနေတွေ၊သူတို့ရဲ့မွန်းကျပ်မှု စိတ္တဇတွေ ကို ပတ်ဝန်းကျင်မှာမြင်နေကျ ကြားနေကျဖြစ်စဉ်တွေအတိုင်းရိုက်ပြထားတဲ့ ဇာတ်ကားတွေဖြစ်ပါတယ်။ ရှားရှားပါးပါးမြင်ရခဲ့တဲ့ မွန်ဂိုလီယာနိုင်ငံထုတ်ကားဖြစ်ပြီး Vivamax ကဖြန့်ပေးထားတာပါ။ အလုပ်ကိုဦးစားပေးလွန်းပြီး ဇနီးသည်ကိုလှည့်မကြည့်နိုင်တဲ့ ခင်ပွန်းသည်၊အိမ်မှာတစ်ယောက်တည်းအထီးကျန်နေပြီး၊ ဥပေက္ခာတွေနဲ့နေသားကျနေတဲ့ အိမ်ထောင်ရှင်မတစ်ယောက်၊နီးစပ်ရာမှာထွက်ပေါက်ရှာမိတဲ့အဖြစ်တွေကိုနောက်ခံအခြေအနေအမျိုးမျိုးတွေနဲ့တွေ့မြင်ရမှာဖြစ်ပါတယ်။ ခံစားကြည့်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(470 MB) / (220 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Romance Duration…00:38:01 Subtitle….Myanmar Subtitle (Hardsub) Encoder….Alvar Translated by Alias

Comedy • Romance
0 2025
[18+] The Pursuit of Lust 5
A Simple Plan

IMDb 7.5/10 Rotten tomato 91% ဒီဇာတ်ကားကတော့ Scott B.Smith ရဲ့ ၁၉၉၃ခုနှစ်နှစ်ကထွက်ထားတဲ့ဝတ္ထုကိုသူကိုယ်တိုင်ဇာတ်ညွှန်းရေးပြီး ဒါရိုက်တာ Sam Raimiကရိုက်ကူးထားပါတယ် ။နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Billy BobThornton (ဘီလီဘော့သွန်တန်)၊Bill Paxton(ဘီလ်ပက်စ်တန်)နဲ့ Bridget Fonda(ဘရစ်ဂျစ်ဖောင်ဒါ)တို့ပါဝင်ထားပါတယ်။ ဘီလီဘော့သွန်တန်က ဇာတ်ပို့ဆုအတွက်အော်စကာနဲ့ရွှေကမ္ဘာလုံးဆုအတွက်နာမည်စာရင်းတင်သွင်းခံရသလိုအခြားဆုတွေရထားပါတယ်။Best Adapted Screenplay အတွက်လည်းရွှေကမ္ဘာလုံးဆုအမည်စာရင်းတင်သွင်းခံရပါ တယ်။အစပိုင်းကြည့်လိုက်ရင်တော့ သာမန်ဇာတ်ကားတစ်ကားလို့ထင်ရပေမဲ့ တစ်ဖြည်းဖြည်းဇတ်ရှိန်မြင့်လာတဲ့အခါ မထင်မှတ်တဲ့အလှည့်အပြောင်းလေးတွေနဲ့တကယ်ကိုကြည့်ကောင်းတဲ့ဇာတ်ကားဖြစ်လာပါတယ်။ လူတွေအများစုက ငွေရှိရင်အကုန်ပြည့်စုံပျော်ရွှင်မယ်ထင်ကြတယ်။အဲဒီတော့ငွေထုတ်ကြီးကောက်ရပြီးပျော်လိုက်ရလားကြည့်ကြရအောင်။ဒီဇတ်ကားကတွေးစရာတွေလည်းအများကြီးပေးပါတယ်။ပုထုဇဥ်လူတွေဟာကိုယ့်အတ္တနဲ့ယှဥ်လာရင်သူငယ်ချင်းဆိုတာမရှိ ညီအကိုဆိုတာတောင်မရှိတော့ဘူးဆိုတဲ့အဆုံးအမတွေကိုလည်းသတိရမိတယ်။အထက်တန်းတုန်းကသင်ရတဲ့ မဟောသဓာဇာတ်တော်မှာလျို့ဝှက်ချက်ဆို အိမ်ကမိန်းမကိုတောင်မပြောနဲ့ မယုံရဘူးဆိုတာကိုလည်းသတိရမိတယ်။ကိုယ်မကောင်းတာလုပ်ထားရင် ဘယ်သူမသိသိကိုယ်တော့သိတယ် နောင်တရတတ်ရတယ်ဆိုတာကိုဒီဇာတ်ကားမှာပြထားပါတယ်။ လူတွေကတော့ အမရိကန်နိုင်ငံဆိုတာနတ်ဘုံလိုလိုထင်နေကြပေမဲ့ လူတန်းစေ့နေနိုင်ဖို့မနည်းရုန်းကန်နေရတဲ့မိသားစုဘဝတွေကို စကားလုံးတွေကမီးမောင်းထိုးပြထားပါတယ်။ယာတွေလယ်တွေပေါင် ကောလိပ်ထားရပြီး ရ လာတဲ့အလုပ်ရဲ့လစာကတော့မနည်းလူတန်းစေ့အောင်ရုန်းကန်နေရတယ်ဆိုတာလည်းတွေ့ရမှာပါ။သရုပ်ဆောင်တွေက မျက်လုံး၊မျက်နှာပေးတွေနဲ့သရုပ်ဆောင်တာတစ်အားကောင်းပါတယ်။တေးဂီတကလည်း ဇာတ်ကားကိုပံ့ပိုးပေးထားပါတယ်။ ဇာတ်လမ်းအကျဥ်း ဟန့်ခ်နဲ့ ဂျေကော့ဖ်ကညီအကိုတွေဖြစ်တယ်။ဟန့်ခ်ကတိရစ္ဆာန်အစာစက်ရုံတစ်ခုမှာ စာရင်းကိုင်လုပ်ပြီး သူ့မိန်းမဆာရာက စာကြည့်တိုက်မှာအလုပ်လုပ်ပါတယ်။ သူတို့မကြာခင်သမီးဦးလေးရတော့မှာပါ။ ဂျေကော့ဘ်မှာ အချစ်ဆုံးသူငယ်ချင်း လူးဆိုတာရှိပါတယ်။ လူးမှာအချစ်ဆုံးခွေးကြီး မေရီဘက်သ်ဆိုတာရှိပါတယ်။တစ်နေ့ သူတို့သုံးယောက် ဟန့်ခ်တို့ရဲ့အဖေရဲ့ အုတ်ဂူမှာနှစ်ပတ်လည်အတွက်ပန်းစီးသွားချကြရင်းအပြန် သဘာဝကာကွယ်တောနားမှာ​မြေခွေးတစ်ကောင်ကြောင့်ကားချော်သွားပြီး နည်းနည်းပျက်စီးသွားလို့ မြေခွေးနောက်ကိုလိုက်ကြရင်းလေယာဥ်ပျက်တစ်စီးကိုမမျှော်လင့်ဘဲသွားတွေ့ပါတယ်။ လေယာဥ်မှူးကသေနေပါပြီ။ အားကစားအိတ်နဲ့အပြည့် ဒေါ်လာတစ်ရာတန်တွေကိုတွေ့လို့ယူမယ်မယူဘူး အပ်မယ်မအပ်ဘူး ငြင်းခုံရင်းနောက်ဆုံး ဟန့်ခ်ကသိမ်းထားဖို့ဆုံးဖြတ်လိုက်ပါတယ်။ကိစ္စတစ်ခုခုပေါ်လာရင်တစ်ယောက်ယောက်ကလိုက်ရှာရင်မီးရှို့ပစ်မယ်။ဘယ်သူကမှလိုက်မရှာရင် ပြဿာနာမရှိရင် ခွဲယူကြမယ်လို့သဘောတူလိုက်ကြပါတယ်။ဆာရာကဟန့်ခ်ကိုအကြံပေးလို့ ဆာရာအကြံပေးတာကိုလိုက်လုပ်ရင်း မမျှော်လင့်တာတွေနဲ့ကြုံရရပြီးအဲဒါတွေကိုဖြေရှင်းဖို့ကြိုးစားရင်းကိစ္စတွေက ရှုပ်ထွေးလာပါတယ်။ဘာတွေဆက်ဖြစ်မယ် ဘယ်လိုရှင်းကြမယ်ဆိုတာ ပရိသတ်များဖန်သားပြင်ပေါ်မှာဆက်ကြည့်နိုင်ပါတယ်။ ရင်နာစရာဇာတ်ဝင်ခန်းတွေ ကြေကွဲစရာဇာတ်ဝင်ခန်းတွေကတော့ ဇာတ်ကားရဲ့ဇာတ်ရှိန်အမြင့်ဆုံးအခန်းတွေပါ။ဇာတ်ကောင်တွေရဲ့နေရာကိုရောက်သွားပြီးကိုယ်ပါရောကြေကွဲပြီးရင်နာသလို ဖြစ်သွားတာကတော့ စာရေးဆရာ၊ဒါရိုက်တာ၊ သရုပ်ဆောင်တွေတော်လို့ပဲလို့ပြောရပါမယ်။ File size…(2.2 GB)/(1.2 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Crime, Drama,Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Khin Sakar Khin

0 1998
A Simple Plan