YoteShin Drive is below this article. Scroll down to view.

Google Pixel Watch brows and major functions

Author: Anonymous Published on: 12 Aug 2022

Google will announce the first smartwatch of the company called Pixel Watch on October 6. Before the introduction of the smartwatch, the photo and key features of the smartwatch were leaked. Black It will produce silver with gold and gold and can choose the colors such as Lemongrass, Olive, Red, Gray, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige and Green. The photos have been seen in the photo and crown. Google Pixel Watch: That Pic.twitter.com/jfeac8fkuj & mdash; Snoopytech (@_snoopytech_) October 2, 2022 You can wear up to 50 meters of water and protect against Gorilla Glass. Sleeping, The health features that measure heart rate will include Emergency Mode, Quick Pairing Buds and 6-month Fitbit Premium subscription. Other functions will include Maps for Wear OS, Google Assistant, Google Wallet, and Health BY Fitbit. Google will sell the minewriting for the pixel watch in the winter, and the smartwatch in the photo box shared by the Google News Telegram Channel. Sports Band, There are a USB-C Magnetic Charging Cable and Quick Start Guides. The pixel watch will be supported by Gmail and Google Calendar and the smartwatter's battery life will be used for a day. Wifi / Bluetooth edition is expected to set the LTE edition $ 399 for $ 399. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

(18+)Debbie.Does.Demons.2023.720p(DS).mp4

745.25 MB N/A video/mp4 2380 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ

Iyal ဆိုတဲ့ ကလောင်နာမည်နဲ့ အမျိုးသမီး စာရေးသူတစ်​​ယောက်။ Iyal ဆိုတဲ့ အဓိပ္ပါယ်က သဘာဝတဲ့။ ဒီလိုပဲ Iyal ဟာလည်း သဘာဝနဲ့ တစ်သားတည်းဖြစ်နေခဲ့။ သူဟာ လူတွေနဲ့ ပေါင်းသင်းဆက်ဆံတာမျိုး လိုက်လျောညီထွေဖြစ်အောင်လည်း မကြိုးစားခဲ့။ မွေးကတည်းက တောင်ပံနှစ်ဖက်ကျိုးလာခဲ့တဲ့ မိဘမဲ့ Iyal ဟာ သူဆယ်ကျော်သက်အရွယ်ကနေ စာရေးရင်းနဲ့ပဲ အချိန်တွေ တရွေ့ရွေ့ကုန်လာခဲ့တာပေါ့။ သက်လတ်ပိုင်းအရွယ် အောင်မြင်ခါစ မျိုးဆက်သစ်တစ်ယောက်။ တစ်နေ့မှာတော့ သူ့ရဲ့တိုက်ခန်းမှာပဲ အသတ်ခံလိုက်ရပါတယ်။ ဘယ်သူနဲ့မှ အဆက်အဆံမရှိ အပေါင်းအသင်း သူငယ်ချင်းရော ရန်သူဆိုတာမျိုးရော မရှိတာမို့ အသတ်ခံရတဲ့ အကြောင်းအရင်းဟာ ရှာဖို့မလွယ်။ ဒီတော့ Iyal ဘာလို့အသတ်ခံလိုက်ရသလဲ။ ဘယ်သူက သူ့ကိုသတ်ဖို့ကြိုးစားတာလဲ။ လူတစ်ယောက်ကို သတ်ပစ်ရလောက်တဲ့ထိ ဘယ်လို အကြောင်းပြချက်တွေ ဒီနောက်မှာရှိနေမလဲ။ Iyal ကရော လူအများရဲ့အမြင်ကလိုပဲ အေးဆေးပြီး တစ်ကိုယ်တည်း သီးသန့်နေတတ်တဲ့ မိန်းကလေးဆိုတာ ဟုတ်ရဲ့လား။ သူ့ရဲ့သရုပ်မှန်ကရော ဘာလဲ။ သူဖုံးကွယ်ထားတဲ့ မျက်နှာဖုံးနောက်မှာ ဘာတွေရှိနေမလဲ။ သူ့စာအုပ်တွေရဲ့နောက်ကွယ်က မြုပ်ကွက်တွေ။ ဒါတွေရဲ့အဖြေကို တစ်ခုချင်း လိုက်စုံစမ်းရင်း ရင်တထိတ်ထိတ်နဲ့ ပစ်ရက်စရာမရှိအောင် ကြည့်ရမယ့် မှုခင်းစုံထောက် ရုပ်ရှင်ကားကောင်းပေါ့။ ဒီတော့ Channel Myanmar ရဲ့ မှုခင်းသဲလွန်စရှာရတာ ကြိုက်တဲ့ ပရိတ်သတ်တွေကလည်း အခုပဲ အကြိုက်တွေ့သွားစေမယ့် ဇာတ်ကားလို့ ညွှန်းရင်းပဲ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်ဗျာ။ File size…1.2GB /  600MB Quality…1080p WEB DL AAC 5.1CH / 720p Format…mp4 Duration….1h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by : HM & Yunni

Drama
null 2021
Irudhi Pakkam
(18+) The Scarlet Letter
6.6

ဒီဇာတ်ကားရဲ့နာမည်ကို The Scarlet Letter ဆိုတဲ့စာအုပ်ကို အစွဲပြုပြီး ​ပေးထားတာဆို​ပေမယ့် ဇာတ်လမ်းနဲ့ အလိုက်ဖက်ဆုံးနာမည်ကို ​စဉ်းစားရရင် "အချစ်​ကြောင့် ပျက်သုဉ်းရသူများ"လို့ ကင်ပွန်းတပ်ရင် မှားမယ်မထင်ပါဘူး။ ၂၀၀၄ ခုနှစ်မှာ ထွက်ခဲ့တဲ့ Mystery Drama ရုပ်ရှင်ဖြစ်ပြီး တစ်​ခေတ်တစ်ခါက အ​တော်​ရေပန်းစားခဲ့တဲ့ ကိုရီးယားရုပ်ရှင်ပါ၊ IMDb 6.4အထိရရှိထားပြီး ဇာတ်လမ်းသွားနဲ့ plot twist​တွေက အ​တော်​လေးမိုက်ပါတယ်၊ အ​​​ဖော်အပြလည်း ကြမ်းသလို ​သွေးသံရဲရဲ​တွေလည်း ပါဝင်လို့ 18+လို့ ​ပြောလို့ရပါတယ်။ မထင်ထားတဲ့plot twistအဆန်း​​တွေကြိုက်ရင် ဒီဇာတ်ကားကို ​သေချာ​ပေါက် ညွှန်းလို့ရပါတယ်။ သရုပ်​ဆောင်​​တွေအ​​နေနဲ့ အားလုံးရင်းနှီးပြီးသား Dr. Romantic ထဲက မင်းသားကြီး Han Suk Kyu နဲ့ တချိန်က နာမည်ကြီးခဲ့တဲ့ မင်းသမီး Lee Eun Juတို့ အဓိကပါဝင်ထားသလို ဒီဘက်​ခေတ် ဒရာမာ​တွေမှာ မကြာခဏတွေ့​နေကျ မင်းသား၊မင်းသမီးကြီး​တွေ ပါဝင်ထားပါ​သေးတယ်၊ ဒီဇာတ်ကားက မင်းသမီးLee Eun Juရဲ့ ​နောက်ဆုံးဇာတ်ကား ဖြစ်ပြီး ​အညွန့်တလူလူနဲ့ ​ အောင်မြင်ကာစ ၂၄နှစ်အရွယ်မှာပဲ Suicide caseနဲ့ ဆုံးပါးသွားခဲ့ပါတယ်။ ဇာတ်လမ်းအစကို ဓါတ်ပုံတိုက်ပုံရှင်အသတ်ခံရမှုနဲ့ စဖွင့်ထားပြီး စုံ​ထောက်အီဂီဟွန်းက ဒီအမှုကို ဦး​​ဆောင် စုံစမ်းစစ်​​​ဆေးရသူပါ၊ ​​သေဆုံးသူမှာ ဇနီးတစ်​ယောက်ကျန်ခဲ့ပြီး အသက်အာမခံ​ကြေးက ဝမ်သန်း၆၀၀​​အထိဖြစ်​နေလို့ ဇနီးသည်ကို သံသယတရားခံအ​ဖြစ် သတ်မှတ်ထားခဲ့ကြတာပါ၊ စုံ​ထောက်အီဂီဟွန်းကလည်း လူမှု​ရေး ​ဖောက်ပြန်နေသူဖြစ်ပြီး ကိုယ်ဝန်သည်ဇနီးရှိရဲ့သားနဲ့ တခြားသူနဲ့ ​နောက်မီးလင်း​နေခဲ့တာပါ၊ ဆိုးတာက ဇနီးဖြစ်သူနဲ့ ​မယားငယ်က အထက်တန်း​ကျောင်း သူငယ်ချင်း​တွေ ဖြစ်​နေတာပါ။ မိန်းမဖြစ်သူမှာလည်း လျှို့ဝှက်ချက်​တွေရှိ​နေပြီး အီဂီဟွန်းမသိဘဲ ကိုယ်ဝန်ဖျက်ချဖူးတဲ့သူပါ၊ ဒီလိုနဲ့ တစ်​နေ့မှာ အ​​မြှောင်မယားကပါ ကိုယ်ဝန်ရှိလာတဲ့​နောက် အီဂီဟွန်းအ​နေနဲ့ သူငယ်ချင်းနှစ်​ယောက်၊ မယားကြီးနဲ့မယားငယ်ကြား ၂​ယောက်စလုံးကိုချစ်၊ ၂​ယောက်လုံး ကလည်း ပြန်ချစ်တဲ့ကိန်း ဆိုက်လာသလို တစ်ဖက်က လူသတ်မှုကလည်း လွယ်မ​ယောင်နဲ့ခက်၊ တိမ်မ​ယောင်နဲ့နက်​နေတဲ့အခါ.... အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။ Genre.....Drama, Mystery, Thriller Quality….1080p | 720p| 480p File size…2.1GB | 901MB | 281MB Format…mp4 Duration….1h 55min Subtitle….Myanmar Subtitle (Hardsub) Translator .....JimX Encoder .....Blank

Drama • Thriller
6.6 2004 115 mins
(18+) The Scarlet Letter
[18+] Nobody’s Hero
6.3

Nobody’s Hero (2022) ~ IMDb – 6.3/10, Rotten Tomatoes – 65% ~ “ညစ်ညမ်းပြကွက်များပါဝင်သောကြောင့် အသက်မပြည့်သူများနှင့် မိသားစုနှင့်အတူကြည့်ရှုရန်မသင့်ပါ” ဒီရုပ်ရှင်ကတော့ မနှစ်ကမှ ထွက်ရှိထားတဲ့ ပြင်သစ် ဟာသကားတစ်ခုပါ။ ဟာသတွေကလည်း အတည်ပေါက်ကြီး ဖောက်ထားတာတွေဆိုတော့ ကြည့်ရင်း ပြုံးစိစိဖြစ်စရာတွေပါပဲ။ ရုပ်ရှင်စလာကတည်းက အတော်ကိုစားပါတယ်။ မီဒရစ်ဟာ ပြည့်တန်ဆာတစ်ယောက်ကို ချစ်မိသွားပြီဆိုပြီး ပိုက်ဆံမယူဘဲ သူနဲ့အတူအိပ်ဖို့ ‌ဈေးညှိတယ်။ သူက သူများခန္ဓာကိုယ်ကို ငွေနဲ့ဝယ်တာ မလန်းဘူးထင်တယ် ဘာညာပေါ့။ ပြည့်တန်ဆာဖြစ်တဲ့ အီဆာဒိုရာကလည်း လက်ခံလိုက်တယ်။ ဖြစ်ချင်တော့ အီဆာဒိုရာကလည်း ယောက်ျားနဲ့၊ သူ့ယောက်ျားက သူ့ရဲ့ ချိတ်ပေါ့လေ။ အဲဒီလိုနဲ့ သူတို့ကြား တိုင်တွေပတ်ပါရောလား။ အဲဒီလိုဖြစ်နေတုန်းမှာပဲ သူတို့မြို့မှာ အကြမ်းဖက်မှုတစ်ခုဖြစ်သွားတယ်။ အစွန်းရောက်တွေရဲ့လက်ချက်ဆိုပြီး တမြို့လုံးကြောက်နေကြတဲ့အချိန်မျိုးပေါ့။ အဲဒီမှာ မီဒရစ်ရဲ့အိမ်ရှေ့ကို အိမ်ခြေရာမဲ့ အာရပ်ကောင်လေးတစ်ယောက်ရောက်လာတယ်။ မီဒရစ်ကတော့ သူ့ကိုအကြမ်းဖက်သမားလို့ သံသယဝင်နေသေးတာပေါ့။ ဒါပေမဲ့လည်း သနားတာနဲ့ လှေကားရင်းမှာ ပေးအိပ်ထားရာကနေ အိမ်အထိခေါ်တင်ထားတဲ့အထိ ဖြစ်ကုန်ပါလေရော။ ဒီလိုနဲ့ အမျိုးစုံ တိုင်တွေထပ်ပတ်ကြ‌တာပေါ့လေ။ ဘယ်လိုတွေ တိုင်ပတ်သလဲဆို‌တာတော့ ကိုယ်တိုင်ကြည့်လိုက်တာ ပိုရယ်ရပါလိမ့်မယ်။ ဒီရုပ်ရှင်က ဇာတ်လမ်းအရဆိုရင် သာမန်ဟာသလို့ထင်ရနိုင်ပေမဲ့ ပြင်သစ်တွေရဲ့ Islamophobia နဲ့ တခြားအပိုင်းတွေကို ပါးပါးလေးပုတ်ပြသွားပါတယ်။ ကြည့်ပျော်တယ်လို့ ပြောနိုင်တဲ့အခြေအနေရှိပြီး ဇာတ်သိမ်းမှာ ဘာဖြစ်သွားပါတယ်ဆိုပြီး အဖြေထုတ်မပြသွားဘဲ ခံစားချက်အသိကိုပေးလိုက်တာကတော့ ဒီဇာတ်ကားရဲ့ တစ်မျိုးလေးအရသာရှိတဲ့အပိုင်းလို့ပြောရမှာပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 745MB Quality – 1080p, 720p IMDb Rating – 6.3/10 Format – mp4 Duration – 1H 40Min Genre – Comedy, Drama Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Action
6.3 2022 100 mins
[18+] Nobody’s Hero
Spirit Doll
5.7

Spirit Doll (2023) CM ပရိသတ်ကြီး ညဘက်ကြည့်ဖို့ အင်ဒိုနီးရှား Horror ကားပါ အာရှသရဲကားတွေက ဟောလိဝုဒ်သရဲကားတွေနဲ့ atmosphere (အငွေ့အသက်) ရော theme(အာဘော်) ပါ ကွဲပြားတာများပါတယ် ကျွန်တော့်အမြင်အရဆိုရင် အာရှ horror ကားတွေက အယူအဆတွေက ကျွန်တော်တို့ရဲ့ ရိုးရာဓလေ့တွေနဲ့ ပိုပြီးနီးစပ်တာမို့ ပိုပြီး ကြောက်စရာကောင်းတယ် ထင်ပါတယ် ရုပ်ရှင်နာမည်အတိုင်းပဲ ဝိညာဥ်အရုပ်လေး တစ်ရုပ်အကြောင်းပါပဲ ဇာတ်လမ်းအကျဥ်းကတော့ ဒါရာ ဆိုတဲ့ နာမည်ကြီး horror queen မင်းသမီးတစ်ယောက် ရိုက်ကွင်းမှာ သုံးတဲ့ spirit doll အရုပ်လေးကို အိမ်ယူလာပါတယ် သူ့ရဲ့ အမျိုးသားနဲ့ကွာရှင်းထားတာဖြစ်ပြီး သမီးလေးတစ်ယောက်ကတော့ အဖေအိမ်နဲ့ အမေ့အိမ်တစ်လှည့်စီ သွားနေနေရပါတယ် သမီးလေးကလည်း အဖေ့ဆီမှာပဲ အမြဲနေချင်တာကြောင့် သားအမိနှစ်ယောက် ပြဿနာတက်ကြရင်း တစ်နေ့ သမီးလေး လှေကားပေါ်က မတော်တဆ ကျပြီး သေဆုံးသွားပါတော့တယ် “မိခင်သောက” အင်ဒိုဗားရှင်းကို ကျောထဲစိမ့်နေအောင် ညဘက် မီးပျက်တဲ့အချိန် စောင်ခြုံသာ ကြည့်ကြပါ အညွှန်းရေးသားသူက KKKZ ဖြစ်ပြီး ဘာသာပြန်ကတော့ Zwe Yan ~ KKKZ တို့ဖြစ်ပါတယ်

5.7 2023
Spirit Doll
Me and Mr. Christmas
5.9

Me and Mr. Christmas (2023) ===================== IMDb rating – 5.9/10 ခရစ်စမတ်ရောက်ဖို့လည်းနီးလာပြီဆိုတော့ ဒီတစ်ခေါက်မှာတော့ ပရိတ် သတ်ကြီးတို့အတွက် Christmas vibe အပြည့်ကိုခံစားရစေမယ့် Romance ဇာတ်လမ်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းရဲ့အကျဉ်း – Zoe Deans ဆိုတဲ့မိန်းကလေးက သူ့ရဲ့အိပ်မက်တွေကိုအကောင်အထည် ဖော်ဖို့ ကြိုးစားနေတဲ့သူတစ်ယောက်ပါ။ နှစ်တိုင်း အားလပ်ရက်တွေမှာတောင် အနားမယူဘဲ အလုပ်အကြောင်းပဲတွေးနေတဲ့ ကိုယ်ပိုင်ကုမ္ပဏီကိုတည်ထောင် ထားတဲ့ မိန်းကလေးတစ်ယောက်ပေါ့။ သူ့ကုမ္ပဏီကအခုမှစတင်တည်ထောင် ထားတာကြောင့် လူသိနည်းပြီး မှန်ကန်တဲ့ဖောက်သည်တစ်ယောက်နဲ့ဆုံဆည်း ချင်တာက သူ့ရဲ့ဆန္ဒပါ။ အဲဒီဆန္ဒကိုအကောင်အထည်ဖော်ပေးနိုင်တဲ့ သူတို့မြို့ရဲ့ Mr Chirstmas ရွေးချွယ် ပွဲကြီးကိုသတိရသွားပါတော့တယ်။ ဒါမှ သူ့အတွက် Mr Chirstmas အဖြစ်ကိုယ် စားပြုပြီး ယှဉ်ပြိုင်ပေးမယ့်ကောင်လေးတစ်ယောက်ရှိဖို့လိုအပ်နေတာပါ။ အဲဒီအ ချိန်မှာ ကြင်နာတတ်တဲ့ ပုံတုံးတုံးစာအုပ်ဆိုင်ပိုင်ရှင်လေးနဲ့တွေ့သွားတဲ့အချိန်မှာတော့ သူရှာတွေ့တဲ့သူက Mr Chirstmas ဖြစ်ဖို့ထိုက်တန်တဲ့သူလား၊ ပြိုင်ပွဲမှာရော ဘယ်လို တွေယှဉ်ပြိုင်ရမလဲဆိုတာကို ဒီဇာတ်လမ်းတွဲလေးမှာကြည့်ရှူရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ June ဖြစ်ပါတယ်) File Size……….(2.2 GB) / (839 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 34Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Romance Translator…….June Encoder……….SWM

Horror • Thriller
5.9 2023 90 mins
Me and Mr. Christmas
Dhak Dhak
7.1

Dhak Dhak (2023) လေဒီဘိုက်ကာများ IMDb- 7.2/1 အခုတစ်ခါတင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ ထူးခြားတဲ့ ဟင်ဒီစကားပြောရုပ်ရှင်တကားပါပဲ။ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ ရှုခင်းအလှတွေကိုပါ မြင်တွေ့ရမယ့် ခုနောက်ပိုင်းရှားပါးလာတဲ့ ငြိမ့်ငြိမ့်လေးကြည့်ရမယ့် ဘောလိ၀ုဒ်ရုပ်ရှင်တွေထဲက တစ်ကားပါ။ မင်းသမီးကြီး ရတ်နာပါသာ့ခ်နဲ့အတူ Dangal(2016)ထဲက မင်းသမီးချောလေး ဖာတီမာ Dil Bechara(2020)မှာ ဆူရှန့်နဲ့အတွဲညီညီပါဝင်ခဲ့တဲ့ မင်းသမီးချောဆန်ဂျာနာဆန်ဂ်ဟီး Sanju(2018)ထဲမှာ ရန်ဘီးရ်ရဲ့ကာရိုက်တာ ဆန်ဂျေးဒတ်ရဲ့ဇနီးနေရာက ပါဝင်ခဲ့တဲ့ မင်းသမီးဒိုင်ယာတို့ ပါဝင်ထားကြတာပါ။ ဒီမင်းသမီးလေးယောက်က အဓိကပါဝင်ထားပြီး ဆိုင်ကယ်ကလပ်ဘီးကြီးတွေနဲ့ ကမ္ဘာပတ်ကြမယ့် အာဂအမျိုးသမီးတွေကို တွေ့ရမှာပါ။ သားသမီးတွေကို ကိုယ်ဘယ်လောက်ရဲရင့်ကြောင်း ပြချင်တဲ့အဒေါ်ကြီးမဟီ။ ဆိုရှယ်မီဒီယာပေါ်က အရှက်ကွဲမှုတစ်ခုနဲ့ ယူကျုဘာမလေး စကိုင်း။ မိခင်ဖြစ်သူရဲ့ အုပ်ထိန်းမှုအောက်ကနေ လွတ်လပ်မှုကိုရှာချင်တဲ့ အမျိုးသမီးလေး မန်ဂျရီ။ ယောကျာ်းဖြစ်သူကို သူလည်းပဲ လုပ်နိုင်စွမ်းရှိကြောင်းပြချင်တဲ့ စက်ပြင်ဆရာမလေး အူဇမာ။ ဒီအမျိုးသမီးလေးဦးပေါင်းပြီး ကမ္ဘာပတ်ရင်း ကြုံတွေ့လာရတဲ့အခက်အခဲတွေ သူတို့ရဲ့မိသားစုပြဿနာ လူမှုရေးပြဿနာတွေကိုပုံဖော်ရင်း ထုံးတမ်းစဉ်လာတွေကနေ ဖောက်ထွက်ခဲ့တဲ့ ပန်းချီကားလေးချပ်ရဲ့ အစီအစဉ်က အောင်မြင်မှာလားဆိုတဲ့ အမျိုးသမီးတန်းတူညီမျှမှုဆိုတာကို ကြည့်ရှုခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါရစေ။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

Horror • Thriller
7.1 2023
Dhak Dhak
War Blade

Director Nicholas Winter ရဲ့ 2024 စစ်ကားအသစ်လေးပါ။ အခြားစစ်ကားတွေလို စစ်တိုက်တာတွေ စစ်ပွဲအသုံးအဆောင်တွေကို ကျယ်ကျယ်ပြန့်ပြန့်မပြထားပဲ ဇာတ်ကောင်နည်းနည်းနဲ့ ဇာတ်ကြောင်းက ကျစ်ကျစ်လစ်လစ်လေးရှိပါတယ်။ ဇာတ်ကြောင်းကတော့ ဘန့်စ်‌ဆိုတဲ့အေးဂျင့်တစ်ယောက် နာဇီကတုတ်ကျင်းတစ်ခုကနေ ပြင်သစ်တော်လှန်ရေးသမားတစ်ယောက်ကို ကယ်တင်ရမယ့်တာ၀န်ပေးခံရတော့ သူဘယ်လိုကယ်တင်မလဲဆိုတာလေးပါပဲ။ ရိုးရိုးလေးပေမယ့် ဇာတ်ကောင်တွေက ပြန့်ကားမနေပဲ စစ်ကားကြိုက်တဲ့သူတွေရော စစ်တိုက်နေတာချည်းပဲ မကြည့်ချင်တဲ့သူတွေရောအတွက်ရော အပျင်းပြေကြည့်ပျော်ပါတယ်။ File size…(1.5 GB)/(918 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…War, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Bambi

0 2024
War Blade
Together: 4-In-A-Row
6.3

Together: 4-In-A-Row (2024) IMDb Rating (6.3) ဘောလုံး​လောကမှာ Manchester City လို့ပြောလိုက်ရင် မသိတဲ့သူဟာမရှိလောက်ပါပဲ။ ဒီတစ်ခါ Together ဇာတ်လမ်းမှာတော့ Manchester City ရဲ့ လေးကြိမ်ဆက်တိုင် ပရီးမီးယားလိဂ်အနိုင်ယူခဲ့ပုံကို ပက်ပ်ဂွာဒီယိုလာ၊ ရိုဒရီနဲ့ ကိုင်းလ်ဝေါလ်တို့ရဲ့ အတွေးအမြင်အားဖြင့် ပြန်လည်ထင်ဟပ်ထားပုံကိုရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီရာသီမှာတော့ မန်စီးတီးအသင်းဟာ အရင်နှစ်တွေလို ရာသီစမှာထဲက ပရီးမီးယားလိဂ်ထဲမှာ အစမကောင်းခဲ့ပါဘူး။ ပရီးမီးယားလိဂ်ကို ဂွာဒီရိုလာလက်ထက်စနိုင်ကတည်းက မရှိဖူးခဲ့တဲ့ ၃ ပွဲဆက် ၄ လေးပွဲဆက်အရှုံးတွေပါရှိလာခဲ့ပါတယ်။ ဒါ့အပြင် ရာသီတစ်ဝက်ရောက်ခါနီးမှာ ကွင်းလယ်ဖန်တီးရှင် ကယ်ဗင်ဒီဘရွိုင်းက ဒဏ်ရာရသွားတာကတစ်ကြောင်း၊ နည်းပြချုပ်နဲ့ မန်နေဂျာဖြစ်တဲ့ ဂွာဒီယိုလာက အသက်အရွယ်အရ ခါးပြဿနာကြောင့်ခွဲစိတ်ခန်းဝင်လိုက်ရတဲ့တစ်ကြောင်း အသင်းရဲ့ကွင်းလယ်လူတစ်ယောက်ကပါ ပွဲထဲစိတ်မထိန်းနိုင်ဘဲ ပြိုင်ဘက်ကစားသမားကို ရန်ပြုလိုက်လို့ အနီကတ်ရသွားတာကတစ်ကြောင်း အစရှိတဲ့အတွင်းပိုင်းပြဿနာတွေကြောင့် မန်စီးတီးတို့ဟာ အသင်းရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေများ ပြဿနာဖြစ်ပြီး အသင်းရဲ့ပျမ်းမျှခြေစွမ်းကိုပါ ထိခိုက်စေသလိုဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အခက်အခဲမျိုးစုံကို ကြံ့ကြံ့ခံရင်ဆိုင်ပြီးနောက်ပိုင်းနောက်ဆုံးမှာ ဒီရာသီရဲ့ အထွဋ်အထိပ်အသင်းဖြစ်တဲ့ လီဗာပူးနဲ့ ချန်ပီယံပြိုင်လုဖို့အထိခြေမာလာခဲ့တဲ့ အာဆင်နယ်တို့ရဲ့ ရန်ကို ဘယ်လိုမျိုးကျော်လွှားပြီး လေးကြိမ်မြောက် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူသွားလဲဆိုတာကို ဒီထဲမှာမြင်တွေ့ရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size…(7.3 GB) / (2.6 GB) / (1.2 GB) Quality….WEB-Rip 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Documentary Duration….01:32:28 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Mark

6.3 2024 92 mins
Together: 4-In-A-Row
All the Wrong Ingredients
5.1

All the Wrong Ingredients (2024) IMDb Rating (5.1) ဒီဇာတ်လမ်းလေးက “Everything Everywhere All At Once” နဲ့ “Jojo Rabbit” တိုလို ဇာတ်လမ်းမျိုးကိုကြိုက်တဲ့ပရိသတ်တွေအတွက် “Ratatouille” နဲ့ “Inside Out” ရဲ့ live action အရောလို ဟာသဇာတ်လမ်းကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ ရည်မှန်းချက်၊ တီထွင်ဖန်တီးမှုနဲ့ ဆန္ဒပြင်းပြမှုရဲ့အကျိုးဆက်တွေကို စိတ်ကူးစိတ်သန်းကောင်းကောင်းနဲ့ ဟာသအပြည့်ထည့်ပြီး ပေါ်လွင်အောင် ရိုက်ကူးထားပါတယ်။ Plot summary: ဟင်းချက်ပြိုင်ပွဲတစ်ခုမှာ အနိုင်ရဖိုစိတ်အားထက်သန်နေတဲ့ Ben က သူ့ဇနီးကကျောင်းထွက်အလုပ်လုပ်ပြီး သူ့ကိုငွေကြေးထောက်ပံ့ပေးနေရတာကြောင့် ပြိုင်ပွဲမှာ အနိုင်မရရင် ဘဝပျက်မှာကိုကြောက်ပြီး အရူးအမူးကြိုးစားနေတဲ့ပြိုင်ပွဲဝင်တစ်ယောက်ပေါ့။ သူ့ရဲ့ အနိုင်ရချင်စိတ်ရည်မှန်းချက်တွေ ပြင်းထန်လာတဲ့အချိန်မှာ Jones လိုခေါ်တဲ့ စိတ်ကူးယဉ်သူငယ်ချင်းတစ်ယောက်ပေါ်လာပြီး Ben ကို ကူညီလာတယ်။ ဒီလိုနဲ့ ပြိုင်ပွဲမှာ Ben နဲ့ Jones တို Ben ရဲ့ စိတ်ကူးယဉ်ကမ္ဘာထဲ စွန့်စားခန်းတွေထွက်ပြီး ပြိုင်ပွဲမုန့်တွေအတွက် အတူတူအကြံထုတ်ကြ‌‌လေရဲ့။ ဒါပေမဲ့ Ben ရဲ့ ရည်မှန်းချက်ကြီးမှုအပြင် တခြားခံစားချက်တွေလည်း ပြင်းထန်လာတာနဲ့ နောက်ထပ်စိတ်ကူးယဉ်သူငယ်ချင်းတွေ တစ်ယောက်ပြီးတစ်ယောက်ပေါ်လာချိန်မှာတော့ Ben တစ်ယောက် သူ့ရဲ့ အတ္တစရိုက်မျိုးစုံကို ဘယ်လိုထိန်းချုပ်မလဲဆိုတာ ဒီဇာတ်လမ်းထဲမှာ ဟာသမျိုးစုံနဲ့ ဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size…(1.8 GB) / (810 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Drama,Family,Fantasy,Science Fiction Duration….01:27:27 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Thwal Htoo Zin

5.1 2024 87 mins
All the Wrong Ingredients
Eat, Love, London
4.9

Eat, Love, London (2024) IMDb Rating (4.9) ဒီဇာတ်လမ်းလေးကတော့ လန်ဒန်ရဲ့အစားအစာယဉ်ကျေးမှုတွေကို စူးစမ်းရှာဖွေပြီး ဘဝအသစ်စမှုနဲ့ မထင်မှတ်ထားတဲ့ဘဝပြောင်းလဲတွေကြား စိတ်အားထက်သန်မှုရှာဖွေမှုစတဲ့ theme တွေကို ဖော်ကျူးထားတဲ့ အချစ်ဟာသ ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ အမေရိကန်လူမျိုး Stella က သူရည်းစားဖောက်ပြန်တာခံရပြီး သူ့မိဘတွေရဲ့စားသောက်ဆိုင်ကိုဦးစီးဖို့ အစီအစဉ်တွေလည်းပျက်စီးသွားတာမလို့ လန်ဒန်မှာဘဝအသစ်စ အတွေ့အကြုံယူဖို့အတွက် မိဘတွေအတင်းလွှတ်တာခံခဲ့ရတဲ့ စားဖိုမှူးတစ်ယောက်ဖြစ်တယ်။ ဒီလိုနဲ့ သူ့သူငယ်ချင်း စားသောက်ဆိုင်ပိုင်ရှင်ဖြစ်တဲ့ Rebecca ရဲ့ စားသောက်ဆိုင်မှာအလုပ်လုပ်ရင်း Theo Hastings လို့ခေါ်တဲ့ ဇွဲကောင်းတဲ့ အစားအစာဝေဖန်ရေးသမားတစ်ဦးနဲ့ ဆုံခဲ့ရတယ်။ Stella နဲ့ သူ့ရဲ့ယုံကြည်ချက်တွေနဲ့အမြင်တွေကို ဆန့်ကျင်စိန်ခေါ်တတ်တဲ့ Theo တို့နှစ်ယောက် စားသောက်ဆိုင်နာမည်ရအောင် ဝေဖန်ချက်ရေးထားဖို့အတွက် အလုပ်အတူတူတွဲလုပ်ရတဲ့အခါမှာတော့ သူတို့နှစ်ယောက်ရဲ့မတူညီတဲ့ရှုထောင့်တွေကနေ ပူးပေါင်းဖိုကြိုးစားရင်း… ဘယ်လို မထင်မှတ်ထားတဲ့ခံစားချက်တွေပေါ်လာမလဲဆိုတာကို ဒီဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုလို့ရပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size…(2.1 GB) / (950 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Romance,TV Movie Duration….01:27:54 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Thwal Htoo Zin

Drama • Romance
4.9 2024 90 mins
Eat, Love, London
Longing for the World L’amour du monde
5.8

Longing for the World (2024) L’amour du monde ဒီရုပ်ရှင်ဟာ ဂျနီဗာရေကန်ကမ်းစပ်က ဒရာမာဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး ဒါရိုက်တာ Jenna Hasse ရဲ့ ပွဲဦးထွက်ရုပ်ရှင်ပါ။ ဇာတ်လမ်းရဲ့အဓိကဇာတ်ကောင်ကတော့ ဆယ်ကျော်သက်မိန်းကလေး မာဂေါ့ဇ် (Margaux) ဖြစ်ပြီး သူမရဲ့ နွေရာသီအားလပ်ရက်ကို သူ့ဖခင်နဲ့အတူ ဟိုတယ်တစ်ခုမှာ ကုန်ဆုံးရင်း ကလေးတွေကို ပြုစုစောင့်ရှောက်တဲ့ အဖွဲ့အစည်းတစ်ခုမှာ အလုပ်သင်အဖြစ် လုပ်ကိုင်နေပါတယ်။ ဒီမှာ မာဂေါ့ဇ်ဟာ ခုနစ်နှစ်အရွယ် မွေးစားခံထားရတဲ့ ကလေးမလေး ဂျူးလိယက် (Juliette) နဲ့ သုံးဆယ်ကျော်အရွယ် ဒေသခံ ငါးဖမ်းသမား တစ်ယောက်နဲ့ ဆုံတွေ့ရာကနေ သူမရဲ့ ဘဝဟာ ပြောင်းလဲသွားပါတယ်။ ဒီသုံးယောက်ဟာ မထင်မှတ်ထားတဲ့ ဆက်ဆံရေးတခုကို တည်ဆောက်ပြီး မာဂေါ့ဇ်ဟာ ဂျူးလိယက်ရဲ့ ကလေးသဘာဝ ကစားတတ်တဲ့စိတ်နဲ့ ငါးဖမ်းသမားရဲ့ ရိုးရှင်းတဲ့ ဘဝအမြင်တွေကနေ နူးညံ့မှုနဲ့ ပျော်ရွှင်မှုကို ပြန်လည်ရှာဖွေတွေ့ရှိသွားပါတယ်။ ဒါပေမယ့် ဒီသုံးဦးဟာ ဘဝရဲ့ လွတ်မြောက်လိုတဲ့ ဆန္ဒတွေကြားမှာ ရုန်းကန်နေရပါတယ်။ မာဂေါ့ဇ်ဟာ သူ့ရဲ့ ဆယ်ကျော်သက်ဘဝရဲ့ အရှုပ်တွေ၊ ဂျူးလိယက်ရဲ့ ကလေးဆန်ပေမယ့် နက်နဲတဲ့ စိတ်ခံစားချက်တွေနဲ့ ငါးဖမ်းသမားရဲ့ ဘဝအတွေ့အကြုံတွေကို ဖြတ်သန်းရင်း သူ့ကိုယ်သူ ပိုနားလည်လာပါတယ်။ ဒီရုပ်ရှင်ဟာ ဂျနီဗာရေကန်ရဲ့ ရင်သပ်ရှုမောဖွယ် ရှုခင်းတွေနဲ့အတူ လူသားဆန်တာ၊ ချစ်ခြင်းမေတ္တာနဲ့ ကိုယ့်နေရာကိုယ်ရှာဖွေတဲ့ ခရီးတစ်ခုကို ပုံဖော်ထားပါတယ်။ သရုပ်ဆောင်တွေရဲ့ သဘာဝကျတဲ့ သရုပ်ဆောင်ချက်နဲ့ ရိုးရှင်းပေမယ့် နက်နဲတဲ့ ဇာတ်လမ်းက ထူးခြားတဲ့ အနုပညာလက်ရာတစ်ခုမို့လို့ ကြည့်လိုက်ကြဖို့ တိုက်တွန်းလိုက်ပါရစေဗျ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Min Khant ဖြစ်ပါတယ်။) File size… (1.4 GB) / (770 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama Duration…. 01:17:11 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Min Khant

Horror • Action • Fantasy
5.8 2024 76 mins
Longing for the World L’amour du monde
The Station Agent
7.6

The Station Agent (2003) ***************************** အရစ္စတိုတယ်ရဲ့ အဆိုအမိန့်တစ်ခုမှာ လူဟာ ပေါင်းသင်း ဆက်ဆံရေး သတ္တဝါပါတဲ့။ လူတိုင်းဟာ မတူညီတဲ့တိုက်ပွဲတွေကို ကိုယ့်ပုံစံနဲ့ကိုယ်ဆင်နွှဲနေကြရလို့ ပင်ပန်းအားငယ်လာချိန်မှာ စကားတွေကို ဝေဖန်မှုမရှိ နားထောင်ပေးမဲ့သူတစ်ယောက်၊ ပြင်ဆင်မရတဲ့ ကိုယ့်ဖြစ်တည်မှုကို ‌ ဝေဖန်ပိုင်းဆစ်မှုမရှိ ပကတိအတိုင်း လက်ခံမဲ့သူတစ်ယောက်၊ ကိုယ့်စိတ်ရဲ့ နာကျင်ခံစားရမှု အတိုင်းအတာကို တန်ဖိုးလျှော့ချမှုမရှိဘဲ နားလည်ပေးမဲ့သူတစ်ယောက်တော့ ဘဝမှာလိုကြစမြဲတဲ့လေ။ လူအဖွဲ့အစည်းနဲ့ ဝေးဝေးနေချင်ကြသူတိုင်းမှာ ကိုယ့်စိတ်ကို နားလည်ပေးမဲ့သူတစ်ယောက်ကို တောင်းတနေတဲ့ မသိစိတ်လည်း ကိန်းအောင်းနေတတ်လေ့ရှိစမြဲပဲမလား။ ယခုတင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ ပြဿနာကိုယ်စီနဲ့ လူ ၃ ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ၊ လူမှုဆက်ဆံရေးဆိုင်ရာ အခက်အခဲတွေ အထီးကျန်ဆန်မှုတွေနဲ့ နားလည်မှုရှိတဲ့ ပေါင်းသင်းဆက်ဆံရေးရဲ့ အရေးပါမှုတွေကို ဖော်ထုတ်တင်ဆက်ထားပြီး သိမ်သိမ်မွေ့မွေ့ကြည့်ရှုရမယ့် ဇာတ်ကားလေးဖြစ်ပါတယ်။ လူပုကလေးတစ်ယောက်ဖြစ်သူ ဖင်းဘားဟာ မိတ်ဆွေဟင်နရီနဲ့အတူ နေထိုင်သူတစ်ဦးဖြစ်ပြီး ဟင်နရီကွယ်လွန်တဲ့ အခါမှာတော့ နယူးဂျာစီပြည်နယ်အတွင်းက မီးရထားစက်ပြင်ရုံဟောင်းရှိရာ မြေဧကဝက်ကို အမွေရရှိခဲ့ပါတယ်။ လူပုကလေးတစ်ယောက်ဖြစ်နေသူအဖို့ သာမန်လူတို့ရဲ့ လှောင်ပြောင်သော၊ နှိမ့်ချသော၊ စက်ဆုပ်သော၊ သနားသော၊ ကရုဏာသက်သော စသည့် အမျိုးစုံသော စကားများ အကြည့်များကို ငြီးငွေ့နေပြီး၊ သာမန်လူတစ်ယောက်အဖြစ်သာ မြင်လိုခွင့်ကို အရေးမစိုက်ပေးသော လူအများနဲ့ ဝေးဝေးနေရန် အတွက်၊ မိတ်ဆွေထံမှ အမွေရသော ရထားစက်ပြင်ရုံဟောင်းဆီသို့ ပြောင်းရွှေ့လာခဲ့ပါတယ်။ ရထားစက်ပြင်ဟောင်းအနီး ဟော့ဒေါ့ရောင်းချသူ ဂျိုးဟာတော့ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်သူဖြစ်ပြီး ကျန်းမာရေးချို့တဲ့သူ ဖခင်နှင့်အတူ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေသူတစ်ယောက်ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ အရာရာကို စိတ်ကုန်ခမ်းနေသယောင် မျက်နှာထားနဲ့ အိုလစ်ဗီယာဟာ ဂျိုးရဲ့ ဖောက်သည်ဖြစ်နေပါတယ်။ တစ်ရက် ဖင်းဘားတစ်ယောက် လမ်းလျှောက်လာစဉ် လမ်းဘေးတစ်နေရာမှာ အိုလစ်ဗီယာ ကားနဲ့တိုက်မိမလိုဖြစ်ကာ ၎င်းတို့ ၃ ယောက် အချင်းချင်းသိကြဖို့ ဖြစ်လာပြီး မတူညီတဲ့ အခက်အခဲကိုယ်စီနဲ့ အထီးကျန်နေသူ သူစိမ်းပြင်ပြင် ၃ ယောက်တို့ ပတ်သက်ဆက်နွယ်ဖို့ ဖြစ်လာခဲ့ကြပါတော့တယ်။ ဒီကားဟာ အနုပညာလောကမှာ အော်စကာဆုအပါအဝင် ထူးချွန်ဆုများစွာသိမ်းပိုက်ထားတဲ့ ဇာတ်ညွှန်းရေးဆရာ၊ ဒါရိုက်တာ Tom McCarthy ရဲ့ ပထမဆုံးပွဲဦးထွက်ရုပ်ရှင်ကားပဲဖြစ်ပါတယ်။ BAFTA အကောင်းဆုံးဇာတ်ညွှန်းဆုရရှိခဲ့ပြီး ရုပ်ရှင်ဝေဖန်ရေးဆရာများအကြား အပေါင်းလက္ခဏာဆောင်ခဲ့တဲ့ရုပ်ရှင်ဖြစ်ကာ Tom McCarthy ရဲ့ အနုပညာအရည်အသွေးကို ပရိသတ်နဲ့ မိတ်ဆက်ပေးခဲ့တဲ့ ကားဆိုရင်လည်း မှားမှာမဟုတ်ပါဘူး။ စိတ်နှလုံးထိခိုက်ဖွယ်ရာ ဘဝများကို ပြုံးချင့်စဖွယ် အနုပညာမြောက်စွာ ရိုက်ကူးတင်ဆက်ထားတဲ့ ကားလေးဖြစ်လို့ ရုပ်ရှင်ချစ်မြတ်နိုးသူ ပရိသတ်များ လက်လွှတ်မခံသင့်တဲ့ ကားလေးဖြစ်ကြောင်း ညွှန်းဆိုတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ။ (ဇာတ်လမ်းအညွှန်းကိုတော့ Ye Thiha Htetက ရေးသားထားပါတယ်) File Size – 2.77 GB/ 834 MB Quality – WEB-DL 1080p/ 720p Duration – 1h 29m Format – mp4 Genre – Comedy, Drama Subtitle – Myanmar Subtitle (Hard Sub) Translated by – Ye Thiha Htet Encoded by – Treasure Htet

Comedy • Drama • Family • Romance
7.6 2003 88 mins
The Station Agent