YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

13. Game Of Death 2006 Bluray 720p [CM].mp4

1.03 GB N/A video/mp4 188 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Scrooge: A Christmas Carol
6.7

ခရစ်စမတ်နဲ့ပတ်သတ်တဲ့ကာတွန်းကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားနာမည်ကိုရင်းနှီးနေတဲ့လူတွေလည်းရှိမှာပါ။ ဟိုးငယ်ငယ်လေးတုန်းကလည်း စကရုချ်နဲ့ပတ်သတ်တဲ့ဇာတ်ကားလေးတွေ ထွက်ခဲ့ပါတယ်။ ဒါလေးကတော့ 2022 မှထွက်လာတဲ့ကားသစ်လေးပါ။ ခရစ်စမတ်ဆိုတာကို စက်ဆုပ်ရွံရှာမုန်းတီးပြီး ပျော်ပွဲရွှင်ပွဲတွေကိုလည်းကြည့်မရတဲ့ လူ့ဂွစာကြီးတစ်ယောက် "အက်ဘီနီဇာစကရုချ်".. အကြင်နာတရားခေါင်းပါးပြီး လောဘကြီးတဲ့သူတစ်ယောက်ပါ။ ဒါပေမဲ့ ဒီနှစ်မှာတော့ ခရစ်စမတ်မရောက်ခင် မနက်ခင်းမှာ စကရုချ်ဆီ ၔည့်သည် ၃ ယောက်ရောက်လာခဲ့ပါတယ်။ ထိုၔည့်သည် ၃ ယောက်ဟာ စကရုချ်ရဲ့ဘဝကြီးကို ဘယ်လိုအပြောင်းအလဲဖြစ်သွားစေမယ်ဆိုတာကတော့... File size…(2.4GB)  / (`1.29B) / (698MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:36:00 Genre... Animation / Adventure / Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Shin Rina

Horror • Western
6.7 2022 97 mins
Scrooge: A Christmas Carol
Burden
10

ဘေ့စ်ဘောကစားသမား ဒေးဗစ်ဟာ ငယ်စဉ်က အိမ်တွင်းအကြမ်းဖက်မှုခံခဲ့ရသူပါ။ သူ့မှာ အေဗာဆိုတဲ့ ငယ်သူငယ်ချင်းမလေး ရှိပါတယ်။ မိခင်ရယ် ညီလေးရယ်နဲ့အတူကြီးပြင်းလာရင်း တစ်နေ့မှာတော့ သူ့ညီမောင်းလာတဲ့ကားက မတော်တဆမှုဖြစ်ပြီး တစ်ဖက်ကားပေါ်ကသူ သေဆုံးသွားခဲ့ပါတယ်။ သေဆုံးသူက တခြားသူမဟုတ်ဘဲ အေဗာရဲ့ အမျိုးသား ဖြစ်နေခဲ့ပါတယ်။ ဒေးဗစ်က သူ့ညီအစား ထောင်ထဲဝင်ပေးလိုက်တော့ သူ့ရဲ့ ဘေ့စ်ဘောကစားသမားဘဝမှာ ကမောက်ကမတွေ ဖြစ်ကုန်ပါတယ်။ ဒီလို အခက်အခဲတွေကြားကနေမှ ဒေးဗစ်တစ်ယောက် သူ့အဖေ သူ့ညီလေးတို့နဲ့ မိသားစုကို ဘယ်လိုမျိုး ပြန်လည်တည်ဆောက်ကြမလဲ? အေဗာနဲ့ရောဘယ်လိုရှေ့ဆက်ကြမလဲ? ဆိုတာ ဆက်လက် ကြည့်ရှုလိုက်ကြရအောင်ပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Poant ပါ။) File Size :  1.5GB, 547MB, 268MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 1hr & 35mins Genre : Drama, Romance Translated by Poant Encoded by Kinnov

Comedy
10 2022 95 mins
Burden
Tiger Mask
6.3

ဒီတစ်ခေါက် Channel Myanmar မှာတင်ဆက်ပေးမယ့် Movie ကတော့ Tiger Mask ဆိုတဲ့ New Hero Adventure ကားလေးပဲဖြစ်ပါတယ် ယူဂုံဖြောင်း ဆိုတဲ့ ဘဝမှာနေရတာကို ငြီးငွေ့နေတဲ့ သူ က ငယ်ငယ်က ကျားမျက်နှာဖုံး လိုမျိုးဖြစ်ချင်ခဲ့ပြီး ကျားမျက်နှာဖုံးပိုင်ရှင်ရဲ့ မျက်နှာအစစ်ကို သိတဲ့ တစ်ယောက်တည်း‌သောသူပါ တစ်နေ့မှာ သူ့အမေဆုံးသွားပြီး နောက်ရက်အနည်းငယ်ကြတော့ သူ့ကို အားပေးပြီး ပညာတွေသင်ပေးတဲ့ ဂျီယာ့ဆာ က အဘိုး ဆုံးသွားပါတယ် အဲ့ အဘိုးမှာ ဘိုမီ ဆိုတဲ့မြေးတစ်ယောက်ရှိပါတယ် ဂုံဖြောင်းကို အဘိုး ပေးဖို့ထားခဲ့တဲ့ သေတ္တာလေးကို တစ်ယောက်တည်းဖွင့်ကြည့်ဖို့ အဘိုးရဲ့ မြေး‌မလေးကို မှာခဲ့ပါတယ် ဂုံဖြောင်း ဖွင့်ကြည့်လိုက်ပြီး ကျားမျက်နှာဖုံး ကို တွေ့သွားတော့..... ဂျီယာ့ဆာကို လိုချင်နေကြတဲ့ ဂျပန်လူမျိုးတွေ လုတာကို မပါသွားအောင် ထိန်းလိုက်နိုင်လား? ဟီးရိုးမင်းသားကြီးရော နိုင်သွားပါ့မလား ... အက်ရှင်ဆန်ဆန် ဟာသလေး‌နှောပြီး အခွီအကြမ်းလေး ကြည့်ချင်ရင် ဒီကားကို ကြည့်ဖြစ်အောင်သာ ကြည့်လိုက်ပါ အညွှန်း နဲ့ ဘာသာပြန်ကတော့ Htet Eaindray Khin ဖြစ်ပါတယ်။ Genre.....Action, Adventure, Comedy Quality….WEB-DL 1080p and 720p and 360p File size…1.3GB and 808MB 259MB Format…mp4 Duration….1h 37min Subtitle….Myanmar Subtitle (Hardsub) Translator ..... Htet Eaiindray Khin Encoder ..... August

Comedy • Drama • Family
6.3 2021 97 mins
Tiger Mask
Demolition Man
6.7

ပြစ်မှုတွေမရှိတော့တဲ့ ခေတ်ကာလတစ်ခုက တကယ်ပဲအေးချမ်းသွားလား ၂၀၃၂ ခုနှစ်၊ ဆန်အန်ဂျလိစ်မြို့မှာ အအေးခန်းထောင်ဆိုတာ ဟိုးအရင်ကတည်းက ရာဇဝတ်သားတွေကို 0°အောက် အအေးခဲခန်းထဲထည့်၊ နှစ်တွေအကြာကြီး ပိတ်လှောင်ထားတယ်။ ဖြစ်ချင်တော့ တစ်နေ့မှာ ဆိုင်မွန်ဖီးနစ်ဆိုတဲ့ လူဆိုးတကောင်က ထောင်ထဲကနေ လွတ်သွားတယ်။ ဒီကောင်ကလဲ ဂန္တဝင် လူရမ်းကား လူသတ်သမား။ ဘာစည်းမှမရှိတဲ့ကောင်။ ဆန်အန်ဂျလိစ်မြို့တော်ဟာ ဖရုဿဝါစာ တခွန်းပြောမိရင်တောင် ဒဏ်ရိုက်ခံရတဲ့အထိ အေးဆေးနေကြပါတယ်။ သေနတ်တောင် ပြတိုက်မှာသွားကြည့်မှ မြင်ရတာပါ။ ဒီလိုမြို့ထဲကို ဖီးနစ်က သေနတ်တွေနဲ့ ရှယ်သောင်းကျန်းတော့ အကြမ်းဖက်မှုကိုမကြုံဖူးတဲ့ ရဲတပ်ဖွဲ့ဟာ ဘာလုပ်ရမှန်းမသိတဲ့နောက် ဆုံးဖြတ်ချက်တခု ချလိုက်တယ်။ ဖီးနစ်ရဲ့ ရန်သူတော်ဟောင်းကြီး၊ ဖီးနစ်ကို ဖမ်းဖို့၂နှစ်တိုင် ကြိုးစားခဲ့တဲ့ ရဲစုံထောက်ဟောင်း ဂျွန်စပါတန်ကို အအေးခန်းထဲကထုတ်၊ အသက်ပြန်သွင်းပြီး ဖီးနစ်ကို လိုက်ဖမ်းခိုင်းပါတယ်။ ၂၀ ရာစုနှစ်သားဖြစ်တဲ့ စပါတန်ဟာ နိုးထလာချိန်မှာ ၂၁ ရာစုကို ရောက်နေပြီး ပြောင်းလဲသွားတဲ့ မြို့ရဲ့အထာတွေကို နားမလည်တော့ပါဘူး။ ဆန်အန်ဂျလိစ်မြို့ဟာ တကယ်ပဲ ငြိမ်းချမ်းတယ်လို့ထင်ရပေမယ့် မြောက်ကိုရီးယားလို ပိတ်ဆို့ခံရတာဖြစ်ပြီး လိင်မဆက်ဆံရ၊ ကိုယ်ဝန်မယူရ၊ နမ်းခွင့်တောင်မရှိတဲ့ ကန့်သတ်ချက်တွေကြားမှာ မသိနားမလည်ပဲ ပျော်နေကြတာပါ။ စပါတန်ဟာ ဖီးနစ်ကို ဖမ်းဖို့ကတဖက် brainwash ခံထားရတဲ့ မြို့သားတွေကို လမ်းပြချင်တာကဖက် မြေအောက်ဂိုဏ်းတွေရဲ့ ဆူပူမှုကတဖက်နဲ့ ဗျာများနေရတဲ့ကြားမှာ သူ့ရဲ့ တာဝန်ကို အောင်မြင်အောင် လုပ်နိုင်ပါ့မလား၊ သူ့ကို ကူညီမယ့်လူရော ရှိပါ့မလား၊ အခက်အခဲတွေကို သူဘယ်လိုဖြေရှင်းမလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်ပြီး ကြမ်းကြမ်းရမ်းရမ်း အက်ရှင် ခန်းတွေနဲ့ ဖိုက်တင်ဆရာကြီး Stallone၊ Blade မင်းသားကြီး Wesley Snipe နဲ့ မင်းသမီး Sandra Bullock တို့အပြင် ဗဟုသုတရဖွယ် အဆဲပေါင်းစုံကိုလဲ မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။ File size…(2.4 GB)/(1.2GB)/(600 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:56:00 Genre...Crime,Action,Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Hnyun Yadanar Myintmo Htun

Comedy • Drama • Fantasy
6.7 1993 115 mins
Demolition Man
Freaky
6.6

ဒီတစ်ခေါက်တော့ဆယ်ကျော်သက် Horror ကားလေးတွေကိုကြိုက်တဲ့ CMပရိတ်သတ်ကြီးအတွက် Horror/Comedy ကားလေးဖြစ်တဲ့ Freaky(2020)ဆိုတဲ့ ကားလေးကိုတင်ဆက်ပေးလိုက်ရပါတယ်။ ဇာတ်လမ်းအကျဥ်းလေးကိုလည်း အနည်းငယ်တင်ပြပေးလိုပါတယ်။ တစ်နေ့တော့ ဘလစ်ဖီးမြို့လေးမှာ သားသတ်သမားလို့ခေါ်တဲ့ စိတ္တဇလူသတ်သမားတစ်ယောက်လွတ်လာပါတယ်။ ဆယ်‌ကျော်သက်တွေကိုရွေးချယ်သတ်တတ်တယ်ဆိုတဲ့ သူ့အကြောင်းက ပုံပြင်လိုလိုဖြစ်နေကြပေမယ့် ဆယ်ကျော်သက်လေးယောက်ကို တစ်နေ့မှာတော့ တကယ်ကိုရက်ရက်စက်စက်သတ်ပစ်လိုက်ပါတော့တယ်။ အဲဒီအိမ်ကပဲ လာဒီုလာဆိုတဲ့ ရှေးဟောင်းဓားတစ်ချောင်းကိုပါခိုးသွားတာက ပြဿနာကစတာပါပဲ။နောက်နေ့မှာတော့ မီလီဆိုတဲ့‌ကောင်မလေးဆီကို သားသတ်သမားရောက်လာပြီး အဲဒီရှေးဟောင်းဓားနဲ့ထိုးလိုက်ပါတော့တယ်။ အဲဒီရှေးဟောင်းဓားရဲ့အစွမ်းက စိတ်၀ိဥာဥ်ချင်းလဲသွားစေတာပါပဲ။ စိတ္တဇလူသတ်သမားခန္ဓာကိုယ်ထဲက မီလီနဲ့ မီလီ ခန္ဓာကိုယ်ထဲက စိတ္တဇလူသတ်သမား... ဘယ်လိုတွေ့ရှေ့ဆက်နှစ်ပါးသွားမလဲဆိုတာ စိတ်၀င်တစားကြည့်ရှုရမယ့်ကားလေးပါ။ Teenage ကားလေးတွေကိုကြိုက်သူတွေအဖို့ကတော့ အကြိုက်တွေ့ဦးမှာပါ။ ဒီကားလေးရဲ့နာမည်ကတော့ Freaky(2020)ပါ။ File size…600 Mb Quality…. 1080p , 720p Webrip Format…Mp4 Duration….01:46:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Littleneo Translated by Aye Mon Kyaw

Action & Adventure • Drama • Sci-Fi & Fantasy
6.6 2020 102 mins
Freaky
2018
8.8

2018 (2023) (IMDb 8.8/10,RT 100%) ယခုတစ်ခါ ပရိသတ်ကြီးကို ၂၀၂၃ မေလမှာထွက်ရှိလာတဲ့ ဖြစ်ရပ်မှန်အခြေခံ survival ရုံတင်ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ Vaashi,Neelavelicham တို့မှာကျရာဇာတ်ရုပ်က ပီပြင်စွာသရုပ်ဆောင်ခဲ့တဲ့ Tovino Thomas ဟာဆိုရင်ဖြင့် ဒီကားထဲမှာလည်း ပိုင်နိုင်စွာ သရုပ်ဆောင်ထားပြန်ပါတယ် ရုံတင်ငွေဟာလည်း 171ကုဋေအထိ ပြန်ရခဲ့တဲ့ကားဖြစ်လို့ Survival ကားကြိုက် ပရိသတ်တွေအတွက် အလန်းစားဇာတ်ကားတစ်ကားပါပဲ အိန္ဒိယတောင်ပိုင်း ကယ်ရာလာမှာ လွန်ခဲ့တဲ့နှစ်နှစ်ဆယ် ဝန်းကျင်မှာ ဖြစ်ပွားခဲ့တဲ့ရေကြီးမှုကြောင့် တစ်ပြည်နယ်လုံး ရေထဲမြုပ်သွားပြီ တောင်ကုန်းပါမကျန် ဘာဆိုဘာမှ မကျန်အောင် အကုန်ရေထဲ နစ်မြုပ်ပျက်စီးခဲ့ပါတယ် အဆိုပါရေလွှမ်းမိုးမှုဟာ မိုးရေချိန်များပြားစွာ ရွာသွန်းမှု ဆည်ရေလျှံမှု ‌ မြစ်ရေကြီးမှု စသည်ဖြင့် အကြောင်းရင်းများစွာရှိခဲ့ပါတယ် ယခုအချိန် ၂၀၁၈ မှာ အဆိုပါရေကြီးမှုမျိုးထပ်မံဖြစ်လာတဲ့အခါ ရုန်းကန်လှုပ်ရှား ကယ်ဆယ်ကြရတာကို ဇာတ်လမ်းကောင်းကောင်းလေးနဲ့ ဖြစ်ရပ်မှန်အခြေပြု ရိုက်ပြလိုက်တဲ့အခါမှာ အခုလို rating တွေ လန်ပြန်ထွက် ရှယ်ကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်လာပါတော့တယ် Survival ကားကောင်းကောင်း ကြည့်ချင်တဲ့ပရိတ်သတ်တွေအဖို့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးဖြစ်ကြောင်း ညွှန်းဆိုရင်း သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပေးဖို့ပါ တိုက်တွန်းပေးလိုက်ရပါတယ်ဗျာ (အညွှန်းရေးသားသူကတော့ Sai ဖြစ်ပြီး ဘာသာပြန်တွေကတော့ Sai~Thaik~Chiclon3~YH~Aditiနဲ့ Yunni တို့ပဲဖြစ်ပါတယ်)

Drama • Romance
8.8 2023 150 mins
2018
My Best Friend’s Wedding
6.3

My Best Friend’s Wedding (1997) ~ IMDb – 6.3/10, Rotten Tomatoes – 74% ~ တစ်ခေတ်တစ်ခါက ပုရိသတို့ရဲ့အသည်းကျော် မမဂျူလီယာရောဘတ်နဲ့ ကင်မရွမ်ဒီယက်ဇ်တို့ကို အတူတူတွဲမြင်ရမှာဖြစ်ပြီး Dermot Mulroney နဲ့ Rupert Everett တို့နုစဥ်က Visual တွေနဲ့ 90s ခေတ်ရဲ့အဖိုးတန်ရုပ်ရှင်တွေထဲကတစ်ခုဖြစ်ပါတယ်။ ဂျူလီယန်: “မိုက်ကယ်ရေ ငါတို့တက္ကသိုလ်ဒုတိယနှစ် ညတစ်ညက နင်ပြောခဲ့တာမှတ်မိသေးတယ် ”ငါတို့ ၂၈ နှစ်ထိအိမ်ထောင်မပြုဖြစ်ကြသေးရင် ငါတို့ချင်းလက်ထပ်ရအောင်” ဆိုပြီးလေ။ မကြာခင် ၂၈ ပြည့်တော့မှာဆိုတော့ ဒီရက်ပိုင်းအဲဒီစကားကို ငါပြန်တွေးဖြစ်နေတယ်။ နင့်ဆီကအရေးကြီးကိစ္စပြောစရာရှိတယ်ဆိုပြီး Voicemail ရတော့ပျော်လိုက်တာ ငါလက်ခံဖို့အဆင်သင့်ဖြစ်နေပါပြီ။ တကယ်တမ်းကြားလိုက်ရတာက ချစ်ခွင့်ပန်စကားမဟုတ်ဘဲ နင့်ရဲ့မင်္ဂလာသတင်းဖြစ်နေခဲ့တယ်။ ကိုယ်ချစ်တဲ့သူကတခြားမိန်းကလေးနဲ့လက်ထပ်တော့မှာကို လက်ခုပ်တီးပေးနိုင်လောက်အောင် ငါသဘောထားကြီးပေးနိုင်ပါ့မလားမသေချာဘူး မိုက်ကယ်…” မိုက်ကယ်: “ဂျူလီယန် ငါအဲဒီညကိုဘယ်တုန်းကမှမမေ့ခဲ့ပါဘူး။ မင်းကလှပတယ် ထက်မြက်တယ် ကိုယ်ဘာလိုချင်လဲသေချာသိပြီး ပြီးပြည့်စုံတဲ့မိန်းမတစ်ယောက်။ နင့်ဘဝရဲ့ဦးစားပေးတွေက မိန်းကလေးအများစုလို ချစ်မှုရေးရာတွေ ဖူးစာရှင်တွေ လက်ထပ်တာတွေဟုတ်မနေဘူးလေ။ အဲဒါအတွက်လည်း နင်အမြဲဂုဏ်ယူနေခဲ့တာမလား။ အဲဒါကြောင့်လည်း နင့်ကိုလက်ထပ်ရမှာ ငါကြောက်မိခဲ့တာထင်တယ်။ ငါလိုချင်တာက အားနွဲ့ပြီးငါ့ကိုအမြဲလိုအပ်နေမယ့်မိန်းကလေးမျိုး…” ချစ်မှုရေးရာနဲ့ပတ်သက်လာရင် အတ္တကြီးတတ်၊ တွေဝေတတ်၊ အမှားတွေလုပ်တတ်ကြတဲ့လူတွေရဲ့သဘောသဘာဝတွေကို တစ်မျိုးဆန်းတဲ့ပုံစံနဲ့တင်ဆက်ထားတဲ့ 90s ခေတ် Romcom တွေကိုနှစ်သက်တဲ့သူတွေ အလွမ်းပြေမယ့်ဇာတ်လမ်းတစ်ပုဒ်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Hnin Ei Pai မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.4GB, 960MB Quality – 1080p, 720p IMDb Rating – 6.3/10 Format – mp4 Duration – 1H 45Min Genre – Comedy, Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Hnin Ei Pai Encoded by Y

6.3 1997 105 mins
My Best Friend’s Wedding
A New Breed of Criminal
4

A New Breed of Criminal (2023) ======================= ခေတ်သစ်လူဆိုးကြီးရဲ့ ဘဝအကြောင်းကို တစ်ချက်လောက်လေ့လာ ရအောင်လားဗျာ…စတီဗန်ဆေယာ့စ်အကြောင်းဆိုပေမယ့် နယူးကာ ဆယ်မှာသတင်းမွှေးနေတဲ့ ဆေယာ့စ်မိသားစုအကြောင်းဆို ပိုပြီးမှန်မယ် ထင်ပါတယ်။ လမ်းပေါ်မှာမွေး လမ်းပေါ်မှာကြီး လမ်းပေါ်မှာကျင်လည်ခဲ့ရတဲ့ ဂျွန်ဆေ ယာ့စ်အတွက် သူ့သားတွေကို လမ်းဗိုလ်ဖြစ်စေချင်တာတော့ မဆန်းပါ ဘူး။ ဒါပေမဲ့ လမ်းဗိုလ်မဟုတ်ဘဲနဲ့ မြို့ဗိုလ်ဖြစ်သွားတာတော့ သူတို့အ စွမ်းအစနဲ့သူတို့ပေါ့နော်။ ဆေယာ့စ်အုပ်စုကို မျက်စိအနောက်ဆုံးကတော့ နယူးကာဆယ်ရဲအဖွဲ့ပေါ့။ ငယ်ငယ်ကတည်းက အတော်ဆုံးဗီလိန်အဖေ က သေချာသင်ကြားပေးထားတော့ သက်သေလုံးဝရှာမရဘဲ ထောင်ထဲ ထည့်လို့မရတာ နှစ်နဲ့ချီကြာနေပါပြီ။ လည်လွန်းတဲ့ဘီး.. Eနင်းမိတယ်ဆိုသလို ဖမ်းမိဖို့အလွန်ခက်လွန်းတဲ့ ဆေယာ့စ်အုပ်စု ထောင်နှုတ်ခမ်းဖျားဝမှာ ဘယ်လိုခြေချော်ကျမလဲ ဒါမှ မဟုတ် Eကိုပဲပွတ်ကာသီကာလေး ရှောင်ပြီးထွက်သွားမလားဆိုတာကို တော့ ဆက်ကြည့်လိုက်ရအောင်ဗျာ…. (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်) File Size……….(1 GB) / (420 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 28Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Crime Translator……Jo Jo Va Encoder……….SWM

4 2023 87 mins
A New Breed of Criminal
[18+] Debbie Does Demons

အီးဂဲလ်တစ်သိုက် သရဲခေါ်ဂိမ်းကစားပြီး ရင်သားကြီးကြီး စုန်းမကြီးကို ဆင့်ခေါ်မိတဲ့အခါ??? ဒီဇာတ်ကားလေးမှာတော့ လော်ရန်ဆိုတဲ့ကောင်မလေးဟာ သဘာဝလွန်ဖြစ်ရပ်တွေကိုတင်ဆက်တဲ့ ဒက်ဘီနှင့်နတ်ဆိုးများဆိုတဲ့အစီအစဉ်ကို ကြည့်ပြီးတဲ့နောက်မှာ သူ့သူငယ်ချင်းတွေနဲ့ သရဲခေါ်ဘုတ်ပြားကို အသုံးပြုပြီး လွန်ခဲ့တဲ့နှစ်သုံးရာက အထန်စုန်းမကြီးကို ဆင့်ခေါ်မိသွားပါတော့တယ်။ ဒီစုန်းမက သူ့သူငယ်ချင်းတွေကို ပြုစားလိုက်ပြီး ဆိုးသွမ်းလာတဲ့အခါ လော်ရန်တစ်ယောက် သူဆင့်ခေါ်မိတဲ့အထန်စုန်းမကြီးကို ဘယ်လိုပြန်ပို့မလဲဆိုတာကို ရင်ဖိုလိုက်မောစွာ ကြည့်ရမှာဖြစ်ပါတယ်။ (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။ File size…(1.3 GB)/(745 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:14:00 Genre…Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Galone Translated by Mutu

Drama • Thriller
0 2023
[18+] Debbie Does Demons
Unknown
6.4

Unknown 2006 (IMDB 6.4/10) Thriller ကားကောင်းတွေ ကြိုက်နှစ်သက်တဲ့ CM ပရိသတ်တွေအတွက် ဇာတ်လမ်းတစ်ခုလုံးဘာဖြစ်နေမှန်း သေချာမသိရဘဲ အဆုံးသတ်မှ အထုပ်ဖြေပြတဲ့ The Usual Suspects တို့ Seven တို့လို အထာနဲ့ ဇာတ်ကားကောင်းလေးတစ်ကားကို ပြန်လည်တင်ဆက်ပေးချင်ပါတယ် ဟိုကားတွေလို rating တွေပျံလန်နေပြီး မာစတာပိစ်တွေ မဟုတ်ပေမဲ့ သူ့တန်းသူ့ဘောင်နဲ့တော့ plot twist ဘာညာကတော့ ဟာဟင်ဖြစ်လောက်စရာပါပဲ ဇာတ်လမ်းအကျဉ်းကတော့ ဂိုဒေါင်တစ်ခုထဲမှာ လူငါးယောက်က သတိမေ့နေရာကနေ ရှေ့ဆင့်နောက်ဆင့်နိုးလာပြီးတော့အတိတ်ပါမေ့နေပါတယ် သူတို့ထဲက တစ်ယောက်ကတော့ သေနတ်နဲ့ဖြစ်ပြီး ကျန်တဲ့သူတွေက အဖမ်းခံထားရသူတွေရော ဒဏ်ရာရထားသူတွေရော စုံနေတာပါပဲ ဂိုဒေါင်ကြီးကလဲ အလုံပိတ် အားလုံးကလဲ ကိုယ့်ကိုယ်ကိုဘာဖြစ်နေမှန်း မမှတ်မိတဲ့အခါမှာ အစအဆုံး ပရိသတ်ကိုယ်တိုင်ပဲ အဖြေရှာကြည့်လိုက်ပါလို့….. ပြောကြားရင်း တင်ဆက်ပေးလိုက်ပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့ Sai Thurein Lynn ပဲ ဖြစ်ပါတယ်။ Genre….. Crime, Drama, Mystery Quality…. 1080p | 720p File size… 1.2GB | 557MB Format… mp4 Duration…. 1h 25min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Sai Thurein Lynn Encoder ….. Aaron

6.4 2006 85 mins
Unknown
Subject 101

ဆီးရီးယားက ဒုက္ခသည်ဖြစ်သူ ဘန်နီက ဥရောပကို ခြေလှမ်းသစ် စတင်ဖို့ ရောက်ရှိလာခဲ့ပြီး အလုပ်ရှာဖို့ ကြိုးစားခဲ့ပေမဲ့ အိမ်ခြေမဲ့ဖြစ်နေတာမို့ အလုပ်ရနိုင်ဖို့ အခက်အခဲဖြစ်နေခဲ့ပါတယ်။ အမြဲတမ်းနေရပ်လိပ်စာ မရှိလို့ အခက်တွေ့နေတဲ့ သူ့ကို အလုပ်အကိုင် ရှာဖွေရေး အင်ဂျင်စီက သူတို့ရဲ့အိမ်ရာစီမံကိန်းတစ်ခုနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ နေစရာရသွားပြီး အလုပ်လည်းရသွားလို့ ကြိုးစားပမ်းစားနဲ့ နေ့ရက်တိုင်းကို ကြိုးစားဖြတ်သန်းနေရင်းနဲ့ တစ်နေ့မှာတော့ သူ နေနေတဲ့အခန်းက ထင်သလောက် မရိုးရှင်းမှန်း ရိပ်စားမိသွားပါတော့တယ်။ အဲဒါကတော့ သူ အိပ်ရာက နိုးလာရင် ညဘက်က ဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေက အိပ်မက်လိုလို တကယ်လိုလိုနဲ့ မရေမရာဖြစ်ဖြစ်နေပြီး သူ မရောက်ခင် အခန်းမှာ နေခဲ့တဲ့ သူကလည်း စိတ်ကျန်းမာရေးဆေးရုံကနေ ထွက်ပြေးပြီး အစအန ရှာမရအောင် ပျောက်ဆုံးသွားခဲ့တယ်ဆိုတာပါပဲ။ အလုပ်ထွက်လိုက်ရင်လည်း နေစရာကဆုံး၊ အဲဒီမှာပဲ ဆက်နေရင်လည်း သူ့အတွက် အန္တရာယ်ရှိလာနိုင်တာမို့ ဆုတ်လည်း စူး၊ စားလည်း ရူး အခြေအနေကနေ လွတ်မြောက်အောင် သူ ဘယ်လိုရုန်းထွက်မလဲ.. ပျောက်ဆုံးသွားတဲ့ အရင်နေခဲ့တဲ့သူကရော ဘယ်လိုတွေ ကြုံတွေ့ခဲ့ရတာလဲ.. အဲဒီအခန်းရဲ့ လျှို့ဝှက်ချက်ရော ဘာများလဲ.. သူကရော နောက်ဆုံးမှာ အောင်အောင်မြင်မြင်နဲ့ လွတ်မြောက်သွားနိုင်ပါ့မလား ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ကတော့ Emily ပါ) File size…(1.4 GB)/(650 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:26:00 Genre…Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Emily

Horror • Thriller
0 2022 86 mins
Subject 101
The Final Cut

လူသားတွေရဲ့ ဦးနှောက်နဲ့ အာရုံကြောစနစ်ထဲကို မိုက်ခရိုချစ်ပ်လေး ထည့်လိုက်ပြီးတော့ လူသားတွေရဲ့ မွေးဖွားလာတဲ့အချိန်မှစ ဘဝတလျှောက်လုံးကို မှတ်တမ်းတင်ထားနိုင်တဲ့ အချိန်ကာလတစ်ခုမှာ ဒီဇာတ်လမ်းကို တည်ထားပါတယ်။ Implant ထည့်ထားတဲ့ လူသားက သေဆုံးသွားရင်တော့ ကွယ်လွန်သူမိသားစုရဲ့ ခွင့်ပြုချက်နဲ့ ကွယ်လွန်သူရဲ့ ဘဝအတွေ့အကြုံတွေ၊ အပျော်ရွှင်ရဆုံး အချိန်တွေ၊ အမှတ်တရတွေ၊ ဂုဏ်ယူရတဲ့ အခိုက်အတန့်တွေကို ပြန်ယူထားပြီး မိသားစုက သိမ်းထားခွင့် ရှိပါတယ်။ အဲ့လိုမျိုး အမှတ်တရတွေကိုပဲ တည်းဖြတ်ပေးရတဲ့ လူတွေကို Cutter လို့ ခေါ်ပြီးတော့ အဓိကဇာတ်ဆောင် အယ်လန်ဟက်ခ်မန်း (Robin Williams) က အတော်ဆုံးကတ်တာ/ တည်းဖြတ်သူ ဖြစ်ပါတယ်။ အယ်လန်က ငယ်ရွယ်စဉ်အချိန်မှာတုန်းက မတော်တဆမှုတစ်ခုဖြစ်ဖူးတာကြောင့် စိတ်ဒဏ်ရာလည်း ရှိထားသူပါ။ သူ့အနေနဲ့ ချားလ်စ်ဘန်နစ်စတာ ဆိုတဲ့ ရှေ့နေတစ်ယောက် ကွယ်လွန်သွားလို့ သူ့ဘဝရဲ့ အမှတ်တရအချိန်တွေကို တည်းဖြတ်မှုပြုဖို့ ဇနီးဖြစ်သူက သူ့ကို လာရောက်ငှားရမ်းတဲ့အခါ… ဖလက်ချာ (Jim Caviezel) က အဲ့လူရဲ့ ဘဝကို သူက တည်းဖြတ်ချင်ပါတယ်ဆိုပြီး အယ်လန်ဆီက အင်ပလန့်ကို ခိုးယူဖို့ကြိုးစားလာတဲ့အခါ… ဘာတွေ ဆက်ဖြစ်မလဲဆိုတာကို ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ ဇာတ်လမ်းအမျိုးအစားကတော့ Thriller/ Sci-fi ဖြစ်ပါတယ်။ အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။ File size…(1.1 GB)/(570 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:47:00 Genre… Drama, Mystery, Science Fiction , Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Nway Oo K Zaw

0 2004
The Final Cut
The Wind Will Carry Us
7.4

The Wind Will Carry Us (1999) ~ IMDb – 7.4/10, Rotten Tomatoes – 97% ~ Abbas က ဝတ္တုတွေထက် ကဗျာတွေက ခံစားချက်အပေါ် သက်ရောက်မှုပိုများတယ်လို့ ယုံတဲ့လူမျိုးပဲ။ The Wind Will Carry Us ဆိုတဲ့ နာမည်ရော ဒီကားထဲက ကဗျာစာသားတွေကိုရော သူက ကဗျာတစ်ပုဒ်ကနေ ယူသုံးထားတယ်။ Poetic Cinema ဟာ ဇာတ်ကြောင်းပြောရုံသက်သက်ရုပ်ရှင်တွေထက် ခေတ်ရဲ့တိုက်စားမှုကို ခံနိုင်မယ်လို့ သူက ယုံခဲ့တယ်။ သူ့အိမ်က စာကြည့်ခန်းထဲမှာဆိုလည်း ဝတ္တုစာအုပ်တွေဟာ အသစ်ကျပ်ချွတ်လိုကိုဖြစ်နေတယ်တဲ့။ ဝတ္တုတွေကို သူတစ်ခါလောက်ပဲဖတ်ပြီး ဂျောင်ထိုးထားတာမလို့လို့ပြောတယ်။ သူ့ကဗျာစာအုပ်တွေဆို သူထပ်ခါထပ်ခါ ဖတ်လွန်းလို့ ထောင့်ဘက်တွေဆို ပြုတ်ထွက်နေပြီတဲ့။ “ကဗျာက ကိုယ့်ဆီကနေ အမြဲထွက်ပြေးနေတယ်။ ဖမ်းဆုပ်ဖို့ ခက်တယ်။ ဖတ်လိုက်တိုင်း ကိုယ့်စိတ်အခြေအနေကိုမူတည်ပြီး ဖမ်းဆုပ်မိတဲ့အရာက တူမှာမဟုတ်ဘူး။ ဝတ္တုတွေကတော့ ဖတ်လိုက်တာနဲ့ ဖမ်းဆုပ်မိတယ်တဲ့။ ဝတ္တုတိုင်းကိုတော့ မဆိုလိုဘူးပေါ့။ ကဗျာအနှစ်သားဝင်နေတဲ့ ဇာတ်လမ်းမျိုးတွေလည်းရှိသလို ဝတ္တုနဲ့တူနေတဲ့ ကဗျာတွေလည်းရှိတယ်။ ကျောင်းမှာ ကျုပ်တို့ကျက်ရတဲ့ ကဗျာတွေကတော့ ပိုးဖလံတို့ ပင့်ကူတို့ ဘာတို့အကြောင်းရေးထားတာတွေပေါ့။ ဒီကဗျာတွေကတော့ ကျုပ်တို့ကို ကဗျာရဲ့အရသာအစစ်ကို သင်ပေးဖို့ ထည့်ထားတဲ့ ကဗျာတွေတော့မဟုတ်ဘူးပေါ့။ ဒီကဗျာတွေက ကျုပ်တို့ကို ကဗျာကနေတစ်ဆင့် လူကောင်းသူကောင်းတွေဖြစ်လာအောင် လေ့ကျင့်ပျိုးထောင်ပေးဖို့ပါပဲ” လို့လည်း ဆိုခဲ့တယ်။ ဆိုရရင် ဒီစကားကိုကြည့်ရုံနဲ့တင် Abbas က တကယ့်ကဗျာသမားအစစ်လို့ ကျွန်တော်တို့ခံစားမိလောက်တယ်။ သူက ဒါရိုက်တာအပြင် ကဗျာဆရာလည်းဟုတ်တယ်။ သူ့ရုပ်ရှင်တွေကို ကဗျာဆန်ဆန်ရိုက်ချင်တဲ့လူမျိုးပေါ့။ ဒီတော့ ကျွန်တော်တို့အနေနဲ့လည်း သူ့ရုပ်ရှင်တွေကို ကဗျာတစ်ပုဒ်လိုပဲ ဖတ်လို့ရနိုင်မယ်။ Abbas ရဲ့တင်ဆက်ပုံက အင်မတန်ရိုးရှင်းပြီးကို အံ့ဩဖို့ကောင်းတယ်လို့ပြောရမယ်။ ဥပမာ Where Is the Friend’s House? ဆိုတဲ့ ရုပ်ရှင်ဆိုပါစို့။ သူ့ဇာတ်ကြောင်းက ရှင်းရှင်းလေးလိုပဲ။ ကောင်လေးတစ်ယောက် သူ့သူငယ်ချင်းကျောင်းထုတ်ခံရမှာကို စာနာတဲ့စိတ်နဲ့ ဒုက္ခခံပြီး သူ့သူငယ်ချင်းအိမ်ကို မရောက်ရောက်အောင်သွားရှာတယ်။ စာနာတရားအကြောင်း လှလှပပလေးပြသွားတယ်။ ဒါပေမဲ့ တစ်ဘက်မှာတော့ ကောင်လေးရဲ့ မစာနာနိုင်မှုကိုပါ ထည့်ပြသွားတယ်။ ကောင်လေးက လမ်းမှာ အဘိုးကြီးတစ်ယောက်နဲ့တွေ့တယ်။ အဘိုးကြီးက တံခါးတွေကို အနုပညာတစ်ခုလို လုပ်ခဲ့ပေမဲ့ လူတွေက အခုသူ့တံခါးတွေကို ဖျက်ပြီး ခိုင်မာတဲ့သံတံခါးကြီးတွေနဲ့ အစားထိုးနေတာကို မြင်နေရတယ်။ သူ့ကိုစာနာပေးမယ့်သူလည်းမရှိဘူး။ နာကျင်နေရတယ်။ ကောင်လေးက အဘိုးကြီးဆီရောက်လာတော့ ကောင်လေးကို အဘိုးကြီးက သူ့တံခါးတွေကို သူဘယ်လိုလုပ်ခဲ့ကြောင်း၊ ဘယ်မှာသူ့တံခါးတွေရှိသေးကြောင်း၊ မြို့ကိုရောက်ရင်လည်း သူ့တံခါးတွေကို သူလိုက်ရှာသေးကြောင်း၊ ရှာမတွေ့တော့ကြောင်းပြောပြတယ်။ အပြန်ကျ အဘိုးကြီးက ကောင်လေးကို သူလုပ်ခဲ့တဲ့တံခါးတွေကို ပြချင်သေးလို့ တခြားလမ်းက သွားချင်ပေမဲ့ ကောင်လေးက နောက်ကျနေပြီဆိုပြီး ပိုမြန်မယ့်လမ်းကပဲသွားချင်ခဲ့တယ်။ အဘိုးကြီးနှေးနေတာကိုလည်း အားမလိုအားမရဖြစ်နေခဲ့တယ်။ ဒါက ကောင်လေးရဲ့ မစာနိုင်ခြင်းအကြောင်းပဲ။ ကောင်လေးက သူ့သူငယ်ချင်းအတွက်အိမ်စာရေးပေးချင်လို့ မြန်မြန်ပြန်ချင်တာ ဖြစ်နိုင်ပေမဲ့ သူ့သူငယ်ချင်းဝေဒနာထက် အများကြီးပိုကြီးတဲ့ အဘိုးကြီးရဲ့ဝေဒနာကိုတော့ သူနားမလည်လို့ မစာနိုင်ခဲ့ဘူး။ ကျွန်တော့်အမြင်အရတော့ ဒီရုပ်ရှင်က စာနာခြင်းရော မစာနာခြင်းရောမဟုတ်တဲ့ စာနာတရားဆိုတာ ဘယ်လိုမျိုးလဲလို့ မေးခွန်းထုတ်ထားတဲ့ ရုပ်ရှင်ပဲ။ ဒါကို Abbas က ရိုးရိုးလေးနဲ့ ပြသွားတယ်။ The Wind Will Carry Us ကတော့ ဒီထက်နည်းနည်းပို Abstract ပိုဆန်သွားပြီလို့ မြင်တယ်။ The Wind Will Carry Us က တော်တော်လေးပိုဝေဝါးသွားပေမဲ့ ကျွန်တော့်အမြင်အရတော့ “အကျိုး” “အမြတ်” ” အကောင်း” “အဆိုး”တွေအကြောင်းပါပဲ။ အကောင်းနဲ့အဆိုးကို ဘယ်လိုပိုင်းခြားလဲ ငါကောင်းကောင်းမသိဘူး။ ဒွန်တွဲလျက်ရှိနေတယ်လို့တော့ ပြောကြတာပဲ။ ကောင်းတဲ့လူတွေလည်း အမြဲတမ်းမကောင်းနိုင်။ ဆိုးတဲ့လူတွေလည်း အမြဲတမ်းမဆိုးနိုင်။ ဒါပေမဲ့လည်း အကောင်းဘက်ကို ပိုသွားတဲ့လမ်းကြောင်းများစွာကို ငါတို့ကြိုးစားရှာဖွေခဲ့ကြတယ်။ ငါမသိဘူး။ တစ်ခါတလေပေါ့။ လမ်းလွဲခဲ့ကြတယ်။ အားလုံးမကောင်းကြပါဘူး။ ဒါပေမဲ့ အားလုံးအကောင်းဘက်ကို သွားချင်ကြတယ်။ အားလုံးနီးပါးပေါ့။ တစ်ယောက်ကပြောတယ်။ အားလုံးဟာ အကျိုးအမြတ်အတွက်ပဲတဲ့။ ဟုတ်မှာပါ။ ဒါပေမဲ့လည်း ဘာမှမကောင်းတာထက်စာရင် ဘယ်လိုပဲဖြစ်ဖြစ်ကောင်းနေသေးတာကိုက တော်ပါသေးတယ်။ ခင်မောင်ရင် စကားကိုလည်း ငါပြေးမြင်တယ်။ “ဘဝနေရန်အတွက် အနုပညာကိုချစ်ခြင်းသည် လူတစ်ယောက်ကို လူကောင်းဖြစ်စေသည်” တဲ့။ ဒါပေမဲ့လည်း ငါတို့လူ့ဘောင်ရဲ့ စံနှုန်းအရဆိုရင် ဒါလည်းပဲ တော်တော်မှားသွားလိမ့်မယ်။ ဘောင်မရှိတဲ့အနုပညာသမားတွေက ငါတို့လူစံနှုန်းအရတော့ ကောင်းတယ်လို့ လူမြင်စရာဖြစ်နေမှာမဟုတ်ဘူး။ သူ့စံနှုန်း သူ့ရပ်တည်ချက်နဲ့တော့ မသွေဖီကြဘူး။ ထားပါ။ ဘရိတ်လေးတစ်ခုပေါ့။ တစ်ခါတလေ အကျိုးအမြတ်ကိုဦးတည်တဲ့စိတ်ဓာတ်ကို အနုပညာက ဘရိတ်အုပ်ပေးနိုင်လောက်တယ်။ ကောင်းလာတာလည်းဖြစ်နိုင်တယ်။ မကောင်းလာတာလည်းဖြစ်နိုင်တယ်။ တတ်နိုင်သလောက် ကြိုးစားကြည့်ခဲ့ကြပါတယ်။ ဘာမှရစရာမရှိတော့ရင်တောင်မှ အတတ်နိုင်ဆုံးပေါ့။ အားလုံး ခဏလေးပါ။ ကမ္ဘာကြီးမလည်တော့လည်း လိုတာထက်ပိုတာတွေကို မမက်နဲ့ပေါ့။ အကြောက်တရားဟာ ငါတို့ကို အဆိုးဆီ ဦးတည်စေလိမ့်မယ်။ ဘာကိုပဲဆုံးရှုံးရ ဆုံးရှုုံးရ မကြောက်ဖို့ပါပဲ။ ကမ္ဘာဟာ ဘယ်လိုပဲ ကွေ့ကောက်ကွေ့ကောက် ငါတို့သွားရမယ့်ဆီ “လေတွေက ငါတို့ကို ခေါ်ဆောင်သွားလိမ့်မယ်”… (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.35GB, 1.2GB Quality – BluRay 1080p, 720p IMDb Rating – 7.4/10 Format – mp4 Duration – 1H 58Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.4 1999
The Wind Will Carry Us
Jeepers Creepers III
4.2

Jeepers Creepers III ဟာဆိုရင်တော့ ယခင် Jeepers Creepers I နှင့် Jeepers Ceeper II တို့ရဲ့အဆက် ယခုနှစ်၂၀၁၇ကမှထွက်ထားတဲ့ Horror ဇာတ်ကားကောင်းလေးပါ။ ေ့ရှနှစ်ကားမှာအောင်မြင်မှုတွေရခဲ့ပြီး ပရိသတ်တွေကိုဖမ်းစားနိုင်ခဲ့တဲ့ Jeeper ကြီးကို နောက်ထပ် ၂၃နှစ်ပြည့်လို့ ပြန်လည်ရောက်ရှိလာတာကို တွေ့ရမှာပါ။ သူ့ရဲ့ဖြစ်စဉ်အတိုင်းပဲ ပြန်ရောက်လာတဲ့အချိန်ကစပြီး ၂၃ရက်တိုင်တိုင်သတ်ဖြတ် စားသောက် ပါတော့တယ်။လူသားတွေရဲ့ကြောက်စိတ်ကိုအနံ့ခံပြီး လိုက်လံသတ်ဖြတ်နေတဲ့သူ့ကို ယခုအခါမှာတော့ ပြန်လည်တိုက်ခိုက်မည့် လူ့အဖွဲ့အစည်းတွေပေါ်လာပါတယ်။ ဒီအပိုင်းမှာတော့ ေ့ရှနှစ်တွေမှာသူသောင်းကျန်းခဲ့တာတွေကို ပြန်လည် တန်ပြန်တိုက်ခိုက်ဖို့စီစဉ်ရင်း Jeeper ဆိုတဲ့အဲဒီသတ္တဝါကြီးရဲ့ လျို့ဝှက်ချက်တွေကိုသိလာပါတော့တယ်။တကယ်ကိုထိတ်လန့်စရာကောင်းပြီး ရင်တထိတ်ထိတ်နဲ့ကြည့်ရမည့်ကားပါပဲ။ယခုအပိုင်းမှာရက်စက်မှုအပေါင်းသရဖူဆောင်းခဲ့တဲ့ Jeeper ကြီးရဲ့လျို့ဝှက်ချက်ကိုပါ သိသွားတဲ့သူတွေရှိလာပြီဆိုတော့ ဇာတ်ရှိန်တက်လာပြီပဲဖြစ်ပါတယ်။ ဒီတော့ အဲဒီလျို့ဝှက်ချက်ဟာဘာလဲ၊အဲဒီသတ္တဝါကြီးကိုရော အဆုံးသတ်နိုင်ပါ့မလား၊လူသားတွေအနေနဲ့ တွန်းလှန်နိုင်ပါ့မလား။ဒါမှမဟုတ် ထင်သလောက်မလွယ်ကူဘဲ နောက်ထပ်၂၃နှစ်စောင့်လိုက်ရဦးမလား။ဘာတွေဆက်ဖြစ်လာဦးမလဲဆိုတာတော့ စိတ်ဝင်စားမှုအပြည့်နဲ့ ရင်တထိတ်ထိတ်ဆက်ကြည့်လိုက်ကြပါဦး…။ File size…(1.5 GB)/(840 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Ye Yint

Horror
4.2 2017 100 mins
Jeepers Creepers III
Killing the Competition
6

Killing the Competition (2025) ဒီဇာတ်ကားကတော့ ဖြစ်ရပ်မှန်တွေကိုအခြေခံထားပေမယ့် ဇာတ်ကောင်တွေနဲ့ဇာတ်လမ်းကတော့ စိတ်ကူးဖန်တီးထားတာဖြစ်တယ်လို့ဆိုပါတယ်။ ဒါရိုက်တာက Lee Gabiana ဖြစ်ပါတယ်။Jane Espenson နဲ့ Christina Welshတို့ကရေးသားပေးထားပါတယ်။ သားသမီးနဲ့မိဘဆိုတာကတော့ မိဘကလည်းသားသမီးကို “မကောင်းမြစ်ထာ ကောင်းရာညွှန်လတ်ဆိုပေမဲ့ “ တစ်ချို့အရာတွေမှာကိုယ့်အမြင်နဲ့ကိုယ်တစ်အားမှန်တယ်ထင်ပြီး ထိန်းချုပ်ဖို့ကြိုးစားလာတဲ့အခါ ပဋိပက္ခဖြစ်လာတာကိုပြထားပါတယ်။ သားသမီးကလည်းကိုယ့်အမြင်နဲ့ကိုယ်ထင်ရာကိုကောက်ချက်ဆွဲမိဘစိတ်ထိခိုက်အောင်ပြောလာမျိုးကလည်းဖြစ်တတ်တဲ့သဘာဝတွေပါပဲ။ နောက်တစ်ခုက မိဘတွေရဲ့ အငုံ့စိတ်တွေ စိတ်ရင့်ကျက်မှုအဆင့်တွေကလည်း သားသမီးကိုထိန်းကျောင်းပုံသွင်းတဲ့နေရာမှာလာရိုက်ခတ်တဲ့အပြင်ကိုယ်ကိုယ်တိုင်ရဲ့ဘဝကိုပါထိခိုက်သွားနိုင်တာရှိပါတယ်။ အဖြစ်အပျက်တွေသာမတူမယ်လက်တွေ့ဘဝတွေမှာဒီလိုပဋိပက္ခတွေရှိနေတဲ့အတွက်လည်းဒီဇာတ်ကားကိုဖြစ်ရပ်မှန်လို့ပြောထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်း အဲလစ်ဇဘက်ဖန်းဝှစ်ခ်( Melissa Joan Hart)က မိသားစုနဲ့အတူသူ့ဇာတိမြို့လေးကိုပြန်ပြောင်းလာပါတယ်။ သူ့မှာ ဂရေ့စ်ဆိုတဲ့သမီးလေးတစ်ယောက်နဲ့ဂျက်ခ်ဆန်ဆိုတဲ့သားလေးတစ်ယောက်ရှိပါတယ်။ယောကျာ်းကလည်း အဲလစ်ဇဘက်ကိုချစ်ရှာပါတယ်။ ဂရေ့စ်(Lily Brooks O’Briant) ကသူ့အမေတက်တဲ့ အထက်တန်းကျောင်းမှာပြန်တက်ပါတယ်။ ထရက်ရှာရတ်စ်အကအဖွဲ့မှာပါဖို့ လူရွေးပွဲလုပ်တဲ့အခါ အဲလစ်ဇဘက်က ဂရေ့စ်ကိုသင်ပေးပါတယ်။ သူကိုယ်တိုင်ကလည်းတစ်ချိန်က ထရက်ရှာရတ်စ်အဖွဲ့မှာပါခဲ့ပြီး အဲဒီတုန်းကတော့ သူ့ကသူသိများတဲ့ကြယ်ပွင့်တစ်ဦးဖြစ်ခဲ့ဖူးပါတယ်။ တကယ်ရွေးတော့ ဂရေ့စ်အရွေးမခံရဘူး။ အဲလစ်ဇဘက်က ချက်နဲ့လက်နဲ့ဘုတ်အဖွဲ့ကိုစောဒကတက်လိုက်တော့ ဂရေ့စ်တင်မကဘူး ပယ်ချခံထားရတဲ့မိန်းကလေးတွေကိုပါလက်ခံလိုက်ပါတယ်။ ဂရေ့စ်က သူ့ကိစ္စတွေမှာသူ့အမေစွက်ဖက်လွန်းတာကို သိပ်မကြိုက်ပါဘူး။ သူ့အမေကလည်းသူ့သမီးအမှားလုပ်ရင် ပြင်ပေးမယ် ကာကွယ်ပေးမယ်ဖြစ်နေပါတယ်။ ဂရေ့စ်ရဲ့ရည်းစားတိုင်လာကိုလည်းသဘောမကျ။ဂရေ့စ်ရဲ့သူငယ်ချင်းအသစ်ဟန်နာကိုလည်းသဘောမကျ။ နောက်တော့သားအမိနှစ်ယောက်စကားများကြရင်း ဂရေ့စ်က သူ့အမေကို သူတို့အကအဖွဲ့ကမယ့် ဘောလုံးပွဲဖွင့်ပွဲနေ့ကျရင်မလာပါနဲ့လို့ပြောလိုက်တော့အဲလစ်ဇဘက်တစ်အားခံစားသွားရပါတယ်။ တိုင်လာနဲ့ဟန်နာတို့ဂရေ့စ်မသိအောင်တွဲနေတယ်လို့အဲလစ်ဇဘက်ကသူ့ဘာသာထင်လာတဲ့အခါ အဲဒါကိုအတည်ပြုဖို့ကြိုးစားရင်းမထင်မှတ်တဲ့ပြဿနာတွေဖြစ်လာပါတော့တယ်။ ဘာတွေဖြစ်လာမယ် ဘယ်လိုအဆုံးသတ်မယ်ဆိုတာကတော့ ဆက်ကြည့်ပေးကြပါ။ Heartထိတဲ့ဇာတ်ကွက်ကလေးတွေနဲ့စကားတွေကတော့“ဒါပေမဲ့အမေ့ကိုကျွန်မသိစေချင်တာကနေ့တိုင်းတစ်ခုခုဖြစ်လာခဲ့ရင်ကျွန်မအမေ့ကိုအဲဒါတွေအတွက်ရှိစေချင်တယ်အဲဒီလိုမှမဟုတ်ရင်အမေ့ရဲ့အကြံပေးတာတာတွေကိုရချင်ပါတယ်” အစကတည်းကသာ မိဘကလည်းသားသမီးကိုလွတ်လပ်စွာရှင်သန်ခွင့်ပေးပြီး ဘေးကနေအသာထိန်းကျောင်းပေးခဲ့ရင် သားသမီးကလည်း မိဘရဲ့စေတနာ မေတ္တာကိုနားလည်ပြီးစိတ်ထိခိုက်အောင်မပြောခဲ့ရင် ဇာတ်သိမ်းလေးကလှမှာပါ။ သားသမီးဆိုတာရတနာတစ်ပါးဖြစ်သလိုအမေဆိုတာလည်းတန်ဖိုးဖြတ်မရတဲ့ရတနာတစ်ပါးပါ။ ကျွန်မကတော့ အဲလစ်ဇဘက်နေရာမှာ သရုပ်ဆောင်တဲ့ Melissa Joan Hart သရုပ်ဆောင်တာကိုတကယ်ကြိုက်ပါတယ်။ ပရိသတ်တွေလည်းကြိုက်မှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Khin Sakar Khin ဖြစ်ပါတယ်။) File size… (2 GB) / (880 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama, Thriller Duration…. 01:27:03 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Khin Sakar Khin

Thriller • Drama • Crime
6 2025 88 mins
Killing the Competition