YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

07.THE EMPIRE . 2021 . S01 EP07 - Panipat.1080P[CM].mp4

857.68 MB N/A video/mp4 941 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Son of No One
5

ရဲတစ်ယောက်ဖြစ်တဲ့ အဖေဖြစ်သူ ဆုံးပါးသွားပြီးနောက်မှာ အဘွားနဲ့အတူ ဆေးသမားတွေပေါတဲ့ပတ်ဝန်းကျင်မှာ နေခဲ့ရတဲ့ ဂျွန်နသန်ဝွိုက်တစ်ယောက်... တစ်နေ့မှာ ဆေးသမား တစ်ယောက်ကို မတော်တဆ သေနတ်နဲ့ပစ်သတ်လိုက်မိပြီး သူငယ်ချင်း ဗင်နီ၊ဗစ်ကီတို့နဲ့ အလောင်းကို သွားပစ်လိုက်ပါတယ်၊ ဖြစ်ချင်တော့ အဲဒီဆေးသမားကိုသတ်လိုက်တာကို သူတို့တိုက်က လူတစ်ယောက်က သိသွားပြီး နောက်ရက်မှာ ဂျွန်နသန်ကို ငွေညှစ်ပါတယ်... အဲဒီလူကိုလည်း မတော်တဆ လှေကားပေါ်ကတွန်းချမိပြီး ‌သတ်လိုက်မိပါတယ်... ဒီလူသတ်မှုနှစ်ခုကို စုံစမ်းရတဲ့သူကတော့ ဂျွန်နသန့်အဖေရဲ့ တွဲဖက်တစ်ယောက်ဖြစ်တဲ့ စုံထောက်စတန်းဖို့ပဲဖြစ်ပါတယ်။ စတန်းဖို့က လူသတ်မှုကို ဖုံးပေးပြီး အမှုပိတ်လိုက်ပါတယ်... ဒီလိုနဲ့ နှစ်တွေ အများကြီးကြာပြီးတဲ့နောက်မှာ ဂျွန်နသန်ကလည်း ရဲတစ်ယောက်ဖြစ်လာခဲ့ပြီး မိသားစုဘဝလေးနဲ့ အေးချမ်းနေတဲ့ အချိန်မှာ အတိတ်ကအရိပ်မည်းကြီးက တစ်ခါပြန်ပေါ်လာပြန်ပါတယ်.. အတိတ်ကကိစ္စတွေကို ဂျွန်နသန်တစ်ယောက် ဘယ်လိုဖြေရှင်းမလဲ.. အတိတ်ကကိစ္စတွေကို တစ်ခါပြန်ဖော်တဲ့သူကရော ဘယ်သူဖြစ်မလဲ.. စုံထောက်စတန်းဖို့ကရော ဘယ်လိုလျှို့ဝှက်ချက်တွေရှိနေတာလဲ.. ဒါတွေကို 2011တုန်းက ထွက်ရှိခဲ့တဲ့ The son of no one ဇာတ်ကားလေးထဲမှာ ကြည့်ရှုအဖြေရှာကြည့်လိုက်ကြပါဦး.. File size…1.61GB / 559MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 30m Genre ..... Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Benni

Mystery • Science Fiction • Thriller
5 2011 90 mins
The Son of No One
Swallowed
6.3

(ရိုင်းစိုင်းတဲ့စကားလုံး​တွေ၊ ဝတ်လစ်စလစ်အခန်း​တွေပါတာ​ကြောင့် ၁၈နှစ်​အောက် သို့ ၁၈​ယောက်မပြည့်ရင်မကြည့်ကြဖို့ တိုက်တွန်းပါရ​စေ) 2022 မှာထွက်ရှိထားတဲ့ Swallowed ဆိုတဲ့ကား​လေးက သည်းထိတ်ရင်ဖိုအမျိုးအစားတစ်ခုဖြစ်ပြီး BL မကျတကျကား​​လေးပဲဖြစ်ပါတယ်။ ~ ဇာတ်လမ်းအညွှန်း ~ မကြာခင် အပြာကားသရုပ်​ဆောင်အဖြစ်နဲ့ အယ်​လ်​အေမှာ အလုပ်သွားလုပ်​တော့မယ့် အချစ်ဆုံးသူငယ်ချင်း ဘန်ဂျမင်းတစ်​ယောက် သူ့သူငယ်ချင်းဒွန်းနဲ့ အတူနှုတ်ဆက်ပွဲလုပ်​ပြီးအပြန် ဒွန်းရဲ့တရားမဝင်ပစ္စည်းတစ်ချို့ ကယ်လီဖိုးနီးယားဘက်ကို ပို့​ပေးရမယ့်အစီအစဥ်ထဲ ဝင်ပါမိသွားတဲ့အခါ ဘာ​တွေဆက်ဖြစ်မလဲ... သူတို့သယ်​ပေးရတဲ့ပစ္စည်းက​​ရော မူးယစ်​ဆေး​တွေမဟုတ်ပဲ ဘာ​တွေလဲ... ဒွန်းက​ရော ဘာလို့ဒီလို အလုပ်ကို​ရွေးချယ်ခဲ့တာလဲဆိုတာ​တွေကို သည်းထိတ်ရင်ဖိုကြည့်ရမယ့်ဇာတ်လမ်း​ကောင်း​လေးလည်းဖြစ်ပါတယ်။ ဒွန်းနဲ့ ဘန်ဂျမင်းရဲ့ တစ်​ယောက်ကိုတစ်​ယောက်ချစ်ရဲ့သားနဲ့ ဖွင့်မ​ပြောတဲ့ ​ယောကျာ်း​လေးနှစ်​ယောက်ကြားက အချစ်ကိုလည်း စိတ်ဝင်စားဖွယ်​ကောင်း​အောင် ရိုက်ပြထားပါ​သေးတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 750MB Quality - 1080p, 720p IMDb Rating - 5.7/10 Format - mp4 Duration - 1H 36Min Genre - Horror, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by DB Encoded by Y

Drama • War
6.3 2022 95 mins
Swallowed
Sand Castle
6.5

ရည်မှန်းချက်ကြီးကြီးမားမားမရှိဘဲ တက္ကသိုလ်တက်ဖို့ ငွေမရှိလို့ စစ်တပ်ထဲ ဝင်လာရပြီး၊ အီရတ်စစ်ပွဲကို မလိုက်ချင်တဲ့အတွက် ကိုယ့်လက်ကိုပြန်ချိုးနေတဲ့ အမေရိကန်စစ်သားလေး  တစ်ယောက်ရှိတယ်.. အီရတ်စစ်မြေပြင်ဆိုတာကလည်း သိတဲ့အတိုင်း အရပ်သားနဲ့ ရန်သူမကွဲဘဲ ပစ်ချင်တဲ့သူက ပစ်သတ်နေတာဆိုတော့ အဲ့ဒီမှာ တာဝန်ထမ်းဆောင်တဲ့ စစ်သားတွေ အတွက် အချိန်မရွေးအသက်ပျောက်နိုင်တဲ့အနေအထားပါ.. သို့ပေမဲ့လည်း ဒီစစ်သားလေးဟာ အီရတ်စစ်တလင်းကိုရောက်ရှိသွားခဲ့တယ်.. တကယ်စစ်မြေပြင်ရောက်တဲ့အခါမှာတော့ သူဘယ်လိုတွေကြုံရမလဲ.. အသက်ရောရှင်ပါ့မလား.. အီရတ်တွေနဲ့ မြေပြင်မှာ တကယ်တွေ့ကြုံရတဲ့အခါမှာ သူအမြင်တွေ ဘယ်လိုရှိမလဲ.. File Size : (2.1GB)(834MB) and (230 MB) Quality : Blu-Ray1080p5.1ch, 720p Format…mp4 Duration…01:53:00 Genre : Action ,War ,Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Ko Myo(Kop) Encoded by Phyo Pyae

Horror • Thriller
6.5 2017 113 mins
Sand Castle
The House That Never Dies
3.9

CM ချစ်ပရိသတ်တို့အတွက် ဒီတစ်ခေါက် စိတ်လှုပ်ရှားဖွယ်ရာ The House ThatNever Dies ဆိုတဲ့ ဇာတ်ကားလေးကို မိတ်ဆက်ပေးလိုက်ပါတယ်... ဒီကားလေးကို ဘာသာပြန်ရင်းနဲ့မှာ ဇီဝေကောကောလို့ မှတ်ကျောက်တင်ကျန်ခဲ့တဲ့ ruby lin တစ်ယောက် ဘာလို့Light the Night မှာ Tony Yang နဲ့ loveline အဖြစ်ပြန်သုံးခဲ့တယ်ဆိုတာ... ကဲ ဇာတ်လမ်း အကျဉ်းလေးကို ပြောပြရရင် ပေကျင်းက အိမ်အမှတ် ၈၁ ဆိုတဲ့ နာမည်ကြီး သရဲခြောက်တဲ့ အိမ်ကြီးကို မိသားစုတစ်စုပြောင်းလာတယ်ကနေ စပြောရမယ်... အိမ်အမှတ် ၈၁ မှာ မူလအိမ်ပိုင်ရှင်ရဲ့ ဇနီးဟာ သတို့သမီးဝတ်စုံနဲ့ ကိုယ့်ကိုယ်ကို သေကြောင်းကြံခဲ့ပြီးနောက်မှာ တစ်မိသားစုလုံး ထူးခြားဆန်းပြားစွာ ရှေ့ဆင့်နောက်ဆင့် သေကုန်ကြတာကြောင့် ဒီအိမ်ကြီးဟာ သရဲခြောက်တယ်လို့ ပါးစပ်ရာဇဝင်တွင်ခဲ့တာကြောင့် အိမ်ကြီးဟာ ကာလပေါက်ဈေးထက်ကို ထူးခြားစွာ ဈေးသက်သာနေခဲ့ပါတယ်... ဒါကြောင့်လည်း ရွှီလော့ချင်းတို့မိသားစု ပြောင်းလာခဲ့တာလို့ ဆိုနိုင်မယ်... တိုက်တိုက်ဆိုင်ဆိုင်ပါပဲ... ဒီအိမ်ကြီးမှာ ကိုယ့်ကိုယ်ကို သတ်သေခဲ့တဲ့ အိမ်ပိုင်ရှင်ဇနီးနဲ့ ရုပ်ချင်းခွဲမရအောင်တူနေတာကို သိပြီးနောက်... ရွှီလော့ချင်းတစ်ယောက်ဟာပုံရိပ်ယောင်တွေလိုမြင်လိုက်... အသံတွေကြားလိုက်... အနီရောင်ဝတ်စုံတွေနဲ့ လူတွေပေါ်လာလိုက်... ဒါတွေအပြင်... ခင်ပွန်းသည်ကိုပါ ဖောက်ပြန်နေတယ်လို့ အကြိမ်ကြိမ် သံသယဝင်လာပြီး ဒီအိမ်ပြောင်းလာပြီးတည်းက လင်မယားနှစ်ဦး မကြာခဏရန်ဖြစ်ပြီး ကွာရှင်းဖို့အထိတွေပါ ဖြစ်လာခဲ့တာပေါ့... ဒီလို သူတို့လင်မယားဇာတ်ကြောင်းက စိတ်ဝင်စားဖို့ကောင်းသလို တစ်ဖက်က ပါးစပ်ရာဇဝင်ထဲက ဟောမိသားစုနဲ့ တျဲယွီ ကြားထဲက အဖြစ်အပျက်ကလည်း နောက်ကြောင်းပြန်တဲ့ အခန်းတွေ တစ်ခန်းပြီးတစ်ခန်း ပိုပိုစိတ်ဝင်စားဖို့ကောင်းတယ်. ကဲ သည်းထိတ်ရင်ဖိုမှကြည့်ချင်တဲ့ CM ချစ်ပရိသတ်တို့ ကြည့်သင့်နေပြီနော် Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama , Horror , Mystery Runtime : 1h 30 min Subtitle : Myanmar Subtitle ( hardsub ) Translated by Chu Chu  , Moon , Hnin Wut Hmon Encoded by LK

Action • Crime • Thriller
3.9 2014 90 mins
The House That Never Dies
Vive L’Amour
7.4

Vive L’Amour (1994) ~ IMDb – 7.4/10, Rotten Tomatoes – 86% ~ Directed by “Tsai Ming-liang“ ထိုင်ဝမ်ရဲ့ ပထမနယူးဝေ့ကို ၁၉၈၂ နှောင်းပိုင်းတွေမှာ Edward Yang တို့ Hou Hsiao-hsien တို့နဲ့ တခြားဒါရိုက်တာတချို့ရဲ့ ရုပ်ရှင်တွေနဲ့ စတင်ခဲ့ပြီးတဲ့နောက် Tsai Ming-liang တို့ Ang Lee တို့အပါအဝင် ၁၉၉၀နှောင်းပိုင်း ဒါရိုက်တာတစ်ချို့က သူတို့ရုပ်ရှင်တွေနဲ့ ဒုတိယနယူးဝေ့ကို အသက်သွင်းခဲ့ကြပါတယ်။ အားလုံးဟာ ဟောင်ကောင် ပြည်မတို့နဲ့မတူတဲ့ ထိုင်ဝမ်ရုပ်ရှင်ဆိုတဲ့ အငွေ့အသက်တစ်ခု သီးခြားခံစားရအောင် လုပ်နိုင်ခဲ့တဲ့ ဒါရိုက်တာကောင်းတွေချည်းပါပဲ။ သူတို့ထဲမှာ Tsai Ming-liang ရဲ့ ရုပ်ရှင်တွေဟာ တင်ပြပုံ အထူးခြားဆုံးလို့ပြောရမှာပါပဲ။ Ang Lee ကတော့ အမေရိကန်ရောက်သွားပြီး ပေါကားပေါင်းစုံပါရိုက်လာပေမဲ့ Tsai Ming-liang ဟာ နှစ်ပေါင်းများစွာကနေ ပြီးခဲ့တဲ့ ၂၀၂၀အထိလည်း ဒီလိုပုံစံကားမျိုးတွေကို ရိုက်တုန်းပါပဲ။ သူ့ရဲ့ပထမဆုံးရုပ်ရှင် Rebels of the Neon God မှာ သူ့ရုပ်ရှင်ဟာ ထိုင်ပေမြို့အငွေ့အသက် တော်တော်လေးလွှမ်းထားတယ်လို့ဆိုလို့ရပေမဲ့ အဲဒီနောက်ပိုင်းရုပ်ရှင်တွေမှာတော့ သူဟာ နေရာအစွဲကင်းတဲ့သူလို့ သူပြောဖူးတဲ့စကားနဲ့အညီပဲ သူ့ရုပ်ရှင်တွေဟာ ဒေသအပိုင်းအခြားမရွေးတဲ့ မြင်နေကြုံနေခက်ခဲခြင်းတွေ အာသီသတွေကို ပုံဖော်တဲ့ ရုပ်ရှင်တွေပိုဆန်လာတယ်။ သိသလောက်တော့ သူဟာ ဇာတ်လမ်းတစ်ခုတည်းထဲ နောက်ဇာတ်လမ်းပိစိလေးတွေကို ယက်ဖွဲ့တတ်တဲ့ဒါရိုက်တာမျိုးဖြစ်ပြီး အဲဒီဇာတ်လမ်းတွေမှာလည်း သေချာတဲ့ပြချင်တာတစ်ခု ရှိနေတတ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာဆိုရင်လည်း Main Story ဖြစ်တဲ့ မသိလိုက်ပါဘဲ တစ်ခန်းတည်း နေဖြစ်သွားကြတဲ့ လူသုံးယောက်ရဲ့ ဇာတ်လမ်းသုံးခုကို ပေါင်းစပ်ပေးထားပြီး တခြားဇာတ်လမ်းပိစိလေးပါထည့်ထားပါသေးတယ်။ သူ့ရုပ်ရှင်တွေဟာ ကင်ကီဒွပ်ရဲ့တစ်ချို့ကားတွေလောက်တော့ လုံးဝစကားမပြောတဲ့ ကားတွေတော့မဟုတ်ပေမဲ့ တော်တော်လေး စကားနည်းပြီး အပြကို ဦးစားပေးတဲ့ ရုပ်ရှင်တွေပါပဲ။ သူ့အပြတွေဟာလည်း တစ်ခါတလေကျ နိမိတ်ပုံဆန်ပြီး တစ်ခါတလေကျ တော်တော်လည်းစားပါတယ်။ ဒီထဲမှာဆို ဒီကားရဲ့ Theme ကို အရိုးအိုးရောင်းတဲ့နေရာနဲ့ ထပ်ဆင့်ပုံဖော်သွားခဲ့သလို ဖရဲသီးတစ်လုံးနဲ့ အာသီသကိုပုံဖော်သွားခဲ့သလိုပေါ့။ နားလည်ရတော့ခက်တဲ့အခန်းတွေလည်း ပါတတ်ပါတယ်။ အရေးတော့မကြီးလှပါဘူး။ သူပြတာကို ကြည့်လိုက်တယ်၊ ကြည့်နေတုန်း အဲဒီခပ်ဆန်းဆန်းအပြတွေကို သဘောကျနေမယ်၊ ကိုယ့်စိတ်နဲ့ကိုယ် အဓိပ္ပာယ်ကောက်ပြီး တစ်ခုခုခံစားလိုက်ရမယ်၊ အရသာရှိနေမယ်ဆို ပြီးပြီပဲမလား။ ကိုယ့်စက္ခုနဲ့ သိစိတ်ကရတဲ့ အရသာကိုမခံစားဘဲ ဒါရိုက်တာ တကယ်တမ်းပြချင်တာဘာလဲ ထိုင်ခေါင်းစားနေမယ်ဆို Art House ကားကြည့်ပေမဲ့ Art House ကား အရသာမရသလို ဖြစ်သွားမလားပဲ။ ဒီတော့ ဒီရုပ်ရှင်ဟာလည်း တစ်ခုခုကိုနားလည်ချင်စိတ်နဲ့ကြည့်ရမယ့် ရုပ်ရှင်မျိုးလို့တော့ ကျွန်တော်တော့မထင်ဘူး။ သူ့အရသာကို ခင်ဗျား ဒီတိုင်းခံစားလိုက်ရမယ့် ရုပ်ရှင်မျိုးပါပဲ။ အရင်နှစ်က သူ့ပထမဆုံးကားဖြစ်တဲ့ Rebels of the Neon God ကို တင်ပေးခဲ့ပြီးဖြစ်ပါတယ်။ အခု Vive L’Amour ကတော့ သူ့ရဲ့ ဒုတိယကားပါ။ အနောက်တိုင်း ရုပ်ရှင်ပွဲတော်တွေမှာလည်း ဆုတွေရခဲ့သလို Art Film ကောင်းတွေကို ပြန်လည်ထိန်းသိမ်းထုတ်ဝေပေးတဲ့ Criterion Collection ကလည်း ဒီကားကို ပြန်ထုတ်ပေးထားခဲ့ပါတယ်။ Vive L’Amour ဆိုတဲ့ ပြင်သစ်စကားရဲ့ အဓိပ္ပာယ်ကတော့ ချစ်သက်ရှည်စေလို့ အဓိပ္ပာယ်ရနေပြီး တစ်ချို့ရုပ်ရှင်တွေလို ရုပ်ရှင်ရဲ့အပြနဲ့ ဒီစကားလုံးကို တွဲဖက်ခံစားကြည့်ဖို့ကလည်း တော်တော်တော့နားလည်ရခက်ပါတယ်။ ဘာလို့ဆို ဒီရုပ်ရှင်ရဲ့ Theme လို့ ခံစားရတဲ့အရာနဲ့ တော်တော်မဆီမဆိုင်ဖြစ်နေတာကိုး။ ယူသလိုပဲ ရမှာပါပဲ။ တစ်ချို့အတွက်တော့ အကြိုက်ဆုံးကားဖြစ်သွားနိုင်တာပါပဲ။ တစ်ချို့အတွက်ကလည်း ဖြစ်ခဲ့ပြီးပါပြီ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 820MB Quality – 1080p, 720p IMDb Rating – 7.4/10 Format – mp4 Duration – 1H 58Min Genre – Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama • Science Fiction • Thriller
7.4 1994 118 mins
Vive L’Amour
Higher Learning
6.5

Higher Learning ============== အခုတင်ဆက်မဲ့ကားကတော့ အမြင်လှပြီးအတွင်းပုပ်နေတတ်တဲ့ အမေရိကန်တက္ကသိုလ်လောကအကြောင်းကို ကွက်ကွက်ကွင်းကွင်း တင်ဆက်ထားပါတယ်။ Columbus တက္ကသိုလ်ဟာ နာမည်ကြီး‌အကောင်းဆုံးတက္ကသိုလ်တွေထဲကတခုပါ။ ဒီကျောင်းကြီးရဲ့ပရ၀ုဏ်အတွင်းမှာကတော့လူဖြူလူမည်းပဋိပက္ခတွေ လူမျိုးရေးခွဲခြားဆက်ဆံတာတွေလိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေ စသဖြင့်ပွေလီရှုပ်ထွေးနေပါတယ်။ဒီလိုနေရာကိုရောက်လာတဲ့ ကျောင်းသားသစ်သုံးယောက်ကတော့Malik Williams လူမည်းအပြေးအားကစားကျောင်းသားဖြစ်ပြီးပညာရေးမှာရုန်းကန်နေရပါတယ်။ Kristen Connor ကတော့ အရှက်ကြီးပြီးအယုံလွယ်တဲ့ကျောင်းသူလေးပေါ့။ Remyကတော့ ရေကန်မရှိတဲ့ငါးလိုကိုယ့်နယ်ကနေရပ်ရွာသစ်မှာအဖော်မဲ့ လမ်းပျောက်နေသူပါ။ဒီသုံးယောက်ရဲ့ကျောင်းသားသစ်ဘ၀မှာတဦးချင်းစီ ကြုံတွေ့ရမဲ့ လူမျိုးရေးခွဲခြားမှုတွေ, သွေးထိုးလှုံ့ဆော်မှု‌တွေ, လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကိုဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်း အတွေးအမြင် ကောင်းကောင်းတွေနဲ့မြင်တွေ့ရမှာဖြစ်ပါတယ်။ဇာတ်ကားကို‌တော့ Omar Epps, Ice Cube, Jennifer Connelly, Laurence Fishburne စသဖြင့် နာမည်ကြီးသရုပ်ဆောင်များစွာပါ၀င်အားဖြည့်ထားပါတယ်။ File Size : 2.73GB / 1.28 GB Quality : BluRay 1080p 5.1CH , 720p Duration : 2hr 8min Format : Mp4 Genre : Crime , Drama , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Brackman Encoded by Min Wai

Horror
6.5 1995
Higher Learning
Homestead

အခုပရိတ်သတ်ကြီးအတွက် american western thriller ဇာတ်လမ်းကောင်းလေးတစ်ခုကို တင်ဆက်ပေးသွားမှာပါ ဇာတ်လမ်းအကျဉ်းချုပ်ကတော့… အိုင်ရင်း သူ့အစ်ကိုနဲ့ သူ့အမေတို့ဟာ သူတို့အတိတ်မှာဆိုးရွားတဲ့ကံကြမ္မာတစ်ခုကိုရင်ဆိုင်ပြီးတဲ့နောက်မှာတော့ သူ့အဖေနဲ့အတူတူ လက်ရှိသာယာတဲ့ခြံလေးမှာ နေထိုင်နေပါတယ် အိုင်ရင်းဟာ သွက်သွက်လက်လက်နဲ့ လူတွေအပေါ်မှာ သိပ်ပြီးယုံကြည်တတ်တဲ့သူမဟုတ်ပါဘူး တစ်နေ့မှာတော့ သူတို့ခြံလေးကို ရထားလမ်းဖောက်ဖို့ကိစ္စနဲ့ပတ်သက်ပြီး လူစိမ်းတစ်ယောက် ရောက်လာခဲ့ပါတယ် သူတို့ခြံဝင်းတစ်ဝိုက်ကို လှည့်လည်စစ်ဆေးခွင့်တောင်းလိုက်ပြီး နောက်ကျသွားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သူတို့အိမ်မှာတည်းခိုဖို့ဖြစ်လာတဲ့ သူစိမ်းယောက်ျားကို အိုင်ရင်းကတော့ သင်္ကာမကင်းဖြစ်နေခဲ့ပေမဲ့ သူ့အမေကတော့ လှိုက်လှိုက်လဲလဲကို ကြိုဆိုနေခဲ့တာပါ.. အဲဒီသူစိမ်းယောက်ျားဟာ မိသားစုအပေါ်ကိုဂရုစိုက်တတ်ပြီး ဘဝကိုအေးအေးဆေးဆေး ဖြတ်သန်းချင်နေတဲ့ သူ့ရဲ့ဖခင်ရဲ့အတိတ်ကအရိပ်ဆိုးကြီးဖြစ်နေမှန်း အိုင်ရင်းတို့သိလိုက်ရတဲ့အခါမှာတော့ သူတို့အဲဒီနေ့ညမှာ ဘယ်လိုဖြစ်ရပ်ဆိုးတွေကိုကြုံတွေ့ရမှာလဲ…သွက်လက်ချက်ချာပြီး ငြိမ်ခံမနေတတ်တဲ့ အိုင်ရင်းတစ်ယောက် ဒီအခြေအနေဆိုးကြီးကနေ ဘယ်လိုလွတ်မြောက်အောင် ရုန်းထွက်သွားမလဲဆိုတာကို ဒီဇာတ်လမ်းမှာကြည့်ရှူရမှာပါ။ File size…(1 GB)/(440 GB)/(260 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:20:00 Genre…Horror, Thriller, Western Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Swe Yee

Drama
0 2023
Homestead
Dracula Untold
6.3

Dracula Untold (2014) ========== Dracula Untold 2 အဆက်ထွက်ဖို့ ပြောနေကြလို့ ပထမဇာတ်ကားကို 4K Quality နဲ့ တင်ဆက်လိုက်ပါတယ်။ ဘဝမှာမလွဲမသာတဲ့အခြေနေတစ်ခုကိုရောက်လာတိုင်းလုပ်သင့်လုပ်ထိုက်တဲ့အရာကို ချက်ချင်းဆုံးဖြတ်ချက်ချပြီးလုပ်နိုင်တဲ့သူဟာ လူတော်ပါပဲ…. တကယ်လို့အဲဒီလုပ်သင့်လုပ်ထိုက်တဲ့အရာက အကောင်းဆုံးမဟုတ်ရင်တောင်မှ အဆုံးဝါးဆုံးအရာဖြစ်နေရင်ကော သင်ဘာကိုရွေးချယ်မလဲ… အရေးကြီးတဲ့အရာကိုလုပ်ဖို့ အဆုံးဝါးဆုံးအရာကိုရွေးချယ်မလား…. ဒါမှမဟုတ် ပုံမှန်သဘာဝအတိုင်းပဲရင်ဆိုင်ဖို့ ကြိုးစားမလား… ဒီဇာတ်လမ်းကိုကြည့်ရအောင်ပါ….ဒီဇာတ်လမ်းလေးဟာ ၁၉၈၇ ခုနှစ်က ထွက်ရှိထားတဲ့ Dracula ဆိုတဲ့ဝတ္တုကိုအခြေခံပြီးတော့ ပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်… တိုင်းပြည်တစ်ပြည်ရဲ့ မင်းသားဘလက်ဟာ တူရကီနိုင်ငံရဲ့လက်အောက်ခံကျွန်ဘဝကနေလွတ်မြောက်လာခဲ့ပြီး တိုင်းပြည်ရဲ့ဘုရင်တစ်ပါးဖြစ်လာခဲ့ပါတယ်… စစ်ဆင်ရေးတစ်ခုမှာ မင်းသားဘလက်နဲ့သူ့ရဲ့စစ်သားတွေဟာ တူရကီတွေကိုလိုက်လံခြေမှုန်းရာကနေ ဂူတစ်ခုမှာ သွေးစုပ်ဖုတ်ကောင်တစ်ကောင်ရဲ့ တိုက်ခိုက်ခြင်းခံခဲ့ရပါတယ်… သူ့ရဲ့စစ်သားအားလုံးသေပြီးတော့ သူတစ်ယောက်တည်းသာလွတ်မြောက်လာခဲ့ပါတယ်… တစ်နေ့ ဘလက်ဟာ သူ့ရဲ့သားနဲ့ဇနီးနဲ့အတူ Dracula နန်းတော်မှာ စားသောက်ပွဲကျင်းပနေတဲ့အချိန် တူရကီစစ်တပ်များရောက်လာပြီးတော့ ယောကျ်ားလေးအယောက် ၁၀၀၀ ကိုသူတို့စစ်တပ်အတွက်တောင်းဆိုခဲ့ပါတယ်.. ငယ်သားတွေကိုကြင်နာတဲ့ ဘလက်ဟာ လူတွေအစားငွေတွေကိုပေးဖို့ကမ်းလှမ်းခဲ့ပေမယ့်လည်းမအောင်မြင်ခဲ့ပါဘူး…ဒါကြောင့် တူရကီတွေဟာသူတို့တိုင်းပြည်ကို စစ်တိုက်ဖို့ပြင်လာပါတော့တယ်… တကယ်တမ်း စစ်တိုက်ဖို့အတွက် တူရကီတွေနဲ့ယှဉ်လာရင် သူတို့ဟာအင်အားမမျှခဲ့ပါဘူး…ဒါကြောင့်ကျူးကျော်လာတဲ့ အင်အားကြီးတဲ့တူရကီတွေကိုပြန်လည်တုန့်ပြန်ဖို့ အင်အားတွေကိုလိုလာခဲ့ပါတယ်… မင်းသားဘလက်ဟာ သူ့တိုင်းပြည်အတွက်ဆုံးဖြတ်ပြီး သူတို့ကိုတိုက်ခိုက်ခဲ့တဲ့ သွေးစုပ်ဖုတ်ကောင်ဆီကနေ အကူညီတောင်းခံခဲ့ပါတယ်…ဒါကြောင့် သွေးစုပ်ဖုတ်ကောင်ဟာ သူ့ကိုအင်အားကြီးမားတဲ့ Dracula အဖြစ် ၃ ရက်ရှင်သန်စေခဲ့ပါတယ်…ထို ၃ ရက်အတွင်းမှာ လူသားရဲ့သွေးကိုမသောက်ပဲနေနိုင်မှ ဘလက်ဟာ လူသားပြန်ဖြစ်မှာပဲဖြစ်ပါတယ်…တကယ်လို့သာ လူသားရဲ့သွေးကိုသောက်မိရင်တော့ သူတစ်သက်လုံး Dracula အဖြစ်နဲ့ရှင်သန်သွားရတော့မှာပဲဖြစ်ပါတယ်…. ဒီလိုအပေးယူတဲ့ပြီးတဲ့နောက်မှာတော့ ဘလက်တစ်ယောက်ဘာတွေဖြစ်လာနိုင်မလဲ… အင်အားကြီးမားလှတဲ့ တူရကီတပ်ကြီးကို သူရင်ဆိုင်နိုင်မလား…. သွေးစုပ်ဖုတ်ကောင်တစ်ကောင်ဖြစ်နေပြီဖြစ်တဲ့ ဘလက်ဟာလူသွေးမသောက်ပဲတကယ်ကောနေနိုင်မှာလား…. စိတ်ဝင်စားစွာနဲ့ကြည့်ရမယ့် ဇာတ်ကားကောင်းတစ်ကားဆိုရင်မမှားပါဘူး….

Romance • Drama
6.3 2014 92 mins
Dracula Untold
Kuroneko
7.7

Kuroneko (1968) ~ IMDb – 7.7/10, Rotten Tomatoes – 96% ~ Kuroneko ခေါ် The Black Cat ဟာ တိုဟိုက ထုတ်ခဲ့တဲ့ တိုဟိုကို ဂုဏ်တင်ပေးခဲ့တဲ့ ရုပ်ရှင်တွေထဲ ပါခဲ့တယ်။ အဖြူအမဲကားကိုမှ တိုဟိုစကုတ်ဖော်မတ်နဲ့ ရိုက်ထားတယ်။ အဖြူအမဲကားဆိုပေမဲ့ မြင်ကွင်းအပြည့်ရတဲ့ ဖရိန်နဲ့ပဲ ရိုက်ထားတယ်။ ကာလာနဲ့ကားတွေလည်း ဂျပန်မှာရှိနေတာ ဆယ်စုနှစ်နှစ်ခုလောက်ကြာပြီဖြစ်တဲ့ ကာလပေမဲ့ အဖြူအမည်းနဲ့ပဲ ချထားတယ်။ ကောင်းတော့လည်းကောင်းပါတယ်။ သူ့အပြတွေဟာ အဖြူအမည်းနဲ့မှာ Composition နဲ့ Tone က အသေကြည့်ကောင်းတယ်။ ကူရိုဆာဝါရဲ့ Rashomon ကထက် အပြတွေက ကြည့်ကောင်းခဲ့တယ်။ ဇာတ်ကတော့ ဂျပန်မြေရှင်ပဒေသရာဇ်ခေတ်မှာ ဇာတ်အိမ်တည်ထားတယ်။ စစ်နယ်ရှင်တွေ တိုက်ပွဲတွေကြမ်းနေခဲ့တဲ့ ခေတ်ပဲ။ ဆာမူရိုင်းတွေ ကြီးစိုးခဲ့တဲ့ ခေတ်ပေါ့။ ဒီကာလမှာ ဆာမူရိုင်းတွေက တော်တော်လေး အာဏာကြီးခဲ့သလို ဘာလုပ်လုပ်တင့်တယ်နေခဲ့တယ်။ စစ်အတွက် လယ်သမားတွေကို အတင်းစစ်ထဲခေါ်ကြတာတွေလည်းရှိခဲ့တယ်။ ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်တွေက ဝါးတောအုပ်နားမှာ အိမ်လေးတစ်အိမ်ဆောက်ပြီးနေ အဲဒီနားမှာ လယ်စိုက်ယာစိုက်နေနေရင်း အေးအေးချမ်းချမ်းနေခဲ့တဲ့ မိသားစုတစ်စု။ အမေရယ် သားရယ် ချွေးမရယ် အတူတူနေကြတယ်။ တစ်နေ့မှာ သား ယာလုပ်နေတုန်း တပ်သားတွေရောက်လာပြီး လက်ကထည်တုံးမချရသေးခင်ပဲ တိုက်ပွဲထဲဝင်ဖို့ အတင်းဆွဲခေါ်သွားခဲ့တယ်။ မိန်းမနဲ့မအေကို ပြန်တွေ့ချင်တဲ့စိတ်နဲ့ တိုက်ပွဲမှာ အသက်မဆုံးချင်တဲ့စိတ်နဲ့ ကျားကုတ်ကျားခဲတိုက်ရင်းခိုက်ရင်း အသေအကြေများတဲ့ တိုက်ပွဲကြီးတစ်ပွဲကနေ တစ်ယောက်တည်းသောရှင်ကျန်သူအဖြစ် သူပြန်လာခဲ့တယ်။ ဆာမူရိုင်းခေါင်းဆောင်က သူ့ကို ဆာမူရိုင်းအဖြစ်ချီးမြောက်ပြီး ဘွဲ့တွေပါပေးခဲ့တဲ့နောက် သားရွှေထီးဆောင်းပြီး အိမ်ကိုပြန်လာခဲ့တယ်။ ဒါပေမဲ့ ဝါးတောတစ်ဖက်က သူ့အိမ်လေးဆီ သူရောက်တဲ့အခါ ပြာပုံအတိပဲ ကျန်ခဲ့တာ သူတွေ့လိုက်ရတယ်။ သူ့မိန်းမနဲ့ အမေ ဘယ်ရောက်လို့ ဘယ်ပေါက်သွားမှန်း သူမသိရတော့ဘူး။ ဒီလိုနဲ့ မြို့ကို ပြန်လာတဲ့အခါ ဆာမူရိုင်းခေါင်းဆောင်က သူ့ကို သူအိမ်ရှိခဲ့တဲ့ဝါးတောနေရာမှာ မိစ္ဆာတစ်ကောင်သောင်းကျန်းနေကြောင်း။ အဲဒီနားကဖြတ်လာတဲ့ ဆာမူရိုင်းတွေ တစ်ယောက်ပြီးတစ်ယောက် အသတ်ခံနေရကြောင်း ဧကရာဇ်က ဒီကိစ္စကိုဖြေရှင်းခိုင်းနေကြောင်းပြောပြီး သူ့ကို အဲဒီမိစ္ဆာကို သုတ်သင်ဖို့ လွှတ်လိုက်တယ်။ ဝါးတောထဲက မိစ္ဆာကို သူသုတ်သင်နိုင်မလား… သူ့အမေနဲ့ မိန်းမကိုရော ဒီမိစ္ဆာကပဲ တစ်ခုခုလုပ်လိုက်တာလား… ဆက်မြင်ရလိမ့်မယ်။ ကလပ်စစ်ဟော်ရာစာရင်းဝင်ရုပ်ရှင်ပေမဲ့ ဒီရုပ်ရှင်ရဲ့ ကြောက်ဖို့ကောင်းခြင်းမကောင်းခြင်းဆိုတာထက် ဇာတ်ရဲ့ ဆွဲဆောင်မှုနဲ့ စီနီမာတိုလှပမှုကိုပဲ ပိုအားထားရမယ့် ကားလို့ပဲ မှတ်ရလိမ့်မယ်။ ဘာပြောပြော Kuroneko ဟာ ဂျပန်ရိုးရာသရဲဇာတ်လမ်းတစ်ခုကို လှလှပပ အသက်သွင်းနိုင်ခဲ့ပါတယ်။ နှောင်းပိုင်း တရုတ်တို့ဘာတို့မှာလည်း ဒီလိုဇာတ်မျိုးတွေကို အသက်သွင်းခဲ့ကြသေးပေမဲ့ Kuroneko ကတော့ ခေတ်ရဲ့တိုက်စားမှုကို ခံနိုင်ခဲ့တဲ့ ရုပ်ရှင်တစ်ကားအဖြစ် မှတ်ကျောက်တင်နိုင်ခဲ့တယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 735MB Quality – 1080p, 720p IMDb Rating – 7.7/10 Format – mp4 Duration – 1H 39Min Genre – Drama, Horror Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.7 1968
Kuroneko
My Boyfriends’ Dogs
5.8

My Boyfriends’ Dogs [2014] ( IMDb 5.8/10 ) မိုးသည်းတဲ့ ညတစ်ညမှာ ဘေလီတစ်ယောက် ပိတ်နေပြီဖြစ်တဲ့ ဆိုင်တစ်ဆိုင်အတွင်းကို ခွေးသုံးကောင်ရယ် မင်္ဂလာ‌ဆောင်ဂါဝန်ကြီး ဝတ်လျက်သားရယ်နဲ့ ဝင်ရောက်လာခဲ့ပါတယ်… စပ်စုလိုတဲ့ ဆိုင်ရှင်လင်မယားဟာ ဘေလီ့ကို မင်္ဂလာပွဲပျက်လို့ ထွက်ပြေးလာတယ်လို့ပဲ ထင်မှတ်ပြီး ဇာတ်ကြောင်းကို ရှင်းပြဖို့ တိုက်တွန်းပါတော့တယ်… ဒီလိုနဲ့ ခွေးသိပ်ချစ်တဲ့ ဘေလီလည်း သူ့ရဲ့ ဖြစ်ကြောင်းကုန်စင်ကို စတင်ရှင်းပြပါတော့တယ်… အိမ်အသစ်ကို စတင်ပြောင်းရွှေ့ရာကနေ အစပြုခဲ့တဲ့ သူ့ရဲ့အချစ်ဇာတ်လမ်းတွေဟာ ဘယ်နည်းဘယ်ပုံနဲ့ အဆုံးသတ်သွားပြီး အခုလို မင်္ဂလာဆောင်ဂါဝန်တကားကားနဲ့ မိုးရေထဲ ပြေးလွှားနေရတဲ့ အဖြစ်ကို ရောက်သွားရလဲဆိုတာ တစ်ဆင့်ချင်းစီ ကြည့်ရှုသွားရမှာပဲ ဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။ Genre….. Drama, Family, Romance Quality…. 1080p | 720p File size… 1.4GB | 686MB Format… mp4 Duration…. 1h 24min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Tun Aung Kyaw Encoder ….. Aaron

5.8 2014
My Boyfriends’ Dogs
Batman Unlimited: Animal Instincts
5.7

Batman Unlimited: Animal Instincts (2015) IMDb: 5.7/10 Rotten Tomatoes: 77% Genre: Animation/Action/Adventure Batman Unlimited: Animal Instincts ဟာ Batman Unlimited Series ရဲ့ပထမဦးဆုံးဇာတ်လမ်း ဖြစ်ပါတယ်။ အတော်လေးလည်းကြည့်ကောင်းတဲ့ဇာတ်လမ်းတစ်ခုလည်းဖြစ်ပါတယ်။ ဇာတ်ညွှန်း “Midas Heart” လို့ခေါ်တဲ့ဂြိုလ်သိမ်တစ်ခု ကမ္ဘာကြီးကိုနောက် ၃ ရက်နေရင်ဖြတ်သွားပါတော့မယ်။ အဆိုပါဂြိုလ်သိမ်ရဲ့ ထူးခြားချက်ကတော့ အလယ်မှာရွှေတွေပါလာတာဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ဂေါ့သမ်မြို့မှာ ဓားပြမှုတွေဖြစ်နေပါတယ်။ ဓားပြမှုတွေဖြစ်လာတာကြောင့် ဘတ်မန်းတို့အုပ်စုကလိုက်ရှင်းနေရပါတယ်။ ထူးဆန်းတာက ဓားပြတိုက်တဲ့လူတွေအအကုန်လုံးက Killer Croc, Cheetah, Silverback တို့ဖြစ်ပြီး အကုန်လုံးက တိရိစ္ဆာန်တွေနဲ့ဆက်နွယ်နေတဲ့ ဗီလိန်တွေဖြစ်ပါတယ်။ အားလုံးရဲ့နောက်ကွယ်မှာတော့ ပင်ဂွင်းရှိနေပါတယ်။ သူတို့ကို Batman, Green Arrow, Robin, Nightwing, Flash တို့ကဘယ်လိုများတားဆီးမှာလဲ ။ ပင်ဂွင်းရဲ့အကြံအစည်ကဘာများလဲ။ File size… 1.1 GB / 551 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 18m Genre ….. Animation/Action/Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Lucifer Maximoff

Thriller • Horror
5.7 2015 78 mins
Batman Unlimited: Animal Instincts
Tum Mile
5.5

Tum Mile (2009) Emraan Hashmi နဲ့ Soha Ali Khan တို့ရဲ့ Romance/Drama ဇာတ်ကားလေး တစ်ကား ဖြစ်ပါတယ်။ မိုးလေဝသ စောင့်ကြည့်ရေး ဌာနမှ ဝန်ထမ်းတစ်ဦးက မိုးသက်လေပြင်း ကျတော့မယ့် အရိပ်အကဲတွေ့တဲ့အတွက်ကြောင့် လေယာဥ်ကွင်းကို အကြောင်းကြားဖို့ လုပ်ပါတယ်။ ဒါပေမဲ့ တစ်ခြားဝန်ထမ်းတွေက အကြောင်းကြားလည်း ဘာမှ ထူးမှာမဟုတ်ကြောင်း ပြောတာကြောင့် ဒီအတိုင်းပဲထားလိုက်ပါတယ်။ လေယာဥ်ထဲမှာ မွန်ဘိုင်းကိုပြန်ကြမယ့် အက်ရှေးနဲ့ စန်ဂျနာ တို့ ပါလာပါတယ်။ အက်ရှေးနဲ့ စန်ဂျနာက လွန်ခဲ့တဲ့ ၆ နှစ်က ချစ်သူတွေဖြစ်ခဲ့ကြပြီး အကြောင်းအမျိုးမျိုးကြောင့် ပြတ်စဲသွားတဲ့ ချစ်သူဟောင်းတွေပေါ့… သူတို့ရဲ့အချစ် ဇာတ်လမ်း အသစ်တဖန် ပြန်လည် စတင်လာမှာလား…… သူတို့ ဘာကြောင့်ကွဲကွာ သွားခဲ့ကြတာလဲ….. မုန်တိုင်း ဒဏ်ကနေ ဘယ်လို ရှောင်ထွက်ကြမှာလဲ…. ဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှုပေးကြပါလို့ ပြောကြားရင်း….. (ဘာသာပြန်သူကတော့ Thaik San ပဲဖြစ်ပါတယ်…) File Size : 2.17GB/ 960MB Quality : WEB-DL 1080p 5.1 CH/ WEB-DL 720p Format…mp4 Duration…02:10:00 Genre : Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Thaik San Encoded by Tiff

5.5 2019 134 mins
Tum Mile
The Gardener’s Year Zahradníkuv rok
6.4

The Gardener’s Year (2024) Zahradníkuv rok IMDb Rating (6.4) ဥယျာဥ်မှူးကြီးတစ်ယောက်နဲ့မိန်းမဖြစ်သူဟာ ဥယျာဥ်စိုက်ပျိုး,မွေးမြူရေးလုပ်ရင်း ဘဝကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြတ်သန်းနေခဲ့ကြပါတယ်။ ဒီလိုနဲ့တစ်ရက်မှာတော့ သူတို့ရဲ့အနီးတဝိုက်က သမိုင်းဝင်ရဲတိုက်ကို ပြန်လည်ပြုပြင်ချင်တဲ့ပိုင်ရှင်တစ်ယောက်က ဥယျာဥ်မှူးတို့ကိုငွေပေးပြီး နေရာဖယ်ပေးဖို့ပြောလာတာကနေအစပြုပြီး သူတို့ရဲ့ငြိမ်သက်နေတဲ့ဘဝလေးဟာ လှုပ်ခတ်စပြုလာပါတော့တယ်။ မသမာတဲ့နည်းလမ်းတွေအမျိူးမျိုးနဲ့သူ့ဥယျာဥ်ကိုဖျက်ဆီးတာခံရတဲ့အခါ.. ဒီဇာတ်ကားမှာ ဥယျာဥ်မှူးတစ်ယောက်ရဲ့ သီးနှံစိုက်ခင်းဥယျာဥ်ကိုချစ်မြတ်နိုးပုံကို main character ရဲ့ silent performance တွေကနေတဆင့် မြင်သာအောင် ရိုက်ပြထားပါတယ်။ ဒါ့အပြင် ချက်ဇ်နိုင်ငံလူ့အဖွဲ့အစည်းရဲ့ အစိုးရပိုင်းဆိုင်ရာတွေဟာ ယုံစားမရပုံတွေကိုပါထည့်သွင်းဖော်ပြထားပါတယ် ခံစားကြည့်ရှုလိုက်ကြပါအုံးနော်.. (အညွှန်းနဲ့ဘာသာပြန်ကတော့ Shwe Eain Si ဖြစ်ပါတယ်။) File size…(2.5 GB) / (1.2 GB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Drama Duration….01:39:12 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Shwe Eain Si

6.4 2024 104 mins
The Gardener’s Year Zahradníkuv rok
Simon Birch
6.8

Simon Birch (1998) IMDb Rating (6.8) / Rotten Tomatoes (44%) 1998ခုနှစ်မှာထွက်ရှိခဲ့တဲ့ “ Simon Birch “ ရုပ်ရှင်ဟာဆိုရင်ဖြင့် ဂန္တဝင်စာရေးဆရာကြီး “ John Irving “ ရေးသားထုတ်ဝေခဲ့သော စာအုပ် တစ်အုပ်ဖြစ်တဲ့ 1989ခုနှစ်ထုတ် “ A Prayer For Owen Meany “ ဆိုတဲ့ဝတ္ထုစာအုပ်ကို ပြန်လည်အသက်သွင်းထားခဲ့တဲ့ရုပ်ရှင်တစ်ပုဒ်ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဂျိုး နဲ့ ဆိုင်မွန်ဘာ့ချ်တို့ဟာ လူတောမတိုးသော်ငြား စွယ်တော်ရွက်ကလေးလို အမြဲတူယှဉ်မခွဲမခွာဖြင့် အရမ်းကိုချစ်ကြတဲ့သူငယ်ချင်းနှစ်ယောက်ပါ။ ဆိုင်မွန်ကတော့ မွေးရာပါလူကောင်ပိစိလေးအဖြစ်မွေးလာခဲ့လို့ ကျန်းမာရေးလည်းချူချာရှာသလို မြို့ထဲကလူတွေကလည်း သူ့ရဲ့အရွယ်အစားကြောင့် သူ့ကိုလူထူးလူဆန်းလို့ပဲ မြင်နေကြတာကို အသက်ငယ်ငယ်လေးနဲ့ခါးစည်းခံနေရသူတစ်ယောက်ပါ။ ဂျိုးဟာလည်း မြို့ထဲကလူတွေဆီကနေ အဖေမပေါ်ဘဲမွေးတဲ့ကောင်ဆိုပြီး နောက်ပြောင်ခံနေရသူတစ်ယောက်ပါ။ ဒါကြောင့် မထုံတတ်သေး လူတောမတိုးတဲ့သူငယ်ချင်းနှစ်ယောက် ဘယ်လိုတောင်အတွဲညီညီနဲ့ရောသမမွှေကြမလဲဆိုတာကို ကြည်နူးစွာ ကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ ဒါရိုက်တာ Mark Steven Johnson ရဲ့ပွဲဦးထွက်လက်ရာလည်းဖြစ်သလို ဆိုင်မွန်အဖြစ် former child actor တစ်ယောက်လည်းဖြစ်တဲ့ Ian Michael Smith အပြင် Bohemian Rhapsody / The Social Network /Jurassic Park စတဲ့နာမည်ကြီးရုပ်ရှင်တွေမှာပါဝင်ခဲ့တဲ့ Joseph Mazzello ဟာလည်း ဂျိုးရဲ့ငယ်ဘဝမှာပါဝင်အားဖြည့်ပေးထားပြီး ဂန္တဝင်မင်းသားကြီး Jim Carrey ကလည်း ဂျိုးရဲ့လူကြီးဗာရှင်းအဖြစ်နောက်ကြောင်းပြန်ပေးရုံသာမက တစ်စိတ်တစ်ပိုင်းလည်းပါဝင်ပေးထားလို့ cast မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ကြည့်ရှုခံစားနိုင်မှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Myat Noe Ya Mone ဖြစ်ပါတယ်။) File size…(2.7 GB) / (1.3 GB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Drama,Family Duration….01:54:30 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Myat Noe Ya Mone

Comedy • Crime
6.8 1998 114 mins
Simon Birch