YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Why Did You Come To My House (2009) WEB-DL 720p [CM].mp4

729.05 MB 720p video/mp4 96 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Dear Zindagi
7.1

Dear Zindagi (or) The Best Bollywood Movie in 2016 နေ့စဉ်ဓူဝ ရုန်းကန်လှုပ်ရှားနေရတဲ့ လူ့ဘဝကြီးထဲမှာ အောင်မြင်သောဘဝကိုရရှိဖို့အခက်အခဲမျိုးစုံကို ဖြတ်သန်းနေရပါတယ်။ မအောင်မြင်ခင်မှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကိုရင်ဆိုင်ကျော်လွှားဖို့ မိဘနဲ့ မိမိရဲ့ အရင်းအနှီးဆုံးသူငယ်ချင်းတွေရဲ့ အားပေးကူညီမှုတွေကိုလိုအပ်ပါတယ်။ သူတို့ရဲ့ ကူညီမှုသာမပါရင် ကျော်ဖြတ်ဖို့ တော်တော်လေးပင်ပန်းခက်ခဲမှာပါ။ မိတ်ဆွေကောင်းတွေရဲ့ အကြံဉာဏ်တွေက ကျွန်တော့်တို့ရှေ့ဆက်လျှောက်လှမ်းရမယ့် ဘဝအတွက်တော့ အကောင်းဆုံးခွန်အားပါပဲ။ Kaira (Alia Bhatt) က အရည်အချင်းရှိတဲ့ Cinematographer တစ်ယောက်ဖြစ်ပြီး သူမရဲ့ဘဝကို ဒီထက်အောင်မြင်မှုရဖို့ကြိုးစားနေသူပါ။ ဒါပေမဲ့ နှလုံးသားရေးမှာတော့ ကံမကောင်းသေးပါဘူး။ သူမနဲ့ ကိုက်ညီတဲ့ စစ်မှန်တဲ့ အချစ်စစ်ကိုရှာဖွေနေတုန်းမှာပဲ အသည်းကွဲခံလိုက်ရပါတယ်။ Goa မှာရှိတဲ့ စားသောက်ဆိုင်ကြော်ငြာရိုက်ဖို့အတွက် မွေးရက်မြေကို ပြန်ဖို့ဖြစ်လာသောအခါ စိတ်ဓာတ်ကျပြီး ရည်မှန်းချက်ပျောက်နေတဲ့ Kaira တစ်ယောက် စိတ်ရောဂါအထူးကုဆရာဝန်ဖြစ်တဲ့ Dr. Jehangir Khan (Shah Rukh Khan) ရဲ့ ဟောပြောမှုကိုနားထောင်ဖြစ်ခဲ့ပါတယ်။ ပြီးတော့ သူမရဲ့ဖြစ်ပျက်နေတဲ့ စိတ်ပျက်မှုကိုပပျောက်ဖို့အတွက် Dr.Jug နဲ့တွေ့ဆုံဖို့ဖြစ်လာပါတော့တယ်။ ပုံမှန်သမာရိုးကျမဟုတ်တဲ့ ကုသမှုတွေနဲ့ Kiara ရဲ့ အတိတ်ဘဝ၊လက်ရှိကြုံနေရတဲ့ အခက်အခဲတွေကို ဖြေရှင်းပေးတဲ့အခါ Dear Zindagi ဆိုတဲ့ လှပတဲ့ ရုပ်ရှင်တစ်ကားဖြစ်လာပါတော့တယ်။ ဒီဇာတ်ကားနဲ့ပတ်သတ်ပြီး ပထမဆုံးချီးကျူးလိုတာကတော့ ဇာတ်ကားကို ရိုက်ကူးတဲ့ အမျိုးသမီး ဒါရိုက်တာဖြစ်တဲ့ Gauri Shinde ရဲ့ ရိုက်ကူးမှုပါပဲ။မြန်မာပရိသတ်တွေတော်တော်သဘောကျတဲ့ ပေါက်ကားဖြစ်တဲ့ အမေရိကန်ရောက် အင်ဒီယန်းအမျိုးသမီးရဲ့ အင်္ဂလိပ်စာသင်ယူမှု အကြောင်းရိုက်ကူးထားတဲ့ English Vinglish ဇာတ်ကားကို ရိုက်ကူးထားတဲ့သူပါ။ဝင်ငွေပိုင်းအရအောင်မြင်သလို အနုပညာအရလည်းဆုပေါင်းများစွာရရှိခဲ့တဲ့ကားကို ရိုက်ကူးခဲ့တဲ့သူမအနေနဲ့ ယခုဇာတ်ကားအပါအဝင် ဇာတ်ကားနှစ်ကားပဲရိုက်ကူးထားရပါသေးတယ်။တကယ်ကိုပဲ ချီးကျူးဖို့ကောင်းသလို ရိုက်ကူးတဲ့ဇာတ်ကားနှစ်ကားလုံးကအရမ်းကိုကောင်းမွန်သလို ဝင်ငွေပိုင်းမှာလည်း အောင်မြင်ခဲ့ပါတယ်။ အမျိုးသမီးဒါရိုက်တာဖြစ်တာနဲ့အညီ သူမရဲ့ဇာတ်ကားတွေမှာ အမျိုးသမီးဇာတ်ကောင်ကို အဓိကထားရိုက်သလို ဒီဇာတ်ကားရဲ့ အဓိကသရုပ်ဆောင်က မင်းသမီး Alia Bhatt ဖြစ်ပါတယ်။ နောက်ပိုင်းတက်သစ်စမင်းသမီးတွေထဲမှာ သရုပ်ဆောင်ကောင်းတဲ့ Alia အတွက်တော့ ဒီဇာတ်ကားက သူမရဲ့သရုပ်ဆောင်ဘဝကို တစ်ဆင့်တက်စေတဲ့ ဇာတ်ကားပါပဲ။ လုပ်ကွက်ရတာနဲ့အညီအကောင်းဆုံးသရုပ်ဆောင်သွားတဲ့ Alia ကတော့ ဒီနှစ်ဆုပေးပွဲတွေရဲ့အဓိကသရုပ်ဆောင်ဆုတွေမှာ ရေပန်းစားနေပါသည်။ မင်းသမီးရဲ့အဓိကဦးဆောင်တဲ့ဇာတ်ဖြစ်ပေမယ့် Dear Zindagi ဆိုတဲ့ ဇာတ်ကားရဲ့ အသက်ကိုသွင်းပေးတဲ့သူကတော့ Dr.Jug အဖြစ်သရုပ်ဆောင်တဲ့ အားလုံးချစ်တဲ့မင်းသားကြီး Shah Rukh Khan(SRK) ပဲဖြစ်ပါတယ်။ဒီဇာတ်လမ်းအသက်ဖြစ်တဲ့ အရမ်းကောင်းမွန်တဲ့ စိတ်ပညာနဲ့ပတ်သတ်တဲ့ ရှင်းလင်းချက်တွေကို လွယ်ကူစွာနားလည်နိုင်စေရန် ဥပမာပေးပြီး အရေးကြီးတဲ့ ဘဝနဲ့ဆိုင်တဲ့ ဒသနတွေကို ပြောပြခဲ့တဲ့ SRK ရဲ့ဇာတ်ရုပ်က တော်တော်လေးကောင်းမွန်ပါတယ်။ မင်းသားရဲ့ ပြောစရာမလိုတဲ့ သရုပ်ဆောင်မှုတွေပေါင်းစပ်လိုက်တဲ့ အခါမှာတော့ Dr.Jug ဆိုတဲ့ဇာတ်ကောင်က ကျွန်တော်ရဲ့အကောင်းဆုံးမိတ်ဆွေဖြစ်လာပါတော့တယ်။ ဒီဘက်နှစ်တွေမှာ Bollywood မဆန်တဲ့ ရုပ်ရှင်ကားတွေရိုက်ကူးလာတဲ့ မင်းသားရဲ့ပြောင်းလဲမှုကို သက်သေပြုတဲ့ ဒီဇာတ်ကားက ပုံမှန် Bollywood ဇာတ်ကားကနေအများကြီးခွဲထွက်ထားပါတယ်။ မြန်မာနိုင်ငံနဲ့ တော်တော်လေးဆင်ပြီး အရမ်းလှတဲ့ ဂိုအာမြို့မှာအခြေပြုရိုက်ကူးထားတဲ့ ဒီဇာတ်ကားက ပုံမှန်ဖြစ်နေတဲ့ အုပ်စုဖွဲ့ဝိုင်းကတဲ့ သီချင်းခန်းတွေမပါသလို ယုတ္ထိမရှိတဲ့ fight scence လည်း မပါဝင်ပါဘူး။ ဇာတ်ကားနဲ့အရမ်းလိုက်ဖက်သလို အရမ်းကို အဓိပ္ပါယ်ရှိပြီးကောင်းလွန်းတဲ့ နောက်ခံဇာတ်ဝင်သီချင်းတွေသာပါဝင်ပါတယ်။ တော်တော်များလည်းအကြိုက်တွေ့မယ် ထင်ပါတယ်။ဒီလိုသီချင်းပုံစံမျိုးသုံးတာကတော့ ဒါရိုက်တာ Gauri Shinde ရဲ့ စတိုင်လို့ပြောရသလို အရမ်းလည်းမိုက်ပါတယ်။ ရိုက်ကူးထားတာကလည်းလှပသလို မင်းသမီးရဲ့ချစ်စဖွယ်အလှလည်းပေါ်လွင်ပါတယ်။ ဘာမှနည်းပညာဆန်းသစ်မှုမပါပဲ ဘတ်ဂျက်အနည်းငယ်သာကုန်ပြီး ရိုက်ကူးထားတဲ့ ဒီဇာတ်ကားက ရုံတင်ပြီးသုံးရက်အတွင်းမှာပဲ ရိုက်ကူးစရိတ်ကျေပြီး အခုဆိုရင်အမြတ်များစွားရနေပြီဖြစ်ပါတယ်။ ရုပ်ရှင်ကားတစ်ကားရဲ့ အသက်ဖြစ်တဲ့ ဇာတ်ညွှန်းကောင်းမှုနဲ့ သရုပ်ဆောင်တွေရဲ့ အသက်ဝင်တဲ့သရုပ်ဆောင်မှုတွေက ဒီဇာတ်ကားကို အောင်မြင်မှုကိုတွန်းပို့စေပါတယ်။ဒီနေရာတစ်ခုတွေးမိတာ နည်းပညာမတိုးတက်လို့ ရုပ်ရှင်ကားမကောင်းဘူးပြောနေတဲ့ သူတစ်ချို့ကိုသတိရမိပါသေးတယ်။ သူတို့ကို ဒီဇာတ်ကားလေးကို တစ်ခါလောက်ကြည့်ဖို့တိုက်တွန်းချင်ပါသေးတယ်။ ပထမဆုံးပြောခဲ့သလိုပဲ အခက်အခဲတွေနဲ့ကြုံတဲ့အခါ မိတ်ဆွေကောင်းတွေရဲ့ အားပေးလမ်းညွန်မှုက အရေးပါလှပါတယ်။Kiara ကို စိတ်ဓာတ်ခွန်အားဖြစ်စေမယ့် စကားတွေကိုပြောခဲ့တဲ့ Dr.Jug ရဲ့ စကားလုံးတိုင်းက အရမ်းကောင်းပါတယ်။ကျွန်တော်ရေးပြရင် ပေါ့သွာသလိုဖြစ်သွားမှာတာကြောင့် သူငယ်ချင်းတွေကိုတိုင် ကြည့်ရှုပြီးခံစားစေချင်ပါတယ်။တကယ်ကို အဖိုးတန်တဲ့စကားတွေဖြစ်သလို ကျွန်တော်တို့အတွက်တွန်းအားတစ်ခုရစေမှာပါ။စိတ်ဓာတ်ကျနေတဲ့သူတွေ၊တွန်းအားတစ်ခုလိုချင်တဲ့သူတွေ၊ မိတ်ဆွေကောင်းတစ်ယောက်လိုချင်တဲ့သူတွေကိုတော့ ဒီဇာတ်ကားကို မလွတ်တမ်းကြည့်ဖို့ တိုက်တွန်းလိုပါတယ်။ အချိန် ၂နာရီခွဲအတွင်းမှာပဲ ပေးလိုက်ရတဲ့အချိန်ထက် ပိုတန်တဲ့ ထိုက်တန်မှုကိုရရှိမယ်ဆိုတာကတော့ ရဲရဲကြီးအာမခံပါတယ်။ ဒီဇာတ်ကားလေးကိုကြည့်ပြီး ကျွန်တော်တို့ရဲ့ ဘဝနေနည်းအတွက် Dr.Jug ရဲ့ အကူအညီကိုယူပြီး အသုံးချလိုက်ရအောင်လားခင်ဗျာ...... (ရုပ်ရှင်အညွှန်းကို MMDB Fb Page မှ ကူးယူဖော်ပြပါသည်။) File size…(3.2 GB)/ (1.3 GB) Quality….BluRay 1080p HEVC/720p Format…mkv/mp4 Duration….02:30:00 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by Thaik San

Crime • Drama • Mystery
7.1 2016 151 mins
Dear Zindagi
Creed
7.4

Rocky IV မှာ သေဆုံးခဲ့တဲ့ Apollo Creed ရဲ့သားဖြစ်သူ Adonis Creed အကြောင်းဖြစ်ပြီး၊ ရော့ကီ က သူ့သူငယ်ချင်းရဲ့သားဖြစ်သူကို လက်ဝှေ့ပညာလေ့ကျင့်သင်ကြားပေးပြီး အောင်မြင်မှုရအောင်ကူညီ ပေးတဲ့အကြောင်းကို ဇာတ်လမ်းဆင်ထားတာဖြစ်ပါတယ်။ လက်ဝှေ့ ဆိုတာ အခြားအားကစားနည်းတွေလိုမျိုးမဟုတ်ပါဘူး။ ချွေးထွက်များမှ သွေးထွက်နည်းမယ်။ အနာခံမှ အသာစံရပါမယ်။ လေ့ကျင့်မှုကောင်းဖို့ လိုသလို ကြိုးဝိုင်းထဲမှာလဲ ဇွဲနပဲကောင်းဖို့လိုပါတယ်။ ဒီကားမှာ လက်ဝှေ့သမားတစ်ယောက်ရဲ့ကြံ့ခိုင်မှု၊ စိတ်ဓာတ်မာကျောမှု တို့ကိုပေါ်လွင်အောင်ရိုက်ပြထားနိုင်တာကြောင့် သင်ဟာ လက်ဝှေ့ဝါသနာ ပါသူ မဟုတ်လင့်ကစားဒီကားကို သဘောကျသွားနိုင်ပါတယ်။ အော်စကာ ဆုအတွက် ဇကာတင်စာရင်းဝင်ခဲ့တဲ့ဇာတ်ကားဖြစ်သလို IMDB Rating ကလဲ7.6/10 ဖြစ်တာကြောင့်သင်ဟာ လက်ဝှေ့ဝါသနာပါသူ၊ Rocky ကားတွေ ကြိုက်နှစ်သက်သူဆိုရင်တော့ ဒီကားကိုလုံးဝကြည့်သင့်ပါတယ်လို့ အကြံပြုပါရစေ။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုဟိန်းမင်းထွန်းပါ) File Size : (950 MB)  Quality : Blu-Ray 720p Running Time : 2hr 13min Format : Mp4 Genre : Drama, Sport Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.BluRay.x264-SPARKS Translated by Hein Min Tun Encoded by Thanhtike Zaw

Action • Drama • History • Mystery
7.4 2015 133 mins
Creed
Bombshell
6.8

ဒါကတော့ 2019ရဲ့ လူစောင့်ကြည့်ခံရတဲ့ကားတွေထဲကတစ်ကားဆိုတာကတော့ ရုပ်ရှင်နဲ့ရင်းနှီးသူတွေသိပြီးသားဖြစ်မှာပါ။ ရုပ်သံတင်ဆက်သူအမျိုးသမီးတွေကိုဇာတ်အိမ်တည်ထားတဲ့အတွက် တကယ့်အ‌ချောအလှဒိတ်ဒိတ်ကြဲမင်းသမီးတွေဖြစ်တဲ့ Charlize Theron, Nicole Kidman နဲ့ Margot Robbieတို့ ဦးဆောင်ပါဝင်ထားတာပါ။ Charlize Theronနဲ့ Margot Robbieတို့ Oscar ဆန်ကာတင်စာရင်းတွေဝင်ပြီး တခြားဆုတွေရရှိပြီး အောင်မြင်မှုရခဲ့ပါတယ်။ ဇာတ်လမ်းကတော့ Republicanပါတီကိုအလေးပေးတဲ့ Fox News ရုပ်မြင်သံကြားချန်နယ်အတွင်း အမျိုးသမီးအစီစဉ်တင်ဆက်သူများစွာဟာ ခေါင်းဆောင်ပိုင်းအမျိုးသားတွေရဲ့ လိင်ပိုင်းဆိုင်ရာနှောက်ယှက်ခံရမှု၊ ဖိအားပေးခံရမှုတွေကိုခံခဲ့ရတဲ့အကြောင်းပါ။ ရာထူးအာဏာကြီးပြီး ပိုက်ဆံကျောထောက်နောက်ခံရှိတဲ့သူကို တရားစွဲဖို့လုပ်ရင်း ဘယ်လိုဂယက်တွေကြုံတွေ့ဆိုတာမြင်ရမှာပါ။ အပြင်မှာလည်း လိင်ပိုင်းဆိုင်ရာနှောက်ယှက်ခံရသူအမျိုးသမီးများစွာလည်းရှိနေပါတယ်။ တစ်ချို့ကတော့ လိင်ကိစ္စနှင့်အောင်မြင်မှုကို လဲလှယ်ခဲ့ကြသူတွေပေါ့။ နစ်နာသူတစ်ယောက်ယောက်က မဖွင့်ဟခဲ့လို့ တခြားသူတွေပါနစ်နာရတဲ့အဖြစ်မျိုးတွေဖြစ်ရတာကိုပြသသွားခဲ့ပါတယ်။ မင်းသမီးတွေကိုကြည့်ရတာနဲ့တင်တန်နေတာမို့ ခံစားကြည့်ရှုကြည့်ပါအုံး။ File Size : ( 1 GB , 372 MB ) Quality : WEB-DL 720p Running Time : 1 hr 49 min Format : Mp4 Genre : Biography , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Moe Lay Encoded by Moe Myint Lwin

Drama • History
6.8 2019 109 mins
Bombshell
World’s Best
5.4

World’s Best (2023) =============== ကျွန်တော်တို့ လိုင်းပေါ်မှာ အိန္ဒိယလူမျိုး ကလေးတွေ သင်္ချာအိုလံပစ် ဝင်ပြိုင်ကြတဲ့ ဗီဒီယိုတွေ ခဏခဏတွေ့ဖူးကြတယ်ဟုတ်။ သူတို့က ကလေးတွေကို သင်္ချာနဲ့ ပတ်သက်ရင် အရမ်းလည်း train ပေးကြသ လို ပြိုင်ပွဲတွေမှာ အများဆုံး ဆုရကြတာလည်း အိန္ဒိယလူမျိုးတွေပဲဗျ။ ဒီဇာတ်ကားလေးကလည်း သင်္ချာတွက်တာ အရမ်းတော်တဲ့ ပရမ်ဆိုတဲ့ ကောင်လေးအကြောင်းကို ရိုက်ကူးပြထားတာပါ။ ဒါပေမဲ့ သူ့ချည်းပဲ လားတော့ မဟုတ်ဘူးပေါ့။ အသက် ၁၂ နှစ်ပဲ ရှိသေးပေမဲ့ သင်္ချာအိုလံ ပစ်တွေမှာ ဆုတွေရပြီး အထက်တန်းအဆင့်သင်္ချာကို ခုန်ပျံကျော်လွှား သင်ခွင့်ရတဲ့ ကောင်လေးတစ်ယောက်လည်းပါပါသေးတယ်၊ သူကတော့ ပရမ်ပါ။ သူ့ရဲ့အမေဖြစ်သူကလည်း ပရမ် နောက်ထပ်သင်္ချာအိုလံပစ်မှာ အနိုင်ရဖို့ အားသွန်ခွန်စိုက်ကို လေ့ကျင့်ပေးလိုက်တာ ထမင်းစားလည်း အလီရွတ် လမ်းလျှောက်လည်း အလီရွတ်တဲ့အထိပါပဲ။ တစ်နေ့မှာ သူ့ရဲ့ကျောင်းက မိသားစုနဲ့ပတ်သက်တဲ့ သင်္ချာအီကွေးရှင်းတစ်ခုကို ထုတ်ခဲ့ဖို့ အဆိုင်းမန့် ပေးလိုက်တဲ့ အချိန်မှာတော့ ပရမ်တစ်ယောက် တိုင်တွေစပတ်ပါတော့တယ်။ အကြောင်းကတော့ သူ့ရဲ့အဖေဖြစ်သူက ငယ်ငယ်ကတည်းက ဆုံးပါးသွား ခဲ့ပြီး သူနဲ့ပတ်သက်တဲ့ အမှတ်တရတွေ သိပ်မရှိခဲ့ပါဘူး။ အဲဒီအချိန်မှာ သူ့ အဖေရဲ့ မှတ်စုစာအုပ်လေးကို ရှာတွေ့သွားပြီး အဖေက ကမ္ဘာ့အကောင်းဆုံး ရက်(ပ်)ပါတစ်ယောက် ဆိုတာကို သိသွားတဲ့အခါမှာတော့ ပရမ့်ရဲ့ DNA ထဲက ရက်(ပ်)ပါသွေးတွေ နိုးထလာပါတော့တယ်။ သင်္ချာဉာဏ်ကြီးရှင် ပရမ်နဲ့ ကမ္ဘာ့အကောင်းဆုံးအမ်စီရဲ့သား ပရမ် ရဲ့ကြား လွန်ဆွဲကြပုံတွေအပြင် အမိုက်စား beat တွေနဲ့ အလန်းစား rapping တွေကလည်း ပရိသတ်ကြီးကို စောင့်ကြိုလို့နေပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size……….(1.65 GB) / (864 MB) / (517 MB) Quality…………WEB-DL 1080p / 720p / 480p Duration………1Hr 41Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Family, Music Translator…….May Thet Khine Soe Encoder……….ZinPhyoAung

TV Movie • Comedy • Drama • Romance
5.4 2023
World’s Best
Dad Rocks
6.7

Dad Rocks(2022) *************** ချစ်သူရည်းစားဘဝနဲ့ အိမ်ထောင်သည်ဘဝ မတူသလို နှစ်ယောက်တည်းအိမ်ထောင်သည်ဘဝနဲ့ ကလေးရှိလာတဲ့ အိမ်ထောင်သည်ဘဝကလည်း မတူပါဘူး ကလေးတစ်ယောက်ပြုစုပျိုးထောင်ရတာ မလွယ်ကူပါဘူး ပိုပြီးကုန်ကျစရိတ်များသလို တာဝန်ကလည်း ပိုလာတာပါ ဒါပေမယ့်သူတို့လေးတွေ တဖြည်းဖြည်း လူလားမြောက် ကြီးပြင်းလာတာကို မြင်ရတဲ့ ကြည်နူးမှု ကလည်း ဘာနဲ့မှမလဲနိုင်ပါဘူ း မိဘတွေက သူတို့ကလေးတွေကို အကောင်းဆုံးဆိုတာပဲ ပေးချင်ကြတာ သဘာဝပါ အဖေတစ်ယောက်ဖြစ်ဖို့ကလွယ်ပါတယ် ဖခင်ကောင်းတစ်ယောက်ဖြစ်ဖို့သာ ခက်တာပါ ဖခင်တစ်ယောက်ရဲ့အခန်းကဏ္ဍက ငွေရှာပေးယုံနဲ့မပြီးပါဘူး မိခင်တွေအရေးပါသလိုပဲ ဖခင်တွေဟာလည်း သားသမီးတွေအတွက်အရေးကြီးပါတယ် ကလေးထိန်းအိမ်မှုကိစ္စအလုပ်တွေဟာ မိန်းမတွေတာဝန်ချည်းပဲ မဟုတ်သလို ယောက်ျားတွေအနေနဲ့ အိမ်ထောင်တာဝန်ကို ကူညီဖို့လိုအပ်ပါတယ် ဒီဇာတ်ကားလေးမှာဆိုရင် တွမ်နဲ့အယ်လီဆာတို့ရဲ့ ပျော်ရွှင်စရာအိမ်ထောင်ရေးလေးက ကလေးတစ်ယောက်ပထမဆုံးရတဲ့အချိန်မှာ ဘယ်လိုအခက်အခဲတွေ ဘယ်လိုရယ်စရာလေးတွေ တွေ့ရတတ်သလဲဆိုတာကို ရိုက်ကူးတင်ဆက်ပြထားတာပါ ကလေးရပြီးနောက်ပိုင်း ယခင်လိုလွတ်လွတ်လပ်လပ် နေလို့မရနိုင်တာတော့ ငြင်းလို့မရတဲ့အချက်ပါ ပျော်ရွှင်စရာမိသားစုဘဝဆိုတာ ဘာမျိုးလဲဆိုတာ လှလှပပလေးရိုက်ကူးပြထားတဲ့ ဇာတ်ကားကောင်းလေးပါ File Size :(1.6GB) and (746MB) Quality : WEB-DL1080p,720p Format…mp4 Duration…01:48:00 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by ‌AOI Encoded by Phyo Pyae

6.7 2022
Dad Rocks
Blow Out
7.4

Blow Out (1981) ~ IMDb – 7.4/10, Rotten Tomatoes – 87% ~ ၁၉၈၁ ခုနှစ်တုန်းကထွက်ခဲ့ပြီး ဆန်ခါတင်ဆုနှစ်ခု၀င်ထားတဲ့ Mystery, Thriller ဇာတ်ကားကောင်းလေးပါ။ ဒါရိုက်တာက Thriller Crime genres တွေနဲ့ ပရိသတ်အတွက် မစိမ်းလောက်တဲ့ Brian De Palma ဖြစ်ပြီး သူရဲ့ အကောင်းဆုံးကားတွေထဲက တစ်ကားဖြစ်ပါတယ်။ သရုပ်ဆောင်အနေနဲ့ဆိုရင်လည်း အဓိကမင်းသားက ၁၉၇၀ခုနှစ်၀န်းကျင် ဟောလိဝုဒ်ရဲ့ Icon တစ်ယောက်ဖြစ်တဲ့ John Travolta မလို့ အရွေးချယ်မမှားမယ့်ကားကောင်းလေးပါပဲ။ ဂျက်ဆိုတဲ့သူက ရုပ်ရှင်တွေအတွက် အသံပိုင်းဆိုင်ရာ နည်းပညာရှင်ပါ။ တစ်ရက်တော့ ဇာတ်ကားတစ်ကားအတွက် တံတားပေါ်မှာ လေတိုးသံအသံသွင်းနေတုန်း ကားမတော်တဆမှုတစ်ခုကိုမျက်မြင်ကြုံခဲ့ရပြီး အသံသွင်းမိခဲ့ပါတယ်။ ကားပေါ်က ကောင်မလေးတစ်ယောက်ကိုလည်း ကယ်နိုင်လိုက်ပါတယ်။ ဒါပေမဲ့ ကားမတော်ဆမှုမှာ အသက်ဆုံးသွားတဲ့သူက ရွေးကောက်ခံကိုယ်စားလှယ်မြို့တော်၀န်တစ်ယောက်ဖြစ်နေပါတယ်။ အိမ်ပြန်တော့ အသံပြန်စစ်ရာမှ ကားမှောက်မှုက မတော်တဆမှုသက်သက်မဟုတ်မှန်း သိလာရတဲ့အခါ၊ ကောင်မလေးနဲ့ မြို့တော်၀န်ကြားကဆက်ဆံရေးတွေနဲ့ ကိစ္စတွေက ရှုပ်ထွေးလာတဲ့ကြားထဲမှာမှ ဂျက်တစ်ယောက် အဖြစ်မှန်ပေါ်ဖို့ကြိုးစားရင်း ကိုယ့်ကိုယ်ကိုယ် အန္တရာယ်တောထဲ ဆွဲသွင်းမိပါတော့တယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 805MB Quality – 1080p, 720p IMDb Rating – 7.4/10 Format – mp4 Duration – 1H 48Min Genre – Crime, Drama, Mystery Subtitle – Myanmar Subtitle (Hardsub) Translated by Soe Thiri Swe Encoded by Y

7.4 1981 108 mins
Blow Out
Dream Scenario
7.2

Dream Scenario (2023) ================= IMDb Rating – 7.2/10 ဇာတ်လမ်းအဆန်းအကောင်းတွေကို ထုတ်လုပ်နေကျ A24 ရဲ့ Dark Comedy ရုပ်ရှင် အသစ်လာပါပြီ။ A24 ရဲ့ Nick Cage နဲ့ ပထမဆုံး တွဲလုပ်တဲ့ရုပ်ရှင်ပါပဲ။ ဒါရိုက်တာ Ari Aster က အစမှာ Adam Sandler နဲ့ ဒီရုပ်ရှင်ကို ရိုက်မလို့ပေမဲ့ နောက်ပိုင်းမှာ ပရို ဂျူဆာအဖြစ်ပါ ပါဝင်ခဲ့ပြီး ဒါရိုက်တာ Kristoffer Borgli ကို စိတ်ကြိုက်ရိုက်ကူးစေခဲ့ တာပါ။ Kristoffer Borgli ရဲ့ အကြံပြုချက်အတိုင်း Nick Cage နဲ့ ရိုက်ခဲ့ပြီး အခုလိုပဲ ရုပ်ရှင်ကောင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။ Dark Comedy တွေရဲ့ထုံးစံအတိုင်း သူများ ဒုက္ခရောက်နေတာတွေ ငိုရခက် ရယ်ရခက် ကြည့်ရဦးမှာပါပဲ။ A24 ရဲ့ ထုံးစံအတိုင်း ရုပ်ရှင်ဟာ အဓိပ္ပါယ်တစ်ခု၊ လမ်းတစ်ခုတည်းကို ပြနေတာမဟုတ်ဘဲ၊ ကြည့်ရှုသူတွေ စိတ်ကြိုက်တွေးစရာ ချန်ထားခဲ့တာတွေ၊ ဥပမာပြ နိမိတ်ပြပုံတွေနဲ့ ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ မင်းသားကြီး Nick Cage ကလည်း သူ့ရဲ့ သရုပ်ဆောင်ဘဝကို PIG (2021) The Unbearable Weight Of Massive Talent (2022) နဲ့ Dream Scenario (2023) တို့လို ရုပ်ရှင်ကားကောင်း ၃ ကားနဲ့ ပိတ်ပြီး အနားယူချင်ကြောင်းပါ ပြောခဲ့ပါတယ်။ ဒီရုပ်ရှင်ရဲ့ ကျောရိုးကိုတော့ စိတ်ပညာရှင် Carl Jung ရဲ့ Collective Unconscious သီ ဝရီကို အခြေခံထားပါတယ်။ လူသားတွေဟာ မိမိကိုယ်ပိုင်အတွေ့အကြုံသိစိတ်မသိစိတ် ကနေမဟုတ်ဘဲ၊ တစ်ကမ္ဘာလုံးရဲ့ လူသားမျိုးစိတ် အစဉ်အဆက် လက်ဆင့်ကမ်းလာတဲ့ ဘုံမသိစိတ်တွေ ရှိနေတယ်ဆိုတဲ့အယူအဆပါ။ ဒီဘုံမသိစိတ်ကြောင့်ပဲ ဘာသာရေးတွေရဲ့ အခြေခံအယူအဆတွေ ဆင်ဆင်တူတာတွေ၊ အိပ်မက်တွေရဲ့ ဖြစ်ပျက်တတ်ပုံတွေတူတာ တွေ၊ လူတွေ ‌အမှောင်ကြောက်တာ အမြင့်ကြောက်တာ စတဲ့အချက်မျိုးတွေ တူတာတွေ ဖြစ်လာတယ်ဆိုပါတယ်။ ဒီရုပ်ရှင်ဟာ နာမည်နဲ့လိုက်အောင် အိပ်မက်ကို အခြေခံထားတာဖြစ်ပါတယ်။ အဓိကဇာတ် ကောင် ပေါမက်သရူး (နစ်ကေ့) ဟာ ထူးခြားချက်ဘာမှမရှိတဲ့ ပျှမ်းမျှသာမန်လူစစ်စစ်တစ် ယောက်ပါ။ ဆင့်ကဲပြောင်းလဲမှုဗေဒကို သင်နေတဲ့ ပါမောက္ခတစ်ယောက်ဖြစ်ပြီး မိန်းမနဲ့ ကလေးတွေနဲ့ အေးအေးဆေးဆေးပဲ‌ နေထိုင်ပါတယ်။ ဒါပေမဲ့ သူ့စိတ်ထဲမှာတတော့ အသိ အမှတ်အပြုခံချင်စိတ် သူ့နယ်ပယ်မှာ အောင်မြင်ကျော်ကြားချင်စိတ်တွေရှိနေပါတယ်။ ဒီ သာမန်လူတစ်ယောက်ဟာ ရုတ်တရက်ကြီး လူပေါင်းများစွာရဲ့ အိပ်မက်ထဲမှာ ပါလာလို့ဆို ပြီးနာမည်ကြီးလာပါတယ်။ ဘာကြောင့်လဲဆိုတာ ဘယ်သူမှ ရှင်းမပြတတ်ပါဘူး။ အိပ်မက် တွေထဲမှာလည်း သူက ဘာမှမလုပ်ဘဲ ရပ်နေရုံ ဖြတ်လျှောက်ရုံဖြစ်နေတာကြောင့် လူတွေက သူ့ကို ရယ်စရာတစ်ခုလို၊ လူထူးဆန်းတစ်ယောက်လို ပေါ့ပေါ့ပါးပါး ချစ်ခင်ကြရုံနဲ့ နာမည်ကြီး လာပါတယ်။ လူစိတ်ဝင်စားခံလာရပါတယ်။ ရုပ်ရှင်နာမည် Dream Scenario ဆိုတဲ့အတိုင်း “မယုံနိုင်စရာကောင်းလိုက်အောင် အိပ်မက်ဆန်တဲ့ အောင်မြင်မှုမျိုး” ရလာတာပေါ့။ ဒါပေမဲ နောက်တော့ လူတွေရဲ့ အိပ်မက်တွေထဲမှာ ရုတ်တရက် ပေါဟာ အရမ်းအကြမ်းဖက်လာပါ တယ်။ အိပ်မက်မက်တဲ့လူတွေလည်း သူ့ကိုကြောက်လာကြပြီး အပြင်က သူ့ကိုပါ မုန်းတီးခံ လာရပါတယ်။ လူချစ်လူခင်များတဲ့ ဆယ်လီဘဝကို ဘာမှမလုပ်ရပါဘဲ ရောက်လာပြီး တစ် လောကလုံးဝိုင်းမုန်းတဲ့ ဆယ်လီဘဝကိုလည်း သူဘာမှ မလုပ်ရဘဲ ရောက်သွားတဲ့ကိစ္စကြီးက တကယ်ကို စားပါတယ်။ ရယ်ရခက် ငိုရခက်ကြီးကို ထိုင်ကြည့်နေရတာပါ။ ဒါကို သူဖြေရှင်း ဖို့ကြိုးစားရင်း ပိုပိုဆိုးလာတဲ့ဇာတ်ကြောင်းကို မြင်ရပါလိမ့်မယ်။ ဇာတ်လမ်းထဲမှာတော့ ဆိုရှယ်မီဒီယာရဲ့ နာမည်ကြီးလွယ် နာမည်ပျက်လွယ်ပုံသဘောတရား တွေ၊ နာမည်ကြီးလာတဲ့အချက်မှာ ကောင်းကျိုးရော ဆိုးကျိုးရောရှိပုံတွေ၊ လက်ရှိခေတ်ရဲ့ cancel culture လို့ခေါ်တဲ့ လူအများစု နေရာစုံမှာ ဝိုင်းကျဉ်တာကိုခံရရင် ဖြစ်တတ်တဲ့ပုံတွေကို သရော်ထားပုံ ရိုက်ကူးထားတာပါပဲ။ ကျန်တဲ့ ဇာတ်ဝင်ခန်းတစ်ခန်းချင်းကို ခံစားပုံကတော့ ကြည့်တဲ့သူရဲ့ ကိုယ်ပိုင်အတွေးအမြင်နဲ့ အယူအဆအပေါ်မူတည်တာမို့ ကိုယ်တိုင်ပဲကြည့် ကြည့်လိုက်ပါတော့။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်) File Size……….(7.09 GB) / (4.85 GB) / (761 MB) Quality…………WEB-DL 4K / 1080p / 720p Duration………1Hr 42Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Horror Translator…….Mr.Anderson Encoder……….SWM / Ka Naung

7.2 2023
Dream Scenario
[18+] Poor Things
8.4

အော်စကာ အကောင်းဆုံးရုပ်ရှင်ဆု၊ မင်းသမီးဆု၊ ဇာတ်ပို့ဆု၊ ဒါရိုက်တာဆု၊ နောက်ခံဂီတဆု၊ ရုပ်ရှင်ဓာတ်ပုံဆု၊ ဇာတ်ညွှန်းဆု၊ ဝတ်စုံဆု၊ ရိုက်ကွင်းဆု၊ မိတ်ကပ်ဆံပင်ဆု၊ တည်းဖြတ်ဆုတွေ ဆန်ကာတင် ဝင်ထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ရွှေကမ္ဘာလုံးပွဲမှာလည်း အကောင်းဆုံး မင်းသမီး၊ မင်းသား၊ ဇာတ်ပို့၊ ဇာတ်ညွှန်း၊ ဒါရိုက်တာ၊ ဂီတဆုတွေ ရရှိထားပါတယ်။ ဇာတ်လမ်းအမျိုးအစားကတော့ သိပ္ပံစိတ်ကူးယဉ် Dark Comedy အမျိုးအစားပါပဲ။ ဖရန်ကင်စတိုင်းကို အခြေခံထားပါတယ်။ Alasdair Gray ရဲ့ ၁၉၉၂ ထုတ် Poor Things စာအုပ်ကို အခြေခံထားတာပါ။ လန်ဒန်ဝိတိုရိယခေတ် အမျိုးသမီးတစ်ယောက် သေပြီးသွားတော့မှ ဦးနှောက်အစားထိုး အသက်သွင်းခံရပြီး လောကကြီးကို အစကနေ ပြန်လေ့လာတဲ့အကြောင်းပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေက‌တော့ Emma Stone, Mark Ruffalo, Willem Dafoe, Ramy Youssef, Christopher Abbott, နဲ့ Jerrod Carmichael တို့ပါပဲ။ အစ်ကိုတစ်ယောက် ပြောသလို ဒီကားကို ကြည့်သ့င်တဲ့အကြောင်းက “Emma Stone အင်ဂျင်ဝိုင်တိုင်း၊ မြင်းစီး၊ ဒေါ့ဂီဆွဲ၊ ခြေတပေါင်ကျော်၊ မောင်ရင်ဆွမ်းထမ်း၊ မော်တော်ဆပ်၊ လှေကြီးထိုး ရိုးရိုး ဝနေအောင်ကြည့်ရ။ ” လို့ပါလို့တော့ မညွှန်းချင်ပါဘူး။ Dark Comedyတွေရဲ့ ထုံးစံအတိုင်း ရုပ်တည်ကြီးနဲ့ ရယ်ရခက် ငိုရခက်တဲ့ဟာသတွေကြောင့်၊ ဂိတွေပြောသလို လောကကြီးကို နက်နဲတဲ့ သရုပ်ဖော်ပုံ တင်စားပုံတွေနဲ့ ဘာညာကြောင့် ဘလာဘလာ၊ ပြောင်မြောက်တဲ့ ဇာတ်လမ်း၊ ရိုက်ချက် နဲ့ သရုပ်ဆောင်တွေကြောင့်လို့ပဲ ကြားကောင်းအောင် ညွှန်းချင်ပါတယ်။ ကြည့်မှာသာ ကြည့်လိုက်ပါ အရှုံးမရှိပါဘူး။ 4K Quality ကိုတော့ www.cmapp.tv မှာ မန်ဘာဝင်ပြီး တိုက်ရိုက်ကြည့်ရှုနိုင်သလို Download လဲ လွယ်ကူစွာပြုလုပ်နိုင်ပါတယ်။ File size…(5.6 GB)/(2.3 GB)/(1.5 GB) Quality….WEB-DL 4K HEVC/1080p / 720p Format…mkv/mp4 Duration….02:21:00 Genre…Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San Khant, Garfield Translated by Mr. Anderson

8.4 2023 141 mins
[18+] Poor Things
What Happened to Monday
6.8

What Happened to Monday (2017) ========================= IMDb Rating – 6.8/10 ၂၀၁၇ ကထွက်ရှိထားပြီး IMDb rating 6.8 ရထားတဲ့ Science fiction / Thriller ဇာတ်လမ်းကောင်းလေးပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ သိပ် မဝေးတော့တဲ့ အနာဂတ်မှာ ကမ္ဘာ့လူဦးရေ အဆမတန်များပြားလာပါတယ်။ ရာသီဥတုတွေဖောက်ပြန်လို့ စိုက်ပျိုးရေးလုပ်ငန်းတွေ မဖြစ်ထွန်းတော့တဲ့ အတွက် စားနပ်ရိက္ခာတွေလည်း ရှားပါးလှပါတယ်။ဒါကြောင့် သိပ္ပံပညာရှင် တွေက ရာသီဥတုဒဏ်ခံနိုင်ပြီး အထွက်နှုန်းတိုးစေမယ့် အသီးအနှံများကို မျိုး ရိုးဗီဇပြုပြင်ပြောင်းလဲတဲ့နည်းနဲ့ထုတ်လုပ်ခဲ့တယ်။ ဒီအတွက် စားနပ်ရိက္ခာ ပြဿနာတွေလည်း ပြေလည်သွားခဲ့ပါတယ်။ဒါပေမယ့် အထွက်နှုန်းတိုးစေတဲ့ အသီးအနှံများကြောင့် လူတွေမှာလည်း မျိုးရိုးဗီဇပြောင်းလဲပြီး ၅မြွှာ ၆ မြွှာ စသဖြင့် ကလေးအမြွှာတွေမွေးဖွားနှုန်း အရမ်းမြင့်တက်လာပါတယ်။ လူဦးရေ တိုးပွားလာချိန်မှာ ဒီလို အမြွှာတွေမွေးလာတဲ့အတွက်ကျွေးမွေးဖို့ကလည်း ပြ ဿနာဖြစ်လာပြန်ပါတယ်။ ဒါကြောင့် တစ်အိမ်ထောင် ကလေးတစ်ယောက်ဆိုတဲ့ ပေါ်လစီကို ကျင့်သုံးပြီး ကျန်တဲ့ကလေးမွေးချင်းတွေကို Cryosleep လို့ခေါ်တဲ့ အေးခဲအိပ်စက်စေခြင်း နည်းဖြင့် အေးခဲပြီးသိုလှောင်ထားပါတယ်။ ဒါကိုထိန်းချုပ်ဖို့အတွက် ကလေးခွဲ ဝေရေးဗျူရိုဆိုပြီးတစ်ခုတည်ထောင်ခဲ့ပါတယ်။ တစ်နေ့မှာတော့ တစ်ပုံစံတည်း တူတဲ့ မိန်းကလေးအမွှာ(၇)ယောက်မွေးဖွားခဲ့လာတယ်။ သူတို့အမေလည်း သေ ဆုံးသွားတဲ့အတွက် အဘိုးဖြစ်သူက ဒီ ကလေး၇ယောက်ကို တိုက်ခန်းတစ်ခုမှာ တိတ်တိတ်လေး ခိုးမွေးထားခဲ့ပါတယ်။ ၇ယောက်ဖြစ်တဲ့အတွက် တနင်္လာ အင်္ဂါ ဗုဒ္ဓဟူး ကြာသပတေး သောကြာ စနေ နဲ့ တနင်္ဂနွေလို့ နာမည်ပေးထားခဲ့တယ်။ သူတို့ ၇ ယောက်က သူတို့နာမည်နဲ့တူတဲ့ နေ့ရက်တွေရောက်ရင် အလှည့်ကျ တစ် ယောက်တစ်ရက်စီ အပြင်ထွက်ခွင့်ရခဲ့တယ်။ အဲလိုကနေ သူတို့အရွယ်ရောက်လာ ကြပြီး သူတို့ တည်ရှိနေမှုကို ဗျူရိုက သိရှိသွားရင် ဘယ်လိုဆက်ဖြစ်မှာလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါ။ တကယ်ကိုကောင်းတဲ့သိပ္ပံအက်ရှင်ကားကောင်းလေး တစ်ခုပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Leonard Lin ဖြစ်ပါတယ်) File Size……….(1.45 GB) / (770 MB) Quality…………BLU-RAY 1080p / 720p Duration………2Hr 03Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Action, Crime, Fantasy Translator…….Leonard Lin Encoder……….SWM

6.8 2017
What Happened to Monday
Endless Borders

IMDB 7/10 ရရှိထားပြီး ဆု ၃ ခုနဲ့ Nomination တစ်ဆု ဝင်ထားတဲ့ 2 023 ခုနှစ်ထွက် Thriller/Drama ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အမှုတစ်ခုကြောင့် နယ်နှင်ဒဏ်ပေးခံထားရတဲ့ အီရန်နိုင်ငံသား ကျောင်းဆရာဖြစ်သူ အာမက်က နယ်စပ်ရွာလေးက အရွယ်စုံ လူမျိုးစုံ ကလေးတွေကို စာသင်ပြပေးသူဖြစ်ပါတယ်။ သူများကို ကူညီတတ်ပြီး စိတ်ရင်းကောင်းတာမို့ ဒုက္ခရောက်နေသူတွေ့ရင် လက်မနှေးတတ်တဲ့ အာမက်က ခါတိုင်းလိုပဲ တာလီဘန်တွေလက်က ထွက်ပြေးလာတဲ့ ဒုက္ခသည် အာဖဂန်နစ္စတန်မိသားစုကို ကူညီပေးခဲ့ပြန်ပါတယ်။ စိတ်ရင်းအမှန်နဲ့ ကူညီပေးခဲ့ပေမဲ့လည်း အာဖဂန်မိသားစုရဲ့ အရှုပ်အထွေးတွေနဲ့ သွားပတ်သက်မိတဲ့ သူ့တပည့်ဖြစ်သူ ဘာလာ့ဂျ်ကြောင့် တပည့်မကောင်း ဆရာ့ခေါင်းဆိုသလို ပြဿနာတောထဲ ဝင်ပါမိသွားရာက အမျိုးမျိုးသောအကြောင်းတရားတွေကြောင့် သူတို့နေထိုင်တဲ့ရွာလေးကနေ ထွက်ပြေးဖို့ဖြစ်လာတဲ့အခါမှာတော့.. (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်ကတော့ Emily ပါ) File size…(1.7 GB)/(789 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:51:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

0 2023
Endless Borders
Dounia et la princesse d’Alep
6.8

ကိုယ့်​မွေးရပ်​မြေမှာ ​နေထိုင်ဖို့ရာ မဖြစ်နိုင်​တော့လို့ နိုင်ငံကို အပြီးတိုင်စွန့်ခွာကြရတာ ဝမ်းနည်းစရာ​ကောင်းလွန်းပါတယ်။ ဆီးရီယား နိုင်ငံ ပရိပက္ခ​တွေကြား ​မွေးဖွားလာတဲ့ Dounia ​​​​လေးဟာ တ​​နေ့မှာ​တော့ လှပလွန်းတဲ့ သူမရဲ့ ​မွေးရပ်​မြေ Aleppoမြို့ ကို စွန့်ခွာဖို့ဖြစ်လာပါ​တော့တယ်။ ကံ​ကောင်း​စေတဲ့ Barake စေ့​လေး​တွေကို လက်ထဲဆုပ်လို့၊ ကမ်းမမြင် လမ်းမမြင် ခရီးကြမ်းကို သူတို့ ​မြေးအဖွားတစ်စု ​လျှောက်ရပါ​တော့မယ်။ Dounia ​လေး အိမ်အသစ်ကိုရှာ​တွေ့ပါ့မလား။ တခြား​သော Dounia ​လေး​လို က​လေး​လေးတွေ​ရော ဘယ်နှ​ယောက်​တောင်ရှိ​နေဦးမလဲ။ Syriaနိုင်ငံ Aleppoမြို့ဇာတိဖြစ်တဲ့ ဇာတ်လမ်းဖန်တီးသူ Marya Zarif အတွက် Dounia et la princesse d’Alep ဟာ သူမရဲ့ ဘဝတစိတ်တပိုင်းဆိုလည်း မမှားပါဘူး။ ဆီးရီးယန်း ရိုးရာ ယုံတမ်းပုံပြင်​တွေ၊ ရိုးရာ အစားအ​သောက်​​တွေ၊ ယဥ်​ကျေးမှု​တွေ၊ ယုံကြည်သက်ဝင်မှု​တွေကို ချစ်စဖွယ် ပုံ​ဖော်ဆွဲသားမှုများနှင့် မြိုင်မြိုင်ဆိုင်ဆိုင် မြင်​တွေ့ရမှာပါ။ နက်ရှိုင်းတဲ့ မိသားစုချစ်ခြင်း​မေတ္တာ​တွေ၊ ချစ်​သောသူများ၊ ​နေရပ်ဌာ​နေနှင့် ခွဲခွာရခြင်း ပဋိ​ဒေဝ​၊ ​ရွှေ့​​ပြောင်းဒုက္ခသည်​တွေရဲ့ ​ဝေဒနာ​တွေကို လှပ​သေသပ်စွာ ဖန်တီးပုံ​ဖော်ထားတဲ့ ပြင်သစ်စကား​ပြော animated ရုပ်ရှင်တကားပဲဖြစ်ပါတယ်။ File size…(1 GB)/(520 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:12:00 Genre… Animation, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Summer Lin

6.8 2023
Dounia et la princesse d’Alep
The Dungeonmaster
4.6

ပေါလ်ဆိုတာက ကွန်ပြူတာတွေကို ပြင်ဆင်တဲ့အလုပ်လုပ်တယ်၊ ကိုယ်တိုင်လည်း AI တစ်ခု ဖန်တီးထားပြီး ချစ်သူလေးကို လက်ထပ်ဖို့ ရည်ရွယ်ထားတဲ့ ပရိုဂရမ်မာတစ်ယောက်။ ဒါပေမဲ့ လက်ထပ်ဖို့ ခွင့်တောင်းတဲ့ညမှာတင် သမီးရည်းစား နှစ်ယောက် အိပ်မက်လိုလိုဆိုပေမဲ့ တကယ့်တခြားဖြစ်တည်မှုပဲ ရောက်သွားပါတယ်။ အဲဒီမှာတင် နတ်ဆိုးမှော်ဆရာတစ်ယောက် ပေါ်လာပြီး မင်းကောင်မလေးကို ငါဖမ်းထားမယ်၊ မင်းကို စိန်ခေါ်မှု ၇ ရပ်နဲ့ ငါ စမ်းသပ်မယ်၊ မင်းရဲ့ ခေတ်မှီနည်းပညာနဲ့ ရအောင်ကျော်လွှားပေါ့၊ တစ်ခုရှုံးတာနဲ့ အကုန် စမုံတုံးမယ်ဆိုပြီး အတင်းအကျပ် စေခိုင်းခံရတဲ့အခါမှာတော့ ပေါလ်တစ်ယောက် ကောင်မလေးနဲ့ သူ့ကိုယ်သူ ကယ်တင်ဖို့ သူ့ AI လေးကို ဘယ်လိုအသုံးချပြီး စွန့်စားခန်း ၇ ရပ် ထွက်ရမလဲဆိုတာ ကြည့်ရမှာပါ။ ~ ပွင့်လင်း မြင်သာသော ကိုယ်လုံးတီးပြကွက်တချို့ ပါဝင်သောကြောင့် မိသားစု/ကလေးများနှင့် မကြည့်ရှုမိစေရန် သတိပေးလိုပါသည် ~ File Size : 2.2 GB, 1 GB Quality : Blu-Ray 1080p / 720p Running Time : 1hr 13min Format : Mp4 Genre : Fantasy, Horror, Sci-fi Subtitle : Myanmar Subtitle (Hard Sub) Translated by : Thura Aung Encode by : Thit San Khant

Drama • Romance
4.6 1984
The Dungeonmaster
Sidlingu 2
6.7

Sidlingu 2 (2025) ( ဆင်းဒ်လင်ဂူ ၂ ) ဒီဇာတ်ကားက မူရင်း Sidlingu ထက် ပိုပြီး ရှင်းလင်းနူးညံ့ပြီး ဘဝအဓိပ္ပာယ်ရှာဖွေမှုကို ဦးတည်ထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ် မိမိဘဝမှာ ဆုံးရှုးခဲ့ရတဲ့ မိဘ,မိတ်ဆွေ,ချစ်သူတွေ အကြောင်းကို မေ့ဖျောက်ဖိုကြိုးစားပြီး ဘဝအသစ်ကိုစတင်ဖို ကြိုးစားနေတဲ့ ဆဒ်လင်ဂူရဲ့ဘဝခရီးစဉ်ကို ဒီကားထဲမှာ မြင်တွေ့ရမှာဖြစ်ပါတယ် ..အရာအားလုံးဆုံးရှုးထားတဲ့ကြားမှာ ဆဒ်လင်ဂူဟာ ဆီသမ်မာတို မိသားစုနဲ့တွေ့ဆုံပြီး မိသားစုရဲ့နွေးထွေးမှု ချစ်ခြင်းမေတ္တာတွေကို ခံစားခဲ့ရပြီး ဘဝကိုတစ်ဖန် အသစ်ကပြန်စဖို အခွင့်အရေးတွေရခဲ့ပါတယ် တစ်ချိန်တည်းမှာပဲ ဆဒ်လင်ဂူက နီဗေဒီတာဆိုတဲ့ဆရာမလေးကို ချစ်ကျွမ်းဝင်ခဲ့ပြန်ပါတယိ ဒါပေမဲ့ ဆဒ်လင်ဂူရဲ့ ရှေးဟောင်းကားတစ်စီးကိုပိုင်ဆိုင်ချင်တဲ့ဆန္ဒတစ်ခုကြောင့် မိသားစုနဲ့ချစ်ခြင်းမေတ္တာတွေကြားမှာ တင်းမာမှုတွေဖြစ်ပြီး တရားရင်ဆိုင်ရတဲ့အထိဖြစ်လာခဲ့ပါတယ် ဆဒ်လင်ဂူတစ်ယောက် ဘဝမှာတန်ဖိုးထားရတဲ့အရာကငွေပစ္စည်းမဟုတ်ဘဲ မိသားစုနဲ့ချစ်ခြင်းမေတ္တာဖြစ်တယ်ဆိုတာ နောက်ဆုံးမှာ နားလည်သိရှိသွားမလာဆိုတာ ဒီဇာတ်လမ်းမှာ ခံစားကြည့်ရှုပေးကြပါဦးရှင် ( အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှဖြစ်ပါတယ် )

Comedy • Horror
6.7 2025 147 mins
Sidlingu 2