YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

War For The Planet Of The Apes [2017] (MM Sub).mp4

1005.15 MB N/A video/mp4 3169 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Nick of Time
6.2

ဒီတစ်ခေါက်မှာ ပရိတ်သတ်ကြီးကို တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ မင်းသားကြီး Jhonny Deep ရဲ့ ၁၉၉၅ ခုနှစ်လောက်ကထွက်ရှိထားတဲ့ရုပ်ရှင်လေးပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းဟာ Realistic ဆန်ပြီး ကြည့်ရှူသူတွေကိုပါ "ငါသာသူ့နေရာမှာသာဆိုရင်..."ဆိုတဲ့မေးခွန်းတွေအပြည့် စိတ်ထဲမှာတွေးမိနေပြီးတော့ ခံစားကြည့်ရှူသွားရစေမယ့် ဇာတ်လမ်းကောင်းလေးတစ်ခုပဲဖြစ်ပါတယ် ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့ ရထားဘူတာမှာထူးဆန်းတဲ့လူ ၂ ယောက်က ကြုံရာကျပန်းလူတစ်ယောက်ကို ရွေးချယ်နေပါတယ်။ တစ်စုံတစ်ယောက်ကို လုပ်ကြံသတ်ဖြတ်ဖို့အတွက်ပေါ့... အဲဒီအချိန်မှာ မိန်းမနဲ့ကွာရှင်းပြတ်စဲလုနီးပါးဖြစ်နေတဲ့ မစ္စတာဝက်ဆန်တစ်ယောက် သမီးလေးလက်ကိုဆွဲပြီး ရထားဘူတာထဲကိုဝင်လာခဲ့ပါတယ်.. အဲဒီ လူရွေးချယ်နေတဲ့သူထဲက တစ်ယောက်က မစ္စတာဝက်ဆန်ကို သူတို့ပရောဂျက်နဲ့ ကိုက်ညီတဲ့သူအဖြစ် သတ်မှတ်လိုက်ပြီး သူ့သမီးလေးနဲ့ ခြိမ်းခြောက်အကြပ်ကိုင်ကာ ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူးကို လုပ်ကြံခိုင်းပါတော့တယ်။ ဒီတော့ "Nick of time:အဲဒီသတ်မှတ်ထားတဲ့အချိန်လေးအတွင်းမှာ လူ ၃ ယောက်ရဲ့ဘဝက ဘယ်လိုအပြောင်းအလဲတွေနဲ့ တွေ့ကြုံရမှာလဲ" ဝက်ဆန်တစ်ယောက် ဆုံးဖြတ်ချက်တွေကို မှန်မှန်ကန်ကန်ချနိုင်ပါ့မလားဆိုတာကို ဒီဇာတ်လမ်းလေးမှာကြည့်ရှူခံစားရမှာပါ။ File size…(2.4 GB)/(1.4 GB)/(740 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:30:00 Genre...Thriller, Crime, Action Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Swe Yee

6.2 1995 90 mins
Nick of Time
My Dinner with Andre
7.5

~ IMDb - 7.7/10, Rotten Tomatoes - 92% ~ ဒီဇာတ်ကားအကြောင်းပြောမယ်ဆိုရင် ပါတဲ့လူ ၂ ယောက်အကြောင်းက စပြောရပါလိမ့်မယ်။ အမေရိကန် ပြဇာတ်ရေးဆရာ Wallace Shawn နဲ့ ပြင်သစ်-အမေရိကန် ပြဇာတ်ဒါရိုက်တာ Andre Gregory တို့ပေါ့။ ဇာတ်လမ်းထဲမှာလည်း သူတို့နာမည်ရင်းပဲသုံးထားတယ်။ ဒီဇာတ်ကားရိုက်ဖြစ်မယ့်အချိန်တုန်းက Andre ဟာ နှစ်နဲ့ချီခရီးတွေထွက်နေခဲ့လို့ အနုပညာကိစ္စတွေနဲ့ဝေးနေတဲ့အချိန်... အဲဒီမှာသူ့လုပ်ဖော်ကိုင်ဖက်ဟောင်း Wallace Shawn ကိုဆက်သွယ်ပြီး အနုပညာနဲ့ပတ်သက်တဲ့တစ်ခုခုလုပ်ကြဖို့ ပြောခဲ့တယ် (အဲဒီလိုဆက်သွယ်လာတာကို ရုပ်ရှင်ထဲမှာတော့ ညစာစားဖို့ဆက်သွယ်လာခဲ့ကြောင်း ထည့်ရိုက်ထားတယ်) Wallace ကလည်း လက်ခံလိုက်ပေမယ့် ဘာလုပ်ရမှန်းသိခဲ့တာမဟုတ်ဘူး။ သူတစ်ခုသိတာက Andre အနေနဲ့ သူတို့ချင်းမတွေ့ရတဲ့အတောအတွင်းက ဇာတ်ကြောင်းတွေပြန်ပြောပြချင်မယ်ဆိုတာပဲ။ အဲဒါကို တည်ပြီး မိတ်ဆွေနှစ်ယောက် ညစာစားရင်း စကားပြောကြတဲ့ပုံစံမျိုးနဲ့ ရုပ်ရှင်ရိုက်တယ်။ သူတို့နှစ်ယောက်ပဲ ဇာတ်ညွှန်းရေးတယ်။ ဒါရိုက်တာက Louis Malle... 1950 ‌ဝန်းကျင် ပြင်သစ်ရုပ်ရှင်လောက‌အကြောင်းပြောရင် မပြောမဖြစ်ထည့်ပြောရမယ့်၊ ဗင်းနစ်ရုပ်ရှင်ပွဲတော်ရဲ့ ရွှေခြင်္သေ့ဆုကို နှစ်ကြိမ်ရထားတဲ့ ဒါရိုက်တာတစ်ယောက်။ ရိုက်ပုံရိုက်ကွက်တွေက ‌Reality ဆန်တယ်၊ တချိန်တည်းမှာပဲ အနုပညာမြောက်တယ်။ ဒီရုပ်ရှင်က အခုအချိန်ထိ ရုပ်ရှင်လောကမှာလွှမ်းမိုးမှုကြီးနေသေးတာကလည်း သူရိုက်ကူးခဲ့တာကြောင့် တစ်စိတ်တစ်ပိုင်းပါပါလိမ့်မယ်။ ဇာတ်လမ်းအကြောင်းအရာအရဆိုရင် ဒီဇာတ်ကားက ရိုးလည်းရိုး ဆန်းလည်းဆန်း လန်းလည်းလန်း လို့ပြောလို့ရတယ်။ ဇာတ်လမ်းအစမှာတော့ ကိုယ့်ဘဝကိုယ်မကျေမနပ်ဖြစ်နေပြီး ပုံစံခွက်တစ်ခုထဲ ပိတ်မိနေတဲ့ ဝေါလေ့စ် တစ်ယောက် ညစာစားဖို့ အန်ဒရေ ဆီ သွားရာကစထားတယ်။ လမ်းမှာလည်းသူ့ဘဝသူ ငြီးတွားရင်းပေါ့။ စားသောက်ဆိုင်ကို အန်ဒရေရောက်လာတော့ အန်ဒရေက သူပျောက်နေတဲ့အတောအတွင်းအဖြစ်အပျက်တွေကို ရေပက်မဝင်ပြောတော့တာပဲ။ သူ ပိုလန်က တောထဲရောက်သွားပြီး စိတ်လိုလက်ရ စိတ်ထဲရှိတဲ့အတိုင်းလုပ်ခဲ့တဲ့အကြောင်းတွေ... ဆာဟာရထဲသွားပြီး ဘုန်းကြီးတစ်ပါးနဲ့ ပြဇာတ်ရိုက်ဖို့လုပ်ခဲ့ပုံတွေ... စကော့တလန်က ဖင်းန်ဟွန်းဆိုတဲ့အဖွဲ့ဆီသွားခဲ့ပုံတွေ... ဟောလိုးဝင်းမှာအရှင်လတ်လတ် မြေမြုပ်ခံခဲ့ပုံတွေပေါ့။ အဲဒီနေရာတွေကို အန်ဒရေ သွားခဲ့ရတာကလည်း သူ့အနေနဲ့ သူနေထိုင်နေရတဲ့ဘောင်လေးထဲကနေရုန်းထွက်ပြီး တကယ့် လူစစ်စစ်ဖြစ်ဖို့၊ လူလူချင်းအမှန်တကယ်ဆက်နွယ်မိဖို့နဲ့ ပကတိတရားနဲ့ ထိတွေ့ဖို့ အတွက်ဆိုပြီး အကြောင်းပြချက်ပေးတယ်။ လူစစ်စစ်ဖြစ်ဖို့ဘာတွေလိုလဲ... လူတွေဟာ အခုလို စက်ရုပ်ကြီးအတိုင်း ကိုယ်လုပ်နေကျကိစ္စတွေကို လုပ်‌ရင်းပဲ သေဆုံးသွားရမှာလား... ပကတိတရား သဘာဝတရားကြီးနဲ့ထိတွေ့မှုရှိမှ လူစစ်စစ်ဖြစ်နိုင်မယ့်အကြောင်းကိုပြောတယ်။ ဝေါလေ့စ်ကတော့ သူ့အမြင်တွေကို သိပ်သဘောမတူဘူး။ လူတိုင်းဟာ ပကတိတရားနဲ့ထိတွေ့ဖို့ အဲဒီလောက်မလုပ်နိုင်ဘူးလို့သူယုံတယ်။ သူ့အမြင်တွေကို သူ လျှပ်စစ်စောင်လေးကိုကြိုက်ပုံ၊ ကော်ဖီအသင့်ဖြစ်နေတာလေးကို ကျေနပ်ပုံတွေနဲ့ ပြန်ရှင်းပြတယ်။ အဲဒီလို သူတို့ရဲ့ရှုထောင့်ကိုယ်စီကနေ အဲဒီခေတ်နဲ့ အခုခေတ်လူတွေကြုံတွေ့နေရတဲ့ လစ်ဟာမှုကို အဓိပ္ပာယ်ဖွင့် ဖြေရှင်းချက်ထုတ်ဖို့ကြိုးစားကြတာပေါ့။ စကားလေးတွေ‌ပဲပြောပေမဲ့ ကြည့်နေတဲ့သူက ပုံရိပ်တွေတစ်ကွက်ပြီးတစ်ကွက် ကြည့်နေရသလိုခံစားရတယ်။ လူလူချင်း လက်တွေ့ဆက်နွယ်‌မှုပျောက်နေတဲ့အကြောင်း၊ လူတိုင်းဟာ ကိုယ်ပိုင်စိတ်ကူးယဉ်ကမ္ဘာထဲ နေထိုင်နေတဲ့အကြောင်းတွေ ပြောတဲ့အခါ ကိုယ့်အဖြစ်တွေနဲ့ပါ တိုက်ဆိုင်ဆက်စပ်ကြည့်ရင်း ကိုယ့်ရဲ့လောကအပေါ် ရှုမြင်ပုံတွေပါ တစ်မျိုးလေးပြောင်းသွားနိုင်မယ်လို့ယုံပါတယ်။ ဒီထဲမှာ မင်းသားချောချောလေးမပါဘူး။ မင်းသမီးချောချောလေးလည်းမပါဘူး။ ဗီလိန်ကြီးလည်း မပါသလို စားပွဲထိုးတစ်ယောက်ကလွဲလို့ တခြား ဇာတ်ပို့ဇာတ်ရံတွေလည်းမပါဘူး။ ပျင်းစရာကြီးနေမှာပေါ့ လို့ထင်နေပြီဆိုရင်တော့ "သားကြီးမင်းမှားမယ်နော်" လို့ပဲ ပြောချင်ပါတယ်။ ဒီဇာတ်ကားက ကြည့်‌နေရင်း ဪ ဒီလိုပါလားလို့ ဒဲ့ဒိုးသိလာတာမဟုတ်ဘဲ ကိုယ့်စိတ်ထဲကနေ တစ်ခုခုကို နားလည်လာသလို ခံစားချက်မျိုးပေးနိုင်တဲ့ကားမျိုး။ အနုပညာဆိုတာ ဒါပါပဲ... ရုပ်ရှင်တစ်ကားလုံး စကားလေးပြောရင်း ကားချပ်တစ်ခုကိုခြယ်သွားတယ်၊ မယ်လိုဒီ တစ်ပုဒ်ကို စပ်သွားတယ်၊ ပေလိပ်တစ်ခုကိုလှစ်သွားတယ်၊ ပုခုံးပေါ်ကဝန်ထုပ်တွေကို ဘယ်လိုပစ်ချရမလဲ အရိပ်အမြွက်လေးပြသွားတယ်၊ ဖြစ်တည်မှုကို မေးခွန်းထုတ်သွားတယ်၊ မမြဲခြင်းတရားကို မမေ့ဖို့သတိပေးသွားတယ်။ ဒီလိုရသပေါင်းစုံကို ဖန်သားပြင်က ကြည့်နေတဲ့လူတစ်ယောက်ရဲ့ မသိစိတ်ထဲနစ်ဝင်အောင်ရိုက်ပြသွားနိုင်တာကတော့ ဒီရုပ်ရှင်ရဲ့ လေးစားစရာတစ်ခုပဲဖြစ်ပါတယ်။ ရုပ်ရှင်မကောင်းလို့ စွတ်ညွှန်းတာမဟုတ်ပါဘူး။ ကျွန်တော်တောင်နောက်ကျမှကြည့်မိရလေခြင်းလို့ နည်းနည်းတောင်ရင်နာမိပါသေးတယ်။ ဒီရုပ်ရှင်ကောင်းလွန်းလို့ ကြည့်သင့်တဲ့ကားတစ်ကားကို မကြည့်လိုက်ရလေခြင်းဆိုပြီး နောင်တမရစေချင်ရုံပါ။ အချိန်ကလည်း ၂ နာရီမပြည့်ဘူးဆိုတော့ ၂နာရီမပြည့်တဲ့အချိန်အတွင်း ကိုယ့်ဘဝကိုယ် မေးခွန်းထုတ်ကြည့်လိုက်ကြပါစို့ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.2GB, 950MB Quality - 1080p, 720p IMDb Rating - 7.7/10 Format - mp4 Duration - 1H 50Min Genre - Comedy, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Action • Comedy
7.5 1981 110 mins
My Dinner with Andre
Soul of Blades

"ဓားကိုသွန်းမလုပ်ခင် ဓားဝိညာဥ်ကိုအရင်သွန်းလုပ်ရတယ်။ ဒါမှ ဓားနဲ့ဓားပိုင်ရှင်ဟာတစ်ထပ်တည်းကျပြီး အချင်းချင်းဆက်သွယ်နိုင်တယ်" တဲ့။ နန်ကုန်းအိမ်တော်ကသွန်းလုပ်တဲ့ လောကမှာအကောင်းဆုံး ပထမတန်းစားဓားလို့ညွှန်းဆိုရလောက်တဲ့ ရွှေရောင်ဓားဟာ ထိပ်သီးသိုင်းသမားချင်ယိယောက်ရဲ့လုယူသွားခြင်းကိုခံရပါတယ်။ ဓားရဲ့ဂုဏ်သတင်းကြောင့် သိုင်းလောကလူအများရဲ့ပစ်မှတ်ထားခြင်းကိုခံရပြီး လူပေါင်းများစွာဟာအဲ့ဒီဓားနောက်လိုက်နေကြပါတယ်။ ချင်ယိသောက်ဟာတစ်လောကလုံးနဲ့တစ်ယော​က်တည်းဖြစ်နေပြီး ထွက်ပြေးပုန်းရှောင်ရပါတော့တယ်။ ကံကြမ္မာဆုံချင်တော့ ထွက်ပြေးတဲ့လမ်းမှာ ခွေးလေးလို့ခေါ်တဲ့သူတောင်းစားလေးနဲ့တွေ့ခဲ့ပြီးသားအဖြစ်မွေးစားခဲ့ပါတယ်။ တရားမျှတမှုမရှိတဲ့လောကကြီးမှာ သူတို့သားအဖရှင်သန်နေထိုင်လာရင်း နန်ကုန်းအိမ်တော်ရဲ့သခင်မလေးဟာ သူတို့ကိုတွေ့သွားပါတော့တယ်။ နန်ကုန်းသခင်မလေးဟာ ချင်ယိသောက်ရဲ့မွေးစားသားကို မာယာနဲ့ချဥ်းကပ်ပြီး မွေးစားအဖေကိုပြန်သတ်အောင် သွေးထိုးပေးချိန်မှာတော့... သိုင်းလောကအရှုပ်အထွေးနဲ့အတူ အချစ် အမုန်း ရန်ငြိုးတို့ရဲ့ကြားမှာ ကလဲ့စားဟာဘယ်လိုအဆုံးသတ်လေမလဲ။ ဆန်းကြယ်တဲ့ ပထမတန်းစားဓားရဲ့လျှို့ဝှက်ချက်ကရောဘာလဲ။ နောက်ဆုံးမှာလောကပထမဓားကိုဘယ်သူက ပိုင်ဆိုင်သွားပြီး ရှုပ်ထွေးနေတဲ့လောကကို ကယ်တင်နိုင်မလဲ။ ဘယ်သူက သူရဲကောင်းအစစ်အမှန်ဖြစ်လေမလဲဆိုတာ ကြည့်ရှုလိုက်ကြရအောင်။ [ Reviewed By Yin Wai Phyo ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Fantasy Runtime : 1h 30 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Thriller
0 2021 90 mins
Soul of Blades
Licorice Pizza
7

ကဲ ‘Licorice Pizza’ လာပါပြီ။ ဒီရုပ်ရှင်ဟာ ၂၀၂၂ အော်စကာ ဆုပေးပွဲမှာ အကောင်းဆုံးရုပ်ရှင်ဆု၊ အကောင်းဆုံး ဒါရိုက်တာဆု နဲ့ အကောင်းဆုံး ဇာတ်ညွှန်းဆုတို့ဆန်ကာတင်ထားပါပြီ။ ဒီရုပ်ရှင်အကြောင်း မပြောခင် ခေါင်းစဉ်လေးကို အရင်ရှင်းပြရမယ်ထင်ပါတယ်။ ‘Licorice Pizza’ ဆိုတာ ဗန်းစကားပါ။ အနက်ရောင် ဗီနိုင်းသား ဓာတ်ပြားတွေကို ဆိုလိုတာပါ။ Licorice ဆိုတာ သကြားလုံး သကြားချောင်းအနေနဲ့ထုတ်တဲ့ အနက်ရောင် မာမာစေးစေး စားစရာလေးတွေက ယူထားတာပါ။ ပြီးတော့ ဓာတ်ပြားတွေကလည်း ပီဇာ အသေးစားပုံစံဆိုတော့ ‘Licorice Pizza’ ဆိုပြီး နာမည်တွင်လာတာပေါ့။ ဒါရိုက်တာကတော့ ပေါလ် သောမတ် အန်ဒါဆန် ဖြစ်ပါတယ်။ ဒီဇာတ်လမ်းရဲ့ အဓိက ဇာတ်ကောင်နှစ်ယောက်ကတော့ ၁၅ နှစ်အရွယ် သရုပ်ဆောင်ပေါက်စ စီးပွားရေးသမားလေး ဂယ်ရီ ဗယ်လင်တိုင်းနဲ့ သူချစ်မိနေတဲ့ ၂၅ နှစ်အရွယ် မမ အလန်နာ ကိန်းတို့ အကြောင်းပေါ့။ ဒီအော်စကာဆန်ကာတင်ကားကြီးရဲ့ အဓိကသရုပ်ဆောင်နှစ်ယောက်ကတော့ ပထမဆုံးစပြီးရုပ်ရှင်ရိုက်ဖူးတဲ့လူသစ်တွေဖြစ်နေတာ ထူးဆန်းတဲ့အချက်ပါပဲ။ ဒီရုပ်ရှင်လေးကို ဒါရိုက်တာဟာ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်လောက်ကတည်းက စိတ်ကူးရခဲ့တာပါ။ ဆိုင်လေးတစ်ခုမှာ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်က အသက်ကြီးတဲ့ ဝန်ထမ်းကောင်မလေးကို ကြူနေတာကိုတွေ့ပြီး တကယ်လို့သာ ဆယ်ကျော်သက်လေးက ချိန်းတွေ့ဖို့ ခေါ်ကြည့်တာကို မမကြီးက လက်ခံပြီးရောက်လာခဲ့ရင် ဘာဆက်ဖြစ်မလဲဆိုပြီး စိတ်ကူးမိခဲ့တာပါတဲ့။ ပြီးတော့ ဒီဇာတ်ကားမှာ ဘရက်ဒလေကူးပါး ပါတာကိုလည်း လူငယ်လေးတွေကို ကြိုပြောမထားဘဲ ရိုက်ကွင်းမှာ အံ့ဩအောင်လုပ်ခဲ့ပါသေးတယ်။ ဒါ့အပြင် လီယိုနာဒိုရဲ့ ဖခင်ကြီးကိုလည်း ရေမွေ့ရာရောင်းတဲ့ ဘိုးတော်ကြီးအဖြစ် ထည့်သွင်းထားခဲ့ပါသေးတယ်။ ဘရက်ဒလေကူးပါး အင်တာဗြူးတစ်ခုမှာဖြေခဲ့တာက ဒီရုပ်ရှင်မရိုက်ဖြစ်ခင်မှာ သူ သရုပ်ဆောင်ဘဝက အနားယူဖို့တောင်စဉ်းစားနေပြီတဲ့။ သူက ဒါရိုက်တာ ပေါလ်အန်ဒါဆန်ရဲ့ အမာခံပရိသတ်ဖြစ်တာကြောင့် ‘Licorice Pizza’ မှာပါခွင့်ရမယ်ဆိုမှ ဘယ်အခန်းကပဲ ပါရပါရဆိုပြီး ပြန်ရိုက်ကူးဖြစ်ခဲ့တာပါတဲ့။ ဇာတ်လမ်းအမျိုးအစားကတော့ ဟာသ ဒရာမာ ရိုးမန့်စ် ပါပဲ။ ၁၉၇၃ ဝန်းကျင် လူငယ်ဘဝနဲ့ ဖြတ်သန်းရတဲ့ ဘဝအတွေ့အကြုံအစုံကို အခြေခံထားပါတယ်။ သူတို့နှစ်ယောက် သရုပ်ဆောင်လောကမှာ ကြိုးစားကြတာတွေ၊ စီးပွားရေးအသစ်အဆန်းတွေ ကြိုးစားကြတာတွေ၊ နိုင်ငံရေးမှာ ဝင်ပါကြတာတွေ တဖြည်းဖြည်းအရွယ်ရောက်လာကြတာတွေကို ပြသထားပါတယ်။ ရုပ်ရှင်ကောင်းကြိုက်တတ်သူတွေအတွက်တော့ ၂၀၂၁ ရဲ့ အကောင်းဆုံးရုပ်ရှင်ထဲက တစ်ကားကို လက်လွတ်မခံသင့်ပါဘူး။ File size…(2 GB)/(1 GB)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:13:00 Genre...Drama, Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson

Horror
7 2021 133 mins
Licorice Pizza
Suicide Squad
5.9

Hype တွေများလွန်းလို့ တကယ့်ဇာတ်ကားထွက်လာတော့ထင်သလောက်ခရီးမရောက်ဖြစ်ခဲ့ရတဲ့ ဇာတ်ကားကိုဘယ်လိုဘယ်ပုံတွေကောင်းကြောင်း ဆိုးကြောင်းထပ်ပြီး မညွှန်းချင်တော့ပါဘူး။ မျှော်လင့်ထားသလောက် ဖြစ်မလာပေမယ့်မကောင်းဘူးလို့တော့လဲလုံးဝပြောလို့မရတာတော့အမှန်ပါ ဒါ့ကြောင့် ဇာတ်လမ်းသွားလေးပဲ နည်းနည်းညွှန်းပေးပါရစေ။ ဇာတ်ကားကို Batman နဲ့ Supermanရဲ့တိုက်ပွဲအပြီးSuperman သေဆုံးသွားတဲ့နောက်ပိုင်းကာလမှာဇာတ်အိမ်တည်ထားပါတယ်။ အစိုးရအဖွဲ့အနေနဲ့ Supermanလို လူစွမ်းကောင်းမျိုးသာ ဆိုးသွမ်းတဲ့ဘက်ကနေ လူသားတွေကိုဒုက္ခပေးမယ့်Villainတစ်ဦးဖြစ်နေမယ်ဆိုရင် ဆိုတဲ့စိုးရိမ်စိတ်တွေဖြစ်လာကြတဲ့အတွက်Amanda Waller ဆိုတဲ့အမေရိကန်အစိုးရအဖွဲ့မှ အမျိုးသမီးကြီးရဲ့အကြံအစည်ကDC ရဲ့နာမည်ကျော် Villainsကြီးများနဲ့အဖွဲ့တစ်ခုထူထောင်ပြီး အစိုးရအနေနဲ့မဖြေရှင်းနိုင်တဲ့ကိစ္စများကိုသူ့ရဲ့Task Force X ခေါ် Suicide Squad အဖွဲ့ကိုလွှတိပြီးဖြေရှင်းစေဖို့ပဲဖြစ်ပါတယ်။ Amanda ရဲ့ အကြံအစည်အောင်မြင်မလား ဒီvillainsကြီးတွေကိုရောသူထိန်းချုပ်နိုင်ပါ့မလား Suicide Squadအဖွဲ့သားတွေကရောဘယ်လိုအန္တရာယ်တွေကိုရင်ဆိုင်ဖြေရှင်း ရမလဲဆိုတာကိုတော့ဇာတ်ကားထဲမှာပဲဆက်လက်ကြည့်ရှုခံစားပေးပါခင်ဗျာ။ မညွှန်းတော့ဘူးဆိုပေမယ့် တစ်ခုလေးပြောပြစရာရှိပါသေးတယ် :-P ဇာတ်ကားရဲ့ အဓိက အားသာချက်တစ်ခုကတော့ characters ကိုက်ညီမှုရှိတာပါပဲ အထူးသဖြင့်Deadshot အဖြစ်သရုပ်ဆောင်တဲ့ Will Smith နဲ့ရေပန်းစားနေတဲ့ Harley Quinn အဖြစ်Margot Rubbie တို့ရဲ့ သရုပ်ဆောင်ပီပြင်မှုတွေကတော့ ပရိတ်သတ်အထူးကြိုက်နှစ်သက်ကြလိမ့်မယ်ဆိုတာကျိန်းသေပေါက် အာမခံရဲပါတယ် ။ Joker အဖြစ် အများစိတ်ဝင်စားနေတဲ့ Jared Letoကိုလဲ သူပါသမျှဇာတ်ဝင်ခန်း များအရသုံးသပ်ဖို့ခက်ခဲနေသေးပေမယ့် မဆိုးဘူးလို့တော့မြင်မိပါတယ်။ ဒါ့ကြောင့် rating တွေ Review တွေ ဘေးခဏချိတ်Hype ခဲ့သမျှတွေကိုခဏမေ့ပြီး မိမိအမြင်နဲ့ သာကြည့်ရှုခံစားကြပြီး မိမိအမြင်နဲ့သာဝေဖန်သုံးသပ်ကြည့်ကြပါလို့ပဲတိုက်တွန်းပါရစေခင်ဗျာ/ အော် ဒါနဲ့ .... နောက်ဆုံးမှာ နောက်လာမယ့် Justice League ဇာတ်ကားအတွက်အစပျိုးထားတဲ့ post credits sceneပါပါ တယ် မကြည့်ဖြစ်လိုက်မှာစိုးလို့ ကြိုပြီးသတိလေးပေးထားပါရစေ။ (ဘာသာပြန်သူကတော့ ဟန်ထူးဇော် ဖြစ်ပါတယ်) File Size : (2.18 GB) and (950 MB) Quality : EXTENDED Blu-Ray (1080p 5.1, 720p) Running Time : 2hr 15min Format : Mkv and Mp4 Genre : Action, Adventure, Fantasy Subtitle : Myanmar Subtitle (Hard Sub) Source : .EXTENDED.1080p.BluRay.x264-SPARKS Translated by Han Htoo Zaw Encode by Thanhtike Zaw

Crime • Thriller
5.9 2016 123 mins
Suicide Squad
Girls From Dubai
5

Girls from Dubai(2021) “ရှင် ဂိုဏ်းစတားကားတွေ ကြိုက်လား။ လူတွေက အဲဒီရုပ်ရှင်တွေထဲမှာ ဘယ်လောက်ပဲ နှိပ်စက်၊ မုဒိမ်းကျင့်၊ သတ်ဖြတ်နေကြပါစေ ကြိုက်ကြတာပဲ။ ဒါပေမဲ့ ကျွန်မတို့ကိုတော့ မုန်းကြတယ်။ ကျွန်မတို့အကြောင်း ရုပ်ရှင်ဆိုတာရော ရှိလာပါဦးမလား” ဒါက ဒီဇာတ်ကားထဲက နောက်ဆုံးပိုင်းလေးမှာ အမ်မီ ပြောခဲ့တဲ့ Dialogue လေးပါပဲ။ ဒီဇာတ်ကားထဲမှာ ငယ်ငယ်က Miss ဖြစ်ချင်ခဲ့တဲ့ အမ်မီတစ်ယောက် Miss ပြိုင်ပွဲတွေဝင်ရင်းနဲ့ အထက်တန်းလွှာက ပြည့်တန်ဆာလုပ်ငန်းထဲ ခြေချမိသွားရာကစလို့ ကြုံလာရမယ့်အရာတွေ၊ အချင်းချင်း ခွင်ကျော်ကြပုံတွေ၊ နောက်ကျောဓားနဲ့ ထိုးကြပုံတွေ၊ ငါးစာအောက်က ငါးမျှားချိတ်ကို မြင်ရက်နဲ့ လျှော့တွက်ခဲ့ရာက ဒုက္ခကြုံရပုံတွေကို ရိုက်ပြထားပါတယ်။ ဒီကားထဲမှာတော့ လိင်အလုပ်သမတွေရဲ့ ဘဝအကြောင်းကို ရှင်းရှင်းလင်းလင်း ဖော်ပြထားပြီးတော့ တကယ့်ပျော်ရွှင်မှုအစစ်လို့ ထင်မှတ်မှားခဲ့တဲ့အရာတွေက တစ်ချိန်ချိန် တကယ့်ပျော်ရွှင်မှုအစစ်ကို ရှာတွေေ့တဲ့အခါ အနောက်ကနေ အရိပ်မည်းကြီးလို လိုက်လာတတ်ပုံကိုလည်း သင်ခန်းစာ ပေးထားပါတယ်။ ဒီကားလေးက ၂၀၂၁ ခုနှစ်က ထွက်ရှိထားတာ ဖြစ်ပြီး IMDB rating 5 နဲ့ Rotten Tomatoes မှာ Audience Score (80%) ထိ ရရှိထားပါတယ်။ ရုပ်ရှင်ဆုတစ်ဆုနဲ့ တစ်ကြိုစာရင်း တစ်ကြိမ် ဝင်ထားပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Leo ပဲ ဖြစ်ပါတယ်။ Genre…..Drama Quality…. 1080p | 720p | 480p File size…2.4GB | 1.3GB | 512MB Format… mp4 Duration….2h 26min Subtitle…. Myanmar Subtitle (Hardsub) Translator …..Leo Encoder …..August

Drama • Fantasy • Horror
5 2021 136 mins
Girls From Dubai
My Year of Dicks

The Warrant , Lucky Hank , We have a ghost , V/H/S 99 အစရှိတဲ့ ရုပ်ရှင်ကားတွေထဲ မင်းသားငယ်လေး Jackson Kelly နဲ့ Our Last summer , See me , The Diary of Emily , Cyborg အစရှိတဲ့ ရုပ်ရှင်ထဲက ကောင်မလေး Brie Tiltonက အခု ဇာတ်လမ်းတိုလေးမှာ အသံသရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းလေးကတော့ ပယ်မလာလို့ခေါ်တဲ့ ကောင်မလေးက သူ့ရဲ့အပျိုစင်ဘဝကို ဆုံးရှုံးခံဖို့ စိတ်ပိုင်းဖြတ်လိုက်ပါတော့တယ်။ အဲဒါနဲ့ သူ့သူငယ်ချင်းတွေက သူနဲ့တွဲမယ့် ရည်းစားတွေနဲ့ချိတ်ပေး ပါတီတွေ ခေါ်သွားနဲ့ လုပ်ကြတာပေါ့။ ဇာတ်လမ်းက Never have I ever series နဲ့ ရည်ရွယ်ချက်ချင်းဆင်ပါတယ်။ ပယ်မလာ တစ်ယောက် သူ့ရဲ့အပျိုစင်ဘဝကို ဘယ်သူနဲ့ကုန်ဆုံးမလဲ …. သူ့ရဲ့လိုအင်ဆန္ဒက ပြည့်ဝသွားမလား …. သူလိုချင်တာကို လိုက်ရှာရင်း အချစ်ကိုပါ ရှာတွေ့သွားမလားဆိုတာကို ကြည့်ရှု့ရမှာဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(495 MB)/(228 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:26:00 Genre…Animation , Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Win

0 2023
My Year of Dicks
The Squad
4

The Squad (2023) ============= ဂျီနာ ဘယ်လာ နဲ့ ဒါနီတို့ဟာ မိဘမဲ့တွေဖြစ်ပြီး ငယ်ရွယ်စဉ်ကတည်းက မွေးစားမိဘတွေရဲ့အိမ်ကနေ ပြန်ပေးဆွဲခံရပြီးပျောက်ကွယ်သွားခဲ့ပါတယ်။ သူတို့ကိုပြန်ပေးဆွဲသွားသူက အယ်လ်ဖာလို့ခေါ်တဲ့အမျိုးသမီးတစ်ဦး ဖြစ်ပြီး မူးယစ်ဆေးအရောင်းအဝယ်လုပ်ငန်းတွေမှာ ကျွမ်းကျင်အဆင့် ဖြစ်အောင်လေ့ကျင့်သင်ကြားပေးခဲ့ရာကနေ the squad ဆိုတဲ့နာမည်နဲ့ သူတို့သုံးယောက်အဖွဲ့က မြေအောက်လောကမှာနာမည်ကြီးလာခဲ့ပါတယ်။ တစ်နေ့မှာတော့ သူတို့ရဲ့မွေးစားမိခင်လိုဖြစ်နေတဲ့ အယ်လ်ဖာအသတ်ခံခဲ့ ရတဲ့နောက် ကလဲ့စားချေဖို့စုံစမ်းကြရင်း သူတို့ထက် အဆပေါင်းများစွာ အင်အားသာလွန်တဲ့ ရန်သူတွေနဲ့အပြိုင်ကြဲဖို့ဖြစ်လာပါတော့တယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်) File Size……….(1.3 GB) / (444 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 18Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Action Translator…….Alias Encoder……….SWM

4 2023
The Squad
Junkyard Dog
7.1

Junkyard Dog (2023) ဒီ Comedy, Drama ဇာတ်ကားကတော့ အရမ်းချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက်အပေါ် ဇာတ်အိမ်တည်ပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံရဲ့တောင်ဘက်က မြို့ငယ်လေးတစ်မြို့မှာ နေထိုင်ကြတဲ့ ဒေါ့နဲ့ မီရာလယ်စ်ဆိုလို့ခေါ်တဲ့ သူငယ်ချင်းနှစ်ယောက်အကြောင်းပေါ့။ ငယ်မွေးခြံပေါက်သူငယ်ချင်းနှစ်ယောက်မှာ တစ်ယောက်က တော်ရုံစကားမပြော မှုန်မှုန်ကုပ်ကုပ်လေးနေ ဘာဆိုဘာမှဂရုမစိုက်ဘဲနေတတ်တဲ့ Introvert ဖြစ်ပြီး နောက်တစ်ယောက်ကတော့ အမြဲလိုလို အခြားသူငယ်တွေနဲ့ပျော်ပါးတတ် စကားစမြည်ပြောပြီး ဝေလေဝါးလားနေတတ်သူပေါ့။ နှစ်ယောက်က တောင်နဲ့မြောက်တခြားစီဆိုပေမဲ့ ငယ်ငယ်ကတည်းက အရမ်းကိုချစ်တတ်ကြတဲ့သူငယ်ချင်းဖြစ်ပါတယ်။ ဒီလိုနဲ့ သူငယ်ချင်းနှစ်ယောက်ထဲက Introvert ဖြစ်တဲ့ ဒေါ့ဆိုတဲ့သူက အခြားမြို့ကနေခဏတစ်ဖြုတ်ပြောင်းလာတဲ့ အမျိုးသမီးတစ်ယောက်နဲ့ချစ်ကျွမ်းဝင်ဖို့ဖြစ်လာပါတော့တယ်။ အဲဒီ ဒေါ့ရဲ့ အချစ်ဇာတ်လမ်းက နောက်ဆုံးမှာဘယ်လိုအဆုံးသတ်သွားရမလဲဆိုတာအပြင် အမှန်တကယ်ကိုယ့်ကိုချစ်မြတ်နိုးတဲ့သူတွေကပဲ ကိုယ်မုန်းတာကိုခံပြီး ကိုယ့်ကိုကူညီပေးတတ်တယ်ဆိုတာကိုပါ ရသအပြည့်နဲ့ခံစားရမယ့် ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.85GB, 760MB Quality – 1080p, 720p IMDb Rating – 7.1/10 Format – mp4 Duration – 1H 33Min Genre – Comedy, Drama Subtitle – Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

Drama • Action • Adventure • History • War
7.1 2023 93 mins
Junkyard Dog
Fight Against Evil
6.2

ကြမ်း မှ ဖိုက်မှ ကြိုက်တဲ့ Action ပရိတ်သတ်တွေအတွက် အက်ရှင်ကားကောင်းလေးတကားတင်ဆက်ပေးလိုက်ပါတယ် ဒီ Fight Against Evil ဇာတ်ကားကတော့ စုန်းပေမြို့မှာဖြစ်ပွားခဲ့တဲ့ မှုခင်းတစ်ခုအကြောင်းကိုရိုက်ပြထားတာဖြစ်ပါတယ် ကျွန်တော်တို့ရဲ့မင်းသား လီဟုမ်ချီက‌တော့ ရဲအရာရှိလေးတစ်ယောက်ပါ လီဟုမ်ချီကသူခိုးဖမ်းရင်းနဲ့ ပြည်သူတစ်ယောက်နဲ့စကားများပြီး တိုင်ကြားခံလိုက်ရတာကနေတစ်ဆင့် အလုပ်ခဏနားလိုက်ရပါတယ် လီဟုမ်ချီနဲ့ သူ့ရဲ့ရည်းစားဖြစ်သူတို့က မိန်းကလေးရှင်ဘက်ကအိမ်ပြန်ပြီး မိဘတွေနဲ့တွေ့ဖို့ စုန်းပေမြို့ကို ခဏတာခရီးထွက်လိုက်ချိန်ကနေ ဒီ‌အမှုက စတင်ဖြစ်ပွားခဲ့တာဖြစ်ပါတယ် လီဟုမ်ချီက ယောက္ခထီးဖြစ်သူနဲ့အဆင်ပြေအောင် ညှိယူရင်းနဲ့ မထင်မှတ်ပဲ လူတွေသတ်လိုက် ငွေတွေလိမ်လိုက်နဲ့ အမြတ်ထုတ်နေတဲ့ ညီအကို ၃ယောက်နဲ့ တွေ့စုံလိုက်ရပါတယ် သုညအဆင့်ကနေ ဘဝစခဲ့တဲ့ ညီအကို ၃ယောက်က ဘယ်လိုအကြံတွေနဲ့ လောင်းကစားလောကကြီးကို ထိန်းချုပ်သွားမလဲ လီဟုမ်ချီကရော အမှုကိုဘယ်လိုလိုက်မလဲ ဒီအမှုကရော သူ့ချစ်ရသူနဲ့ ယောက္ခထီးဖြစ်သူကြားမှာ‌ရောပတ်သက်မှုတွေရှိနေလို့ ဘယ်လိုအမှုကိုဖြေရှင်းသွားမလဲဆိုတာကိုဆက်လက်ကြည့်ရှုလိုက်ရအောင်

6.2 2021
Fight Against Evil
The Walk

Rotten Tomatoes 83%, IMDb 7.3 ၁၉၇၄ခုနှစ်မှာ ပြင်သစ်လူမျိုး ကောင်းကင်ကြိုးတန်းလျှောက်သူ Philippe Petitဟာ အထပ်၁၁၀မြင့်တဲ့ ကမ္ဘာ့ကုန်သွယ်ရေးစင်တာ(World Trade Center) အမြွှာမျှော်စင်ရဲ့ ခေါင်မိုးထပ်မှာ စွန့်စွန့်စားစား ကောင်းကင်ကြိုးတန်းလျှောက်ပြခဲ့ပါတယ်။ ဒီအဖြစ်အပျက်အပေါ်အခြေခံပြီး ရိုက်ကူးထားတဲ့ The Walk ရုပ်ရှင်ဟာ ဖီးလစ်ပတေး (Philippe Petit) ရဲ့ အတ္ထုပ္ပတ္တိဖြစ်ရုံသာမက 9/11တိုက်ခိုက်မှုမှာ ပျက်စီးခဲ့ရတဲ့ အမြွှာမျှော်စင်ကြီးရဲ့ မှတ်တမ်းတစ်စိတ်တစ်ပိုင်းလည်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း မှတ်တမ်းရုပ်ရှင်စစ်စစ်မဟုတ်တဲ့အတွက်ကြောင့် ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ကောင်းတဲ့ဇာတ်လမ်းမျိုးပါ။ ၂၀၁၅ခုနှစ်မှာ ထွက်ထားခဲ့တဲ့ရုပ်ရှက်ဖြစ်တဲ့အတွက် 3Dခံစားချက်အသားပေး အသည်းတအေးအေးပြကွက်တွေ လည်းအပြည့်ပေါ့။ ၁၉၉၀ခုနှစ်နဲ့အစောပိုင်းနှစ်တွေမှာ မွေးဖွားခဲ့သူတွေအဖို့ ၂၀၀၁ခုနှစ်မှာ တီဗွီဖန်သားပြင်ထက်အထိတ်တလန့်နဲ့ မြင်တွေ့ကြုံကြိုက်ခဲ့ရတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒီရုပ်ရှင်ရိုက်ကူးချိန်မှာ မျှော်စင်ကြီး၂ခုစလုံးက အပြင်မှာရှိမနေခဲ့တော့ပါဘူး။ ဒါကြောင့် အထူးပြုလုပ်ချက်နည်းပညာတွေ မြိုငိမြိုင်သုံးပြီးဖန်တီးထားတဲ့ ရုပ်ရှင်ပြကွက်တွေဟာ ထွက်ရှိလာချိန်မှာ အများရဲ့ချီးကျူးမှုကို လက်ခံရရှိခဲ့ပါတယ်။ Philippe Petit ရဲ့ဆောင်ပုဒ်အတိုင်း “မဖြစ်နိုင်တာမရှိ အိမ်မက်တွေနောက် လိုက်လျှောက်ပါ (Nothing is Impossible, Follow your Dreams)” ဆိုတဲ့ ခံစားချက်အပြည့်အဝပေးနိုင်တဲ့ ရုပ်ရှင်တစ်ကားပါပဲ။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre… History, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Khatar Aung

0 2015
The Walk
Elyas
5.8

ဒီတစ်ခါမှာတော့ John Wick လို ဖိုက်တင်ခန်းတွေပါတဲ့ ၂၀၂၄ ခုနှစ်ထွက် ပြင်သစ်အက်ရှင်ကားတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။ အယ်ယာစ့်ဟာ အာဖကန်နစ္စတန်ကပြန်လာတဲ့ ပြင်သစ်စစ်ပြန်ဟောင်းတစ်ယောက်ပါ။ စိတ်ကျန်းမာရေးအခြေအနေအကြောင့် စစ်တပ်ကအထုတ်ခံရပြီးနောက်ပိုင်း လောကကြီးနဲ့အဆက်သွယ်ဖြတ်နေခဲ့ပါတယ် ။ တစ်ရက်မှာ အရှေ့အလယ်ပိုင်းက သူဌေးမိသားစုတစ်စုအတွက် လုံခြုံရေးအလုပ်လက်ခံမိရာက ဒီမိသားစုကိုလိုက်နေတဲ့ ကြေးစားအဖွဲ့နဲ့ ငြိပါတော့တယ်။ သူဌေးသားအမိကို သက်စွန့်စံဖျားလိုက်ကာကွယ်ရင်း ပြန်ဂွင်ဆင်ခံရတဲ့အခါ ဘယ်သူက သူ့ကိုဂွင်ဆင်ပြီး လုပ်ကြံနေတာလဲ သူကာကွယ်နေတဲ့ မိသားစုနောက်ကွယ်မှာ ဘာတွေရှိလဲ ဒီမိသားစုကို ကြေးစားအဖွဲ့တွေ ဘာကြောင့် လိုက်ဖမ်းနေတာလဲ စတဲ့မေးခွန်းတွေကို သူ့ရဲ့ စစ်သားအရည်အချင်းနဲ့ စစ်ပွဲအတွေ့အကြုံတွေကိုသုံးပြီး အဖြေရှာဖို့ ဖြစ်လာပါတယ်။ One man army အက်ရှင်ဇာတ်ဝင်ခန်းတွေကို ကြိုက်တဲ့ ပရိတ်သတ်တွေအတွက် Elyas ဆိုတဲ့ ပြစ်သစ်အက်ရှင်ကားကောင်းကို တင်ဆက်လိုက်ရပါတယ်။

5.8 2024 99 mins
Elyas
Casi el Paraíso aka Quite Like Paradise

ဒီတစ်ခေါက်မှာတော့ ရှားလော့ဟုမ်းကားလို ဇာတ်လမ်းအဆုံးထိ ကြည့်ရှုသူတွေကို လှည့်ကွက်တွေနဲ့ ရင်သပ်ရှုမော ဖြစ်စေလောက်မယ့် ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါ့မယ်။ အာမီဒီယို ပိုဒူလာဆိုတာ အဖေမပေါ်ဘဲ မွေးထားတဲ့ ပြည့်တန်ဆာတစ်ယောက်ရဲ့ သားပါ။ ငယ်စဉ်ကတည်းက ဆိုးသွမ်းခဲ့ပြီး မက္ကစီကိုကနေ နိုင်ငံရေးအရှုပ်တော်ပုံနဲ့ပြေးလာတဲ့ ကွန်ချာဆိုတဲ့ ကောင်မလေးနဲ့ ချစ်ကြိုးသွယ်ခဲ့ပါတယ်။ တစ်နေ့မှာတော့ ကောင်မလေးနဲ့ရှိုးထုတ်ဖို့ ကားတစ်စီးကိုခိုးရင်း ထောင်ကျသွားခဲ့ပါတယ်။ ထောင်ထဲမှာတော့ သူ့ဘဝကို အကြီးကြီးပြောင်းလဲပေးမယ့် မြို့စားတစ်ယောက်နဲ့ ဆုံခဲ့ပြီး ပြည့်တန်ဆာတစ်ယောက်ရဲ့သား အာမီဒီယိုအဖြစ်ကနေ မြို့စားအူဂို ကွန်တီအဖြစ် ပြောင်းလဲနေထိုင်ခဲ့ပါတယ်။ အရင်ရည်းစားလေး ကွန်ချာကရော အူဂိုကွန်တီက သူ့ကိုပစ်သွားတဲ့ အာမီဒီယိုဆိုတာသိသွားရင် ဘာဖြစ်သွားမှာလဲ ဘာတွေလုပ်မှာလဲဆိုတာ ဇာတ်လမ်းလေးထဲမှာ ဆက်လက် အဖြေရှာကြည့်ပါခင်ဗျာ။

0 2024
Casi el Paraíso aka Quite Like Paradise
A Vilã das Nove
6.7

A.Vila.Das.Nove 2024ကားလေးကတော့ rating 6.7 ရရှိထားတဲ့ ဘရာဇီးကားလေးပဲ ဖြစ်ပါတယ်။ ဒီကားလေးမှာတော့ Eugeniaဆိုတဲ့အမျိုးသမီးဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျခဲ့ပြီး သူ့အိမ်ထောင်ရေး ဘဝကိုမကျေမနပ်ဖြစ်ကာ အမြဲတမ်းလိုလို အရာအားလုံးကို စိတ်မကျေမနပ်ဖြစ်နေတဲ့သူဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူဟာ သူဘဝကိုအဆုံးသတ်ပြီးဘဝအသစ် စဖို့အတွက် သူ့သမီးနဲ့ယောကျာ်းကိုထားခဲ့ပြီးထွက်ပြေး သွားပါတော့တယ်။ အရွယ်ငယ်သေးတဲ့သူ့သမီးလေးဟာ စိတ်ဒဏ်ရာများနဲ့သာ ကြီးပြင်းခဲ့ရပါတယ်။ မိခင်မေတ္တာငတ်နေတဲ့သမီးလေးက သူ့အမေကိုမုန်းတီးပြီးကြီးလာတဲ့အခါမှာတော့ သူဘဝ ဇာတ်ကြောင်းကို ဇာတ်ညွှန်းရေးဆရာနဲ့ပေါင်းပြီး ရုပ်ရှင် ဇာတ်လမ်းတွဲတစ်ခုကိုရေးကာထုတ်လွင့်ပါတော့တယ်။ အဲ့ဒီနောက်မှာ သူ့အမေက ဇာတ်လမ်းတွဲကိုကြည့်မိပြီး ဘာတွေဆက်ဖြစ်သွားမှာလဲ………………. သူသမီးကိုပြန်သွားရှာမှာလား…………. ဘယ်လိုပြဿနာတွေနဲ့ကြုံတွေ့ရမလဲဆိုတာတွေကို စိတ်ဝင်စားဖွယ်ကြည့်ရှုနိုင်မဲ့ကားလေးပဲ ဖြစ်ပါတယ်။ ဒီကားလေးမှာတော့ မိခင်တစ်ယောက်ရဲ့စိတ်ကျဥ်းကြပ်မှုတွေ ကလေးတွေရဲ့စိတ်ဒဏ်ရာတွေနဲ့ မိသားစုဘဝပြဿနာတွေကို ကောင်းကောင်းကြီးရိုက်ပြသွားတာမို့ သင်တို့က ဘရားဇီး ကားတွေကြိုက်တဲ့သူဆိုရင်တော့ဒီကားလေးကမလွတ်တန်း ကြည့်သင့်တဲ့ကားလေးပဲ ဖြစ်ပါတယ်နော်။ File size… (1.92 GB) / (950 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 43m Genre …..Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Koo Luu Moo

Animation • Comedy • Family • Adventure
6.7 2024 103 mins
A Vilã das Nove