YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The.heist.2024.720p.JC.WEB-DL.YK(CM).mp4

943.45 MB N/A video/mp4 298 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Devil Angel
3.2

ဟောင်ကောင်မင်းသမီးချောလေး Vivian Hsu ကို တချို့လဲ ရင်းနှီးကြမှာပါ...ရှောင်လင်ကလေးနှစ်ယောက်ရဲ့ဇာတ်ကား Shaolin Popey(1994) မှာ မင်းသမီးအဖြစ် စတင်ပွဲထွက်ခဲ့ပြီးတော့ ဂျက်ကီချန်းနဲ့ The Accidental Spy ဇာတ်ကားထဲမှာလဲ ပါဝင်ခဲ့ဖူးပါတယ်။ ဟောင်ကောင်မော်ဒယ်တွေထဲမှာ ချစ်စရာမျက်နှာပေါက်လေးနဲ့ နာမည်ကြီးခဲ့ရာကနေ ရုပ်ရှင်မင်းသမီးအဖြစ်ထိုးထွက်လာခဲ့ပြီး ခုချိန်ထိလဲ ဇာတ်လမ်းရုပ်ရှင်တွေရိုက်ကူးနေဆဲမင်းသမီးဖြစ်ပါတယ်။ ခုတင်ဆက်လိုက်တဲ့ Devil Angel (1995) ဇာတ်ကားကတော့ သူနာမည်ကြီးကာစအချိန်မှာ ရိုက်ကူးထားတဲ့ Drama,Romance,Thriller အမျိုးအစား ဇာတ်ကားတစ်ကားဖြစ်ပြီး အဖော်အချွတ်ခန်းတချို့ကြောင့် 18+ အသက်ရွယ်ပြည့်မီသူများသာ ကြည့်သင့်တဲ့ဇာတ်ကားလဲဖြစ်ပါတယ်။ အပူအပင်ကင်းတဲ့မိဘအိမ်မှာနေရတာ အေးချမ်းလွန်းလို့ အပူရှာဖို့အတွက် အချစ်ဆိုတဲ့ခေါင်းစဉ်ကြီးကြီးတပ်ပြီး လင်နောက်လိုက်သွားတဲ့ အသက်ငယ်ရွယ်တဲ့ကလေးမလေးတစ်ယောက်အကြောင်းကိုရိုက်ကူးထားတာပါ။ အချစ်ဆိုတာရဲ့နောက်ကွယ်က အပူအပင်တွေနဲ့ ငွေရေးကြေးရေးပြသနာတွေကြောင့် ဘဝကို ဘဝဆန်ဆန် ဘယ်လိုဖြတ်သန်းရမလဲဆိုတာ.....။ (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။ File Size : (2.5 GB) & (950 MB) Quality : WEBRip 1080p & 720p Running Time : 01:34:55 Format : mp4 Subtitle : Myanmar Subtitle (Hard Sub) Translated by YeK Encoded by RGB

Drama
3.2 1995 95 mins
Devil Angel
To Catch a Thief
7.3

Marilyn Monroe နဲ့ခေတ်ပြိုင် အော်စကာဆုရ မင်းသမီးတစ်ဦးဖြစ်တဲ့ Grace Kelly ရဲ့ ထင်ရှားတဲ့ရုပ်ရှင်ကား To Catch A Thief (၁၉၅၅)ကို တင်ဆက်ပေးချင်ပါတယ် ဆွဲဆောင်မှုရှိတဲ့ အပြောချိုချို ဟန်ပန်အမူအရာတွေနဲ့ ကမ္ဘာ့ရုပ်ရှင်သမိုင်းရဲ့အလှဆုံးမင်းသမီးတွေထဲက တစ်ယောက်ဖြစ်တဲ့ Grace Kelly နဲ့  ဂန္တဝင်မင်းသားကြီး Cary Grant တို့ကို ပူးတွဲမြင်တွေ့ရမယ့်ဇာတ်ကားပါ။ ဇာတ်လမ်းအကျဥ်းကတော့ John Robie ဆိုတဲ့ ရတနာသူခိုးတစ်ယောက်ဟာ လတ်တလော ဖြစ်ပေါ်နေတဲ့ ခိုးမှုတွေမှာ သူအပြစ်မရှိကြောင်း သက်သေပြဖို့အတွက် သူ့ကိုတုပ​နေတဲ့ တကယ့် ရတနာသူခိုးကို ပြန်လိုက်ရှာပေးရမှာပါ ဇာတ်ကားဟာ ဒိုင်ယာလော့ခ်တွေကအစ လှိုင်းလုံးလေးတွေလို အလှုပ်အရွေ့တွေနဲ့ရှိနေပြီး ဇာတ်လမ်းကလည်း နိမ့်ချီမြင့်ချီနဲ့ရှိနေတာကတော့ နာမည်ကျော် ဂန္တဝင်ဒါရိုက်တာကြီး Alfred Hitchcock ရဲ့ ဒါရိုက်တာစွမ်းတွေကြောင့်လို့ပြောရင်မမှားပါဘူး။ သူဟာ သူခိုးအလုပ်ကို အရင်ကလုပ်ခဲ့ဖူးပြီး အနားယူထားသူဆိုတော့ သူခိုးရဲ့ အသွားအလာတွေကို သိနေတာတော့ မထူးဆန်းဘူးပေါ့။ ဒါပေမဲ့ ခက်တာကလည်း ရဲတွေအပါအဝင် နီးစပ်တဲ့အသိုင်းအဝိုင်းက သူ့ကို နာမည်ကြီး ကြောင်သူခိုး The Cat အနေနဲ့ ပြန်လှုပ်ရှားနေပြီလို့ ထင်နေကြတာပါပဲ။ နောက်ဆုံးမှာတော့ Robie တစ်ယောက် သူခိုးဘယ်လိုဖမ်းမလဲ၊ ကြားထဲမှာကော ဘယ်လိုတွေ ဖြေရှင်းရမလဲ၊ အချစ်နဲ့ဘယ်လိုတွေ့ရှိမလဲဆိုတဲ့ အူယားစရာဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပါပဲ။ ပြဇာတ်ဆန်တဲ့တင်ဆက်မှုမျိုးနဲ့နောက်ခံတေးဂီတတွေက ၁၉၅၅ ခုနှစ်များဆီကို ဆွဲခေါ်သွားနိုင်တဲ့ဇာတ်ကားပါ။ ဒါကြောင့် ဂန္တဝင်ကားတစ်ကားကြည့်ဖို့ စိတ်ဝင်စားနေတယ်ဆိုရင် To Catch A Thief က ပေါ့ပေါ့ပါးပါးနဲ့ ငြိမ့်ငြိမ့်လေးကြည့်ရမယ့်ကားတစ်ကားဖြစ်ပြီး Hitchcock ရဲ့ထုံးစံအတိုင်း suspense တွေနဲ့ ပြည့်နှက်နေမယ့်ကားတစ်ကားဖြစ်ကြောင်း ညွှန်းဆိုလိုက်ရပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Mugiwara Ya မှ တင်ဆက်ထားပါတယ်။) File size…(7.2 GB)/(2.4 GB)/(999 MB) Quality…WEB-DL 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….01:46:30 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Mugiwara Ya

Action
7.3 1955 106 mins
To Catch a Thief
Still Walking
7.9

Still Walking (2008) =============== Directed By Hirokazu Koreeda IMDb Rating – 7.9/10 ဇာတ်အဖွင့်မှာ Koreedaဟာ မိသားစုတစ်စုရဲ့ သေသူ၊ ရှင်ကျန်သူတွေ ပြန်ဆုံစည်းကြတဲ့ နေ့တစ်နေ့ကို ခေါ်သွားတယ်။ နှစ်ပေါင်းများစွာ မပျက် မကွက် လမ်းလျှောက်နေတဲ့ လူတစ်ယောက်ဆီခေါ်သွားတယ်။ အဲဒီမိသားစုက လူတစ်ယောက်ချင်းစီရဲ့ စိတ်ထဲကို ခေါ်သွားတယ်။ သူတို့မိသားစုရဲ့မရှိတော့တဲ့ သူတို့အတွက်အဖိုးအတန်ဆုံး တစ်ယောက်ဆီ ခေါ်သွားတယ်။ သူတို့ရဲ့ဆန္ဒ တွေဆီ ခေါ်သွားတယ်။ ဒီလိုနဲ့နောက်တစ်နေ့ မိုးလင်းသွားတယ်။ တစ်ချို့ဆန္ဒ တွေက ဘယ်တော့မှမဖြစ်လာခဲ့ကြသလို တစ်ချို့က ဒီလမ်းကို ဆက်မလျှောက် နိုင်ကြတော့ဘူး။ ဒါပေမဲ့ ကျန်နေခဲ့သူတို့ကတော့ ဆက်လျှောက်နေရတုန်း။ Koreedaဟာ ကျွန်တော်တို့ကို ဒီမိသားစုက လူတစ်ယောက်ချင်းစီရဲ့ စိတ်အနေ အတိတ်တွေကို ပြတော့ပြတယ်။ ဒါပေမဲ့ ပေါ်လွင်အောင်တော့ မပြပါဘူး။ စကားတစ်ခွန်းနဲ့ အဲဒီစကားနောက်မှာ ဖြစ်သွားတဲ့ ဇာတ်ကောင်ရဲ့ အမူအရာနဲ့ကို ချိတ်ဆက်ပြီး ပြသွားတယ်။ Koreedaရဲ့ Still walkingဟာ ဟဲမင်းဝေးရဲ့ ရေခဲတုံးကြီးလိုပါပဲ။ Koreedaဟာ ကျွန်တော်တို့ကို သူပြချင်တဲ့အကြောင်းအရာကို ရိုးရိုးရှင်းရှင်းနဲ့ ရေခဲတုံးကြီးရဲ့ ပေါ်နေတဲ့အစွန်းကလေးကိုပဲ ရိုက်ပြသွားပေမဲ့ ကြည့်ရှုသူကိုတော့ အောက်က ရေခဲတုံးကြီးတစ်ခုလုံးကို ကိုယ်အသိနဲ့ကိုယ် ခံစားလို့ရအောင် ပြသသွားတယ်။ မရစရာလည်းမရှိပါဘူး။ ဇာတိ ဇရာ ဗျာဓိ မရဏ နဲ့ မကင်းတဲ့သူတွေပဲမို့လား။ Still Walkingဟာ တော်တော်ရိုးရှင်းပါတယ်။ သူ့ဇာတ်အိမ်ရဲ့ အချိန်ကလည်း တစ်နေ့အတိပဲ။ ‌သူ့နာမည်ကိုဖတ်ရင် ဒီဇာတ်အိမ် ဘယ်လိုလာမှာလဲ တွေးမိ ကောင်းတွေးမိလိမ့်မယ်။ ဒါပေမဲ့ Still Walkingက ဒီအတွေးအတိုင်း သိသာ မြင်သာစွာကြီး ပုံဖော်မသွားဘူး။ အစမှာ အိမ်ပြန်ရောက်ရတဲ့ အရသာမျိူးတောင် ရတယ်။ သူ့ခေါင်းစဉ်နဲ့ သူ့ဇာတ်ကို ချိတ်သွားပေးတဲ့အရာက ဂျိမ်းဂျွိုက်ပြောဖူးတဲ့ လင်းပွင့်မှု(Epiphany)လို့ခေါ်တဲ့ စိတ်သန္တာန်မှာ ရုတ်တရုတ် တစ်စုံတရာကို လင်းပွင့်သိရှိလိုက်မှုတစ်ခုနဲ့ပါပဲ။ ချစ်သောနေ့တွေ ချစ်သောလူတွေ ချစ်သောအရာတွေ ဒီလိုပဲ လွင့်ပြယ်သွားတယ်။ ကျွန်တော်တို့ကတော့ ဆက်လျှောက်နေရဦးမယ်။ စာကြွင်း – Koreedaဟာ 2000ခုနှစ်နောက်ပိုင်း အော်စကာဆန်ခါတင်၀င်ခဲ့တဲ့ ဂျပန်ရုပ်ရှင် ၃ကားထဲက တစ်ကားဖြစ်တဲ့ shopliftersရဲ့ ဒါရိုက်တာဖြစ်ပြီး Like Father Like son, Nobody Knows, After The Storm, Still Walking, Our Little sisterစတဲ့ ဂျပန်လူနေမှုဘ၀ ဂျပန်မိသားစုနဲ့ ဘ၀တွေကို ထင်ဟပ်တဲ့ မာစတာပိစ်ကားတွေ မနည်းရိုက်ကူးထားတဲ့သူပါ။ ဒီနှစ်လည်း ဆောင်းကန်ဟို၊ ဘဲ့ဒိုနာ၊ IUတို့နဲ့ Brokerဆိုတဲ့ ကိုရီးယားရုပ်ရှင်ကို ရိုက်ကူးခဲ့ပြီး ကိန်းရုပ်ရှင်ပွဲတော်မှာ ပြသခွင့်ရခဲ့ပါတယ်။ Brokerနဲ့ ဆောင်းကန်ဟိုဟာ ကိန်းမှာ မင်းသားဆု ရသွားခဲ့ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ WiRa Aung ဖြစ်ပါတယ်) File Size……….(1.45 GB) / (712 MB) / (480 MB) Quality…………BluRay 1080p / 720p / 480P Duration………1Hr 55mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator…….WiRa Aung Encoder……….SWM

Crime • Drama • Thriller
7.9 2008
Still Walking
Elite Squad
8

Elite Squad(2007) **************** IMDb…8.0 ရီယို ဒီဂျနေယိုဆိုတာ ကမ္ဘာပေါ်မှာ အန္တရာယ်အများဆုံးမြို့တော်တွေထဲကတစ်ခုဖြစ်ပြီး၊ ဆင်းရဲသားရပ်ကွက်တွေမှာဆိုရင် မူးယစ်ရာဇာတွေ၊ မူးယစ်ဂိုဏ်းသားတွေက မူးယစ်ရောင်းဝယ်ပြီး လက်နက်ကိုယ်စီကိုင်ကာအုပ်ချုပ်ပါတယ်။ ဒီကရဲတွေဆိုတာကလည်း အကျင့်ပျက်ခြစားကာ မူးယစ်ဂိုဏ်းတွေနဲ့ပေါင်းစားငွေညစ်ဖို့သာ ခြေဆန့်ပြီး မှုခင်းတိုက်ဖျက်ဖို့ဆိုရင်တော့ကိုယ့်နယ်မြေမှာဖြစ်တဲ့လူသေအလောင်းကို အခြားနယ်မြေကိုရွှေ့ပြီး မှုခင်းကျဆင်းရေးကို ဒီလိုစွမ်းဆောင်ကြသူတွေပါ။ ဒီလိုနေရာမျိုးမှာ ပစ်ကြခတ်ကြရဲတွေလည်းမထိန်းသိမ်းနိုင်ဖြစ်လာပြီဆိုရင် ဝင်ပါရသူတွေကတော့ တိုက်ပွဲဝင်အထူးတပ်ဖွဲ့ BOPEတပ်ဖွဲ့ပါပဲ။ ဒီတပ်ဖွဲ့ခေါင်းဆောင်ဖြစ်သူ နက်စီမန်တိုဟာဆိုရင် ဖခင်ဖြစ်တော့မှာမလို့ တပ်ဖွဲ့ကနေလူစားထိုးရှာပြီး အနားယူဖို့ပြင်ဆင်နေချိန်၊ ဆင်းရဲသားရပ်ကွက်တွေကို ပုပ်ရဟန်းမင်းကြီးလာလည်မယ်ဆိုတော့ လုံခြုံရေးကို ဦးစားပေးကာစစ်ဆင်ရေးဆင်းလုပ်ဖို့ ပြင်ဆင်ရပါတော့တယ်…အဲ့ဒီနောက်မှာတော့.. ဒီဇာတ်ကားဟာ ဆုတံဆိပ်တွေများစွာရရှိထားတဲ့ ဘရာဇီး၊ ရီယီုရဲ့အခြေအနေတွေကိုမြင်တွေ့ရမယ့် အက်ရှင်ဇာတ်ကားကောင်းမို့လက်မလွှတ်တမ်းကြည့်ရှုလိုက်ပါဗျ။ File Size :(5.3GB)(1.7GB) and (629MB MB) Quality : Blu-Ray1080p5.1Ch, 720p Format…mp4 Duration…01:48:00 Genre :Action, Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae

Horror • Mystery • Comedy • Romance
8 2007
Elite Squad
Road Kill
5.8

Road Kill (2019) ဒီ korea ကားလေးကတော့ အိုဝန်းဆိုတဲ့လူတစ်ယောက်က နယ်ဘက်ခရီးသွားရင်း လမ်းမှာ မတော်တဆဖြစ်တဲ့အကြောင်းပါ။ တောင်တက်လမ်းပေါ်ကားမောင်းနေတုန်း သူလူတစ်ယောက်ကို ဝင်တိုက်မိတယ် ဒါမဲ့ ကားရပ်ကြည့်လိုက်တော့ ရိုးရိုးစာခြောက်ရုပ်ဖြစ်နေတယ် ဒါနဲ့ဆက်မောင်းရင်းမှ သူကိုယ်တိုင် ကားအက်စီးဒန့်ဖြစ်ရော … သတိရလာတော့ သူ့ကို မိသားစုတစ်ခုက ကယ်ထားကြတယ်။ သဘောကောင်းကောင်း ရိုးသားတဲ့တောင်ယာသမားတွေဆိုတော့ အကုန်ကူညီပေးတယ်။ ဒါပေမဲ့ ပြန်မရတာ တစ်ရက်ကနေ ၂ရက်ဖြစ် ထူးဆန်းတာတွေလည်း တွေ့ရတော့ ဘာဆက်ဖြစ်ကြမလဲ? (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Mal Ei ပါ။) File Size : 1.3GB, 577MB, 330MB Quality :1080p WEB-DL, 720p WEB-DL, 480p Format : mp4 Duration : 1hr 36mins Genre : Crime, Horror, Mystery Translated by Mal Ei Encoded by Kinnov

5.8 2019
Road Kill
The Graduate
8

“မစ္စရော်ဘင်ဆင် ခင်ဗျားကျွန်တော့်ကိုဖြားယောင်းဖို့ကြိုးစားနေတာပဲ” အသက် ၂၀အရွယ် လူငယ်ကလေးတစ်ယောက်ရဲ့နှုတ်က ထွက်လာသောစကားသံများ။ လိုက်ဖက်ညီစွာ ကင်မရာAngleက ထိုအမျိုးသမီးကြီးရဲ့ပေါင်တံအောက်မှာ။ “ငါ့ယောကျ်ားပြန်လာဖို့က နာရီနဲ့ချီကြာဦးမှာ။ ပြန်မလာခင်ထိငါ့ကိုဝိုင်းစောင့်ပေးပါဦး ” “ကျွန်တော် ပိုက်ဆံအိတ်ကိုအဝနားမှာပဲချခဲ့မယ်နော်” “ဘန်ဂျမင် ကြောင်တောင်တောင်တွေလုပ်မနေတော့ဘဲ အခန်းထဲကိုလာပေးလိုက်တော့” “လာမပေးတာကောင်းလိမ့်မယ်ဗျာ” အီလိန်းအခန်းထဲတင်ပဲ လာခဲ့ ” ခြိမ်းခနဲ တံခါးပိတ်သံနဲ့အတူ မြင်ကွင်းရှေ့ပေါ်ထွက်လာတဲ့ အမျိုးသမီးရဲ့ မိမွေးတိုင်း ဖမွေးတိုင်း အဝတ်ဗလာကိုယ်ခန္ဓာ။ မနေ့တစ်နေ့မှကောလိပ်ကပြန်ရောက်လာတဲ့ ငတိတစ်ယောက် ထိုအမျိုးသမီးကြီးရဲ့ကျားကွက် စားကွက်အောက် အလွတ်မရုန်းနိုင်ခဲ့ပြန်။ ကာမတဏှာရဲ့နှိုးဆော်မှုနဲ့အတူ လူငယ်လေးကိုပါ မိုက်ပြစ်ကျူးလွန်စေမဲ့ အပြစ်သားအဖြစ်အတူဆွဲခေါ်ခဲ့တယ်။ သူမ ကဘယ်သူလဲ… သူ(မ) တိုက်ကြီး ကားကြီး ဇိမ်ခံအသုံးအဆောင်တွေနဲ့ လိုချင်တာရနိုင်တဲ့ ငွေကြေးပြည့်စုံတဲ့ ဘဝ။ သူ(မ)ဘယ်တော့မှ မတင်းတိမ်နိုင်ဘူး။ သူ(မ) ငတ်မွတ်နေတယ်။ ဆာလောင်နေတယ် ။ တကယ်တည်းက သူ(မ) အထီးကျန်နေတယ်။ မထင်မှတ်ဘဲ ရရှိခဲ့တဲ့ကိုယ်ဝန်ကြောင့် အိမ်ထောင်ကျခဲ့တယ်။ အိမ်ထောင်ရေးက ပြဿနာလည်းမရှိ။ ဒုက္ခလည်းမရှိခဲ့။ တစ်ဖန်သုခလည်း မရှိပြန်။ သမီးကျောင်းတက် ယောကျ်ားအလုပ်သွား။ မစ္စရော်ဘင်ဆင် အိမ်မှာတစ်ယောက်ပဲကျန်ခဲ့တယ်။ ဒီလမ်းကိုရွေးဖို့မစတင်ခဲ့ပေမဲ့ မစ္စရော်ဘင်ဆင်ရဲ့ဇာတ်လမ်းက ဒီမှာစတင်ခဲ့တယ်။ Dee Dee Dee…Mrs.Robinson အပြစ်ကျူးလွန်နေတဲ့ မစ္စရော်ဘင်ဆင် ငရဲမှာမခံစားချင်ရင်တော့ ဘုရားမှာဆုတောင်းပါတော့။ ကိုယ့်ကိုကိုယ်ကူကယ်နိုင်မဲ့နိုင်ဖို့ ကူညီပေးချင်တယ်။ ဒီမှာထပ်မံထည့်သွင်းရေးသွားချင်တာက ရုပ်ရှင်တစ်လျှောက်ထည့်သွင်းထားတဲ့ Simon & Garfunkel ရဲ့သီချင်းများနဲ့ တေးဂီတgenre အမျိုးအစားရဲ့ အကြောင်းပါ။ အိမ်ကိုပြန်လာပေမဲ့ နွေးထွေးမှုမရှိဘူး။ အိမ်ဟုတ်မနေဘူး။ နွေးထွေးမှုရဖို့ သူ(မ) အခြားနည်းနဲ့ရှာတယ်။ ဒါပေမဲ့ တစ်ခါပြီးဆုံးသွားတိုင်း အဲ့အရာကိုလုံလောက်အောင်မခံစားရပြန်ဘူး။ ဒီလိုနဲ့ သူကြိမ်ဖန်များစွာ ဒီလမ်းမတွေထက်လျှောက်နေခဲ့တာ ကြောင်ခံတွင်းပျက်ကြီးတောင် ဖြစ်နေခဲ့ပြီ။ ဘေးလူတွေကတော့ ဝိုင်းသနားကြမှာပါတဲ့ မစ္စရော်ဘင်ဆင်။ ဒါပေမဲ့ ဒီအပြစ်တွေကျူးလွန်ထားတဲ့ လျှို့ဝှက်ချက်ကိုဘယ်လောက်ဖုံးဖုံး ကိုယ်တိုင်ကတော့ သိနေတာပါပဲ။ ဘုရားသခင်ကတော့နားလည်မှာပါ။ နောက်ငရဲမီးမှာမလောင်မြိုက်ချင်ရင် နွံတွင်းကထွက်ပြီး ဘုရားမှာဆုတောင်းရင် မီနိုင်ပါဦးမယ်။ ဒီမှာစဥ်းစားစရာက သူ(မ) ဒီလိုလုပ်ခဲ့တာပေါင်းမနည်းတော့ပေမဲ့ ဘာလို့မိတ်ဆွေသူငယ်ချင်းရဲ့ သားလေးကျမှ မလွှတ်နိုင်တခဲခဲဖြစ်ရတာလဲ။ လူငယ်တွေရဲ့အချစ်ဇာတ်လမ်းကိုဆေးမဲခြယ်ပြီး ကိုယ့်ဆန္ဒပြည့်ဝဖို့ကို သမီးရဲ့ချစ်သူနဲ့တောင် ကွဲအောင်လုပ်တဲ့ထိ မာနထားခဲ့ရတာလဲ။ ကိုယ့်သမီးကိုတောင် ကိုယ်မနာလိုဖြစ်မိခဲ့ရတာလဲ။ ဒီတစ်နေရာမှာ သမီးနဲ့ထိုယောကျ်ားမပေါင်းရဖို့အရေးဇောက သားအမိသံယောဇဥ်ကိုပါ ရန်မီးခြားစေတဲ့အထိဖြစ်သွားရတယ်။ ဒီပြဿနာမီးအားလုံးရှို့စေလောက်တဲ့ အထိ မစ္စရော်ဘင်ဆင်ဘာလို့အတ္တကြီးတဲ့မိန်းမတစ်ယောက်ဖြစ်ခဲ့ရတာလဲ။ မစ္စရော်ဘင်ဆင်တစ်ယောက်မခံစားနိုင်တော့ဘူး။ မျက်မြင်ရှေ့မှာတင် ကိုယ်တပ်မက်ရတဲ့ယောကျ်ားတစ်ယောက်က ကိုယ့်ကိုကျော်ပြီး သမီးကိုစွဲလမ်းသွားတဲ့ အဖြစ်က မစ္စရော်ဘင်ဆင်ကို ခေါင်းကြီးစေခဲ့တယ်။ အတ္တကို အထွတ်အထိပ်ရောက်စေခဲ့တယ်။ အဘက်ဘက်မှာ ရှုံးနိမ့်နေတဲ့မစ္စရော်ဘင်ဆင်တစ်ယောက် မရရတဲ့နည်းနဲ့ အနိုင်ယူဖို့ကြိုးစားရင်းနဲ့ ဒဿဂီရိဖြစ်ခဲ့ပုံကို ဒါရိုက်တာကပီပြင်စွာ သရုပ်ဖော်သွားတယ်။ တစ်ဖက်ကကြည့်ရင်တော့ ယောကျ်ားကလည်းကိုယ့်ကိုမတပ်မက် အချစ်ရေးမှာလည်းအနိုင်မရ မေတ္တာငတ်မွတ်အထီးကျန်နေတဲ့ အမျိုးသမီးတစ်ဦးရဲ့ သနားစရာဇာတ်လမ်းလို့လည်း ပြောလိုက်လို့ရပါဦးမယ်။ သရုပ်ဆောင်တွေအဖြစ်နဲ့ Dustin Hoffman၊ Katharine Ross နဲ့ မစ္စရော်ဘင်ဆင်အဖြစ် Anne Bancroft တို့ကပါဝင်သရုပ်ဖော်ထားပါတယ်။ နောက်ခံသီချင်းတွေအနေနဲ့လည်း ဇာတ်လမ်းသရုပ်ဖော်သီချင်းဖြစ်တဲ့ Mrs.Robinson အပြင် Scarborough Fair ၊ April comes she will တို့လို Simon & Garfunkel ရဲ့လက်ရာမြောက်တေးသွားတွေ ထည့်သွင်းထားတာ အလွန်သဘောကျစရာကောင်းပါတယ်။ April, come she will When streams are ripe and swelled with rain May, she will stay Resting in my arms again June, she’ll change her tune In restless walks she’ll prowl the night July, she will fly And give no warning to her flight တစ်ချိန်က နာမည်ကြီးအောင်မြင်ခဲ့တဲ့ရုပ်ရှင်ကိုဂီတများအပါအဝင် ပရိသတ်များအပြည့်အဝခံစားနိုင်အောင် အကောင်းဆုံးဘာသာပြန်တင်ဆက်ပေးထားပါတယ်။ (ဘာသာပြန်နှင့်အညွန်းရေးသားသူကတော့ Nwe Hnin Thazin ဖြစ်ပါတယ်) File size… 1.49 GB / 800 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 46m Genre ….. Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Nwe Hnin Thazin

8 1967 106 mins
The Graduate
Cult Killer

Cult Killer (2024) မင်းသားကြီး Antonio Banderas ပါဝင်သရုပ်ဆောင်ထားတဲ့ စုံထောက်ဇာတ်ကားလေးပါ။ မင်းသမီးချော Alice Eve က အဓိကဇာတ်ဆောင်အနေနဲ့ ပါဝင်ထားပါတယ်။ ဇာတ်လမ်းက ခပ်အေးအေးပါပဲ။ စုံထောက်ကားအစစ်ပီသတာပေါ့ဗျာ။ လူချမ်းသာတစ်ယောက် သတ်ခံလိုက်ရတယ်။ ဒါပေမဲ့ သူဌေးတွေက အဲဒီအမှုကို ဆက်မလိုက်စေချင်ကြဘူး။ ဒါပေမဲ့ စုံထောက်တစ်ယောက်ကတော့ အဲဒီအမှုကို အလေးအနက်ထားပြီး လိုက်ဖို့လုပ်တယ်။ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်ကို ငွေနဲ့ပေါက်ထုတ်လိုက်ပြီး သူ့ရဲ့အထက်လူကြီးတွေကို အမှုပိတ်ဖို့ ဖိအားပေးခိုင်းနေပေမဲ့ စုံထောက်က သူ့အသိ အလွတ်စုံထောက်တစ်ယောက်နဲ့ ပူးပေါင်းပြီး အမှုကိုဖော်ဖို့လုပ်တယ်။ အမှုကို ကိုင်ဖို့ ဆုံးဖြတ်ပြီး စစုံစမ်းတော့မယ့် အချိန်မှာပဲ အလွတ်စုံထောက်က အသတ်ခံလိုက်ရပါတယ်။ အလွတ်စုံထောက်ရဲ့ တပည့်မလေးက သူ့ဆရာကို သတ်သွားတဲ့ လူသတ်သမားကိုရှာရှင်း သူတို့လိုက်နေတဲ့ အမှုက အများကြီး ပိုရှုပ်ထွေးတဲ့အပိုင်းတွေ ပါလာတာကိုသိလိုက်ရပါတော့တယ်။ စိတ်ဒဏ်ရာတွေရခဲ့ပေမဲ့ ဆရာကောင်းနဲ့တွေ့ပြီး စုံထောက်ဖြစ်လာတဲ့ စုံထောက်မလေးနဲ့ မကောင်းဆိုးရွားတွေနဲ့တွေ့ခဲ့ပြီး လက်စားချေဖို့လုပ်ရင်း မကောင်းဆိုးရွားဖြစ်လာတဲ့ ကောင်မလေးတစ်ယောက် သူတို့တွေ ဘယ်လိုထိပ်တိုက်ရင်ဆိုင်တွေ့ကြတာကို ကြည့်ရမှာဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.25GB, 525MB Quality – 1080p, 720p Format – mp4 Duration – 1H 45Min Genre – Adventure, Crime, Drama Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

Drama • Romance • Comedy
0 2024 105 mins
Cult Killer
Southpaw
7.4

Southpaw(2015) =========== သိပ်မကြာသေးခင်က Jake Gyllenhaal ရဲ့Road House(2024) UFC Boxer အက်ရှင်ကား တစ်ကားထွက်လာတယ်…ကောင်းမွန်တဲ့အက်ရှင်ကားဆိုသော်ငြား တစ်ချို့သူတွေအတွက် Southpaw(2015) လောက်ရင်ထဲမရောက်ဘူးလို့ဆိုကြတယ်… ဒါ့ကြောင့် Southpaw ကားကို Quality လုံးဝအလန်းဖြစ်အောင်လုပ်ပြီးတင်ပေးထားပါတယ်… ဘီလီဟုပ် ပွဲ ၄၀ ကျော်လာပြီသူ့ဘဝမှာ ရှုံးပွဲဆိုတာ တစ်ခါဖူးမျှမှ မရှိခဲ့… ပွဲတိုင်းအောင်ပွဲဆင်ခဲ့တာချည်း ဒါပေမယ့် သူ့ထိုးသတ်မှုနည်းဗျူ ဟာက အခြားသူတွေနဲ့မတူပါဘူး ။ ပြင်းထန်တဲ့ ရန်သူ့လက်သီးချက်တွေကို တပျော်တပါးကြီးခံစားပြီးမှ သွေးဆာလောင်မှုကိုမွေးမြူ တတ်သူ ။ ဒါပေမယ့်သူ့မိန်းမမော်ရင်းကအဲဒီလို ထိုးသတ်တာကိုမကြိုက်ဘူး ။ တစ်ဘဝလုံးဇနီးဖြစ်သူရဲ့စီစဉ်ပေးမှုအောက်မှာပဲ နေထိုင်လာတဲ့ဘီလီတစ်ယောက်… ဇနီးဖြစ်သူက သူထိုးပါလို့ပြောတဲ့သူနဲ့မှထိုးတဲ့ အရိုင်းကောင်ကြီးဘီလီ… ကံကြမ္မာဆိုးကဆိုက်ကလုန်းလိုမွှေနောက်ပြီးတဲ့အခိုက်မှာ သမီးလေးနဲ့ နှစ်ယောက်တည်း ဖိအားတွေ အောက်မှာပြားပြားဝပ်ပေါ့ ။ လက်စားချေလိုမှုတွေအမုန်းတရားအာဃာတတွေနဲ့ ဖုံးလွှမ်းနေတဲ့ဘီလီတစ်ယောက် သူအမှောင်ထဲမှာအလင်းပြပြလေးတွေ့ခဲ့တယ် ။ ‘ သူ့လက်သီးချက်တွေကိုအဓိပ္ပာယ်ရှိစေမယ့်အလင်း ‘ ‘ ဒီဖိုက်တာကောင်ကြီးရဲ့မာန်စွယ်တွေကို ထက်ရှနေအောက်သွေးပေမယ့် အလင်း ‘ ဘီလီဟုပ် အော် ဘီလီဟုပ်တဲ့ Billy Hope ရှိနေသ၍ Hope ဆိုတဲ့မျှော်လင့်ချက်ကရှိနေဦးမှာပါပဲ ။ ဒီကားမှာ အဓိကထားပြောချင်တာတော့ JakeGyllenhaal ပါပဲ ဘယ်လိုမှ Jake လို့မထင်မိအောင်ကောင်းလွန်းတယ် ။ လုံးဝအရိုင်းစိုင်းဖိုက်တာကြီးတစ်ယောက် ကြိုးဝိုင်းစင်မြင့်ထက်မှာ အောင်သေအောင်သားစားနေတဲ့ သွေးဆာနေတဲ့ဘောက်ဆာသမားတစ်ယောက်အဖြစ်ပဲမြင်ရမှာပါ ။ နောက်ပြီး Equalizer တို့ Training Day တို့နဲ့ရေလည်လန်းခဲ့တဲ့ ဒါရိုက်တာ Antoine Fuqua ရဲ့ပေါင်းစပ်မှုနဲ့ဆိုတော့ ပြောစရာမရှိတော့ပါဘူး ။ ဒီ Southpaw ဆိုတဲ့ ညာခြေညာလက်အယောင်ပြပြီး ဘယ်ခြေဘယ်လက်သုံးထိုးနည်းဟာ တိကျတဲ့ထိုးသတ်မှုအပေါင်းစည်းပါ ။ ဘီလီအတွက်လဲ အဓိပ္ပာယ်အများကြီးရှိပီး သူ့အတွက်တစိမ်းတရံဆန်တဲ့ ထိုးသတ်မှုမျိုး ။ ချောက်ကမ်းပါးထက်ရောက်နေတဲ့ လူတစ်ယောက်ရဲ့အားမာန် ငါမလုပ်ရင်မဖြစ်ဘူး ငါလုပ်ကိုလုပ်ရမယ်ဆိုတဲ့ motivational sense တွေအများကြီးပါတဲ့ Southpaw… တချိန်က Eminem ကို သရုပ်ဆောင်ဖို့ဖြစ်စေခဲ့တဲ့Southpaw… Rap God ကြီး Eminem ရဲ့ Soundtrack တွေနဲ့ လက်ဝှေ့သမားတစ်ယောက်ရဲ့ ကြမ်းတမ်းခက်ထန်တဲ့ ဘဝခရီးကိုခံစားကြည့်ကြပါ….။ (အညွှန်းရေးသူကတော့ Hein That Naing ဖြစ်ပါတယ်) File size__( 2.5GB) and ( 964MB) Quality__Blu-Ray 1080p5.1Ch, 720p Format__mp4 Duration__02:3:48 Type__Drama , Sport Subtitle__Myanmar Subtitle (Hardsub) Translated by Themes Encoded by Phyo Pyae

7.4 2015 123 mins
Southpaw
Hamka & Siti Raham Vol. 2
7

အပိုင်း ၁ တင်ဆက်ပေးခဲ့ပြီးပြီဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံကျော်စာရေးဆရာ ဂျာနယ်လစ် ဒဿနိကပညာရှင် တစ်ဦးဖြစ်တဲ့ အဘ်ဒူလ်မာလစ်ကာရန်အမ်ရူလာလ်ခေါ် ကလောင်နာမည် ဟမ်ကာရဲ့ဘ၀ဇာတ်ကြောင်းအပိုင်း ၂ ဖြစ်တဲ့ Hamka & Siti Raham ကိုတင်ဆက်ပေးလိုက်ပါတယ်။ သူ့ဘ၀ဇာတ်ကြောင်းက အရမ်းစိတ်ဝင်စားစရာကောင်းပြီး အရမ်းကျယ်ပြန်လွန်းတဲ့အတွက် အပိုင်း ၂ အနေနဲ့ဆက်လက် ထွက်ရှိလာတာပဲဖြစ်ပါတယ်။ အပိုင်း ၁ ကြည့်ပြီးသားသူတွေဆိုရင်တော့ များများစားစား နောက်ကြောင်းပြန်နေစရာမလိုပေမဲ့ အကျဉ်းချုပ်အနေနဲ့ ကတော့ ဟမ်ကာဆိုတဲ့လူက ဂျာကာတာမြို့ရဲ့ တက္ကသိုလ် တစ်ခုမှာ သူ့နာမည်ကို ပေးထားရလောက်တဲ့အထိ လူအထင်ကြီး လေးစားခံရတဲ့ ပုဂ္ဂိုလ်ကြီးတစ်ယောက်ဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံရဲ့ ပြည်သူ့သူရဲကောင်းရထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အပိုင်း ၂ ရဲ့ အစမှာတော့ ဟမ်ကာတစ်ယောက် ဘ၀အချိုးအကွေ့ များစွာနဲ့ကြုံတွေ့လာရပြီးနောက် ၁၆၄၇ ခုနှစ်မှာဒတ်ချ်က အင်ဒိုနီးရှားနိုင်ငံကိုကျူးကျော်လာတဲ့ အချိန်မှာတော့ ကလောင်ကိုင်တဲ့ လက်က လက်နက်ကိုင်တဲ့တော်လှန်ရေးသမားတစ်ယောက် ဖြစ်လာခဲ့ပြီး အမျိုးဘာသာ သာသနာနဲ့ နိုင်ငံကိုကာကွယ်ဖို့ ကြိုးစားပုံတွေကိုတွေ့ရမှာဖြစ်ပြီး ဇာတ်လမ်းရဲ့တစ်ဝက်လောက် မှာတော့ ငြိမ်းချမ်းရေးရသွားခဲ့ပြီး ၁၉၅၀ ခုနှစ်မှာသူတို့မိသားစု ဂျာကာတာကို ပြောင်းရွှေ့ပြီးဘာသာရေးဝန်ကြီးအနေနဲ့ တာဝန် ထမ်းဆောင်ခဲ့ကြောင်းတွေအပြင် အလ္လာကိုချစ်မြတ်နိုးပြီး အမှန်ကို အမှန်အတိုင်းရေးသားတတ်တဲ့ စာပေသမားတစ်ယောက်ဖြစ်တဲ့ အခါမှာ အခန့်မသင့်စွာနဲ့ပဲ ထောင်ကျသွားခဲ့ပြီး နှိပ်စက်မှုတွေခံခဲ့ ရပုံတွေနဲ့ အလ္လာရဲ့ခွန်အားကိုတောင်းခံပြီး ရှေ့ဆက်တိုက်ခိုက်ရမဲ့ တိုက်ပွဲပေါင်းများစွာကို ရဲရဲရင့်ရင့်တိုက်ခိုက်သွားပုံတွေကို စိတ်ဝင်စားစရာကောင်းအောင် ကြည့်ရှုရမဲ့ အတ္ထုပတ္တိ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…1.57 GB/ 703 MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 43m Genre ….. Biography , Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

7 2023
Hamka & Siti Raham Vol. 2
The Dragon Hunting Well
5.4

ဒီကားလေးမှာတော့…ဆွမ်ယိချန်က ကပ်ရောဂါဖြစ်နေတဲ့ မြို့လေးကို ဆေးအထောက်အပံ့ပစ္စည်းတွေ သွားပို့တဲ့ ဆရာဝန်တစ်ယောက်ပါ အဲ့ဒီမြို့လေးက လူတွေကလည်း ဘာသာရေးအလွန်အမင်း အယူသည်းပြီး ရောဂါကူးခံရတဲ့လူတွေကို ကျိန်စာမိနေတာလို့ သတ်မှတ်ထားကြပါတယ် ဆွမ်ယိချန် ရောဂါကူးစက်ခံရတဲ့လူတွေကို ထားတဲ့ ကန့်သတ်နယ်မြေကို ရောက်သွားပြီးမကြာခင်မှာ လူသားစားတဲ့ သားရဲတစ်ကောင်ပေါ်လာတဲ့အခါ လူမှုကူညီရေးကလူတွေ ရောဂါကူးခံရတဲ့လူနာတွေ နဲ့ အယူသည်းလွန်းတဲ့ မြို့လေးကလူတွေက ဘယ်လိုမျိုး လွတ်မြောက်အောင်လုပ်ကြမလဲ လူတွေက သေချင်းတရားနဲ့မျက်နှာချင်းဆိုင်တွေ့တဲ့အခါ ဘယ်လိုမျိုးတွေ ပြောင်းလဲသွားကြမှာလဲ ဆိုတာ ရင်သက်ရှုမောဖွယ်ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်

Romance • Comedy • Drama
5.4 2020
The Dragon Hunting Well
In the Land of Brothers Dar sarzamin-e baradar
7.3

In the Land of Brothers (2024) IMDb Rating (7.3) / Rotten Tomatoes (100%) ၂၀၁၁ စက်တင်ဘာ ၁၁မှာဖြစ်ခဲ့တဲ့ 9/11အပြီးမှာ အမေရိကန်က တာလီဘန်တွေအုပ်စိုးနေတဲ့ အာဖဂန်နစ္စတန်ကို War on terror ကြေညာပြီး စစ်စတိုက်ခဲ့တဲ့နောက် အာဖဂန်မှာ ဗုံးတွေနေ့တိုင်းကျနေပြီး တိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက် အာဖဂန်တွေဟာ အီရတ်တွေဆီ သွားခိုလှုရတဲ့အခါ အီရတ်မှာ ခိုလှုရတဲ့ အာဖဂန်တွေကြုံဆုံရတဲ့ အခြေအနေဘဝအသီးသီးကို မတူတဲ့သက္ကရာဇ်၃ခုနဲ့ ၃ပိုင်းခွဲပြီး ၂၀၀၁ကနေ ၂၀၂၁အထိ ခေတ်အဆက်ဆက် ခိုလှုမှုအဆက်ဆက်ကြားကြုံရတဲ့ ဖေးမတာတွေရော ဖေးလိုမတာတွေရော ပုံပေါ်အောင် တင်ဆက်ထားတဲ့ ရုပ်ရှင်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ WiRa Aung ဖြစ်ပါတယ်။) File size…(2.5 GB) / (920 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:31:18 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by WiRa Aung

Drama
7.3 2024 95 mins
In the Land of Brothers Dar sarzamin-e baradar
Eungyo (or) A Muse
6.6

Eungyo (2012) ************** IMDb… 6.6 (မိသားစုနဲ့ကြည့်ရှုဖို့ မသင့်လျော်တဲ့ ဇာတ်ဝင်ခန်းတချို့ ပါဝင်ကြောင်း ကြိုတင်သတိပေးပါ‌ရစေ။) မင်းသမီး Kim Go Eun ရဲ့ ပွဲဦးထွက်ရုပ်ရှင်ကားဖြစ်ပြီး တက်သစ်စမင်းသမီးဆုပေါင်းများစွာကို သိမ်းယူနိုင်ခဲ့တဲ့ ကားဟောင်းလေးကို ပြန်လည် တင်ဆက်ပေးလိုက်ပါတယ်။ Kim Go Eun နဲ့အတူ Decision To Leave မှ မင်းသား Park Hae Il, Juvenile Justice မှ မင်းသား Kim Moo Yul တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ – ဇာတ်လမ်းအကျဉ်း – လူအများ လေးစားအားကျရတဲ့ နာမည်‌ကျော် ကဗျာဆရာတစ်ဖြစ်လဲ တက္ကသိုလ်‌ပါမောက္ခကြီး အီဂျော့ရို (Park Hae Il)… တစ်နေ့ သူအိမ်ပြန်ရောက်လာတော့ အိမ်ရှေ့တံခါးဝက ခုံလေးမှာ သူစိမ်းကောင်မလေးတစ်ယောက် ထိုင်နေတာကို မြင်တွေ့လိုက်ရတယ်.. သူ့နာမည်လေးက “အွန်းဂယို”တဲ့.. အွန်းဂယို (Kim Go Eun) နဲ့ အနေနီးလာတာနဲ့အမျှ ဂျော့ရိုလည်း အွန်းဂယိုရဲ့ စွဲမက်ဖွယ် ရနံ့လေးတွေ၊ အထိအတွေ့တွေ၊ ရယ်သံလေးတွေမှာ မလွန်ဆန်နိုင်တော့ဘဲ ရင်ဘတ်ထဲက စည်းတစ်ခုကို ကျော်မိသွားခဲ့တာပေါ့။ ဒါကြောင့်လည်း သူ့အကြောင်း စာတိုတစ်ပုဒ်ပါ ချရေးဖြစ်ခဲ့တယ် ခေါင်းစဉ်လေးကတော့ သူ့ရဲ့နာမည်လေးဖြစ်တဲ့ “အွန်းဂယို”… တစ်ဖက်မှာလည်း အီဂျော့ရိုရဲ့ တပည့်ဖြစ်သူ (Kim Moo Yul) က ဂျော့ရိုရေးထားတဲ့ စာတို “အွန်းဂယို” ကို မြင်သွားပြီး သူရေးတဲ့စာတိုအဖြစ် နာမည်တပ်ပြီး ထုတ်ဝေလိုက်တဲ့အခါမှာတော့….. ဆရာတပည့် နှစ်ဦးကြားမှာ သွေးကွဲမှုတွေ စတင်ဖြစ်ပေါ်လာမှာလား.. မစုံမက်သင့်သူကိုမှ စုံမက်မိတဲ့ ဂျော့ရိုရဲ့ ဇာတ်သိမ်းကရော ဘယ်လိုဖြစ်မလဲဆိုတာ ဇာတ်လမ်းလေးထဲမှာ ဆက်လက် ကြည့်ရှုခံစားပေးကြပါဦး။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Hnin Wai Oo ပဲ ဖြစ်ပါတယ်။) File Size : 1.81GB/ 840MB Quality : WEB-DL 1080p/ 720p Format…mp4 Duration…02:09:20 Genre : Romance, Drama, Melodrama Subtitle : Myanmar Subtitle (Hard Sub) Translated by Hnin Wai Oo Encoded by Tiff

6.6 2012 129 mins
Eungyo (or) A Muse
Funny Face
7

ဟောင်းပေမယ့် ဂန္ထဝင်ဇာတ်ကားကောင်းတစ်ကားလို့ ဆိုလို့ရတဲ့ “Funny Face”ဟာ (၁၉၅၇)မှာ ထွက်ရှိခဲ့ပေမယ့်လည်း အခုချိန်ထိ ခံစားကြည့်ရှုလို့ကောင်းနေဆဲ ဇာတ်လမ်းတစ်ပုဒ် ဖြစ်တာကိုတော့ ငြင်းမရပါဘူး။ Americal musical / romantic / comedy ဇာတ်ကားဖြစ်တဲ့အလျောက် တေးသီချင်းတွေကနေ ခံစားချက်တွေကို သီကြူးတာတွေကို အပြည့်အဝခံစားနိုင်မယ့်အပြင် သူ့ခေတ်သူ့အခါက ဖက်ရှင်နဲ့ အတွေးအခေါ်ပိုင်းဆိုင်ရာတွေကို တစ်နည်းတဖုံနဲ့ ထောက်ပြသရော်ထားတာမျိုးကိုလည်း တစိတ်တဒေသအနေနဲ့ ကြည့်ရှုခံစားလို့ရမှာ ဖြစ်ပါတယ်။ ချစ်စိတ်ကူးယဥ်ဆန်လို့ ကောင်းလှပါတယ်ဆိုတဲ့ ပဲရစ်နောက်ခံနဲ့ မင်းသမီးချော Audrey Hepburn ကို အတူတကွ ခံစားလို့ရတာကတော့ ထပ်ဆောင်းလက်ဆောင်ပေါ့။ ဖက်ရှင်မဂ္ဂဇင်းတွေ ခေတ်စားလှတဲ့ ခေတ်အချိန်အခါထဲမှာ အမျိုးသမီးတွေအတွက် အကောင်းဆုံးသော အဖော်မွန်ဖြစ်တဲ့ ကွာလတီမဂ္ဂဇင်းဟာ သူတို့မဂ္ဂဇင်းကို ကိုယ်စားပြုသူဖြစ်လာမယ့် မော်ဒယ်တစ်ယောက်၊ ဒါ့ထက် ကွာလတီအမျိုးသမီးတစ်ယောက်ကို ရှာပါတော့တယ်။ ဖြစ်ချင်တော့ မဂ္ဂဇင်းတိုက်ရဲ့ ပင်တိုင် ဓါတ်ပုံဆရာဖြစ်သူ ဒစ်အေဗရီက စာအုပ်ဆိုင်လေးမှာ တွေ့ခဲ့ရတဲ့ ကောင်မလေးကို ဒီအတွက် အလားအလာရှိတယ်လို့ မြင်မိသွားပါတယ်။ ဖက်ရှင်ဆိုတာဟာ မလိုအပ်တဲ့ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ကိစ္စတစ်ခုလို့ မြင်နေခဲ့တဲ့ ဂျိုက ပဲရစ်ကိုသွားဖို့ အိမ်မက်ရှိနေခဲ့တဲ့ စာအုပ်ဆိုင်က ကောင်မလေးပဲဖြစ်ပါတယ်။ ကွာလတီရဲ့ဖက်ရှင်ရှိုးကလည်း ပဲရစ်မှာ လုပ်မှာဖြစ်တာကြောင့် ဒစ်တစ်ယောက် ဂျို လက်ခံသွားအောင်လို့ မဲဆွယ်နိုင်ခဲ့တဲ့အပြင် သူ့အပေါ်မှာပါ ခံစားချက်တွေရှိလာအောင် လုပ်နိုင်ခဲ့လေရဲ့။ အချစ်စစ်တို့လမ်းဟာ မဖြောင့်ဖြူးဘူးဆိုတဲ့အတိုင်း သူတို့နှစ်ဦးကြား အတားအဆီးလေးတွေကတော့ ဝင်လာဦးမှာပါပဲ။ ဒါ့အပြင် ကြောင်သူတော်အရေခြုံထားတဲ့ မာယာများတဲ့သူတွေကကော ပါလာဦးမလားဆိုတာကိုတော့ CM ကတင်ဆက်ပေးလိုက်တဲ့ (၁၉၅၇)ခုနှစ်ထွက် “Funny Face”ဆိုတဲ့ ဇာတ်ကားလေးမှာ ကြည့်ရှုခံစားလို့ ရပြီပဲဖြစ်ပါတယ်။ File size… 2.4 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 43m Genre ….. Comedy / Musical Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Doros

7 1957 103 mins
Funny Face