YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The Girl with the Fork (2024) WEB-DL,1080p HEVC (CM).mkv

373.84 MB N/A video/x-matroska 18 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
(18+) Death By Desire
10

Three's a Crowd ဆိုတဲ့စကားကို ကြားဖူးကြမှာပါ။ ဘယ်လိုဆက်ဆံရေးမျိုးမဆို တတိယလူဆိုတာ မဝင်သင့်မဝင်အပ် ကြိုဆိုစရာအကြောင်းမရှိတဲ့လူမျိုးပါပဲ။ ဒါပေမဲ့လည်း မီဂယ်ဆိုတဲ့ ကောင်လေးကတော့ မီးတောက်တစ်စကို သူ့ဘဝထဲ လိုလိုလားလားခေါ်သွင်းခဲ့မိပါတယ်။ သူဟာ မကြာခင်လက်ထပ်ရတော့မယ့် သတို့သားလောင်းတစ်ယောက်... သူ့ရဲ့ဇနီးလောင်းကတော့ အောက်ပိုင်းသေနေပြီး သူ့လိင်ဆန္ဒတွေကို မဖြည့်ဆည်းပေးနိုင်တော့တဲ့သူ။ အဲဒီဇနီးကိုလည်း သူသိပ်ချစ်တယ်။ ဒါပေမဲ့ အလိုဆန္ဒရဲ့ဖြားယောင်းမှုအရ သူအပြင်မှာ အပျော်ရှာမိတယ်။ ဒါပေမဲ့လည်း သူရှာမိတဲ့ ပျော်ရွှင်စရာလို့ထင်ခဲ့တဲ့ ကောင်မလေး ဧပရယ်ဟာ နာမည်နဲ့လိုက်အောင် သူ့ဘဝကို ရက်ရက်စက်စက် ပူလောင်ခြင်းတွေပေးတော့မှာဆိုတာကြိုမသိခဲ့ပါဘူး။ ဧပရယ်ရဲ့အပြစ်ကတော့ သူ့ကို သိပ်ချစ်မိခဲ့တာနဲ့အစွဲအလန်းကြီးလွန်းခဲ့တာပါ။ ကာမပိုင်နီးပါးဖြစ်နေခဲ့တဲ့လူတစ်ယောက်ကို ချစ်ခင်စွဲလန်းခဲ့ပြီး အဲဒီလူဆီက ပစ်ခွာမှုကိုခံရချိန်မှာတော့ ဧပရယ် သူ့ကိုယ်သူ သတ်သေသွားခဲ့ပါတယ်။ ဒါပေမဲ့လည်း ရယူပိုင်ဆိုင်လိုခြင်းတွေ အငြိုးအတေးတွေနဲ့ သေဆုံးသွားတဲ့သူဖြစ်တဲ့အလျောက် သူ့ကို အခုလိုဖြစ်သွားရအောင် စေစားခဲ့တဲ့သူတွေရဲ့ဘဝကိုလဲ အဆုံးစွန် လိုက်နှောင့်ယှက် ဒုက္ခပေးဦးမှာပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.3GB, 650MB Quality - 1080p, 720p Format - mp4 Duration - 1H 37Min Genre - Drama, Horror Subtitle - Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

Action • Animation • Fantasy
10 2023 89 mins
(18+) Death By Desire
Riki Rhino

ဇာတ်လမ်းအကျဉ်းလေးကတော့ အင်ဒိုနီးရှားကသစ်တော တစ်ခုမှာ လူတွေကအမဲလိုက်ရုံတင်မကဘူး သစ်တောတွေကို မီးရှို့ဖျက်ဆီးကြတယ်။ အဲ့လိုမီးရှို့ကြတဲ့အတွက် ကြံ့မျိုးနွယ်ဟာ မျိုးတုန်းသွားတယ်။ ဒါပေမယ့် ကံကောင်းစွာနဲ့ပဲ ကြံ့ကလေး ရီကီက အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။ ဒီလိုနဲ့နှစ်တွေကြာလာတော့ ရီကီဟာတစ်ကိုယ်တည်းနေထိုင်ရင်းနဲ့ တောရိုင်းတိရိစ္ဆာန်တွေကို စိတ်ရော ကိုယ်ပါကူညီပေးတယ်ပေါ့။ သူ့ရဲ့ခွန်အားတွေနဲ့ မွန်မြတ်တဲ့ စိတ်ထားတွေကြောင့် တောတစ်ခွင်မှာနာမည်ကြီးလာတယ်။ ဒီလိုနဲ့တစ်နေ့မှာ အမဲလိုက်မုဆိုးတစ်ယောက်ဟာ ရီကီကိုဖမ်းဖို့ ကြိုးစားတဲ့အခါ ရုန်းကန်တိုက်ခိုက်ရင်းနဲ့ နောက်ဆုံးမှာရီကီလေး လွှတ်လာပါတယ်။ လွှတ်တာတယ်ဆိုပေမယ့် ရီကီရဲ့ကြံ့ချိုဟာ မုဆိုး ဆီမှာကျန်ရစ်ခဲ့ပြီး ချိုမရှိတဲ့အတွက်သူ့ကိုယ်သူစိတ်ပျက်အားငယ် သွားနေခဲ့ရတာပေါ့။ နောက်မှာတော့ သူ့မိတ်ဆွေဘဲကလေး ဘန်နီနဲ့ ချိုအသစ်ပြန်ပေါက်အောင်လုပ်ပေးနိုင်မယ့် မှော်ဆေးဆရာကို သစ် တောတစ်ခွင်မှာလိုက်ရှာရင်းနဲ့ ဘယ်လိုအခက်အခဲတွေကြုံတွေ့ရမလဲ ဆိုတာစိတ်ဝင်စားဖွယ်ကြည့်ရှုပေးပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwin ဖြစ်ပါတယ်) File Size..........(2.11 GB) / (759 MB) / (528 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 32mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Animation, Adventure, Family Translator.......Tin Myo Lwin Encoder..........SWM

Horror • Thriller
0 2020 92 mins
Riki Rhino
Gunjan Saxena: The Kargil Girl
7.4

ဒီတခါတော့ CMပရိတ်သတ်ကြီးအတွက် ဘောလိဝုဒ်ဇာတ်ကားကောင်းလေးတပုဒ် တင်ဆက်ပေးလိုက်ပါပြီ. ဇာတ်လမ်းလေးကိုတော့ ပိုင်းလော့ဖြစ်ချင်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ ကြိုးပမ်းမှုကို ရိုက်ပြပြီး တင်ဆက်ထားတာပါ. ငယ်ငယ်တည်းက အဖေရဲ့အလိုလိုက်ချစ်မြတ်နိုးခြင်းကို ခံရတဲ့ ဂွန်ဂျူးဟာ မိန်းကလေးဖြစ်ပေမယ့် ပိုင်းလော့တစ်ယောက်ဖြစ်ချင်ခဲ့ပါတယ်. စာဆိုလဲ အရမ်းတော်ပေမယ့် သူ့ရဲ့တခုတည်းသော ရည်ရွယ်ချက်က ပိုင်းလော့တစ်ယောက်ဖြစ်ဖို့ပါပဲ. ဒါပေမယ့်လည်း အန္ဒိယလိုနေရာမျိုးမှာ အမျိုးသမီးပိုင်းလော့က ရှားတာကြောင့် လူအတော်များများက ဝိုင်းတားခဲ့ကြပါတယ်. ဂွန်ဂျူးကတော့ လက်မလျှော့ခဲ့ပါဘူး. သူတို့နိုင်ငံရဲ့ ပိုင်းလော့တစ်ယောက်ဖြစ်ဖို့ အခြေခံလိုအပ်ချက် ၁၀တန်းဆိုပေမယ့် ဂွန်ဂျူးသွားလျှောက်ချိန်မှာ ၁၁တန်းထိအောင်ဖို့ လိုနေခဲ့ပါတယ်. ဒါကြောင့် ဂွန်ဂျူးကလဲ ၁၁တန်းကို ဆက်တက်ပြီး အောင်မြင်ခဲ့ပါတယ်. ထပ်သွားလျှောက်ချိန်မှာလဲ တခြား ပညာရေးအဆင့်တွေ လိုအပ်နေသေးတာကြောင့် ဂွန်ဂျူးက နှစ်အတော်ကြာကြိုစားခဲ့ပါတယ်. နောက်ဆုံး ပညာရေးအဆင့်တွေ မှီသွားတဲ့အချိန်မှာတော့ ပိုင်းလော့သင်တန်းစရိတ်ကြောင့် သူဟာ နှစ်များစွာကြိုးစားခဲ့သမျှကို လက်လျှော့ရမလို ဖြစ်နေခဲ့ပါတယ်. ဂွန်ဂျူးသူ့ရည်ရွယ်ချက်ကို ဘယ်လိုဘယ်ပုံကြိုးစားအားထုတ်ခဲ့တယ် ဘယ်အထိ ဖိနိုပ်ခံခဲ့ရတယ် ဂွန်ဂျူးရဲ့အာဂသတ္တိကို လေးစားဖွယ်တင်ဆက်ပြသထားတဲ့ အန္ဒိယဇာတ်ကားလေးမို့ ကြည့်ဖြစ်အောင်ကြည့်ဖို့ ညွှန်းလိုက်ပါရစေဗျာ. File Size - 1.2 gb Quality - web-dl 1080p Subtitle - burmese Translator - YK Encoder - Thit San Khant

Action & Adventure • Crime • Drama • Mystery
7.4 2020 112 mins
Gunjan Saxena: The Kargil Girl
Choose Love
5.1

Choose Love (2023) အသက် ၂၀ နဲ့ ၃၀ ကြားဆိုတာ ဘဝတိုးတက်ရေး နဲ့ right person soulmateဆိုတာတွေကြား လမ်းပျောက်လို့ကောင်းတဲ့အရွယ်ပေါ့။ တစ်ယောက်ယောက်ကိုရွေးချယ်မှဖြစ်မှာလား? တစ်ယောက်ထဲနေသွားပြီးhappy endingဖြစ်လို့ရောမရဘူးလား…? ကယ်မီက တက်ကြွပြီး အလုပ်ကြိုးစားတဲ့ အသံဖမ်းအင်ဂျင်နီယာတစ်ယောက်ဖြစ်ပြီး အေးဆေးတည်ငြိမ်တဲ့ Relationship ကို ပိုင်ဆိုင်ထားတဲ့သူပါ။ ဒါပေမဲ့ ကိုယ် အကြာကြီး လက်တွဲလာတဲ့သူက Right person ဟုတ်ရဲ့လား မသေချာဘဲ အိမ်ထောင်သည်ဘဝ ကို ဝင်ဖို့ တွန့်ဆုတ်နေတဲ့အချိန် ဘဝထဲကို နောက်ထပ်လူနှစ်ယောက် ရောက်လာတဲ့အခါ ကယ်မီတစ်ယောက်ဘယ်လိုရွေးချယ်မှုတွေလုပ်သွားမလဲ လက်တွဲဖော် ရှာတွေ့သွားမလား? နောက်ဆုံးတစ်ယောက်ထဲပဲတောက်ပသွားမလား? ဇာတ်လမ်းကြည့်ရင်း ကယ်မီနဲ့အတူတူရွေးနိုင်ပါပြီ… အညွန်း နဲ့ ဘာသာပြန်ကတော့ Hnin Ei Pai ဖြစ်ပါတယ်။ Genre….. Comedy, Romance Quality…. 1080p | 720p File size… 1.4GB | 734MB Format… mp4 Duration….1h 17min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Hnin Ei Pai Encoder ….. Aaron

Drama • Comedy • Romance
5.1 2023 77 mins
Choose Love
Tumbal Kanjeng Iblis
6.5

Tumbal Kanjeng Iblis(2022) ************************* မတူညီကြတဲ့ယုံကြည်ကိုးစားမှုတွေက ဒီကမ္ဘာမှာဒုနဲ့ဒေးရှိသလို ကိုယ်လိုချင်တာတစ်ခုအတွက် အခြားသူတွေကိုချနင်းစတေးဖို့ ဝန်မလေးတဲ့လူတွေလည်း အများအပြားရှိပါတယ် …မိသားစုလေးတစ်ခုမှာ ပူတရီနဲ့တီအာဆိုတဲ့ ညီအမနှစ်ယောက်ရှိတယ် ပူတရီကောလိပ်တက်ဖို့ တစ်ခြားမြို့ကိုသွားပြီးနောက် ၂နှစ်ကြာတဲ့အထိ သတင်းအဆက်အသွယ်မရ ပျောက်ဆုံးသွားခဲ့တယ်,,,, ကျန်းမာရေးယိုယွင်းလာတဲ့ ဖခင်ကို ဆေးရုံတင်ထားခဲ့ရပြီး တီအာ သူ့အစ်မကိုရှာဖို့ ထွက်လာခဲ့တယ် …သူ့အစ်မနေခဲ့တယ်လို့ ယူဆရတဲ့အဆောင်မှာ နေပြီး သူ့အစ်မသတင်းကိုစုံစမ်းဖို့ကြိုးစားတယ်… အဆောင်ပိုင်ရှင် ရိုဆာက ရှေ့မှာအင်မတန် ဖော်ရွေလှပေမယ့် နောက်ကွယ်ကမူမမှန်တာတွေကို တွေ့ပြီး တီအာ သံသယတွေဝင်လာတယ် အဆောင်ရောက်ပြီးညတိုင်း အိပ်မက်ဆိုးတွေမက်နေပြန်တယ် သူ့အစ်မပျောက်ဆုံးမှုနောက်ကွယ်မှာ ဘယ်လိုအရာတွေ ရှိနေတာလဲ…. သူမအဖေရဲ့ အဖြေရှာမရ ဆိုးဝါးလှတဲ့ ကျန်းမာရေးပြဿနာတွေရဲ့ဇစ်မြစ်က ဘာလဲ ကြောက်မက်ဖွယ်ကောင်းတဲ့ ကျိန်စာဆိုးကြီးကနေတီအာ လွတ်မြောက်နိုင်မလားဆိုတာ…။ ဒီဇာတ်လမ်းလေးက ကြောက်တတ်တဲ့သူတွေဆို တစ်ယောက်ထဲမကြည့်သင့်ပါဘူး အသည်းယားစရာကောင်းတဲ့ သွေးသံရဲရဲ ကြောက်စရာမြင်ကွင်းတွေ ပါတာမို့လို့ပါ။ File size… 995MB& 416MB Quality… WEB-DL1080p,720p Format…mp4 Duration….1hr 33min Genre ….. Horror , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder…. Phyo Pyae Translated by AOI

Drama
6.5 2022 93 mins
Tumbal Kanjeng Iblis
Love Me Instead

( ဘာသာပြန်သူ 100% recommend ပေးပါတယ် ) IMDb 7/10 အထိ ရရှိထားတဲ့ တူရကီရုပ်ရှင်ကို တင်ဆက်ပေးချင်ပါတယ်။ Castတွေအနေနဲ့ တူရကီနိုင်ငံရဲ့ ရတနာ အနုပညာရှင်တွေဖြစ်ကြတဲ့ Ercan Kesal, Sarp Akkaya, Su Burcu Yazgı Cos‌kun, Aleyna Özgeçenနဲ့ Füsun Demirel အစရှိတဲ့ အကျော်ဇေယျတွေချည်းပါပဲ။ မူဆာ ဆိုလက်က ခွန်းညအကျဉ်းထောင်မှာ ထောင်ဒဏ် အကြာကြီး အကျဉ်းကျခံနေရတဲ့ အကျဉ်းသားပါ။ သူ ထောင်ကျနေတာ ဘယ်လောက်တောင်ကြာပြီလဲဆိုတာ Spotify ကိုတောင် သူ မသိပါဘူး။ ဒါပေမယ့် တစ်နေ့မှာတော့ မူဆာရဲ့ မယားဖြစ်သူ ဆုံးသွားပြီးနောက် အဖော်မဲ့နေတဲ့ သူ့ရဲ့သမီးလေး ရွန်းဂျာ ဆီကို တစ်ရက်ပြန်ခွင့်ရလာပါတယ်။ မူဆာကို စောင့်ကြည့်ဖို့ ဆီးဒတ် ယူဂျယ်လို့ ခေါ်တဲ့ အကျဉ်းထောင်စောင့် ပုဂ္ဂိုလ်က လိုက်ပါရပါတော့တယ်။ သမီးဖြစ်သူကို မွေးပြီးကတည်းက မမြင်ရတော့တဲ့ မူဆာတစ်ယောက် သမီးလေးကို အိမ်ပြန်ပြီး သွားကြည့်တဲ့ ခရီးစဉ်လေးက သာမန်ခရီးစဉ်မဟုတ်တော့တဲ့အခါ ….. သူထောင်ထဲရောက်နေတဲ့အချိန်၊ သူ အပြင်မှာ မရှိခိုက် ဖြစ်ပျက်သွားတာတွေက ဘာတွေလဲ …. မူဆာ တစ်ယောက် ဘာတွေကိုလွတ်သွားတာလဲ …. သူ့ဘေးနားက လူတွေက သူ့ကို ဘာတွေဖုံးကွယ်ထားကြတာလဲ …… Personally အရ ပြောရရင် ဒီရုပ်ရှင်က အင်မတန်တဲ့ကောင်းတဲ့ထဲမှာ ပါပါတယ်။ ဘာသာပြန်လာတဲ့တစ်လျှောက်မှာ ဒီရုပ်ရှင်ကို သဘောအတွေ့ဆုံး၊ အကြိုက်မိဆုံးပါ။ ရိုးရိုးအေးအေး Plotလေးလို့ ထင်လိုက်တာကနေ တဖြည်းဖြည်းနဲ့ ဇာတ်ကို ဆွဲခေါ်လာပြီး Plotကို ပြောင်းချသွားတာက လက်ဖျားခါလောက်ပါတယ်။ ဇာတ်အိမ်အပြင် ဇာတ်ဝင်သီချင်းကလည်း ဇာတ်လမ်းကို အမြင့်ဆုံးကို ဆွဲခေါ်သွားနိုင်ခဲ့တယ်။ Emotion ကို ရိုလာကိုစတာ စီးသလိုမျိုး အနိမ့်အမြင့် အတက်ကျဖြစ်အောင် ပုံဖော်သွားနိုင်တာကြောင့် ဒါရိုက်တာ Mehmet Ada Öztekinကို အရမ်း ဂုဏ်ပြုမိပါတယ်။ ဒီရုပ်ရှင်က ကြည့်ရတာ အင်မတန်ကိုမှ တန်တဲ့ရုပ်ရှင်ကားဖြစ်တယ်လို့ ပြောရင်း နိဂုံးချုပ်ပါရစေ။ အညွှန်းနဲ့ ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(1.8 GB)/(892 MB) Quality….Webrip 1080p / 720p Format…mp4 Duration….02:00:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Win

0 2021
Love Me Instead
Dirt
6.2

ကားပြိုင်တာကိုမှ ခပ်ကြမ်းကြမ်းလေးပြိုင်တာကို ကြိုက်တယ်ဆိုတဲ့ လူတွေအတွက် သဲတွေရွံ့တွေကြားမှာ ကြမ်းကြမ်းတမ်းတမ်းယှဉ် ပြိုင်ရတဲ့ Dirt Racing နဲ့ဒရာမာကောင်းကောင်းလေးတွေကို ပေါင်းစပ်ပြီးရိုက်ကူးထားတဲ့ 2018 ခုနှစ်ကထွက်ရှိခဲ့တဲ့ Dirt ဆိုတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ IMDb Rating 6.2 ရရှိထားပြီး Rotten Tomatoes မှာ 84% ရရှိထားပါတယ်။ဇာတ်လမ်းအစမှာတော့ ဒက်ဇ်ဆိုတဲ့ကောင်လေးက တန်ဖိုးကြီး Roll Royce ကားကိုခိုးလာပြီး ခိုးရာပါကားတွေရောင်းတဲ့ အလုပ်ရှင်ဆီသွားအပ်တာကို တွေ့ရမှာပဲဖြစ်ပါတယ်။ဒါပေမယ့် ကံဆိုးချင်တော့ သူ့နောက်ကိုရဲတွေလိုက်လာပြီး အဖမ်းခံလိုက်ရ ပါတော့တယ်။ဒါပေမယ့် သူကအသက်မပြည့်သေးတဲ့အပြင် ဆယ်နှစ် အရွယ်ညီမလေးကိုလည်း ပြုစုစောင့်ရှောက်ပေးနေရတဲ့အတွက် သူ့ကို အုပ်ထိန်းပေးမဲ့သူရှိရင် ထောင်မကျနိုင်တာကြောင့်ရဲမှူးရဲ့အကူအညီနဲ့ ရစ်ခ်ရက်ဒန်ဆိုတဲ့ လူဆီရောက်သွားပါတော့တယ်။ရစ်ခ်ရက်ဒန်ဆိုတာက တစ်ချိန်က ဂန္တဝင်လမ်းကြမ်းပြိုင်ကားသမားဖြစ်ပြီး မတော်တဆမှုကြောင့် အနားယူရကာ လက်ရှိရက်ဒန်ဆိုတဲ့ပြိုင်ကားအဖွဲ့ကိုထောင်ထားတဲ့သူ ဖြစ်ပါတယ်။ရစ်ခ်ကဒက်ဇ်ကို ဒီအတိုင်း မျက်ကန်းတောတိုးလက်ခံခဲ့တာ မဟုတ်ဘဲ ဒက်ဇ်ရဲ့ကားမောင်းကျွမ်းကျင်မှုတွေကြောင့် ခေါ်ယူခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ ရက်ဒန်အဖွဲ့ရဲ့ ပင်တိုင်ပြိုင်ကားမောင်းသမားက ထွက်သွားရတဲ့အခါမှာတော့ ဒက်ဇ်တစ်ယောက်သူ့ရဲ့အရည်အချင်းတွေကို ထုတ်ပြခွင့်ရမလား သူတို့မောင်နှမနှစ်ယောက်ရဲ့ဘ၀လည်း ဘာတွေ ဆက်ဖြစ်ကြမယ်ဆိုတာကိုကြည့်ရမဲ့ဒရာမာ အက်ရှင်ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.82 GB / 875 MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 42m Genre ….. Action , Drama , Sport Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6.2 2018
Dirt
Puppet
5.7

နန်းတွင်းအရှုပ်တော်‌ပုံတွေနဲ့ plot twist တွေအများကြီးပါတာ ကြိုက်တတ်တဲ့ပရိသတ်ကြီးအတွက် The Puppet ဆိုတဲ့ ဇာတ်ကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ – ဝမ်ယွင်ကျစ်ဆိုတဲ့ ဓား‌ရေးပြပြီး ပြဇာတ်ကတဲ့ကောင်လေးဟာ တစ်နေ့မှာတော့ ခရီးသွားရင်း မတရားမှုကိုတွေ့လို့ဝင်ကူညီရာကနေ မတော်တဆ တော်ဝင်ကိုယ်ရံတော်တွေကို သတ်မိသွားပြီးတော့ ကျောင်အကျဉ်းထောင်ထဲရောက်သွားပါတော့တယ် ။ အဲဒီကျောင်အကျဉ်းထောင်က လူ့ပြည်မှာရှိတဲ့ ငရဲပြည်လို့တောင် သတ်မှတ်ထားကြနဲ့ အကျဉ်းထောင်ကြီးဖြစ်ပါတယ် ။ သေဖို့ရက်ကိုစောင့်ရင်း မျှော်လင့်ချက်မဲ့စွာနဲ့ အသက်ရှင်နေရတဲ့ ဝမ်ယွင်ကျစ်ကို မိန်းမစိုးကျန်းချန်က အသက်ထပ်ရှင်နိုင်ဖို့အတွက် အခွင့်အရေးတစ်ခုပေးခဲ့ပါတယ် ။ သူ့ကို မင်းကြီး မင်တိုင်းပြည်နဲ့ မိန်းမစိုးကျန်းချန်‌ဆီမှာ တင်းကျန်ဆိုတဲ့နာမည်နဲ့ အမှုထမ်းခွင့်ပေးလိုက်ပါတယ် ။ ဒီလိုနဲ့ ဝမ်ယွင်ကျစ်တစ်ယောက် မိန်းမစိုးကျန်းချန်ရဲ့ ရုပ်သေးရုပါစပြီးဖြစ်လာပါတော့တယ်။ တင်းကျန်နာမည်နဲ့ မင်းမှုထမ်းဖြစ်သွားတဲ့ ယွင်ကျစ်တစ်ယောက် နန်းတွင်းအရှုပ်တွေကို ဘယ်လိုဖြေရှင်းသွားမလဲ ? သူကိုယ်တိုင်ကရော ပြဿနာတွေထဲ ဘယ်လိုဝင်ပါလာလိမ့်မလဲဆိုတာကို စိတ်ဝင်စားစွာကြည့်ရှုရမှာဖြစ်လို့ စိတ်ဝင်စားဖွယ်စောင့်ကြည့်ပေးကြပါအုံးနော်။

5.7 2024
Puppet
Detective K: Secret of Virtuous Widow
6.5

Detective K: Secret of Virtuous Widow (2011) ************************************************** Comedy, Mystery ဇာတ်လမ်းအမျိုးအစား ဖြစ်တဲ့ ဂျိုဆွန်းခေတ်ရဲ့ စုံထောက်ဇာတ်လမ်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီကားလေးက 2011,2015,2018 ဆိုပြီး 3ကားထွက်ရှိထားပြီး တစ်ကားချင်းစီမှာ မတူညီတဲ့ အမှုတွေကို စုံစမ်းဖော်ထုတ်သွားမှာ ဖြစ်ပါတယ်။ အဓိက ဇာတ်ဆောင်ကြီးကတော့ Your Honor ဇာတ်လမ်းတွဲထဲက မင်းသားကြီး Kim Myung Min နဲ့အတူ Oh Dal Soo၊ Han Ji Min တို့အပြင် နာမည်ကျော် ဇာတ်ပို့ဇာတ်ရန်များစွာ ပါရှိထားပါတယ်။ -ဇာတ်လမ်းအကျဥ်း- ဂျိုဆွန်းခေတ် ဂျောင်ဂျိုဘုရင်လက်ထက်မှာ အစိုးရ အမှုထမ်းတွေရဲ့ လာဘ်ပေးလာဘ်ယူမှုနဲ့ အတူ နောက်ဆက်တွဲ လူသတ်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဂျောင်ဂျိုဘုရင် ခန့်အပ်ထားတဲ့ လျှို့ဝက်အထောက်တော်ကြီး ဂင်မင်းဟာ ဒီလူသတ်မှုကို စုံစမ်းရင်းကနေ ကံဆိုးစွာနဲ့ပဲ တရားခံအဖြစ် အထင်လွဲခံရပြီး အကျဉ်းချခံလိုက်ရပါတယ်။ ဒါပေမဲ့ အထော်တော်ကြီးဟာ အကျည်းထောင်ကို ဖောက်ပြေးခဲ့တာကြောင့် ဘုရင်က နယ်နှင်ဒဏ်ပေးလိုက်ပြီး မုဆိုးမ အမှုတစ်ခုကို စုံစမ်းစေခဲ့ပါတယ်။ အဲဒီလိုနဲ့ နယ်နှင်ဒဏ်ပေးခံလိုက်ရတဲ့ အထောက်တော်ကြီးဟာ မထင်မှတ်ဘဲ သိကျွမ်းခဲ့ရတဲ့ သူ့ရဲ့ မိတ်ဆွေကြီး ဟန်ဆောဖီးနဲ့ အတူ ဂျော့ဆောင်းဆိုတဲ့ နယ်ဘက်ကို ရောက်ရှိလာပြီး ပေးအပ်ထားတဲ့ တာဝန်အတိုင်း အမှုကို စုံစမ်းဖော်ထုတ်သွားမှာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဂျိုဆွန်းခေတ် စုံထောက်ကြီးရဲ့ အမှုလိုက် ခရီးစဉ်ကို ဟာသနှောပြီး ရိုက်ကူးထားတာမို့လို့ အပန်းပြေစေမဲ့ ဇာတ်ကားလေး ဖြစ်စေမှာ အမှန်ပါပဲ။ (ဇာတ်လမ်းအကျဉ်းကို Treasure Htet မှ ရေးသားပေးထားပါတယ်။) File size…3.50GB / 1.26GB Quality… Blu-Ray 1080p 5.1 CH, Blu-Ray 720p Format…mp4 Duration….1h 57m Genre ….. Adventure, Historical, Mystery, Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Treasure Htet, Stary & Hnin Wai Oo

Comedy
6.5 2011 115 mins
Detective K: Secret of Virtuous Widow
The Human Condition I: No Greater Love
8.5

The Human Condition Trilogy (1959 – 1961) ~ IMDb – 8.3/10, Rotten Tomatoes – 73% ~ ၁၉၅၈မှာ Junpei Gomikawa ဟာ The Human Condition ဆိုတဲ့ ဒုတိယကမ္ဘာစစ်နောက်ခံ အတ္ထုပ္ပတ္တိတစ်ခြမ်း ဇာတ်လမ်းတစ်ခြမ်းပါတဲ့ အတွဲ၆တွဲပါတဲ့ဝတ္တုကို ရေးခဲ့တယ်။ ဒီစာအုပ်ဟာ ထုတ်ဝေပြီး ချက်ချင်း Bestseller ဖြစ်သွားပြီး ထုတ်ဝေပြီး ၃နှစ်အတွင်း ကော်ပီ၂.၄သန်း ရောင်းခဲ့ရတယ်။ ဒီဝတ္တုဟာ စာရေးသူရဲ့ ဒုတိယကမ္ဘာစစ်အတွင်း ကြုံခဲ့ရတာတွေကို အခြေခံထားတယ်။ ဒီဝတ္တုမှာ ဂျပန်စစ်သားတွေကို စစ်အတွင်းက ရက်စက်တဲ့ကျူးကျော်သူတွေအဖြစ်ပုံဖော်ထားပြီး တရုတ်တွေ ကိုရီးယားတွေနဲ့ ဂျပန်ပြည်သူတွေကို ဂျပန်စစ်တပ်ရဲ့ အနိုင်ကျင့်ခံရတဲ့သူတွေအဖြစ်ပုံဖော်ထားတယ်။ နောက် ဒီစာအုပ်ဟာ ဂျပန်တွေရဲ့ညစ်နွမ်းခဲ့တဲ့အတိတ်ကို ပြန်အဖတ်ဆည်ဖို့ အရေးပါခဲ့တယ်။ တချို့ကတော့ Humanism ကို ဖော်ပြထားတယ်လို့လည်း ဆိုကြတယ်။ ၁၉၅၉မှာပဲ Masaki Kobayashi က The Human Condition ရဲ့ ပထမ၄တွဲကို No Greater Love (1959) နဲ့ Road to Eternity (1959) ကို ရိုက်ခဲ့ပြီး နောက်ဆုံး ၂တွဲကို နှစ်နှစ်အကြာ A Soldier’s Prayer (1961) အဖြစ် အသက်သွင်းခဲ့တယ်။ Masaki Kobayashi ဟာ Harakiri (1962), Kwaidan (1964) နဲ့ Samurai Rebellion (1967) တို့ကို ရိုက်ခဲ့တဲ့ ဒါရိုက်တာလည်း ဟုတ်တယ်။ The Human Condition ဟာ ၃ကားမှာ ဇာတ်လမ်းတစ်ဆက်တည်းဖြစ်ပြီး တစ်ကားကို ၃နာရီကျော်ကြာတယ်။ တစ်ဆက်တည်းဆိုတာက တစ်ချို့ကားတွဲတွေလို တစ်ကားတည်းကြည့်လည်းရတဲ့ပုံစံနဲ့ဆက်နေတာမဟုတ်ဘဲ ဒီ၃ကားလုံးပေါင်းမှ တစ်ဇာတ်တည်းဖြစ်နေတဲ့ တစ်ဆက်တည်းမျိုးပါ။ စုစုပေါင်း ၁၀နာရီနီးပါးကြာပြီး ရုံတင်တဲ့ ဂျပန်ရုပ်ရှင်တွေထဲ ရှားရှားပါးပါး အရှည်ဆုံးတွေထဲက တစ်ကားဖြစ်ခဲ့တယ်။ The Human Condition ဝတ္တုဟာ Kobayashi ကို တော်တော်လေးဆွဲဆောင်နိုင်ခဲ့သလို Kobayashi ကိုယ်တိုင်လည်း ဂျပန်တွေ စစ်မှုထမ်းဆွဲတာခံခဲ့ရပြီး မန်ချူးရီးယားမှာ တာဝန်ကျခဲ့တယ်။ သူကိုယ်တိုင်လည်း Pacifist တစ်ယောက်၊ Socialist တစ်ယောက်လည်း ဟုတ်ခဲ့တယ်။ တပ်သားအဆင့်ကနေ ရာထူးတက်ဖို့ ငြင်းခဲ့သလို ဂျပန်စစ်တပ်နဲ့ ဖက်ဆစ်အတွေးအခေါ်ကို ဆန့်ကျင်ခဲ့တယ်။ ဒါတွေဟာ ဒီရုပ်ရှင်က ဇာတ်ကောင် ခဂျိနဲ့ ဒါရိုက်တာတစ်သားတည်းဖြစ်နေတဲ့ အချက်တွေပါပဲ။ ဒါကြောင့်လည်း ဒီဝတ္တုဟာ ဒါရိုက်တာကို တော်တော်လေးရိုက်ခတ်ခဲ့သလို သူ့မာစတာပိစ် Trilogy ဖြစ်လာခဲ့တယ်။ The Human Condition Trilogy ဟာ ငြိမ်းချမ်းရေးဝါဒီ နဲ့ ဆိုရှယ်လစ်တစ်ယောက်ဖြစ်တဲ့ ခဂျိဆိုတဲ့လူ ဒုတိယကမ္ဘာစစ်ကာလမှာ အာဏာရှင်စနစ်အောက် ရှင်သန်ဖို့ကြိုးစားရပုံကို တင်ပြထားတဲ့ ရုပ်ရှင်ပဲ။ ဒီကားရဲ့၁၀နာရီလုံးမှာ ခဂျိရဲ့ အတွေ့အကြုံတွေကိုပဲ အခြေခံပြီး ကမ္ဘာစစ်၊ ဂျပန်ရဲ့စစ်မက်ရေးရာ၊ အဲဒီနောက်ကွယ်က ခဂျိအပါအဝင် ခံစားခဲ့ရတဲ့သူတွေကို ပြထားတယ်။ ပထမဆုံးကား No Greater Love (1959) မှာတော့ ခဂျိဟာ စစ်မှုထမ်းကင်းလွတ်ခွင့်ရခဲ့ပြီး အဲဒီအစား မန်ချူးရီးယားက မိုင်းတွင်းတွေမှာ အလုပ်သမားကြီးကြပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ရတယ်။ ဂျပန်တွေဟာ စစ်အတွက် လက်နက်တွေထုတ်ဖို့ ဒီမိုင်းတွင်းတွေမှာ သံသတ္တုရိုင်းတွေကို ကိုလိုနီအပြုခံ တရုတ်အလုပ်သမားတွေကို မတန်မရာပေးပြီး မညှာမတာခိုင်းထားခဲ့တယ်။ ဂျပန်အလုပ်သမားခေါင်းတွေက အလုပ်သမားတွေကို ရက်ရက်စက်စက် နှိပ်စက်ပြီး ခိုင်းခဲ့ကြတယ်။ ဒါကို လူသားဆန်မှုကို လိုလားတဲ့ ခဂျိက ကြည့်မနေနိုင်ခဲ့ဘူး။ ဒီနောက်မှာ ခဂျိဟာ ကင်ပေတိုင်တွေက စစ်သုံ့ပန်းအနေနဲ့ ဖမ်းလာတဲ့ တရုတ်လယ်သမားတွေကိုလည်း စီမံခဲ့ရတယ်။ ဒီလိုလူတွေကို မညှာမတာခိုင်း မစာမနာကျွေးတဲ့ ဂျပန်တွေနဲ့ လူသားဆန်မှုကိုမြင်ချင်တဲ့ ခဂျိကြားက အဖုအထစ်တွေကို No Greater Love (1959) မှာ ပြထားတယ်။ Road to Eternity (1959) မှာတော့ စစ်တပ်ထဲ ပါသွားတဲ့ ခဂျိရဲ့ တပ်တွင်းအနိုင်ကျင့်ခံရတာတွေ၊ ဂျပန်စစ်တပ်ရဲ့ စစ်ရေးလေ့ကျင့်မှုတွေကို ပြထားတယ်။ ဂျပန်စစ်တပ်ရဲ့ ကြီးနိုင်ငယ်ညှင်းစနစ်ကို ပြထားတယ်။ တစ်ခုရှိတာက ဒီလေ့ကျင့်ရေးက အခန်းတော်တော်များများဟာ ကူးဘရစ်ရဲ့ Full Metal Jacket နဲ့ တော်တော်လေးတူနေတယ်။ Full Metal Jacket ထဲက ပိုင်းလ်ဇာတ်ကောင်နဲ့ ဒီထဲက အိုဘာရာဇာတ်ကောင်ဟာ လေ့ကျင့်ရေးမှာ ကြုံတွေ့ခဲ့ရပုံတွေနဲ့ နောက်ဆုံးရွေးချယ်မှုအထိကို အတူတူပဲ။ ဒီကားရော စာအုပ်ရောက ကူးဘရစ်ကားရော စာအုပ်ရောထက် အနှစ်၂၀စောခဲ့တယ်ဆိုတော့ ကူးဘရစ်ဟာ ဒီကားကို Inspire ယူခဲ့တယ်လို့ပဲ မြင်တယ်။ ဒီကားမှာပြထားတဲ့ ဂျပန်စစ်တပ်ရဲ့ စစ်စခန်းသွင်းတာဟာ Full Metal Jacket ထဲကထက် အများကြီးပိုပြီး လူမဆန်ခဲ့ဘူး။ လူသားဆန်တဲ့ ခဂျိဟာ ဒီလူမဆန်တဲ့နေရာမှာ လူဆန်ဆန်နေရင်း အဲဒီလိုနေလို့ကို သူ့အတွက် အကျပ်အတည်းတွေကြုံလာရတာကို Road to Eternity (1959) မှာ ပြထားတယ်။ ၂နှစ်ကြာပြီးမှ ထွက်တဲ့ A Soldier’s Prayer (1961) မှာတော့ တိုက်ပွဲမှာရှုံးသွားလို့ အိမ်ပြန်ခရီးထွက်လာတဲ့ခဂျိတို့ဟာ ဂျပန်ပြည်ကလည်း ဒုတိယကမ္ဘာစစ်မှာ စစ်ရှုံးနေပြီဆိုတာ သိလိုက်ရတယ်။ ဒီလိုနဲ့ သူတို့ဟာ စစ်ပွဲနယ်မြေကနေ အိမ်ကိုပြန်တဲ့လမ်းဆီ ဦးတည်လာကြတယ်။ ဒီလမ်းတစ်လျှောက်မှာ စစ်ရှုံးပေမဲ့ အညံ့မခံသေးတဲ့ ဂျပန်တွေရော၊ လမ်းတစ်လျှောက်မှာ ကြုံရတဲ့ ဒုက္ခသည်တွေ၊ သူတို့ဒဏ်ခံခဲ့ရတဲ့ တရုတ်လယ်သမားတွေရဲ့ကလဲ့စားချေမှုတွေ၊ စစ်သုံ့ပန်းစခန်းတွေ၊ စစ်သုံ့ပန်းစခန်းက ဂျပန်အချင်းချင်းရက်စက်မှုတွေ စသဖြင့် ကြုံခဲ့ရတာတွေကို ပြထားတယ်။ ထုံးစံအတိုင်း ခဂျိဟာ လူသားဆန်တဲ့လမ်းဘက်ကိုလိုက်တုန်းပါပဲ။ အဲဒါကပဲ သူ့ကိုအဆုံးမဲ့ဒုက္ခတွေထဲ တွန်းပို့ခဲ့တယ်။ ရယ်စရာကောင်းတာက ဂျပန်တွေက စစ်ရှုံးသွားတာတောင် အညံ့မခံသေးတဲ့ သူတို့ရဲ့ တချို့စစ်သားတွေအတွက် ဂုဏ်ယူကြပေမဲ့ ဒီကားက အခြေအနေတိုင်းဆို အဲဒီလိုလူတွေကတောင် ပိုရွံစရာကောင်းနေပါလိမ့်မယ်။ စစ်ပြီးကြောင်း တိုင်းပြည်က အညံ့ခံကြောင်းကြေညာပြီးတာတောင် ဆက်တိုက်နေသေးတာကိုကလည်း ရာဇဝတ်မှုဖြစ်နေပါပြီ။။ ဒီဇာတ်လမ်းဟာ ဂျပန်တွေရဲ့အတိတ်ကို ပြန်အဖတ်ဆည်တဲ့ ဇာတ်လမ်းလို့ ဆိုပေမဲ့လည်း ဂျပန်တွေရဲ့ အဆိုးတကာ့အဆိုးဆုံးလုပ်ရပ်တွေ၊ တလွဲဆံပင်ကောင်းတဲ့ ခံယူချက်တွေ၊ ဖက်ဆစ်စိတ်ဓာတ်၊ မုဒိန်းကောင်စိတ်ဓာတ်တွေကို ဘွင်းဘွင်းရှင်းရှင်းပဲပြထားခဲ့တယ်။ တခြားဂျပန်ကရိုက်တာမဟုတ်တဲ့ကားတွေမှာတောင် ဒီလောက် မပြပါဘူး။ ပြောရရင် သူတို့အဖတ်ဆည်ပုံက သူတို့အမှားကို သူတို့ဝန်ခံတဲ့နည်းနဲ့ပါ။ သူတို့ဂျပန်ပြည်သူတွေလည်း ခံခဲ့ရတယ်။ ဖက်ဆစ်တွေရဲ့ လုပ်ရပ်ကို တို့မကြိုက်ဘူးဆိုတဲ့ အဖတ်ဆည်ပုံမျိုးပဲ။ စစ်ရဲ့ ဆိုးယုတ်မှုကို ပြတဲ့ စစ်ဆန့်ကျင်ရေးကားတွေဖြစ်တဲ့ Apocaplyse Now, Full Metal Jacket, Come and See စတဲ့ နာမည်ကျော်ကားတွေထက်ကို ဒီကားကအများကြီး ပိုထိခတ်တယ်။ တစ်ချိန်တည်းမှာပဲ လူသားဆန်မှုနောက်ကိုလိုက်ရင်း သူ့လူသားဆန်မှုကြောင့်ပဲ လူသားတွေ နင်းခြေတာခံလိုက်ရတဲ့ ခဂျိရဲ့ အဖြစ်ကို ကြည့်ရင်း တော်တော်လေးဝေဝါးချင်စရာတော့ ကောင်းနေတယ်။ ငြိမ်းချမ်းရာကာလတွေမှာ လူသားဆန်ရတာ မခက်ခဲလှပေမဲ့ စစ်ဖြစ်ရာကာလမှာ လူသားဆန်တာကတော့ တစ်စစီ စုတ်ပြတ်သွားတဲ့အထိကို ခက်ခဲတယ်။ ဒါပေမဲ့လည်း ခဂျိဟာ အဲဒီလမ်းကိုပဲ အဆုံးထိလျှောက်ခဲ့တယ်။ ဒီလုပ်ရပ်မှန်လား မှားတော့ မပြောတတ်ပါဘူး။ သူ့အဖြစ်ကိုကြည့်ပြီး ဇာတ်ကားပြီးသွားတာတောင် စိတ်ထဲ မှိုင်းနေရလောက်တဲ့အထိ ဝမ်းနည်းစရာတော့ တော်တော်ကောင်းတယ်။ ဒီလိုဝမ်းနည်းစရာကောင်းအောင် အသက်အဝင်ဆုံး မျက်လုံးတွေနဲ့သရုပ်ဆောင်ခဲ့တဲ့ Tatsuya Nakadai ကိုလည်း ချီးကျူးရလိမ့်မယ်။ Harakiri, Ran, High and Low, Seven Samurai, Kwaidan, The Face of Another စတဲ့ ကားတွေမှာလည်း သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီးပါပဲ၊ The Human Condition Trilogy ဟာ ကိုးနာရီကျော်ကြာတဲ့ ဇာတ်လမ်းမှာ ပျင်းစရာတစ်ကွက်မှ မရှိအောင် သေသေသပ်သပ်ရိုက်ပြထားနိုင်တဲ့ ရုပ်ရှင်တွဲတစ်တွဲပါပဲ၊။ ဒီရုပ်ရှင်တွဲဟာ စစ်ဆန့်ကျင်ရေး ရုပ်ရှင်တွေထဲတော့ တော်တော်လေး ပြင်းပြင်းထန်ထန် ထိခတ်အောင် လုပ်နိုင်တဲ့ ရုပ်ရှင်တွဲလည်းဟုတ်တယ်။ ဒီရုပ်ရှင်တွဲရဲ့ တစ်ဘက်မှာ သမ္မာတရားတွေ ဆိတ်သုဉ်းနေတဲ့ အနိဌာရုံလောကကြီးကို မြင်ရလိမ့်မယ်။ တစ်ဘက်မှာတော့ အဲဒီလောကကြီးကို ဖြတ်သန်းနေတဲ့ အကောင်းတရားနဲ့ ချစ်ခြင်းကို မျှော်လင့်ထားတဲ့ အိမ်အပြန်လမ်းကို လျှောက်နေတဲ့လူတစ်ယောက်ကိုမြင်ရလိမ့်မယ်။ ဒါပေမဲ့လည်း အနိဌာရုံလောကကြီးကို အကောင်းတရားတွေက ဘယ်တုန်းကမှ တကယ်မနိုင်ဖူးပါဘူး။ “အချစ်ပန်းတွေနဲ့ ခေတ်လမ်းမှာ စစ်စခန်းတွေကို ဖုံးလွှမ်းပစ်ရမယ်”ဆိုတာတွေလည်း အိပ်မက်အဖြစ်ကျန်နေမြဲ။ အဲဒီလမ်းကိုဆက်လျှောက်မလျှောက်ဆိုတာကတော့ ကိုယ်စီမို့ရေးရာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 3.1GB, 1.35GB Quality – BluRay 1080p, 720p IMDb Rating – 8.3/10 Format – mp4 Duration – 3H 28Min Genre – Drama, History, War Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama • Comedy
8.5 1959 206 mins
The Human Condition I: No Greater Love
Andrei Rublev
8

Andrei Rublev (1966) ~ IMDb – 8/10, Rotten Tomatoes – 96% ~ တာကော့စကီးရိုက်ခဲ့တဲ့ ဆိုဗီယက် သမိုင်း ဘိုင်အို ဒရာမာကားပါ။ Andrei Rublev လို့ခေါ်တဲ့ ၁၅ရာစု ရုရှပန်းချီဆရာတစ်ယောက်အကြောင်းကို မှီငြမ်းပြီး ရိုက်ပြထားတဲ့ ရုရှရုပ်ရှင်ပါ။ ဒီရုပ်ရှင်ဟာ Andrei Rublev ရဲ့ဘဝကိုတော့ မှီငြမ်းရုံ မှီငြမ်းထားပေမဲ့ အလယ်ရာစုရုရှကို လက်တွေ့ကျကျပုံဖော်ထားတယ်လို့ ဆိုတယ်။ အနုပညာသမားတစ်ယောက်နဲ့ သူရင်ဆိုင်ရတဲ့ခေတ်အကြောင်းပေါ့။ ဒီကာလရဲ့ထုံးစံအတိုင်း ဘာသာရေးပြဿနာတွေ တစ်ပုံတပင်နဲ့ ဖော်ကျူးထားတယ်။ ကာလကတော့ ရုရှတွေဆီကို တာတာတွေ လာတိုက်တဲ့ကာလပေါ့။ ဒီရုပ်ရှင်က တာကော့စကီးရဲ့ ကနဦးကားတွေထဲက ဖြစ်လို့ တာကော့စကီးအရမ်းမဆန်သေးပေမဲ့လည်း တာကော့စကီးတော့ ဆန်နေတုန်းပါပဲ။ ဆင်ဆာလွတ်တဲ့ Cut က ၃နာရီခွဲရှိပြီး ရုပ်ရှင်တောရန့်တွေကတော့ တစ်နာရီခွဲကျော်၂ခြမ်းအဖြစ်တင်ဆက်ထားကြတယ်။ ရှေးကားတွေလိုမျိုး ဇာတ်ဦးစကားတွေ နိဂုံးစကားတွေနဲ့ အခန်းခွဲတွေ ထည့်သွင်းထားတယ်။ ဇာတ်ဦးစကားနဲ့ နိဂုံးစကားကတော့ ဇာတ်လမ်းနဲ့ တိုက်ရိုက်မဆက်စပ်လှဘူး။ အဲဒီ၂ခုကြားမှာတော့ အခန်း၈ခန်းခွဲပြီး တင်ဆက်ထားတယ်။ တာကော့စကီးကားတွေရဲ့ ထုံးစံအတိုင်း အပျင်းပြေကြည့်ဖို့တော့ ခက်ပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 870MB Quality – BluRay 1080p, 720p IMDb Rating – 8/10 Format – mp4 Duration – 1H 37Min Genre – Biography, Drama, History Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Action
8 1966 183 mins
Andrei Rublev
Mujigae
6.4

Mujigae (2024) ***************** IMDb…..6.4 ဒီတစ်ခေါက် ကျွန်တော်တို့ CM ကနေ တင်ဆက်ပေးမဲ့ ဇာတ်ကားကောင်းလေးကတော့ ကိုရီးယား ဖိလစ်ပိုင် သရုပ်ဆောင်တွေပါဝင်ထားတဲ့ Family Drama အမျိုးအစားလေးဖြစ်တဲ့ Mujigae ဆိုတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ Strong Woman Do Bong Soon ကားထဲက ဘုံဆွန်းရဲ့ တစ်ဖက်သတ်ချစ်ရသူ ငယ်သူငယ်ချင်းအနေနဲ့ သရုပ်ဆောင်ထားတဲ့ မင်းသား Jisoo, ဖိလစ်ပိုင်နိုင်ငံက နာမည်ကြီး မင်းသား Richard Quan, မင်းသမီး Alexa llacad, တက်သစ်စ ကလေးသရုပ်ဆောင် Ryrie Sophia တို့နဲ့အတူ အခြားနာမည်ကြီး ဖိလစ်ပိုင် သရုပ်ဆောင်ပေါင်းများစွာပါဝင်ထားပါတယ်။ ဇာတ်လမ်းအညွှန်း- ရီနာလင်ဟာ သူမ၏အမျိုးသားဖြစ်သူ ကိုရီးယားလူမျိုး ဂျီဆောင်း (Jisoo) ဆီကနေ စွန့်ပစ်ခံရပြီးနောက် ၅ နှစ်အရွယ် သမီးလေး မူဂျီဂယ် (Ryrie Sophia) ကို ကိုရီးယားမှာ ပျိုးထောင်နေခဲ့သူဖြစ်ပါတယ်။ တစ်နေ့မှာတော့ ရီနာလင်ဟာ သူမရဲ့ကင်ဆာရောဂါက ဆုံးသွားတဲ့အခါ မူဂျီဂယ်လေးကို အဘိုးဖြစ်သူ အယ်မွန်း (Richard Quan) က ဖိလစ်ပိုင်ကို ခေါ်သွားကာ တာဝန်ယူရဖို့ ဖြစ်လာပါတော့တယ်။ အယ်မွန်ရဲ့ သမီးကြီး၊ ရီနာလင်ရဲ့ အစ်မ ဆန်နီ (Alexa llacad) ဟာ ကလေးမချစ်တတ်တဲ့သူတစ်ဦးပါ။ ဖခင်ဖြစ်သူ အယ်မွန်၏ ခေါ်ဆောင်လာမှုကြောင့် ဆန်နီတစ်ယောက် တူမဖြစ်သူ မူဂျီဂယ်နဲ့ အတူ နေထိုင်ရဖို့ဖြစ်လာတဲ့အခါ… ကလေးမချစ်တတ်တဲ့ ဆန်နီ တူမဖြစ်သူနဲ့ ဘယ်လိုများနေမလဲ… တူမဖြစ်သူ မူဂျီဂယ်ကရော ကြုံလာရသမျှ အခက်အခဲတွေကို ရင်ဆိုင်နိုင်သွားမလား… မူဂျီဂယ်ရဲ့ ဖခင်ဖြစ်သူ ဂျီဆောင်းကရော မူဂျီဂယ်လေး လိုက်ရှာ လာခေါ်မလား.. မိသားစု ဒရမ်မာအမျိုးအစားလေးနဲ့ မေတ္တာရသပေါ်လွှင်စွာ ပုံဖော်ထားတဲ့အပြင် ကလေးသရုပ်ဆောင်လေး Ryrie Sophia ကလည်း debut movie လို့ မထင်ရလောက်အောင် ကောင်းမွန်တဲ့ သရုပ်ဆောင်ချက်တွေကို ပြသထားတာမို့လို့ Mujigae ဆိုတဲ့ ဇာတ်ကားကောင်းလေးကို ကြည့်ရှုပေးကြပါဦးနော်။ (ဇာတ်လမ်းအညွှန်းကိုတော့ာ Theint မှ ရေးသားထားပါတယ်။) File Size : 1.30GB/ 630MB Quality : WEB-DL 1080p 5.1CH/ 720p Format…mp4 Duration…01:59:00 Genre : Drama, Family Subtitle : Myanmar Subtitle (Hard Sub) Translated by Theint, ToeToe Aung & Hazelle Encoded by Tiff

TV Movie • Comedy • Romance
6.4 2024 110 mins
Mujigae
Nobody’s Home Köksüz
6.5

Nobody’s Home (2013) IMDb Rating (6.5) ဒီဇာတ်ကားလေးကတော့ ဘဝသရုပ်ဖော်သရုပ်မှန် တူရကီဇာတ်ကားကောင်းလေးပါ။ ဒီဇာတ်ကားက အစ္စတန်ဘူလ် ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံးဇာတ်ကားဆုကိုရထားပါတယ်။ ဒါရိုက်တာ Deniz Akcay Katiksizကလည်း Poeple’Choice Award ဆုကိုရထားပါတယ်။ ငယ်ငယ်တုန်းကဖတ်ဖူးတာ ဘဝမှာစာအုပ်နှစ်အုပ်ရှိတယ်တဲ့ စာအုပ်အစစ်ရယ် ပတ်ဝန်းကျင်မှာဖြစ်နေတဲ့အရာတွေရယ်တဲ့။အတွေ့အကြုံဗဟုသုတတွေရပြီး သင်ခန်းစာယူနိုင်ဖို့ပါ။ ရုပ်ရှင်ဆိုတာကလဲ သူများရဲ့အတွေ့အကြုံဗဟုသုတကိုပါပေးတဲ့နေရာတစ်ခုပါပဲ။ကျွန်မကတော့ သူများနိုင်ငံတွေကပြည်သူတွေရဲ့ဘဝကိုလည်းစိတ်ဝင်စားမိပါတယ်။ လူတိုင်းတစ်အားပြည့်စုံအဆင်ပြေတာမျိုးရှိတဲ့နိုင်ငံတွေရှိပေမဲ့ ရှားနိုင်ပါတယ်။ ဒီဇာတ်ကားမှာလဲ လူငယ်တွေစိတ်လေ အပေါင်းအသင်းမှားပြီးပျက်စီးနေတာ အိမ်နဲ့သဟဇာတမဖြစ်တာမိဘနဲ့နွေးထွေးတဲ့ဆက်ဆံရေးမရှိတာ လိင်ကိစ္စလက်တည့်စမ်းချင်တာ ဆေးစွဲနေတာတွေတွေ့ရမှာပါ။ လင်ဆိုးမယားတဖားဖား သားဆိုးအမေတစ်ပေပေဆိုသလိုပဲ အမေတွေရဲ့ဒုက္ခကလည်းမသေးပါဘူး။ အလုပ်တွေတော့ရှိပါရဲ့ ရတဲ့လခကမိသားစုမှာတက္ကစီတောင်မစီးနိုင်တာလဲတွေ့ရမှာပါ။အတောင်အလက်စုံလို့ မိဘရင်ခွင်ထဲကထွက်သွားတဲ့အခါခံစားရတဲ့ခံစားချက်တွေကလည်းကရုဏာသက်စရာပါ။ ရိုက်ချက်တွေလှသလို တေးဂီတနည်းနည်းနဲ့သဘာဝအသံလေးတွေကိုသုံးထားပါတယ်။ ဇာတ်လမ်းအကျဥ်း ယောကျာ်းရှိတုန်းကအကုန်အဆင်ပြေပြီး ယောကျာ်းလည်းသေရော ဘတ်စ်ကားတောင်မစီးတတ်တဲ့နားကန်တစ်ယောက် သားသမီးသုံးယောက်နဲ့ကျန်ခဲ့ပါတယ်။ နားကန်ရဲ့အမေကအခြားအိမ်တစ်လုံးမှာနေနေတာပါ။ သားလတ်အစ်လ်ကာကပြောစကားနားမထောင်ပြန်ပြောတတ်ပြီးထင်ရာလုပ်တတ်ပါတယ်။ကျောင်းလည်းမှန်မှန်မတက်ဘဲ သူငယ်ချင်းတွေနဲ့ ဆေးချတတ်ပါသေးတယ်။ သမီးငယ်လေးကကျောင်းသူပါ။ အမေကိုချစ်တတ်ပြီးအနေအေးပါတယ်။ သမီးကြီးဖဲရစ်ဒဲက ကုမ္မဏီတစ်ခုမှာအလုပ်လုပ်ပြီး အမြဲအစည်းအဝေးတွေနဲ့အလုပ်ရှုပ်နေတတ်ပါတယ်။အိမ်ကိုလခအကုန်အပ်ရတဲ့အပြင်သူ့အမေက ဘာမှမလုပ်တတ်လို့ပိုက်ပြင်သမားကအစ ဖဲရစ်ဒဲကခေါ်ပေးရပါတယ်။ ဖဲရစ်ဒဲရဲ့ ရုံးကလုပ်ဖော်ကိုင်ဖက် ဂူလ်လပ်က သူတို့အိမ်ရဲ့ကိစ္စတွေကိုလာကူလုပ်ပေးတတ်ပါတယ်။ နေ့စဥ်သူတို့ရဲ့နေထိုင်မှုဘဝ လူမှုရေးကျန်းမာရေးအခက်အခဲတွေကို ကြည့်ရင်းဖဲရစ်ဒဲဘာဆက်ဖြစ်မလဲ အစ်လ်ကာဘာဆက်ဖြစ်လဲ နားကန်ဘာတွေကြုံရမလဲဆိုတာကိုဖန်သားပြင်ပေါ်ဆက်ကြည့်နိုင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Khin Sakar Khin ဖြစ်ပါတယ်။) File size…(1.4 GB) / (610 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:21:39 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Khin Sakar Khin

Horror
6.5 2013 81 mins
Nobody’s Home Köksüz