YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Scroll.2023.1080p.mkv

1.7 GB N/A video/x-matroska 3 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
(18+) Virgin People
5.5

Virgin People ဆိုပေမယ့် အသိဉာဏ်နုနယ်လွန်းတဲ့လူသားတွေလို့ အဓိပ္ပါယ်ဖွင့်ချင်ပါတယ်ဗျ။ အသိဉာဏ်နုနယ်တဲ့အပြင် လောကကြီးအကြောင်း ဘာမှမသိသေးတဲ့အဖြူထည်လေးတွေအကြောင်းကို ရင်နင့်စရာကောင်းအောင် ရိုက်ကူးထားတာမို့ စဉ်းစားစရာအတွေးတစ်ခုရသွားနိုင်မယ့် ရုပ်ရှင်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အခုပဲကော်ဖီတစ်ခွက်သွားဖျော်လိုက်ပါ။ ကိုယ်ခံစားလို့ကောင်းအောင် ဆေးလိပ်တိုပဲဖြစ်ဖြစ်၊ Vape ပဲဖြစ်ဖြစ် အရင်ဆုံးရှူပြီး မီးခိုးလေးတွေမှုတ်ထုတ်လိုက်ပါ... ဒါဆိုဇာတ်လမ်းစကြည့်လို့ရပါပြီ။ မြို့ပေါ်ကလူတွေက အရမ်းကိုမူယာမာယာများတတ်ပြီး ဖြူစင်တဲ့လူတွေကို နှိပ်စက်တတ်တာမို့ သမီးသုံးယောက်ရှိလာတဲ့အခါ မြို့ပြနဲ့ဝေးရာ တောင်ပေါ်မှာပဲနေထိုင်ခဲ့ကြပါတယ်။ အီခန်၊ တိုင်လာ၊ အာနင်တို့ ညီအစ်မသုံးယောက်က မွေးကတည်းက တောမှာပဲမို့လို့ လူတွေရဲ့အကျင့်စရိုက်ကို ကောင်းကောင်းနားမလည်ခဲ့ပါဘူး။ သူတို့ကို အဖော်ပြုပေးတာ ကျမ်းစာပဲရှိပါတယ်။ ပြီးတော့ သူ့အဖေဆီတစ်လတစ်ခါလာတတ်တဲ့ ချိုအင်ဂါလို့ခေါ်တဲ့ ဦးလေးကြီးတစ်ယောက်။ သူလာတိုင်း မြို့ပေါ်ကနေ လက်ဆောင်ပစ္စည်းတွေ ယူလာတတ်တာမို့ မြင်းလှည်းအသံကြားတိုင်း စောင့်မျှော်ရတဲ့ဦးလေးကြီးပေါ့.... တစ်နေ့မှာ သူတို့ညီအစ်မသုံးယောက်ရဲ့အဖေ ရုတ်တရက်ဆုံးပါးသွားပြီးနောက် ချိုအင်ဂါကလည်း လူကြီးမပီသပဲနဲ့ ဘယ်လိုမျိုးအနိုင်ကျင့်အကျင့်ပုတ်မလဲ ပြီးတော့ ညီအစ်မသုံးယောက်ရဲ့ကံကြမ္မာကရော ဘယ်လိုပြောင်းလဲသွားမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှူလိုက်ပါတော့ဗျာ ..... File size…3.24GB  /  1.36GB Quality…1080p Restored WEB DL / 720p Format…mp4 Duration….2h Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Dark V

Comedy
5.5 1984 120 mins
(18+) Virgin People
Anglerfish
5.7

ခရစ်ယာန်သမ္မာကျမ်းစာအရ ၁၉၀၆ ခုနှစ်က ကမ္ဘာပျက်ကိန်း ရှိတဲ့နှစ်ပါ။ ကမ္ဘာပျက်တော့မှာမို့ တိရစ္ဆာန်တွေ စတင်ပျက်စီး လာကြပြီး အဆက်မပြတ်သေဆုံးမှုတွေ ဖြစ်လာခဲ့ပါတယ်။ အဲဒီအချိန် လူသူမရှိတဲ့တောထဲမှာ ထူးဆန်းတဲ့ လင်မယား နှစ်ယောက် နေထိုင်နေကြပါတယ်။ တစ်ရက်မှာတော့ ဇနီး ဖြစ်သူက လမ်းလျှောက်ထွက်လာရင်း မြစ်ကမ်းနံဘေးမှာ အလောင်းတစ်လောင်းကို မြှုပ်နေတဲ့ အမျိုးသမီးတစ်ဦးနဲ့ တွေ့မိခဲ့တယ်။ အဆိုပါ အမျိုးသမီးမြှုပ်နေတဲ့အလောင်းက ယောက်ျားဖြစ် သူရဲ့အလောင်းဖြစ်ပြီး ဒီနေရာကနေ ထွက်သွားဖို့ပဲ တတွတ် တွတ်ဆိုလာခဲ့ပါတော့တယ်။ သူတို့တွေ ကမ္ဘာသစ်ဆီ ရောက် သွားနိုင်မလား၊ ပျက်စီးတော့မဲ့ကမ္ဘာထဲမှာပဲ ပိတ်မိနေခဲ့မလား ဆိုတာကတော့........ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size..........(1.3 GB) / (425 MB) / (269 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Western Translator.......May Thet Khine Soe Encoder..........SWM

Drama
5.7 2022 60 mins
Anglerfish
Willy's Wonderland
6.1

နစ်ကိုလပ်ကေ့ဂ်ဟာ ဟိုးတုန်းက National Treasure တို့ Lord Of War တို့ The Rock တို့လို ရုပ်ရှင်ကားကောင်းအများကြီးရိုက်ခဲ့တဲ့အပြင် Leaving Las Vegas တို့ City Of Angels တို့ Wild at Heart တို့လို အနုပညာရည်မနိမ့်တဲ့ကားကောင်းတွေလည်း ရိုက်ခဲ့တဲ့သူပါ။ ဟိုးတုန်းက သူရိုက်သမျှ မကောင်းတဲ့ကားမရှိပါဘူး။ နောက်ပိုင်းမှာတော့ တစ်နှစ်ငါးကားလောက် ပေါပေါလာလောရိုက်ခဲ့လို့ ဇာတ်ညွှန်းချာတဲ့ ကားတွေများလာပါတယ်။ ဒါပေမဲ့ နစ်ကေ့ရဲ့ ဇာတ်ကောင်အပေါ် စိတ်နှစ်ကြိုးစားမှုကတော့ မလျော့ခဲ့ပါဘူး။ အင်တာဖန်အများစုကလည်း ကားတွေညံ့ပေမဲ့ နစ်ကေ့ကတော့ အစွမ်းကုန်ကြိုးစားခဲ့တယ်ဆိုပါတယ်။ နစ်ကေ့ကိုယ်တိုင်လည်း ဒီလိုပဲပြောထားပါတယ်။ သူ့ကိုချစ်တဲ့သူတွေ ချစ်သေးတာပါပဲ။ 2021 မှာတော့ နစ်ကေ့ဟာ ဘရုစ်ဝီလီစ်တို့ မယ်ဂစ်ဆွန်တို့ စုံးစုံးမနစ်သွားဘဲ ကားကောင်းတွေချည်း ပြန်ရွေးရိုက်လာပါတယ်။ ဝီလီ၀န်းဒါးလန်းလို သရဲကားအနေနဲ့မဆိုးတဲ့ကားကနေ စလိုက်တာပြောရမယ်။ နောက် Pig ရိုက်ပါတယ်။ အတော်ကောင်းပြီး ဝေဖန်ရေးသမားတွေ သဘောကျခဲ့ပါတယ်။ နောက်ကျ Prisoners of the Ghostland ရိုက်ခဲ့ပါတယ်။ ဒီကားကို အင်္ဂလိပ်ရုပ်ရှင်ဖန်တွေ ကြိုက်ချင်မှကြိုက်ကြမှာပေမဲ့ ကားကောင်းပါပဲ။ ရိုက်တဲ့ဒါရိုက်တာကလည်း ဂျပန်ရဲ့ ဆရာတစ်ပါးဖြစ်တဲ့ Sion Sono ပါ။ သူ့ဟန်ကိုကထူးနေတော့ လူတိုင်းတော့ မကြိုက်ဘူးပေါ့။ ခု ဝေဖန်ရေးသမားတွေကြားရေပန်းစားနေတာက နစ်ကေ့ရဲ့ ကားအသစ် The Unbearable Weight of Massive Talent ပါပဲ။ ခရမ်းချဉ်သီး ၁၀၀ပထမဆုံးရထားတဲ့ နစ်ကေ့ကားပါ။ ဟိုးတုန်းက ကောင်းလှပါရဲ့ဆိုတဲ့ ကားတွေတောင် မရခဲ့ပါဘူး။ နစ်ကေ့ဟာ စစကတည်းက သူ့ဦးလေး ဖရန်စစ်ဖို့ဒ်ကော်ပိုလာရဲ့ နာမည်နဲ့လုပ်စားဖို့ မရွေးခဲ့သလို တွင်းဆုံးကျပြီးနောက်မှာလည်း ရအောင်ပြန်ကုတ်တက်နိုင်ခဲ့တဲ့ သရုပ်ဆောင်ပညာကို တကယ်ချစ်တဲ့သူပါပဲ။ ပေါကားတွေရိုက်ခဲ့ရပေမဲ့ ပေါကားမှာတောင် အစွမ်းကုန်ကြိုးစားခဲ့တဲ့သူပါပဲ။ ဒီရုပ်ရှင် ၂၀၂၁မှာ အဲဒီတွင်းထဲက ပြန်စတက်ခဲ့တဲ့ ကနဦးရုပ်ရှင်တွေထဲက တစ်ကားပါပဲ။ တစ်ခါက နစ်ကေ့ကို ချစ်ဖူးရင် ခင်ဗျားကြည့်သင့်တဲ့ကားပါပဲ။ ဟိုးတုန်းက ကေ့စ်ရဲ့ဟန်တွေပြန်မြင်ရမှာပါ။ ဝီလီ၀န်းဒါးလန်းဟာ Rating မမြင့်ပါဘူး။ ဒါပေမဲ့ Horror ကားပါ။ Horror ကားအနေနဲ့ဆို ဒီ rating က ပုံမှန်ပဲလို့ဆိုလို့ရပါတယ်။ ဗမာပြည်ထွက် Horror ကားထဲက အတော်ကောင်းတဲ့ သူစိမ်းအိမ်နဲ့ တစ်ချို့နေရာလေးတွေ ဆင်ပါတယ်။ သူ့ဘာသာကောင်းပေမဲ့ ဇာတ်လမ်းကတော့ သူစိမ်းအိမ်မမီဘူးပေါ့။ ဒါပေမဲ့ နစ်ကေ့ကြီးမို့ ကြည့်ရတန်မှာပါ။ ပြီးခဲ့တဲ့ရာစုနှစ်ရဲ့ အဆိုးဆုံး ကွင်းဆက်လူသတ်သမားဖြစ်ခဲ့တဲ့ ဝီလီဟာ ကစားကွင်းတစ်ခုထောင်ပြီး အဲဒီကစားကွင်းထဲမှာတင် ကလေးတွေ မိဘတွေကို သူ့အဖွဲ့နဲ့အတူသတ်ခဲ့ပါတယ်။ လူပျောက်တာတွေများလာလို့ ရဲတွေက လာစစ်ဆေးတဲ့အချိန်မှာ စေတန်ကိုပူဇော်တဲ့ အစီအရင်လုပ်ပြီး လူသတ်သမားတွေက သူတို့စိတ်နဲ့ဝိညာဉ်ကို ကစားကွင်းက အရုပ်တွေထဲထည့်လိုက်ပါတယ်။ အဲဒီအရုပ်ကို မြို့ခံလူတွေဟာ သူတို့ကိုမသတ်အောင် ခရီးသွားတွေပို့ပေးမယ်လို့ ညှိထားကြပါတယ်။ ခရီးသွားတွေ အဲဒီကိုမသွားသွားရအောင်လည်း မြို့ခံတွေက ကြံပြီးရအောင်ပို့ခဲ့ကြပါတယ်။ တစ်‌နေ့မှာ နစ်ကေ့က အဲဒီမြို့ကို ကားတစ်စီးနဲ့ရောက်လာတဲ့အခါမှာတော့...... (ဇာတ်ကားနဲ့အညွှန်းကို "___" မှ ပြန်ဆိုရေးသားထားပါတယ်) Size - 1.3GB, 605MB Quality - 1080p, 720p IMDb Rating - 5.5/10 Format - mp4 Duration - 1H 28Min Genre - Action, Comedy, Horror Subtitle - Myanmar Subtitle (Hardsub) Translated by "___" Encoded by Y

Adventure • Animation
6.1 2021 88 mins
Willy's Wonderland
Repo! The Genetic Opera
6.2

ဒီဇာတ်လမ်းကတော့ Opera type movie ဖြစ်တဲ့အတွက် ဇာတ်ကြောင်းကို သီချင်းတွေနဲ့ပဲရှင်းသွားတဲ့ဇာတ်ကားမျိုးပါ။ တစ်ကားလုံးမှာ Gothဆန်ဆန် ဖက်ရှင်နဲ့ lifestyleတွေကိုပဲတွေ့ရမှာမို့ Gothဖန်တွေအတွက် ကြည့်လို့ကောင်းမယ့်ကားမျိုးပေါ့။ ဇာတ်လမ်းအကျဥ်းလေးကတော့ ကိုယ်တွင်းအင်္ဂါအချို့ပျက်စီးနေတဲ့သူတွေအတွက် ကယ်တင်ရှင်သဖွယ်လိုဖြစ်လာတဲ့ ဂျီနီကိုကုမ္ပဏီ၊ ဂျီနီကိုကုမ္ပဏီမှာ အရစ်ကျအကြွေးစနစ်နဲ့ ကိုယ်တွင်းအင်္ဂါတွေဝယ်ယူလို့ရတယ်။ ဒါပေမဲ့ အကြွေးမရှင်းရသေးဘူးလို့ပြောလိုက်မိပါသလား။ ဒါဆိုရင်တော့ ပြန်သိမ်းသမားက အချိန်မဆိုင်းပဲရောက်လာပါလိမ့်မယ်။ စည်းစိမ်ဥစ္စာပိုင်ဆိုင်မှုတွေကို သိမ်းတာမဟုတ်ပဲ အကောင်းအတိုင်းရှိနေဆဲအခြားကိုယ်တွင်းအင်္ဂါရပ်တွေကိုပါ အကြွေးအဖြစ်ပြန်သိမ်းယူတာပဲဖြစ်ပါတယ်။ ဒီနည်းနဲ့ပဲ ဂျီနီကိုက ကြီးပွားလာတာပေါ့။ ဂျီနီကိုရဲ့ သူဌေး ရော့တီလာဂိုနဲ့ ပြန်သိမ်းသမားနေသန်ကြားထဲက အချစ်ဟောင်းရန်ငြှိုး၊ ဖခင်ရဲ့ထိန်းချုပ်မှုအောက်မှာ အပြင်လောကကို မထွက်ရပဲမွန်းကြပ်နေတဲ့ နေသန့်ရဲ့သမီးရှယ်လို၊ တချက်တချက် ဇာတ်ကြောင်းရှင်းရင်း ထထပေါ်လာတဲ့ အုတ်ဂူဖောက်ထွင်းသမားနဲ့ ရော့တီရဲ့ အသုံးမကျတဲ့ သားသမီးသုံးယောက်တို့က အဓိကဇာတ်ဆောင်တွေအဖြစ် ပါဝင်ထားပါတယ်။ သီချင်းတွေကလည်း တကယ်နားထောင်ကောင်းတဲ့တေးသွားတွေဖြစ်ပြီး ဇာတ်လမ်းကတော့ darkဆန်ပေမဲ့ ချစ်ခြင်းမေတ္တာတွေအကြောင်းပါဝင်နေတဲ့အတွက် သူ့ဟာနဲ့သူတော့ gentleဖြစ်ပါတယ်။ ဒါပေမဲ့ ချစ်ပုံချစ်နည်းတွေကတော့ မှားယွင်းနေတာပေါ့။ ဇာတ်လမ်းအဆုံးမှာ ရော့တီရဲ့အစီအစဥ်တွေက ဘယ်လိုရှိတယ်၊ နေသန်နဲ့ရှယ်လိုကြားက သားအဖမေတ္တာတွေနဲ့ သူတို့ရဲ့ ကံကြမ္မာတွေအတွက် အဆုံးအဖြတ်ပေးမယ့်ဇာတ်သိမ်းကို မျိုးရိုးဗီဇအော်ပရာဇာတ်မှာ ဆက်လက်ကြည့်ရှုခံစားလို့ရပါပြီ။ File size…(1.7 GB)/(1 GB)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:01:00 Genre...Horror, Science Fiction, Music Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Eaindra

Drama
6.2 2008 98 mins
Repo! The Genetic Opera
I’m Totally Fine
5.5

ဒါကတော့ သိပ္ပံစိတ်ကူးယဉ်၊ ဟာသ အမျိုးအစားလေးပါပဲ။ ဗန်နက်ဆာဟာ သူ့ရဲ့ သူငယ်ချင်းသေဆုံးသွားလို့ ပူဆွေးပြီး တစ်ယောက်တည်းခရီးထွက်လာပါတယ်။ ဒါပေမဲ့ သူ့ရဲ့ မကြာသေးခင်ကမှ သေဆုံးသွားတဲ့ သူငယ်ချင်း ဂျန်နီဖာကို မီးဖိုချောင်တစ်ခုထဲမှာ အရှင်လတ်လတ်ကြီး ပြန်တွေ့လိုက်ရတဲ့အခါ သူ့ရဲ့ အထီးကျန်ခရီးက လမ်းကြောင်းပြောင်းသွားပါတော့တယ်။ သူတွေ့နေရတဲ့ သူငယ်ချင်း ဂျန်နီဖာက လူမဟုတ်၊ သရဲမဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် ဂြိုလ်သားပါဆိုပြီး ပြောလာတဲ့အခါမှာတော့ သူငယ်ချင်းနှစ်ယောက် ထူးခြားဆန်းကြယ်တဲ့ ၄၈ နာရီကို အတူဖြတ်သန်းရပါတော့တယ်။ File size…(1.27GB) / (711MB) / (351MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:23:00 Genre… Comedy / Drama / Sci-Fic Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sofia, May Phoo

Action & Adventure • Drama • Sci-Fi & Fantasy
5.5 2022
I’m Totally Fine
A Family Man
7

A Family Man (2016) ******************** အဓိကဇာတ်ဆောင်အဖြစ် မင်းသားကြီး Gerard Butler ကသရုပ်ဆောင်ထားပြီး William Dafoe၊ Alfred Molina၊ Alison Brie၊ Gretchen Molစတဲ့ ပရိသတ်နဲ့ရင်းနီးပြီးသား သရုပ်ဆောင်တွေချည်းပါပဲ။ ဇာတ်လမ်းလေးကတော့ Head-hunter ဆိုတာ ကုမ္ပဏီတွေအတွက်လူသစ်ရှာဖွေရေးဝန်ဆောင်မှုလုပ်ရင်း အလုပ်ဖြစ်ရင်၊ ပွဲဖြစ်ရင် ကုမ္ပဏီဘက်ကနေ ဝန်ဆောင်ခရတဲ့ အလုပ်ကိုမျိုးကို ပွဲစားလိုလုပ်တဲ့ အလုပ်ပွဲစားတွေပေါ့။ အလုပ်လုပ်ဖို့ကလည်း စားပွဲတစ်လုံး ဖုန်းတစ်လုံး ထိုင်ခုံတစ်ခု လူတစ်ယောက်ပဲ လိုပါတယ်။ ကလိမ်ကကျစ်ကျတတ်ဖို့၊ ကွက်ကျော်ရိုက်တတ်ဖို့ ၊လိမ်လည်တတ်ဖို့ကတော့ အဆစ်ပေါ့ဗျာ။ သူဌေးဖြစ်သူကိုယ်တိုင်က အလုပ်မဖြစ်တဲ့ အလုပ်ပွဲစားတွေကို အလုပ်ဖြုတ်တဲ့စနစ်၊ ရာထူးတိုးချင်ရင်လည်း လအလိုက်အပြိုင်အဆိုင် ငွေရှာခိုင်း၊ နိုင်တဲ့သူမှ ရာထူးတိုးပေးတဲ့စနစ်ကိုပဲသွေးအေးအေးကျင့်သုံးတဲ့သူပေါ့။ ဘယ်လောက်တောင်ဆိုးလဲဆိုရင် အလုပ်ထွက်သွားတဲ့သူတွေ သူ့ကိုပြန်မတုနိုင်အောင် မယှဥ်ပြိုင်ရသဘောတူညီချက်(non-compete aggreement)တွေထားပြီး ကိုယ့်ဆီကအလုပ်ထွက်သွားရင်တောင် ဒီအလုပ်လုပ်လို့မရအောင် ခေါင်းပုံဖြတ်ထားသတဲ့။ ဒီအလုပ်ကိုပိုင်နိုင်ကျွမ်းကျင်သလို အရမ်းလည်းအလုပ်ကြိုးစားတဲ့ David Jensenတစ်ယောက် အလုပ်ကိုပဲ မဲလုပ်နေတော့ မိသားစုအပေါ်လစ်လပ်လာတာတွေ၊ သားသမီးကိုဂရုမစိုက်မိတာတွေ ဖြစ်လာတယ်။ ပိုကံဆိုးချင်တော့ သားဖြစ်သူက သွေးကင်ဆာ ဖြစ်ပြီး သေမလားရှင်မလားဖြစ်အလာ၊ အလုပ်ကလည်း အပြိုင်အဆိုင်ဆိုတော့ Dane တစ်ယောက် ဘာ‌တွေဘယ်လို့ရှေ့ဆက်မလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ။ File Size :(948MB)&(461MB) Quality : Blu-Ray 1080p, 720p Format :mp4 Duration : 01:48:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by HYAN

7 2016 108 mins
A Family Man
Corner Office
6

ကိုယ်လုပ်နေရတဲ့ရုံးအလုပ်တွေမှာ စိတ်တွေမွန်းကြပ်လွန်းလာရင် တချို့လူတွေကစိတ်ထွက်ပေါက်ရှာတတ်ကြပါတယ်။ဒီ Corner Office ဆိုတဲ့ကားထဲက အော်ဆန်ဆိုတဲ့လူရဲ့စိတ်ထွက်ပေါက်ကတော့ အရမ်းထူးဆန်း လွန်းပါတယ်။ အော်ဆန်က သူ့ရဲ့ရုံးအသစ်ကိုရောက်ပြီး သိပ်မကြာခင်မှာပဲ ဘယ်သူမှမသုံးတဲ့ အခန်းတစ်ခန်းကိုတွေ့ခဲ့ပါတယ်။ ဒီလိုနဲ့သူအဲ့ဒီအခန်းထဲကို သုံးလေးခေါက်ဝင်ပြီးတဲ့နောက်မှာတော့ အဲ့ဒီအခန်းကိုအရမ်းစွဲလမ်းသွားခဲ့ ပါတော့တယ်။ အဲ့ဒီအခန်းကသူ့အတွက်စိတ်ကိုအေးချမ်းစေပြီး အလုပ်တွေ လုပ်ရတာ ပိုကောင်းစေတဲ့ အခန်းတစ်ခုဖြစ်တဲ့အပြင် သူ့ရဲ့လုပ်ငန်းခွင်က လူတွေ အားလုံးရဲ့ အဝေးကိုထွက်သွားစေနိုင်တဲ့စိတ်ထွက်ပေါက်လေးပဲဖြစ်ပါတယ်။ ပြဿနာလေးတစ်ခုပဲရှိပါတယ်။ အဲ့ဒီအခန်းက အမှန်တကယ်မရှိပါဘူး။ အော်ဆန်ကတော့ အဲ့ဒီအခန်းကိုစိတ်ကြိုက်ဝင်ထွက်သွားလာနေပေမဲ့ တခြားလူတွေကတော့ အဲ့ဒီအခန်းနေရာမှာ နံရံကြီးတစ်ခုကိုပဲ မြင်ရပြီးတော့ သူအခန်းထဲဝင်သွားတယ်ဆိုတာလဲ နံရံကြီးရှေ့မှာကြောင်တောင်တောင်ကြီး မတ်တပ်ရပ်နေတာကိုပဲ မြင်ရတာဖြစ်ပါတယ်။ဒီလိုနဲ့အော်ဆန်က သူ့ရဲ့လုပ်ဖော် ကိုင်ဖက်တွေအပြင် သူဌေးနဲ့ပါပြဿနာတွေတက်ခဲ့ပါတယ်။ ဒါပေမယ့်နောက်ပိုင်း သူပြောပြောနေတဲ့ အခန်းထဲကိုသွားပြီးအလုပ်တွေကြိုးစားလိုက်တဲ့အခါမှာ သူဌေးကသဘောကျပြီးရာထူးတွေဘာတွေတက်သွားပြီး နောက်မှာ သူ့ရဲ့အဲ့ဒီအခန်းကို စွဲလမ်းစိတ်က ပိုပြင်းထန်လာပြီး ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို Storytelling ပုံစံနဲ့ကြည့်ရမှာပဲဖြစ်ပါတယ်။ File size…1.19GB / 407MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 41m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Drama • Romance
6 2022 102 mins
Corner Office
Yule Log

ဒီရုပ်ရှင်ကတော့ ခရစ်စမတ်အကြိုနေ့မတိုင်ခင်မှာ ကျရောက်တဲ့ထုံးတမ်းဓလေ့တခုဖြစ်တဲ့ Yule Log ဆိုတဲ့ ဒဏ္ဍာရီတခုအကြောင်းကို ဇာတ်အိမ်တည်ပြီးရိုက်ကူးထားပါတယ်။ သူငယ်ချင်းသုံးယောက်ဟာ ခရစ်စမတ်အားလပ်ရက်ကို ဝေးလံခေါင်ဖျားတဲ့နေရာတခုက သစ်လုံးအိမ်မှာဖြတ်သန်းဖို့အတွက် ကားတစီးနဲ့ထွက်လာခဲ့ကြပါတယ်။ ဒီလိုနဲ့ သူတို့ဟာ လမ်းမှာမိန်းမတယောက်ကို ဖြတ်ခနဲမြင်လိုက်ရတာကြောင့် တွေဝေနေကြပါတယ်။ လမ်းက ဓာတ်ဆီဆိုင်မှာ ဆီဖြည့်ရင်း စားစရာ၀င်၀ယ်တော့လည်း အဲဒီဆိုင်က ဒေသခံက သူတို့ကို တောထဲမှာသတိထားကြဖို့အတွက် သတိပေးလိုက်ပါတယ်။ ဒီလိုနဲ့တောထဲရောက်တဲ့အချိန်မှာတော့ ဆိုးဝါးတဲ့အဖြစ်အပျက်တွေကို စတင်ကြုံတွေ့လာရပြီး ကျော်ဖြတ်ဖို့ကြိုးစားကြရပါတော့တယ်။ File size…(2.0 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:11:00 Genre…Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

0 2023
Yule Log
October Sky
7.8

IMDb 7.8 နဲ့ Rotten Tomatoes 91%အထိရရှိခဲ့တဲ့ NASA legend ကြီးတစ်ဦးဖြစ်တဲ့ ဟိုမာဟစ်ကမ်ရဲ့ ငယ်ဘ၀အကြောင်းကို ဇာတ်အိမ်တည် ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ “ကမ္ဘာမြေကြီးအတွင်းဖက်ကို စိတ်မ၀င်စားဘဲ ကမ္ဘာ့အပြင်ဖက်ကိုပဲ စိတ်၀င်စားတဲ့ ဟိုမာဟစ်ကမ် သို့မဟုတ် အောက်တိုဘာကောင်းကင်ယံက ဆိုဗီယက်ဂြိုဟ်တုကိုငေးကြည့်ရင်း ဒုံးပျံအိပ်မက် မက်ခဲ့တဲ့ သတ္တုတူးသမားတစ်ဦးရဲ့ သား” အချိန်ကာလအားဖြင့် ၁၉၅၀ခုနစ်၊ ဟိုမာဟာ ကိုးလ်ဝုလို့ခေါ်တဲ့ ကျောက်မီးသွေးတူးတဲ့အလုပ်နဲ့အသက်မွေးကြတဲ့ မြို့ငယ်လေးက လူငယ်လေးတစ်ဦးဖြစ်တယ်။ ဟိုမာရဲ့အဖေဖြစ်သူက ကိုးလ်ဝုကျောက်မီးသွေးတွင်းရဲ့ပိုင်ရှင်တစ်ဦး။ ဟိုမာတို့မြို့ငယ်လေးမှာ ပညာရေးအတွက် ရွေးချယ်စရာများများစားစားမရှိ။ အထက်တန်းပြီးသွားရင် ပညာသင်ဆုနဲ့ မြို့ကြီးတွေမှာ ကောလိပ်သွားတက်ရင်တက် မတက်ရင်တော့ အများစုက ကိုးလ်ဝုရဲ့ကျောက်မီးသွေးတွင်းထဲမှာပဲ သတ္တုတူးသမားအဖြစ် ၀င်ရောက်လုပ်ကိုင်ကြတာများတယ်။ ဒါပေမဲ့ တစ်နေ့မှာ နာဆာကိုရောက်မယ့် အင်ဂျင်နီယာလောင်းဟိုမာကတော့ သတ္တုတွင်းထဲမသွား၊ ကမ္ဘာမြေကြီးအတွင်းဖက်ကို စိတ်မ၀င်စားဘဲ ကမ္ဘာ့အပြင်ဖက်ကိုသာ စူးစမ်းချင်သူတစ်ဦး။ ဟိုမာဟာ ရေဒီယိုကနေ ဆိုဗီယက်ပြည်ထောင်စုရဲ့ စပတ်ခ်နစ်ခ်လို့အမည်ရတဲ့ ကမ္ဘာ့ပထမဆုံး လူလုပ်ဂြိုဟ်တုကို အာကာသထဲ လွှတ်တင်လိုက်နိုင်ပြီဆိုတဲ့ သတင်းကိုကြားပြီး ဒုံးပျံတည်ဆောက်ချင်စိတ်တွေ တဖွားဖွားပေါ်သွားတယ်။ ဒီလိုနဲ့ ဟိုမာနဲ့အတူ အိုဒဲလ် ကွင်တန် နဲ့ ရွိုင်လီတို့ဟာ ဒုံးပျံသိပ္ပံနဲ့ လားလားမှမအပ်စပ်တဲ့မြို့‌ငယ်လေးမှာ ဒုံးပျံတွေကိုအားမပေးတဲ့ ဟိုမာရဲ့အဖေဖြစ်သူရဲ့ ဆန္ဒကိုလွန်ဆန်ပြီး မလျှော့တဲ့ဇွဲနဲ့ လက်လုပ် အပျော်တမ်းဒုံပျံအသေးစားလေး‌တွေကို တည်ဆောက်ကြရင်းကနေ တစ်ချိန်မှာ ဒီလူငယ်လေးဦးရဲ့အနာဂတ်ဟာ ဘယ်လိုများပြောင်းလဲသွားမလဲ။ ဒီရုပ်ရှင်ဟာ ကျွန်တော်တို့ မကြုံ‌တွေ့ခဲ့ရဖူးတဲ့ ၁၉၅၀ခုနစ်များရဲ့ အောက်မေ့ဖွယ်ရာငယ်ဘ၀ကို ပြန်လည်ခေါ်ဆောင်သွားပေးလိမ့်မယ်။ အောင်မြင်သူဉာဏ်ကြီးရှင်တို့ရဲ့ စေ့ဆော်မှု မလျှော့တဲ့ ဇွဲ လုံ့လ တွေကိုမီးမောင်းထိုးရိုက်ကူးပြထားတယ်။ အားတက်စရာ အတုယူစရာရုပ်ရှင်ကောင်းဖြစ်တာမလို့ ကလေးလူကြီး‌မရွေး ကြည့်ရှုဖို့သင့်တဲ့ရုပ်ရှင်ဖြစ်တယ်။ ဟိုမာနေရာမှာသရုပ်ဆောင်ထားတဲ့ Donnie Darko, Southpaw, The Covenant အစရှိတဲ့ နာမည်ကြီးရုပ်ရှင်တွေရဲ့ သရုပ်ဆောင် Jake Gyllenhaal ဟာ ဒီရုပ်ရှင်ထဲမှာ အသက် ၁၇နှစ်အရွယ်သာ ရှိပါသေးတယ်။ စ လယ် ဆုံး အပြစ်ပြောစရာမရှိဘဲ ဇာတ်လမ်းအဆုံးအထိ ကြည့်ရှုသူရဲ့စိတ်အာရုံကို ဆွဲဆောင်သွားမယ့် ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်တာမလို့ သေချာပေါက် မြည်းစမ်းကြည့်ဖို့ အကြံပေးရင်းနဲ့ပဲ အဆုံးသတ်လိုက်ပါတယ်။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre…Biography, Drama, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

7.8 1999
October Sky
The Prequel of Gold Convoyers 4 : Struggle for Hostages
5.7

အရင်ဇာတ်ကားရဲ့အဆက်ပဲဖြစ်ပါတယ် စုစုပေါင်း ဆယ်ကား တိတိရှိပြီး ဒါကတော့ The Prequel of Gold Convoyers ရဲ့(၄)ကားမြောက်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ ဝမ်ကျောက်ရှင်းက ဖျင်အန်းပို့ဆောင်ရေးအဖွဲ့မှ ာလေ့ကျင့်ရေးဆင်းပြီး ပို့ဆောင်ရေးအဖွဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်လာပါတယ်။ သူ့မွေးစားအဖေပေးတဲ့တာဝန်ကို ပို့ဆောင်ရေးသမားတစ်ယောက်အနေနဲ့ထမ်းဆောင်ရင်း တာဝန်ကျေနိုင်ဖို့ကြိုးစားနေပါတယ်။ အဲဒီအချိန်မှာကူဖျင်အန်းက မိန်းကလေးတစ်ယောက်ကိုပို့ပေးနေတဲ့အချိန်မှာ လူဆိုးတွေနဲ့တွေ့ပြီး ပြန်ပေးဆွဲခံလိုက်ရပါတယ်။ ဝမ်ကျောက်ရှင်းကကူဖျင်အန်းကိုကယ်ဖို့လိုက်စုံစမ်းရင် နောက်ကွယ်က အင်အားကြီးကြီးနဲ့ချုပ်ကိုင်နေသူရှိမှန်းသိလိုက်ရပါတယ်။ ဒီမိန်းကလေးတွေကိုလူကုန်ကူးမှုကို ဝမ်ကျောက်ရှင်းတစ်ယောက် ဘယ်လိုဖြေရှင်းမလဲဆိုတာ ကြည့်ရမှာဖြစ်ပါတယ်။

5.7 2010
The Prequel of Gold Convoyers 4 : Struggle for Hostages
The Ruins
5.9

၂၀၀၈ ခုနှစ်ကထွက်ရှိထားတဲ့ Thriller ရုပ်ရှင်ကားတစ်ကားပါ။ အမေရိကန် Thriller တွေရဲ့ Logic အတိုင်းပဲ မသွားသင့်တဲ့နေရာကိုသွားမိလို့၊ မစပ်စုသင့်တဲ့အရာတွေကိုစပ်စုမိလို့ ဒုက္ခနဲ့ လှလှတွေ့ကြတဲ့ အမေရိကန် ခရီးသွား သူငယ်ချင်း အုပ်စုတစ်ခုအကြောင်းကို ရိုက်ကူးပြသထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာ ကတည်းက ပျောက်ဆုံးပျောက်ကွယ်သွားတဲ့ မာယာလူမျိုးတွေရဲ့ ကျောင်းဆောင်ဟောင်းကြီးတွေကို ကျောထောက်နောက်ခံထားပြီးရိုက်ကူးထားတာဖြစ်လို့ ရှေးဟောင်း မာမီဆန်ဆန် ရုပ်ရှင်မျိုးကြိုက်တဲ့သူတွေအတွက်တော့ ကြည့်ရတာ အပျင်းပြေမှာစေမှာပါ။ အေမီတို့ သူငယ်ချင်းအုပ်စုဟာ မက္ကဆီကိုကို အပန်းဖြေလာရင်း မက်သီးယပ်စ်ဆိုတဲ့ ဂျာမနီလူမျိုးတစ်ယောက်နဲ့တွေ့ဆုံခဲ့ကြပါတယ်။ မက်သီးယပ်စ်က သူ့ရဲ့အစ်ကိုဖြစ်သူကိုရှာဖို့ မာယာလူမျိုးတွေရဲ့​ ရှေးဟောင်းကျောင်းဆောင်ကိုသွားရှာဖို့ပြောရင်း တောကြီးမျက်မဲထဲက ကျောင်းဆောင်ပျက်ကြီးဆီကိုသွားဖို့အကြောင်းဖန်လာပါတော့တယ်။ ရိုးရာမပျက် မသွားသင့်တဲ့ နေရာဆို သွားရမှကျေနပ်တဲ့ လူငယ်တစ်အုပ်စု ဘယ်လိုမျိုးဒုက္ခတွေ၊ ကြောက်မက်ဖွယ်ရာကိစ္စတွေနဲ့ ရင်ဆိုင်ကြုံတွေ့ကြရမလဲ? ကျောင်းဆောင်ထဲမှာ ဘယ်လိုအရာတွေက သူ့တို့ကို စောင့်ကြိုနေမလဲ? ဒီလိုဒုက္ခတွေကနေ ဘယ်လိုကြံစည်လွတ်မြောက်လာကြမလဲဆိုတာတော့ ဆက်လက်ရှုစားကြပါဦးခင်ဗျာ သွေးထွက်သံယိုမြင်ကွင်းတွေပါတဲ့အတွက် ကြောက်တတ်သူများနဲ့ ရောဂါအခံရှိသူများ မကြည့်ကြဖို့ သတိပေးပန်ကြားအပ်ပါတယ်ခင်ဗျာ File size…(1.7 GB)/(980 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:30:00 Genre… Adventure, Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by T Hmue

5.9 2008
The Ruins
Before Midnight
7.9

B E F O R E ရဲ ့နိဒါန်း . Vienna ကို ခုတ်မောင်းနေတဲ့ ရထားတစ်စင်းပေါ်မှာ အသက်အရွယ်အနည်းငယ်ကြီးရင့်စပြုနေပြီဖြစ်တဲ့ German စုံတွဲတစ်တွဲ စကားများနေကြတယ်။ ဘယ်အကြောင်းအရာကို အခြေခံပြီး စကားများနေကြသလဲဆိုတာကိုတော့ ကျွန်တော်မသိ။ ဒါပေမဲ့ အိမ်တွင်းရေးကိစ္စတော့ ဖြစ်ဟန်တူတယ်။ သူတို ့နှစ်ဦးရဲ ့အငြင်းအခုန်ပွဲဟာ ရထားတွဲအတွင်းက တစ်ခြားခရီးသည်တွေကိုပါ စိတ်အနှောက်အယှက် ဖြစ်စေတယ်။ ဒါကြောင့်မို ့လည်း စာအုပ်တစ်အုပ်ကို ဖတ်နေတဲ့ ပြင်သစ်သူ Celine ဆိုတဲ့ မိန်းမငယ်လေးဟာ ရထားတွဲရဲ ့အနောက်နားက ဆိတ်ငြိမ်တဲ့ထိုင်ခုံတစ်နေရာကို ပြောင်းထိုင်လိုက်တယ်။ ဒီမှာတင် မလှမ်းမကမ်းနားမှာ သူမလိုပဲ စာအုပ်ထိုင်ဖတ်နေတဲ့ လူငယ်လေးတစ်ယောက်က သူမကို လှမ်းမေးလို်က်တယ်။ စောစောက လင်မယား ဘာကိစ္စနဲ ့ စကားတွေများနေကြတာလဲ ဆိုပြီး … . အချိန်ကာလအားဖြင့် 18 နှစ်ကျော်ကြာမြင့် သွားတဲ့အခါ Greece ရဲ ့ဟိုတယ်အခန်းကျဉ်းလေးတစ်ခုထဲမှာ လင်မယားနှစ်ယောက် စကားအခြေအတင် ငြင်းခုန်နေကြတယ်။ နှစ်ယောက်စလုံး မြိုသိပ်ထားခဲ့ရတဲ့ ခံစားချက်တွေ၊ နားလည်ခြင်းတွေကို ထုတ်ဖော်ပြီး ရန်ဖြစ်နေကြတယ်။ အကယ်၍ အခြေအနေတစ်ခု တိမ်းစောင်းသွားပါက သူတို ့နှစ်ယောက်ရဲ ့အိမ်ထောင်ရေးဟာ ပျက်စီးသွားကြတော့မယ်။ ဒါပေမဲ့ သူတို ့မေ့နေတာက လွန်ခဲ့တဲ့ 18 နှစ်ကျော်က ရထားတစ်စင်းပေါ်မှာ လင်မယားနှစ်ယောက် ရန်ဖြစ်တာကို အကြောင်းပြုပြီး သူတို ့နှစ်ယောက် စတွေ ့ခဲ့ကြတယ်ဆိုတာကိုပဲ။ . ကျွန်တော်တို ့တွေ အမြဲပြောလေ့ရှိတဲ့ ဝေါဟာရလေးတစ်ခုရှိိတယ်။ ရေစက်တဲ့။ လူသားနှစ်ဦးဟာ ရေစက်ရှိလို ့ကံကြမ္မာက တမင်ဖန်တီးပေးတာလား၊ ဒါမှမဟုတ် ထိုရေစက်ဆိုတဲ့အရာကို မဖြစ် ဖြစ်အောင် ကျွန်တော်တို ့လူသားတွေကပဲ ကံကြမ္မာကို လှည့်စားခဲ့ကြတာလား။ Before Trilogy လို ့ရုပ်ရှင်ချစ်သူတွေရဲ ့နှလုံးသားမှာ ရေပန်းစားတဲ့ Before Sunrise, Before Sunset နဲ ့Before Midnight ဇာတ်ကားတွေကို ကြည့်ပြီးတဲ့အခါမှာ ပထမဆုံး စတွေးမိတဲ့ကျွန်တော့်ရဲ ့အတွေးက ဒါပဲ။ ဘဝရဲ ့တစ်နေ ့နေ ့တစ်ချိန်ချိန်မှာ လူသားတစ်ယောက်ကို တွေ ့မယ်။ ပြီးတော့ ထိုလူသားကို ပြန်တွေ ့အောင် သင်ဟာ နည်းမျိုးစုံနဲ ့တမင်ဖန်တီးနေခဲ့မိမယ်။ ဒါတွေရဲ ့မြစ်ဖျားခံရာက အချစ်ပဲ။ —————————————————————————- B E F O R E . သူ ့နာမည်က James။ ဒါပေမဲ့ ရင်းနှီးတဲ့သူတွေက သူ ့ကို Jesse လို ့ပဲခေါ်ကြတယ်တဲ့။ ဒီတော့ ကျွန်တော်တို ့လည်း သူ ့ကို ရင်းနှီးတယ်လို ့ခံစားရအောင် Jesse လို ့ပဲ ခေါ်ကြတာပေါ့။ သူဟာ ချစ်သူကောင်မလေးဆီကို လာလည်ဖို ့ဆိုတဲ့ရည်ရွယ်ချက်နဲ ့ဥရောပကို ရောက်လာတယ်။ ဒါပေမဲ့ မဟန်တဲ့အခြေအနေတွေကို ရိပ်မိတဲ့သူဟာ ကျန်တဲ့ငွေနဲ ့ပဲ အမေရိကားကို ပြန်ဖို ့ထွက်လာခဲ့တယ်။ Vienna မြို ့ကနေ လေယာဉ်နဲ ့US ကို မထွက်ခွာခင် Vienna ကို ရထားတစ်စင်းစီးပြီး လိုက်လာတယ်။ ဒါပေမဲ့ ထိုရထားပေါ်မှာ ပြင်သစ်သူ မိန်းကလေးတစ်ယောက်ဟာ သူနဲ ့မလှမ်းမကမ်းနားမှာ လာထိုင်ပြီး စကားစမည်ပြောဖြစ်တာကြောင့် ထိုကောင်မလေးကို သူစိတ်ဝင်စားသွားတယ်။ သူတို ့နှစ်ယောက်ရဲ ့စကားဝိုင်းဟာ မပြီးဆုံးသေးဘူးဆိုတာ သူသိတယ်။ ဒါကြောင့် အရဲစွန် ့ပြီး Vienna မြို ့ပေါ်ကို သူနဲ ့အတူ တစ်ညလောက် လိုက်လည်ပြီး စကားတွေဆက်ပြောဖို ့ဖိတ်ခေါ်ခဲ့တယ်။ အမှန်တော့ ဒါဟာ ရူးကြောင်ကြောင်နိုင်တဲ့ လုပ်ရပ်တစ်ခုလို ့တစ်ချိ ့က ထင်ကြေးပေးချင်ပေးကြလိမ့်မယ်။ ကျွန်တော်ကတော့ သူလုပ်သင့်တဲ့အရာတစ်ခုကို လုပ်ခဲ့တယ်လို ့ပဲ မြင်တယ်။ . လူသားနှစ်ယောက်ကို ဘယ်အရာက ဆက်စပ်ပေးတယ်လိုု ့ခင်ဗျားတို ့ထင်ကြသလဲ။ ကျွန်တော်ကတော့ ထိုလူသားနှစ်ယောက် ပြောဖြစ်တဲ့ စကားစအကြောင်းအရာတွေကပဲ လူသားနှစ်ယောက်ကို ဆက်စပ်ပေးတာလို ့မြင်တယ်။ လောကမှာ ကိုယ်နဲ ့လူတစ်ယောက် စကားပြောရင်း စကားစတွေပြတ်သွားမှာ ပြောမဲ့စကားတွေကုန်ခမ်းသွားမှာကို မသိစိတ်ကရော သိစိတ်ကပါ စိုးထိတ်နေပြီဆိုရင် ထိုအခွင့်အရေးကို လက်လွှတ်ဆုံးရှုံးမခံသင့်ဘူး။ Director Richard Linklater ဟာ လူ ့ဘဝရဲ ့တန်ဖိုးအရှိဆုံးအချိန်တွေဟာ ဘယ်အချိန်တွေလဲဆိုတာ ကောင်းကောင်းသိခဲ့တဲ့သူပဲ ဖြစ်လိမ့်မယ်။ ဒါကြောင့် သူရေးဖွဲ ့ခဲ့တဲ့ ဇာတ်ကောင် Jesse ဟာ Celine ကို စကားတွေ ဆက်ပြောဖို ့ဖိတ်ခေါ်ခဲ့တယ်။ Celine လည်း မငြင်းဆန်ခဲ့ဘူး။ ဒီလိုနဲ ့သူတို ့နှစ်ယောက်ဟာ ရထားပေါ်က ဆင်းလာကြပြီး Vienna မြို ့ပေါ်ကို ပထမဆုံး ခြေလှမ်းတွေ စလှမ်းပါတော့တယ်။ . သူတို ့မှာ သွားရမဲ့ Destination ဆိုတာ မရှိဘူး ။ ရောက်တတ်ရာရာ ခြေဦးတည့်ရင်း စကားတွေ ဆက်ပြောကြတယ်။ သူတို ့နှစ်ယောက် ပြောခဲ့တဲ့ စကားတွေဟာ အကြောင်းအရာ အမျိုးစုံတယ်။ ဘဝအကြောင်းတွေပါတယ်။ ခံယူချက်တွေပါတယ်။ အတွေးအခေါ်တွေပါတယ်။ နိုင်ငံရေးအကြောင်းအရာတွေပါတယ်။ ဘာသာရေးတွေပါတယ်။ မျက်စိရှေ ့မှာ မြင်တွေ ့နေတဲ့ မြင်ကွင်းတွေပါတယ်။ အချစ်ရေးတွေပါတယ်။ သူတို ့စိတ်ကူးထဲမှာ ပေါ်ပေါက်လာတဲ့ အတွေးတွေအကုန်လုံးကို ပြောဖြစ်ကြတယ်။ Vienna မြို ့လေးပေါ်က အုတ်လမ်းလေးတွေပေါ်က သူတို ့နှစ်ယောက်ရဲ ့ခြေသံတွေဟာ ထပ်ထပ်လာလေ သူတို ့နှစ်ဦးပြောဖြစ်တဲ့ အကြောင်းအရာတွေဟာ ပိုပြီး ဆက်စပ်မှု ရှိလာလေလေပဲ။ ထိုညလေးဟာ တစ်ဖြည်းဖြည်းနဲ ့ပိုနက်လာတယ်။ တစ်နေရာမှာ ဗေဒင်ဟောဆရာမတစ်ယောက်ကို တွေ ့ခဲ့တယ်။ တစ်နေရာမှာတော့ ကဗျာဆရာတစ်ယောက်နဲ ့တွေ ့တယ်။ ထိုကဗျာဆရာဇာတ်ကောင်က ထူးဆန်းတယ်။ သူကလူတွေဆီကနေ ငွေကို အခမဲ့မတောင်းဘူး။ လူတွေကို စိတ်ထဲကရှိတဲ့ စကားလုံးတစ်လုံးကို ရေရွတ်ခိုင်းတယ်။ ထိုစကားလုံးကို အခြေခံပြီး ထိုခဏအတွင်း သူကဗျာတစ်ပုဒ်ဖွဲ ့နွဲ ့ရေးသားမယ်။ ဖတ်တဲ့သူတွေက နှစ်သက်မှ၊ ပြီးတော့ သူတို ့ဘဝတွေမှာ တစ်ခုခုနဲ ့ဆက်နွယ်တယ်လို ့ခံစားရမှ သူ ့ကိုစေတနာရှိသလောက် ငွေပေးကမ်းခဲ့ခိုင်းတာမျိုး။ သူက Jesse နဲ ့Celine ကို ဖွဲ ့ပေးလိုက်တဲ့ ကဗျာလေးက အရမ်းလှလွန်းတယ်။ . Daydream delusion, limousine eyelash / Oh baby with your pretty face / Drop a tear in my wineglass / Look at those big eyes / See what you mean to me / Sweet-cakes and milkshakes / I’m a delusion angel / I’m a fantasy parade / I want you to know what I think / Don’t want you to guess anymore / You have no idea where I came from / We have no idea where we’re going / Lodged in life / Like branches in a river/ Flowing downstream / Caught in the current / I carry you / You’ll carry me / That’s how it could be / Don’t you know me? / Don’t you know me by now? . ထိုညတစ်ညမှာ လရောင်ဟာ လင်းလက်နေခဲ့သလား၊ မှောင်မိုက်နေခဲ့သလားဆိုတာကိုတော့ သူတို ့နှစ်ယောက်ပဲ အသိဆုံးဖြစ်ခဲ့လိမ့်မယ်။ ဒီလိုနဲ ့နောက်နေ ့မနက်မှာ ကိုယ်ပိုင်ခရီးတစ်ခုဆီကို သူတို ့အသီးသီးဆက်သွားကြတော့တယ်။ လူသားတွေဟာ မတည်မြဲတဲ့ ကတိတွေကို ပေးတတ်တဲ့နေရာမှာတော့ ထူးချွန်ကြတယ်။ ဒီလိုပဲ သူတို ့လည်း နောက် ၆ လကြာရင် ဒီမြို ့လေးမှာ ပြန်တွေ ့ကြမယ်ဆိုပြီး ကတိတွေပေးခဲ့ကြတယ်။ . ထိုရုပ်ရှင်ဇာတ်ကားထွက်ခဲ့တုန်းက ပရိသတ်တိုင်းဟာ သူတို ့နှစ်ယောက် ပြန်တွေ ့ခဲ့ကြလား၊ မတွေ ့ဖြစ်ခဲ့ကြဘူးလားဆိုတာ ဘယ်သူမှ တပ်အပ်မပြောနိုင်ခဲ့ကြဘူး။ ကိုယ်ပိုင်ထင်ကြေးတွေ ပေးခဲ့ကြတယ်။ ထိုအဖြေကို နောက် ၉ နှစ်အကြာမှ ပရိသတ်တွေ ရခဲ့ကြတယ်။ —————————————————————————- နှစ်တွေကြာမြင့်ခဲ့ပြီ။ နောက် ၉ နှစ်အကြာမှာ ပါရီမြို ့ရဲ ့စာအုပ်ဆိုင်တစ်ဆိုင်မှာ မမျှော်လင့်ပဲ သူတို ့ထပ်တွေ ့ဖြစ်ကြတယ်။ Jesse ဟာ လွန််ခဲ့တဲ့ နှစ်အနည်းငယ်က ရထားတစ်စင်းပေါ်မှာ ကောင်မလေးတစ်ယောက်နဲ ့စတင်တွေ ့ဆုံခဲ့ပြီး Vinenna မြို ့ပေါ်မှာ တစ်ညတာ အချိန်တွေ ကုန်ဆုံးခဲ့ပုံကို စာအုပ်ရေးခဲ့တာကြောင့် အခုတော့ အတော်အတန်အောင်မြင်စ စာရေးဆရာတစ်ယောက်ပေါ့။ စာနယ်ဇင်းသမား ၃ ယောက်ရဲ ့အမေးတွေကို ဖြေကြားနေတဲ့ Jesse ကို ဘေးကနေ Celine ပြုံးကြည့်နေတယ်။ ဒီတစ်ခါ သူတို ့ပြန်တွေ ့ဖြစ်ကြတော့ လွန်ခဲ့တဲ့ ၉ နှစ်တုန်းကလို အချိန်တစ်ညလောက် မရဘူး။ ညနေ နေမဝင်ခင်မှာ Jesse က လေယာဉ်နဲ ့အမေရိကားကို ပြန်ရမှာ။ အလွန်ဆုံး စကားလက်ဆုံပြောရ နာရီအနည်းငယ်ခန် ့ပေါ့။ ဒါပေမဲ့ သူတို ့ထိုညနေခင်းတစ်ခင်းကို လွန်ခဲ့တဲ့ ၉ နှစ်ကအတိုင်း စကားလုံးတွေနဲ ့ကုန်ဆုံးကြပြန်တော့တယ်။ ထ်ိုညနေခင်းရဲ ့အဆုံးမှာ ဘာတွေ ဆက်ဖြစ်သွားကြသလဲ။ Celine က Jesse ကို သတိပေးလိုက်တယ်။ ရှင်တော့ လေယာဉ်မှီမှာ မဟုတ်တော့ဘူး တဲ့။ . ထုံးစံအတိုင်း ပရိသတ်ကို ဘာဆက်ဖြစ်မလဲဆိုတာ မသေချာတဲ့ဇာတ်ကြောင်းနဲ ့ချန်ထားရစ်ပြန်တယ်။ Jesse လေယာဉ်မှီသွားရဲ ့လား။ သူတို ့ဘာဆက်ဖြစ်ကြတော့မှာလဲ။ ထိုမေးခွန်းတွေရဲ ့အဖြေကိုလည်း နောက် ၉ နှစ်ကြာမှ ပရိသတ်တွေ ရခဲ့တော့တယ်။ —————————————————————————— B E F O R E အပေါ် မိမိအမြင် . ဒီဇာတ်ကား ၃ ကားကို ကျွန်တော်ကြည့်ခဲစဉ်က ထူးထူးခြားခြား ဘယ်လို ခံစားခဲ့ရသလဲဆိုတော့ ရုပ်ရှင်တစ်ကားကို ကြည့်နေတယ်လို ့မခံစားရပဲ စာအုပ်တစ်အုပ် (သို ့မဟုတ်) ဆောင်းပါးတစ်ခုကို ဖတ်နေရသလိုပဲ ခံစားခဲ့ရတယ်။ အခုလို ခံစားချက်မျိုးက My Dinner with Andre (1981) ကို ကြည့်ခဲ့ရတုန်းကလည်း ခံစားဖူးတယ်။ ဒါပေမဲ့ ဇာတ်ကား ၃ ကားစလုံးကို ကြည့်ပြီးတဲ့အခါမှ ထို ၃ ကားစလုံးပေါင်းပြီး ရုပ်ရှင်တစ်ကားလို ့ခံစားခဲ့ရတယ်။ . လူအများစုက ယခုဇာတ်ကားတွေကို အချစ်ကားလို ့သတ်မှတ်ကြပေမဲ့ ကျွန်တော်ကတော့ အချစ်ကားဆိုတာထက် ပိုတယ်လို ့ခံစားရတယ်။ လူသားနှစ်ဦးရဲ ့ဆက်စပ်မှုတွေ၊ တူညီတဲ့အတွေးစတွေကို ဖော်ထုတ်ပေးခြင်းလို ့ပိုမြင်မိတယ်။ သူတို ့နှစ်ယောက် ပြောခဲ့တဲ့ စကားတွေကို ကြည့်မယ်ဆိုရင် Before Sunrise မှာတုန်းက သူစိမ်းတွေဆိုတော့ ခံယူချက်တွေ၊ ideas တွေ အစရှိတဲ့အကြောင်းအရာတွေကို ပိုမိုပြောဖြစ်ခဲ့ကြပြီး နောင် ၉ နှစ်အကြာ Before Sunset မှာ ပြန်တွေ ့တော့ သူတို ့ပြောတဲ့စကားတွေက လွန်ခဲ့တဲ့ ၉ နှစ်အတွင်းက ဖြစ်ခဲ့ကြတဲ့ ဘဝအသီးသီးရဲ ့ဖြစ်စဉ်တွေကို ဖလှယ်ကြတယ်။ သူတို ့ဘဝတွေဟာ ပရိသတ်တွေရဲ ့ဘဝတွေ ဖြစ်လာတယ်။ ဒီလိုနဲ ့နောက်ထပ် ၉ နှစ်အကြာ Before Midnight မှာ သူတို ့ဘာတွေပြောကြပြီလဲဆိုတော့ အရင်လိုတစ်ယောက် မသိခဲ့တဲ့ ဖြစ်စဉ်တွေကို တစ်ယောက် ပြောနေတာထက် နှစ်ယောက်အတူတူ နှစ်ရှည်လများ ရှိနေခဲ့တာတောင် တစ်ယောက်ရဲ ့ခံစားချက်ကို တစ်ယောက် မမြင်နိုင်ခဲ့တဲ့ ခံစားချက်တွေပဲ။ ဒီဇာတ်ကားတွေဟာ ဘာထူးခြားသလဲဆိုတော့ သူတို ့နှစ်ယောက်ရဲ ့စကားဝိုင်းကို ကျွန်တော်တို ့ဟာ တတိယလူအဖြစ်နဲ ့ဝင်ရောက်နားထောင်နေခဲ့တဲ့အတွက် သူတို ့နှစ်ယောက်အပြင် တတိယလူဖြစ်တဲ့ ပရိသတ်ကပါ ထိုဇာတ်ကောင်နှစ်ယောက်နဲ ့ပိုမိုနီးစပ်လာတယ်ဆိုတာ သိသာစွာ ခံစားလာရတယ်။ ထိုဇာတ်ကောင် နှစ်ယောက်နဲ ့ပရိသတ်ကြားမှာ ကာထားတဲ့ အလွှာပါးတစ်ချပ်ဟာ ဘယ်အချိန်မှာ လွင့်ပျံပျောက်ကွယ်သွားတယ်ဆိုတာ ပရိသတ်ဟာ ဘယ်တော့မှ သိလိုက်မိမှာမဟုတ်ဘူး။ ဒါဟာ သူတို ့နှစ်ယောက်ရဲ ့စကားလုံးတွေကြားမှာ သင်ဟာလည်း စီးမျောပါသွားလို ့ပဲ။ . Directing မှာ 90% က Casting လို ့ directors တွေပြောတာ ကျွန်တော် ဖတ်ဖူးတယ်။ ဒီစကားသာ အမှန်ဆိုရင် ဒီဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ Director Richard Linklater ကတော့ 90% စလုံးကို အောင်မြင်ခဲ့တယ်လို ့ဆိုလို ့ရတယ်။ ဒီဇာတ်ကား ၃ ကားလုံးမှာ ထူးခြားချက်တွေအကုန်လုံးက ထိုဇာတ်ကောင်နှစ်ယောက်ကို အသီးသီးပုံဖော်ခဲ့ကြတဲ့ Ethan Hawke နဲ ့Julie Deply တို ့နှစ်ယောက်ပဲ။ သူတို ့နှစ်ယောက် သရုပ်ဆောင်တာကို ကြည့်ရတာ သရုပ်ဆောင်နေတယ်လို ့လုံးဝမထင်ရဘူး။ သာမာန်အသိ လူသားနှစ်ယောက် လမ်းလျှောက်ရင်း စကားတွေ ပြောနေကြသလိုမျိုးပဲ။ 3 ကားစလုံးမှာ 10 မိနစ်ထက်ကျော်တဲ့ ဇာတ်ဝင်ခန်းတွေပါတယ်။ တစ်ချို ့ဆို 17 မိနစ်ကျော်တယ်။ ထိုဇာတ်ဝင်ခန်းတွေကို သရုပ်ဆောင်ဖို ့ဆိုတာ ဘယ်မင်းသား မင်းသမီးမှ တော်ရုံ သရုပ်မဆောင်နိုင်ဘူး။ ဒါပေမဲ့ အလွယ်ကူဆုံးကတော့ သရုပ်ဆောင် နှစ်ယောက်ကို Theme တစ်ခုချပြထားပြီး သူတို ့ဆွေးနွေးပြောဆိုနေကြတာကို camera က လိုက်ရိုက်ကူးနေယုံပဲ။ . dialogues တွေကိုစဉ်းစားပြီး 17 မိနစ်ကျော် သရုပ်ဆောင်ရတာထက် အခုလို လွတ်လပ်စွာ သရုပ်ဆောင်ရတာကို ကျွန်တော်က ပိုသဘောကျတယ်။ ဒါက ကျွန်တော့်အထင်ပါ။ သူတို ့နှစ်ယောက် တစ်ကယ်လည်း ထိုပုံစံအတိုင်း သရုပ်ဆောင်ချင် ဆောင်ခဲ့ကြပါလိမ့်မယ်။ နောက်တော့ ကျွန်တော် သိခဲ့တာက ထိုသရုပ်ဆောင်နှစ်ယောက်စလုံး ဇာတ်ညွှန်းကို တစ်ခြားဇာတ်ညွှန်းရေးဆရာတွေနဲ ့ပူးတွဲရေးသားခဲ့ကြလို ့ပဲ။ ပထမဆုံး Before Sunrise မှာတော့ credits မပါခဲ့ပေမဲ့ နောက်နှစ်ကားမှာတော့ ဇာတ်ညွှန်းရေးဆရာနာမည်တွေမှာ သူတို ့နှစ်ယောက်ပါခဲ့ကြတယ်။ ကိုယ်တိုင်ပူးတွဲရေးသားထားတဲ့ ဇာတ်ညွှန်းကို ကိုယ်တိုင်ပြန်သရုပ်ဆောင်ရတာ ပိုလွယ်ကူမယ်လို ့မြင်မိလို်က်တယ်။ ဒီဇာတ်ကားတွေမှာ ဇာတ်ကြောင်းပြောတဲ့သူမရှိဘူး။ သူတို ့ပြောနေတဲ့ စကားတွေကပဲ ဇာတ်ကောင်တွေကို ရင်းနှီးစေတယ်။ Jesse နဲ ့Celine ဆိုတာ ရုပ်ရှင်ဆိုတဲ့ ဖျော်ဖြေမှုတစ်ခုရဲ ့အလှပဆုံးတဖြစ်လဲ သဘာဝအကျဆုံး ဇာတ်ကောင်တွေပဲ။ . Ethan Hawke ရဲ ့ဇာတ်ကောင်ဖြစ်တဲ့ Jesse ကို ကျွန်တော်သဘောကျတယ်။ သူက အချစ်ဆိုတာကို ယုံကြည်ခဲ့တဲ့လို ့ပြောလို ့ရတယ်။ ဒါကြောင့်လည်း Before Sunset အစမှ သူတို ့နှစ်ယောက်ပြန်တွေ ့တော့ Celine အသည်းအသန်မေးခဲ့တဲ့ မေးခွန်းက သူတို ့ချိန်းခဲ့ကြတဲ့ နေရာလေးကို Jesse လာခဲ့သလားဆိုတာပဲ။ အစကတော့ မဖြေဘူး။ Celine တစ်ယောက် မလာခဲ့တာကို သိတော့ သူကိုယ်တိုင်လည်း ထိုအချိန်က လာခဲ့ရဲ့သားနဲ ့မလာခဲ့ဘူးလို ့လိမ်ပြောလိုက်တယ်။ ကျွန်တော် စောစောက ပြောခဲ့သလို ဖူးစာဆိုတာ လူသားတွေလိမ်ညာပြီး တမင်ဖန်တီးတဲ့အရာဆိုတာ ဒီနေရာမှာ မြင်လာရတယ်။ Jesse က ပြောတယ်။ ဒီစာအုပ်ထုတ်တယ်ဆိုတာ သူ ့စိတ်ထဲက ရေးချင်စိတ်နဲ ့ရေးလိုက်တာတဲ့။ Celine ကလည်း ပြောတယ်။ ဒီစာအုပ်ဆိုင်လေးက သူအမြဲလာနေကြနေရာလေးတဲ့။ တစ်ကယ်တော့ သူတို ့နှစ်ယောက်စလုံး ညာခဲ့ကြတယ်။ Celine နဲ ့ပြန်တွေ ့လိုတွေ ့ငြားဆိုတဲ့ စိတ်လေးနဲ ့Jesse ဒီစာအုပ်လေးကို ရေးပြီးထုတ်ခဲ့တယ်။ Jesse တစ်ယောက် ထိုနေ ့မှာ ထိုစာအုပ်ဆိုင်လေးမှာ စာနယ်ဇင်းမိတ်ဆက်ပွဲရှိတယ်ဆိုတာ သိလို ့Celine တစ်ယောက် တမင်လာခဲ့တာ။ ဒါဟာ သူတို ့ရဲ ့ဖူးစာကို သူတို ့ဖန်တီးခဲ့ကြတာပဲ။ ——————————————————————————– ဒီဇာတ်ကားလေးတွေ ဖြစ်ပေါ်လာပုံကလည်း ရုပ်ရှင်ချစ်သူတွေ သိပြီးကြတဲ့အတိုင်း ထူးဆန်းပြီး လှပလွန်းတယ်။ Richard Linklater က 1989 တုန်းက သူ ့ရဲ ့ပထမဆုံးဇာတ်ကား Slacker ဆိုတဲ့ဇာတ်ကားရိုက်ကူးရေးအပြီး New York ကအပြန် Philadelphia မှာ သူစိမ်းအမျိုးသမီးတစ်ယောက်နဲ ့စကားလက်ဆုံကြဖြစ်ခဲ့တယ်။ မြို ့အနှံလမ်းလျှောက်သွားကြရင်းနဲ ့ စကားဝိုင်းဟာ ပိုမိုကြာရှည်လာတယ်။ ထိုတစ်ညက အဖြစ်အပျက်ကို အခြေခံပြီး Before Sunrise ကို ရိုက်ကူးခဲ့တာပဲ။ ထိုအမျိုးသမီးနာမည်က Amy Lehrhaup တဲ့။ ဝမ်းနည်းဖို ့ကောင်းတာတစ်ခုက ထိုရုပ်ရှင်ကား Before Sunrise တောင် ရုံမတင်ခင်မှာပဲ ထိုအမျိုးသမီးဟာ Motorcycle Accident နဲ ့ဆုံးပါးသွားခဲ့တယ်။ ထိုအကြောင်းအရာတွေကို Richard Linklater က နောင် 15 နှစ်အကြာ 2010 မှ Public ကို ပြောပြခဲ့တယ်။ ————————————————————————— B E F O R E အပေါ် မိမိခံစားချက် . သူတို ့နှစ်ယောက် ပြောခဲ့ကြတဲ့ စကားတွေထဲက တစ်နေရာမှာ Jesse က လူသားတွေရဲ ့အသက်ရှင်ခြင်းနဲ ့သေဆုံးခြင်းအတွေးကို ထုတ်ဖော်ပြခဲ့တယ်။ ကျွန်တော်အမြဲမေးလေ့ရှိတဲ့ မေးခွန်းတစ်ခုပဲ။ လူသားတွေဟာ တစ်ဘဝပဲလား ဆိုတာ။ တစ်ကယ်လို ့ရှေးဘဝတွေ၊ နောက်ဘဝတွေ ရှိတယ်ဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်းမြောက်မြားစွာကထက် အခုအချိန်မှာ လူသားအရေအတွက်တွေ ကမ္ဘာပေါ်မှာ အဆပေါင်းမြောက်မြားစွာ ပိုများလာရတာလဲ။ ယနေ ့ခေတ်လူသားတွေရဲ ့ဝိဉာဉ်တွေဟာ ဘယ်ကနေ ရောက်လာကြတာလဲ။ Jesse ပြောခဲ့တဲ့အတိုင်းဆိုရင် လွန်ခဲ့တဲ့နှစ်ပေါင်း 50,000 ကျော်လောက်က ကမ္ဘာပေါ်မှာ လူသားအရေအတွက် တစ်သန်းပင် မရှိဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်း 10,000 လောက်ရောက်လာတော့ ကမ္ဘာပေါ်မှာ လူသားအရေအတွက် နှစ်သန်းကျော်နေပြီ။ သူပြောခဲ့တဲ့ 1995 တုန်းက ကမ္ဘာပေါ်မှာ 6 Billion ခန် ့လောက် လူသားတွေ ရှိနေပြီ။ ဟိုတုန်းက လူသားတွေရဲ ့ကြွေလွင့်သွားတဲ့ ဝိဉာဉ်တွေဟာ အစိပ်စိပ်အပိုင်းဖြစ်သွားပြီး ယခုမှာ အရေအတွက်တွေ ပိုမိုများပြားလာတာလားလို ့သူတွေးပုံကို ပြောပြတယ်။ တစ်ကယ်လို ့လူသားတွေဟာ ဒီတစ်ဘဝတစ်ခုတည်းဆိုရင် ဘာကြောင့် အရည်မရ၊ အဖတ်မရ လူ ့ဘဝကြီးကို ကျွန်တော်တို ့တွေ ရနေရတာလဲ။ ဘာအဓိပ္ပာယ်များ ရှိနေလို ့လဲ။ . နောက်တော့ မွေးဖွားခြင်းနဲ ့သေခြင်းတရားကို သူယှဉ်ပြသွားပုံကိုလည်း ကျွန်တော်သဘောကျတယ်။ သူ ့သူငယ်ချင်းတစ်ယောက်ရှိတယ်တဲ့။ ထိုလူက သူ ့မိန်းမကလေးမွေးတာကို ကြည့်နေချိန်မှာ ဖြစ်ပေါ်လာတဲ့ အတွေးစလေးတစ်ခု။ ယခုမှ လူ ့လောကထဲကို တိုးဝင်လာတဲ့ လူသားလေးဟာ သူ ့ဘဝရဲ ့ပထမဆုံးအသက်ကို မနည်းအားယူပြီး ရှုနေတယ်။ ဒီအချိန်မှာ ဖခင်လုပ်တဲ့သူက ကြည့်နေရင်း ဘာကို သွားစဉ်းစားမိသလဲဆိုတော့ ယခုမှ လူ ့လောကထဲတိုးဝင်လာတဲ့ လူသားတစ်ယောက်ဟာ တစ်ချိန်မှာ သေဆုံးမယ်ဆိုတဲ့ သေခြင်းတရားအတွေးကို စဉ်းစားခဲ့တယ်။ ကျွန်တော်ကိုယ်တိုင်လည်း နောင်တစ်ချိန်မှာ ဖခင်ဖြစ်လာရင် ကိုယ့်ရင်သွေးကို ပထမဆုံးမြင်တဲ့အခါ စတွေးမိမဲ့အတွေးဟာ ဒီအတွေးပဲ ဖြစ်နေမိတော့မယ်။ . Celine ပြောခဲ့တဲ့ စကားတွေထဲမှာ ကျွန်တော်သဘောကျခဲ့တာက မိမိဘဝမှာတွေ ့ကြုံခဲ့ရတဲ့ လူသားတိုင်းဟာ အစားထိုးလို ့မရဘူးဆိုတာပဲ။ လူသားတိုင်းမှာ ကိုယ်ပိုင်ထူးခြားတဲ့ အသေးစိပ်အချက်ကလေးတွေရှိတယ်ဆိုတာပဲ။ သူမဇာတ်ကောင်ဟာလည်း လူသားတွေရဲ ့အသေးစိပ်အချက်ကလေးတွေကို မှတ်သားထားတတ်ပြီး ဘယ်တော့မှ မမေ့တတ်တဲ့ သူမျိုး။ ငယ်ငယ်ကဆို ကျောင်းသွားတဲ့လမ်းမှာတောင် အမြဲတမ်း သစ်ပင်ပေါ်ကကျလာတဲ့ chestnuts သီးလေးတွေရဲ ့လိမ့်ဆင်းသွားပုံတွေ၊ လမ်းဖြတ်ကူးနေတဲ့ ပုရွက်ဆိတ်တန်းလေးတွေ၊ သစ်ရွက်ကလေးတွေရဲ ့အရိပ်ကလေးတွေ လိုက်ကြည့်နေတတ်လို ့အမြဲကျောင်းနောက်ကျခဲ့ဖူးတဲ့ သူမျိုး။ . အသက်သုံးဆယ်ကျော်အရွယ် ရင့်ကျက်သွားပြီဖြစ်တဲ့ သူတို ့နှစ်ယောက် Before Sunset မှာ ပြန်တွေ ့တော့ ဇာတ်ကောင်နှစ်ယောက် ပြောခဲ့ကြတဲ့ စကားတွေဟာ သရုပ်ဆောင်နှစ်ယောက်ရဲ ့ပြင်ပက လက်တွေ ့ဘဝတွေကို မသိမသာထင်ဟပ်စေခဲ့တယ်။ အမှန်တော့ ထိုသရုပ်ဆောင်တွေဟာ သူတို ့ရဲ ့အပြင်က ဘဝတွေကိုပါ ရောပြီးပြောသွားခဲ့ကြတယ်။ အထူးသဖြင့် Jesse အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသား Ethan Hawke ဟာ ထိုအချိန်တုန်းက မင်းသမီး Uma Thurman နဲ ့ကွာရှင်းခါစ အချိန်ဖြစ်တာကြောင့် သူ ့ဘဝအစစ်ကို သူပြန်ပြောနေသလိုတောင် မြင်ခဲ့ရတယ်။ ဘဝဆ်ုိတာ ခက်ခဲတယ်တဲ့။ ငါတို ့တွေဟာ ဘဝရဲ ့ခါးသီးမှုတွေကိုသာ မခံစားရရင် ဘဝကနေ ဘာမှ သင်ယူဖြစ်မှာမဟုတ်ဘူးတဲ့။ ထို ့အပြင် ဇာတ်ကောင်တွေဟာ အသက်အရွယ်ကြီးရင့်လာခြင်းရဲ ့ဆုတ်ယုတ်မှုတွေကို ဘာနဲ ့ပြောပြခဲ့သလဲဆိုတော့ Celine ရဲ ့အိပ်မက်ဆိုးတစ်ခုမှာ သူမဟာ အသက် ၃၂ ဖြစ်နေတယ်တဲ့။ ဒီလိုနဲ ့အိပ်မက်က နိုးလာတော့ အသက်က ၂၃ ဆိုလို ့စိတ်ချမ်းသာသွားခဲ့တယ်။ ဒါပေမဲ့ တစ်ကယ့် အိ်ပ်မက်အစစ်က နိုးထလာချိန်မှာတော့ သူမဟာ အသက် ၃၂ ဆိုတာ ပြန်သတိရသွားတယ်။ ဒါဟာ သူတို ့အတွက် တစ်ကယ်အိပ်မက်ဆိုးတစ်ခုပဲ။ ကျွန်တော်ကိုယ်တိုင်လည်း နောင်နှစ်အနည်းငယ်ကြာတဲ့အခါ ထိုအိပ်မက်ဆိုးကို မက်နေမိတော့မယ်။ . Notre Dame ဘုရားကျောင်းကြီးကို Seine မြစ်ပေါ်ကနေ သူတို ့နှစ်ယောက် ငေးကြည့်နေတယ်။ ဒုတိယကမ္ဘာစစ်တုန်းက German တွေ စစ်ရှုံးလို ့ပြန်ပြေးခါနီးမှာ ဒီဘုရားကျောင်းကြီးကို မိုင်းခွဲပြီး ဖျက်ဆီးဖို ့စီစဉ်ခဲ့ကြတယ်။ မို်င်းကြိုးတွေသွယ်ပြီး မိုင်းခွဲဖို ့စစ်သားတစ်ယောက်ကို ချန်ထားခဲ့တယ်။ ထိုစစ်သားဟာ Notre Dame ဘုရားကျောင်းကြီးရဲ ့အလှကို ခံစားနေခဲ့တာကြောင့် သူမိုင်းမခွဲခဲ့ဘူး။ မဟာမိတ်တပ်သားတွေ ရောက်လာတော့ ဘုရားကျောင်းကြီးကို မိုင်းကြိုးတွေနဲ ့သွယ်ပြီး မိုင်းခွဲတဲ့ခလုတ်ကို ပိတ်ထားတာကို တွေ ့ခဲ့ကြတယ်တဲ့။ ဒီဇာတ်လမ်းကို Jesse က ပြောတော့ အဟုတ်လားလိုု ့Celine က မေးတယ်။ ဟုတ်တယ်၊ မဟုတ်တယ် ဆိုတာကို သူမသိဘူး။ ဒါပေမဲ့ ဒီဇာတ်လမ်းလေးကိုတော့ သူသဘောကျတယ်တဲ့။ သူသဘောကျသလို ကျွန်တော်တို ့လည်း သဘောကျတယ်။ လောကရဲ ့အလှအပတွေ၊ အနုပညာရဲ ့အလှအပတွေကို ခံစားတတ်တဲ့သူတွေသာ ကမ္ဘာမှာ များပြားခဲ့ရင် စစ်ပွဲတွေဆိုတာ ရှိလာခဲ့မှာ မဟုတ်ဘူး။ —————————————————————————— ဒီဇာတ်ကား ၃ ကားစလုံးကို ကြည့်ပြီးသွားတဲ့ ပရိသတ်တစ်ယောက်အနေနဲ ့ကိုယ်ဘယ်ဇာတ်ကားကို အကြိုက်ဆုံးလဲလို ့မိမိကိုယ်ကို မေးမိကြလိမ့်မယ်။ ကျွန်တော်ကိုယ်တိုင်လည်း မေးခဲ့တယ်။ ဒါပေမဲ့ တိကျတဲ့အဖြေထက် ကွဲပြားတဲ့ အဖြေတွေကို ကျွန်တော်ရလာတယ်။ Before Sunrise ဇာတ်ကားကို ကြည့်ပြီး လူငယ်အများစုဟာ စိတ်ကူးယဉ်ကောင်း ယဉ်မိကြမယ်။ ကိုယ်နဲ ့အရာအားလုံး ကိုက်ညီတဲ့ ထူးဆန်းတဲ့ အချစ်စစ်တစ်ခုကို အိပ်မက်တွေထဲကလို မမျှော်လင့်ပဲ တွေ ့ဆုံမိမယ်။ ထို ့နောက် စကားတွေ ပြောဖြစ်ကြမယ်။ ဝမ်းနည်းဖို ့ကောင်းတဲ့ လမ်းခွဲချိန်လေးရောက်ပြီး ကြေကွဲဆို ့နစ်မယ်။ ဒါကြောင့် Before Sunrise ဟာ ပရိသတ်အများစု လိုချင်တာတွေကို ပေးခဲ့တယ်။ ဒါပေမဲ့ Before Sunset ရောက်လာတဲ့အခါ ဇာတ်ကောင်တွေဟာ သရုပ်ပိုမှန်လာတယ်။ အရွယ်ရောက်လူသားတွေရဲ ့ခက်ခဲတဲ့တာဝန်တွေ၊ ဝန်ထုတ်ဝန်ပိုးတွေ ထမ်းဆောင်နေရပုံတွေကို တွေ ့လာရတယ်။ အချစ်ဆိုတာ အမျှင်တန်းလေးအနေနဲ ့ပဲ တွေ ့ရတယ်။ Before Midnight ရောက်တဲ့အခါမှာတော့ နာကျင်မှုတွေဟာ ပိုပြီးပြင်းထန်လာကြတယ်။ အရာတစ်ချို ့ဟာ ပြောင်းလဲလာကြတယ်။ နေ ့တစ်နေ ့ရဲ ့အဆုံးဟာ ညသန်းခေါင်ယံမတိုင်မှီအချိန်ဖြစ်သလို အချစ်တစ်ခုရဲ ့နိဂုံးဟာလည်း ပွင့်ထွက်လာကြတဲ့ ခံစားမှုတွေ ပေါက်ကွဲမထွက်ခင်ကာလတစ်ခုပဲ။ . Before Midnight ကို စဖွင့်တဲ့အခါ ကျွန်တော်တို ့တွေ ့ရတဲ့ Jesse နဲ ့Celine ဟာ လွန်ခဲ့တဲ့ ၉ နှစ်ကနဲ ့တစ်ခြားစီဖြစ်နေပြီ။ လွန်ခဲ့တဲ့ ၉ နှစ်ကလို ငယ်ရွယ်နုပျိုမှုတွေ မရှိတော့ဘူး။ အချစ်တွေတော့ ကျန်ကောင်းကျန်နေပါလိမ့်မယ်။ ဒါပေမဲ့ ဟန်ဆောင်မှုတွေလားလို့ သံသယဝင်မိလာတယ်။ ဒီဇာတ်ကားဟာ ထို ၃ ကားထဲမှာ သဘာဝအကျဆုံး၊ သရုပ်အမှန်ဆုံး တင်ပြထားခြင်းပဲ။ ဇာတ်ကောင်တွေမှာ တောက်ပတဲ့ အိပ်မက်တွေအစား နေ ့စဉ်ဖြတ်သန်းတဲ့ဘဝတွေရုန်းကန်မှုတွေက အစားထိုးလာတယ်။ Jesse မှာ အရင်ကလို စူးရှတဲ့ မျက်ဝန်းတွေ မရှိတော့ဘူး။ Celine မှာ အရင်ကလို စွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ် မရှိတော့ဘူး။ ရီဝေနေတဲ့ မျက်ဝန်းတွေနဲ ့အဆီတွေတက်နေတဲ့ ခန္ဓာကိုယ်တွေကို ကျွန်တော်တို ့မြင်လာရတယ်။ . လွန်ခဲ့တဲ့ 18 နှစ်ကျော်တုန်းက Vienna ရဲ ့လမ်းမတွေပေါ်မှာ ပြင်သစ်သူလေး Celine တစ်ယောက် အချစ်ကိုရူးသွပ်စွာ ယုံကြည်ပုံကို ဘယ်လို ပြောခဲ့သလဲဆိုတော့ ထိုလူဟာ သူ ့ဆံပင်ကို ဘယ်လိုပုံစံထားလာမှာ၊ ဘယ်အကျင်္ီကို ဘယ်နေ ့မှာ သူဝတ်လာခဲ့တာ၊ ထိုလူရဲ ့တိုက်ဆိုင်ရင် တိုက်ဆိုင်သလို ပြောလေ့ရှိတဲ့ အကြောင်းအရာတွေကို သူခန် ့မှန်းတတ်လာခဲ့ပြီဆိုရင် သူဟာ ထိုလူကို တစ်ကယ်ချစ်နေမိပြီတဲ့။ . ဒါပေမဲ့ အခုတော့ အချစ်ဆိုတာထက် ကျွန်မ ရှင့်ကို မချစ်နိုင်တော့ဘူးဆိုပြီး တံခါးကနေ ထွက်ခွာသွားတော့တယ်။ ထို ၃ ကားစလုံးမှာ ကျွန်တော်အကြိုက်ဆုံး ဇာတ်ဝင်ခန်းက Jesse ရဲ ့Celine ကို ပြေလည်အောင် လိုက်ပြောတဲ့ ဇာတ်ဝင်ခန်းပဲ။ အချစ်တစ်ခုရဲ ့အမှန်တရားတွေအကုန်လုံးကို ထို 10 မိနစ်အတွင်းမှာ ချပြခဲ့တယ်။ သရုပ်မှန်ဟာ လက်တွေ ့ဆန်တယ်။ စိတ်ကူးယဉ်မဟုတ်ဘူး။ Perfect မဖြစ်ဘူးဆိုတာ သူပြောသွားခဲ့တယ်။ —————————————————————————– B E F O R E ရဲ ့နိဂုံး လူသားတွေ တစ်ကယ်ပြောင်းလဲကြလား။ အချစ်ဆိုတာကရော အချိန်နဲ ့အတူ ပြောင်းလဲတတ်သလား။ ပမာဏကို တိုင်းတာလို ့မရနိုင်ပေမဲ့ ပုံစံခြင်းတော့ ကွဲပြားသွားတတ်ကြပါတယ်။ အမှန်တော့ လူသားတွေဟာ မပြောင်းလဲကြပါဘူး။ ကိုယ့်ကိုကိုယ် ပြောင်းလဲကြတယ်လို ့အထင်မှားနေကြတာပါ။ ကျွန်တော် ပထမဆုံး ပြောခဲ့တဲ့ ဖူးစာကို ပြန်ပြောမယ်ဆိုရင် ဇာတ်လမ်းအဆုံးမှာ Jesse နဲ ့Celine တို ့လမ်းခွဲခဲ့ကြသလား။ ရှေ ့ဆက်လက်တွဲသွားကြသလား။ ဘာပဲဖြစ်ဖြစ် ဒါတွေအားလုံးဟာ သူတို ့နှစ်ယောက် ရွေးချယ်တဲ့ ဆုံးဖြတ်ချက်တွေပဲ။ ကံကြမ္မာက သူတို ့နှစ်ယောက်ကို နီးစပ်စေခဲ့တာ မဟုတ်ဘူး။ ကံကြမ္မာက သူတို ့နှစ်ယောက်ကို ခွဲခွာစေခဲ့တာလည်း မဟုတ်ဘူး။ သူတို ့နှစ်ယောက်စလုံးဟာ သူတို ့ရဲ ့ဆုံးဖြတ်ချက်ကိုပဲ ရွေးချယ်ခဲ့ကြတာ။ ဖူးစာဆိုတာ မရှိဘူး။ ကံကြမ္မာဆိုတာ မရှိဘူး။ ဖူးစာဆိုတာ ကျွန်တော်တို ့လူသားတွေ ကံကြမ္မာကို ခုတုံးလုပ်ပြီး အသုံးချလို ့ကောင်းတဲ့ စကားတစ်ခွန်းပဲ။ . ရထားပေါ်က ဆင်းဖို ့သူတို ့ဆုံးဖြတ်ခဲ့ကြတယ်။ ဒီစာအုပ်ဆိုင်ကို ပြန်လာဖို ့သူတို ့ဆုံးဖြတ်ခဲ့ကြတယ်။ သူတို ့နှစ်ယောက်ရဲ ့ရန်ပွဲကိုလည်း …. ဖို ့သူတို ့ဆုံးဖြတ်ခဲ့ကြတယ်။ . Before Sunrise က 1995 တုန်းက ထွက်ခဲ့တယ်။ Before Sunset ကိုတော့ 2004 မှာ ထွက်ခဲ့ပြီး နောက်ဆုံးကား Before Midnight ကို 2013 မှာထွက်ခဲ့တော့ အကယ်၍ 2013 အပြီး နောင် 9 နှစ်အကြာ 2022 မှာ နောက်ထပ် Before တစ်ကားကို ကျွန်တော် စောင့်ချင်တယ်။ Richard Linklater ရော၊ Julie Delpy ရော Ethan Hawke ရော ကျွန်တော်ရော 2022 ထိ အသက်ရှိထင်ရှား ရှိနေအုံးမယ်ဆိုရင်တော့ ကျွန်တော့်အတွက် မျှော်လင့်ချက်ကလေး ရှိချင်ရှိနေအုံးမှာပါ။ ဇာတ်လမ်းအညွန်းကိုတော့ Movies – we watch,we feel page ကကူးယူဖော်ပြတာဖြစ်ပြီး ဘာသာပြန်ကတော့ကိုခိုင်လင်းပါ ။ Before ကို Trilogy အဖြစ်ထွက်ရှိထားတာ ဖြစ်လို့ ကျန်တဲ့ sunset နဲ့ mid – night ၂ကားကိုလဲ ထပ်မံတင်ဆက်ပေးသွားမှာမို့ စောင့်မျှော်အားပေကြပါအုံးဗျ File size… 2.3 GB / 976 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 49m Genre ….. Drama/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by MTA

7.9 2013
Before Midnight
Desert Shadows

စိတ်ဝင်စားစရာ အကောင်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် ဒွန်နီနဲ့ သူ့ရဲ့ဆေးသမားအစ်ကို အဲရစ်တို့ အမဲလိုက်ထွက်လာတုန်း လူစုခွဲပြီးတဲ့နောက်မှာ အဲရစ်ပျောက်သွားခဲ့တယ် ဂူတစ်ဂူထဲရောက်တော့ ပိုးအိမ်လိုအရာတွေနဲ့ ပတ်ထားတဲ့သမင်တစ်ကောင်နဲ့အတူ ကြောက်မက်ဖွယ်အကောင်တစ်ကောင်ရဲ့ တိုက်ခိုက်ခြင်းကိုခံခဲ့ရပေမယ့် လွတ်မြောက်လာခဲ့တဲ့ ဒွန်နီက သူ့အစ်ကိုအဲရစ်ကို ဘယ်လိုပြန်ရှာမလဲ ကောလိပ်ပရော်ဖက်ဆာတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက်ရဲ့ အကူအညီနဲ့ သတ္တဝါကြီးရဲ့အကြောင်းကို အသေးစိတ်သိလာရတဲ့အခါ …. File size…(1.1 GB)/(667 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Sike Tan

0 2022
Desert Shadows
Ben-Hur Ben Hur
8.1

Ben Hur 1959 ဂျူးမင်းသား ဘင်ဟား ယနေ့အချိန်ထိ အော်စကာ အများဆုံးရတဲ့ ရုပ်ရှင်ကား ၃ ကားရှိတယ်။ ၃ ကားစလုံးက အော်စကာ ၁၁ ဆုစီ ရရှိထားကြပါတယ်။ အဲဒီရုပ်ရှင်ကားတွေကတော့ Ben-Hur ( 1959 ), Titanic ( 1997 ) , The Lord of the Rings: The Return of the King ( 2003 ) တွေ ဖြစ်ပါတယ်။ အခုပြောမှာကတော့ တစ်ချိန်က စာအုပ်ရော ရုပ်ရှင်ပါ အလွန်နာမည်ကြီးခဲ့တဲ့ Ben Hur ရုပ်ရှင်အကြောင်းပါ။ လူပြောသူပြောများလွန်းတဲ့ ရုပ်ရှင် ခမ်းနားထည်ဝါလွန်းတဲ့ ရုပ်ရှင်အဖြစ် ပြောစမှတ်ပြုခဲ့ကြတယ်။ စာအုပ်ရဲ့ အရှိန်အဝါကြောင့်ရယ် ခမ်းခမ်းနားနား ရိုက်ကူးခဲ့တာကြောင့်ရယ် နာမည်ကျော်ပါတယ်။ ရုပ်ရှင်၊ စာအုပ် နဲ့ ရုပ်ရှင်နောက်ကွယ်ကအကြောင်း ဆိုပြီး အပိုင်း ၃ ပိုင်းခွဲပြီး ပြောသွားပါမယ်။ ( ၁ ) ရုပ်ရှင် ဇာတ်လမ်းအကျဉ်း ရုပ်ရှင်အဖွင့်ဟာ ရောမတို့ အုပ်စိုးစဉ်ကာလ ရောမအင်ပါယာအတွင်းမှာ ရှိတဲ့ပြည်သူတွေဟာ ဂျေရုဆလင်မြို့ကို သန်းခေါင်းစာရင်းပေးဖို့ လာကြရင်း သခင်ယေရှုခရစ်တော် မွေးဖွားတဲ့အခန်းနဲ့ စဖွင့်ပါတယ်။ ဘင်ဟား ( Ben Hur ) နဲ့ မာဆားလာ ( Messala ) တို့ဟာ ဂျေရုစလင်မှာ အတူတူကြီးပြင်းလာကြတဲ့ အရင်းနှီးဆုံး အချစ်ဆုံး ငယ်သူငယ်ချင်းတွေ ဆိုပေမယ့် အခုချိန်မှာတော့ မာဆားလာဟာ ရောမမြို့သားအဖြစ်ခံယူပြီး ရောမစစ်တပ်ရဲ့ အရာရှိစစ်ဗိုလ်တစ်ယောက် ဖြစ်နေသလို ဘင်ဟားလည်း ဂျေရုစလင်ရဲ့ မင်းသားတစ်ပါး ဖြစ်နေပါပြီ။ ဘင်ဟား နဲ့ မာဆားလာ တို့ဟာ သူငယ်ချင်းတွေဖြစ်သည့်တိုင် ခံယူချက်တွေ လုံးဝမတူညီကြဘူး။ မာဆားလာဟာ ရောမတို့ရဲ့ အင်အား၊ အာဏာကြီးမားမှုကို အထင်ကြီးလေးစားသူ၊ ရောမအင်ပါယာရဲ့ သစ္စာတော်ခံ မင်းမှုထမ်းတစ်ယောက်။ ဘင်ဟားကတော့ ဘုရားသခင်ကို သက်ဝင်ယုံကြည်သူ၊ ကိုယ့်ရဲ့ ဂျူးလူမျိုး ဂျေရုဆလင်မြို့သားတွေကို ကြည့်ရှုစောင့်ရှောက်တဲ့သူ။ ဒါကြောင့် သူတို့ နှစ်ယောက်ရဲ့ ခံယူချက်တွေဟာ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတယ်။ ရောမစစ်သားတွေ ဂျေရုဆလင်မြို့ကို နယ်ချဲ့ရောက်လာချိန်မှာတော့ စစ်ဗိုလ်ဖြစ်တဲ့ မာဆားလာဟာ ရောမတွေကို ဆန့်ကျင်မှုတွေရှိနေတဲ့ ဂျေရုဆလင်မြို့သားတွေကို လက်ခံလာအောင် ပြောဆိုပေးဖို့ ငယ်သူငယ်ချင်း ဘင်ဟားကို အကူအညီတောင်းပါတော့တယ်။ တကယ်လို့ ဂျူးတွေသာ ရောမအင်ပါယာအောက် အလွယ်တကူဝင်ရောက်ဖို့ လာခံလာရင် မာဆားလာဟာ ဒုတိယစစ်ဗိုလ်ချုပ်ရာထူးကို ရရှိမှာပါ။ ဒါပေမယ့် ကိုယ့်လူမျိုးတွေအပေါ် သစ္စာမဖောက်ချင်တဲ့ ဘင်ဟားဟာ မာဆားလာကို မကူညီနိုင်ခဲ့ပါဘူး။ ဒါကြောင့် မာဆားလာက ဘင်ဟားအပေါ် စိတ်ကွက်သွားခဲ့ပါတယ်။ ရောမဘုရင်ခံအသစ်က ဂျေရုဆလင်မြို့ကို ရောက်လာချိန်မှာ မတော်တဆတစ်ခုဖြစ်ပျက်သွားခဲ့တယ်။ ဘုရင်ခံကို လုပ်ကြံတာပါဆိုပြီး မာဆားလာနဲ့ ရောမစစ်သားတွေဟာ ဘင်ဟာနဲ့ သူ့မိခင် သူ့ညီမတွေကို ဖမ်းသွားခဲ့ပါတယ်။ ဘင်ဟားက မာဆားလာကို ဘယ်လောက် တောင်းပန်ပြောဆိုပေမယ့် အလွတ်မပေးခဲ့ပါဘူး။ ဒီလိုနဲ့ ဘင်ဟားမိခင်နဲ့ ညီမဟာ အကျဉ်းချထားခြင်းခံရပြီး ဘင်ဟားကတော့ စစ်တိုက်ဖို့ ကျွန်အဖြစ်နဲ ရေတပ်ကို ပါသွားခဲ့တယ်။ သင်္ဘောပေါ်မှာ ရေတပ်စစ်သူကြီး ကွင်းတပ်အဲရိယပ်က ကျွန်ဘင်ဟားကို သူ့ရဲ့ ခိုင်မာရဲရင့်တဲ့ စိတ်ဓါတ်၊ ယုံကြည်မှုပြင်းထန်တဲ့စိတ်ဓါတ်တွေကြောင့် သတိထားမိခဲ့တယ်။ ပင်လယ်ဓါးပြတွေနဲ့ စစ်ဖြစ်ချိန်မှာ ဘင်ဟားဟာ စစ်သူကြီး အဲရိယပ်ကို အသက်ကယ်ခဲ့တယ်။ ပင်လယ်မှာ တိုက်ပွဲဖြစ်ရင်း စစ်သူကြီး အဲရိယပ်နဲ့ ဘင်ဟာ နှစ်ယောက်ဟာ အခြားစစ်သားတွေနဲ့ တကွဲစီ ကွဲသွားခဲ့တယ်။ စစ်ရှုံးပြီ အထင်နဲ့ စစ်သူကြီး အဲရိယပ်က ကိုယ့်ကိုယ်ကို သတ်သေဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် ဘင်ဟားကြောင့် ရှင်နေခဲ့ရတယ်။ နောက်မှ သူတို့တပ်နဲ့ ပြန်ဆုံပြီး ရောမတပ်တွေ အနိုင်ရတယ်ဆိုတာ သိရတယ်။ ကျေးဇူးသိတတ်တဲ့ စစ်သူကြီး အဲရိယပ်ဟာ စစ်ပွဲအောင်နိုင်ရပြီး ပြည်တော်ပြန်လာချိန်မှာ ဘင်ဟားကို သူ့မွေးစားသား အဖြစ် ချီးမြှင့်မြောက်စားခဲ့တယ်။ ဒါကြောင့် ဘင်ဟားဟာ ကျွန်အဖြစ်ကနေ လွတ်မြောက်သွားခဲ့သလို ရောမအင်ပါယာမှာ မျက်နှာပွင့်တဲ့ မင်းသားတစ်ပါး ဖြစ်လာပြန်တယ်။ ဒီအချိန်မှာတော့ ဘင်ဟားဟာ တစ်ချိန်က သူချစ်ခဲ့ဖူးတဲ့ ချစ်သူ အက်စတာနဲ့ သူ့မိခင်၊ သူ့ညီတွေကို အသည်းအသန် လိုက်ရှာပါတော့တယ်။ ပြီးတော့ သူ့ကို ကျွန်ဘဝရောက်အောင် လုပ်ခဲ့တဲ့ သူ့မိသားစုအပေါ် ရက်စက်ခဲ့တဲ့ သူငယ်ချင်း မာဆားလာကို လက်စားချေဖို့လည်း ကြိုးစားပါတော့တယ်။ ဒီလိုနဲ့ အကြမ်းတမ်းဆုံးဖြစ်တဲ့ မြင်းစစ်ရထားစီးပြီး ယှဉ်ပြိုင်ဖို့ ဖြစ်လာပါတော့တယ်။ ဇာတ်လမ်းအဆုံးသတ်မှာတော့ သခင်ယေရှု ကားတိုင်မှာ အသတ်ခံရတဲ့အခန်းနဲ့ အဆုံးသတ်ထားပါတယ်။ ဒီရုပ်ရှင်ဟာ Judah Ben Hur ကို ယေရှုမွေးဖွားချိန်မှ သေဆုံးချိန်ထိ timeline တစ်ခုတည်းမှာ ရှင်သန်နေထိုင်ခဲ့တဲ့ ဇာတ်ကောင်အဖြစ် စိတ်ကူးယဉ်ပုံဖော်ထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းတစ်ခုလုံးမှာ ယေရှုရဲ့ အခန်းတွေ နည်းသည့်တိုင် မျက်နှာရော၊ အသံရော လုံးဝမဖော်ပြဘဲ ရိုက်ထားပါတယ်။ ရုပ်ရှင်ဇာတ်အိမ်ဟာ အလွန်ပဲ ရိုးရှင်းပါတယ် ဆိုပေမယ့် ခရစ်ယာန်တစ်ယောက်ဆိုရင်တော့ ဒီကားရဲ့အနှစ်သာရကို ပိုပြီး ခံစားမိစေမယ်လို့ ထင်ပါတယ်။ Evangelism အရမ်းဆန်အောင် ရိုက်ထားတာ မဟုတ်ပေမယ့် ပါးပါးလေး ထည့်ထားပါတယ်။ အထူးသဖြင့် ဒီကားမှာ လူသားပီပီ ဘင်ဟာ ( Charlton Heston ) ရဲ့ ယုံကြည်ချက် အတက်အကျ အလှည့်အပြောင်းဟာ သဘာဝကျလွန်းတာကို ကြိုက်ပါတယ်။ ဒီရုပ်ရှင်ကို ခရစ်ယာန် propaganda ဖြစ်တယ်ဆိုပြီး တရုတ်နိုင်ငံက ပိတ်ပင်ခဲ့ပါတယ်။ ဒီရုပ်ရှင်မှာ ကြိုက်ရတဲ့အချက်က ရိုက်ချက်တွေပါ။ အဲဒီခေတ်က ကွန်ပျူတာ CGI ဆိုတာ မပေါ်သေးတော့ ပင်လယ်ပေါ်မှာ တိုက်တဲ့အခန်း၊ မြင်းလှည်းမောင်းပြီး ပြိုင်တဲ့အခန်းတွေဟာ cinematographer , director တို့ရဲ့ ပညာအစွမ်း အံ့မခန်းလက်ရာများကို မြင်တွေ့ရမှာပါ။ ( အောက်ကအချက်တွေမှာ ဆက်လက်ဖော်ပြထားပါတယ်။ ) ————————————– (၂) ရုပ်ရှင် ဖြစ်လာစေခဲ့တဲ့ စာအုပ် Ben Hur ( 1959 ) ရုပ်ရှင်ဟာ 1925 မှာ ထွက်ခဲ့တဲ့ အဖြူအမည်း အသံတိတ်ရုပ်ရှင် Ben-Hur: A Tale of the Christ ကို remake ပြန်ရိုက်ထားတာပါ။ ၁၈၈၀ ခုနှစ်မှာ ထွက်ခဲ့တဲ့ စာအုပ်ကို မှီးပြီး ရုပ်ရှင်ပြန်ရိုက်ခဲ့တာပါ။ Ben-Hur: A Tale of the Christ ဆိုတဲ့စာအုပ်ဟာ ၁၉ ရာစုမှာ အလွန်နာမည်ကြီးတဲ့ အရောင်းရဆုံးစာအုပ်ပါ။ စာရေးဆရာ Lew Wallace ဟာ သခင်ယေရှုအကြောင်းကို နောက်ခံထားတဲ့ Ben-Hur: A Tale of the Christ ဆိုတဲ့ ဝတ္ထုကို ၁၈၈၀ ခုနှစ်မှာ ထုတ်ဝေခဲ့ပါတယ်။ အဲဒီစာအုပ်ဟာ နာမည်အရမ်းကြီးခဲ့ပြီး ရောင်းရလွန်းလို့ အကြိမ်ရေများစွာ ပြန်လည် ထုတ်ဝေခဲ့ရတယ်။ ဘာသာစကားပေါင်းများစွာ ပြန်ဆိုခြင်း ခံရတယ်။ ၁၀ စုနှစ်တိုင်တိုင် အရောင်းရဆုံးစာရင်းဝင် ဖြစ်ခဲ့တဲ့အတွက် စာရေးဆရာ Lew Wallace ကို သူဌေးဖြစ်စေခဲ့တယ်။ အဲဒီစာအုပ်ဟာ ၁၉ ရာစုနှစ် ခရစ်ယာန်စာပေတွေထဲမှာလည်း အလွမ်းမိုးနိုင်ဆုံးစာအုပ်တစ်အုပ်ဖြစ်ခဲ့တယ်လို့ ဆိုတယ်။ ဝတ္ထုစာအုပ်ဖြစ်ပေါ်လာခြင်း Lew Wallace ဟာ အမေရိကန် စစ်ဗိုလ်ဘဝကနေ အငြိမ်းစား ယူပြီးတဲ့နောက် စာရေးဆရာဘဝကို ကူးပြောင်းခဲ့တယ်။ သူဟာ ဘုရားသခင်ကို ယုံကြည်သူတစ်ယောက် မဟုတ်တဲ့အပြင် ခရစ်ယာန်ဘာသာရေးနဲ့ပါတ်သက်ပြီး ဘာမှ သိပ်သိတဲ့သူမဟုတ်ခဲ့ဘူး။ စာရေးဆရာ Lew Wallace ဟာ တစ်နေ့မှာ အင်ဒီးယားနားပိုးလ်ကို ခရီးသွားရင်းနဲ့ ရထားမှာ Robert G. Ingersoll ဆိုတဲ့ နိုင်ငံရေးသမားတစ်ယောက်နဲ့ အမှတ်မထင် ဆုံမိပြီး ဘာသာရေးအကြောင်း ဆွေးနွေးငြင်းခုံကြတယ်။ ဒါပေမယ့် စာရေးဆရာ Lew Wallace ဟာ ခရစ်ယာန်အကြောင်း ဘာမှ မသိသေးတဲ့အတွက် ရေရေရာရာ မဆွေးနွေးနိုင်ဘူး။ ဒါကြောင့် ခရစ်ယာန်တွေရဲ့ ဘာသာရေးကို ကိုယ်တိုင်သေသေချာချာလေ့လာဦးမယ်လို့ အခိုင်အမာ ဆုံးဖြတ်ချက်ချခဲ့တယ်။ သိပ်မကြာခင်မှာပဲ စာရေးဆရာ Wallace ဟာ သမ္မာကျမ်းစားအကြောင်း ရှေးခေတ်ရောမအင်ပါယာအကြောင်း အဲဒီခေတ်အခါက မြေအနေအထား ပထဝီ၊ ရိုးရာယဉ်ကျေးမှု၊ ဘာသာစကား၊ စတာတွေ သိအောင် ကိုယ်တိုင်လေ့လာ သုတေသနလုပ်ခဲ့တယ်။ စာရေးဆရာ Wallace ဟာ ခရစ်ယာန်အကြောင်း ယေရှုအကြောင်း ဂျူးတွေအကြောင်း လေ့လာရင်းနဲ့ပဲ ခရစ်ယာဘာသာ ပြောင်းလဲသွားခဲ့သလို Ben-Hur: A Tale of the Christ စာအုပ်ကို ရေးဖို့ စိတ်ကူးရခဲ့ပါတယ်။ Ben-Hur: A Tale of the Christ စာအုပ်ဟာ နှစ် ၂၀ အကြာ ၁၉၀၀ ပြည့်နှစ်မှာ ၃၆ ကြိမ်မြောက်ထိ ထုတ်ဝေခဲ့ရပြီး ဘာသာစကားပေါင်း ၂၀ ကျော် ပြန်ဆိုခဲ့ရတယ်။ မာဂရက်မစ်ချဲလ်ရဲ့ Gone With The Wind ( လေရူးသုန်သုန် ) ကိုတောင် ကျော်တက်သွားခဲ့ပြီး အဲဒီခေတ်အခါက သမ္မာကျမ်းစာပြီးရင် ဒုတိယအရောင်းရဆုံး စာအုပ် ဖြစ်လာခဲ့ပါတယ်။ —————————————————– ( ၃ ) ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးခြင်း ၁၉၂၅ မှာ စာအုပ်နာမည်အတိုင်း Ben-Hur: A Tale of the Christ ကို အဖြူအမည်း အသံတိတ်ရုပ်ရှင်အဖြစ် ရိုက်ခဲ့တယ်။ ၁၉၅၉ ခုနှစ်ရောင်စုံကာလာ အသံထွက်ခေတ်မှာ ဒါရိုက်တာ William Wyler က Ben-Hur ကို အော်စကာဆု ၁၁ ဆု ရရှိသည်အထိ တခမ်းတနား ပြန်လည်ရိုက်ကူးခဲ့ပြန်တယ်။ ၁၉၂၅ မှာ MGM က ဘတ်ဂျက် ၄ သန်းနဲ့ ဒေဝါလီခံရကာနီးနီး အကုန်အကျခံရိုက်ကူးထားပြီး ဖြစ်ပေမယ့် ၁၉၅၂ မှာ နောက်တစ်ကြိမ် Ben Hur remake ရိုက်မယ်ပြီး စကြေငြာလိုက်တယ်။ ၁၉၅၆ ရောက်တော့ ရိုက်ကူးရေးစမယ်လို့ ရည်ရွယ်ထားကာမှ ဒါရိုက်တာ Sidney Franklin က နေမကောင်းဖြစ်ပြီး နှုတ်ထွက်သားလို့ မရိုက်ဖြစ်ပဲ ထပ်ကြာသွားပြန်တယ်။ အဲဒီနှစ်မှာ Paramount Pictures က The Ten Commandments ရုပ်ရှင်နဲ့ အကြီးအကျယ် အောင်မြင်သွားတော့မှ MGM က Ben Hur ကို အမြန်ရိုက်ဖို့ အာရုံပြန်စိုက်လာကြတယ်။ ဘင်ဟား မူရင်းဝတ္ထုဟာ စာမျက်နှာ ၅၅၀ တောင် ရှိတာမို့ ပရိုဂျူဆာ Zimbalist ဟာ ဇာတ်ညွန်းရေးဆရာတွေ အများကြီး ခေါ်ပြီး ဇာတ်ညွန်း ရေးခိုင်း ပြင်ခိုင်းပါတယ်။ ဇာတ်ညွန်းပြင်လာလိုက်တာ ဗားရှင်း ဇာတ်ညွန်း ၁၂ မျိုးထိ ထွက်ခဲ့တယ်။ နောက်ဆုံးပြင်ခဲ့တဲ့ Karl Tunberg ရဲ့ ဇာတ်ညွန်းကိုပဲ အတည်ယူလိုက်ကြတော့တယ်။ Ben-Hur ကို ရိုက်ကူးမယ်ဆိုတော့ နှုတ်ထွက်သွားတဲ့ ဒါရိုက်တာနေရာမှာ အစားထိုးဖို့ လိုလာတယ်။ ဒါကြောင့် ၁၉၂၅ ခုနှစ် ဘင်ဟားအသံတိတ်ရုပ်ရှင်ရိုက်တုန်းက လက်ထောက်ဒါရိုက်တာလုပ်ခဲ့တဲ့ William Wyler ကို ငှားလိုက်ကြတယ်။ နာမည်ရပြီး ဒါရိုက်တာ William Wyler ဟာ အလွယ်လက်မခံခဲ့ပါဘူး။ ပရိုဂျူဆာ Zimbalist ဟာ William Wyler ကို ဇာတ်ညွန်းအရင်ပြကြည့်ပြီး မြင်းပြိုင်ပွဲအတွက် ဒေါ်လာ ၁၀ သန်းလောက် သုံးလိမ့်မယ်လို့ ဆွဲဆောင်ပြီး ပြောခဲ့တာကြောင့် ရိုက်ကူးဖို့ စိတ်ဝင်စားခဲ့တယ်။ ဒါပေမယ့် သူလိုချင်တာ တော်တော်များများလုပ်ပေးခဲ့ရတယ်။ လူဦးရေအများအပြားသုံးမယ့်ရုပ်ရှင်ဖြစ်တဲ့အတွက် MGM က ရောမမြို့မှာ ရုံးဖွင့်ပြီး အရံသရုပ်ဆောင်အတွက်တင် လူပေါင်း ၅၀၀၀၀ ကျော်ကို ရွေးချယ်ခဲ့တယ်။ ဂျူးဒ ဘင်ဟားနေရာမှာ သရုပ်ဆောင်ဖို့ အဲဒီခေတ်အခါက နာမည်ကြီးတဲ့ Burt Lancaster, Paul Newman, Kirk Douglas, Marlon Brando တို့ကို ကမ်းလှမ်းခဲ့ပေမယ့် အကြောင်းအမျိုးမျိုးပြပြီး ငြင်းဆိုခဲ့ကြတယ်။ နောက်ဆုံးမှာ Charlton Heston က ဘင်ဟား ဇာတ်ရုပ်အတွက် လက်ခံရိုက်ကူးခဲ့တယ်။ အဲဒီအတွက် အနုပညာကြေး ဒေါ်လာ ၂ သိန်းခွဲ ရခဲ့ပါတယ်။ အမှန်တော့ ဒါရိုက်တာ William Wyler က Charlton Heston ကို ဘင်ဟားနေရာထက် ဗီလိန်မာဆားလာအဖြစ် သရုပ်ဆောင်စေချင်ခဲ့တာပါ။ Esther Role အတွက်လည်း မင်းသမီးပေါင်း ၃၀ ထက်မနည်း ရွေးချယ်စဉ်းစားခဲ့ကြပေမယ့် နောက်ဆုံးမှာ အစ္စရေးမင်းသမီး Haya Harareet ကို ရွေးလိုက်ကြတယ်။ ရိုက်ကူးရေး Filming location အတွက် အစ္စရေး ဒါမှမဟုတ် အီဂျစ် တစ်နိုင်ငံမှာ ရိုက်မယ်လို့ ရည်ရွယ်ခဲ့ပေမယ့် အီတလီ ရောမကိုပဲ ရွေးချယ်ခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ဒါရိုက်တာ William Wyler က Roman Holiday ကို ရောမ ရိုက်ခဲ့ဖူးတာကြောင့် ရောမဟာ သူနဲ့ မစိမ်းဘူး။ ဒါကြောင့် William Wyler အလိုကျ MGM က လိုက်လျောပေးခဲ့တယ်။ အဲဒါအပြင် သူတောင်းဆိုတဲ့အတိုင်း ဒါရိုက်တာကြေး ဒေါ်လာ ၃၅၀၀၀၀ နဲ့ ရုံတင်ငွေအသားတင်အမြတ်ထဲကနေ ၈ ရာခိုင်နှုန်းကိုပါ ပေးဖို့ သဘောတူခဲ့ရတယ်။ အဲဒီခေတ်က ဒါရိုက်တာတစ်ယောက်အတွက် William Wyler ကို ပေးခဲ့ရတဲ့ ပမာဏဟာ အများဆုံးဖြစ်ခဲ့တယ်။ Pre Production အစမှာတင် custume design၊ ဆက်တင် နဲ့ ရုပ်ရှင်ထဲမှာ ပါဝင်မယ့် အသုံးအဆောင်ပစ္စည်းအကုန်လုံးအတွက် ပုံကြမ်းပေါင်း ၁၅၀၀၀ ကျော် အရင်ဆွဲခဲ့ရတယ်။ ကုလားအုတ် ၂၀၀ ၊ မြင်းကောင်ရေ ၂၅၀၀ ကျော်ကို အသုံးပြုခဲ့ရသလို လက်ထောက်ဒါရိုက်တာပေါင်း ၆၀ ကျော် ငှားရမ်းခဲ့ရတယ်။ Cinematographer ကို စဉ်းစားကြတဲ့အခါ အဲဒီခေတ်အခါက အအောင်မြင်ဆုံး Cinematographer ဖြစ်တဲ့ Robert L. Surtees ကိုပဲ ငှားလိုက်ကြတယ်။ Producer နဲ့ MGM က Widescreen နဲ့ ရိုက်ချင်ပေမယ့် ကြီးမားလွန်တဲ့ ပုံရိပ်ပြည့်ထွက်မလာမှာ ကြောင့်ရယ်၊ ရုပ်ရှင်ကင်မရာတွေနဲ့ ရိုက်ရမှာကြောင့်ရယ်၊ ရိုက်ကူးရေးအခက်အခဲကြောင့် အချိန်အလဟသမကုန်ချင်တာကြောင့် ဒါရိုက်တာက မရိုက်ချင်ခဲ့ဘူး။ ဒီအခက်ခဲကို ပြေလည်စေဖို့ ဒေါ်လာ ၁ သိန်းတန်တဲ့ 65 mm မှန်ဘီလူးပါတဲ့ ကင်မရာ ၆ ခုထိ အမေရိကန်က မှာယူပြီး ရိုက်ခဲ့ကြတယ်။ ဒါရိုက်တာ မောင်းချက်ကတော့ ရိုက်ကူးရေးစတော့ တစ်ပတ်ကို ၆ ရက် တစ်ရက်ကို ၁၂ နာရီကနေ ၁၄ နာရီ assign တွေခွဲပြီး မနားတမ်း ရိုက်ကူးခဲ့တယ်။ ဆရာဝန် အနားမှာ ခေါ်ထားပြီး ပင်ပန်းလွန်းတဲ့ သရုပ်ဆောင်တွေကို Vitamin B Complex ထိုးပေးခဲ့ရတယ်လို့ဆိုတယ်။ ဒါရိုက်တာ Wyler ဟာ ဘင်ဟာ အဖြစ် Heston တန်ရဲ့ သရုပ်ဆောင်ပုံတွေကိုလည်း သိပ်ပြီး မကျေနပ်ခဲ့ပါဘူး။ I’m a Jew လို့ အော်တဲ့အခန်းမှာတင် ၁၆ ကြိမ်လောက် ရိုက်ခဲ့ရတယ်။ ဘင်ဟားရုပ်ရှင်ရဲ့ Climax ဖြစ်တဲ့ မြင်းပြိုင်ခန်းဟာ မိနစ် ၄၀ လောက်သာ ကြာပေမယ့် အသုံးစရိတ်ကတော့ ဒေါ်လာ ၁ သန်းလောက် သုံးခဲ့ရတယ်။ ဘင်ဟာနဲ့ မာဆားလာတို့ရဲ့ မြင်း ၄ ကောင် စစ်ရထားပြိုင်ပွဲ အခန်းရိုက်ကူးမှုဟာ အပင်ပန်းဆုံး အကြမ်းတမ်းဆုံး ဖြစ်ခဲ့တယ်။ အဲဒီဆက်တင် ( စစ်ရထားမြင်းပြိုင်ကွင်း ) ဖြစ်လာဖို့ ၁၈ ဧက ကျယ်တဲ့ ကွင်းပြင်ကြီးကို ဒေါ်လာ ၁ သန်း အကုန်အကျခံပြီး ၁ နှစ် ကြာ ဆောက်ခဲ့ရတယ်။ အရည်အသွေးကောင်းတဲ့မြင်းတွေကို ယူဂိုဆလားဗီးယားနဲ့ စစ္စလီကျွန်းက မှာယူပြီး သေချာလေ့ကျင့်ပေးခဲ့ရတယ်။ မြင်းတင်မကဘူး။ Heston ( ဘင်ဟား ) နဲ့ Boyd ( မာဆားလာ ) တို့ဟာလည်း မြင်းစစ်ရထားစီးကျွမ်းကျင်အောင် အစွမ်းကုန် လေ့ကျင့်ခဲ့ရတယ်။ Heston ( ဘင်ဟား ) က တစ်နေ့ကို ၃ နာရီ လေ့ကျင့်ခဲ့ရပါသတဲ့။ ဒီလိုလေ့ကျင့်ရင်းနဲ့ နောက်ပိုင်းမှာ တကယ်ကျွမ်းကျင်တဲ့သူ ဖြစ်လာခဲ့တယ်။ မြင်း ၄ ကောင် စစ်ရထားပြိုင်ပွဲခန်း တကယ်ရိုက်တော့ ၅ ရက်ကြာသွားခဲ့တယ်။ စစ်ရထားပြိုင်ပွဲကိုအားပေးတဲ့ ဘေးကရပ်ကြည့်ပရိတ်သတ်အဖြစ် ပါဝင်ဖို့ လူပေါင်း ၇ ထောင်ကျော် ငှားခဲ့တယ်။ အဝေးရိုက် Long take အခန်းတွေမှာ Double Stunt တွေ သုံးပြီး ရိုက်ခဲ့တယ်။ လက်ထောက်ဒါရိုက်တာရဲ့ သားတစ်ယောက်ဖြစ်တဲ့ စတန့်သမားဟာ မြင်းပြိုင်ခန်းရိုက်ရင်း သေလုနီးပါးဖြစ်ခဲ့တယ်လို့ ဆိုတယ်။ မြင်းတွေဟာ အပြေးမြန်လွန်းလို့ footage ရဖို့အတွက် ဖာရာရီကားကိုတောင် သုံးခဲ့ရပါသတဲ့။ ဒီအခန်းတွေအတွက် ကင်မရာ crew တွေဟာ fixed postion, movement position စသဖြင့် angle အစုံ ရိုက်ရတာကြောင့် မနက် ၆ နာရီကနေ ညနေ ၅ နာရီအထိ အလုပ်လုပ်ခဲ့ရပါတယ်။ ဒီလိုနဲ့ ရုပ်ရှင်ရိုက်ကူးရေးဟာ ၉ လတိုင်တိုင် ကြာခဲ့တယ်။ အဲဒီခေတ်က ဖလင်ခေတ်ဆိုတော့ ဖလင်ရဲ့အတိုင်းအတာဟာ Raw မှာတင် ၃၄၀၀၀၀ မီတာ ရှိခဲ့တယ်။ ၁ ကဒ်ကို ၄ နာရီခွဲလောက် ကြပါသတဲ့။ တကယ်တမ်း Wyler လိုချင်တာက ရုပ်ရှင်တစ်ခုလုံးအတွက် ၃ နာရီခွဲစာ။ တည်းဖြတ်အယ်ဒီတာ John D. Dunning အဆိုအရ သူ့ဘဝမှာ ဘင်ဟာရုပ်ရှင်ဟာ တည်းဖြတ်ဖို့ အခက်ဆုံးဖြစ်ခဲ့တယ်လို့ ဆိုတယ်။ နောက်ဆုံးမှာ ၂၁၃ မိနစ် ( ၄ နာရီနီးပါး ) ရအောင်တည်းဖြတ်ခဲ့ရတယ်။ ဒါကြောင့် Post Production မှာ နောက်ထပ် ၆ လ ထပ်ကြာသွားပြန်တယ်။ ဘင်ဟားရုပ်ရှင်ဟာ ဒေါ်လာ ၆ သန်း၊ ၇ သန်းလောက်သာ သုံးမယ်လို့ မှန်းထားတဲ့ ဘင်ဟား ရုပ်ရှင်ဟာ တကယ်တမ်းရိုက်ကြတော့ ၁၅ သန်းကျော်ထိ ကုန်ကျသွားခဲ့တယ်။ အဲဒီအခေတ်အခါက ဘတ်ဂျက်က ၁ သန်းကနေ အများဆုံး ၅ သန်းလောက်အထိ ပဲ သုံးကြပါတယ်။ ၁၅ သန်းဆိုတာ ကုန်ကျစရိတ် ၃၊ ၄ ဆအထိ မြင့်တက်သွားတဲ့အတွက် ကုန်ကျစရိတ်အများဆုံးရုပ်ရှင်လည်း ဖြစ်ခဲ့ပါတယ်။ Ben Hur 1959 #Epic_Movie Cinemanto (ရုပ်ရှင်အညွှန်းကို Cinemanto FB Page မှ ကူးယူဖော်ပြပါသည်။) 4K ကိုတော့ AI Upscaled Version နဲ့တင်ထားတာမလို့ ရုပ်ထွက်တော့ပိုကြည်ပေမယ့် Reality သိပ်မဆန်ဘူးထင်ရင် BluRay အစစ်ကနေ ထုတ်ထားတဲ့ 1080p Version ကိုကြည့်ပါ။

Drama
8.1 1959 212 mins
Ben-Hur Ben Hur