YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Maybe.Today.2023.1080p.NF.WEB-DL.HEVC (CM).mkv

1.89 GB 1080p video/x-matroska 55 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The First Time
7

ဆယ်ကျော်‌သက်ကျောင်းသားအချစ်ဇာတ်မြူးကားလေးတွေကို ကြိုက်တတ်တဲ့သူတွေအတွက် (၂၀၁၂) ထွက် The First Time ဆိုတဲ့ ကျောင်းသားကား‌လေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ပါတီပွဲတစ်ပွဲမှာ ထူးဆန်းစွာတွေ့ဆုံကြရင်း ပေါက်ဖွားလာတဲ့ခံစားချက်တွေကြားက ဒေးဗစ်ဆိုတဲ့စီနီယာအထက်တန်းကျောင်းသားလေးနဲ့ အော်ဘရီဆိုတဲ့ ဂျူနီယာအထက်တန်းကျောင်းသူလေးတို့ရဲ့ အချစ်ဇာတ်လမ်းကို ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။ လူတစ်ယောက်ဟာ တခြားလူတစ်ယောက်ကိုချစ်သွားဖို့အတွက် အချိန် (၂) စက္ကန့်ပဲလိုပါတယ်လို့ ဖတ်ဖူးပါတယ်။ ဒေးဗစ်နဲ့အော်ဘရီကြားမှာ ပေါက်ဖွားလာတဲ့သံယောဇဉ်ကြိုးဟာလည်း အချိန်တိုတွင်းနှစ်ယောက်သားကို ချည်နှောင်လိုက်တာပဲဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါးဇာတ်မြူးကားလေးပဲဖြစ်တာမို့ ထူးထူးခြားခြားဇာတ်လမ်းအတက်အကျတွေ သိပ်မပါဘဲ ခပ်အေးအေးလေးပဲသွားမဲ့ ဇာတ်လမ်းသွားမျိုးဖြစ်ပါတယ်။ ဒီလိုပြောလို့ ပျင်းစရာကြီးနေမှာပါလို့ ထင်ကြမဲ့ပရိသတ်ကြီးအတွက်လည်း IMDB rating က 6.8 ထိရရှိထားတဲ့ သေချာပေါက်ကြည့်ရကျိုးနပ်စေမဲ့ ဇာတ်ကားတစ်ကားဖြစ်ကြောင်း ပြောပြရစေခင်ဗျာ။ အဓိကဇာတ်ဆောင်တွေအနေနဲ့ ဒေးဗစ်အဖြစ် မင်းသား Dylan O'Brien က ပါဝင်သရုပ်ဆောင်ထားပြီး The Maze Runner, Teen Wolf စတဲ့ရုပ်ရှင်ဇာတ်လမ်းတွေမှာ မြင်တွေ့ဖူးထားသူမို့ မျက်နှာသစ်မင်းသားတစ်လက်တော့ မဟုတ်ပါဘူး။ အော်ဘရီနေရာကသရုပ်ဆောင်ထားတဲ့ မင်းသမီး Britt Robertson ကလည်း စာရေးဆရာကြီး Nicholas Sparks ရဲ့ Movie adaptation ဖြစ်တဲ့ The Longest Ride, Tomorrowland စတဲ့ movie တွေမှာ အဓိကဇာတ်ဆောင်အဖြစ် ပါဝင်ဖူးသူမို့ ဒီဇာတ်ကားက နာမည်ရမင်းသား၊ မင်းသမီးတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ရိုက်ကူးတင်ဆက်ထားတဲ့ rating ကောင်းကောင်း‌ဇာတ်ကားကောင်းတစ်ကားပါလို့ ပြောပါရစေခင်ဗျာ။ File size…(1.6 GB)/(850 MB)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:35:00 Genre...Drama, Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mariposa

Reality
7 2012 95 mins
The First Time
Booksmart
7

သင်ဟာ ဇာတ်ကားကောင်းတွေကြိုက်နှစ်သက်သူလား သင်ဟာ ကျောင်းသားဟာသကားလေးတွေ ကြိုက်နှစ်သက်သူလား … သင့်မှာ အချစ်ဆုံးသူငယ်ချင်းတစ်ယောက် ရှိပါသလား … သင်ဟာ အထက်တန်းကျောင်းလောလောလတ်လတ် ပြီးစီးထားသူလား ... ဒါဆိုရင် ၂၀၁၉ ထွက်ထားတဲ့ Booksmart ဆိုတဲ့ ဇာတ်ကားလေးတင်ဆက်ပေးလိုက်ပါတယ် … ဇာတ်ကားအမျိုးအစားလေးကတော့ Comedy/Coming of age fiction ဖြစ်ပြီး Rating တွေမအနေနဲ့ IMDb – 7.5 /10 ရရှိထားပြီး RT – 97%တောင် ရရှိထားပါတယ် ကျောင်းမှာ စာအတော်ဆုံး အချစ်ဆုံး သူငယ်ချင်းနှစ်ယောက်ဖြစ်ကြတဲ့ အေမီနဲ့ မော်လီတို့ရဲ့ အထက်တန်းပြီးမယ့် နောက်ဆုံးနေ့ကို ရောက်ရှိလာပါတယ် … သူတို့ကစာအတော်ဆုံးဖြစ်ပြီး တခြားကျန်တဲ့သူတွေကို ငတုံးတွေလို့ အထင်ရောက်နေကြတဲ့ နှစ်ယောက်ပေါ့… အတန်းထဲက တခြားသူတွေက အထက်တန်းပြီးလို့ ကောလိပ်တက်ချိန်ရောက်တဲ့အခါ သူတို့နှစ်ယောက်ကပဲ ဟားဗက်တို့လို ယေးလ် တို့လို တက္ကသိုလ်ကောင်းကောင်းတွေ တက်နိုင်မယ် လို့ အထင်ရောက်နေကြတဲ့ နှစ်ယောက်ဟာ ကျောင်းနောက်ဆုံးနေ့မှာ သူတို့ထင်တာ တက်တက်စင်အောင်လွဲနေတာ သိလိုက်ရတဲ့နောက်… စာတွေပဲ ဖိလုပ်ပြီး ပျော်ပွဲရွှင်ပွဲတွေ ပါတီတွေ တစ်ခါမှ မတက်ဖူးတဲ့ အေမီ နဲ့ မော်လီတို့ဟာ မတန်ဘူးဆိုပြီးကျောင်းနောက်ဆုံးနေ့မှာ ကျောင်းသားတွေလုပ်တဲ့ ပါတီတွေကို တက်ရောက်ဖို့ ကြိုးစားကြပါတော့တယ်… မော်လီနဲ့အေမီ သူတို့ရဲ့ နောက်ဆုံးစစ်ဆင်ရေး အောင်မြင်နိုင်ပါ့မလား ..ကိုယ်တိုင်ကြည့်ရှုခံစားတော်မူကြပါ… (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုဇွဲခန့်သွင်ပါ) File Size : (800 MB) and (300 MB) Quality : NF WEB-DL 720p Running Time : 1hr 42min Format : Mp4 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Zuel Khant Thwin Encoded by THZ

Action & Adventure • Crime • Drama • Mystery
7 2019 102 mins
Booksmart
The Dead Lands
6.3

The Dead Lands (2014) ~ IMDb – 6.3/10, Rotten Tomatoes – 70% ~ မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံးကို ပြန်ဖောက်မယ်ဆိုရင် ကမ္ဘာကြီးက မျက်ကန်းတို့ပျော်စံရာဖြစ်သွားမှာပေါ့လေ။ အိန္ဒိယလူထုခေါင်းဆောင်ကြီး ဂန္ဓီပြောခဲ့တဲ့စကားလေးပါ။ လက်စားချေခြင်းဟာ သတ်ဖြတ်ခြင်းသံသရာကိုပဲ ဆက်လည်ပတ်စေမှာဖြစ်လို့ စိတ်ဓာတ်အင်အားနဲ့ နှလုံးသားကြီးမြတ်သူတို့ကပဲ သံသရာစက်ကွင်းကို ခါးလယ်က ဖြတ်နိုင်ကြပါတယ်။ သူ့မြေ ကိုယ့်မြေခွဲပြီး သူတစ်လူငါတစ်မင်း နေခဲ့ကြတုန်းက ကြီးကျယ်တဲ့စစ်ပွဲကြီးတွေ ခဏခဏ ဖြစ်ပွားခဲ့ဖူးတယ်။ နောက်တော့ ငြိမ်းချမ်းရေးအတွက် မျိုးနွယ်စုတွေအားလုံး အာဃာတတွေ သင်ပုန်းချေအပြီး တည့်တည့်ရှုရှုနေချိန်ရောက်တော့မှပဲ စစ်ပွဲနတ်ဘုရားက လူသားတွေကို လက်ဆောင်ပေးလိုက်တဲ့ တိုက်ပွဲတစ်ပွဲကို ဖော်ကျူးတဲ့ဇာတ်ကားပါ။ ဘိုးဘွားတို့အမွေ၊ အစာနဲ့ရေကိုပေးတဲ့မြေ၊ ခိုလှုံရာအမိမြေက ကိုယ့်မျိုးနွယ်ကို သစ္စာဖောက် ကျောခိုင်းခဲ့သူ နတ်ဆိုးကြီးအမည်တွင် မကောင်းဆိုးဝါးကြီး… ငြိမ်းချမ်းရေးကြီးစိုးနေတဲ့မြေမှာ ယောက်ျားတို့ဂုဏ်သရေထွန်းပြောင်ချင်တဲ့ဆန္ဒသက်သက်နဲ့ စစ်ပွဲကို အတင်းခေါ်သွင်းလာသူ ဂုဏ်မက်သူကြီး ဝီရပါ… ရာသီဆယ့်ခြောက်ခါပြောင်းတာကို မျက်မြင်ကြုံရတဲ့အရွယ်ဆိုပေမယ့် ပုညှက်ညှက်လူ့ဖလံလေးပဲဖြစ်နေတဲ့ စစ်သည်တော်မဟုတ်သူကောင်ကလေး… သူတို့ကြားက မျိုးနွယ်စုရန်ငြိုးတွေ၊ ယောက်ျားတို့ရဲ့ အသက်လုတိုက်ပွဲတွေ၊ လူလူချင်း အမဲလိုက်တဲ့ လျှင်သူစား တောတွင်းဥပဒေသတွေကို ဒီဇာတ်ကားမှာ ဖောဖောသီသီမြင်ရဖို့ရှိပါတယ်။ နယူးဇီလန်ဇာတ်ကားတစ်ကားဖြစ်ပြီး နိုင်ငံတကာမှာ အထိုက်အလျောက် အောင်မြင်ခဲ့ပါတယ်။ လူကြီးမင်းတို့ သေနတ်တကားကားနဲ့ဇာတ်ကားတွေ ကြည့်ရရိုးလာပြီဆိုရင် ဒီဇာတ်ကားဘက် ဦးလှည့်သင့်ပါကြောင်း။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 870MB Quality – 1080p, 720p IMDb Rating – 6.3/10 Format – mp4 Duration – 1H 47Min Genre – Action, Adventure Subtitle – Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

6.3 2014 108 mins
The Dead Lands
Bullitt
7.4

Bullitt (1968) ~ IMDb – 7.4/10, RT – 98%, Meta – 81% ~ ၁၉၆၈ ခုနှစ်က မှုခင်းအက်ရှင်ဇာတ်ကားတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ တစ်ချိန်က ရွှေထီးဆောင်းခဲ့တဲ့ Warner Bros. production ရဲ့ ဇာတ်ကားကြီးပေါ့။ အဲဒီခေတ်က အကြီးကျယ်အခမ်းနားဆုံးဆိုတဲ့ ဆန်ဖရန်စစ်စကိုလမ်းမပေါ်မှာ ကားချင်းယှဉ်မောင်းပြီး လူဆိုးလိုက်ဖမ်းတဲ့ဇာတ်ဝင်ခန်းက သမိုင်းတွင်ခဲ့ပါသတဲ့။ ဇာတ်ကားက Box Office မှာလည်း Hit ဖြစ်ခဲ့ပြီး လေးသန်းလောက်သုံး၊ သန်းလေးဆယ်ကျော်ပြန်ရခဲ့တာဆိုတော့ ဒီဘက်ခေတ်ငွေတန်ဖိုးနဲ့တွက်ကြည့်ရင် တကယ့်ငွေပမာဏပဲဗျ။ အော်စကာဆုပေးပွဲကြီးမှာလည်း ရုပ်ရှင်တည်းဖြတ်ဆုကို ထိုက်ထိုက်တန်တန် ရခဲ့တဲ့ဇာတ်ကားကြီးပါ။ ဒီဘက်ခေတ်အမြင်နဲ့တော့ သိပ်မစွံလှဘူးပေါ့လေ။ အမေရိကန် ရုပ်ရှင်ထိန်းသိမ်းရေးအဖွဲ့ကြီးက ရွေးချယ်လိုက်တဲ့ သမိုင်းအရ၊ ယဉ်ကျေးမှုအရ၊ လှပမှုအရ ထူးခြားပြောင်မြောက်သော ဇာတ်ကားကြီးပါတဲ့ဗျို့။ ဒီတော့ ဟိုဘက်ခေတ်တွေက ဂန္ထဝင်ရုပ်ရှင်ကြီးကို ပြန်မြည်းစမ်းလို့ရပြီပေါ့လေ။ မင်းသားကြီးကတော့ Steve McQueen ပဲဗျာ။ ၆၀ ခုနှစ်ရဲ့ မင်းသားဘုရင်ကြီး၊ အလန်းစားတို့ရဲ့ ထီးဆောင်းမင်းဘွဲ့ရကြီးဗျို့။ ကိုယ်ပိုင်ထုတ်လုပ်ရေးနဲ့ အမိုက်စားဇာတ်ကားတွေမှာ ဦးဆောင်ရိုက်ကူးခဲ့တဲ့ အကယ်ဒမီမင်းသားကြီး‌ပေါ့ဗျာ။ သူ့လက်နဲ့ထိရင် ရွှေဖြစ်တယ်ဆိုတဲ့ပုဂ္ဂိုလ်ကြီး။ သူ့ကို Magnificent Seven (1960) မှာ ကြယ်ပွင့်မင်းသားကြီးတွေထဲကတစ်ယောက်အဖြစ် မြင်ခဲ့ရဖူးတယ်။ ဇာတ်ပို့မင်းသားကြီးကတော့ သူ့ရဲ့တွဲဘက် Robert Francis Vaughn ပါဝင်သရုပ်ဆောင်ထားပါတယ်။ အဲဒီခေတ်က မင်းသားဇာတ်ဆိုတော့ မင်းသမီးက တစ်ခန်းနှစ်ခန်း ပါရတာမျိုးပေါ့လေ။ ဒါပေမဲ့ မင်းသမီးကြီး Jacqueline Bisset ရဲ့ ပစ်ရက်စရာမရှိတဲ့ငယ်အလှကို တိတ်တခိုးဂလုရဖို့လည်း ရှိနေသေးဗျာ။ ဇာတ်လမ်းအကျဉ်းကတော့ အောက်လွှတ်တော် ဆီးနိတ်ကြားနာမှုတစ်ခုမှာ သက်သေထွက်ရမယ့် အရေးကြီးသက်သေတစ်ယောက်ကို သက်သေကာကွယ်ရေးပေးရတာက စတာပဲဗျ။ မင်းသားက ရဲအုပ် ဖရန့်ခ် ဘူးလစ်တ်။ သူ့ကာကွယ်မှုအောက်မှာ သက်သေက လုပ်ကြံခံလိုက်ရလို့ ဇာတ်ရှုပ်ကြီးကို ရှင်းရတဲ့ မှုခင်းဇာတ်ကားပါ။ ဇာတ်အိမ်က သိပ်မရှုပ်ပေမယ့် တည်းဖြတ်သူက ပညာခပ်ပါးပါးပြနေတဲ့အတွက် အပိုင်းလေးတွေကို ဆက်ယူနေရသလို ဖီလင်တော့ ရနိုင်ပါတယ်။ သေသွားတဲ့သက်သေနဲ့ ရဲအုပ် ဖရန့်ခ် တစ်ယောက် ဘယ်လိုဉာဏ်ကစားပြီး လူဆိုးတွေနဲ့ အပြိုင်ကြဲရလဲဆိုတာ ကြည့်လိုက်ကြရအောင်ဗျ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 910MB Quality – 1080p, 720p IMDb Rating – 7.4/10 Format – mp4 Duration – 1H 42Min Genre – Action, Crime, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

7.4 1968 113 mins
Bullitt
D@bbe: The Possession
6.8

ခရစ်ယာန်သရဲကို ဗမာဘုန်းကြီး နိုင်ပါ့မလားဆိုပြီး ဟီးဟီးဟားဟားနဲ့ ဟာသ ပြောဖူးကြတယ်မို့လား။ ဒီကားထဲက သရဲက အဲ့လို သရဲ။ဘယ်ဘုရားပြေးကပ်ရမှန်း မသိအောင်ကို ကြမ်းတာ။သူတို့ အခေါ်အရတော့ ဂျင်(မကောင်းဆိုးဝါး)ပေါ့။ အဲ့တာကလည်း အကြောင်းရှိတယ်။ ဒီဇာတ်ကား ဇာတ်အိမ်တည်ရာ တူရကီက ဟိုးနှစ်ပေါင်းထောင်ချီ ကတည်းက Abrahamic Religions လို့ခေါ်တဲ့ ဂျူး၊ခရစ်ယာန် နဲ့ အစ္စလာမ်ဘာသာတွေ ထွန်းကားခဲ့တဲ့ နေရာ။ဆိုတော့ သရဲကလည်း ကြမ်းပြီပေါ့။ဘာသာ(၃)ခုလုံးက ဘုရားတွေကို ဆင်းကယ်ကြပါဆို သလိုမျိုးပဲ။အလာရှင်မြတ်ကို တိုင်တည်ပါ၏ ဖြစ်လိုက် ၊သခင်ယေရှု၏ နာမတော်တွင် ဖြစ်လိုက်ရယ်။ဆိုတော့ ဇာတ်ကားအကြောင်း ဆက်ကြရအောင်။ ဒီကားကတော့ Dabbe series တွေထဲမှာ (၄)ကား မြောက်ပေါ့။ ပြီးတော့ အကြမ်းဆုံး ကြောက်စရာအကောင်းဆုံး ကားလို့လည်း ညွှန်းကြတယ်။ ဇာတ်လမ်းအစမှာ ဖရော့အာကတ်လို့ခေါ်တဲ့ ဟောဂျာ(ပရောဂဆရာ) တစ်ယောက်က အက်ဘရူလို့ ခေါ်တဲ့ စိတ်ရောဂါကုဆရာဝန်မ တစ်ယောက်ကို ဖိတ်ပြီး ဂျင်အပူးခံထားရတဲ့ လူနာတစ်ယောက်ကို ပရောဂ နှင်ပြတယ်။စဉ်းစားကြည့်ဗျာ။ပရောဂဆရာက လူနာကို မှော်တို့ ဓာတ်တို့ နတ်တို့နဲ့ ကုတယ်။ဆရာဝန်မက ဆေးတို့ ဘာတို့နဲ့ သိပ္ပံနည်းကျ ကုတယ်။ပရောဂဆရာအမြင်မှာ သရဲပူးတယ်ဆိုပေမယ့် ဆရာဝန်မအမြင် မှာတော့ စိတ်ကစဉ့်ကလျားဖြစ်တယ်။လူတစ်ကိုယ် စိတ်အမျိုးမျိုးဖြစ် တယ်ပေါ့။အဲ့မှာ ပရောဂဆရာ သူ့ကို ဖိတ်ပြီး ကုပြတဲ့ လူနာက ပျောက်သွားရော။ဆရာဝန်မကတော့ လုပ်ဇာတ်ကြီး မယုံဘူးပေါ့။ပြီးတော့ ရှင်ဟာ လူလိမ်မဟုတ်ဘူးဆိုရင် သူခေါ်လာပေးမယ့် လူနာကို ကုပြပါဆိုပြီး စိမ်ခေါ်တယ်။ အဲ့လူနာက သူနဲ့ တူမလိုရင်းနှီးတဲ့ ကလေးမလေး။မင်္ဂလာဆောင်တဲ့နေ့မှာ အကောင်းကြီးကနေ ထဖောက်ပြီး လူရာချီရှေ့မှာ သတို့သားကို ဓားနဲ့ ထိုးသတ်ပလိုက်တာ။ အဲ့နောက်တော့ အရူးထောင်ရောက်သွားရော။အဲ့မှာလည်း ဘယ်ဆရာဝန်မှ ကုလို့မရတဲ့သူ။ ဒါနဲ့ ပယောဂဆရာကလည်း စိမ်လိုက်ပေါ့။နှစ်ယောက်သား ကင်မရာတွေ မှတ်တမ်းတင်ပစ္စည်းတွေနဲ့ အဲ့ကောင်မလေးဆီ ချီတက်ကြရရော။ အဲ့ဒီမှာပဲ ငါးပါးရော သံဃာစင်ရော မှောက်တာပဲ။ ဘာဖြစ်မလဲ သိချင်တော့ ကိုယ့်ဟာကိုယ် ဆက်ကြည့်ကြပါ :3 IMDB လည်း 6.8 ရထားပြီး ဘာသာပြန်တဲ့ ကျွန်တော်လည်း ညဘက်မပြန်ရဲလို့ နေ့ခင်းဘက် ပြန်ထားတဲ့ ကားဆိုတော့ သရဲကားကြိုက်တဲ့သူတွေ သေချာပေါက် အကြိုက်တွေ့ပါလိမ့်မယ်။ ( ဘာသာပြန်နှင့် အညွှန်းကတော့ Damien ပဲ ဖြစ်ပါတယ် ) File size…1.26GB / 472MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….2h 14m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Damein

Drama
6.8 2013
D@bbe: The Possession
Bad Romance: The Vicky White Story
6.1

စိတ်ဝင်စားစရာကောင်းသလို ဝမ်းနည်းစရာလည်း ကောင်းတဲ့ ဖြစ်ရပ်မှန်ဒရာမာဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားနာမည်ကို Bad Romance : The Vicky White Story လို့ပေးထားပြီး လက်ရှိ IMDb Rating 6.1 ရရှိထားပါတယ်။ ဒီဇာတ်ကားကိုကြည့်လိုက်ရတာက Suicide Squad ထဲက ဟာလေကွင်းနဲ့ ဂျိုကာကို အပြင်ဘ၀မှာ တကယ်လက်တွေ့ မြင်လိုက်ရသလိုမျိုး Feeling ကိုတောင်ခံစားရစေပါတယ်။ ဒီဇာတ်ကားကို ကေစီ၀ှိုက်ဆိုတဲ့ပုဒ်မကြီးများစွာနဲ့ထောင်ဒဏ် တစ်သက်တစ်ကျွန်းနီးပါး ကျသင့်ခံထားရတဲ့အကျဉ်းသား ထွက်ပြေးလွတ်မြောက်လာခဲ့တဲ့ ၂၀၂၂ ခုနှစ်ကဖြစ်ရပ်မှန်ကို အခြေခံပြီးရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဒီကားလေးက ဘာလို့ဒရာမာဖြစ်ရပ်မှန် ဇာတ်ကား ဖြစ်နေရလည်းဆိုတော့ အထက်မှာပြောခဲ့တဲ့ ကေစီဆိုတဲ့ အကျဉ်းသား ထွက်ပြေး လွတ်မြောက်လာနိုင်ခဲ့တာသူ့ရဲ့ ထောင်ဖောက် အရည်အချင်းတွေကျွမ်းကျင်လို့ မဟုတ်ဘဲနဲ့ အချစ်ဆိုတဲ့ ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံးလက်နက်ကို အသုံးချပြီး လွတ်မြောက်လာလို့ပဲဖြစ်ပါတယ်။ဒီလိုမျိုးတွေ ဘယ်လို ဖြစ်လာခဲ့ရတာလဲဆိုရင်တော့ ကေစီနဲ့ သူယာယီ ထိန်းသိမ်းခံထားရတဲ့ အကျဉ်းထောင်ကအမျိုးသမီးအရာရှိ ဗစ်ကီနဲ့ တွေ့ရာကနေ စပြောရမှာပါပဲ။ ဗစ်ကီဆိုတာကတော့ အရင်ယောက်ျားဖြစ်သူနဲ့ ကွာရှင်း ထားပေမဲ့ ကျန်းမာရေးမကောင်းတဲ့အတွက် အမြဲတမ်း သွားသွားကြည့်ပေးနေပြီး ထောင်နဲ့အိမ်နဲ့ပဲ လည်ပတ်နေတဲ့ ပျင်းစရာဘ၀ကြီးကို ပိုင်ဆိုင်ထားရတဲ့အသက် ၅၀ ကျော် အမျိုးသမီးအရာရှိတစ်ယောက်ပဲဖြစ်ပါတယ်။ ကေစီက ဗစ်ကီ့ကို တွေ့ကတည်းကမြင်မြင်ချင်း ကြွေဆင်းသွားခဲ့ပြီး တောက်လျှောက်ကြူပါတော့တယ်။ဗစ်ကီကလည်း အဓိပ္ပာယ် မရှိတဲ့ဘ၀ကြီးမှာ နေရတာကိုစိတ်ကုန်နေတဲ့သူဖြစ်တဲ့အတွက် သူတို့ နှစ်ယောက်ကြားမှာ အဆင့်တစ်ဆင့်တက်သွားဖို့ဆိုတာ မကြာခဲ့ပါဘူး။ဒီလိုနဲ့ သူတို့နှစ်ယောက်ကြားက သံယောဇဉ်တွေက ပိုပိုကြီးထွားလာခဲ့ပြီး အထက်မှာပြောခဲ့သလို ဗစ်ကီကကေစီ့ကို ရုတ်တရက်ကြီး ထောင်ကနေခေါ်ထုတ်ပေးပြီး ထွက်ပြေးကြတဲ့ အခါမှာတော့ သူတို့ရဲ့ရှေ့ဆက်ကျန်ရှိတဲ့ဘ၀တစ်လျှောက်မှာ အတူတူပျော်ရွှင်စွာနေထိုင်သွားရမလား သူတို့နောက်ကို လိုက်ဖမ်းမဲ့ ရဲတွေလက်ကနေကော ထွက်ပြေးနိုင်ကြပါ့မလား ဆိုတာတွေအပြင် တခြားစိတ်ဝင်စားစရာကောင်းတဲ့ ဒရာမာ ဇာတ်လမ်း ဇာတ်ကွက်များစွာကို ကြည့်ရှုရမဲ့ဖြစ်ရပ်မှန်ဇာတ်ကား ကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ File size…1.61GB / 734MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 27m Genre ….. Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6.1 2023 88 mins
Bad Romance: The Vicky White Story
Fruitcake
6.9

Fruitcake 2024 (သီးစုံကိတ်) Genre – Comedy, Romance ပေါ့ပေါ့ပါးပါးနဲ့ စိတ်ကြည်နူးဖွယ် မနီလာမြို့က လူငယ်လေးတွေရဲ့ ရယ်စရာမောစရာလေးများ အချစ်အကြောင်းလေးများကို ရိုက်ကူးထားတဲ့ ဖိလစ်ပိုင်ရုပ်ရှင်လေး ဖြစ်ပါတယ်။ ကျောင်းမတက်ပဲ ဂိမ်းပဲ အမြဲတမ်းဆော့နေပြီး ဆိုးသွမ်းတဲ့ ညီငယ်နဲ့ နာမကျန်းဖြစ်နေတဲ့ ဖခင်ကို ရရာအလုပ်လုပ်ပြီး ဦးဆောင်နေတဲ့ အစ်ကိုကြီးတစ်ယောက်ရဲ့ ဖြတ်သန်းရပုံ။ ဆွေမျိုးရှိတဲ့ မြို့ကိုလာပြီး ရည်းစားဟောင်းဖြစ်သူနဲ့ ပြန်ပေါင်းထုပ်ချင်နေတဲ့ ရွာသားကောင်လေးရဲ့ အလွဲအချော်များ ။ ရေကူးအဖွဲ့ထဲမှ သူငယ်ချင်းနှစ်ယောက်ရဲ့ ဘော်ဒါမကျ ဘာမကျကနေ ဘယ်လိုဆက်ဖြစ်လာမလဲ မသိရတဲ့ ဇာတ်လမ်းလေး။ မားမားဘွိုင်းလေးတစ်ယောက် ကျောင်းမှာ အနိုင်ကျင့်ခံရပြီး ဘယ်လို ပြဿနာတက်မလဲ မသိရတဲ့ ဇာတ်လမ်းလေး စသဖြင့် တခြားဇာတ်ကောင် ဇာတ်လမ်းလေး စုံလင်စွာနဲ့ မနီလာမြို့ အခြေပြု ပုံဖော်ထားတဲ့အတွက် ကြည့်ရှုအားပေးဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Team ဖြစ်ပါတယ်)

Animation • Fantasy • Drama
6.9 2024 97 mins
Fruitcake
When I Turned Nine
7.4

When I Turned Nine (2004) ************************* ဒီတစ်ခေါက် တင်ဆက်ပေးမဲ့ကားလေးက (၂၀၀၄) ခုနှစ်၊ (၁၂) ကြိမ်မြောက် Chunsa Film Art Awards မှာ Best Film, Best Director, Best Screenplay နဲ့ Best Child Actor/Actress ဆုတွေအများကြီး ဆွတ်ခူးရရှိခဲ့တဲ့ When I turned nine ဆိုတဲ့ movie လေးပဲ ဖြစ်ပါတယ် .. သရုပ်ဆောင်တွေအနေနဲ့ ဘဲ့ယောမင်းအဖြစ် ဂင်ဆော့၊ ဂျန်ဝူရင်း အဖြစ် The Red Sleeve, The Law Cafe တို့မှ ပရိသတ်တို့ အချစ်တော် မင်းသမီးလေး အီဆယ်ယောင်းတို့ ပါဝင်ထားပြီး ဒီကားလေးမှာတော့ အီဆယ်ယောင်းကို ချစ်စရာ(၉)နှစ်သမီးလေးအနေနဲ့ မြင်တွေ့ရမှာပဲဖြစ်ပါတယ် .. ဇာတ်လမ်းအညွှန်း ************* ဘဲ့ယောမင်းဟာ အသက် (၉) နှစ် အရွယ်နဲ့မလိုက်အောင် ရင့်ကျက်တဲ့ ကောင်လေးဖြစ်ပြီး မျက်လုံးတစ်ဖက်မမြင်တော့တဲ့ အမေဖြစ်သူနဲ့အတူနေထိုင်သူပါ.. အမေ့အတွက် မျက်မှန်ဝယ်ပေးချင်တာကြောင့် ကျောင်းတက်ရင်း အချိန်ပိုင်းအလုပ်တွေ လုပ်နေခဲ့ပါတယ်… ဂျန်ဝူရင်းကတော့ ဆိုးလ်ကနေ ကျောင်းပြောင်းလာတဲ့ ခပ်စွာစွာကောင်မလေးပါ… ဘဲ့ယောမင်းတစ်ယောက် ဝူရင်းကို မြင်မြင်ချင်းမှာတင် သဘောကျသွားခဲ့ပြီး သူတို့နှစ်ယောက် ဘယ်လိုတွေ ဆက်ပြီးဖြစ်လာမလဲ .. ဝူရင်းလေးကရော ဘဲ့ယောမင်းကို ပြန်ပြီး သဘောကျလာမှာလား .. (၉)နှစ် အရွယ်ကလေးတွေရဲ့ အချစ်နဲ့ သူငယ်ချင်းသံယောဇဥ်တွေကို ချစ်စရာကောင်းအောင် ပုံဖော်သွားတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုခံစားရမဲ့ ကားကောင်းလေးပဲဖြစ်ပါတယ် .. အညွှန်းကို Htoo Pyae Pyae Aung မှ ရေးသားပေးထားပါတယ် .. File size…2.2GB / 964MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 45m Genre ….. Life, Youth, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Milk & Htoo Pyae Pyae Aung Encoded by AHtet

7.4 2004
When I Turned Nine
Mr. & Mrs. Smith Mr and Mrs Smith
6.5

Mr. & Mrs. Smith (2005) IMDb Rating (6.5) / Rotten Tomatoes (60%) ကားဟောင်းတွေကို Quality update လုပ်ပေးနေရာမှာ ဒီတစ်ခါအလှည့်ကျလာတာကတော့ ဘရတ်ပစ်နဲ့ ဂျိုလီတို့ရဲ့ နာမည်ကြီး Action/Comedy Mr and Mrs Smith ကားလေးပါပဲ။ ဒီဇာတ်ကားက ၂၀၀၅ ခုနှစ်ရဲ့ သတ္တမမြောက် ဝင်ငွေအကောင်းဆုံးဖြစ်ခဲ့ပြီး IMDB 6.5/10 ရရှိခဲ့ပါတယ်။ ဒီဇာတ်ကားနဲ့ပဲ နှစ်ယောက်သား အပြင်မှာတကယ် လက်တွဲခဲ့ကြပြီး အဆုံးသတ်ကတော့ အများသိထားတဲ့အတိုင်းပါပဲ။ မကြည့်ရသေးတဲ့သူတွေအတွက် ဇာတ်လမ်းအကျဉ်းလေးပြောပြရရင် စတွေ့ပြီးလပိုင်းအကြာမှာတင် တစ်ယောက်နဲ့တစ်ယောက် အရူးအမူးဖြစ်ပြီး လက်ထပ်ခဲ့ကြတဲ့ စမစ်တို့ ဇနီးမောင်နှံက လက်ထပ်ပြီးနောက်မှာ စုံတွဲတော်တော်များများ ခံစားခဲ့ရသလို ငြီးငွေ့ ပျင်းရိဖွယ် အိမ်ထောင်ရေးတစ်ခုကို ဖြတ်သန်းခဲ့ရပါတယ်။ အချစ်တွေလျော့လာပြီး တစ်ယောက်ကိုတစ်ယောက် လျှို့ဝှက်ချက်တွေ တစ်ပုံတစ်ပင်နဲ့ အပေါ်ယံဆက်ဆံနေခဲ့ရာက တစ်နေ့မှာတော့ မမျှော်လင့်ထားတဲ့ အဖြစ်တစ်ခုနဲ့ အချင်းချင်းရဲ့ သရုပ်မှန်ကို သိလိုက်ရပါတော့တယ်။ နှစ်ယောက်စလုံးက အဆင့်မြင့် လုပ်ကြံရေးသမားတွေ ဖြစ်နေပြီး ဟန်ဆောင်ဖုံးကွယ်ထားတဲ့ မျက်နှာဖုံးတွေ ကွာကျကာ တစ်ဖက်နဲ့ တစ်ဖက်က ရန်သူတွေဖြစ်နေမှန်း သိလိုက်ရချိန်မှာတော့ သူတို့ရဲ့အေဂျင်စီတွေက သရုပ်မှန်ကို သိသွားတဲ့ တစ်ဖက်လူကို အသီးသီး ရှင်းပစ်ဖို့ အမိန့်ပေးခဲ့ပါတော့တယ်။ အစက ချစ်လို့လက်ထပ်ခဲ့ကြပေမဲ့ တစ်ယောက်နဲ့တစ်ယောက် ငြီးငွေ့လာရင်း ရုတ်တရက် ကိုယ့်အိမ်ထောင်ဖက်ကို ကိုယ့်ရန်သူအဖြစ် သတ်ဖြတ်ရတော့မယ့်အချိန်မှာ သူတို့ရဲ့ အဆင့်မြင့် လုပ်ကြံသတ်ဖြတ်ရေးစွမ်းရည်တွေကို အသုံးချပြီး ပြိုင်ဘက်ကို သုတ်သင်ဖို့ ဘယ်လိုကြိုးစားကြမလဲ။ နောက်ဆုံးမှာရော ဘယ်သူက အနိုင်ရသွားမလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ကြည့်ရှုလိုက်ကြပါဦး။ (ရုပ်ရှင်အညွန်းနဲ့ ဘာသာပြန်ကို Emily မှတင်ဆက်ထားပါတယ်။) Director’s Cut Version နဲ့ တင်ဆက်ထားတာမလို့ ရုံတင် Version ထက် ၁၀ မိနစ်ခန့် အပိုပါပါတယ်။

6.5 2005 119 mins
Mr. & Mrs. Smith Mr and Mrs Smith
Purgatory Station
5

ရှေ့နေဂျိုး တစ်ယောက် ဘာတွေဘယ်လိုဖြစ်သွားတယ်မသိ… နိုးလာတော့ မဲမှောင်နေတဲ့ ကွန်တိန်နာကြီးထဲမှာ တစ်ယောက်တည်း ပြန်ပေးဆွဲခံထားရတယ်ဆိုတာ သူ့ကိုယ်သူသိလိုက်ရတယ်… ပြန်ပေးသမားက ငွေလိုချင်လို့မဟုတ်ဘဲနဲ့ ဂျိုးကူညီပေးနေတဲ့ စီးပွားရေးလုပ်ငန်းစုနဲ့ ရန်ကြွေးရှိတဲ့သူဖြစ်နေတယ်… ဒီလုပ်ငန်းနဲ့ဆက်မလုပ်ဘဲနဲ့ ဖော်ကောင်လုပ်ပေးဖို့ သူ့ကိုအချိန် ၈ နာရီပေးတယ်… မလုပ်ပေးနိုင်ရင် ချစ်တဲ့သူတွေအကုန် အသတ်ခံရမယ့်အခြေအနေမှာ ဂျိုးတစ်ယောက် ဘယ်လိုရင်ဆိုင်ဖြေရှင်းသွားမလဲ… ချစ်တဲ့သူတွေကို ကယ်တင်ပြီး သူကိုယ်တိုင်ရော အမှန်တကယ် လွတ်မြောက်နိုင်ပါ့မလား… ပြန်ပေးသမားအစစ်အမှန်ကရောဘယ်သူဖြစ်မလဲ… File size… (1.49GB) / (731MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 49m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mona

5 2024 108 mins
Purgatory Station
Oh, Canada
5.7

အခုတင်ဆက်ပေးမဲ့ဇာတ်ကားလေးကတော့ နာမည်ကြီး ကနေဒါရုပ်ရှင် ရိုက်ကူးသူကြီး လန်နက်ဖိုက်ဖ်ရဲ့နောက်ဆုံးခရီးစဉ်ကို ရုပ်ရှင်ရိုက်ကူးသူ တစ်ယောက်နဲ့နောက်ဆုံးခရီးဆိုတဲ့အတိုင်း ရုပ်ရှင်ဆန်ဆန်ရိုက်ကူးပြသ ထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ကနေဒါမှာတော့ လန်နက်ဖိုက်ဖ်ကို လူတော်တော်များများသိကြပြီး ခေတ်သစ်ရုပ်ရှင်ရိုက်ကူးသူတွေအတွက် စံထားရသူတစ်ယောက်လည်း ဖြစ်ပါတယ်။အဲ့ဒါကြောင့်သူ့ကိုဂုဏ်ပြုသောအားဖြင့် Oh Canada ဆိုတဲ့ ဇာတ်ကားလေးကိုရိုက်ကူးခဲ့ပြီး လက်ရှိ IMDb Rating 5.7 အထိရရှိ ထားပါတယ်။အနုပညာနဲ့ရသကိုနှစ်သက်တန်ဖိုးထားသူတွေအတွက် ကြည့်ကောင်းမဲ့ဇာတ်ကားလေးတစ်ကားဖြစ်မယ်ဆိုတာတော့ ငြင်းလို့မရပါဘူး။ လန်နက်ဖိုက်ဖ်က ကင်ဆာကြောင့်သူ့ဘ၀ရဲ့နောက်ဆုံးနေဝင်ချိန်နီးကပ် လာတဲ့အခါမှာ တစ်ချိန်တုန်းကသူ့ကျောင်းသားဟောင်းတစ်ယောက်က သူ့ကိုအင်တာဗျူးလုပ်ချင်တယ်ဆိုတာကိုလက်ခံခဲ့ပါတယ်။ နာမည်ခံတာကတော့ အင်တာဗျူးဆိုပေမဲ့ တကယ်တမ်းမှာသူငယ်စဉ်ဘ၀ အသက် ၂၀ ကျော်ကတည်းက အခုအထိ ဖုံးကွယ်လိမ်ညာထားသမျှ အမှန်တရားတွေအားလုံးကို သူ့ဇနီးဖြစ်သူအမ်မာရဲ့ရှေ့မှာဝန်ခံချင်တာ ဖြစ်ပါတယ်။ ဒီလိုနဲ့အင်တာဗျူးစတင်ခဲ့ပြီး သူငယ်စဉ်ဘ၀က အသက် ၂၀ ကျော်နဲ့ အိမ်ထောင်ကျ ကလေးအဖေဖြစ်ခဲ့တဲ့အပြင် အိမ်ထောင်ပါကွဲပြီး နောက်မိသားစုထူထောင်ခဲ့ပုံတွေ ဗီယက်နမ်မှာစစ်မှုထမ်းရမှာကို ရှောင်ချင်လို့ ကနေဒါကိုပြေးရှောင်ခဲ့ပုံတွေ သူ့ရဲ့ရုပ်ရှင်ရိုက်ကူးတဲ့အလုပ် ဘယ်လိုစတင်ဖြစ်ခဲ့ပုံတွေအပြင် သူ့မိန်းမအမ်မာကိုယ်တိုင်ပါ အံ့ဩရတဲ့ တခြားသောစိတ်ဝင်စားစရာတွေအများကြီးကို အနုပညာဆန်ဆန် ရိုက်ကူးပုံဖော်ထားတဲ့ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ File size… (950MB) / (519MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 31m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Mystery • Drama
5.7 2024
Oh, Canada
The Magician’s Raincoat
5.5

The Magician’s Raincoat (2024) ဆယ်ကျော်သက်မောင်နှမသုံးယောက် သူတိုအဖွားသေတ္တာထဲက အဝါရောင် မိုးကာအင်္ကျီကို တွေ့တော့ သာမန်အဝတ်အစားဟောင်းလိုပဲ ထင်ခဲ့တာပေါ့။ ဒါပေမဲ့ အင်္ကျီလည်းဝတ်လိုက်ရော အဲဒီမိုးကာအင်္ကျီထဲပိတ်မိနေတဲ့ ဟိုးလွန်ခဲ့တဲ့ ၈၆နှစ်က Augustus Semprini ဆိုတဲ့ မျက်လှည့်ဆရာကြီး ဘွားခနဲပေါ်လာတယ်။ ဖြစ်ပုံကတော့ အဲဒီမိုးကာအင်္ကျီကိုဝတ်လိုက်ရင် ဝတ်လိုက်တဲ့သူက Augustus အဖြစ် ရုပ်ပြောင်းသွားတာပါပဲ။ တကယ့်မျက်လှည့်ဆရာ Augustus ကတော့ ကျိန်စာမပြယ်မချင်း မိုးကာအင်္ကျီထဲမှာ ပိတ်မိနေဦးမှာပါ။ ဒီလိုနဲ့ မျက်လှည့်ဆရာမှာရှိတဲ့ ရင်ထိုးကို ရဖိုလိုက်ရှာနေတဲ့ စုန်းမကြီးရဲ့ ရန်ကနေရှောင်ပြီး သူတို မောင်နှမသုံးယောက် မျက်လှည့်ဆရာကို ကုတ်အင်္ကျီထဲကနေ လွတ်မြောက်အောင် ကျိန်စာပြယ်ဖို ကြိုးစားကြပါတော့တယ်။ စိတ်ဝင်စားစရာဇာတ်အိမ်၊ မထင်မှတ်ထားတဲ့ Plot twists မျိုးစုံနဲ့ မပျင်းရမဲ့ adventure မှော်စွမ်းအင် ဟာသဇာတ်လမ်းကောင်းတစ်ပုဒ်ကိုကြည့်ချင်ရင်တော့ recommend ပေးလိုက်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size… (1.6 GB) / (970 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Adventure, Family, Fantasy Duration….01:30:03 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Thwal Htoo Zin

Comedy
5.5 2024 90 mins
The Magician’s Raincoat
Novocaine
6.7

The Boys မင်းသား Jack Quaid ပါဝင်ထားတဲ့ စူပါဟီးရိုးဆန်ဆန် အက်ရှင် ဟာသကားအသစ် ထွက်လာပါပြီ။ ဇာတ်ကားနာမည် Novocaine ဆိုတာကတော့ ထုံဆေးတစ်မျိုးရဲ့ နာမည်ပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲက ဇာတ်လိုက်နဲ့ လိုက်ဖက်ပါတယ်။ သူ့မှာ မွေးရာပါ မျိုးဗီဇရောဂါတစ်ခုဖြစ်တဲ့ Congenital Insensitivity to Pain with Anhidrosis (CIPA) မွေးရာပါ နာကျင်မှုကို မခံစားနိုင်ခြင်းနဲ့ ချွေးမထွက်ခြင်း ရောဂါ ရှိနေတာပါ။ ပုံမှန်အားဖြင့် ဒီရောဂါရှင်တွေဟာ အသက် ၂၅ ကျော်တာ ရှားပါတယ်။ ဘာလို့လဲဆိုတော့ နာကျင်မှုဆိုတာ လူတွေအသက် ရှင်ဖို့ မဖြစ်မနေလိုအပ်တဲ့အရာပဲ ဖြစ်လို့ပါပဲ။ နာကျင်မှုမရှိတဲ့အခါ ဒဏ်ရာတွေရရင်လည်းမသိ အစားစားနေရင် လျှာကိုကိုက်မိရင်တောင် မသိ နိုင်တာမို့ အသက်သေဆုံးနိုင်ချေ အရမ်းမြင့်ပါတယ်။ ဒီရုပ်ရှင်ထဲက ဇာတ်လိုက်ကတော့ အရမ်းကို သတိ ကြီးကြီးနဲ့အသက်ရှင်ခဲ့ပြီး စားစရာကိုတောင် အရည်ပဲ သောက်တာမို့ အရွယ်ရောက်လာတဲ့အပြင် ဘဏ်မှာ လက်ထောက်မန်နေဂျာတောင်ဖြစ်လာပြီဖြစ်ပါတယ်။ ဘဏ်မှာတွေ့တဲ့ ကောင်မလေးတစ်ယောက်ကို ချစ်မိ ပြီးခါမှ ဘဏ်ကို ဓားပြတိုက်ခံရပြီး သူ့ကောင်မလေးကို ဓားစာခံအဖြစ် ဖမ်းခေါ်သွားကြပါတယ်။ ဘာမှ တိုက်ခိုက်တတ်တာမရှိပေမဲ့ ဘာလုပ်လုပ် မနာတဲ့ ကောင် ပြုတ်မနူးဆိုတော့ ကားတစ်စီးနဲ့ ဓားပြတွေကို နောက်က လိုက်ကျုံးပြီး ကောင်မလေးကို ကယ်ဖို့ ကြိုးစားရပါတော့တယ်။ အဓိကကြည့်ရမှာကတော့ အက်ရှင်ခန်းကြမ်းကြမ်းတွေ ဟာသတွေနဲ့ လှည့်ကွက်လေးတွေ ဖြစ်လို့ ဒီလိုစတိုင်မျိုး ကြိုက်တတ်တဲ့သူတွေအတွက်တော့ လက်လွတ်မခံ သင့်ပါဘူး။ File size… (5.53 GB) /(1.27 GB) / (727 MB) Quality… WEB-DL 4K HEVC / 1080p HEVC / 720p Format…mkv / mp4 Duration….1h 50m Genre …..Action , Comedy , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mr.Anderson

Action • Drama
6.7 2025 110 mins
Novocaine
M3GAN 2.0
6.7

IMDb Rating (6.3) / Rotten Tomatoes (57%) 2022 M3GAN ရုပ်ရှင်ရဲ့အဆက် ထပ်ထွက်လာပါပြီ။ အချို့ရုပ်ရှင်အဆက်တွေက အတင်းလုပ်ယူထားသလိုဖြစ်တတ်ပေမဲ့ ဒီတစ်ခါတော့ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်း အက်ရှင်ကောင်းကောင်းနဲ့ ပထမကားကို အမီလိုက်ပြီး ထွက်လာပါပြီ။ မင်းသမီး Allison Williams ပဲ ပြန်ပါဝင်ထားပြီး မက်ဂန် အသံသရုပ်ဆောင်ကလည်း Jenna Davis ပါပဲ။ ဇာတ်လမ်းအကျဉ်း ++++++++++ ပထမကားမှာ စမ်းသပ်ခန်းတစ်ခုလုံးကို အမဲဖျက်ပြီးသောင်းကျန်းသွားတဲ့မက်ဂန်ရဲ့ ဖြစ်စဉ်ကြောင့် အေအိုင်ထိန်းချုပ်ရေး ဥပဒေကို တိုက်တွန်းဖို့ အဖွဲ့တွေ ပေါ်ပေါက်လာပါတယ်။ မက်ဂန်ကို ဖန်တီးခဲ့တဲ့ သိပ္ပံပညာရှင် ဂျမ်မာကလည်း အဲဒီအဖွဲ့တွေမှာ ပါဝင်နေပါပြီ။ ဒါပေမဲ့ အစိုးရ ကာကွယ်ရေးဌာနကတော့ ထုံးစံအတိုင်း နည်းပညာအသစ်တွေ့ရင် လက်နက်ထုတ်ဖို့ပဲ စဉ်းစားလိုက်ပါတယ်။ မက်ဂန်လို စက်ရုပ်တစ်ရုပ်ကို ဝယ်ယူပြီး ကွန်မန်ဒိုအနေနဲ့ စစ်ဆင်ရေးတွေမှာ သုံးဖို့ကြိုးစားလာပါတယ်။ ဒါပေမဲ့ ထုံးစံအတိုင်း အမီလီရာ ဆိုတဲ့ စက်ရုပ်က ထိန်းချုပ်မှုလွတ်သွားပြီး သူ့ကိုဖန်တီးခဲ့တဲ့လူအားလုံးကို ပြန်လိုက်ရှင်းပါတော့တယ်။ အဲဒီအချိန်မှာပဲ မက်ဂန်ဟာ ဒစ်ဂျစ်တယ်ပုံစံအနေနဲ့ အသက်ရှင်နေသေးတာကို သိလိုက်ရပြီး ဂျမ်မာနဲ့ကေဒီကို ကာကွယ်ပေးဖို့ သူ့ကိုအသက်ပြန်သွင်းလာပါလို့ တောင်းဆိုလာပါတော့တယ်။ အမီလီရာ နဲ့ မက်ဂန် တို့ အားပြိုင်ကြမလား၊ အေအိုင်နှစ်ရုပ်ပေါင်းပြီးမွှေကြမလား ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဆက်ကြည့်လိုက်ကြပါ။ File Size…(4.9 GB)/ (1.68GB) / (983 MB) Quality… WEB-DL 4K HEVC/ 1080p HEVC /720p Format…mkv / mp4 Duration…2h Genre ….. Action , Horror , Sci-Fi , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai , Ka Naung Translated by Mr.Anderson

Family • Action • Adventure • Drama
6.7 2025 120 mins
M3GAN 2.0