YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

La.Cocina.2024.720p.WEB (CM).mp4

1.15 GB N/A video/mp4 31 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Poikkal Kuthirai
6

အိန္ဒိယဇာတ်ကားကောင်းတစ်ပုဒ် ရှာနေရင်တော့ ဒီဇာတ်ကားလေးက သင့်ရဲ့ တောင့်တမှုနဲ့ ကိုက်ညီစေမှာ အမှန်ပါပဲ ၅၂၈ မေတ္တာကို ဖော်ကျူးပြသ‌ထားတဲ့ ကားတစ်ကားဖြစ်ပြီး သမီးအပေါ်ထားတဲ့ အဖေရဲ့မေတ္တာဟာ ဘယ်လောက်ကြီးမားကြောင့် သမီးဟာလည်း အဖေဖြစ်သူအပေါ် ဘယ်လောက်အားကိုးခိုလှုံ ချစ်ခင်ကြောင်း ရိုက်ကူးပြသထားတာပဲ ဖြစ်ပါတယ် ကာသီဟာ မတော်တဆမှုတစ်ခုကြောင့် မိန်းမဖြစ်သူကို ဆုံးရှုံးလိုက်ရပြီး ခြေထောက်တစ်ဖက်ပါ ဆုံးရှုံးလိုက်ရသူ ဖြစ်ပါတယ် သူ့မှာ သမီးလေးတစ်ယောက်လည်းရှိပြီး သူ့သမီးလေးက ရှားပါးရောဂါတစ်မျိုးကို ခံစားနေရသူ ဖြစ်ပါတယ် အဲဒီလိုနဲ့ သိပ်ပြီးအဆင်မပြေလှတဲ့ သူဟာ သူ့သမီး မိတဆိုးလေးအတွက် ဆေးကုဖို့ ပိုက်ဆံရှာနေတုန်းမှာပဲ ပြန်ပေးဆွဲမှုတစ်ခုနဲ့ ငြိစွန်းသွားခဲ့တဲ့ အခါမှာတော့..... ဘာတွေ ဘယ်လိုဆက်ဖြစ်မလဲ သူ့သမီးကို ကယ်ဖို့ ဘယ်အတိုင်းအတာအထိ ဆက်သွားမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်လို့ အခုလိုပဲ တင်ဆက်ပေးလိုက်ရပါတယ် File size…2.17GB / 1.03GB Quality…1080p True WEB DL / 720p Format…mp4 Duration….1h 31m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Ko & Sora & Poe & Myo Myo & Kevin

Comedy • Thriller
6 2022 117 mins
Poikkal Kuthirai
(18+) Naked Killer
5.5

IMDb - 6.0/10_____Rotten - 80% ဟောင်ကောင်မင်းသမီး Chingmy Yau ကို Naked Killer (1/2) ဇာတ်ကားတွေနဲ့ မှတ်မိကြတဲ့အထိ ဒီဇာတ်ကားတွေမှာ သူမအနေနဲ့ ခပ်ကြမ်းကြမ်းသရုပ်ဆောင်ခဲ့ပါတယ်။ Naked Killer ဇာတ်ကားက  Naked Weapon(2002) လို ခပ်မိုက်မိုက် ခပ်လန်းလန်း ဟောင်ကောင်ဂျက်မအမျိုးအစားဇာတ်ကားပါ။ ဇာတ်လမ်းကျောရိုးလေးကတော့ ... တီနမ်လို့ခေါ်တဲ့ ဟောင်ကောင်ရဲတစ်ယောက်ဟာ အမှုတစ်ခုမှာ မတော်တဆဖြစ်ပြီး ညီဖြစ်သူကို ဆုံးရှုံးခဲ့ရလို့ စိတ်ကို ခက်ခက်ခဲခဲ ပြန်လည်တည်ဆောက်နေရတဲ့ ကောင်လေးဖြစ်ပါတယ်။ တစ်နေ့တော့ ဟောင်ကောင်ကနေ ပြောင်းလာတဲ့ ကစ်တီဆိုတဲ့ ခပ်လန်းလန်းကောင်မလေးတစ်ယောက်နဲ့ မတော်တဆ တွေ့ဆုံခဲ့ပြီး သံယောဇဉ်တွယ်ခဲ့မိပါတယ် ... ပျော်ရွှင်နေတဲ့ သူတို့ဘဝထဲကို ကံဆိုးမိုးမှောင်ကျလာခဲ့တာကတော့ ကတ်တီရဲ့ အဖေဖြစ်သူ အသတ်ခံလိုက်ရတာပါပဲ.... ကစ်တီဟာလည်း ပြန်လည်လက်စားချေရင်း ကြေးစားလူသတ်သမားတစ်ယောက် ဘဝကို ရောက်ရှိသွားပါတော့တယ်...။ ဒီတော့ ရဲတစ်ယောက်နဲ့ လူသတ်သမားတစ်ယောက်တို့ရဲ့ မေတ္တာရေးက ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာ....။ ခပ်ဟော့ဟော ခပ်ရမ်းရမ်း ဇာတ်ဝင်ခန်းတချို့ပါဝင်တဲ့အတွက် အရွယ်မရောက်သူ ကလေးသူငယ်များတော့ကြည့်လို့ အဆင်မပြေပါဘူး။ File Size : (1.3 GB) Quality : DVDRip 720p Running Time : 01:33:00 Format : mp4 Subtitle : Myanmar Subtitle (Hard Sub) Translated by TTP Encoded by RGB

Action • Drama • History
5.5 1992 100 mins
(18+) Naked Killer
Pacto de Fuga
7.5

~ IMDb - 7/10, Rotten Tomatoes - 89% ~ ၂၀၂၀ခုနှစ်ရဲ့ နှစ်ဆန်းပိုင်းမှာထွက်ရှိခဲ့ပြီး ချီလီနိုင်ငံမှာ ရိုက်ကူးပြသခဲ့တဲ့ စပိန်စကားပြော ရုပ်ရှင်ကားဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းကို မိတ်မဆက်ခင်မှာ ဇာတ်အိမ်တည်ရာ ချီလီနိုင်ငံရဲ့ နောက်ခံသမိုင်းကို နည်းနည်းပြောမှ ဖြစ်ပါလိမ့်မယ်။ ၁၉၇၃ ခုနှစ်၊ တောင်အမေရိကတိုက်၊ ချီလီနိုင်ငံမှာ ပြည်သူတွေက ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ လက်ဝဲယိမ်းဆိုရှယ်လစ်အစိုးရကို ဗိုလ်ချုပ်ကြီး ဩဂတ်စတို ပီနိုရှေး ဆိုသူက ဖြုတ်ချပြီး စစ်အာဏာသိမ်းလိုက်ပါတယ်။ မှတ်တမ်းတွေအရတော့ အဲဒီအာဏာသိမ်းမှုကို အမေရိကန်အစိုးရက ကျောထောက်နောက်ခံပြုပေးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီကာလတုန်းကတော့ အမေရိကန်ဟာ ကွန်မြူနစ်ဝါဒမပြန့်ပွားရင်ပြီးစတမ်းဆိုတဲ့ သဘောထားနဲ့ လက်ဝဲယိမ်းသူမှန်သမျှ ဖြုတ်ချဖို့အားပေးနေခဲ့တဲ့ စစ်အေးကာလ ဖြစ်ပါတယ်။ လက်ဝဲသမားတွေမဟုတ်ရင်ပြီးရော။ မင်းတို့ဘာသာ စစ်ဖိနပ်နဲ့ ဘယ်သူ့တက်နင်းနင်းပေါ့လေ။ ပီနိုရှေးစစ်အစိုးရဟာ ၁၉၇၃ ကနေ ၁၉၉၀ အထိ အုပ်ချုပ်သွားခဲ့တယ်လို့ သိရပါတယ်။ ပီနိုရှေးဟာ အာဏာရှင်တို့ရဲ့ textbook အတိုင်း သဘောထားကွဲလွဲသူမှန်သမျှကို ကျကျနန နှိပ်ကွပ်ပါတယ်။ စစ်ထောက်လှမ်းရေးဆိုတဲ့ လက်စောင်းထက်လှတဲ့ အဖွဲ့အားကိုးနဲ့ပေါ့။ သူက သူ့အစိုးရမူဝါဒကို National Reconstruction ဆိုတဲ့ စကားလုံးနဲ့ သရုပ်ဖော်ပါတယ်။ "နိုင်ငံတော် ပြန်လည်တည်ဆောက်ရေး" ပေါ့လေ။ မခံမရပ်နိုင်တဲ့ တော်လှန်ရေးသမားလေးတွေက သူ့ကို လုပ်ကြံဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ကံမကောင်းစွာဘဲ မအောင်မြင်လိုက်ပါဘူး။ သူ့ကိုလုပ်ကြံရာမှာ မအောင်မြင်ဘဲ အဖမ်းခံလိုက်ကြရတဲ့ တော်လှန်ရေးတပ်ဦးအဖွဲ့က တရားခံတွေကို ထောင်တစ်ခုထဲမှာ သာမန်အကျဉ်းသားတွေနဲ့မရောဘဲ သီးခြားအဆောင်တွေနဲ့ ချုပ်နှောင်ထားပါတယ်။ အဲဒီအကျဉ်းသားအများစုကို စစ်ခုံရုံးက သေဒဏ်ပေးပြီးသားပါ။ တရားဥပဒေစိုးမိုးတယ်ဆိုတဲ့ ဟန်ပြသဘောနဲ့ နိုင်ငံတော်တရားရုံးချုပ်ဆိုတဲ့ အရပ်ဘက်တရားရုံးက စစ်ဆေးနေဆဲဖြစ်ပေမယ့် သေဒဏ်ကျမယ်ဆိုတာ အကျဉ်းသားတွေက သိပြီးသားပါ။ အဲဒီအချိန်မှာပဲ ဒီဇာတ်လမ်း စတင်ပေါက်ဖွားလာခဲ့တာ ဖြစ်ပါတယ်။ ဘယ်တော့မှအရှုံးမပေးလိုတဲ့ နိုင်ငံရေးအကျဉ်းသားတစ်စုဟာ အဲဒီထောင်ကနေ ဥမင်လိုဏ်ခေါင်းတူးပြီး ‌ထွက်ပြေးကြဖို့ စစ်ဆင်ရေးတစ်ခုလိုသတ်မှတ်ပြီး အကောင်အထည်ဖော်ကြပါတော့တယ်။ သူတို့နေကြရတဲ့အကျဉ်းခန်းကနေ ထောင်အပြင်ရောက်တဲ့အထိ မီတာ ၆၀ (ပေ ၂၀၀နီးပါး) ရှိတဲ့ လိုဏ်ခေါင်းကို ဘယ်လိုဖောက်ကြမှာလဲ။ ဘာနဲ့ဖောက်မှာလဲ။ ဘယ်လောက်ကြာမှာလဲ။ လိုဏ်ခေါင်းတူးရင်းထွက်လာတဲ့ မြေစာတွေကို ဘယ်သူမှမမြင်အောင် ဘယ်နားမှာ သွားပစ်ကြရမှာလဲ။ စိတ်မထင်ရင်မထင်သလို ဝုန်းဒိုင်းကြဲအောင် တလာစီ (ရှာဖွေစစ်ဆေးရေးဝင်) တတ်ကြတဲ့ ထောင်မှူးနဲ့အစောင့်တွေ မမြင်အောင် လိုဏ်ခေါင်းဝင်ပေါက်ကို ဘယ်လိုဖုံးကြဝှက်ကြရမှာလဲ။ တွေးကြည့်ရတာနဲ့တင် မောချင်စရာကြီးပါ။ အဲဒါ သူတို့ဖြတ်ကျော်ရမယ့်အခက်အခဲတွေထဲက အမြည်းသဘောလောက်ပဲ ရှိပါသေးတယ်။ ထောင်အာဏာပိုင်တွေက မွေးထားတဲ့ ဒလန်တွေမရိပ်မိအောင် ကြိုးစားနေရတာလည်း တမှောင့် ပေါ့။ လိုဏ်ခေါင်းပေါက်သွားလို့ ထောင်အပြင်ရောက်ပါပြီတဲ့။ သူတို့ ဘယ်ကိုဆက်ပြေးကြမှာလဲ။ ဘယ်လောက်ကြာအောင် ပြေးနိုင်မှာလဲ။ ဒီဇာတ်ကားဟာ Hollywood က ထုတ်လုပ်တဲ့ကား မဟုတ်လို့ The Shawshank Redemption တို့ Escape from Alcatraz တို့လို မပေါက်ခဲ့ပေမယ့် အဲဒီကားတွေလိုပဲ ကြည့်ရတာ ရင်တထိတ်ထိတ်နဲ့ဖြစ်ရမယ့် thriller အရသာအပြင် ရဲဘော်ရဲဘက်တွေရဲ့ ညီအစ်ကိုဆက်ဆံရေးမျိုး၊ အင်ဂျင်နီယာပညာရပ်လို ကိုယ်တတ်ထားတဲ့ပညာကို လက်တွေ့ဘဝအတွက် အကျိုးရှိရှိအသုံးချသွားပုံကို တင်ပြတဲ့ ပညာပေးပြကွက်တွေ၊ ကိုယ်ကျိုးအတ္တနဲ့ တော်လှန်ရေး ဘယ်အရာကို ဦးစားပေးမလဲဆိုတဲ့မေးခွန်းမျိုးတွေ အများကြီး တွေ့ရနိုင်ပါတယ်လေ။ ဒီတော့ ဒီကားက အဲဒီလို ရသမျိုးစုံကိုပါ ပေးစွမ်းနိုင်မယ့် ဇာတ်ကားကောင်းတစ်ခု ဖြစ်ပါကြောင်း ညွှန်းဆိုချင်ပါတယ် ခင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Thaman Myint မှ ပြန်ဆိုရေးသားထားပါတယ်) Size - 2GB, 1.1GB Quality - 1080p, 720p IMDb Rating - 7/10 Format - mp4 Duration - 2H 15Min Genre - Drama, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Thaman Myint Encoded by Y

7.5 2020 138 mins
Pacto de Fuga
Samurai Cop
4.6

Samurai Cop (1991) (အချို့သောအခန်းတွေက 90s ခေတ်ရုပ်ရှင်တွေနည်းတူ နည်းနည်းအပြကြမ်းလို့ တစ်ယောက်တည်းကြည့်စေချင်ပါတယ်ခင်ဗျာ) ဒီရုပ်ရှင်ကို best and worse action movie ever လို့ခေါ်ကြတယ်။ ကားကတော့ကောင်းပါတယ်။ အက်ရှင်ခန်းတွေလည်းလန်းတယ်။ သူ့ခေတ်နဲ့ဆို ဇာတ်အိမ်လေးလည်းမဆိုးဘူး။ ဒီတော့အက်ရှင်ကားကောင်းလို့ ယူဆရမလိုပါပဲ။ ဒါပေမဲ့ အားနည်းချက်လေးတွေတော့ရှိသွားခဲ့ပါတယ်။ ဒါကြောင့်မို့ rating စုတ်သွားခဲ့တာပါ။ ဒီရုပ်ရှင်က အခန်းတွေအားလုံးနီးပါးကို single take နဲ့ ရိုက်ယူခဲ့သလို ဒါရိုက်တာကလည်း သေနတ်ကိုလက်တစ်ဆုပ်စာပဲသုံးခဲ့ပါတယ်။ မင်းသားတွေက ကိုယ်ပိုင်အဝတ် ကိုယ်ပိုင်ကားနဲ့ ရိုက်ရတဲ့အထိ ဘတ်ဂျက်ချွေတာခဲ့တယ်။ သို့ပေမဲ့လည်း အက်ရှင်ခန်းအလန်းတွေကြောင့် အက်ရှင်ကားကောင်းဖြစ်နေတုန်းပါပဲ။ လူမဆန်အောင်ရက်စက်တဲ့ ဂျပန်ယာကူဇာဂိုဏ်းဖြစ်တဲ့ Katana ဂိုဏ်းက နယူးယောက်မှာရှိတဲ့ ဖာ ဆေး လောင်းကစားတွေစတဲ့ မကောင်းမှုမှန်သမျှကို ချုပ်ကိုင်ထားတယ်။ ဒါတင်မကသေးဘူး၊ သူတို့က လူသတ်ရတာကို သဘောကျတဲ့ လူသတ်သမားတွေလည်းဟုတ်တယ်။ ဒီအဖွဲ့ကို ဖမ်းဖို့က တော်တော်ခက်တယ်။ မဖြစ်နိုင်သလောက်ပဲ။ ဒီတော့ Joe Marshal ဆိုတဲ့ ဆာမူရိုင်းဓားသိုင်းတတ် ရဲကို ဒီအဖွဲ့နောက်ကို လိုက်ဖို့ တာဝန်ပေးလိုက်တယ်။ ဂျိုးနဲ့ သူ့ပါတနာကပ္ပလီနဲ့ အဲဒီအဖွဲ့ကို ဘယ်လိုထိပ်တိုက်ရင်ဆိုင်မလဲ ဒီရုပ်ရှင်မှာ ခင်ဗျားတို့မြင်ရလိမ့်မယ်။ အဲဒါအပြင် နောက် အရေးကြီးဆုံးညွှန်းစရာက မင်းသမီးတွေပေါ့။ မဟာဆန်ဆန်အလှ၊ ၁၉၉၀ ဆန်ဆန်အလှနဲ့ မင်းသမီး‌တွေရဲ့ မရွံ့မကြောက် အခန်းတွေကလည်း ဒီရုပ်ရှင်မှာ ခင်ဗျားတို့ကို စွဲဆောင်ထားမယ့်အရာ နောက်တစ်ခုပါပဲ။ အက်ရှင်ကားဟောင်း ပရိသတ်တွေအတွက် တကယ့် အက်ရှင်ကားကောင်းလေးပေါ့ဗျာ။ Size – 2.1GB, 1GB Quality – 1080p, 720p IMDb Rating – 4.6/10 Format – mp4 Duration – 1H 36Min Genre – Action, Crime, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Nay Lin Thar Encoded by Y

Comedy • Fantasy • Romance
4.6 1991
Samurai Cop
[18+] Cloistered Nun: Runa’s Confession [1976]
5.1

သီလရှင်လေးတယောက်ရဲ့ အမှောင်ဖက်ခြမ်း အငြှိုး ရက်စက်မှု ရာဂ အကျင့်ပျက်ခြစားနေတာတွေ ကို လှလှလေး ကြည့်ရမှာဖြစ်ပါတယ် ယုနာတစ်ယောက် တချိန်က အငြှိုးအတေးတွေနဲ့ဆက်ဆံခဲ့တဲ့ မိတူဖကွဲ အမနဲ့တွေ့ဖို့ မွေးရပ်မြေကိုပြန်လာခဲ့ပါတယ် တကယ်တော့သူက တရားဓမ္မကြောင့် ညီမနှစ်ယောက် နားလည်မှုရပြီးအေးချမ်းနေပြီဖြစ်ပါတယ် လူတွေက ခက်တယ်ဗျ ကိုယ့်ဖက်က ခွင့်လွှတ်နားလည်ပေးပေမဲ့ တချို့တွေက မပြောင်းလဲဘူးဗျ။ ယုနာ ရဲ့အမကအဲအထဲမှာပါတယ် သူတို့ရဲ့ အဆင်ပြေမှုကနေ အမြတ်အကြီးကြီးထုတ်ဖို့ကြံစည်ပါတော့တယ် နောက်တခု သူ့ဉာဉ်ဆိုးရှိသေးတယ် ကောင်လေးတွေကို အရမ်းပလေးတက်တာပဲ မိန်းမနှစ်ယောက်ရဲ့ တယောက်နဲ့တယောက် ဖျံကျပုံတွေကို အမှောင်နှောပြီး ပြသထားတာဖြစ်လို့ DS Fans တွေအတွက် တင်ဆက်လိုက်ပါတယ်။

Horror • Thriller
5.1 1976 74 mins
[18+] Cloistered Nun: Runa’s Confession [1976]
: Horrors of the Heart (2023)

1920: Horrors of the Heart (2023) ကြောက်စရာကောင်းတဲ့ မေတ္တာဖွဲ့ဇာတ်လမ်းလေးတစ်ပုဒ်။ ဟုတ်ပါတယ် အခုတစ်ဖန်တင်ဆက်ပေးမယ့် ဇာတ်လမ်းလေးကတော့ 1920ဆိုတဲ့ခုနှစ်နဲ့စတဲ့ သရဲကားတွေထဲကမှ လက်ရှိထွက်ထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပေါ့။ အမုန်းတရားနဲ့ ချစ်ခြင်းတရား ပြိုင်ဆိုင်လာတဲ့အခါမှာ ပူလောင်တတ်တဲ့သဘောတရားခြင်းတူပေမဲ့ ချစ်ခြင်းနောက်မှာ မေတ္တာတရားကပ်ပါလာတဲ့အခါမှာ အေးချမ်းမှုကိုဆောင်ပါတယ်။ အဲဒီမေတ္တာကို ငတ်မွတ်နေရက်နဲ့ ချစ်ခြင်းနဲ့မရှာဘဲ အမုန်းတရားနဲ့ရှာနေရင်တော့ မဆုံးနိုင်တဲ့ပူလောင်မှုတွေကိုပဲ ခံစားရမှာပါ။ ကောင်မလေးတစ်ယောက် အသက်၂၁နှစ်ပြည့်မယ့်နေ့မှာပဲ အဖေဖြစ်သူက ကြိုးဆွဲချသေသွားခဲ့တယ်။ သူ့အဖေသေဆုံးရတဲ့အကြောင်းအရင်းက သူ့ကိုငယ်ငယ်လေးကတည်းက ပစ်ထားခဲ့တဲ့ အမေဖြစ်သူကြောင့်ဆိုတာ သိလိုက်ရတဲ့အချိန်မှာတော့… အမုန်းတရားတွေ ပေါက်ဖွားလာပြီး ဖခင်ဖြစ်သူရဲ့ ဆိုးဝါးတဲ့လက်စားချေလိုစိတ်ရှိတဲ့ ဝိညာဉ်နဲ့အတူ နောက်အိမ်ထောင်နဲ့ပျော်ရွှင်နေတဲ့ အမေဖြစ်သူတို့မိသားစုကိုဖျက်ဆီးဖို့ ဆုံးဖြတ်ခဲ့ပါတော့တယ်။ဒီဆုံးဖြတ်ချက်နဲ့အတူ ပျော်ရွှင်နေတဲ့မိသားစုလေးရှိရာအိမ်လေးဆီကို ဖခင်ရဲ့ ဝိညာဉ်ဆိုးနဲ့အတူရောက်လာတဲ့အခါမှာတော့….။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ YH~V~Cherry~Moon~Yunniတို့ပဲဖြစ်ပါတယ်)

Drama • Romance
0 1920
: Horrors of the Heart (2023)
Oracle
5.2

‌တက္ကသိုလ်ကျောင်းသူ ငမွဲမလေး Shayဟာ ကျောင်းစရိတ် မလုံလောက်တာကြောင့် အချိန်ပိုင်းအလုပ်တွေကို အသည်းအသန် ရှာဖွေနေပါတယ်။ လက်ရှိလုပ်နေတဲ့အလုပ်ကပါ အလုပ်ချိန်နာရီတွေ လျှော့ချခံရတော့ ပိုလို့အခက်တွေ့တာပေါ့။ တစ်ရက်တော့ ကလေးထိန်း ရှာဖွေရေးဝဘ်ဆိုက်တစ်ခုက အလုပ်ကိုလက်ခံဖို့ အကြောင်းဖန်လာပါတယ်။ သူကလေးသွားထိန်းပေးရမယ့်အိမ်ကြီးက သာမန်မဟုတ်ဘဲ ပြည်တွင်း စစ်ကာလတုန်းက လူမည်းကျွန်စနစ်သုံးစိုက်ခင်းဖြစ်တာကြောင့် သူဟာ သိပ်လက်မခံချင်လှပေမဲ့ အိမ်ကိုလာရောင်ကြည့်ရုံနဲ့တင် ဒေါ်လာ၂၀၀ပေးမယ် ဆိုတဲ့ ကမ်းလှမ်းမှုကြောင့် သွားကြည့်ဖြစ်ခဲ့ပါတယ်။ အဲဒီအိမ်ရောက်တော့ သူအမြဲမက်နေတဲ့အိပ်မက်ဆိုးတွေဟာ ဒီအိမ်ကြီးနဲ့ ဆက်စပ်မှုရှိနေတဲ့အခါ ဘယ်လိုခြောက်ခြားစရာတွေဖြစ်လာမလဲ ဇာတ်ကွက်အလှည့်အပြောင်းတွေ ဘယ်လိုဖြစ်မလဲ ကြည့်ရှုလိုက်ပါဦးနော်။ File size…1.08GB / 431MB Quality…WEB-Rip 1080p 5.1 CH / 720p Format…mp4 Duration….1h 25m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jane

5.2 2023 85 mins
Oracle
Man of the House

တက္ကဆက်မြို့က အမှုတခုအကြောင်းအပေါ်အခြေခံထားပြီး မှုခင်းဆန်ဆန်ဇာတ်အိမ်မျိုးကိုမှ ဟာ‌သ‌‌လေးတွေနှောထားတဲ့ ဇာတ်ကားလေးပါ၊ဒီကားမှာ မင်းသားကြီး Tommy Lee က ရိန်းဂျားတပ်ဖွဲ့က ဆာဂျင် ရိုလန်ရှက်ဖ်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပြီး တာဝန်ကလွဲပြီး ဘာကိုမှမသိတဲ့ ရှေးရိုးစွဲ ဘုကလန့်လူကြီးတ‌ယောာက်ပါ၊ တဖက်မှာလည်း ဘဝကိုပေါ့ပေါ့ပါးပါးနဲ့နေတတ်တဲ့ Cheerleaders ကောင်မလေး၅ယောက်က မထင်မှတ်ဘဲ လူသတ်မှုတခုကို မျက်မြင်‌‌တွေ့လိုက်ရပြီး အမှုရဲ့အရေးကြီးတဲ့ သက်သေတွေဖြစ်လာခဲ့ပါတယ်၊ဒီမျက်မြင်သက်‌သေကောင်မလေးတွေကိုကာကွယ်ဖို့တာဝန်က ရှက်ဖ်တယောက်အ‌ပေါ်ကျလာပါ‌‌တော့တယ်၊ အကျင့်စာရိုက်ချင်းမတူတဲ့ ရှက်ဖ်နဲ့ကောင်မလေး‌တွေ တွေ့ကြတဲ့အခါမှာ အဆင်ပြေကြပါ့မလား၊ ရှက်ဖ်တယေက်က‌ကော ကောင်မလေးတွေ အ‌ဆုံးထိကာကွယ်‌ ပေးသွားပြီး လူသတ်သမားကိုဖမ်းမိသွားမလား ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကို စိတ်ဝင်စားဖွယ်စောင့်ကြည့်သွားရမှာပါ File size…(1.8 GB)/(980 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre…Comedy, Action Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Thway

Drama
0 2005
Man of the House
Better Living Through Chemistry

Better Living Through Chemistry (2014) IMDb: 6.2/10 Rotten Tomatoes: 23% Genre: Comedy/Drama တစ်ခါတလေဘဝက အရမ်းမွန်းကြပ်လာတဲ့အခါမှာ မထင်မှတ်ထားတာလေးတွေဖြစ်လာတတ်ပါတယ်။ ကောင်းတာတွေရှိသလို၊ ဆိုးတာတွေလည်းရှိပါတယ်။ ဖြစ်သင့်တာတွေရှိသလို၊ မဖြစ်သင့်တာတွေလည်းရှိပါတယ်။ Better Living Through Chemistry မှာတော့ ဒါတွေကိုဟာသလေးနှောပြီးပြသွားမှာဖြစ်ပါတယ်။ တစ်ခါတလေမှာ ကျွန်တော်တို့လိုတာက ပြောင်းလဲခြင်းပါပဲ။ ဘယ်ကိစ္စပဲဖြစ်ဖြစ် ပထမဦးဆုံးခြေလှမ်းက အခက်ခဲဆုံးပါပဲ။ ဇာတ်ညွှန်း ဒေါက်ကလက်စ်ဗာနီဆိုတာကတော့ မြို့လေးတစ်မြို့က ဆေးဆိုင်ပိုင်ရှင်တစ်ယောက်ဖြစ်ပါတယ်။ အီသန်ဆိုတဲ့သားလေးတစ်ယောက်နဲ့ ကာရာဆိုတဲ့ အမျိုးသမီးရှိပါတယ်။မိသားစုတစ်ခုရှိနေပေမယ့် ဘဝရယ်လို့ရေရေရာရာ မရှိခဲ့ပါဘူး။တစ်ရက်မှာတော့ အယ်လိဇဘတ်ဆိုတဲ့အမျိုးသမီးတစ်ယောက်နဲ့ အကြောင်းပါခဲ့ပါတယ်။အယ်လိဇဘတ်ကလည်း ဒေါက် လိုပဲ အိမ်ထောင်ရေးအဆင်မပြေတဲ့ အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။အိုးခြမ်းပဲ့ခြင်းတွေ့တော့ အဆင်ပြေခဲ့တယ်ပဲ ဆိုရပါမယ်။ နောက်ပိုင်းဘယ်လိုတွေဆက်ဖြစ်မှာလဲဆိုတော့ ခံစားကြည့်လိုက်ကြပါ။ သရုပ်ဆောင်တွေကလည်း ကျွန်တော်တို့နဲ့ မစိမ်းနဲ့နာမည်ကြီးတွေဖြစ်ပြီးမကြာသေးခင်ကမှ ဆုံးပါးသွားတဲ့ မင်းသားကြီး Ray Liotta လည်းပါဝင်အားဖြည့်ထားပါတယ်။ File size… 1.5 GB / 646 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 31m Genre ….. Comedy/Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Lucifer Maximoff

Comedy • Horror
0 2014
Better Living Through Chemistry
The Seed of the Sacred Fig
7.8

The Seed of the Sacred Fig (2024) IMDb Rating (7.8) / Rotten Tomatoes (93%) ဘာသာရေးကိုင်းရှိုင်းပြီးရိုးသားတဲ့ရှေ့နေတစ်ယောက်ဖြစ်တဲ့ အီမန်ဟာ ဇနီးဖြစ်သူ နက်ဂျ်မား၊ သမီးနှစ်ဦးတို့နဲ့အတူနေထိုင်ပါတယ်။ လတ်တလောမှာတော့ အီမန်ကို တီဟရန်ကအထူးတရားရုံးမှာ စုံစမ်းစစ်ဆေးရေးတရားသူကြီးအဖြစ်ရာထူးတိုးမြှင့်ခံထားရတဲ့အတွက် လစာပိုကောင်းလာမှာဖြစ်သလို သူတို့မိသားစုအတွက် တိုက်ခန်းကျယ်တစ်ခုလည်းရမှာဖြစ်တဲ့အတွက် တစ်မိသားစုလုံးဝမ်းသာပျော်ရွှင်နေကြတဲ့အချိန်ပါ။ အဲ့ဒီအချိန်မှာပဲ မာဆာအာမီနီ ဆိုတဲ့ ၂၂ နှစ်အရွယ်အီရန် ကာ့ဒ်အနွယ်ဖွားမိန်းကလေးတစ်ယောက်ဟာ ဟီဂျပ်ဘ်ကောင်းကောင်းမခြုံလို့ဆိုတဲ့အမှုနဲ့ ဘာသာရေးရဲတွေက ဖမ်းဆီးစစ်ဆေးနေစဉ်မှာသေဆုံးသွားတဲ့ဖြစ်စဉ် ဖြစ်သွားခဲ့ပါတယ်။ အဲ့ဒီဖြစ်ရပ်ကတစ်ဆင့် နိုင်ငံအနှံ့ဆန္ဒပြပွဲတွေဖြစ်ပေါ်လာခဲ့ပြီး အီမန်ရဲ့သမီးကြီးဖြစ်သူ ရေ့ဇ်ဗန်းရဲ့ သူငယ်ချင်းတစ်ဦးလည်းဖမ်းဆီးခံလိုက်ရပါတယ်။ ဒီဖြစ်စဉ်တွေအပေါ် အီမန်နဲ့နက်ဂျ်မားကအုပ်ချုပ်သူတွေ၊ စည်းမျဉ်းစည်းကမ်းတွေကသာ အမှန်လို့ယူဆပြီး သမီးနှစ်ဦးကတော့ သူတို့နဲ့ဆန့်ကျင်ဘက်အမြင်ဖြစ်ပြီးသဘောထားကွဲလွဲခဲ့ကြပါတယ်။ ဒါတွေဟာ တည်ငြိမ်အေးချမ်းတဲ့ သူတို့မိသားစုအတွက် ရင်ဆိုင်ရမယ့် မုန်တိုင်းရဲ့အစပဲရှိပါသေးတယ်။ The Seed of the Sacred Fig ဟာ ရုပ်ရှင်ပွဲတော်တွေမှာအောင်ပွဲခံနေကျ အီရန်ကားတွေရဲ့ဖန်တီးရှင် Mohammad Rasoulof ရဲ့လက်ရာဖြစ်ပြီး သူ့အတွက်နောက်ထပ်ဂန္ဓဝင်ကားကောင်းတစ်ခုဖြစ်လာမှာပါ။ ၂၀၂၄ အော်စကာဆုအတွက်လည်း German entry အဖြစ်ရွေးချယ်ခံထားရပါတယ်…ရှုစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.4 GB) / (730 MB) Quality….WEB-DL 1080p HEVC /720p Format…. mkv/mp4 Genre….Crime, Drama, Thriller Duration….02:47:08 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

7.8 2024 167 mins
The Seed of the Sacred Fig
Two Guys
6.7

Two Guys (2004) ************************* IMDb… 7.2 My Sassy Girl ထဲမှ Cha Tae Hyun ၊ Bad Guys: City of Evil ထဲမှ Park Joong Hoon တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ရယ်လည်း ရယ်ရ အက်ရှင်ကားဆန်ဆန်လေးလည်း ကြည့်ရှုရမဲ့ comedy action ဖြစ်တဲ့ Two Guys ရုပ်ရှင်ကို CM ပရိသတ်ကြီးတို့အတွက် တင်ဆက်ပေးလိုက်ပါတယ်ရှင်။ ဇာတ်လမ်းအညွှန်း- ဂင်ဟွန်း ( Cha TaeHyun) ဟာ အကြွေးတွေထူပြီး အကြွေးရှင်တွေဆီကနေ ပုန်းရှောင်နေရတဲ့ နာမည်ကြီး အကြွေးထူတဲ့ ကောင်လေးတစ်ယောက်ပေါ့။ ငွေတိုးချေးစားသူတစ်ယောက်ဟာ ဂင်ဟွန်းဆီက အကြွေးကို ပြန်တောင်းပေးဖို့ ဘတ်ဂျွန်ထယ် (Park Joong Hoon) ကို ငှါးရမ်းခဲ့ပါတော့တယ်။ ဒီလိုနဲ့ပဲ ဘတ်ဂျွန်ထယ်နဲ့ ဂင်ဟွန်းတို့နှစ်ယောက်သားတွေ့ဆုံမိပြီး တစ်နေ့မှာ ထူးဆန်းတဲ့အိတ်တစ်လုံးကြောင့် လူသတ်မှုတစ်ခုကို မျက်မြင်ကြုံတွေ့လိုက်ရတဲ့အပြင် ထိုအိတ်ကိုလည်း လိုချင်နေတဲ့ အဖွဲ့တစ်ခုနှင့်လည်း ရင်ဆိုင်ရတဲ့အခါမှာတော့… ဂင်ဟွန်းနဲ့ ဘတ်ဂျွန်ထယ်တို့ နှစ်ယောက် ဘယ်လိုတွေ ဒုက္ခများကြမလဲ.. ပွက်လောရိုက်ကြမလဲ.. အိတ်ကို လိုချင်နေတဲ့အဖွဲ့ရဲ့လက်ထဲကနေရော ဘယ်လို လွတ်အောင် ထွက်ပြေးကြမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ရှုစားကြည့်လိုက်ပါဦးနော်။ (ဇာတ်လမ်းအကျဉ်းကို Theint မှ ရေးသားပေးထားပါတယ်။) File size… 3.01GB/ 990MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 51m Genre ….. Action, Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Theint

Crime • Horror • Thriller
6.7 2004 116 mins
Two Guys
The Dishwasher
7.2

ယခုအခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ Le Plongeur ( The Dishwasher ) ဆိုတဲ့ ကနေဒါပြင်သစ် စကားပြောဇာတ်ကားလေးပဲဖြစ်ပါတယ်… ဒီဇာတ်ကားလေးဟာ ဝတ္ထုရေးဆရာ၊ စားသောက်ဆိုင်ပိုင်ရှင် Stephane Larue ရဲ့ Le Plongeur ဝတ္ထုကို ရုပ်ရှင်အနေနဲ့ ပြန်လည်အသက်သွင်းထားတဲ့ ဇာတ်ကားလေးဖြစ်ပြီး ဝတ္ထုရေးဆရာကိုယ်တိုင် ငယ်စဉ်က စားသောက်ဆိုင်မီးဖိုချောင် အတွင်း ပန်းကန်ဆေးရင်းကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံနဲ့ ကိုယ်တိုင်စားသောက်ဆိုင်ပိုင်ရှင် ဖြစ်လာချိန် အတွေ့အကြုံတွေကို အခြေခံကာ အရောင်အသွေးစုံစုံနဲ့ ဇာတ်အိမ်ဖွဲထားတဲ့ ဒီဝတ္ထုဟာ Prix des libraires du Québec ဆုနဲ့ Prix Senghor ဆုကို ၂၀၁၇ ခုနှစ်မှာ ရရှိထားတာလည်းဖြစ်ပါတယ်… မက်တယ်သီချင်းတွေကြိုက်တဲ့ ဂရပ်ဖစ်ဒီဇိုင်းကျောင်းသားလေး တစ်ယောက် မထင်မှတ်ဘဲလောင်းကစား စွဲလမ်းမိရာမှ ဖြစ်ပေါ် လာတဲ့လူမှုရေးပြဿနာတွေ၊ ငွေကြေးအခက်အခဲတွေ၊ လောင်းကစားခုံမင်သူတိုရဲ့ သဘာဝတွေအပြင် စားသောက်ဆိုင် မီးဖိုချောင်ထဲက စိတ်ဖိစီးစရာအခြေအနေတွေနဲ့ လူမျိုးပေါင်းစုံတို့ အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်ကြည့်ရှုခံစားနိုင်မယ့် ဒရမ်မာ ဇာတ်ကားကောင်းလေးဖြစ်လို ရုပ်ရှင်ချစ်ပရိသတ်များအနေဖြင့် လက်လွတ်မခံသင့်ကြောင်း ညွှန်းဆိုလိုက်ရပါတယ်… File size… (1.60GB) / (960MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….2h 7m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ye Thiha Htet

Horror • Thriller • Science Fiction
7.2 2023 128 mins
The Dishwasher
Socialphobia
6.5

Socialphobia (2014) ******************* ဒီတစ်ခေါက်မှာတော့ ၂၀၁၄ ခုနှစ်တုန်းက ထွက်ထားတဲ့ Socialphobia ဆိုတဲ့ဇာတ်ကားလေးကို CM ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်…Mystery, Thriller အမျိုးအစားဖြစ်တာကြောင့် ရင်တဖိုဖိုနဲ့ ကြည့်ရှုရမဲ့ ဇာတ်ကားလေးတစ်ကားလို့ ပြောလို့ရပါတယ်… ဇာတ်လမ်းအကျဉ်း ————– ကိုယ့်ကိုယ်ကိုယ်သတ်သေသွားတဲ့ စစ်သားတစ်ယောက်ရဲ့ အကြောင်းတင်ထားတဲ့ပို့စ်မှာ ရယ်နာဆိုတဲ့ အမျိုးသမီးက Bad Comment တွေပေးခဲ့ပါတယ်…အဲဒီနောက်မှာတော့ ‘ရယ်နာ’ဟာ အမျိုးသားတစ်စုရဲ့ ပစ်မှတ်ဖြစ်လာခဲ့ပါတယ်။ ရယ်နာရဲ့ အချက်အလက်တွေ ဖော်ထုတ်ခံရတဲ့အချိန်မှာတော့ သူမရဲ့ အိမ်ရှေ့အထိကို သွားရှာပြီး ရန်ပြုဖို့လုပ်ကြပါတယ်… အဲဒီလိုနဲ့ တစ်ရက်မှာ ရယ်နာဟာ ကြိုးဆွဲချသေဆုံးသွားတဲ့အခါမှာတော့ သူမရဲ့သေဆုံးမှုဟာ အသတ်ခံရတာလား ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မှုလားဆိုပြီးတော့ ဝေခွဲမရဘဲ စုံစမ်းရမဲ့အမှုတစ်ခု ဖြစ်လာခဲ့ပါတယ်… ဒါကို အမှုအဖြစ်စုံစမ်းတဲ့အခါမှာ ဂျီဝန်းနဲ့ ယုံမင်းဆိုတဲ့ အမျိုးသားနှစ်ယောက်ကလည်း သံသယရှိသူစာရင်းမှာ ပါဝင်လာခဲ့ပါတယ်… ရဲသင်တန်းကျောင်း စာမေးပွဲဖြေဖို့လုပ်နေတဲ့ ဂျီဝန်းနဲ့ ယုံမင်းဟာ တကယ်ပဲ တရားခံတွေထဲမှာ ပါဝင်နေသလား မပါဝင်ဘူးလားဆိုတာကိုတော့ ဒီဇာတ်လမ်းထဲမှာ ဆက်လက်အဖြေရှာကြည့်ရှုလိုက်ရအောင်နော်… File Size : 2.44GB / 701MB Quality : WEB-DL 1080p / 720p Genres : Drama, Mystery, Thriller Duration : 1h 40m Subtitle : Myanmar Subtitle (Hard Sub) Translated by Treasure Htet Encoded by Heather Oo

Thriller • Action
6.5 2014 100 mins
Socialphobia
Girlfight
6.7

Girlfight (2000) IMDb Rating (6.7) / Rotten Tomatoes (87%) ဒီဇာတ်ကားကတော့ ၂၄နှစ်အတွင်းအကောင်းဆုံး လက်ဝှေ့ဖိုက်တာကားဆိုပြီးသတ်မှတ်ထားတဲ့ဇတ်ကားဖြစ်ပါတယ်။ ဒါရိုက်တာ Karyn Kusama နဲ့အဓိက အမျိုးသမီးသရုပ်ဆောင် Michelle Rodriguezတို့ကိုအနုပညာလမ်းကြောင်းမှာအောင်မြင်ကျော်ကြားလျှောက်လှမ်းနိုင်အောင်စတွန်းတင်ပေးခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။ ဒါရိုက်တာ Karyn Kusama ရဲ့တကယ့်အတွေ့အကြုံတွေကို ထင်ဟပ်ပြသတဲ့ကားလို့လဲဆိုကြပါတယ်။ အမေရိကန်နိုင်ငံကလက်တင်နိုတွေရဲ့ဘဝနဲ့ အလုပ်သမားလူတန်းစားရဲ့ဘဝကို သဘာဝကျကျဖော်ပြပေးနိုင်တယ်လို့လဲဆိုကြပါတယ်။ ရုပ်ရှင်ပွဲတော်တွေမှာဆုရထားတဲ့ ဇာတ်ကားဖြစ်သလို Michelle Rodriguez ကလည်းဒီဇတ်ကားနဲ့ဆုတွေရထားပါတယ်။ ဇာတ်လမ်းအကျဥ်း ဒိုင်ယာနာဂူးဇ်မန်း(Michelle Rodriguez)ဟာ မိန်းကလေးမဆန်တဲ့မိန်းကလေးဖြစ်ပြီး ကျောင်းစာမှာစိတ်ဝင်စားတာနည်းသလို အတန်းဖော်နဲ့လည်းရန်ဖြစ်လို့ နောက်တစ်ခါဆိုကျောင်းထုတ်ခံရမယ်သတိပေးခံထားရပါတယ်။ သူ့အဖေကလည်း သူ့ကိုပြဿနာအိုးလေးဆိုပြီး မကြည်တဲ့အပြင် သူ့အဖေနဲ့လည်းခဏ ခဏစကားများပါတယ်။သူ့အမေကကိုယ့်ကိုကိုယ်သတ်သေသွားခဲ့ပြီး သူ့မှာတိုင်နီဆိုတဲ့မောင်တစ်ယောက်ရှိပါတယ်။ တိုင်နီ့ကို သူ့အဖေက ဂျင်မ်တစ်ခုမှာလက်ဝှေ့ကျင့်ခိုင်းထားပါတယ်။တစ်ရက်သူ့အဖေက ဒိုင်ယာနာကို တိုင်နီ့အတွက်လက်ဝှေ့နည်းပြကိုပိုက်ဆံသွားပေးခိုင်းပါတယ်။ တိုင့်နီကို အနိုင်ကျင့်တဲ့ ရေးဆိုတဲ့ လက်ဝှေ့လေ့ကျင့်နေတဲ့ကောင်လေးကို ဒိုင်ယာနာက ထိုးပစ်လိုက်ပါတယ်။ ဒိုင်ယာနာက လက်ဝှေ့မှာစိတ်ဝင်စားသွားပြီးသူ့ကို လက်ဝှေ့ကျင့်ပေးဖို့ ဆရာဟက်တာ့ကိုပြောတော့ တစ်ချိန်ကို ၁၀ ဒေါ်လာနဲ့သင်ပေးဖို့ သဘောတူလိုက်ပါတယ်။ သူ့အဖေဆီက ပိုက်ဆံတောင်းမရတာနဲ့ဒိုင်ယာနာက သူ့အဖေဆီက ပိုက်ဆံခိုးပြီး လက်ဝှေ့လေ့ကျင့်ပါတယ်။အပြန်အလှန်ထိုးတာကိုလေ့ကျင့်တဲ့အခါယောကျာ်းလေးတွေနဲ့ကျင့်ရပါတယ်။ အားကစားခန်းမမှာ အေဒရီယမ်ဆိုတဲ့လူငယ်လေးနဲ့ ဒိုင်ယာနာတွေ့ပြီးသူတို့နှစ်ယောက်အချင်းချင်းစိတ်ဝင်စားသွားကြပါတယ်။ ကျားမ မခွဲခြားတဲ့ လက်ဝှေ့ပြိုင်ပွဲတွေစခေတ်စားလာပြီး ထောက်ခံသူတွေမထောက်ခံသူတွေရဲ့ ပွတ်တိုက်မှုကြားကပဲ ဒိုင်ယာနာလည်း ကြိုးဝိုင်းထဲမှာယောကျာ်းလေးတွေနဲ့ ထိုးသတ်ရဖို့ ဖြစ်လာပါတယ်။ ဘယ်သူတွေနဲ့ထိုးသတ်ရမလဲ ဒိုင်ယာနာ အနိုင်ရမလား သူ့ရဲ့ အိမ်တွင်းရေးအချစ်ရေး ကျောင်းပညာရေးတွေမှာဘာတွေဖြစ်လာမလဲဆိုတာကိုတော့ဖန်သားပြင်ပေါ်မှာဆက်ကြည့်နိုင်ပါတယ်။ ဇာတ်လမ်းရဲ့ထူးခြားချက် ဇာတ်လမ်းရဲ့အဓိကတင်ပြချက်ကအားကစားပညာ၊သတ္တိနဲ့ဆုံးဖြတ်ချက်တွေဟာကျားမမခွဲခြားဘူးဆိုတာကိုထင်ဟပ်ပြသပေးနိုင်ပါတယ်။ မိန်းကလေးတစ်ယောက်ကလည်း သူ့အိပ်မက်ကို အကောင်ထည်ဖော်နိုင်တယ်ဆိုတဲ့အကြောင်းကိုချပြထားပါတယ်။ အားကစားဇာတ်ကားတွေကိုကြိုက်တယ်ခံစားမှုပါတဲ့ဇာတ်ကားတွေကိုလည်း ကြိုက်တယ်ဆိုရင် Girlfight ဟာမဖြစ်မနေကြည့်သင့်တဲ့ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ကျားမစွမ်းရည်မခွဲခြားတဲ့လူ့ဘောင်တစ်ခုအနာဂတ်မှာတည်ရှိနိုင်မလား၊အမျိုးသမီးတွေအတွက်အခွင့်အရေးတွေကိုတကယ်အားပေးနိုင်မလားဆိုတဲ့အတွေးတွေပေါ် လာပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ကျားမ မခွဲခြားဘူးဆိုတာပြောနေပေမဲ့တကယ်ဘာတွေဖြစ်နေလဲဆိုတာကြည့်ရင်းသိလာပါလိမ့်မယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Khin Sakar Khin ဖြစ်ပါတယ်။) File size…(3.6 GB) / (1.6 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:51:21 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Khin Sakar Khin

Romance • Comedy
6.7 2000 110 mins
Girlfight