YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Kim Ji Young Born 1982 (2019) WEB-DL 720p [CM].mp4

711.62 MB N/A video/mp4 274 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Wetlands
5.2

ဒီဇာတ်လမ်းထဲမှာတော့ ထူးခြားတဲ့ ၁၈နှစ်အရွယ် ဟယ်လင် ဆိုတဲ့ ကောင်မလေးက သူ့ဇာတ်ကြောင်းလေးကို ပြန်ပြော ပြပေးနေတာပါ။ ငယ်ငယ်လေးတည်းက မိဘအုပ်ထိန်းမှုတွေ ထူးဆန်းတာရယ်၊ မိဘတွေ အဆင်မပြေဖြစ်တာတွေ ရန်ဖြစ် တာတွေ နောက်ဆုံးကွာရှင်းတာအထိ ကြုံတွေ့ဖူးထားတာရယ်နဲ့ အခု ဟယ်လင်တစ်ယောက်ဟာ တကယ်ကို ထူးထူးခြားခြား နေထိုင်နေသူဖြစ်ပါတယ် (မိုက်မိုက်ရူးရူးနေတယ်လို့ပြောရင် ပိုမှန်မလား)။ သူ့ရဲ့တစ်ကိုယ်ရည်သန့်ရှင်းမှုအပေါ်မှာ မသန့်ရှင်းတဲ့ အရာတွေနဲ့ စမ်းသပ်မှုတွေလုပ်နေပြီး ဆယ်ကျော်သက်လေး တစ်ယောက်ဖြစ်သည့်အလျောက် သူ့ရဲ့လိင်ပိုင်းဆိုင်ရာအပေါ်မှာလည်း ပုံမှန်လူတွေနဲ့မတူတဲ့ သဘောထားတွေ ရှိတဲ့သူပါ။ သူ့မှာ လိပ်ခေါင်း ရောဂါလည်းရှိပြီး တစ်နေ့တော့ အမွေးရိတ်တာကနေ anal fissure လို့ခေါ်တဲ့ စအိုကအရေးပြားမှာ ပေါက်သွားပြီး ဆေးရုံရောက်သွားတယ်။ ဆေးရုံမှာ သူ့မိဘတွေအတူ ပြန်လည်ပေါင်းစည်းနိုင်ဖို့ ကြိုးစားတာတွေ၊ သူ့ရဲ့ သူနာပြုကောင်လေး ရော်ဘင်ကို ချစ်မိသွားတာလေးတွေ ကြည့်ရှုရမှာပါ။ ဒီဇာတ်လမ်းဟာ 2008 ခုနှစ်တုန်းက ဂျာမနီမှာ ထုတ်ဝေခဲ့တဲ့ စာအုပ်ကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်လမ်းကို “စာအုပ်တစ်အုပ်အနေနဲ့ဖတ်ဖို့ရော ဇာတ်လမ်းတစ်ပုဒ်အနေနဲ့ရော ကြည့်ရှုဖို့က မသင့်တော်ပါဘူး၊ ဝမ်းနည်းဖွယ်ရာလူ့အဖွဲ့အစည်းရဲ့ ရောင်ပြန်သက်သက်ပြသခြင်းဖြစ်ပါတယ်”တဲ့။ ညစ်ညမ်းမှုတွေ လိင်အသားပေးမှုတွေနဲ့ မိဘတွေကို ပြန်လည်ပေါင်းစည်းပေးချင်တဲ့ ဆယ်ကျော်သက်လေးအကြောင်းကို ရိုက်ကူးပြထားတာဖြစ်ပါတယ်။ ပုံမှန်လူ့အဖွဲ့အစည်းမှာ တွေ့ရခဲတဲ့ ဆယ်ကျော်သက်လေးအကြောင်းကို “အို ဘယ်လိုကြီးလဲ …. Omg“ ဒါမျိုးတပြီး ကြည့်ရမယ့် ဇာတ်လမ်းပဲ ဖြစ်ပါတယ်။ (လိင်အသားပေးမှုများတာကြောင့် ၁၈နှစ်အောက် ကလေးများ ကြည့်ရှုရန်မသင့်တော်ပါ၊ မိဘများနဲ့ ကြည့်ရှုရန်မသင့်တော်ပါ။ ဒီဇာတ်လမ်းထဲမှ ကျန်းမာရေးနဲ့မညီညွှတ်သည့်အကြောင်းအရာ များကို တုပလုပ်ဆောင်ရန် မသင့်တော်ပါ။) ( ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသူက Orika ဖြစ်ပါတယ် ) File size…1.67GB / 674MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 49m Genre ..... Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Orika

Comedy • Drama
5.2 2013 109 mins
Wetlands
Black Panther: Wakanda Forever
7.2

မာဗယ် Phase 4 ရုပ်ရှင်အသစ်တစ်ခုဖြစ်တဲ့ ဘလက်ပန်သာ-၂ ကို တင်ပေးထားပါပြီ။ ဇာတ်လမ်းအညွှန်း အားလုံးပဲ ဘလက်ပန်သာရဲ့ မင်းသားကြီး ချက်ဒ်ဝစ်ခ် ဘို့စ်မန် ကွယ်လွန်သွားခဲ့တာကိုသိမှာပါ။ အဲဒီအတွက်လည်း မာဗယ်စတူဒီယိုက ဒီရုပ်ရှင်ထဲမှာ အမှတ်တရတွေ သေချာထည့်ပေးထားပါတယ်။ အခု ဆက်ကြည့်ရမှာကတော့ ဝါကန်ဒါမှာ အားအနည်းဆုံးအချိန်၊ ဘလက်ပန်သာ မရှိတော့သလို နောက်ထပ် ပေါ်လာဖို့လည်း နှလုံးသားပုံဆေးရွက်တွေ မီးရှို့ခံထားရတဲ့အချိန်မှာ ဘုရင်ကြီးတီချာလာရဲ့ မယ်တော် အာမွန်ဒါဟာ ဗိုင်ဘရေနီယံကို မက်မောနေကြတဲ့ ကမ္ဘာတစ်ခုလုံးကို ကြံ့ကြံ့ခံ ရင်ဆိုင်နေချိန်ပဲဖြစ်ပါတယ်။ အဲဒီအချိန်မှာပဲ ကမ္ဘာပေါ်က နိုင်ငံတိုင်းထက် အင်အားကြီးပြီး တိုးတက်နေတဲ့ နိုင်ငံအသစ်တစ်ခုနဲ့ ရင်ဆိုင်ဖို့ကြုံလာပါတော့တယ်။ ဝါကန်ဒါလိုပဲ ဗိုင်ဘရေနီယံတွေ ပိုင်ဆိုင်ပြီး သန္ဓေပြောင်းလူသားတွေနေထိုင်တဲ့ ရေအောက်မြို့တော် တာလိုကန်နဲ့ သူတို့ရဲ့ ခေါင်းဆောင် နေမော် (ခေါ်) ကုကုကန် ပါပဲ။ ပြီးတော့ နောက်ပိုင်းမှာ MCU villain အဖြစ်လာမယ့် ဗဲလ်၊ အိုင်ရွန်မန်းကိုဆက်ခံမယ့်သူ၊ ဘလက်ပန်သာကို ဆက်ခံမယ့်သူတွေအားလုံးကိုလည်းအစပျိုးသွားတာမို့ MCU ရဲ့ ခရီးရှည်ကြီးကို ဆက်ပြီးခံစားရဦးမှာပါပဲ။ ကြည့်လိုက်ကြပါဦး။ File size…(2.4 GB)/(1.1 GB) / 784MB   / 6.25GB Quality….Bluray 1080p / 720p / 480p / 4K Format…mp4 Duration….02:41:00 Genre...Action, Adventure, Superhero Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson

Comedy • Drama
7.2 2022 162 mins
Black Panther: Wakanda Forever
The Grandmother
5.9

ဇာတ်စစအဖွင့်မှာ အဘွားကြီးတစ်ယောက်က သူ့ သူငယ်ချင်းအိမ်ကို အလည်သွားတယ်။ အဲဒီကိုရောက်တော့ သူ့သူငယ်ချင်းက ကြမ်းပြင်မှာ သေနေပြီ။ ဒါပေမဲ့ သူ မျက်နှာတစ်ချက်မှ ပျက်မသွားဘူး။ ပြီးကျ အခန်းထဲက ကောင်မလေးတစ်ယောက် ကိုယ်လုံးတီးနဲ့ ထွက်လာတယ်။ အဘွားကြီးဟာ ကောင်မလေးကိုကြည့် အားရပါးရပြုံးရင်း ကောင်မလေးရဲ့ အောက်ပိုင်းကို နမ်းလိုက်တယ်။ အဲဒီအဘွားကြီးမှာ မြေးမလေးတစ်ယောက်ရှိတယ်။ ကောင်မလေးရဲ့ အဖေအမေတွေက ဆုံးသွားတာကြာပြီ။ သူတို့နှစ်ယောက်တည်း ဆွေရယ်မျိုးရယ်ကျန်ခဲ့တာပေါ့။ ကောင်မလေးက မော်ဒယ်လုပ်တယ်။ တစ်နေ့ကျ အဘွားကြီး ဦးနှောက်ထိသွားပြီ သိပ်မလှုပ်နိုင် စကားမပြောနိုင်တော့လို့ ဆရာ၀န်က ကောင်မလေးကို ခေါ်လိုက်တယ်။ ကောင်မလေးက သူ့အဘွားကို ပြုစုပေးရင်း သူ့အဘွားနဲ့ နေရဖို့ အကြောင်းဖန်လာတယ်။ ဒီလိုနဲ့ ကောင်မလေးဟာ နေမကောင်းတဲ့ သူ့အဘွားကို ပြုစုရင်း ထူးဆန်းတာတွေ ဖြစ်လာခဲ့တယ်။ Jump Scare သိပ်မသုံးထားဘဲ အဖွားနဲ့မြေးကြားတင် တစိမ့်စိမ့် ရင်တုန်ရအောင် ရိုက်ထားတဲ့ ကားကောင်းပါ။ ဇာတ်ကိုလည်း မှန်းရလွယ်သလို ဖြစ်အောင် လုပ်ထားပေမဲ့ ‌ရင်ဖိုစရာအတော်ကောင်းပါတယ်။ မခြောက်ဘဲလည်း ရင်တုန်ရတာတွေပါပါတယ်။ ကောင်မလေးက သူ့အဘွားပုံကို ကြည့်တဲ့အခန်းမှာတောင် နောက်ခံအသံနဲ့ပေါင်းစပ်ပြီး ရင်တုန်စရာတကယ်ကောင်းပါတယ်။ ပညာသားပါပါနဲ့ ခြောက်ပြထားသလို ဝုန်းခနဲလည်း ခြောက်ပြထားတဲ့ ဟော်ရာကားကောင်း တစ်ကားပါပဲ။ Horror ကား Rating 6 ပါ။ သို့ပေမဲ့ စစကတည်းက ဘောင်မ၀င်တဲ့ User rating တွေကို ဖယ်ထားလိုက်ပါ။ အဲဒီ Rating ဘေးမှာ Critic Review ဆိုတာ ရှိပါတယ်။ ၀င်ကြည့်လိုက်ပါ။ 4/5 တွေ 4.5/5 တွေချည်း ပေးထားတာပါ။ ဒီလိုပေးဖို့လည်း တကယ်တန်ပါတယ်။ ဒါရိုက်တာကလည်း ဟော်ရာလိုင်းမှာ နာမည်ရှိတဲ့ Rec ကားတွေကို ရိုက်ခဲ့တဲ့ Paco Plaza ပါပဲ။ Size - 1.24GB, 591MB Quality - 1080p, 720p Format - mp4 Duration - 1H 40Min Genre - Horror Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

Action • Drama • Thriller
5.9 2022 101 mins
The Grandmother
Death Sentence
6.7

တရားမျှတမှုဆိုတာကို ဥပဒေကမပေးစွမ်းနိုင်ရင် သင်ဘာလုပ်မှာလဲ။ ပြည့်စုံတဲ့မိသားစုဘဝရထားတဲ့ စီးပွားရေးသမားတစ်ယောက်ဟာ ဓားပြမှုတစ်ခုကြောင့် မိသားစုဝင်ဆုံးရှုံးလိုက်ရပြီး သာမန်ဓားပြမှုမဟုတ်တာကို သိလိုက်ရတဲ့အပြင် တရားခံဟာလည်း ထိုက်သင့်တဲ့ပြစ်ဒဏ်ချမှတ်မခံရတဲ့အခါ အဆုံးမရှိတဲ့ ကလဲ့စားလမ်းကိုလျှောက်ဖို့ ဖြစ်လာပါတော့တယ်။ Saw, Fast&furious 7, Aquaman စတာတွေနဲ့ နာမည်ကြီးခဲ့တဲ့ဒါရိုက်တာ James Wan ရဲ့ action thriller ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းပိုင်းခေါင်းမစားချင်ပဲ ပစ်တာခတ်တာကလဲ့စားချေတာ ပွဲကြမ်းပြတာတွေကြည့်ချင်နေသူတွေ အကြိုက်တွေ့စေမယ့်ကားတစ်ကားဖြစ်ပါတယ်။ File size…2.03Gb / 1Gb Quality…1080p BluRayx264 AAC 5.1CH Format…mp4 Duration….1h 45m Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Pyi T Nyein

Thriller
6.7 2007 105 mins
Death Sentence
The Admiral
7

The Admiral (2015) ============== IMDb Rating – 7.0/10 ဒီဇာတ်ကားကို စ​ရေးမယ့်အချိန် ပိုစတာကိုမြင်​တော့ နည်းနည်း​လေး အင်တင်တင်ဖြစ်သွားမိတာ အမှန်ပါ။ ဒီဇိုင်းကာလာ အ​နေအထားက ဒီဘက်​ခေတ်ထွက် ​​ပေါ​ပေါပဲပဲစတိုင် ဖြစ်​နေတာမဟုတ်လား။ ဒီလိုနဲ့ Google​ ​ပြေး​ခေါက်၊ စာ​လေးဘာ​လေး​ပြေးရှာ​တော့ တို့များဖန်​တွေ အ​​ပေးများတယ်ဆိုတဲ့ IMDbက 7၊ Review ဆရာကြီးများ ရှိ​နေတဲ့ ခရမ်းချဉ်သီးပုပ်က67%ဆို​တော့ နည်းနည်းစိတ်ဝင်စားသွားမိတယ်။ နယ်သာလန်ကားဆို​တော့ မြင်​တွေ့​နေကျ အ​နောက်တိုင်းရုပ်ရှင်တွေ၊ အ​တွေ့နည်းတယ်ဆိုတဲ့ ပြင်သစ် တူရကီစသဖြင့်ထက် ရှား​တဲ့အပြင် ဆု၂ဆုနဲ့ nomi ၄ခုထိ စာရင်းဝင်ထား​တော့ သူများဂျင်းမထည့်ခင် ကိုယ်အရင်အထည့်ခံရမှာလန့်ရင်း ​စ​ရေးတယ်​​ပေါ့။ ဇာတ်လမ်းက ၁၇ရာစုနှစ်ကို အ​ခြေခံထားပြီး နယ်သာလန်​​ရေတပ်ရဲ့ ဗိုလ်ချုပ်ဖြစ်တဲ့ မီခယ်ဒီရိုက်တာကို အသား​ပေးရိုက်ကူးထားတာပါ။ ပ​ဒေသရာဇ်​​တွေကြီးစိုး​နေ​​သေးတဲ့ အချိန်မျိုးမှာ ရီပတ်ဘလစ်စနစ် စတင်အ​ကောင်အထည်​ပေါ်​​နေပြီဖြစ်တဲ့ နယ်သာလန်​ပြည်ကြောင့်ပဲ ဒီဇာတ်ကားထဲက အရှုပ်ထုတ်​တွေ စဖြစ်ခဲ့တယ်လို့ ဆိုရမှာပါပဲ။ သက်ဦးဆံပိုင်စနစ်ဘက်က မင်းမျိုးမင်းနွယ် ​​Prince of Orangeနဲ့ ပါတီနိုင်ငံ​ရေးစနစ်ဘက်က ရီပတ်ဘလစ်ကန်​တွေ ပွတ်တိုက်လာမှုရဲ့ အကျိုးဆက်အဖြစ် ပြည်တွင်းစစ်မီးက ​တောက်လုဆဲဆဲ ဖြစ်သလို တစ်ဖက်မှာလည်း ​ဟော်လန်ရဲ့ ​ရေ​ကြောင်းကုန်သွယ်​ရေးလုပ်ငန်းနဲ့ လွတ်လပ်တဲ့ ရီပတ်ဘလစ်စနစ်ကို မျက်မုန်းကျိုး​နေတဲ့ အင်္ဂလိပ်နဲ့ ပြင်သစ်​တွေက ​ရေ​ကြောင်းထိုးစစ်​တွေနဲ့ ကျူး​ကျော်​နေတာ​ကြောင့် ပြည်ပရန်ကိုလည်း တပြိုင်တည်းရင်ဆိုင်​​နေရတယ်လို့ ​ပြောရမှာပါ။ ဒီအချိန်မှာ ပြည်တွင်း​ရေးကို ဝန်ကြီးချုပ် ယိုဟန်ဒီဗစ်က ထိန်းကာ ပြည်ပရန်ကို​တော့ ​ရေ​ကြောင်းတိုက်ပွဲများစွာ ဆင်နွှဲခဲ့ဖူး ​နိုင်ခဲ့ဖူးတဲ့ မီခယ်ဒီရိုက်တာကို ​ရေတပ်ဗိုလ်ချုပ်အဖြစ်ခန့်အပ်ပြီး ကာကွယ်ခိုင်း ခဲ့ပါတယ်။ ဒီဇာတ်ကားထဲမှာ ဒီရိုက်တာရဲ့ စစ်​သေနင်္ကဗျူဟာ​တွေ၊ သင်္ဘောတိုက်ပွဲအမိုက်စားကြီး​တွေ ကြည့်ရှုရမှာဖြစ်သလို တစ်ဖက် ပြည်တွင်း​ရေးမှာ ရီပတ်ဘလစ်ဝန်ကြီးချုပ်နဲ့ အောရိန့်မင်းသားတို့ရဲ့ အာဏာအားပြိုင်မှု​​တွေကိုလည်း မြင်​တွေ့ရမှာဖြစ်ပါတယ်။ ဒတ်ချ် ဇာတ်ကားဆို​ပေမယ့် ဇာတ်လမ်းအသွားအလာက ခပ်သွက်သွက်နဲ့ တမျိုးကြည့်​ကောင်းပါတယ်။​ ​သင်္ဘောတိုက်ပွဲ​​တွေလည်း ခဏခဏ ဖြစ်​နေတာ​ကြောင့် ပြည်တွင်းပြည်ပ အ​ရေး၂ခုက Non-stopဇာတ် ပုံစံ ဇာတ်ရှိန်က ​တောက်​လျောက်တက်​​​နေတာပါ။ ပ​ဒေသရာဇ်​ခေတ်ပုံစံလည်း ဖြစ်ရမယ်၊ နိုင်ငံ​ရေးအားပြိုင်မှု​တွေကို စိတ်ဝင်စားတယ်။ ​ရေ​တိုက်ပွဲ​တွေကိုလည်း သ​ဘောကျတယ်ဆိုရင် ဒီဇာတ်ကားက ရထားတဲ့ rating​တွေနဲ့ သူ့အိုးနဲ့သူဆန် တန်တယ်လို့ ​ပြောနိုင်ပါတယ်။ ကြာချိန်ကလည်း ၂နာရီခွဲနီးပါးရှိပြီး ဇာတ်အိမ်က ခိုင်လို့ အကြိုက်​တွေ့တဲ့သူ​တွေ ရှိမယ့်ဇာတ်ကားပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ JimX ဖြစ်ပါတယ်)

Crime • Documentary • Drama
7 2015 128 mins
The Admiral
Pink Moon
7

Pink Moon (2022) ~ IMDb rating – 7/10 ~ 2022 မှာထွက်ရှိထားပြီး ဆု​တွေလည်းရ၊ Rating လည်း​ကောင်းတဲ့ Pink Moon ဆိုတဲ့ဒရာမာကား​လေးက​တော့ ဖခင်နဲ့ သားသမီးတို့ကြား​မေတ္တာ​ကို ထိထိမိမိရိုက်ပြထားတာမို့ ဒရာမာကြိုက်သူ​တွေအကြိုက်​​တွေ့​စေမယ့် ကား​လေးတစ်ကားဖြစ်ပါတယ်။ ~ ဇာတ်လမ်းအညွှန်း ~ သမီးဖြစ်သူ အီရစ်တစ်​​ယောက် ရုတ်တရက် အ​ဖေဖြစ်သူဂျန် ကိုယ့်ကိုယ်ကိုယ်သတ်​သေမယ့်အ​ကြောင်း ဖွင့်​​ပြောတာကို ခံလိုက်ရတဲ့အခါ အ​ဖေဖြစ်သူရဲ့ ဆုံးဖြတ်ချက်ကို လက်ခံနိုင်ခဲ့လား… အ​ဖေဖြစ်သူရဲ့ ဆုံးဖြတ်ပြီးသားစိတ်ကို​ပြောင်း​အောင် ဘယ်လို​တွေလုပ်ခဲ့လဲ… အ​ဖေဖြစ်သူရဲ့ စိတ်ကို​ရော ​ပြောင်းပစ်နိုင်ခဲ့လား… နဲ့ သမီးတစ်​ယောက်အ​နေနဲ့ အ​ဖေကို ဆုံးရှုံးရမှာကို ဘယ်လိုမျိုး ရင်ဆိုင်​ကျော်လွှားခဲ့လဲ… ဆိုတာ​တွေကို ထိထိမိမိရိုက်ပြထားတဲ့ နယ်သာလန် ဒရာမာကား​ကောင်း​လေးတစ်ခုပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 795MB Quality – 1080p, 720p IMDb Rating – 7/10 Format – mp4 Duration – 1H 35Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by DB Encoded by Y

7 2022 95 mins
Pink Moon
Taeter Burger
5.5

ဒီဇာတ်ကားကတော့ Necrostorm production က ထုတ်တဲ့ ဇာတ်ကားတစ်ကားပါ။ သူ့ရုပ်ရှင်တွေဟာဆိုရင် တစ်ကားလုံးသတ်မယ်ဖြတ်မယ် သွေးသံတရဲရဲကိုသာ ဦးစားပေးရိုက်ပြသွားတဲ့ကားတွေပါ…။ ဇာတ်လမ်းအကျဥ်းကိုပြောပြရရင်… သက္ကရာဇ် ၂၁၆၁ခုနှစ်အရောက်မှာတော့ ကမ္ဘာကြီးဟာ ပျက်သုဥ်း လုနီးပါးအခြေအနေကိုရောက်ရှိနေပြီး အုပ်ချုပ်ရေးယန္တရားများ၊ စီးပွားရေးယန္တရားများလည်းမလည်ပတ်နိုင်တော့ပါဘူး ဒီလို အခြေအနေမှာရာဇဝတ်မှုတွေပေါများလာတာနဲ့အညီ စားနပ်ရိက္ခာ ပြတ်လပ်မှုကိုလည်းကြုံနေရပါတယ်…။ လက်ကျန်အစိုးရအနေနဲ့ ဒီပြဿနာကိုဖြေရှင်းဖို့အတွက် ရာဇဝတ်သားများကို သုတ်သင်ရှင်းလင်းပြီး ရရှိတဲ့အသားတွေနဲ့ ကျန်ရှိနေတဲ့ပြည်သူတွေကို ကျွေးမွေးထားပါတယ်…။ အချိန်တွေကြာလာတော့ ရာဇဝတ်သားတွေ တဖြည်းဖြည်းနည်းသွားသလို စားနပ်ရိက္ခာလိုအပ်မှုကပိုပြီးကြီးထွားလာပါတယ် ဒီပြဿနာကိုရော ဘယ်လိုဆက်ပြီးဖြေရှင်းကြမလဲဆိုတာကိုရှာရင်းကြံရင်းနဲ့… ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာကြည့်ရှုနိုင်ပါပြီ….။ File size…1.59 GB / 812 MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 15m Genre ….. Action , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

TV Movie • Comedy • Romance
5.5 2023 75 mins
Taeter Burger
Yasha My Deepestlove
5.7

မရိုးနိုင်တဲ့ မိစ္ဆာမလေးနဲ့ မိစ္ဆာနှိမ်နင်းသူတို့ကြားချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့။ ဒီဇာတ်ကားမှာတော့ ဒဏ္ဍာရီလာယက္ခဆိုတဲ့ပုံရိပ်အတိုင်းဇာတ်ရုပ်တွေကို အကျည်းတန်ပြီး ရက်စက်ကြမ်းကြုတ်တဲ့ပုံစံအတိုင်း ဖန်တီးထားတာဖြစ်ပါတယ်။ မိန်းမလှတစ်ယောက်ကို မင်္ဂလာဆောင်ဖို့ဝေါယာဉ်နဲ့ကြိုလာတဲ့အချိန်မှာ ယက္ခစစ်သည်တွေဝင်တိုက်ခိုက်တာခံရပြီး သတို့သမီးလုခံလိုက်ရပါတယ်။ မိစ္ဆာနှိမ်နင်းသူကကိုယ်လူချောကသူ့ရဲ့သတို့သမီးလေးကိုပြန်ကယ်ဖို့ရာ မိစ္ဆာတိုင်းပြည်ကိုတစ်ကိုယ်တည်းလိုက်သွားပြီး သက်စွန့်စံဖျား ကယ်တင်တဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ Visual Effectတွေကသိပ်အကောင်းကြီးမဟုတ်ပေမယ့် လူမှာလဲအကောင်းအဆိုးရှိသလို မိစ္ဆာမှာလဲအကောင်းအဆိုးရှိပြီးတော့ အချစ်အကြောင်းကိုသေချာဖော်ကြူးထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်

5.7 2024
Yasha My Deepestlove
The Origin of The Legend Of Meng Po
5.8

လူတွေသေဆုံးပြီးတဲ့အခါ လက်ရှိဘဝကမှတ်ဉာဏ်တွေကိုမေ့ပျောက်ပစ်ပြီး ပြန်လည်ဝင်စားဖို့အတွက် မုန့်ဖော်ဟင်းရည်ကိုသောက်ပြီး မေ့လျော့ခြင်းမြစ်ကူးတံတားကိုကူးကြရတယ်ဆိုတဲ့ တရုတ်ဒဏ္ဍာရီတစ်ခုကို ကြားဖူးကြမယ်လို့ထင်ပါတယ် ။ ဒီဇာတ်ကားကတော့ အဲဒီမုန့်ဖော်ဟင်းရည်ရဲ့ မူလအစက ဘယ်ကဖြစ်တည်လာတယ်ဆိုတဲ့ သမိုင်းကြောင်းကိုရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ။ သေဆုံးပြီးသားဝိဉာဉ်တွေက မုန့်ဖော်ဟင်းရည်ကိုသောက် သေဆုံးခဲ့တဲ့ဘဝတစ်ခုလုံးကမှတ်ဉာဏ်တွေကို မေ့ပြီးတော့ လူဝင်စားဖို့လုပ်ဆောင်ရပါတယ် ။ သေချာပေါက်ပေါ့.. ဒီဘဝရဲ့မှတ်ဉာဏ်တွေကို မေ့မပစ်နိုင်တဲ့သူတွေ ၊ အစွဲအလမ်းတွေရှိလို့ ကျန်ခဲ့တဲ့သူတွေကို စိတ်မချကြတဲ့ဝိဉာဉ်တွေကတော့ မုန့်ဖော်ဟင်းရည်ကိုမသောက်လိုကြပါဘူး ။ အဲဒီလိုမသောက်လိုတဲ့အခါမှာ မေ့လျော့ခြင်းမြစ်ရဲ့ အောက်ဘက်က ဝမ့်မြို့တော်မှာ နှစ်တစ်ထောင် အတိဒုက္ခခံစားကြရပါတယ် ။ ဒီလိုနဲ့ နှစ်တစ်ထောင်ပြည့်တဲ့နေ့မှာ မုန့်ဖော်ဟင်းရည်တိုက်ကျွေးသူ မုန့်ဖော်အမည်ရတဲ့နတ်သမီးက ဝမ့်မြို့တော်တံခါးကိုဖွင့်ပြီး အထီးကျန်ဝိဉာဉ်တွေနဲ့ဝိဉာဉ်ရိုင်းတွေကို မုန့်ဖော်ဟင်းရည်ထပ်တိုက်ပြီး ဘဝကူးပေးဖို့လုပ်ဆောင်ရပြန်တယ် ။ မထင်မှတ်ထားတာကတော့ ဝမ့်မြို့မှာအဖမ်းခံထားရတဲ့ နတ်ဆိုးဘုရင်ရှိုးလော်ဟာ ပြန်လည်နိုးထလာခဲ့ပြီး မုန့်ဖော်ကိုတိုက်ခိုက်လာပါတော့တယ် ။ တချိန်တည်းမှာပဲ အသက်ရှိဝိဉာဉ်တစ်ကောင်ကလည်း ဝမ့်မြို့တော်ကိုရောက်ရှိနေပါသေးတယ် ။ ယမမင်းနေရာကိုလိုချင်နေတဲ့ ရှိုးလော်ကမုန့်ဖော်ကိုဘယ်လိုစီရင်သွားမလဲ ? အသက်ရှိဝိဉာဉ်ကရောဘယ်သူဖြစ်မလဲ ? ယမမင်းနဲ့ရှိုးလော်ကြားက ပြိုင်ဆိုင်မှုတွေကြား မုန့်ဖော်တစ်ယောက် ဘယ်လိုအဆုံးသတ်နဲ့ကြုံရမလဲဆိုတာကို ဇာတ်ကားလေးထဲမှာ ဆက်လက်ကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ပါရစေ ။

Drama • Romance • Family
5.8 2024
The Origin of The Legend Of Meng Po
The Woodmen

ဟော်ရာရုပ်ရှင်တွေကို ရေးသားရိုက်ကူးတဲ့ ဒါရိုက်တာ Joshua Bruckerရဲ့ ဒိုကူဆန်ဆန်ရိုက်ကူးထားတဲ့ ဟော်ရာရုပ်ရှင်တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ တောနက်ကြီးတစ်ခုက တောင်တန်းတွေဆီမှာ အမည်မသိတဲ့မျိုးစိပ်တစ်ခုနေထိုင်တယ်လို့ သတင်းတွေရှိပါတယ်။ အဲဒီဒေသမှာ ဘာအကြောင်းရယ်ကြောင့်မသိရဘဲ လူတွေကို ခေါ်ဆောင်သွားတာမျိုးတွေလည်း ကြုံနေရတယ်။မျက်မြင်ကြုံတွေ့လိုက်ရတယ်လို့ ပြောကြပေမဲ့ ကောလဟလသာသာပဲဖြစ်နေခဲ့တယ်။ ဒါကြောင့်ပဲ သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင် လာနာနဲ့ အဖော်တစ်ယောက် ဒီတောကြီးထဲမှာ အကြောင်းအရင်းအစစ်အမှန်ကို သုတေသနပြုရှာဖွေရင်း ရက်ရက်စက်စက်သတ်ဖြတ်ခံလိုက်ရတဲ့ ဗီဒီယိုကို တောင်ခေါင်းတစ်ယောက်တွေ့ခဲ့ရာကစပြီး… မတူညီတဲ့နောက်ခံကိုယ်စီနဲ့ ပညာရှင်တွေ ဒီတောထဲကို စူးစမ်းလေ့လာဖို့ ကိုယ်စီရောက်လာကြချိန်မှာတော့…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.4 GB)/(740 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:15:00 Genre…Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo

0 2023
The Woodmen
6 Hours Away
5.4

6 Hours Away [2024] (IMDb – 5.7/10) ခရစ်နဲ့ ဆာရာတို့ဟာ မာယာဆိုတဲ့ သမီးလေးတစ်ယောက်နဲ့အတူ ပျော်ရွှင်တဲ့မိသားစု ဘဝလေးကို တည်ဆောက်ထားကြပါတယ်… တစ်နေ့ ဆာရာ အလုပ်ကိစ္စနဲ့ ခရီးသွားတုန်း… FBI အေးဂျင့်နှစ်ယောက်က ခရစ်ဆီရောက်လာပြီး သူတို့ ဆာရာကို စောင့်နေတာ ကြာပြီးဖြစ်ကြောင်းနဲ့ ဆာရာဟာ လာဘာကာ မူးယစ်ဂိုဏ်းမှာ အရေးကြီးတဲ့အခန်းကဏ္ဍက ပါဝင်ပက်သက်နေတဲ့ ရာဇဝတ်ကောင်အကြီးစားကြီး ဖြစ်ကြောင်း၊ အခုတော့ လုပ်ကြံမှုတစ်ခုအတွင်းမှာ သေဆုံးပျောက်ကွယ်သွားကြောင်း အသိပေးသွားပါတယ်… ခရစ်ဟာလည်း ဒီစကားတွေကို မယုံကြည်ပေမယ့် ဇနီးသည်နဲ့ကလည်း အဆက်အသွယ်မရ ဖြစ်နေခဲ့ပါတယ်… ဒီနောက်မှာတော့ ထူးဆန်းတဲ့ ဖုန်းကောလ်ကြောင့် ဂျိမ်းမောင့်ဂိုမာရီကို လိုက်ရှာပါတော့တယ်… ဂျိမ်းဟာ မူးယစ်ဂိုဏ်းခေါင်းဆောင်ဖြစ်ပြီးတော့ ဆာရာကို အသက်ရှင်လျက် ပြန်တွေ့ချင်ရင် ဂျိမ်းရဲ့ပြိုင်ဘက်ဂိုဏ်းက အဖွဲ့ဝင် ၆ယောက်ကို ၆နာရီအတွင်း သတ်ပေးရမယ်လို့ ခိုင်းစေပါတော့တယ်… ဒီလိုနဲ့ တချိန်က မရင်းတပ်သားတစ်ယောက်ဖြစ်ခဲ့ဖူးတဲ့ ခရစ်လည်း ဇနီးသည်ကို ပြန်လည်ကယ်တင်နိုင်ရေးအတွက် မူးယစ်ရာဇာရဲ့ လုပ်ကြံသတ်ဖြတ်ရေးသမားအဖြစ် တာဝန်ထမ်းဆောင်လိုက်ပါတော့တယ်… ၆နာရီအတွင်းမှာ သူသတ်ရမယ့် လူတွေဟာ မူးယစ်ဂိုဏ်းဝင်တွေဖြစ်တာကြောင့် အခက်အခဲမျိုးစုံကို ရင်ဆိုင်ရင်း မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေလည်း ပါဝင်တာမို့ ပရိသက်ကြီးတို့ကိုယ်တိုင် ရှုစားလိုက်ကြပါဦးခင်ဗျာ အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။ Genre….. Action, Thriller Quality…. 1080p | 720p File size… 1.3GB | 684MB Format… mp4 Duration…. 1h 32min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Tun Aung Kyaw Encoder ….. Aaron

5.4 2024
6 Hours Away
On Deadly Ground

မင်းသားကြီး Steven Seagalရဲ့ အက်ရှင်ကားဟောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ခရစ်ရှန်ဘေးလ်ရဲ့ ဘတ်မန်းရုပ်ရှင်တွေထဲက အိမ်တော်ထိန်းကြီးမစ္စတာအဲလ်ဖရက်ကြီးတစ်ယောက် ဒီထဲမှာတော့ ဗီလိန်ကြီးအဖြစ် ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းပြောရရင် သယံဇာတပေါကြွယ်လှတဲ့ အလက်စကာပြည်နယ်မှာ အေးဂျက်စ်ရေနံကုမ္ပဏီကြီးတစ်ခုရှိတယ်။ ရေနံတူးစင်မှာ မကောင်းတဲ့စက်ကိရိယာတွေကို အသုံးပြုထားတဲ့အတွက် လူတွေသေ၊ သမုဒ္ဒရာထဲကို ဆီတွေယိုဖိတ်၊ သဘာ၀ပတ်ဝန်းကျင်ညစ်ညမ်းရပေမဲ့ အရေးယူခြင်းမခံရပါဘူး။ ဖောရက်စ်ကတော့ အေးဂျက်စ်ရေနံကုမ္ပဏီရဲ့ ပြဿနာတွေကို ရှာပြီးဖုံးဖိပေးရတဲ့သူ။ သူ့အလုပ်သူလုပ်ပြီး ဘ၀ကိုအေးဆေးစွာ ဖြတ်သန်းနေပေမဲ့ ကုမ္ပဏီရဲ့ လူမဆန်တဲ့လုပ်ရပ်တွေကို သိလာရတဲ့အခါ။ ကုမ္ပဏီကပါ သူ့ကိုအသက်အန္တရာယ်ပြုလာတဲ့အခါမှာတော့။ အရင်တုန်းက မင်းသားကြီး စတီဗင်ဆေးဂဲရဲ့ အသတ်အပုတ် အတိုက်အခိုက်တွေကို ပြန်လည်ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyo ဖြစ်ပါတယ်) File size…(1.8 GB)/(970 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:41:00 Genre… Action, Adventure, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Pyae Phyo

0 1994 101 mins
On Deadly Ground
Raju Yadav
5.4

Raju Yadav 2024 (အပြုံးမင်းသားလေးရာဂျူး) ယခုတစ်ခါမှာတော့ ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ တေလဂူဟာသကားကောင်းလေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ ရာဂျူးဆိုတဲ့ကောင်လေးဟာ ခရစ်ကတ်ကစားရင်း ဘောလုံးမှန်သွားရာက မိဘတွေက ဆေးခန်းလိုက်ပြပေးရာမှာ ဆရာဝန်က ဆေးရုံကိုလွှတ်ပေမယ့် အကုန်အကျများမှာ စိုးရိမ်ပြီး ဆေးခန်းကဆရာဝန်ကိုပဲ ကုသပေးဖို့ တောင်းဆိုကြပါတယ်။ သွားနှစ်ချောင်းကျိုးသွားပြီး သွေးထွက်မတိတ်တဲ့အတွက် သွေးကြောကို ချုပ်ရတဲ့အခါမှာ ဆရာဝန်ရဲ့လက်စွမ်းပြမှုကြောင့် ရာဂျူးဟာ ပြုံးပြုံးကြီးဖြစ်သွားပါတော့တယ်။ သူဟာ စားလည်းပြုံးပြုံးကြီး၊ အိပ်လည်း ပြုံးပြုံးကြီး၊ ဝမ်းနည်းလည်းပြုံးပြုံးကြီး ၊ ပျော်လည်းပြုံးပြုံးကြီးဖြစ်နေတဲ့အတွက် တခြားဒေါက်တာနဲ့ သွားရောက်ပြသတဲ့အခါမှာ ခွဲစိတ်မှပဲ သက်သာမှာဖြစ်ပြီး ၃-၄သိန်းလောက်ကုန်ကျမယ်ဆိုတဲ့အခါမှာ ငွေကြေးခက်ခဲတဲ့ သူတို့မိသားစုအတွက် အခက်ကြုံရပါတော့တယ်။ ဒီလိုနဲ့ အမြဲပြုံးပြုံးကြီးနေရတဲ့ ရာဂျူးဟာ ကောင်မလေးတစ်ယောက်ကို ချစ်မိသွားတဲ့အခါမှာတော့ ……. အမြဲတမ်း ပြုံးပြုံးကြီးဖြစ်နေတဲ့ သူ့ဘဝမှာ သူချစ်တဲ့ကောင်မလေးဝင်ရောက်လာနိုင်ဖို့ ဘယ်လိုနည်းလမ်းတွေနဲ့ ကြိုးစားသွားမလဲ ….. သူ့မျက်နှာအနေအထားကို ပြင်ဆင်နိုင်ဖို့အတွက်ရော လိုအပ်တဲ့ပိုက်ဆံကို ရှာဖွေနိုင်မှာလား …… အမြဲပြုံးပြုံးကြီးဖြစ်နေတဲ့ မျက်နှာကြီးနဲ့ သူ့ဘဝကို ဘယ်လိုတွေ ဖြတ်သန်းသွားမလဲ…… ဆိုတာတွေကို ကြည့်ရှုရမယ့် ဟာသဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)

5.4 2024 119 mins
Raju Yadav
Train of Life

Train of Life (1998) က ပြင်သစ်ဒါရိုက်တာ Radu Mihăileanu ရိုက်ကူးထား ပြီး မင်းသား Lionel Abelanski, Rufus, Clément Harari တို့ ပါဝင်သရုပ်ဆောင်ထားကာ စိတ်ပိုင်းဆိုင်ရာနဲ့ အနုပညာပိုင်းရုပ်ရှင်အရသာပြည့်ဝတဲ့ ရုပ်ရှင်တွေကိုပေးတဲ့ FIPRESCI Prize ကို Venice Film Festival (1998) တုန်းကရရှိထားတဲ့ ဟာသ၊ဒရာမာနဲ့စစ်ဘေးရှောင် ဇာတ်ကားအမျိုးအစား ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်း ——– ၂၀ရာစုမတိုင်မီ ဒုတိယကမ္ဘာစစ်အချိန်ကာလမှာဂျူးရွာငယ်တစ်ရွာမှာ၊ Shlomo (ရှလိုမို)ဆိုသူက နာဇီတွေက သူတို့ရွာကိုလာဖမ်းမယ်ဆိုတာကြိုသိခဲ့ပြီး သူတို့ရွာသားတွေတစ်ချို့က နာဇီ အဖြစ်ဟန်ဆောင်ပြီးတော့ သူတို့ကိုယ်သူတို့ကို ဖမ်းသွားသလိုဟန်ဆောင်ကာ နာဇီရထားအတုတစ်စီးကို ရွာသားတွေအတူတူဖန်တီးပြီးထွက်ပြေးဖို့ လုပ်ကြရင်း အန္တရာယ်နဲ့မျှော်လင့်ချက်တို့ကြားမှာ တကယ့်အမှန်နဲ့အမြင်လွဲမှုတွေကြောင့် ဘယ်လိုဖြစ်လာမလဲဆိုတာကို ပြသထားပြီး နာဇီလူမျိုးတုံးသတ်မှု နဲ့ ဒုတိယကမ္ဘာစစ်ကာလအတွင်း ဂျူးလူမျိုးတွေရဲ့ အသက်ရှင်နေဖို့အတွက် ကြိုးစားမှုတွေကို အနုပညာ မြောက်မြောက်ဖော်ထုတ်ထားပုံကို ကြည့်ရှုခံစားရမှာပါ။ File size…(2.3 GB)/(1.2 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama, Comedy, War Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Htet Naing Lin

Drama
0 1998
Train of Life
The Rise of Nanquan Fist
7.3

ဒီ ဇာတ်လမ်းရဲ့ အဓိက…ဇာတ်လမ်းက တရုတ်ပြည်ကို အနောက်တိုင်းသားတွေက ဘိန်းနဲ့ ဖျက်စီးစပြုတဲ့အချိန်ကိုအသားပေးရိုက်ထားတာ အနောက်တိုင်းသားက ဘာလို့ ဒီလိုခြယ်လှယ်လို့ရလဲဆိုတော့ အကျင့်ပျက်ခြစားတဲ့စိတ်ဓာတ်ပိုင်တဲ့သူတွေက မင်းအမှုထမ်းလုပ်နေလို့ပေါ့… ဒါပေမယ့် တကယ်ဆို ကိုယ်ခံပညာ ကွန်ဖူးသိုင်းအစွမ်းထက်တဲ့ပညာရှင်တွေ စုဝေးနေပြီး ဒါကိုသိသိကြီးနဲ့ ပြန်ချဖို့ မကြိုးစားကြဘူး… အကြောင်းကတော့ ကိုယ်ခံပညာနဲ့ သေနတ်ကို မယှဉ်နိုင်ဘူးထင်လို့ပေါ့… ဇာတ်လိုက်မင်းသား လုယွမ်ပါးကတော့ မဟုတ်ဘူး ကိုယ်ခံပညာနဲ့ သေနတ် လက်နက်ကို မယှဉ်နိုင်စရာအကြောင်းမရှိဘူး… ကြိုးစားကြည့်ရမယ်ဆိုတဲ့ စိတ်ကို အရင်းခံတိုက်လိုက်တော့… သူလည်း မအောင်မြင်သေးပါဘူး… အကြိမ်ကြိမ်လဲကျပြီးမှ ထနိုင်တာကတော့ ဇာတ်လမ်းတိုင်းရဲ့ မြှုပ်ကွက်ပါပဲ… ဆက်လက်ခံစားကြည့်ရှုပါ

Horror
7.3 2021
The Rise of Nanquan Fist