YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Hidden Face (2024) WEB-DL 720p [CM].mp4

542.84 MB N/A video/mp4 2049 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Bait
5.7

Bait (2000) Genre – Action, Comedy, Crime IMDB – 5.7/10 ဒေါ်လာ သန်း ၄၀ ကျော် တန်ဖိုးရှိတဲ့ ရွှေတွေကို အစိုးရလက်ထဲကနေ ကွန်ပျုတာကျွမ်းကျင်သူနဲ့ ယန္တရားစက်ကျွမ်းကျင်သူ ဂျက်စတာတို့ ၂ ယောက် ပေါင်းပြီး ဖောက်ထွင်းခဲ့ကြတယ်။ ဒါပေမဲ့ ဂျက်စတာက လူမသတ်ရဘူး သေနတ်မပါရဘူး ပြောထားတာကို တစ်ဖက်လူက အစောင့်တွေကို သတ်လိုက်တော့ ဂျက်စတာတစ်ယောက် ရွှေတွေနဲ့ ကိုယ်လွတ်ရုန်းပြီး တစ်နေရာသွားဖွက်ကာ ထောင်ထဲဝင်နေလိုက်တယ်။ ဒီမှာ ကိုယ်တွေမင်းသား အယ်ဗင်က ဘာလဲဆိုတော့ ပုဇွန်သွားခိုးပြီး ဖမ်းခံလိုက်ရာကနေ ဒီ ဂျက်စတာနဲ့ အခန်းတူတူကျပါလေရော။ ဂျက်စတာက အဲဒီအချိန် နှလုံးသိပ်မကောင်းတော့ ရွှေရှိတဲ့နေရာကို အယ်ဗင့်ကို သူ့မိန်းမကို ပြောပေးပါဆိုပြီး တစ်ဆင့် မှာခိုင်းလိုက်ပါလေရော ပြီးတော့ တကယ်ပဲ အဲဒီမှာတင် သေသွားခဲ့တယ်။ ဒီမှာ အစိုးရဘဏ္ဍာမို့ အသေအလဲ ပြန်လိုချင်တဲ့ ဘဏ္ဍာရေးက ထောက်လှမ်းရေးမှူးရယ် အတူတူဖောက်ရာကနေ သစ္စာဖောက်ခံလိုက်ရလို့ ရွှေလိုချင်တဲ့ ကွန်ပျုတာသမားကျွမ်းကျင်သူ လူသတ်သမားက အယ်ဗင့်ကို ပစ်မှတ်ထားကြပါတော့တယ်။ ဒီမှာ ထောက်လှမ်းရေးမှူးက အကွက်မြင်တော့ ခြေရာခံစက်ကို အယ်ဗင်ရဲ့မေးရိုးအောက် သူမသိအောင်ထည့်ပေးပြီး ထောင်ကနေ ခပ်တည်တည်နဲ့ လွှတ်ပေးလိုက်တယ်၊ သူတို့အကြံကလည်း တစ်ဖက်က လူသတ်သမားကို အမှောင်ထဲကနေ ထွက်လာအောင် ငါးစာမျှားတဲ့သဘော။ ဆိုတော့ ထောက်လှမ်းရေးမှူးတို့ အယ်ဗင်ကနေတဆင့် လူဆိုးဖမ်းနိုင်မလား၊ လူဆိုးကလည်း ဘယ်လိုတွေ ပြန်ကစားပြီး အယ်ဗင့်ဆီက ရွှေတောင်းနိုင်မလား၊ အူကြောင်ကြောင်နဲ့ နှစ်ဖက်ကြားညှပ်သွားတဲ့ အယ်ဗင်တစ်ယောက် ဘ ယ်လိုတွေပေါက်ကရလုပ်ပြီး ဖြေရှင်းကြမလဲ ကြည့်ရှုရမယ့် အက်ရှင် ဟာသကားလေးပါ။ ဇာတ်ဆောင်နေရာကတော့ မင်းသားကြီး Jamie Foxx ပါဝင်သရုပ်ဆောင်ထားတာလည်း ဖြစ်ပါတယ်။ File size…  1.44 GB /  1.8 GB Quality… WEB Rip 1080p / 720p Format… mp4 Duration…. 1h 59m Genre .....  Action , Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Thura Aung

Mystery • TV Movie • Thriller
5.7 2000 119 mins
Bait
MEAD
1

၂၀၂၂ ခုနှစ်ထွက် သိပ္ပံဇာတ်ကား‌ကောင်းတွေကို မကြည့်ရတာ ကြာပြီဆိုတော့လည်း ကြည့်ချင်နေကြမှာပေါ့။ အဲလိုကားလေးတွေကို မျှော်နေတဲ့ပရိသတ်ကြီးအတွက် ၂၀၂၂ ခုနှစ်မှာ ထွက်ရှိလာတဲ့ ကားလေးကတော့ Mead 2022 ဆိုတဲ့ကားလေးပါ။ ဒီကားလေးက အရမ်းကောင်းတဲ့ သိပ္ပံအက်ရှင်ကားတွေထဲ မပါပေမယ့် တော်တော်လေးကြည့်ရတာ အဆင်ပြေတဲ့ကားလေးလို့ ဆိုမယ်ဆိုရင်လည်း မမှားပါဘူး။ CGI effects လေးအရမ်းမကောင်းဘဲ အပြစ်အနာအဆာပြောစရာလေးနည်းနည်းရှိတာကလွဲရင် ဇာတ်ကား တစ်ကားထဲမှာ အကြောင်းအရာမျိုးစုံကို ခံစားကြည့်ရှုနိုင်တဲ့ ကားလေး လည်းဖြစ်ပါတယ်။ Mead ဆို‌တဲ့စက်ရုပ်လေးဟာ ကိုယ်ပိုင်အသိဉာဏ်ရှိပြီးပုံရိပ်ယောင် ဖန်တီးနိုင်စွမ်းရှိတဲ့ စက်ရုပ်လေးပါ။ သူနဲ့အတူ ဖရစ်ဇ်ဆိုတဲ့သူ့သခင်လို သဘောထားရတဲ့သူတို့နှစ်ယောက်ကို စကြာဝဠာတိုင်းက လိုချင်နေလို့ လိုက်လံဖမ်းဆီးနေတာကို ခံနေရပါတယ်။ ဒါကြောင့် Mead ဆိုတဲ့ ပုံရိပ်ယောင်ဖန်တီးတဲ့ စက်ရုပ်လေးနဲ့ သူ့သခင် ဖရစ်ဇ်တို့ရဲ့ကားကောင်း လေးကို ခံစားရင်ခုန်ပေးဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ San Thu Aung ဖြစ်ပါတယ်) File Size..........(2.29 GB) / (1.09 GB) / (687 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 45mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Sci-Fi Translator......San Thu Aung Encoder..........SWM

Action • Animation • Comedy • Family • Science Fiction
1 2022 105 mins
MEAD
Eden Lake
6.8

~ IMDb - 6.7/10, Rotten Tomatoes - 80% ~ ခရမ်းချဉ်သီး အလုံးရှစ်ဆယ်ရထားတဲ့ Horror ကားဆိုတော့ တော်တော်ကောင်းတဲ့ကားလို့ပြောရပါမယ်။ ကြည့်ပြီးတဲ့သူအနေနဲ့ ညွှန်းရရင်လည်း တော်တော်ကြည့်ကောင်းတာပါပဲ။ သရုပ်ဆောင်တွေကလည်း ရဲလိုးစတုန်းက အဓိကမင်းသမီး၊ ရှားလော့ဟုမ်းထဲက မေရီမော်စတန် Kelly Reilly, သူက ဒန်ဇယ်နဲ့ ဖလိုက်ခ်လည်းရိုက်ဖူးတယ်။ နောက် Michael Fassbender သူတော့ ပြောစရာမလိုလောက်ဘူး။ နောက် သိပ်မကြာသေးခင်ကပဲ SAS: Rogue Heroes မှာ Paddy အဖြစ် ပြန်ကမ်းဘက်ခဲ့တဲ့ ဂျက် အိုကော်နယ်။ သရုပ်ဆောင်တွေကတော့ အလန်းပါပဲ။ ဇာတ်လမ်းတော့ လက်ထပ်ဖို့ကြံနေတဲ့အတွဲရှိတယ်ဗျာ။ ကျောက်ကျင်းတစ်ခုကို ကောင်လေးက ခေါ်သွားတယ်။ ရေကန်လိုဖြစ်နေတာပေါ့။ ဘီကီနီနဲ့စကီက ရေထဲစိမ်လိုက် တက်လိုက် နေတာပေါ့။ ၁၂နှစ်သားကလေးတွေက မလှမ်းမကမ်းမှာ နှောင့်ယှက် ချောင်းကြည့် အကုန်လုပ်ပေါ့။ နောက်ကျ သူတို့ကားသော့ပါယူပြေးရော။ ဒီလိုနဲ့ မိုက်ကယ်ကြီးက ကားသော့ပြန်ယူဖို့ကြိုးစားရင်း ကတောက်ကဆတ်တွေဖြစ်လာတယ်။ ဒီနောက် ဘယ်လိုအသည်းထိတ်စရာတွေ ကြုံရမလဲကြည့်ရမှာပါ။ ၁၂နှစ်ကလေးတွေနဲ့ဖြစ်တဲ့ဇာတ်ကိုမှ တော်တော်ကြီးကြမ်းနေတော့ အသဲထိတ်စရာတော်တော်ကောင်းပါတယ်။ မကြည့်ရသေးရင်တော့ ကြည့်ကြည့်ပါ။ Must Watch ပါပဲ။ ဒါမျိုးကားဆိုတာ ရှားရှားပါးပါးနဲ့ကို အရသာရှိနေတဲ့ကားလို့ဆိုရပါမယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.4GB, 930MB Quality - 1080p, 720p IMDb Rating - 6.7/10 Format - mp4 Duration - 1H 31Min Genre - Horror, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

Comedy • Romance
6.8 2008 91 mins
Eden Lake
Bloody Sunday
7.3

ဒီဇာတ်ကားလေးကတော့ ၁၉၇၂ ခု ဇန်နဝါရီလ ၃၀ ရက်မှာဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်မှန်အပေါ်အခြေတည်ရိုက်ကူးထားခြင်းဖြစ်ပါတယ်။ ဗြိတိန်လက်အောက်ခံ အိုင်ယာလန်နိုင်ငံမြောက်ပိုင်းဒေသမှာ အဲဒီအချိန်က ကက်သလစ်ဘာသာဝင်တွေအပေါ် ခွဲခြားဆက်ဆံခံရမှုတွေကြောင့် ပြည်သူအများစုက ဗြိတိန်ကနေ ခွဲထွက်ချင်နေပါတယ်။ ဖိနှိပ်မှု နဲ့ ဖမ်းဆီးခံရမှုတွေကြောင့် အိုင်ဗန်ခေါင်းဆောင်တဲ့ ဒယ်ရီမြို့သားတွေက သူတို့လိုချင်တာကို ညှိညှိနှိုင်းနှိုင်းနဲ့ တောင်းဆိုဖို့ ကြိုးစားခဲ့ကြပေမဲ့ တစ်ဖက်က ဗြိတိသျှတွေကတော့ ဒါမျိုး တောင်းဆိုမှုတွေ ထပ်မံ မပေါ်ပေါက်လာဖို့အရေးကိုပဲ ကြိုးပမ်းခဲ့ကြပါတယ်။ ဒီလိုနဲ့ တစ်နေ့သော တနင်္ဂနွေ မနက်ခင်းတစ်ခုမှာတော့ ... ခွဲခြားဆက်ဆံခံခဲ့ရတဲ့ အိုင်ယာလန်မြောက်ပိုင်းဒေသက ကက်သလစ်ဘာသာဝင်တွေ သူတို့ လိုချင်တာတွေ ဖြစ်ချင်တာတွေကို ညှိနှိုင်းတောင်းဆိုလို့ရသွားမလားဆိုတာကိုတော့ ဒီ ဖြစ်ရပ်မှန် ဇာတ်လမ်းလေးထဲ ဆက်ကြည့်ရှုခံစားလိုက်ကြရအောင်ပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Poant ပါ။) File Size : 4.3GB, 1.7GB, 611MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 1hr & 32mins Genre : Action, Adventure, Comedy Translated by Poant Encoded by Kinnov

Drama • Romance
7.3 2002 107 mins
Bloody Sunday
Another Me
3.3

အားလုံးစိတ်တွေမွန်းကြပ်နေတဲ့အချိန်မှာ စိတ်ပြေလက်ပျောက်ကြည့်ဖို့ ဟာသကားလေးနဲ့ တင်ဆက်ပါရစေ။ ဟိုးရှေးရှေးတုန်းက သားအဖ၂ယောက်ရှိသတဲ့။ အဖေကဘုရင်ကြီး သားကအိမ်ရှေ့မင်းသားဖြစ်တယ်။ ဘုရင်ကြီးမှာ မောင်းမမိဿံပေါင်း၃၀၀၀လောက်ရှိပေမယ့် သားတော်တစ်ပါးပဲဖွားမြင်ပါသတဲ့။ သားတော်ရဲ့လုံခြုံရေးအတွက် မျက်ဖုံးတပ်ခိုင်းစေခဲ့တယ်။ အိမ်ရှေ့မင်းသားရဲ့မျက်နှာကိုဘယ်သူမှမမြင်ဖူးပါဘူး ။ ဘုရင်ကြီးသားတော်အပေါ်မျှော်လင့်ချက်ကြီးမားပြီး စာပေအမြောက်အများအတင်းသင်ယူခိုင်းပါတယ်။ ဒါပေမယ့် အိမ်ရှေ့မင်းသားကတော့ အပျော်အပါးပဲမက်ပြီး ဇာတ်ပွဲကြည့်ရင်းသာအချိန်ဖြုန်းနေပါတော့တယ်။ မြို့ပြင်တစ်နေရာမှာ တည်းခိုခန်းပိုင်ရှင်ရဲ့ယောင်္ကျား လီမောက်ဆိုတဲ့ရှိတယ်။ သူကလဲတလွဲကောင်ပါပဲ။ အမှုထမ်းလေးလီမောက်က ယောက္ခမရဲ့လေးစားမှုကိုရဖို့ ရသမျှနည်းလမ်းနဲ့ ရာထူးတိုးရဖို့ကြံစည်နေပါတယ်။ ထူးတာကတော့ သူရုပ်ရည်က အိမ်ရှေ့မင်းသားနဲ့ချွတ်စွပ်တူနေတာပါ။ အပျော်အပါးမက်တဲ့ အိမ်ရှေ့မင်းသားနဲ့ ဂုဏ်မက်တဲ့လီမောက်တို့ သူတို့၂ယောက်နေရာချင်းလဲပြီးဘာတွေ တလွဲလုပ်ကြမလဲဆိုတာကို စိတ်ပြေလက်ပျောက်ကြည့်လိုက်ကြပါဦးနော် Quality : WEB-DL 1080p , 480p Format : mp4 Duration : 1h 40min Genres : Drama , Comedy Subtitle : Myanmar Subtitle ( Hardsub ) Translated by Nu Mon Encoded by LK

Action • Drama
3.3 2021 100 mins
Another Me
Christmas in August
7.6

Christmas in August ( 1998 ) သိဟ်ရာသီထဲထည့်ထားသလို ဒီမြို့ကလေးက ဘယ်လောက်မှ မကြာညောင်းတဲ့ မြို့ကျဉ်းကျဉ်းကလေးပေါ့။ ဆယ်စုနှစ်သုံးခုနဲ့ ဆယ်စုနှစ်နှစ်ခုဟာ ဒီမြို့ကလေးမှာ အနှစ်နှစ်ဆယ်ကျော် ဘာရယ်ကြောင့် မဆုံစည်းခဲ့ကြလဲပဲ။ ချစ်ခြင်းဆိုတာ တစ်ခါတလေကျ ဓာတ်ပုံဟောင်းတွေလိုလိုပါ။ အပြုံးရဲ့အငွေ့အသက်လွှမ်းဆဲ အခိုက်အတန့်တွေကို နှင်းအဆက်ဆက်တည်စေချင်တဲ့ စိတ်နဲ့ ဘောင်ဘင်ခတ်ခဲ့ကြခြင်းတွေလည်း မမြဲဘူး။ ဓာတ်အခံနဲ့ ရက်အကျန်တွေကပဲ သူ့ဟာနဲ့သူ လွန်လေခဲ့ပြီးသောတွေကို ငေးမောနေလိမ့်မယ်။ ဟိုးအမြင့်ကြီးကိုရောက်သွားလိုက် ဟိုးအောက်ဆုံးကိုပြန်ဆင်းလိုက် ရိုလာကိုစတာစီးသလို တို့ဘဝတွေမှာ ခဏလောက်ဖြစ်ဖြစ် တွဲထားပေးမယ့် လက်ကလေး လိုသလိုလိုရှိတယ်။ ဒါပေမဲ့လည်း အချိန်ကိုက်အခါကိုက် မဟုတ်ခဲ့ရင် ပက္ကလာနဲ့မိုးအခန့်မသင့်ခဲ့ရင် ရေစုန်မှာမျှောလိုက်ဖို့မှအပ ရွေးချယ်စရာလည်းမရှိခဲ့ပြီ။ သိဟ်ရာသီထဲက ခရစ္စမတ်တစ်ရက်လို အပျော်ဆုံးဘဝတွေ အချိန်အခါလွဲခဲ့ကြပေမဲ့ သိမ်းဆည်းထားလိုက်ဖို့ရာလည်း ဘာရေးထားလဲ မသိလိုက်ရတဲ့စာလေးတစ်စောင်လို ဩဂုတ်စ်လရဲ့ ခရစ္စမတ်လို ချစ်ခြင်းရဲ့ဖွင့်ဆိုချက်က ဘာလဲ ငါတို့သိဖို့မလို။ ။ ဟိုက်ဒရိုဂျင်ဓာတ်ငွေ့လုံးကြီးပေါက်ကွဲ အမှုန်အမွှားတွေလွင့်စင်လိုက် ပြန်စုဝေးလိုက် ဖြစ်နေတဲ့ သံသရာမှာ ကြယ်မှုန်ကဖြစ်လာတဲ့ အစက်အပြောက်ကလေးတွေရဲ့ အဓိပ္ပာယ်ဟာ တစ်ခါတလေ ပျော်ခဲ့ဖူးတဲ့နေ့ရက်တို့တွေ တည်မြဲနေပါစေ။ အခုနေ ငါမရှိတော့ရင်တောင် ငါ့ရဲ့သိဟ်ရာသီအဆက်ဆက်မှ ခရစ္စမတ်တစ်ရက် ရှိခဲ့ဖူးကြောင်းကတော့ နှင်းကိုဝတ်ရုံလိုခြုံထားတဲ့ ကောင်မလေးတစ်ယောက်ရဲ့အတိတ်မှာ ကြွင်းရစ်နေမြဲ။ သိဟ်ရာသီရေ အဲဒီခတ္တာပွင့်ကလေးကို သိမ်းရစ်လေဦး။ April Snowတို့ One Fine Spring Dayတို့ အရိုတစ်လိုင်းကားတွေ , Forbidden Dreamတို့ The Last Princessတို့လို ရာဇဝင်ကားတွေ, ရိုက်ခဲ့တဲ့ hur jin hoရဲ့ ပွဲဦးထွက်ရုပ်ရှင်ပါ။ မင်းသားကတော့ လီချန်းဒုံရဲ့ ပွဲဦးထွက်ကား Green Fishရဲ့ အဓိကဇာတ်ဆောင်ဖြစ်ဖူးတဲ့ Dr. Romanticတို့ Deep Rooted Treeတို့ထဲလည်း သရုပ်ဆောင်တော်တော်ကောင်းတာ မြင်နိုင်တဲ့ Han Suk-kyuပါပဲ။ Baeksang ဆုပေးပွဲမှာ Best Film ,Best Actress , Best New Director ဆုတွေရခဲ့ပြီး Blue Dragon မှာလည်း Best Film , Best Actress , Best Cinematography , Best New Director ဆုတွေကို ရခဲ့ပါတယ်။ ဒီကားကို ကျွန်တော် သတိထားမိတာက တစ်ချို့က ကိုရီးယားရိုမန့်တစ်မာစတာပိစ်တွေဖြစ်နေတဲ့ II Mareတို့ My Sassy Girlတို့ the classicတို့လို ကားမျိုးတွေနဲ့ တစ်တန်းတည်းထားကြလို့ပါပဲ။ မကြည့်ခင်ကတော့ ကျွန်တော်လည်း အဲဒီလို တော်တော်ရိုမန့်တစ်ဆန်တဲ့ပုံစံမျိုးလို့ ထင်ခဲ့တာပဲ။ ခုနကားတွေလို ကိုရီးယားကလပ်စစ် ရိုမန့်မာစတာပိစ်စာရင်းဝင်ပေမဲ့ ခုနကားတွေကို ကြိုက်တဲ့လူတွေ ကြိုက်မကြိုက်တော့မသေချာပါဘူး။ ကျွန်တော်တော့ ခုနကားတွေကိုလည်း ကျသလို ဒါလည်း ကျတာပါပဲ။ ဒီကားက တခြားရိုမန့်တစ်ကားတွေနဲ့ ကွာခြားနေတဲ့အချက်က realityဆန်လွန်းနေတာပါပဲ။ ခင်ဗျား ဘဝမှာ နေရင်းထိုင်ရင်း ရနိုင်တဲ့ ရိုမန့်ဆက်ဆံရေးတစ်ခုလို ပုံစံမျိုးကိုပဲ ပုံဖော်ထားတာ ကြုံတောင့်ကြုံခဲမှ တွေ့ကောင်းတွေ့နိုင်တဲ့ ရိုမန့်ဆန်ခြင်းမျိုးမဟုတ်ဘူး။ မင်းသားက သေတော့မယ့်လူ ဒါပေမဲ့ ဒရာမာချိုးလို့ ရလျက်သားနဲ့ကို လုံးဝဒရာမာမချိုးသွားသလို မင်းသမီးကလည်း ဒါကိုမသိသွားဘူး။ ဇာတ်ကောင်မင်းသားက မင်းသမီးထက် အသက်၁၀နှစ်လောက်နီးနီးကြီးတဲ့သူဆိုတော့ အဲဒီအရွယ်နဲ့လိုက်ဖက်အောင်ပဲ ပုံဖော်သွားတယ်။ သူ့သေခြင်းကို သူကောင်းကောင်းကြီး လက်ခံပြီး ဘယ်သူ့ကိုမှ စိတ်ဆင်းရဲရအောင် မလုပ်ချင်တော့တဲ့ ချစ်ခြင်းမျိုးကိုပဲ ပြသွားတယ်။ ဘာမှ ဒရာမာကြီးကြီးမားမားမချိုးသွားဘူး။ ဒီကားဟာ ရိုမန့်ကားပေမဲ့ တော်တော်လေးရိုးရိုးသားသားနဲ့ကို ရိုမန့်ဆန်နေတဲ့ကားလို့ ပြောရမှာပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre….. Drama, Romance Quality…. 1080p | 720p | 480p File size… 2.4GB | 1GB | 480MB Format… mp4 Duration…. 1h 37min Subtitle…. Myanmar Subtitle (Hardsub) Translator ….. WiRa Aung Encoder ….. August

Adventure • Animation • Comedy • Family
7.6 1998
Christmas in August
To End All War: Oppenheimer & the Atomic Bomb
7.5

IMDb -7.5, RT – 91% ဒုတိယ ကမ္ဘာစစ်လို့ ပြောလိုက်ရင် အရင်ဆုံး ဟစ်တလာကြီးရဲ့ နာဇီအင်ပါယာကြီးကို ပြေးမြင်မိကြမယ်လို့ ထင်ပါတယ်။ ဒုတိယကမ္ဘာစစ်ရဲ့ အဆုံးသတ်လို့ ပြောလိုက်ရင်လည်း ဂျပန်အင်ပါယာကြီးရဲ့ ဟီရိုရှီးမားနဲ့ နာဂါဆာကီ၊ မြို့ နှစ်မြို့အဏုမြူဗုံး ကြဲချခံခဲ့ရတာနဲ့ အဆုံးသတ်သွားတာကို ပြေးမြင်မိကြမယ် ထင်ပါတယ်။ ယခု ဒီdocumentaryက ဒုတိယ ကမ္ဘာစစ်ကို အဆုံးသတ်စေခဲ့တဲ့ အဏုမြူဗုံးကို တီထွင်ခဲ့တဲ့ ဒေါက်တာ ဂျေ ရော့ဘတ် အော့ပန်ဟိုင်းမားရဲ့ ဇာတ်ကြောင်းကို documentaryအနေနဲ့ ရှု့စားရမှာ ဖြစ်ပါတယ်။ ရှေ့တလောတုန်းက Christopher Nolanရဲ့ လက်ရာဖြစ်တဲ့ Oppenheimer Biopicကို တင်ဆက်ခဲ့ပါတယ်။ ယခု ဒီdocumentaryဇာတ်လမ်းထဲမှာ အော့ပန်ဟိုင်းမားရဲ့ POVကနေ မဟုတ်ဘဲနဲ့ အော့ပန်ဟိုင်းမားနဲ့ အလုပ်တွဲလုပ်ခဲ့ဖူးကြတဲ့ တကယ့်အပြင်က လူတွေက အော့ပန်ဟိုင်းမားရဲ့ ဇာတ်ကြောင်းကို ပြောပြနေဟန်နဲ့ သရုပ်ဖော်ရိုက်ကူးထားပါတယ်။ Christopher Nolanရဲ့ လက်ရာဖြစ်တဲ့ Oppenheimerကို အကြိုက်တွေ့တဲ့ လူတွေအတွက် ဒီdocumentaryက ဆက်စပ်နေပြီး Biopicထဲမှာ မပါခဲ့တဲ့ အကြောင်းရာတွေကိုပါ ယခုဇာတ်လမ်းထဲမှာ ကြည့်ရှု့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အော့ပန်ဟိုင်းမား၊ မက်စ် ဘွန်း၊ ဟိုက်ဆင်ဘက်၊ လက်စလီ ရစ်ချတ် ဂရို့ဖ်၊ ဂျင်း တက်လော့၊ ချဗလီရေး၊ ဘိုးရစ်ပက်ရှက်၊ အက်ဒ်ဝေါ့ တယ်လာနဲ့ လူးဝစ်စ် စထရောစ်လိုမျိုး အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်ခဲ့တဲ့လူတွေရဲ့ ပုံရိပ်တွေ၊ သမိုင်းဝင် ဗီဒီယိုမှတ်တမ်းတွေကိုပါ ကြည့်ရှု့ရမှာဖြစ်ပါတယ်။ အဲဒါကြောင့် Oppenheimerကို ကြည့်ရှု့ပြီးတော့ တကယ့်အပြင်က footagesတွေကို ကြည့်ရှု့ချင်တဲ့လူတွေအတွက် ဒီ documentaryက အကိုက်ပါပဲ။ ” အခု ငါဟာ သေခြင်းဖြစ်လာပြီ၊ ကမ္ဘာတွေကို ဖျက်စီးသူ ” ၊ အဆိုပါ quoteရဲ့ ပိုင်ရှင်ဖြစ်တဲ့ ရော့ဘတ် အော့ပန်ဟိုင်းမားရဲ့ ဘဝအစကနေ အလယ်၊ အလယ်ကနေ အဏုမြူတီထွင်ခဲ့တဲ့ ဘဝ အတက်ဘက်၊ ကွန်မြူနစ်အဖြစ် စွပ်စွဲခံရတဲ့ ဘဝ အကျဘက်နဲ့ ဘဝ နေဝင်ချိန်အထိ ရော့ဘတ် အော့ပန်ဟိုင်းမားရဲ့ ဘဝ ဇာတ်လမ်းကို ခံစားချက်ပေါ်အောင် သရုပ်ဖော်ပြထားနိုင်တဲ့ Documentary တစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် အဏုမြူဗုံးရဲ့ အလုပ်လုပ်ပုံပါ ပါဝင်ပါသေးတယ်။ အဏုမြူဗုံး အလုပ်လုပ်ပုံကို နားလည်ရလွယ်မယ့် စကားလုံးတွေနဲ့ ရွေးချယ်ပြီး တင်ဆက်ပေးထားတဲ့အတွက် ဒီdocumentaryက သာမန် documentaryတွေထက် ထူးခြားနေမှာဖြစ်ကြောင်း ပြောရင်း နိဂုံးချုပ်အပ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်က Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(1.6 GB)/(870 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre…Documentary, History Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Win

7.5 2023
To End All War: Oppenheimer & the Atomic Bomb
Taken In Montana

ဒီဇာတ်ကားလေးကတော့ မိသားစုအပန်းဖြေခရီးထွက်ရာကနေ အဖြစ်ဆိုးတွေကြုံတွေ့ခဲ့ရတဲ့ မိသားစုအကြောင်းကိုရိုက်ကူးထားတာဖြစ်ပါတယ် ခရေ့နဲ့ သူ့မိန်းမဖြစ်သူ ဆယ်ရာဟာ အလုပ်ကိုယ်စီရှုပ်နေကြသူမို့ မိသားစုအတွက် အချိန်ကောင်းကောင်းမပေးနိုင်ကြသူတွေပါ အဲ့ဒါကို အဆင်ပြေစေဖို့ သူတို့ဟာ သမီးဖြစ်သူ ရေဂန်နဲ့အတူ မိသားစုခရီးလေး‌ထွက်ခဲ့ကြပါတယ် နောက်တစ်နေ့ နံနက်မှာတော့ ရေဂန်ဟာ သူ့မိဘတွေ ပျောက်သွားတာကို လိုက်ရှာနေခဲ့ပါတယ် သူဟာ သူတို့တည်းခိုနေတဲ့ ခြံပိုင်ရှင်ဖြစ်သူ သူ့အဖေရဲ့သူငယ်ချင်းဟောင်း ဂျက်ဆင်ကို အကူအညီတောင်းပြီး မိဘတွေကို အသည်းအသန်လိုက်ရှာပါတော့တယ် ဒါပေမဲ့ သူ့မိဘတွေက ဘယ်ရောက်သွားတာလဲ သူ့အဖေနဲ့ ခြံပိုင်ရှင်ကြားက ဆက်ဆံရေးကရော ဘာလဲ ရေဂန်တစ်‌ယောက် သူ့မိဘတွေကို ပြန်ရှာတွေ့မှာလားဆိုတာကတော့ ကြည့်ရှုလိုက်ကြပါဦးခင်ဗျာ File size…(1.5 GB)/(700 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:27:00 Genre…Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ban

Drama
0 2023
Taken In Montana
Lucky Man
7.1

Lucky Man (2023) IMDB rating 7.2 ရထားတဲ့ တမီးလ် စကားပြော ဟာသ/ဒရာမာ ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် ဗီရာနဲ့ အတူ ခါတိုင်းရွှတ်နောက်နောက်နဲ့ အမြဲနောက်ပြောင်တတ်တဲ့ ဟာသမင်းသားကြီးယိုဂီဘာဘူကို ဒီတစ်ခါတော့ အတည်ပေါက်ဇာတ်ရုပ်နဲ့မြင်တွေ့ရမှာဖြစ်ပါတယ် အဓိက ဇာတ်ကောင် မူရူဂန်ဆိုတဲ့ သက်လတ်ပိုင်းလူတစ်ယောက်က ငယ်ငယ်တည်းက ကံမကောင်းခဲ့တဲ့လူ.. ဘယ်လောက်တောင်လဲဆိုရင် ရေဒီယိုအစီအစဥ်က မေးခွန်းကို ခက်ခက်ခဲခဲ မှန်အောင် ဖြေပြီးတာတောင် ဆုငွေလှည့်တော့ ဗလာပဲ ကျတဲ့အထိ သူ့အနေနဲ့လည်း ဒရာမာခင်းမျက်ရည်ချူနေဖို့ထက် အတည်ပေါက်ကြီးတွေပဲ ထေ့လုံးပြောရတာကို အရသာတွေ့တဲ့လူပါ မြေအကျိုးဆောင်လုပ်ငန်း လုပ်ကာမှ မြေကွက်မကြည့်ရသေးခင် ဖောက်သည်ရဲ့ အဘွားဆုံးပြီး လှည့်ပြန်ရတဲ့ အဖြစ် အလုပ်အတွက် ဆိုင်ကယ်ကောင်းကောင်း အသစ်လိုနေတာကို လှည့်ပတ်ချေးဖို့ ကြိုးစားနေရတဲ့အချိန်…. စုကြေးကုမ္ပဏီကနေ ကားဆုကြီးထပေါက်ပါတော့တယ်.. တစ်သက်လုံးကံဆိုးလာတဲ့မူရူဂန်တစ်ယောက် ကံကောင်းခြင်းတွေအစပျိုးလာတာဟုတ်ရဲ့လား သူ့ရဲ့ကံဆိုးမှု အလွဲအချော်တွေက ဘယ်လောက်ထိဆက်ဖြစ်နေဦးမလဲ……. ဒီကားက ဟာသမင်းသားကြီး ယိုဂီဘာဘူရဲ့ အတည်ပေါက်နဲ့ ထေ့ပြောပြောတာတွေက အဓိကဆွဲဆောင်မှုပါ comedy ဆိုတာထက် ဒါမျိုး genre ကို dark-comedy သို့မဟုတ် Dra-Medy(drama+comedy)လို့လဲ ခေါ်ပါသေးတယ် ပုံမှန်ဟာသကားနဲ့တော့ ကွဲထွက်နေမှာပါ ရှုစားလိုက်ကြပါဦး အညွှန်းရေးသူက KKKZ ဖြစ်ပြီး CM Bollywood Team က ဘာသာပြန်ပေးထားပါတယ်

7.1 2023 134 mins
Lucky Man
Saw II Saw 2
6.6

Saw Collection ============== CM ကနေ နာမည်ကျော် Saw ဇာတ်ကားတွေကို ဆင်ဆာမဖြတ်ထားတဲ့ Version တွေဖြစ်တဲ့ Unrated/Director’s cut Version တွေနဲ့ ပြန်လည် Update လိုက်ပါတယ်။ Saw ဇာတ်လမ်းတွေရဲ့အစကတော့ ရုပ်ရှင်ကျောင်းကနေ သင်တန်းဆင်းလာတဲ့ ဒါရိုက်တာပညာသင်ထားတဲ့ James Wan နဲ့ ဇာတ်ညွှန်းပညာသင်ထားတဲ့ Leigh Whannell တို့ ၂ ယောက် ရုပ်ရှင်လောကထဲဝင်ဖို့ လုံလောက်တဲ့ ငွေကြေးမရှိရာကနေ စပါတယ်။ ရုပ်ရှင်ရိုက်ဖို့ ပိုက်ဆံမရှိတော့ ဘတ်ဂျက်နည်းနည်းနဲ့ Twist များတဲ့ ဇာတ်ညွှန်းကို နှစ်ယောက်သားဖန်တီးရိုက်ကူးခဲ့ရာကနေ Saw 2004 ပထမဆုံးရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။ လူမငှားနိုင်လို့ ဇာတ်ညွှန်းဆရာ Leigh Whannell ကိုယ်တိုင်သရုပ်ဆောင်ဝင်ရိုက်ခဲ့ရပြီး အခန်းတစ်ခန်းအတွင်းမှာပဲ ရိုက်ကူးခဲ့ရတဲ့ Saw 2004 ရုပ်ရှင်ဟာ ဘတ်ဂျက် ၁ သန်းပဲ ကုန်ကျခဲ့ပေမယ့် ရုံတင်ဝင်ငွေ သန်း ၁၀၀ ကျော်ပြန်လည်ရရှိသည်အထိ အောင်မြင်သွားခဲ့ပါတယ်။ Saw ဟာ ဘယ်လိုရုပ်ရှင်တွေလဲဆိုတာကိုတော့….(လူသာမန်ရဲ့ အညွှန်း နဲ့ညွှန်းခဲ့ချင်ပါတယ်။) ဆိုးဆိုးရွားရွား လူသတ်ပြတဲ့ဇာတ်ကွက်တွေ၊ သွေးထွက်သံယို ရာဇဝတ်မှုတွေကို အိပ်မက်ထဲအထိ သယ်ပိုးယူဆောင်ကာ လန့်နိုးတတ်သူတွေအတွက် SAW Series ကို လုံးဝ ရှောင်သင့်တယ်။ ကြည့်မိရင် ကာလတစ်ခုစာအထိ ရက်စက်တဲ့လူသတ်ပုံတွေကို မေ့နိုင်မှာမဟုတ်လို့ ဒီလိုဆိုရခြင်းပါ။ Horror ရုပ်ရှင်တွေကို စွဲကြည့်တတ်သူတွေကတော့ SAW ကို လုံးဝ လက်မလွှတ်ကြ။ ● Jigsaw ဆိုပြီး ရဲတွေက အမည်သညာပေးထားတဲ့ ကွင်းဆက်လူသတ်သမားရဲ့ ထူးခြားတဲ့စီမံမှုတွေကြား Jigsaw ရွေးချယ်ထားတဲ့လူတွေဟာ ရှင်သန်မှုအတွက် ပါဝင်ကစားကြရတယ်။ ကစားကွင်းနယ်မြေကို Jigsaw က ရွေးချယ်ထားတာဖြစ်ပြီး ပါဝင်ကစားသူတွေဟာလည်း နိုးလာတာနဲ့ သူ့ကစားကွင်းထဲကို ရောက်နေကြရတာ ဖြစ်တယ်။ ထူးခြားတာက ဒီကစားပွဲမှာ ရှုံးရင် အသက်တွေ ပေးအပ်ကြရတာ။ Jigsaw ဟာ သူ ရွေးချယ်လိုက်တဲ့လူတွေကို မေ့မြောနေတဲ့အချိန်မှာကတည်းက သတ်ဖြတ်ပစ်လိုက်လို့ရပေမယ့် မသတ်ဘူး။ သူ့ရည်ရွယ်ချက်က ကိုယ့်အသက်ရှင်သန်မှုအတွက် ကိုယ်တိုင် ပါဝင်ပြီး ရွေးချယ်ဆုံးဖြတ်ကြစေလိုတာပဲ။ သူက တိကျတဲ့အချိန်တွေ သတ်မှတ်ပေးတယ်။ ရွေးချယ်ခွင့်တွေ ပေးတယ်။ လိုအပ်တဲ့တန်ဆာပလာတွေ ပေးတယ်။ ပေးထားချက်တွေကို ကိုယ် တတ်စွမ်းသမျှနဲ့ ဆောင်ရွက်ရင် အသက်ရှင်မယ်။ (တချို့သော ခန္ဓာကိုယ်အစိတ်အပိုင်းတွေတော့ ဆုံးရှုံးကောင်း ဆုံးရှုံးမယ်။) ပါဝင်ကစားရတဲ့သူတွေကလည်း အဆက်အစပ်မဲ့သူတွေ မဟုတ်ကြ။ တစ်နည်းမဟုတ်တစ်နည်းနဲ့ ဘဝမှာ ပတ်သက်ဖူးသူတွေကို ကွင်းတစ်ခုထဲ ချထားပေးသလို သူက ရွေးချယ်ထားတာ။ လူဖြစ်မှုနဲ့ပတ်သက်ပြီး Jigsaw ခံယူထားတာက ” ကိုယ့်ရှင်သန်မှုကို တန်ဖိုးထား တွယ်တာမှ လူဟာ ရှင်သန်နေထိုင်သင့်တယ် ” ဆိုတာပဲ။ ဒီ့အပြင် Jigsaw ဖော်ပြလိုတဲ့တခြားသောအရာတွေ ရှိသေးတယ်။ အထူးသဖြင့် ကလဲ့စားချေလိုမှုနဲ့ ခွင့်လွှတ်မှုပေါ့။ နောက် မိသားစုဘဝနဲ့ ရွေးချယ်ထားတဲ့အလုပ်ပေါ် တန်ဖိုးထားမှု။ Jigsaw ဆိုတဲ့ ကွင်းဆက်လူသတ်သမား ဖြစ်ပေါ်လာရခြင်းအကြောင်းကလည်း စိတ္တဇလူသတ်သမားတွေဖြစ်ပေါ်လာတတ်တဲ့အကြောင်းရင်းတွေအတိုင်းပါပဲ။ သို့သော် Jigsaw ရဲ့ ကြိုတင်စီမံမှုတွေကကျ တခြားလူသတ်သမားတွေထက် အဆင့်မြင့်တယ်။ မြင်နေကျ သာမန်သတ်ဖြတ်မှုပုံစံတွေလည်း မဟုတ်။ ရက်စက်လွန်းတဲ့သတ်ဖြတ်မှုပုံစံတွေဆိုတာကိုတော့ ပုံတွေ ကြည့်ရုံနဲ့တင် ခန့်မှန်းလို့ ရပါလိမ့်မယ်။ ● ကမ္ဘာပေါ်မှာ သမ္မာကျမ်းစာ စာအုပ်တွေပြီးရင် ရောင်းအကောင်းဆုံးဖြစ်တဲ့စာအုပ်တွေက ဖြစ်ရပ်မှန် ရာဇဝတ်မှုတွေအကြောင်းကို ပုံတွေနဲ့တကွ သေသေချာချာ ဖော်ပြ ရေးသားထားတဲ့စာအုပ်တွေပါတဲ့။ ဒီရုပ်ရှင်ဟာ အဲဒီလို လူတွေ အကြိုက်ဆုံးရုပ်ရှင်တွေထဲက တစ်ခုလို့ ဆိုကြတယ်။ တချို့လူတွေမှာ ဒီလိုအကြောင်းနဲ့ပတ်သက်ပြီး မေးခွန်းတစ်ခု ရှိတယ်။ ဒီလိုရက်ရက်စက်စက် ပြကွက်တွေ၊ ရေးသားချက်တွေကို လူတွေက ဘာလို့ကြိုက်ကြတာလဲ တဲ့။ စိတ်ပညာရှုထောင့်အရတော့ လူမှာ အမြဲဒွန်တွဲနေလေ့ရှိတဲ့ ဆန့်ကျင်ဘက် စိတ်နှစ်မျိုးအရ ဒီလိုကားတွေကို တချို့တွေ ကြိုက်ကြတာလို့ ဆိုတယ်။ လူဟာ သူတော်စင်လုပ်မလား၊ မကောင်းဆိုးဝါးလုပ်မလားဆိုတာကို ကိုယ်တိုင် ဆုံးဖြတ်ကြရတာပဲ။ သူတော်စင်ဘက် ယိမ်းသူက မကောင်းဆိုးဝါးကို ချိုးနှိမ်အုပ်ချုပ်ရာမှာ အောင်မြင်သူ၊ မကောင်းဆိုးဝါးဘက် ယိမ်းသူက သူတော်စင်ကို ချိုးနှိမ်အုပ်ချုပ်ရာမှာ အောင်မြင်သူ။ တချို့တွေကတော့ သူ ဖြတ်သန်းနေရတဲ့ဘဝအခြေအနေအရ ဟိုဘက် ယိမ်းလိုက် ဒီဘက် ယိမ်းလိုက်ဖြစ်နေကြသူတွေ။ လူတွေဟာ ကိုယ်တိုင် လက်တွေ့ မလုပ်ရဲတာတွေကို စိတ်ကူးနဲ့ပဲ ပုံဖော်ကြရတယ်။ ကိုယ့်အပေါ် တစ်ခုခု မတရားကျူးလွန်ခဲ့သူကို လက်တွေ့ မှာ ပေါ်ပေါ်ထင်ထင် မသတ်ရဲကြပေမယ့် စိတ်ကူးနဲ့ နေ့စဉ် သတ်ဖြတ်နေသူတွေ၊ ဝဇီကံနဲ့ သတ်ဖြတ်နေသူတွေ မနည်းလှဘူး။ ဒီလူတွေကပဲ ဘဝမှာ ခံခဲ့ရတဲ့မတရားမှုတွေ၊ အဆင်မပြေမှုတွေကို ဖြေဖျောက်ဖို့အတွက် သူတို့လိုတွေးတဲ့တခြားစိတ်ကူးတွေကို ရှာဖွေကြတယ်။ နွားရိုင်းသတ်ပွဲလို သွေးထွက်သံယို ပွဲတော်တွေကို နှစ်သက်ကြတယ်။ လူချင်း ထိုးသတ်ကြတဲ့ပွဲတော်တွေဆီ သွားကြတယ်။ နောက်တော့ စာပေထဲက ရက်စက်မှုတွေဆီ ရောက်တယ်။ ရုပ်ရှင်ကတော့ ကိုယ့်စိတ်ကူးနဲ့ကို ရိုက်စရာမလိုတော့ဘူး။ (စာပေက ကိုယ့်ဘာသာ ပြန်ရိုက်နေရသေးတာကိုး။) ဒါရိုက်တာက ပြထားတဲ့အတိုင်း ရက်စက်မှုတွေကို လိုက်ပါခံစားရုံ၊ ရင်ထိတ်ရုံ၊ ကျေနပ်ရုံပဲ။ ဒီတော့ Horror ကြိုက်တယ်ဆိုရင် . . . Jigsaw က စောင့်နေကြောင်း ဆိုပါရစေလား။ -လူသာမန်- Saw ဇာတ်ကားများအားလုံးကို ဒီမှာ https://channelmyanmar.to/category/special-package/saw-collection/ ကြည့်ပါ။ Saw 2 (2005)မှာတော့ Jigsaw လူသတ်သမားကို ပြန်ပေါ်လာတဲ့အတွက် အထူးတပ်ဖွဲ့တွေနဲ့အတူ စုံထောက်အဲရစ်ခ်မက်သရူးပါ ပါလာပြီး လာဖမ်းတော့တယ်။ ဒီအချိန်မှာ Jigsaw လူသတ်သမားက ကင်ဆာရောဂါသည်တစ်ဦး ဖြစ်နေတော့တယ်။ စုံထောက်အဲရစ်ခ်ဆိုတာကလည်း လူကောင်းမဟုတ်။ ဟိုးတုန်းကဆို သူဖမ်းချင်တဲ့သူတွေဆိုရင် သက်သေအတုလုပ်ပြီး ဖမ်းထည့်တတ်တဲ့သူ။ Jigsaw က အဲဒါကို ကောင်းကောင်းသိထားတော့ သူ အရင်က အမှုဆင်ပြီးဖမ်းဖူးတဲ့သူအားလုံးနဲ့အတူ အဲရစ်ခ်ရဲ့သားကို ဖမ်းထည့်ပြီး အိမ်တစ်အိမ်မှာ ဂိမ်းတွေ စကစားစေတော့တယ်။ အိမ်တစ်လုံးမှာ ထောင်ချောက်တွေ အပြည့်ပေါ့။ ဂိမ်းကို ကျော်ဖြတ်နိုင်တဲ့သူကပဲ အသက်ရှင်ခွင့်ရမှာ။ ဒါကို အဲရစ်ခ်တို့ Jigsaw ကို လာဖမ်းတဲ့အခါမှာ Jigsaw ရဲ့ ပုန်းအောင်းတဲ့နေရာမှာရှိတဲ့ ကွန်ပျူတာဖန်သားပြင်တွေပေါ်မှာ သူ့သားနဲ့အတူ တခြားလူတွေ အဖမ်းခံထားရတဲ့အကြောင်း အဲရစ်ခ်သိလိုက်ရတော့တယ်။ Jigsaw ရဲ့ ထောင်ချောက်တွေကြားကနေ သူ့ကိုမကျေနပ်တဲ့သူတွေနဲ့အတူရှိနေတဲ့ သူ့သား ဒန်နီရယ်ကို စုံထောက်အဲရစ်ခ်တစ်ယောက် ဘယ်လိုကယ်တင်မလဲဆိုတာ ဒီ Saw II ဇာတ်ကားထဲမှာ ရှုစားရမှာပါ။

6.6 2005
Saw II Saw 2
My Dad is an Alien
6

သမီးအတွက် အဖေကောင်းတစ်ယောက်ဖြစ်ဖို့အတွက်ကြိုးစားနေတဲ့ လောင်ကျင်းဟာ သမီးလေးကိုတစ်ယောက်ထဲပျိုးထောင်လာခဲ့တယ်။ သမီးလေးမူလတန်းကျောင်းကောင်းကောင်းမှာတက်ရဖို့အတွက် ထမင်းကြော်ရောင်းရင် အဆင့်မြင့်ကွန်ဒိုအတွက်စရံငွေပေးနိုင်အောင်ကြိုးစားခဲ့တယ်။ အရာအားလုံးအဆင်ပြေလို့ထင်ရတဲ့အချိန်မှာ ဦးနှောက်မှာကင်ဆာကြိတ်ရှိနေမှန်းသိလိုက်ရတဲ့အခါ…… အာကာသယာဉ်အရမ်းကြိုက်တဲ့သမီးလေးကို သူဟာဂြိုလ်သားပါ ကမ္ဘာကြီးကို ကယ်တင်ဖို့ ထွက်သွားရတော့မယ်ဆိုပြီး လိမ်ညာခဲ့တယ်။ သမီးလေးစိတ်မထိခိုက်ရအောင်ပြောခဲ့တဲ့ အဖြူရောင်မုသာဝါဒတွေကို ထိန်းဖို့ကြိုးစားရင်း သူ့ရဲ့နောက်ဆုံးအချိန်တွေကို သမီးလေးနဲ့အတူဖြတ်သန်းတဲ့ ရင်နင့်စရာကောင်းတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။

6 2024
My Dad is an Alien
Siapa Buka Lampu

Siapa Buka Lampu (2024) ဒီဇာတ်လမ်းမှာ Aadhya ဆိုတဲ့ အသစ်ဖွင့်ထားတဲ့ အပန်းဖြေတည်းခိုစံအိမ်က ဖွင့်ဖွင့်ချင်းမှာပဲ သရဲခြောက်လို့ လိုင်းပေါ်မှာ နာမည်ကြီးသွားပါလေရဲ့။ Aadhya စံအိမ်ရဲ့ပိုင်ရှင်ကလည်း သူ့စီးပွားရေးမပျက်အောင် မဟုတ်ပါဘူးလျှောက်ရွှီးပြီး နောက်ကွယ်မှာ သူ့စံအိမ်က သောင်းကြမ်းနေတဲ့သရဲကိုဖမ်းဖို့ သရဲဖမ်းသမား လင်မယားနှစ်ယောက်ကို အလုပ်ခန့်လိုက်တယ်။ ဒါပေမဲ့ အူကြောင်ကြောင် သရဲဖမ်းသမားတွေနဲ့ ကြားထဲက ဘုမသိဘမသိ လာတည်းတဲ့ ဧည့်သည် ကောင်မလေးနှစ်ယောက်ပါ ရောက်လာတာကြောင့် ဧည့်သည်တွေကိုလိမ်ပြီး နောက်ကွယ်မှာ သရဲဘယ်လိုခိုးဖမ်းမလဲဆိုတာကို ဒီမလေးရှားသရဲဟာသကားမှာ အလွဲပေါင်းစုံနဲ့ ခွီနေအောင် ကြည့်လိုက်ကြပါဦးဗျာ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ပဲဖြစ်ပါတယ်) File size…(1.3 GB) / (655 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Duration….01:31:23 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Thwal Htoo Zin

Action • Crime • Horror
0 2024
Siapa Buka Lampu
Memoir Seorang Guru
8.4

Memoir Seorang Guru (2024) IMDb Rating (8.4) ဇာတ်ကားကတော့ ပညာပေးဇာတ်လမ်းပါ။ မလေးရှားနိုင်ငံက ရွာဘက်က ကျောင်းတစ်ကျောင်းမှာ ပညာရေးပြုပြင်ပြောင်းလဲမှုတွေလုပ်သွားတဲ့ဆရာတစ်ယောက်ရဲ့အကြောင်းကို ဇာတ်လမ်းအဖြစ် ရိုက်ကူးထားပါတယ်။ ကျောင်းဆရာက အရည်အသွေးကို အဓိကမထားဘဲ ဘွဲ့တွေဂုဏ်တွေ၊ လုပ်ထုံးလုပ်နည်းသက်သက်ကို ဦးစားပေးလာတဲ့ ပညာရေးကို မကြိုက်တော့ပါဘူး။ ဒီလိုနဲ့ ပညာရေးဝန်ကြီးဌာနရဲ့သတ်မှတ်ချက်ကို လိုက်မနာဖို့ဆုံးဖြတ်မိတယ်ဆိုရင်ပဲ အဲဒီကျောင်းဆရာဟာ နယ်ဘက်ကို ပြောင်းရွှေ့ခံရတော့တာပဲ။ ဒါပေမယ့် ဆူနန်အတွက်တော့ နယ်ဘက်မှာ ကျောင်းဆရာဖြစ်ရတာကိုပဲ ဂုဏ်ယူခဲ့ပါတယ်။ ကလေးတွေကို ပြုစုပျိုးထောင်ပေးရတာကိုက ကျောင်းဆရာရဲ့ ဂုဏ်ပဲလို့ သူက မှတ်ယူတယ်။ ဒါပေမယ့် သူ့ရည်ရွယ်ချက်တွေ အောင်မြင်သွားသလားဆိုတာတော့.. ။ ဒီရုပ်ရှင်ကားကို ဒါရိုက်တာ Kyoll Hamzah က စီစဥ်ရိုက်ကူးခဲ့ပြီး (IMDb rating 8.4) ရရှိထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thy Santa ဖြစ်ပါတယ်။) File size…(2.1 GB) / (1 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, History, Biography Duration….01:44:52 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Thy Santa

8.4 2024
Memoir Seorang Guru
Srikakulam SherlockHolmes
6.8

Srikakulam Sherlockholmes 2024 (ဆရီကာကူလမ်ရှားလော့ခ်ဟုမ်း) ယခုတစ်ခါမှာတော့ ဟာသမင်းသားကြီး Vennela Kishoreပါဝင် တင်ဆက်ထားတဲ့ Comedy thriller/Mystery အမျိုးအစား စုံထောက်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ အမေဖြစ်သူရှာမီလာရဲ့ (ရှာ)၊ အဖေဖြစ်သူ လော့ခ်နတ်သ်ရဲ့ (လော့ခ်)၊ သူ့ကိုယ်ပိုင်နာမည် ဟုမ်းပရာကေ့ရှ်က (ဟုမ်း) ဒီစကားလုံးတွေကို ပေါင်းစည်းပြီးတော့ သူ့ကိုယ်သူ ရှားလော့ခ်ဟုမ်းလို့ နာမည်ပေးခါ အလွတ်စုံထောက်လုပ်နေတဲ့ စုံထောက်ကြီးတစ်ယောက်ပေါ့။ သူဟာ အရင်က ရဲအရာရှိတစ်ယောက်ဖြစ်ပေမဲ့ အသက်အရွယ်ကြောင့်နဲ့ အပြင်မှာပဲ အလွတ်စုံထောက်အဖြစ်လုပ်နေပြီး အမှုတွေကို အလွယ်လေးပဲ ဖြေရှင်းနိုင်တဲ့အတွက်ကြောင့် နာမည်ကြီးပါတယ်။ တစ်နေ့မှာတော့ သူတို့နေထိုင်ရာ ဆရီကာကူလမ်ရဲ့ ကမ်းခြေမှာ မယ်ရီဆိုတဲ့ကောင်မလေး အသတ်ခံရပြီး ဒီအမှုကို စုံစမ်းတဲ့အရာရှိဟာ သတင်းထောက်တစ်ယောက်နဲ့အတူ စိန်ခေါ်မှုလုပ်ခဲ့ရင်း တစ်ပတ်အတွင်း အမှုကို ပေါ်ပေါက်အောင် မဖြေရှင်းနိုင်ရင် အလုပ်ကနေထွက်မယ်ဆိုပြီးပြောခဲ့မိပါတယ်။ သို့သော်လည်း ဒီလိုတွေ စိန်ခေါ်လာပြီးမှ အထက်က အရင်ဝန်ကြီးချုပ်ဟောင်း သေဆုံးရတဲ့ကိစ္စနဲ့ပတ်သတ်ပြီး သူ့ကိုတာဝန်ပေးခါ တစ်ပတ်အတွင်း စုံစမ်းရေးအဖွဲ့နဲ့ သေချာစုံစမ်းဖို့ အမိန့်ကျလာတဲ့အခါမှာ အရာရှိကြီးခမျာ တိုင်ပတ်နေပါတော့တယ်။ ဒီလိုနဲ့ တပည့်တွေကို အကြံပေးတဲ့အခါမှာတော့ သူတို့ဟာ ရှားလော့ခ်ဟုမ်းကို ညွှန်းကြတဲ့အတွက် ပေါက်တဲ့နဖူး မထူးဘူးဆိုတဲ့အတိုင်းပဲ မျက်လုံးစုံမှိတ်ပြီး ရှားလော့ခ်ဟုမ်းကိုပဲ မယ်ရီသေတဲ့အမှုကို ၇ရက်အတွင်း စုံစမ်းခိုင်းပါတော့တယ်။ ဒီလိုနဲ့ ရှားလော့ခ်ဟုမ်းတစ်ယောက် မယ်ရီသေတဲ့အမှုကို ဘယ်လိုတွေ စုံစမ်းသွားမလဲ …. အမှုမှန်ရော ပေါ်ပေါက်သွားမှာလား ….. ဒီနောက်ကွယ်မှာ ဘယ်လို ဇာတ်ရှုပ်တွေ ရှိနေဦးမှာလဲ ….. ဆိုတာတွေကို ကြည့်ရှုရမဲ့အပြင် ဟာသမင်းသားကြီး Vennela Kishoreရဲ့ တလွဲဟာသလေးတွေကိုလည်း မြင်တွေ့ရမှာဖြစ်လို့ လက်မလွှတ်သင့်တဲ့ ဟာသစုံထောက်ကားလေးပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo~Cym~KKKZ~ZweYan တို့ပဲဖြစ်ပါတယ်)

Horror • Thriller • Comedy
6.8 2024 125 mins
Srikakulam SherlockHolmes