YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Trader.2022.NORDIC.720p.(CM).mp4

533.61 MB 720p video/mp4 111 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Gumraah
5

Gumraah 2023 (Imdb 6.4/10) နာမည်ကြီးတွေဖြစ်တဲ့ အဒီတရာကပူးရ်နဲ့ Super 30 ကားထဲက မင်းသမီးချော မရူနယ်သာကာတို့နဲ့အတူ တက်သစ်စမင်းသမီးချောလေး ဗီဒီကာ ပင်တိုတို့ ဦးဆောင်ပါဝင်ထားတဲ့ ရုံတင်စုံထောက်ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ ဇာတ်လမ်းအစမှာတော့ အိမ်တစ်ခုထဲမှာတွေ့ရတဲ့ အလောင်းကနေစပါတယ် စုံထောက်မင်းသမီးက ဆားပုလင်းနှင်းမောင်ဆန်ဆန်ပဲ လူသတ်မှုကို ဘေးကကြည့်နေတဲ့အတိုင်း ဘယ်အပေါက်ကဝင် ဘယ်အပေါက်ကထွက် ဘယ်လိုသတ်ပြီး ဘယ်နားမှာဘာရှိတယ်ဆိုပြီး ကြွယ်ပြပြီးတော့ ဘေးပတ်ဝန်းကျင်ဘာညာ လူတွေကို စစ်မေးအပြီးမှာ သံသယရှိဖွယ်လူတစ်ယောက်ကို ဖမ်းဆီးနိုင်ခဲ့ပါတယ် ပြသနာက အဲ့လူကိုဖမ်းပြီးမှ နောက်ထပ်အဲ့လူနဲ့ချွတ်စွပ်တူတဲ့ လူတစ်ယောက်က စခန်းကို ထပ်ရောက်လာတဲ့အခါမှာ ရုပ်ချင်းတူတဲ့လူနှစ်ယောက်က ဘာတွေလဲ လူသတ်မှုကို ဘယ်သူကကျူးလွန်ခဲ့တာလဲ ဘာကြောင့်ကျူးလွန်ခဲ့တာလဲ စသည်ဖြင့် ရင်ခုန်ခံစားကြည့်ရှုရမှာဖြစ်ပြီး ဇာတ်လမ်းအဆုံးထိ နောက်ကြောင်းပြန်လိုက် အမှုကိုစုံစမ်းလိုက်နဲ့ မရိုးအောင်ကြည့်ရမယ့်အပြင် မင်းသားမင်းသမီးချောလေးတွေကလည်း အဆစ်ပါသေးတာမို့ CM bollywoodပရိသတ်ကြီးတို့ လက်မလွှတ်တမ်း ကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ် အညွှန်းနဲ့ဘာသာပြန်ကိုတော့ CM bollywood Team ကနေ တင်ဆက်ပေးထားပါတယ် File size…1.87GB / 830MB Quality…1080p HD RIP  / 720p HD RIP Format…mp4 Duration….2h 5mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sai~Aditi~Chiclon3~Zwe Yan Naing

Comedy • Drama
5 2023 130 mins
Gumraah
Aquamarine
6.4

ဒီနေ့မှာတော့ CM ပရိသတ်ကြီးတို့ အကျွမ်းတဝင်ဖြစ်နေမဲ့ ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဆံပင်အပြာလေးနဲ့ Aquamarine ဆိုတဲ့ ရေသူ မလေးကို တော်တော်များများ မှတ်မိကြမှာပါ။ ရေသူမကားတွေအကြောင်း ပြောကြရင် Aquamarine က မပါမဖြစ်ပေါ့။ ငယ်ငယ်ကဆို highlight အပြာတွေ အရောင်ပြောင်းတဲ့လက်သည်းတွေ လိုချင်လိုက်ရတာ။ တီရှပ်ကို ဂါဝန်ပြောင်းဝတ်တာကလည်း ကိုယ်တွေအတွက် မျက်လှည့်ပြလိုက်သလို အထူးအဆန်းကြီးကိုဖြစ်လို့ပါပဲ။ ဒါ့အပြင် ဆယ်ကျော်သက်ကောင်မလေး နှစ်ယောက်ရဲ့ crush လိုက်နည်းအဖြာဖြာနဲ့ သူငယ်ချင်းသုံးယောက်ရဲ့ ခင်မင် မှုတွေကလည်း ရင်ထဲကျန်နေရစ်ခဲ့တာပေါ့။ မြှောက်ပြောတတ်တဲ့ ကြယ်ငါး လေးတွေကိုလည်း ချန်ထားခဲ့လို့မရပါဘူး။ ဇာတ်လမ်းအကျဉ်းကတော့ ဟေလီနဲ့ ကလဲရ်ဆိုတဲ့ ဆယ်ကျော်သက်ကောင်မ လေးနှစ်ယောက်က အချစ်ဆုံးသူငယ်ချင်းတွေပါတဲ့။ အဏ္ဏဝါဇီဝဗေဒပညာရှင် ဖြစ်တဲ့ဟေလီ့အမေက သူ့အလုပ်ကြောင့် ဩစတြေးလျကိုပြောင်းရဖို့ဖြစ်လာ ပါတယ်။ ကလဲရ်နဲ့မခွဲချင်တဲ့ဟေလီက သူ့အမေနဲ့ စစ်အေးတိုက်ပွဲဆင်နွှဲနေတာ ပေါ့။ ဒီလိုနဲ့မုန်တိုင်းထန်တဲ့တစ်ညမှာ အဖေဖြစ်သူစီစဉ်ပေးတဲ့ မင်္ဂလာပွဲကိုလက် မခံဘဲ အချစ်ကိုရှာမယ်ဆိုပြီး အိမ်ကထွက်ပြေးလာတဲ့ ရေသူမလေးအကွာမရင်းက လှိုင်းပုတ်ရာကနေ ကလဲရ်တို့ရေကူးကန်ထဲရောက်သွားပါတယ်။ အဲဒီမှာပဲ အကွာ မရင်းက ဟေလီတို့နဲ့ရင်းနှီးသွားပြီး သူ့ကိုကူညီပေးရင် ဆုတောင်းတစ်ခုပြည့်လိမ့် မယ်လို့ပြောပါတယ်။ မခွဲချင်ကြတဲ့ သူငယ်ချင်းနှစ်ယောက်က သူတို့အနှစ်နှစ်အလလလေ့လာထားတဲ့ crush လိုက်နည်းအစုံနဲ့ အကွာမရင်းတစ်ယောက် အချစ်ကိုပိုင်ဆိုင်လာအောင် ကူညီပေးပါတော့တယ်။ ကဲ ငယ်ဘဝက ဇာတ်လမ်းလေးကို ပြန်ကြည့်ရင်း အမှတ် တရတွေ ပြန်လည်ခံစားလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL ဖြစ်ပါတယ်) File Size..........(2.33 GB) / (1.25 GB) Quality............BLU-RAY 1080p / 720p Duration.........1Hr 50Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Family, Fantasy Translator.......EL Encoder..........SWM

Drama • Mystery
6.4 2006 104 mins
Aquamarine
Narvik: Hitler’s First Defeat
6.7

Narvik: Hitler’s First Defeat (2022) နော်ဝေနိုင်ငံမှာရှိတဲ့ နားဗတ်မြို့ကလေးဟာ ကားလမ်း၊ ရထားလမ်း၊ သင်္ဘောဆိပ်တွေ ရှိပြီး သံရိုင်း တင်ပို့ရောင်းချရာမှာ အရေးပါတဲ့မြို့ ဖြစ်တဲ့အတွက် အချက်အချာမြို့လေးတစ်မြို့ပါ။ ဒုတိယကမ္ဘာစစ် စတင် ဖြစ်ပွားချိန်မှာ စစ်ထဲကိုဝင်မပါချင်တဲ့ အတွက် ကြားနေမူဝါဒကျင့်သုံးကြောင်း ကြေငြာခဲ့ပါတယ်။ ဒါပေမယ့် ဂရိတ်ဗြိတိန်နဲ့ နာဇီဂျာမန်တို့ရဲ့ အားပြိုင်မှု ကြားမှာ စစ်ထဲဝင်ပါရဖို့ဖြစ်လာပါတော့တယ်။ နားဗတ်တိုက်ပွဲဟာ ဒုတိယကမ္ဘာစစ်မှာ ဟစ်တလာပထမဆုံး ရှုံးနိမ့်ခဲ့တဲ့ တိုက်ပွဲဖြစ်ပြီး ဒီဇာတ်ကားလေးက အဲ့အကြောင်းကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ နော်ဝေစစ်တပ်က တပ်ကြပ်ဂန်နာဟာ မိသားစုရှိရာ နားဗတ်မြို့မှာ တာဝန် ထမ်းဆောင်ဖို့ပြန်ရောက်လာပါတယ်။ အဲ့ဒိညမှာပဲ ဂျာမန်တပ်တွေက နားဗတ်မြို့ကို သိမ်းပိုက်ပြီး နော်ဝေတပ် တွေကို လက်နက်ချခိုင်းပါတယ်။ တပ်ခွဲမှူး ဗိုလ်မှူးက တပ်ကြပ်ဂန်နာအပါအဝင် လက်နက်မချချင်တဲ့ ရဲဘော် တွေကို စုစည်းပြီး မြို့အထွက်က တံတားကိုဖေါက်ခွဲဖျက်စီးပြီး ပိတ်ဆို့ရေးလုပ်ဖို့ပြင်ဆင်ပါတယ်။ ဒါပေမယ့် မြို့ထဲကထွက်လာတဲ့ ရထားပေါ်မှာ ဂန်နာ့ရဲ့ မိန်းမနဲ့ကလေးအပါအဝင် နော်ဝေလူမျိုးတွေပါ ပါလာတဲ့အတွက် အခက်တွေ့နေရပါတယ်။ ဒီလိုအခြေအနေကို ဘယ်လိုဆက်ရင်ဆိုင်မလဲ၊ သူတို့နေထိုင်ရာ မြို့ကလေးကို သူတို့ ပြန်လည်ပိုင်ဆိုင်နိုင်မလားဆိုတာ ဇာတ်လမ်းထဲမှာ ဆက်လက်ရှုစားကြပါခင်ဗျာ။ အချစ်၊ အလွမ်း၊ စွန့်စားခန်းနဲ့ စစ်ပွဲကြမ်းကြမ်းကြိုက်သူများ အကြိုက်တွေ့မှာပါ။ ရင်ထဲမှာ တစ်ခုခု စွဲပြီး ကျန်တာမျိုး ကြည့်ချင်သူအတွက် တွေးစရာများစွာပါ အပိုဆောင်းပေးစွမ်းနိုင်မယ့်ဇာတ်ကားလေးဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Ko Myo (Kop) ပါ။) File Size : 2GB, 871MB, 431MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 1hr 48mins Genre : Drama, History, War Translated by Ko Myo (Kop) Encoded by Kinnov

6.7 2022
Narvik: Hitler’s First Defeat
Rockstar
7.7

Bollywood ရဲ့ လူငယ်မင်းသားတွေအကြောင်း ပြော ကြကြေးဆိုရင် Ranbir Kapoor မပါရင်ပြီးပြည့်စုံမှုရှိမှာ မဟုတ်ပါဘူး။ သူ့ဇာတ်ကား အများစုဟာ အလွမ်းအဆွေးဆောင်ပြီး မျက်ရည်ချူဖို့ များခဲ့ပါတယ်။ ဒီတစ်ချက်က ကျွန်တော်မနှစ်သက်တဲ့ အချက်ဖြစ်ပြီး သူ့ သရုပ်ဆောင်စရိုက် ပိုင်နိုင်မှုကိုတော့ Roctstar (2011) နဲ့ Sanju (2018) ဇာတ်ကားတွေမှာ ကြွေခဲ့ရပြန်ပါတယ်။အစကတော့ Rock သီချင်းတွေနဲ့ မနီးစပ်တာ တကြောင်း Drama ဆန်တဲ့ ဇာတ်လမ်းဖြစ်သည်က တကြောင်းကြောင့် မရေးချင်ခဲ့ပါဘူး ။ ကိုယ့်အရေးအသားမပြည့်စုံမှုက ဒီဇာတ်ကားကို စိတ်ဝင်စားမှု နည်းလာမှာလည်း မဖြစ်စေချင်ခဲ့ဘူး။ ဒီဇာတ်ကားဟာ အသွင်အပြင် ခမ်းနားစွာနဲ့ Rock စရိုက်ပီပြင်တယ်။ အဝတ်အစား ဝတ်ဆင်မှုက Ranbir နဲ့ စောက်ရမ်းလန်းနေတယ်။ ခေတ်စကားအရ ဂေါ်တယ် ပေါ့။ ဂီတာတစ်ဖက် နဲ့ လည်ပင်းကြော ထောင်လာသလို မြင်မိတာက ဒီဇာတ်ကားရဲ့ သံစဉ်တေးတစ်ပုဒ်ပါပဲ။ ဒီတစ်ချက်နဲ့ကြည့်ရဖို့ လုံလောက်ပါတယ်။ ဒီကားမှာ Ranbir ဇာတ်ကောင် နာမည်က JJ (Jordan ) ။ သူရဲ့ ကောလိပ်ဘဘဝက ရိုးရှင်းတယ်။ နည်းနည်းအူကြောင်ကြောင်နိုင်တယ်။ ဒါပေမဲ့ သူ့မှာ အိပ်မက်တစ်ခုတော့ရှိတယ် ။ Jim Morrism ဆိုတဲ့ ဘဲကြီးကို Idol ထားပြီး သူ့လို အောင်မြင်ချင်တယ်။ Rock ဂီတ ကို ခပ်နက်နက်တေးသွားစာသားတွေနဲ့ သူ ပျံသန်းချင်နေခဲ့တယ်။ ( Jim Morrison ဆိုတာက Rock ဂီတရဲ့ ရှေ့ပြေးဆရာတစ်ဆူပါပဲ ။ ဆံပင်က အရှည် ဂီတာက တစ်လက် စီးကရက် တစ်ဖွာတရှိုက် နဲ့ သူ့ ပုံစံက ကြည့်ကောင်းနေခဲ့တဲ့ သူ။ Rock ဂီတနဲ့ နီးစပ်တဲ့သူတွေ ပိုသိပါလိမ့်မယ် ) ဒီလိုမျိုး Jim Morrison ကို ကြိုက်နှစ်သက်တဲ့ သူ့ အဖို့ Morrisonလို ဂီတသွေး ကြွနေဖို့လိုပါမယ်။ ကောလိပ်ကန်တင်းပိုင်ရှင်ကတော့ Jordan ကို ပြောရှာတယ်။ ” ကြေကွဲဖို့ကောင်းနေတဲ့ အခြေအနေဟာ အနုပညာသွေးဆာနေတဲ့ ကာလပဲ ” တဲ့။ ဒီတော့ Jordan စဉ်းစားတယ်။ သူ အသည်းကွဲနေမှဖြစ်မယ်လေ။ ဒါမှ သူ့သီချင်းတွေပြောင်မြောက်ရမှာပေါ့။ ဒီလိုနဲ့ ကောလိပ်က အချောဆုံးဆိုတဲ့ ကောင်မလေး ကို လိုက်ရှာတယ်။ တွေ့မှလည်း တွေ့ရော အသည်းကွဲစက် လို့နာမည်ကြီးနေတဲ့ Heer ကိုမှ သွားတွေ့တယ်။ Jordan ကတော့ သူ့စိတ်ကူးနဲ့သူမို့ Heer ကို အသည်းအသန်လိုက်တယ်။ နောက်တော့ အသည်းကွဲတဲ့အထာနဲ့သီချင်းတွေ စွတ်ရေးတယ်။ Heer ကတော့ မကြိုက်တဲ့သဘော ရှိပေမယ့် ခင်မင်အောင်ပေါင်းတယ်။ Jordan က ရိုးရိုးအအ ဆိုတော့ Heer ခိုင်းသမျှပျော်အောင် လျှောက်လုပ်တယ်။ ဒီမှာမသိမသာလေး ခိုးဝင်လာမိတဲ့ သံယောဇဉ်နှောင်ကြိုးလေးတော့ တွယ်မိကြတာပါပဲ။ ” ဘဝဟာ သိပ်ထူးဆန်းတယ်။ တွေ့မှ ကြုံ ဆိုသော်လည်း ဆုံ ချင်မှ ဆုံဦးမှာလေ ” ဒီလိုနဲ့ တစ်နေ့မှာတော့ Heer က ပါရာဂွေး နိုင်ငံဆီ ထွက်ခွာသွားခဲ့တယ်။ အဲ့အချိန်မှာ Jordan က စောက်ရမ်းအသည်းကွဲပြနေပြီလေ။ သီချင်းတွေလည်း ပြောင်မြောက်လာပြီ။ တစ်နေ့မှာ သတင်းတစ်ခုက Jordan ကို နှိုးဆွလိုက်တော့တယ်။ ပါရာဂွေး နိုင်ငံဆီ လွှတ်ဖို့ အနုပညာရှင် ရွေးချယ်ပွဲ ကျင်းပမယ့် သတင်းပါပဲ။ ဒါဟာ သူ့အတွက် မဟာအခွင့်အရေးပါပဲ။ ဒီလိုနဲ့ Jordan တစ်ယောက် စိတ်ကူူးစိတ်သန်းတွေကြားထဲက Heer ကို ပြန်တွေ့ဖို့ ကိုယ့်ကံကြမ္မာကို ပြန်ဖန်တီးခဲ့တဲ့အချိန်မှာတော့ ……………။ ကဲ ……ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာတော့ မပြောပြတော့ပါဘူး။ ဒီဇာတ်ကား ရဲ့ တဆစ်ချိုးတွေဟာ အပြင်လောကနဲ့ နီးစပ်စေသလို ချစ်ခြင်းမေတ္တာရဲ့ လွတ်လပ်ခြင်းဆီကိုပါ ချဉ်းကပ်စေမိပါတယ်။ သံယောဇဉ် ရဲ့ နှောင်ကြိုးတွေနဲ့ လူ့လောက ကန့်သတ်မှုတွေကြားက စိတ်ခံစားမှုကိုပါ တရေးရေးမြင်လာမိစေတယ်။ အူတူတူ လေး Jordan နဲ့ နာမည်ကြီး ကာလ Jordan အသွင်အပြင် တွေက ခြားနားလာတယ်။ တစ်ဖက်မှာ အောင်မြင်လာသလို တစ်ဖက်မှာ ကျရှုံးလာတယ်။ ဒါဟာ လောကဓံရောင်ပြန်လေး တစ်ခုလိုပါ။ ဒီဇာတ်ကား ဟာ Ranbir ရဲ့ ခမ်းနားတဲ့ ကာရိုက်တာကြောင့် ကျော်ကြားလာသလို ဇာတ်ဝင်သီချင်းတွေကပါ အဓိပါ္ပယ် ပေါ်လွင်လှပါတယ်။ Drama ကားမို့ ကြည်နူးရမယ်။ ဝမ်းနည်းရမယ်။ နာကျည်းရမယ် ဆိုပေမဲ့ Jordan ရဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒက ခွန်အားတွန်းပေးတဲ့ အထောက်အကူပါပဲ။ ဒါ့ကြောင့် ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားအဖြစ် ညွှန်းလိုက်ပါရစေဦးတော့။ #linnkhayan ရုပ်ရှင်အညွှန်းကို Linnkhäyañ မှတင်ဆက်ပေးထားပါတယ်။ (ဘာသာပြန်သူကတော့ ကိုဇော်ထူး ပါ) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

7.7 2011
Rockstar
Being John Malkovich
7.7

ဒီတစ်ခါမှာတော့ 1999ခုနစ်က ထွက်ရှိထားပြီး IMDb 7.7 နဲ့ Rotten Tomatoes မှာ 94%ထိ ရရှိထားတဲ့ အပြင် ဆုပေါင်းများစွာ ရရှိထားတဲ့ Comedy/Fantasy ဇာတ်ကားတစ်ကားကို တင်ဆက်ပေးသွားမှာပါ။ ခရစ်ဟာ ရုပ်သေးဆရာတစ်ယောက်ဖြစ်ပြီး လက်ရှိမှာ အလုပ်လက်မဲ့ ဖြစ်နေသူတစ်ယောက်ပါ တစ်ရက်မှာတော့ သူဟာ လက်စတာကော့ လို့ခေါ်တဲ့ ကုမ္ပဏီမှာ အလုပ်တစ်ခု ရရှိသွားပါတယ်။ ဒီလိုနဲ့ သူ့ရဲ့ ရုံးခန်းအသစ်မှာ ထူးဆန်းတဲ့ အပေါက်တစ်ခုကို ရှာတွေ့သွားပါတယ်။ အဲ့ဒီ အပေါက်ကို ဝင်လိုက်တဲ့သူဟာ နာမည်ကြီး ရုပ်ရှင်မင်းသားရဲ့ ခန္ဓာကိုယ်ထဲကို ရောက်ရှိသွားတာပါ။ သာမန်လူတွေအတွက်တော့ အပေါက်ထဲကို ဝင်သွားလိုက်ရင် မင်းသားရဲ့ ကိုယ်ထဲကို ၁၅ မိနစ် ရောက်ရှိသွားပြီး သူ့နေရာမှာ ဝင်ပြီးခံစားခွင့်ရပေမဲ့ ရုပ်သေးဆရာ ခရစ်ကတော့ မင်းသားကြီးရဲ့ ခန္ဓာကိုယ်ကို ကြိုက်သလို ထိန်းချုပ်လို့ရပြီး နေချင်သ‌လောက် နေလို့ရတာပါပဲ ဒီလိုနဲ့ ခရစ်ဟာ သူများရဲ့ ခန္ဓာကိုယ်ကို အပိုင်သိမ်းဖို့ ကြိုးစားရာက ဘယ်လိုဆက်ဖြစ်သွားမှာလဲဆိုတာ‌ကိုတော့ ကြည့်ရှုပေးကြပါဦးခင်ဗျာ။ File size…(1.7 GB)/(800 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:53:00 Genre…Drama, Comedy, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ban

Adventure • Romance • Drama
7.7 1999 113 mins
Being John Malkovich
The Origin of The Legend Of Meng Po
5.8

လူတွေသေဆုံးပြီးတဲ့အခါ လက်ရှိဘဝကမှတ်ဉာဏ်တွေကိုမေ့ပျောက်ပစ်ပြီး ပြန်လည်ဝင်စားဖို့အတွက် မုန့်ဖော်ဟင်းရည်ကိုသောက်ပြီး မေ့လျော့ခြင်းမြစ်ကူးတံတားကိုကူးကြရတယ်ဆိုတဲ့ တရုတ်ဒဏ္ဍာရီတစ်ခုကို ကြားဖူးကြမယ်လို့ထင်ပါတယ် ။ ဒီဇာတ်ကားကတော့ အဲဒီမုန့်ဖော်ဟင်းရည်ရဲ့ မူလအစက ဘယ်ကဖြစ်တည်လာတယ်ဆိုတဲ့ သမိုင်းကြောင်းကိုရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ။ သေဆုံးပြီးသားဝိဉာဉ်တွေက မုန့်ဖော်ဟင်းရည်ကိုသောက် သေဆုံးခဲ့တဲ့ဘဝတစ်ခုလုံးကမှတ်ဉာဏ်တွေကို မေ့ပြီးတော့ လူဝင်စားဖို့လုပ်ဆောင်ရပါတယ် ။ သေချာပေါက်ပေါ့.. ဒီဘဝရဲ့မှတ်ဉာဏ်တွေကို မေ့မပစ်နိုင်တဲ့သူတွေ ၊ အစွဲအလမ်းတွေရှိလို့ ကျန်ခဲ့တဲ့သူတွေကို စိတ်မချကြတဲ့ဝိဉာဉ်တွေကတော့ မုန့်ဖော်ဟင်းရည်ကိုမသောက်လိုကြပါဘူး ။ အဲဒီလိုမသောက်လိုတဲ့အခါမှာ မေ့လျော့ခြင်းမြစ်ရဲ့ အောက်ဘက်က ဝမ့်မြို့တော်မှာ နှစ်တစ်ထောင် အတိဒုက္ခခံစားကြရပါတယ် ။ ဒီလိုနဲ့ နှစ်တစ်ထောင်ပြည့်တဲ့နေ့မှာ မုန့်ဖော်ဟင်းရည်တိုက်ကျွေးသူ မုန့်ဖော်အမည်ရတဲ့နတ်သမီးက ဝမ့်မြို့တော်တံခါးကိုဖွင့်ပြီး အထီးကျန်ဝိဉာဉ်တွေနဲ့ဝိဉာဉ်ရိုင်းတွေကို မုန့်ဖော်ဟင်းရည်ထပ်တိုက်ပြီး ဘဝကူးပေးဖို့လုပ်ဆောင်ရပြန်တယ် ။ မထင်မှတ်ထားတာကတော့ ဝမ့်မြို့မှာအဖမ်းခံထားရတဲ့ နတ်ဆိုးဘုရင်ရှိုးလော်ဟာ ပြန်လည်နိုးထလာခဲ့ပြီး မုန့်ဖော်ကိုတိုက်ခိုက်လာပါတော့တယ် ။ တချိန်တည်းမှာပဲ အသက်ရှိဝိဉာဉ်တစ်ကောင်ကလည်း ဝမ့်မြို့တော်ကိုရောက်ရှိနေပါသေးတယ် ။ ယမမင်းနေရာကိုလိုချင်နေတဲ့ ရှိုးလော်ကမုန့်ဖော်ကိုဘယ်လိုစီရင်သွားမလဲ ? အသက်ရှိဝိဉာဉ်ကရောဘယ်သူဖြစ်မလဲ ? ယမမင်းနဲ့ရှိုးလော်ကြားက ပြိုင်ဆိုင်မှုတွေကြား မုန့်ဖော်တစ်ယောက် ဘယ်လိုအဆုံးသတ်နဲ့ကြုံရမလဲဆိုတာကို ဇာတ်ကားလေးထဲမှာ ဆက်လက်ကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ပါရစေ ။

Drama • Romance • Family
5.8 2024
The Origin of The Legend Of Meng Po
Timescape

ဇာတ်လမ်းအကျဉ်း လူသားမျိုးနွယ်တွေဖြစ်တည်လာတဲ့သမိုင်းကို ပြန်ကြည့်ရင် ရှေးနှစ်သန်း‌ပေါင်း ၆၅ သန်းကာလ၊ ဒိုင်နိုဆောတွေကို ကမ္ဘာကြီးကနေ ရက်ပိုင်းအတွင်း မျိုးတုန်းပျောက်ကွယ်သွားစေခဲ့တဲ့ ဂြိုလ်သိမ်ကြီးတစ်ခုရဲ့ရိုက်ခတ်မှုကလည်း သမိုင်းမှာ ထူးခြားတဲ့ ဖြစ်စဉ်ကြီးတစ်ခုပါပဲ။ အကယ်၍ ရုပ်ရှင်ကြည့်ပရိတ်သတ်ကသာ အချိန်ခရီးသွားယာဉ်ကြီးပေါ်ကိုစီးနင်းခွင့်ရခဲ့ရင် အဲ့‌ခေတ်ကာလကို သွားကြည့်ဖို့ စိတ်ကူးယာဉ်ကြည့်ဖူးပါသလား။ ဒီဇာတ်ကားထဲမှာတော့ ၂၀၂၀ ခုနှစ်က ‘ဂျေဆင်’ လို့ခေါ်တဲ့ လူငယ်ကောင်လေးတစ်ယောက်ဟာ ကားအက်ဆီးဒင့်ဖြစ်ပြီး သေသလားရှင်သလား မသိသေးတဲ့ သူ့မိဘတွေကို တောထဲမှာ သွားရှာရင်း ဂြိုလ်သားတွေစီးနင်းလာတယ်လို့ ယူဆရတဲ့ အချိန်ခရီးသွားယာဉ်ကြီးပေါ်ကို ရုတ်တရက်ရောက်ရှိသွားပြီး လွန်ခဲ့တဲ့ နှစ် ၆၅ သန်း‌ ၊ ဒိုင်နိုဆောတွေ ကြီးစိုးတဲ့ကာလဖြစ်တဲ့ ‘ခရီတေးရှပ်ခေတ်’ ဆီကို မရည်ရွယ်ပဲ ရောက်ရှိသွားခဲ့ပါတယ်။ တကယ်တော့ သူရောက်သွားတဲ့ အချိန်ကာလဟာ ‘ခရီတေးရှပ်ခေတ်’ ရဲ့ အဆုံးသတ်နေ့ ဖြစ်ခဲ့ပါတယ်။ ယာဉ်ပေါ် ကိုရောက်တဲ့အခါ ယာဉ်ပေါ်ကိုစောစောကတည်းက ပါလာတဲ့ အနာဂတ်က ရွယ်တူကောင်မလေး ‘လာရာ’ နဲ့ဆုံတွေ့ခဲ့ပါတယ်။ ဒီလိုနဲ့ ယာဉ်ပျံကြီးက ဒိုင်နိုဆောတွေခေတ်ကို ဆင်းသက်တဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲ။ ဘယ်လိုအန္တရယ်တွေကြုံတွေ့ရပြီး ဘယ်လိုတွေဒုက္ခရောက်ကြသလဲ… ပြီးတော့ ဂြိုလ်သိမ်ရိုက်ခတ်မှုကြီးက‌နေ သူတို့ လွတ်မြောက်အောင် ကြိုးစားနိုင်ပါ့မလား… သူတို့ရဲ့ နဂိုအချိန်ကာလကိုရော ပြန်ရောက်နိုင်ပါဦးမလား…စတာတွေကို စိတ်လှုပ်ရှားစွာကြည့်ရမယ့် ကနေဒါ သိပ္ပံစွန့်စားခန်း ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။ ကနေဒါ ရုပ်ရှင်‌ပွဲတော်ဖြစ်တဲ့ Fantasia Film Festival မှာ ပြသခဲ့ပြီး Best Qubece Feature အတွက် The Silver Audience Award ကိုလည်း ဆွတ်ခူးထားပါသေးတယ်။ ဒါရိုက်တာ Aristomenis Tsirbas က ဇာတ်ညွှန်းကိုယ်တိုင်ရေးကာ ရိုက်ကူးခဲ့တာဖြစ်ပြီး ကလေးသရုပ်ဆောင်အနေနဲ့ Sofian Oleniuk နဲ့ Lola Rossignol-Arts တို့က လွတ်လပ်၊ တက်ကြွပြီး ဉာဏ်ကောင်းတဲ့ ကလေးများအဖြစ် အတွဲညီညီသရုပ်ဆောင်ထားကြပါတယ်။ File size…(1.46 GB)/(805 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:20:00 Genre…Sci-Fi Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Luca

Drama • Family
0 2022
Timescape
Aristotle and Dante Discover the Secrets of the Universe
7.1

Aristotle and Dante Discover the secrets of the Universe ဆိုတဲ့ရုပ်ရှင်ကတော့ ၂၀၂၂ ခုနှစ်ကထွက်ရှိခဲ့တဲ့ဆယ်ကျော်သက် LGBT အချစ်ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်ကအလားတူ နာမည်နဲ့ပဲနာမည်ကျော်ခဲ့တဲ့ဝတ္တုကို ဒါရိုက်တာ Aitch Alberto က ရိုက်ကူးပေးထားပြီး Max Pelayo နဲ့ Reese Gonzales တို့က အဓိကပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ BL ပရိသတ်တွေအတွက် အချစ်ဇာတ်လမ်းချိုချိုလေးတစ်ပုဒ်အဖြစ် ချီးကျူးမှုရရှိထားတဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း **************** အချိန်ကာလအားဖြင့် ၁၉၈၇ ခုနှစ်နောက်ခံ မက္ကဆီကိုနိုင်ငံ အယ်လ်ပါဆိုမြို့က ဆယ်ကျော်သက်ကောင်လေးအာရီဟာ နွေရာသီတစ်ခုမှာ သမားရိုးကျမဟုတ်တဲ့ အမေရိကန်နွယ်ဖွားဒန်တီဆိုတဲ့ ကောင်လေးနဲ့ တွေ့ဆုံရာကနေစတင်ခဲ့ပါတယ်။ မတူညီမှုတွေ အများကြီးရှိတဲ့ကြားကပဲ အာရီနဲ့ဒန်တီဟာ အချိန်တိုအတွင်း အချစ်ဆုံးသူငယ်ချင်းတွေဖြစ်လာခဲ့ပါတယ်။ ကားတိုက်ခံရတော့မယ့် ဒန်တီကို အာရီက အသက်နဲ့ရင်းကယ်တင်ခဲ့ပြီးတဲ့နောက် ဒန်တီဟာ ဖခင်ရဲ့အလုပ်ကြောင့် ချီကာဂိုမှာ တစ်နှစ်ပြောင်းရွှေ့နေထိုင်ခဲ့ရပါတယ်။ အနေဝေးနေတဲ့သူငယ်ချင်းနှစ်ယောက်ကြားမှာ စာတွေအဆက် အသွယ်ရှိနေခဲ့ပြီး တစ်နှစ်နေလို့ ဒန်တီပြန်လာချိန်မှာတော့ သူငယ်ချင်းသံယောဇဉ်တွေက အရောင်ပြောင်းနေခဲ့ပါပြီ။ ဒန်တီက အာရီအပေါ်ထားတဲ့သူ့ရင်တွင်းခံစားချက်တွေကိုထုတ်ပြောလိုက်ပြီးတဲ့နောက် အာရီကဘယ်လိုဆုံးဖြတ်မယ်ဆိုတာ ဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ File size…1.44GB / 662MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 38m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

7.1 2022
Aristotle and Dante Discover the Secrets of the Universe
Pizza
7.9

Pizza (2012) ဆန်းကြယ်လေစွ ပရလောက Genre – Thriller, Horror IMDB – 7.9/10 ခုတလော နာမည်ကြီး လူကြိုက်များနေတဲ့ Maharaja ရဲ့ မင်းသားကြီး ဗီဂျေးစည်သူပတိတစ်ယောက် ငယ်ရွယ်နုပျိုစဉ်တုန်းက ရိုက်ကူးထားတဲ့ သည်းထိတ်ရင်ဖိုကားလေးကို ဗီဂျေးပရိတ်သတ်တွေအတွက် တင်ဆက်ပေးလိုက်ပါပြီဗျာ။ ၂၀၁၉ ခုနှစ်တုန်းက ဗီဂျေးပါဝင်ထားတဲ့ Petta ဆိုတဲ့ ရုပ်ရှင်ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Karthik Subbaraj ရိုက်ကူးခဲ့တာ ဖြစ်ပြီး ဗီဂျေးနဲ့ တွဲလုံးစထုတ်ခဲ့ပြီး နာမည်ကြီးခဲ့တဲ့ ဒါရိုက်တာဆိုလည်း မမှားပါဘူး။ နောက်ပိုင်းရုပ်ရှင်တွေမှာ တည်တည်ငြိမ်ငြိမ်နဲ့ ရှယ်ဖြုတ်ပြတဲ့ ဘဲကြီးပုံစံတွေ သရုပ်ဆောင်ထားပေမဲ့ ဒီကားလေးမှာတော့ ချစ်သူနဲ့ တူတူ ပျော်ရွှင်ကြည်နူးပြီး ပီဇာပို့နေတဲ့ လူငယ်လေးအဖြစ် လန်းဆန်းတက်ကြွစွာ သရုပ်ဆောင်ထားတာပါ။ မင်းသားက ဗီဂျေးဆိုတာနဲ့ ဇာတ်လမ်း ဇာတ်အိမ်တွေက ခန့်မှန်းမရပဲ အဆုံးထိ မြုပ်ကွက်ချုပ်ကွက်တွေနဲ့ သယ်ဆောင်သွားပြီး အဆုံးကျမှ ဟာခနဲ ဟင်ခနဲ ဖြစ်မယ့် သည်းထိတ်ရင်ဖိုကားလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေး ပြောရမယ်ဆို မိုက်ကယ်ဆိုတဲ့ကောင်လေးဟာ ပီဇာဆိုင်က ဒယ်လီဝန်ထမ်းလေး ဖြစ်ပြီး ချစ်သူ အာနူနဲ့ အတူတူနေထိုင်လျက်ရှိပါတယ်။ ကောင်မလေးက သရဲတစ္ဆေအကြောင်းတွေ အလွန်စိတ်ဝင်စားပြီး ဝတ္ထုရေးဖို့ ကြိုးစားနေသူဆိုပေမဲ့ မိုက်ကယ်ကတော့ ပြောင်းပြန် ဒီသရဲကိစ္စတွေကို အယုံအကြည်မရှိပေမဲ့ ကြောက်လန့်တတ်သူတစ်ယောက်ပါ။ တစ်ရက်ကျ ကောင်မလေးဖြစ်သူက ကိုယ်ဝန်ရှိလာပြီး မင်္ဂလာပွဲလေးကိုလည်း အကျဉ်းရုံးလုပ်ပြီးတဲ့နောက် မိုက်ကယ်ကို လူတိုင်းမှာ ဒီလို သဘာဝဖြစ်ရပ်တွေနဲ့ ကြုံဆုံလာရမယ့် အခိုက်အတန့်ဆိုတာ ရှိတယ် အဲဒါကြောင့် နင်လည်း ဒီနေ့ကစပြီး ဒီလို အခိုက်အတန့်တွေ ကြုံရတော့မှာပါဆိုပြီး ပြောပြီးတဲ့နောက်မှာတော့… မိုက်ကယ်တစ်ယောက် ပီဇာပို့ရင်း ထူးခြားဆန်းကြယ် ပရလောက အတွေ့အကြုံ ဖြစ်ရပ်တွေနဲ့ မျက်ဝါးထင်ထင် ကိုယ်တိုင်ကြုံတွေ့ရတဲ့အခါ….။ ထုံးစံအတိုင်း ဇာတ်လမ်းရဲ့သဘောသဘာဝအရ လူတွေကို အံ့သြမှင်သက်သွားအောင် လုပ်မယ့် အကွက်တွေ ပါဝင်နေတဲ့အတွက် ဒီလောက်လေးပဲ ပြောပြလိုက်ပြီး ကျန်တာကိုတော့ ဖန်သားပြင်ထက် ခံစားကြစေဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ဗျာ။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်)

Action • Animation • Fantasy • Adventure • Science Fiction
7.9 2012 127 mins
Pizza
Mom, If I Were a Vampire
5.7

ဒီဇာတ်ကားလေးကတော့ နာမည်အတိုင်း အနိုင်ကျင့်ခံရတဲ့ ကျောင်းသူလေး အကြောင်းကိုရိုက်ကူးထားတာပဲဖြစ်ပါတယ် ။ GL နည်းနည်းဆန်ပါတယ်နော် ဇာတ်လမ်းအညွှန်းလေးအနေနဲ့ ကျန်းရှောင်ဝမ်ဆိုတဲ့ကောင်မလေးဟာ အမြဲတမ်းတွေးနေ ဆွေးနေတတ်ပြီးတော့ သူ့အမေနဲ့ မတူချင်တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ် ။ အဲဒီလိုမှုန်ကုတ်ကုတ်ဖြစ်နေလို့ပဲ ကျောင်းပြောင်းတဲ့နေ့မှာပဲ အနိုင်ကျင့်ခံရပါတော့တယ် ။ ဒါပေမဲ့ မမျှော်လင့်ဘဲသူ့ဘဝကိုအလင်းပေးနိုင်မဲ့ သူငယ်ချင်းတစ်ယောက် ၊ သူ့အတွက်လက်စားချေပေးနိုင်မဲ့ သူငယ်ချင်းကောင်းနဲ့ဆုံတွေ့ခဲ့ရပါတယ် ။ ကဲဒီသူငယ်ချင်းနဲ့ပေါင်းပြီး အနိုင်ကျင့်တဲ့ကလေးတွေကို ဘယ်လိုပြန်လက်စားချေကြမလဲ ? ‌သူဖြစ်ချင်နေတဲ့ ဗန်ပိုင်းယားရောဖြစ်လာမလားဆိုတာ ဇာတ်ကားလေးထဲမှာ ကြည့်ရှူပေးကြည့်ပါအုံးနော် ။

5.7 2022
Mom, If I Were a Vampire
Margot at the Wedding
6

ဒီဇင်ဘာအားလပ်ရက်တွေထဲ ပေါ့ပေါ့ပါးပါးကြည့်စရာ ဟာသဒရာမာ ဇာတ်လမ်းရှာနေသူတို့အဖို့ (၂၀၀၇)ခုနှစ်က ထွက်ရှိထားတဲ့ “Margot at the Wedding” ဆိုတဲ့ ဇာတ်လမ်းလေးကို CM ကနေ တင်ဆက်ပေးလိုက်ပါပြီ။ ပရိတ်သတ်တွေ အကြိုက် ဟာသသရုပ်ဆောင် Jack Black လည်း ပါဝင်သရုပ်ဆောင်ထားပါတယ် မာဂေါ့တစ်ယောက် သူ့သားလေး ကလော့နဲ့ သူ့ညီမလက်ထပ်ပွဲကို သွားရာကနေ အစပျိုးလိုက်တဲ့ အဖြစ်အပျက်တွေကို ကြည့်ရှုခံစားနိုင်မယ့် ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ ညီအစ်မတွေဖြစ်ကြတဲ့ မာဂေါ့နဲ့ ပေါလ်လင်းတို့ဟာ ပြဿနာတွေကြောင့် အချင်းချင်း စကားမပြော၊ အဖတ်မလုပ်ကြတာ နှစ်တော်တော်ကြာနေပြီ ဖြစ်ပါတယ်။ တစ်ယောက်ကိုတစ်ယောက် ယောင်လို့တောင် မခေါ်ကြပေမယ့်လည်း ညီအစ်မစိတ်ဆိုတာ ရှိသေးတာကြောင့် မာဂေါ့တစ်ယောက် ပေါလ်လင်းလက်ထပ်ပွဲ ကျင်းပမယ့်ဆီကို သွားပါတော့တယ်။ တစ်ယောက်နဲ့တစ်ယောက် အမြင်စောင်းနေကြပေမယ့်လည်း အစ်မဖြစ်သူ မာဂေါ့ဟာ ပေါလ်လင်းလက်ထပ်မယ့်သူကို အဖြစ်မရှိသူလို့ သတ်မှတ်ထားပြီး မျက်မုန်းကျိူးနေပါတော့တယ်။ ဒါတင်မကသေး ဒီလက်ထပ်ပွဲကို အစပြုပြီးတော့ မထင်မှတ်ထားတဲ့ ဇာတ်ကောင်းတွေရဲ့ ပြဿနာတွေကလည်း ပေါ်လာပါတော့တယ်။ ညီအစ်မကြား၊ သားသမီးတွေနဲ့ မိဘတွေကြား စတဲ့ ဆက်ဆံရေးတွေကြားက နားလည်မှုမရှိတာ၊ ပြဿနာဖြစ်တာတွေအပြင် သူတို့တွေကြားမှာ ချစ်ခြင်းမေတ္တာဆိုတဲ့အရာဟာ ရှိပါကြောင်းကို တမျိုးတဖုံသွယ်ဝှိုက်ဖော်ပြထားနိုင်တဲ့ ဇာတ်ကားကောင်းလေး တစ်ခုလည်းဖြစ်ပါတယ်။ ဖြစ်လုဆဲဆဲ ဒီလက်ထပ်ပွဲကို မာဂေါ့တစ်ယောက် သွားရာကနေစပြီးတော့ ညီအစ်မနှစ်ယောက်ကြား မိသားစုဝင်တွေကြား နားလည်မှုတွေပဲ တိုးလာမလား၊ ပြဿနာတွေပဲ တက်လာမလားဆိုတာကိုတော့ ခံစားချက်အမျိုးမျိုးနဲ့ “Magot at the Wedding” ဆိုတဲ့ ဇာတ်ကားလေးထဲမှာ ခံစား ကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။ File Size : 2 GB, 814 MB Quality : WEB-DL 1080p / 720p Running Time : 1hr 31min Format : Mp4 Genre : Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by : Doros Encode by : Thit San Khant

Mystery • Thriller • TV Movie
6 2007 91 mins
Margot at the Wedding
Demon Sealer Bureau

ကလေးဘဝက တစ်မိသားစုလုံးအသတ်ခံလိုက်ရပြီး မှော်စက်ယန္တရားတွေကျွမ်းကျင်ကာ၏ မိစ္ဆာနှိမ်နင်းရေးအဖွဲ့ရဲ့အမိန့်ကို မြေဝယ်မကျနားထောင် သွေးအေးရက်စက်တတ်တဲ့ ထန်လင်ဖုန်း စက်ယန္တရားတွေကို နည်းနည်းမှနားမလည်ဘဲ ထန်လင်ဖုန်းကို ညီလေးတစ်ယောက်လို ဂရုစိုက်ချစ်ခင်လာတဲ့မိစ္ဆာနှိမ်နှင်းရေးအဖွဲ့ဝင် လုရင် ဝိညာဥ်ရင်းမြစ်လျှို့ဝှက်သိုင်းကျမ်းကိုအသုံးချပြီး ကိုယ့်အတ္တအတွက် အသုံးချချင်ကြတဲ့ လူတွေ… သွေးသားရင်းတွေမဟုတ်ပေမဲ့ အစစအရာရာဂရုစိုက်ချစ်ခင်လာကြတဲ့ ညီအစ်ကိုနှစ်ယောက် တစ်ရက်မှာ သွေးကွဲဖို့ဖြစ်လာပြီးပြဿနာတွေက ထင်ထားသလိုမရိုးရှင်းဘဲ မိစ္ဆာတွေနဲ့ အာဏာလုပွဲတွေပါ ပါဝင်ပတ်သတ်လာချိန်မှာတော့…သူတို့နှစ်ယောက်ဖြစ်လာတဲ့ ပြဿနာတွေကို ဘယ်လိုရင်ဆိုင်သွားကြမလဲ ဆိုတာကို ဒီကားလေးမှာစိတ်ဝင်စားဖွယ်ဆက်လက်ကြည့်ကြရမှာပါနော်

Thriller • Mystery
0 2022
Demon Sealer Bureau
The Killers
6.1

The Killers (2025) ***************** IMDb…..6.1 ၁၉၅၄ ခုနှစ်မှာ စာပေ ပညာ နိုဘယ်ဆု ရရှိထားတဲ့ Ernest Hemingway ရဲ့ “The Murders” ဝတ္ထုကို မှီငြမ်းပြီး ရိုက်ကူးထားတဲ့ “The Killers” ဆိုတဲ့ ဇာတ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ Castတွေ အနေနဲ့ကတော့ Shim Eun Kyung, Yeon Woo Jin, Hong Sa Bin, Jang Hyun Sungတို့နဲ့ အတူ တခြား သရုပ်ဆောင်များစွာ ပါဝင်ပါတယ်။ ဇာတ်လမ်းအညွှန်း အနေနဲ့ကတော့.. နောက်ကျောမှာ ဓားစိုက်နေတဲ့ ယောကျ်ားတစ်ယောက်၊ လူသတ်ပေးဖို့ တောင်းဆိုလာတဲ့ မိန်းမတစ်ယောက်၊ လူတိုင်းက စောင့်မျှော်နေတဲ့ လူတစ်ယောက်၊ လူတစ်ယောက်ကို စောင့်မျှော်နေတဲ့ တစ်စုံတစ်ယောက်.. အစရှိသဖြင့် ရှူထောင့် ၄ခုကနေ ဇာတ်လမ်း ၄ပုဒ် တည်ရှိနေပြီးတော့ ညမိုးချုပ် အချိန် ပဟေဠိဆန်တဲ့ စားသောက်ဆိုင်တစ်ဆိုင်ကို ဓားစိုက်နေတဲ့ လူတစ်ယောက် ရောက်ရှိလာချိန်မှာပဲ ထူးခြားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဟာ စတင်လာပါတော့တယ်။ ဒီ လူ၄ယောက်က ဘယ်လိုတွေ ပတ်သက်ဆက်နွယ်မှု ရှိနေပြီးတော့ ဘာတွေဆက်ဖြစ်လာမလဲ ဆိုတာကို စိတ်ဝင်တစား ကြည့်ရှုနိုင်ပါပြီ။ (ဇာတ်လမ်းအညွှန်းကိုတော့ာ Treasure Htet မှ ရေးသားထားပါတယ်။) File Size : 2.31GB/ 990MB Quality : WEB-DL 1080p/720p Format…mp4 Duration…01:59:00 Genre : Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Treasure Htet, Hsu Pyae & Hnin Wai Oo Encoded by Tiff

6.1 2024 119 mins
The Killers
Hot Gimmick: Girl Meets Boy
6.2

Hot Gimmick: Girl Meets Boy (2019) ************************************ Hot Gimmick ဆိုတဲ့ ရှိုဂျိုမန်ဂါကို Live Action အဖြစ်နဲ့ ပြန်လည်ရိုက်ကူး တင်ဆက်ပေးထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ ဟာဆွတ်မိဆိုတဲ့ထုံထုံအအ ကောင်မလေးတစ်ယောက်၊ သူ့မှာ အခနဲနဲ့ အဇုဆာဆိုတဲ့ ငယ်သူငယ်ချင်းနှစ်ယောက်ရှိပါတယ်။ အခနဲ့နဲ့ ဟာဆွတ်မိတို့ကတော့ အခုတိုင် အမြဲတတွဲတွဲရှိခဲ့ပေမဲ့ အဇုဆာကတော့ နာမည်ကြီးတစ်ယောက်ဖြစ်သွားတဲ့အချိန်ကစလို့ ဟာဆွတ်မိတို့နဲ့ ဝေးကွာလို့နေပါတယ်။ သို့ပေမဲ့လည်း အဇုဆာတစ်ယောက် ဟာဆွတ်မိတို့ တိုက်ခန်းကို ပြန်လည်ပြောင်းရွှေ့နေထိုင်ရင်းနဲ့ အဇုဆာနဲ့ ဟာဆွတ်မိတို့ နှစ်ယောက် ပြန်လည်တွေ့ဆုံခဲ့ကြပါတော့တယ်။ တစ်နေ့မှာ အခနဲတစ်ယောက် ဟာဆွတ်မိကို ဆီးစစ်တံဝယ်ခိုင်းရာကနေ သူတို့တိုက်ခန်းမှာပဲ နေထိုင်တဲ့ ရိုကီဆိုတဲ့ ကောင်လေးက မြင်သွားတော့ ဟာဆွတ်မိကို သူ့ကျွန်လုပ်ပေးရမယ်ဆိုပြီး ခြိမ်းခြောက်ရာကနေ ဒီဇာတ်လမ်းလေး စတင်ထားပါတယ်။ ထုံထုံအအ ကောင်မလေးဖြစ်တဲ့ ဟာဆွတ်မိတစ်ယောက် သူ့ကိုခြိမ်းခြောက်ပြီး ကျွန်လုပ်ခိုင်းနေတဲ့ ရိုကီရယ်၊ အခုမှ ပြန်လည်ပြောင်းရွှေ့လာခဲ့တဲ့ ငယ်သူငယ်ချင်း အဇုဆာရယ်နဲ့ ဘာတွေ ဘယ်လို ဆက်ဖြစ်မလဲဆိုတာကို ဆက်လက်ကြည့်ရှုရမဲ့ ဟာသအချစ်ဒရာမာဇာတ်လမ်းလေးဖြစ်ပါတယ်။ (အညွှန်းကို Char Ou မှ ရေးသားထားပါတယ်) File size…1.95GB / 721MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….2h 00m Genre ….. Comedy, Romance, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Char Ou Encoded by AHtet

Drama • Comedy
6.2 2019 119 mins
Hot Gimmick: Girl Meets Boy
The Old Guard 2
7.2

The Old Guard 2 (2025) ဒါကတော့ ၂၀၂၀ မှာ ထွက်ရှိခဲ့တဲ့ The Old Guard 1 ရဲ့ အဆက်ဖြစ်ပြီးတော့ တော်တော်များများ စောင့်မျှော်နေကြတဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ အခုမှ စကြည့်မဲ့သူတွေကတော့ မသေမျိုးတွေ သူတို့ရဲ့ ရည်ရွယ်ချက်တွေ အဖြစ်သနှစ်တွေကို လုံးစေပတ်စေ့ နားလည်ဖို့ဆိုရင် အပိုင်းတစ်ကို ပြန်သွားကြည့်စေချင်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဒီဒုတိယအပိုင်းမှာတော့ အန်ဒီဟာ သူမရဲ့ မသေမျိုးဘဝကို ဆုံးရှုံးသွားခဲ့တာ ၆ လကျော်ရှိပြီဖြစ်ပါတယ်။ ဒါပေမဲ့ အန်ဒီဟာ သူမရဲ့ မသေမျိုးစစ်သည်တော်တွေရဲ့ လူသားမျိုးနွယ်ကို အန္တရာယ်ပြုလာနိုင်တဲ့ကိစ္စတွေကို လိုက်လံတားဆီး ကာကွယ်နေဆဲဖြစ်ပါတယ်။ အဲအချိန်မှာ သူမထက်တောင် ပိုပြီးတော့ ကမ္ဘာပေါ်မှာ နေထိုင်လာတာသက်တမ်းကြာပြီဖြစ်တဲ့ ရှေးကျတဲ့ မသေမျိုး အမျိုးသမီး ဒစ်စကော့က သူမနဲ့ပတ်သက်ပြီး မှတ်တမ်းတင်ထားတဲ့ သမိုင်းကြောင်းတွေကို ခိုးယူသွားခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ အန်ဒီနဲ့အတူ ကတိအပြန်အလှန်ထားရှိခဲ့တဲ့ ကွင်ကလည်း ပိတ်လှောင်ခံထားရတဲ့နေရာကနေ လွတ်မြောက်လာခဲ့ပါတယ်။ ဒီတော့ အန်ဒီတစ်ယောက် ဘာလို့ မသေမျိုးဘဝကို ဆုံးရှုံးလိုက်ရတာလဲ၊ ဒစ်စကောဆိုတဲ့ ထူးဆန်းတဲ့မသေမျိုးကလည်း ဘာတွေကြံစည်နေတာလဲ၊ ကွင် ပြန်လွတ်လာတာနဲ့ရော ဆက်စပ်မှုရှိနေလား၊ သူတို့ကို ဘယ်လိုကြီးမားတဲ့အန္တရာယ် စောင့်ကြိုနေလဲ၊ ဒါကို ဘယ်လိုတားဆီးကြမလဲဆိုပြီး သိချင်စိတ်တဖွားဖွားနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ (အညွှန်းရေးသားသူကတော့ Matteo ဖြစ်ပါတယ်။) File size… (6.4 GB) / (1.6 GB) / (940 MB) Quality…. WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre…. Action, Adventure, Fantasy, Thriller Duration…. 01:47:41 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Matteo & Act Molemy

7.2 2025 107 mins
The Old Guard 2