YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

The Player (1992) Blu-ray 1080p (CM).mp4

2.84 GB N/A video/mp4 106 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Peter Pan
7.2

Peter Pan (1953) ============= အနောက်နိုင်ငံကလေးတွေရဲ့ ပါးစပ်ဖျားမှာ​​ရေပန်းစားတဲ့ ပီတာပန်ဆိုတာကို အားလုံးပဲ ကြားဖူးနားဝရှိကြမယ်ထင် ပါတယ်။ ကလေးတွေဟာ ညအိပ်ရာဝင်တိုင်း ပီတာပန် လာနိုးလာနိုးနဲ့ စောင့်နေတတ်တာကြောင့် တချို့မိဘတွေ ကတော့ ဒီလိုအယူသည်းတာမျိုးကို အားမပေးတတ်ကြ ပါဘူး။ ဝမ်ဒီတို့မောင်နှမ ၃ယောက်ကတော့ ပီတာပန်ကို ယုံကြည် ရုံတင်မကဘဲ ပီတာပန်ရဲ့စွန့်စားခန်းတွေမှာပါ ဝင်ရောက် ပါရမီဖြည့်ချင်နေကြတာပါ။ တစ်ညမှာ ..... ပီတာပန်တစ် ယောက် လူကြီးတွေမသိအောင် ဝမ်ဒီတို့အခန်းဆီ ထပ် လာဖြစ်ခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ပီတာပန်ဟာ ဝမ်ဒီ တို့မောင်နှမ ၃ယောက်ကို ရင့်ကျက်ခြင်းကင်းတဲ့ Never Land မှာလိုက်နေဖို့ ခေါ်တဲ့အခါ . . . လူသားကလေး (၃) ယောက်အနေနဲ့ နတ်သူငယ်တို့ရဲ့မြေမှာ ကြုံရဆုံရမယ့် စွန့်စားခန်းတွေကို ပေါ့ပေါ့ပါးပါးကြည့်ရှုရမှာပဲဖြစ်ပါတယ်။ 1953 ကာလကို အခြေပြုတဲ့ဇာတ်လမ်းလေးဖြစ်တဲ့အပြင် Tinker Bell - Pirate Fairy နဲ့ပါ အချိတ်အဆက်ရှိနေတာ မို့လို့ Disney Fan တွေအတွက် Nostalgia ဖြစ်စေမယ့် Animation ကားကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူက တော့ Hnin Wut Yi ဖြစ်ပါတယ်) File Size..........(1.62 GB) / (759 MB) / (501 MB) Quality............BLU-RAY 1080p / 720p / 480p Duration.........1Hr 17Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Animation, Adventure, Family Translator.......Hnin Wut Yi Encoder..........Zin Phyo Aung

Drama
7.2 1953 77 mins
Peter Pan
Miracle in Cell No. 7
8.8

Miracle in Cell No. 7 ဆိုတာနဲ့ မြန်မာနိုင်ငံမှာ လူသိများတဲ့ ပတ်ရှင်ဟေးရဲ့ ဇာတ်ကားဆိုတာသိကြမှာပေါ့။ ဒီဇာတ်ကားက နာမည်ကြားတာနဲ့တင် လူတွေအားလုံးသိကြတဲ့အထိ အောင်မြင်မှုရခဲ့သလို Remake တွေပါ ထပ်ထပ်ရိုက်ရတဲ့အထိ၊ Remake တွေကပါ ဆုတွေကိုသိမ်းပိုက်နိုင်တဲ့အထိ လူတွေရဲ့ရင်ထဲကို အကြိမ်ကြိမ်အခါခါ တိုးဝင်နိုင်တဲ့ ဇာတ်ကားလေးပါ။ အခု Miracle in Cell No. 7 ကတော့ ကိုရီးယားကားမဟုတ်၊ တူရကီ remake မဟုတ်တဲ့ အင်ဒို remake ပါ။ ဒီအင်ဒိုကားမှာတော့ Vino G. Bastian က ဖခင်ဖြစ်သူ ဒိုဒိုရိုဂျာ့ခ်အနေနဲ့ မူရင်းကိုရီးယားဇာတ်ထက် မလျော့စေဘဲ ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်ထားပြီး Maya Awards, Festival Film Indonesia တို့မှာလည်း ဆန်ကာတင်စာရင်းဝင် ၊ဆုတွေရခဲ့တာလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင် ဉာဏ်ရည်မမှီတဲ့ သာမန်ပူဖောင်းလည်ရောင်းသူ ဒိုဒိုရိုဂျာ့ခ်ဟာ သမီးဖြစ်သူ ကာသီကာနဲ့အတူ အဖေတစ်ခု သမီးတစ်ခု နေထိုင်ကြတာပါ။ တစ်နေ့မှာ နိုင်ငံရေးသမားတစ်ယောက်ရဲ့ သမီးဖြစ်သူသေဆုံးမှုထဲ ဒိုဒိုတစ်ယောက် ဝင်ပတ်သက်မိရာကနေ မုဒိမ်းမှုနဲ့ လူသတ်မှုပါအဆစ်ရကုန်ပြီး ထောင်ထဲ‌တန်းရောက်ကာ ‌သမီးဖြစ်သူနဲ့ မတွေ့ရတော့တာပါပဲ။ ကိုယ့်သမီးသေသွားတဲ့အတွက် မဲမဲမြင် ထောင်ထဲထည့်ချင်တဲ့ နိုင်ငံရေးသမား၊ မတရားစွပ်စွဲခံရပြီး သမီးနဲ့ရှင်ကွဲကွဲရတဲ့ ဉာဏ်ရည်မမှီတဲ့ လက်လုပ်လက်စားလေး ဒိုဒို၊ သမီးဆုံးရှုံးလိုက်ရတဲ့ ခံစားချက်ကို ကိုယ်ချင်းစာပြီး ဒိုဒိုကိုကူညီပေးတဲ့ ထောင်ပိုင်တို့ရဲ့ မတူညီတဲ့ ခံစားချက်တွေနဲ့ ဖခင်သုံးမျိုးသုံးစားကို မြင်တွေ့ရမယ့်အပြင် ထောင်သားတွေရဲ့ဒိုဒို့အ‌ပေါ်ထားတဲ့ အကြင်နာတရားကိုကြည့်ပြီး ကိုယ်ပါ သူတို့နဲ့အတူ ဝိုင်းကူချင်စိတ်ပေါက်သွားစေမယ့် ဇာတ်ကားလေးပါ။ မူရင်းဇာတ်လမ်းသွားကိုမှ အင်ဒိုနီးရှား အငွေ့အသက်တွေနဲ့ဆိုတော့ remake လို့တောင် မခံစားရစေမယ့် ဇာတ်လမ်းမျိုးပါပဲ။ ဒီကားဟာ အရင်ကားတွေလိုမျိုးပဲ ရင်ထဲနင့်စေမယ့်ဇာတ်ကားမျိုးဖြစ်တာကြောင့် တစ်ရှူးလိပ်လေးဆောင်ရင်းကြည့်ဖို့တော့ အကြံပြုချင်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Xing Egg ပဲ ဖြစ်ပါတယ်။ Genre..... Comedy, Drama, Family Quality…. 1080p | 720p | 480p File size… 2.2GB | 1GB | 515MB Format… mp4 Duration…. 2h 25min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Xing Egg Encoder ..... Aaron

Thriller
8.8 2022 145 mins
Miracle in Cell No. 7
Thiruvin Kural
4

ရုပ်ရှင်တကား ကောင်းတယ် မကောင်းဘူးပြောရအောင်က ကြည့်တဲ့သူအပေါ်မှာပဲ မူတည်တတ်တာမျိုးဗျ။ ဥပမာ K.G.F လိုမျိုး ၂ ဘ၀ကလဲ့စားလိုမျိုး အယောက်တရာလောက်ကို တယောက်ထဲ ယှဉ်ဖိုက်ပြီး မင်းသားကပဲ နိုင်တယ်ဆိုတဲ့ ဇာတ်မျိုးကြိုက်တဲ့သူ ရှိသလို Ae Dil Hai Mush Kil လိုမျိုး အချစ် ဒရမ်မာ သီးသန့်လေးကိုမှ ခိုက်ပါတယ်ဆိုတဲ့သူမျိုးနဲ့ ကွဲပြားကြသလိုပေါ့။တချို့ကျလည်း ဇာတ်ကားကြည့်တော့မယ်ဆို ဘယ်သူသရုပ်ဆောင်တယ် ဘာဇာတ်အမျိုးစားလဲဆိုတာထက် Rating တွေ Review တွေကြည့်ပြီး များမှဆိုတဲ့သူတွေလည်းရှိကြတယ်။ ပြောချင်တာ ခုတင်ဆက်ပေးမဲ့ ဒီတမီးလ်ရုပ်ရှင်ကားကလဲ ကြိုက်တတ်သူတွေအတွက်ကတော့ အသည်းတယားယား ရင်တဖိုဖိုနဲ့ ကြည့်ရမဲ့ အက်ရှင် ဒရမ်မာကားတကားပါပဲ။ မင်းသားက စကားမပြောတတ်တဲ့အပြင် အနားကပ်ပြောမှ အသံသဲ့သဲ့ပဲကြားရတဲ့ ဘ၀၊ ဒါပေမဲ့ အင်ဂျင်နီယာဘွဲ့ရ၊အဖေဖြစ်သူနဲ့အတူတူ ဆောက်လုပ်ရေးတခုမှာ ဝင်ဦးစီးပေးနေတာ။ မိသားစု သိုက်သိုက်ဝန်းဝန်းနဲ့ ပျော်ရွှင်တဲ့ ဘ၀လေးတခု ပိုင်ဆိုင်ထားတဲ့သူ။ လှတပတချစ်သူကောင်မလေးနဲ့ကလည်း ရွှေလမ်းငွေလမ်း ဖောက်ပြီးသား။ သူ့ပတ်ဝန်းကျင်က မိန်းကလေးတွေကို စော်ကားလာရင် ဖြုန်း ဖြောင်းနဲ့ ဆော်လွှတ်တတ်တဲ့စရိုက်နဲ့ လူ။ လောကဓံတရားရဲ့ ပုံမှန်ပြကွက်တွေလို့ ဆိုရမလိုပဲ တရက် မင်းသားရဲ့အဖေက ဆိုဒ်ထဲမှာ မတော်တဆမှုတခုနဲ့ ဆေးရုံတတ်ရပါလေရော။ အဲ့မှာ ဇာတ်နာတာပဲ။ဆေးရုံက ဝန်ထမ်းတွေ၊ ဝန်ထမ်းတွေဆိုတာ ဓာတ်လှေကားစောင့်တဲ့သူ ဆရာကြီးဦးဆောင်တဲ့ အောက်ခြေသိမ်းဝန်ထမ်းအဖွဲ့။ အဖွဲ့က တကယ့်ဇိုးတွေ။ရုပ်နဲ့စိတ်ဓာတ်နဲ့က တထပ်တည်းလို့ပြောရလောက်အောင် သရုပ်ဆောင်တော်ကြတဲ့ ဗီလိန်အဖွဲ့။အဲ့ဒီအဖွဲ့နဲ့မှ တည့်တည့်ရင်ဆိုင်မိတဲ့ မင်းသားတို့ မိသားစု၊မင်းသားကပဲ အဲဒီ ဗီလိန်အဖွဲ့ကိုဖြုတ်နိုင်ပြီး ပျော်ရွှင်တဲ့မိသားစုလေး ပြန်ဖန်တီးနိုင်မလား၊ဗီလိန်အဖွဲ့ကပဲ မင်းသားတို့ မိသားစုတစစီပြိုကွဲအောင် ယုတ်မာဖျက်ဆီးနိုင်ကြမလားဆိုတာ အသားတယားယား ရင်တဖိုဖိုနဲ့ ကြည့်ရမဲ့ဇာတ်။ ကဲ ကိုယ့်အကြိုက်နဲ့ တထပ်တည်းကျသလားဆိုတာ ဒေါင်းယူကြည့်ရှုကြပါအုံးလို့ပြောရင်း... File size…2GB / 1GB Quality…1080p WEBDL / 720p Format…mp4 Duration….1h 59mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by YH~Aditit~chiclon3

TV Movie • Thriller
4 2023 122 mins
Thiruvin Kural
Amsterdam
6.1

ဒီရုပ်ရှင်ကတော့ ပထမကမ္ဘာစစ်အပြီး အမေရိကန်ရဲ့ နာမည်ကျော် ဖြစ်ရပ်မှန် အရှုပ်တော်ပုံ အမှုကြီးတစ်ခုအကြောင်းကို ရိုက်ကူးထားတာပါပဲ။ ဘာဖြစ်ရပ်မှန်လဲဆိုတာတော့ ကြိုမပြောပြတော့ပါဘူး။ စုံထောက်ကားဆန်ဆန်ဖြစ်လို့ ပဟေဠိတွေ ကြိုသိမသွားအောင်ပါ။ ပါဝင်ထားတာကတော့ နာမည်ကြီးသရုပ်ဆောင်များလွန်းလို့ ဘယ်သူက စပြောရမလဲတောင်မသိပါဘူး။ အဆိုတော် တေလာဆွစ်ပါ ပါလိုက်ပါသေးတယ်။ ခေါင်းဆောင်မင်းသားက ခရစ်ရှန်ဘေး၊ မင်းသမီး မာဂေါ့ရော်ဘီ၊ ဂျွန်ဒေးဗစ်ဝါရှင်တန်၊ အာညာ တေလာဂျွိုင်း၊ ခရစ်စ် ရော့ခ်၊ တေလာဆွစ်၊ ရာမီမာလက်ခ် တို့ပါပါတယ်။ ဒါပေမဲ့ ရုံတင်တော့ အရှုံးပေါ်ထားပါသေးတယ်။ ၉၇ သန်းလောက်ကို ရှုံးတာပါ။ ဝေဖန်ရေးဆရာတွေကတော့ ဒီဇိုင်းတွေ၊ သရုပ်ဆောင်တွေကို အရမ်းချီးကျူးထားပါတယ်။ ဒါရိုက်တာရဲ့ ဇာတ်ညွှန်းနဲ့တင်ဆက်ပုံကို မကြိုက်ကြလို့ဖြစ်သွားတာပါ။ ဘာပဲပြောပြော ဒီလူတွေစုပြီး သရုပ်ဆောင်ထားတာနဲ့တင် ကြည့်လို့တန်ကိုတန်လွန်းတဲ့ ရုပ်ရှင်ဖြစ်နေပါပြီ။ ဇာတ်လမ်းအကျဉ်း ဘတ်ထ် ဘရန်ဆန်ဟာ စစ်ပြန် ဆရာဝန်တစ်ယောက်ပါ။ ဆေးခန်းတစ်ခုဖွင့်ပြီး စစ်ပြန်ရဲဘော်တွေကို ကူညီပေး၊ ကုသပေးနေတဲ့သူပါ။ ဒါပေမဲ့ ဆေးတွေမျိုးစုံစမ်းသပ်နေတဲ့အတွက် ဆေးကောင်စီက ခဏခဏ သတိပေးခံနေရတဲ့သူပါပဲ။ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်း စစ်ပြန်ကြီးကတော့ ဟာရိုးဝုမန်းဖြစ်ပြီး ရှေ့နေအဖြစ် သူနဲ့အတူ ၁၀ နှစ်ကျော်အလုပ်တွဲလုပ်နေခဲ့တာပါ။ သူတို့ရဲ့ အချစ်ဆုံးသူငယ်ချင်း သူနာပြု ဗယ်လာရီအဖြစ် မာဂေါ့ရော်ဘီက သရုပ်ဆောင်ထားပါတယ်။ ရာမီမာလက် နဲ့  အာညာတို့အတွဲကတော့ အရေးပါတဲ့ ဇာတ်ကောင်လင်မယားနှစ်ယောက်အဖြစ် သရုပ်ဆောင်ထားတာပါ။ တစ်နေ့မှာ ရှေ့နေ ဟာရိုးကို ဗိုလ်ချုပ်ဟောင်းကြီးတစ်ယောက်ရဲ့ သမီးက အမှုအပ်လာတယ်။ သူ့အဖေ ဗိုလ်ချုပ်ဟောင်း ဘေလ်မီးကင်းစ်သေဆုံးမှုကို စုံစမ်းဖို့ပါပဲ။ ဒါပေမဲ့ အဲဒီအမှုက ထင်သလို လူသေမှုလား လူသတ်မှုလား ခွဲရုံတင်မကဘဲ နိုင်ငံနဲ့ချီတဲ့ အရှုပ်တော်ပုံကြီးဖြစ်လာတဲ့အခါ.... File size…(1.5 GB)/(888 MB)/( Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:01:00 Genre...Drama, Comedy, History Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson

Family • Fantasy
6.1 2022 134 mins
Amsterdam
Taking Woodstock

Taking Woodstock (2009) လူငယ်တို့ရဲ့ ငယ်ရွယ်မှုနဲ့လွတ်လပ်မှုကို ဘယ်အရာတွေနဲ့များ တားဆီးလို့ရနိုင်မှာတဲ့လဲ.. ၁၉၆၉ ခုနှစ်က ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး IMDB 6.7/10 ရရှိထားတဲ့ Taking Woodstock (2009) ဆိုတဲ့ Drama/Musicကားလေးပါ.. ဇာတ်လမ်းအကျဉ်း ၁၉၆၉ ခုနှစ်က နယူးယော့ခ်ရဲ့ဝှိုက်လိတ်ခ်မြို့က အယ်လီယက်ဆိုတဲ့ လူငယ်ကောင်လေးတစ်ယောက်က သူ့ဘဝကို မိဘတွေရဲ့စိတ်တိုင်းကျ အယ်မိုနာခိုဆိုတဲ့အပန်းဖြေစခန်းလေး လည်ပတ်ရာမှာ အကူအညီပေးနေခဲ့ပြီး သူတို့ရဲ့ အပန်းဖြေစခန်းလေး ဘဏ်ကို အကြွေးနဲ့အသိမ်းမခံရဖို့အရေး ဂီတပွဲတော်လေးတစ်ခု ကျင်းပဖို့ ပြင်ဆင်နေခဲ့တာပါ.. နှစ်စဉ်ကျင်းပမြဲ ပွဲတော်နဲ့မတူဘဲ အဲဒီနှစ်မှာတော့ အကြောင်းအမျိုးမျိုးကြောင့် တကယ့်လူငယ်ကြိုက် ဝုဒ်စတော့ခ်အဖွဲ့ရဲ့ တေးဂီတဖျော်ဖြေပွဲတစ်ခု ပြုလုပ်ပေးဖို့ အကြောင်းဖန်လာပါတော့တယ်.. လူသောင်းဂဏန်းလောက်ပဲ လာရောက်မယ်လို့ မှန်းထားပေမယ့် တကယ်တမ်း လူသိန်းပေါင်းများစွာ သူတို့ရဲ့ အညတရမြို့လေးကို စုရုံးရောက်ရှိလာခဲ့ချိန်မှာတော့ အယ်လီယက်တစ်ယောက် မြို့ခံတွေရဲ့ကန့်ကွက်မှုက တစ်မျိုး ပွဲကျင်းပရေး တာဝန်ခံတွေက တစ်ဖုံနဲ့ ဗျာများရပါတော့တယ်.. ဗီယက်နမ်စစ်ပွဲကြောင့် ပွဲငတ်နေတဲ့ လူငယ်လေးတွေက လုပ်ချင်ရာတွေလုပ် ဖြစ်ချင်ရာတွေဖြစ်ပြီး ကားတွေကြပ် လမ်းတွေပိတ် အခက်အခဲပေါင်းစုံကို အယ်လီယက်တစ်ယောက် ဘယ်လိုဖြေရှင်းမလဲ.. သူတို့ စီစဉ်ထားသလိုရော ဂီတပွဲတော်က အဆင်ပြေပြေ ပြီးမြောက်သွားပါ့မလား.. သူ့မိဘတွေရဲ့ အပန်းဖြေစခန်းလေးကိုရော ချောချောမွေ့မွေ့နဲ့ ပြန်ရယူနိုင်ပါ့မလား.. လူငယ်လေး အယ်လီယက်တစ်ယောက် လူငယ်တွေအတွက် ဂီတပွဲတော်ကျင်းပဖို့ကြိုးစားရင်း ပျောက်ဆုံးနေတဲ့ သူ့ကိုယ်သူရော ရှာဖွေတွေ့ရှိနိုင်သွားမလား ဆိုတာကိုတော့.. ဇာတ်ကားလေးထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ (ဒီဖြစ်ရပ်မှန်ကိုပဲ ၁၉၇၀ခုနှစ်က documentaryအဖြစ် ရိုက်ကူးတဲ့ တခြားဇာတ်ကားလေးတစ်ကားလည်း ရှိပါသေးတယ်..အခု ဒီကားလေးကတော့ လူငယ်နဲ့ လူကြီးကြား ဖြစ်တတ်တဲ့ သဘာဝ၊ လူငယ်တွေရဲ့ ငယ်ရွယ်မှုအပေါ် ရှုမြင်ချက်နဲ့ လွတ်လပ်ခြင်းအပေါ် သဘောထားတွေကို အဓိကထား ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်.. P.S ဝတ်လစ်စလစ်ဇာတ်ဝင်ခန်းများ ပါဝင်တာမို့ မိသားစုနဲ့ ကြည့်ရှုရန် မသင့်ပါနော်) (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Emilyပါ) File size…(2.6 GB)/(1.3 GB)/(700 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:02:00 Genre…Music,Comedy,Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

0 2009
Taking Woodstock
Mukidi

Mukidi (2024) ဒီတစ်ခါတင်ဆက်ပေးချင်တာကတော့ အင်ဒိုနီးရှားဇာတ်ကားလေးပါ။ ဒီဇာတ်လမ်းရဲ့ဇာတ်ဆောင်မူကီဒီကအရမ်းရိုးသားတဲ့ဖိုးသခွားလေးပါ။ တစ်နေ့သူဟာ သတင်းစာအဟောင်းကြီးဖတ်ပြီး အလုပ်ရှာဖို့မြို့တက်လာခဲ့ပါတယ်။ အူတူတူမူကီဒီဟာ ဂျာကာတာမှာအောင်မြင်ရမယ်လို့ ကြုံးဝါးပြီးကာမှ အလုပ်လျှောက်တဲ့နေရာက ပိတ်ထားတာကြာတဲ့နေရာကြီးဖြစ်နေပါတယ်။ အားမလျော့တဲ့မူကီဒီဟာ ဂျာကာတာထဲ လျှောက်ပတ်သွားရင်းကြိုးစားလိုက်တာ အသုပ်သည်မာကို့နာနဲ့ မြင်မြင်ချင်းချစ်မိပြီး အိမ်ထောင်ကျသွားပါတယ်။ ဒီလိုနဲ့ ရှုပ်ထွေးတဲ့ဂျာကာတာမှာ ဆယ်နှစ်ကြာပြီးတဲ့နောက်မှာတော့ ကလေးနှစ်ယောက်အဖေမူကီဒီဟာ ကပ်ဘေးကြောင့်အလုပ်ပြုတ်ရာကနေ အလုပ်သစ်ထပ်ရှာရဖို့ဖြစ်လာခဲ့ပါတယ်။ ဘဏ်တစ်ခုကနေ သူ့ကိုအကြွေးဝယ်ကတ်စစ်ဆေးရေးအနေနဲ့ မှားပြီး အလုပ်ခန့်လိုက်မိတဲ့အခါ ဘယ်လိုအလွဲလွဲအချော်ချော်တွေဖြစ်မလဲ ပညာသိပ်မတတ်တဲ့အောက်ခြေမိသားစုတွေရဲ့ ရုန်းကန်လှုပ်ရှားရမှုတွေကို Mukidiမှာ ဟာသနှောပြီးကြည့်ရမှာဖြစ်ပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်

0 2024
Mukidi
Third Suspect
5.9

CM ချစ်ပရိသတ်တို့အတွက် တရုတ် မှုခင်းကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဇာတ်လမ်းလေးကတော့ ရုတ်တရက်ကြီး ဘယ်သူမှန်းမသိတဲ့ အလောင်းပေါ်လာခဲ့တယ်… ဒါပေမယ့်လည်း အလောင်းတွေ့တဲ့နေရာက အခင်းနေရာမဟုတ်ဘဲ အလောင်းပစ်တဲ့နေရာဖြစ်နေခဲ့တယ်… ဒီလိုနဲ့ ရဲတွေ အမှုစစ်ဆေးတဲ့အခါမှာ သဲလွန်စ ပျောက်နေတာပေါ့… ဒီအန်အေစစ်ဆေးချက်တွေကြောင့်သာ သေဆုံးသူကို သိနိုင်ခဲ့ပေမယ့်လည်း… ဘယ်သူသတ်တယ်ဆိုတဲ့ ကွင်းဆက်က ပျောက်နေပြန်တယ်… ဒီလိုနဲ့ သေဆုံးသာက ပြည်သူ့ချဉ်ဖတ် ဖြစ်နေပြန်တာမို့ သူ့ကို သတ်ချင်သူကများတာနဲ့ သံသယရှိသူလည်း များလာတာကြောင့် ရဲတပ်ဖွဲ့လည်း အတော်လေး ခေါင်းကိုက်ခဲ့ရပါတယ်… သံသယရှိသူတွေကတော့ ကွက်ကျော်အရိုက်ခံခဲ့ရတဲ့ ပြိုင်ဖက်ကုမ္ပဏီပိုင်ရှင်ရယ် အိမ်ထောင်ရေးဖောက်ပြန်ခံရတဲ့ သူ့ဇနီးသည် တစ်ရွာလုံးကို ဂျင်းထည့်ခဲ့တာကြောင့် တွေ့ရာသင်္ချိုင်းဓားမဆိုင်း ဖြစ်နေတဲ့ ရွာကလူမိုက်ကြီးရယ် ဘာကြောင့်မှန်းမသိ သူ့ပိုင်ဆိုင်မှုကို ထိန်းသိမ်းထားတဲ့ သူ့ဇနီးရဲ့ ညီမရယ် ကဲ ဒီလေးယောက်မှာ ဘယ်သူက တရားခံအစစ်လဲဆိုတာကတေ ာ့ CM ရဲ့ မှုခင်းကားတွေကို မပြတ်ကြည့်နေတဲ့ စုံထောက်လေးတွေကိုပဲ အဖြေဖော်ထုတ်လိုက်ကြပါတော့

Animation • Adventure • Fantasy
5.9 2024
Third Suspect
The Crow
5.8

နာမည်ကျော် သဘာဝလွန်ရုပ်ရှင် The Crow 1994 ကို ပြန်လည်ဆန်းသစ်ရိုက်ကူးထားတဲ့ ရုပ်ရှင်လာပါပြီ။ မင်းသားကတော့ IT ထဲက လူပြက်ကြီး Bill Skarsgård ပါ။ ဒါရိုက်တာကတော့ Ghost in the shell 2017 ရဲ့ဖန်တီးရှင် Rupert Sanders ပါပဲ။ ဇာတ်လမ်းအကျဉ်း **************** ဗင်းဆင့်ရို့ဆိုတဲ့လူဟာ စေတန်နဲ့အပေးအယူလုပ်ထားပြီး အပြစ်မဲ့တဲ့ သူတွေရဲ့ ဝိညာဉ်တွေကို ငရဲကိုပို့ပေးနေပါတယ်။ ဒီလို ပို့ပေးနေသ၍ သူဟာ မသေမျိုးအဖြစ် နေခွင့်ရတာပါ။ တစ်နေ့မှာတော့ အရမ်းချစ်တဲ့ စုံတွဲနှစ်ယောက်ထဲက ကောင်မလေးရဲ့ဝိညာဉ်ကို ငရဲကိုပို့လိုက်တယ်။ အဲဒီအချိန်မှာ ကောင်လေးရဲ့ ဝိညာဉ်က အရမ်းကို ဝမ်းနည်းကြေကွဲတဲ့ ရလဒ်အနေနဲ့ တမလွန်ကို ရောက်မသွားဘဲ လေလွင့်သွားပါတော့တယ်။ အဲဒီလေလွင့်သွားတဲ့ဝိညာဉ်ကိုပဲ ကမ္ဘာပေါ်က စေတန်နဲ့ အပေးအယူ လုပ်ထားတဲ့ လက်ပါးစေတွေကို ရှင်းဖို့ စွမ်းအားတွေနဲ့အတူ တာဝန်ပေးခံလိုက် ရပါတော့တယ်… File size…1.84GB / 918MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 51m Genre ….. Action , Crime , Fantasy , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mr.Anderson

5.8 2024 111 mins
The Crow
Kaho Naa…Pyaar Hai Kaho Naa Pyaar Hai
6.9

Kaho Naa…Pyaar Hai (2000) IMDb Rating (6.9) / Rotten Tomatoes (80%) ဒီရုပ်ရှင်ကားကြီးကတော့ မင်းသား Hrithik Roshan ရဲ့ ပွဲဦးထွက်ရုပ်ရှင်ကားဖြစ်သလို မင်းသမီး Ameesha Patel ရဲ့ ပွဲဦးထွက်ရုပ်ရှင်လဲဖြစ်ပါတယ်။ ဒါရိုက်တာကြီး Rakesh Roshan က သူ့သား Hrithik Roshan ကို စတင်ပွဲထုတ်တဲ့ ဒီရုပ်ရှင်ကားက ဘယ်လောက်တောင် အောင်မြင်ကျော်ကြား လူကြိုက်များခဲ့သလိုဆိုရင် ဆုပေါင်း ၉၂ ခုထိ ရရှိခဲ့လို့ ဂရင်းနစ်စံချိန်ထဲတောင် ဝင်ခဲ့ပါတယ်။ Best Actor,Best Male Debut, Best Female Debut, Best Film ,Best Music Director, Best Director အစရှိတဲ့ ဆုပေါင်းများစွာကို အိန္ဒိယမှာကော နိုင်ငံတကာမှာပါရရှိခဲ့ပါတယ်။ Kaho Naa Pyaar Hai(2000) ရဲ့အောင်မြင်မှုကြောင့် မင်းသား Hrithik Roshan ဟာ တခါထဲ ထိပ်တန်းမင်းသားဘဝကိုရောက်ရှိခဲ့ပြီး ကမ္ဘာတဝန်းက ပရိတ်သတ်တွေရဲ့အားပေးမှုကို ရရှိခဲ့ပါတယ်။ မြန်မာမှာလဲ လက်ပွားမင်းသားရယ်လို့ သည်းသည်းလှုပ်အားပေးမှုကိုခံရပြီး သူ့ပရိတ်သတ်တိုင်းက Kaho Naa Pyaar Hai ရုပ်ရှင်လေးကို အရမ်းတန်ဖိုးထားနှစ်ခြိုက်ကြပါတယ်။ ကြိုက်ဆို ဒီရုပ်ရှင်ကားက သီချင်းတွေရော အကအလှတွေရော ဇာတ်လမ်းလေးကရော အကုန်လှပချစ်စရာကောင်းနေပြီး မင်းသားရော မင်းသမီးရော တကယ့်အဖြူထည်လေးတွေလို ချစ်စရာကောင်းနေခဲ့တာပါ။ Kaho Naa…Pyaar Hai ဆိုတာကတော့ “ချစ်တယ်လို့ ပြောပါဦး” ဆိုတဲ့အဓိပ္ပါယ်ပါပဲ.. ချစ်သူလေးဆီကနေ ချစ်တယ်လို့ ပြောခံရတာက ဘယ်တော့မှ ကြားမဝကြတာ သဘာဝပဲမလား….။ ဇာတ်လမ်းလေးကတော့… ရိုးသားကြိုးစားပြီး အောင်မြင်တဲ့ အဆိုတော်တစ်ယောက်ဖြစ်ဖို့ အိပ်မက်နဲ့ လူငယ်တစ်ယောက်ဖြစ်တဲ့ ရိုဟစ်ဟာ ကျိကျိတက်ချမ်းသာပြီး လိုလေသေးမရှိတဲ့ သူဌေးသမီလေး ဆိုနီယားနဲ့ မထင်မှတ်ပဲ ဆုံတွေ့ပြီး ချစ်သူတွေ ဖြစ်ခဲ့ကြပါတယ်။ အဆင့်အတန်းကွာခြားမှုကြောင့် သူတို့ချစ်ခရီးဟာ မဖြောင့်ဖြူးခဲ့ပါဘူး.. ဒါကြောင့် ရိုဟစ်ဟာ ဆိုနီးယား မိသားစုလက်ခံလာမယ့် အချိန်ကိုစောင့်စားပြီး သူ့ဘဝကိုအောင်မြင်ဖို့ကြိုးစားခဲ့ပါတယ်… ဒါပေမယ့် အောင်မြင်တဲ့ အဆိုတော်တစ်ယောက် ဖြစ်ခါနီးမှာပဲ ကံကြမ္မာဆိုး တစ်ခုနဲ့ ကြုံတွေ့လိုက်ရတဲ့အခါမှာတော့….။ ဇာတ်လမ်းကြာချိန် ၃ နာရီနီးပါးရှိတာမလို့ ရုပ်ရှင်ရုံမှာကြည့်သလို အေးအေးဆေးဆေး လိုက်ပါကြည့်ရှုခံစားသင့်တဲ့ရုပ်ရှင်ကားဖြစ်ပါတယ်။

6.9 2000 172 mins
Kaho Naa…Pyaar Hai Kaho Naa Pyaar Hai
Love Fight
6.1

Love fight 2008 အညွှန်း ရန်ဖြစ်လိုက် ပြန်ချစ်လိုက်မဟုတ်ဘဲ ရန်ပဲဖြစ်နေရာကနေ ဖြစ်ပေါ်လာမယ့် ငယ်သူငယ်ချင်းဇာတ်လမ်း။ မီနိုရူနဲ့ အာကီက ငယ်ငယ်တည်းက အတူကြီးပြင်းလာကြတဲ့ သူငယ်ချင်းတွေဖြစ်ကြပေမဲ့ မီနိုရူက ငကြောက်လေးဖြစ်ပြီး၊ အာကီကတော့ မီနိုရူအနိုင်ကျင့်ခံရတိုင်း ရှေ့ကနေ ရန်တွေ့ပေးတတ်တဲ့ ခပ်စွာစွာ ကောင်မလေးဖြစ်နေပါတယ်။ ဒီလိုနဲ့ သူများအနိုင်ကျင့်တာ မခံရပေမဲ့ အာကီအနိုင်ကျင့်တာပဲ ခံလာရတဲ့ မီနိုရူတစ်ယောက် အထက်တန်းကျောင်းသားဖြစ်လာတဲ့အချိန်မှာ ဒီအခြေအနေကနေ ရုန်းထွက်ဖို့အတွက် လက်ဝှေ့သင်တန်း ခိုးတက်ပါတော့တယ်။ ရည်ရွယ်ချက်က အနိုင်ကျင့်မခံရတော့ဖို့၊ အာကီရဲ့ ထိန်းချုပ်မှုအောက်ကနေပါ ရုန်းထွက်နိုင်ဖို့ပါပဲ။ ဒီလိုနဲ့ လက်ဝှေ့သင်တန်းရောက် မီနိုရူတစ်ယောက် တကယ် ရင်ဆိုင်ရမယ့်အခက်အခဲက ဘာများဖြစ်နေမလဲ။ အာကီလက်ထဲကနေရော ရုန်းထွက်နိုင်ပါ့မလားဆိုတာကို ကြည့်ရမှာပဲဖြစ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်ကတော့ Su Myat ပဲ ဖြစ်ပါတယ် Genre….. Drama, Romance, Sport Quality…. 1080p WEB-DL | 720p WEB-DL File size… 2.32GB | 908MB Format… mp4 Duration…. 2h 6min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Su Myat Encoder ….. Aaron

6.1 2008
Love Fight
Teriya Meriya Hera Pheriyan

Teriyaan Meriyaan Hera Pheriyan 2024 (ယူကေကို သွားချင်တဲ့ ကားသမားလေးလက်ကီး) လက်ကီးဆိုတဲ့ တက္ကစီဒရိုက်ဘာတစ်ယောက်ဟာ ယူကေကို အရမ်းသွားချင်နေသူဖြစ်ပေမယ့် ငွေရေးကြေးရေးအခြေအနေအရ မသွားနိုင်တဲ့သူတစ်ယောက်ပါ၊ ကားလေးတစ်စီးကို အရစ်ကျစနစ်နဲ့ဝယ်ထားပြီးတော့ တက္ကစီလေးမောင်းရင်း အရစ်ကျလေးပေးရင်းနဲ့ ဘဝကို ဖြတ်သန်းနေတဲ့သူပေါ့။ တစ်ရက်ကျတော့ ယူကေကနေ အိန္ဒိယကို ပြန်လာတဲ့ မေဂျာဆရာဆိုတဲ့သူက ကားငှားလို့ သူသွားချင်တဲ့နေရာတွေ လိုက်ပို့ပေးရပါတယ်။ မေဂျာဆရာကြီးကတော့ ယူကေမှာ မိန်းမရှိပေမယ့် အိန္ဒိယမှာလည်း အသည်းလေးထားပြီး တစ်နှစ်တစ်ခါ မိဘတွေရဲ့နှစ်ပတ်လည်နေ့ကို အကြောင်းပြပြီး အိန္ဒိယက အသည်းလေးနဲ့ ပြန်လာကြည်နူးနေကြသူပေါ့။ ဒီလိုနဲ့ တစ်ရက်မှာ လက်ကီးဆီကို ကောင်မလေးတစ်ယောက်က ဖုန်းဆက်ပြီး ကားငှားတဲ့အတွက် သွားရာကနေ အဲဒီကောင်မလေးဟာ IELTS ဖြေတာကို ၄ခါမြောက်ကျထားပြီး အခုမှာတော့ ၅ခါမြောက်ဖြေဆိုတာဖြစ်ကြောင်း သိခဲ့ရပါတယ်။အဲဒီကောင်မလေးရဲ့ ဖခင်ဖြစ်သူကတော့ သမီးကို နိုင်ငံခြားရောက်ပြီး ဘဝကို ကောင်းကောင်းမွန်မွန် နေထိုင်စေချင်သူတစ်ယောက်ပါ။ ယူကေကို အရမ်းသွားချင်တဲ့ လက်ကီးတစ်ယောက်နဲ့ နိုင်ငံခြားမှာဘဝကို ကောင်းစားစေချင်တဲ့ ဖခင်ဖြစ်သူရဲ့ သမီးတို့ ဆုံတွေ့ကြရာကနေ ဘယ်လိုအချစ်ဇာတ်လမ်းလေးတွေ ဖြစ်ပေါ်လာမလဲ ……… လက်ကီးတစ်ယောက် မေဂျာဆရာကြီးရဲ့ အရှုပ်တွေကြားထဲမှာရော ဘယ်လိုတွေကြားညပ်ဦးမလဲ….. ဆိုတာတွေကို ကြည့်ရှုရမယ့် အချစ်ဟာသဇာတ်မြူးကားလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)

0 2024
Teriya Meriya Hera Pheriyan
The Man from Nowhere

IMDb Rating(7.8) / Rotten Tomatoes (100%) မြန်မာပရိတ်သတ်ကြီးရဲ့ ငယ်ကျွမ်းဆွေမင်းသားကြီးလဲဖြစ် မြန်မာပြည်သူအသဲနှလုံးကို ရိုက်ခတ်ခဲ့တဲ့ <<<ဆောင်းရွက်ဦးရွက်ကြွေ ချစ်သက်သေ>>>ဇာတ်ကားမှ မင်းသား ထယ်စောက် လို့လူသိများတဲ့မင်းသား(Won Bin) ရဲ့ ကျော်ကြားတဲ့ ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ ဒီဇာတ်ကားဟာဖြင့် ကိုရီးယားမှာ ရုံတင်ပြသရာမှာ ၄ပတ်ထဲနဲ့ ကြည့်ရှူ.သူ ၄,၀၄၇,၂၂၇ ကျော်ခဲ့လို့ စံချိန်တင်ဇာတ်ကားတစ်ကားဖြစ်ရပ်တည်ခဲ့ပါတယ် ။ ခုခေတ်မှာ အောင်မြင်နေတဲ့ John Wick ဟာ ဒီကားကို အတုယူထားတာဖြစ်တယ်လို့ ဒါရိုက်တာမင်းများက ဆိုထားခဲ့ဖူးပါတယ်။ ဒီကားထဲမှာ ထယ်စောက်ရဲ့ အက်ရှင်ဇာတ်ကြမ်းကို ကြည့်ရမှာဖြစ်တဲ့အပြင် တစ်ချို့အပိုင်းဒရာမာလေးတွေကလည်း ရင်ကိုထိစေပါလိမ့်မယ်။ ဇာတ်လမ်းအကြမ်းဖျဉ်းကတော့ မင်းသားဖြစ်သူဟာ စစ်ဘက်ထောက်လှမ်းရေးကနေထွက်ပြီး ဇာတ်မြုပ်နေထိုင်သူတစ်ယောက်… သူ့အိမ်လေးဘေးက ကလေးမလေးဟာ တေလေဂျပိုးသူခိုးမလေး။ သူက အပေါင်ဆိုင်လေးဖွင့်ထားတော့ ခိုးလို့ရသမျှပစ္စည်းတွေ သူ့ဆီလာပေါင်ရင်း တစ်စွန်းတစ်စ ရင်းနှီးလာကြတယ်။ ဒါပေမယ့် ကောင်မလေးရဲ့ အမေက ဆေးသမားဖြစ်နေတော့ မမျှော်လင့်ထားတဲ့ ဇာတ်ရှုပ်တွေက မင်းသားဆီကို ဆက်နွှယ်လာပါတော့တယ်။ ကလေးမလေး အဖမ်းခံရတဲ့အချိန်မှာ ထယ်စောက်တစ်ယောက်က ယခင်အတိတ်ကသူကြမ်းခဲ့တဲ့အတိုင်း ပြန်ကြမ်းလာပြီး ကလေးမလေးကို ရေဆုံးမြေဆုံးအထိ လိုက်ကယ်ပါတော့တယ်။ ထယ်စောက် ဝင်ရှင်းခဲ့ရတဲ့ ဇာတ်ရှုပ်က ဘာတွေများဖြစ်မလဲ၊ ကိုယ်​တွေရဲ့ အရိုမင်းသားကြီး ဘယ်လိုတွေ ဂေါ်နေမလဲ ဆိုတာကိုတော့ The Man From Nowhere လေးကို ကြည့်ရှုရင်း ခံစားကြည့်ကြပါလို့ ညွှန်းဆိုပါရစေ။ ကိုရီးယား အကယ်ဒမီပေးပွဲမှာလဲ ဆုတွေတစ်သီကြီးရရှိခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ Best Actor: Won Bin (“The Man From Nowhere”) Best New Actress: Kim Sae-ron (“The Man From Nowhere”) Best Cinematography: Lee Tae-yoon (“The Man From Nowhere”) Best Music: Shim Hyun-jung (“The Man From Nowhere”) Best Lighting: Lee Cheol-oh (“The Man From Nowhere”) Best Visual Effects: Park Jung-ryul (“The Man From Nowhere”) Best Editor: Kim Sang-beom Kim Jae-beom (“The Man From Nowhere”) File size…(6.39GB)/(1.9 GB) / (1 GB) Quality….BluRay 4K ,HEVC 1080p / 720p Format…mp4 Duration….01:59:18 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Mugiwara Ya

0 2010 119 mins
The Man from Nowhere
Clear Cut
4.8

Clear Cut(2024) ဒီဇာတ်ကားလေးကတော့ 2024 ခုနှစ်ကထွက်ရှိထားတဲ့ Action , thriller ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ မင်းသား Clive Standen , Alec Baldwin , Stephan Dorff တို့အဓိက ပါဝင်သရုပ်ဆောင်ထားပြီးတော့ဒါရိုက်တာကတော့ Brian Skiba ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း သစ်ထုတ်လုပ်သမား နှစ်ယောက် တောထဲကို သစ်ပင်ခုတ်ဖို့လာရင်းနဲ့ တောအုပ်အလယ်မှာ မူးယစ်ဆေးချက်တဲ့ နေရာတစ်ခုကိုရှာတွေ့ခဲ့ပါတယ်။ မူးယစ်ဆေးအရောင်းအဝယ်သမားများရဲ့ လျှို့ဝှက်ချက်ကို သိရှိသွားတဲ့အလျောက် သူတို့ဟာ မူးရစ်ဆေးသမားတွေရဲ့ ရန်ကနေလွတ်မြောက်အောင် လုပ်ဖို့ဖြစ်လာပါတယ်။ Thriller ဆန်ဆန်ကြည့်ရမယ့် ဇာတ်လမ်းလေးဖြစ်ပြီးတော့ မြှုပ်ကွက်တွေလဲ ပါတာမလို့ ကြည့်ရှုသင့်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Nay ဖြစ်ပါတယ်။) File size…(1.9 GB) / (1.1 GB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Thriller Duration….01:28:54 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Nay

Drama
4.8 2024 88 mins
Clear Cut
The Wish Swap
6.8

The Wish Swap (2025) ကံကြမ္မာရဲ့ဆန်းကြယ်မှုဆိုတာ လူတိုင်းစီကို တစ်နည်းမဟုတ်တစ်နည်း အခွင့်အရေးတစ်ခုမဟုတ်တစ်ခုနဲ့ ရောက်လာတတ်ကြတယ်တဲ့ လူတိုင်းဟာ ကိုယ့်ဖူးစာဖက်ကို တကယ်မှန်ကန်တဲအချိန်မှာတွေ့မိတတ်ကြမလားမသိနိုင်ပေမယ့် လွဲချော်သွားကြတဲ့အခါ အချိန်နဲ့ကံကြမ္မာကိုပဲ အပြစ်တင်တတ်ကြတာပေါ့ ဒါဆိုရင် ကံကြမ္မာကရော အမြဲတမ်း လွဲမှားမှုတွေပဲပေးနေတတ်သလား မဟုတ်ရင် ပိုကောင်းတဲ့ သင့်တော်တဲ့လူတစ်ယောက်ဆီကို တွန်းပို့ပေးမှာလားဆိုတာ မျှော်လင့်ရင်ခုနနိုင်မယ့်ဒီဇာတ်ကားလေးကတော့ မတူညီတဲ့ဘဝပုံစံနှစ်ခုနဲ့ ဟန်နရီနဲ့ကေစီတို့နှစ်ဦးသား အကြောင်းတိုက်ဆိုင်လို့တောင် တွေ့နိုင်ဖွယ်မရှိတဲ့သူတို့နှစ်ယောက်က တိုက်တိုက်ဆိုင်ဆိုင်ပဲ ကံကြမ္မာရဲ့မျက်နှာသာပေးမှုကြောင့် မွေးနေ့အတူတူအဖြစ် မွေးနေ့ပွဲလုပ်တဲ့ဆိုင်လေးမှာ ဆုံတွေ့ခဲ့ကြတယ် အဲဒီကနေ သူတို့နှစ်ယောက်ဘဝကို မသိမသာတိုးတိုးတိတ်တိတ်လေး ပြောင်းလဲသွားစေမယ့် ကံကြမ္မာရဲ့ဆန်းကြယ်မှုကတော့ မွေးနေ့ကိတ်တစ်ခုတည်းပေါ် ဆုတောင်းမိကြတဲ့သူတို့နှစ်ဦးသား ဆုတောင်းတွေအမှန်တကယ်ဖြစ်လာတာပါပဲ ဒါပေမယ့် သူတို့ဆုတောင်းတွေက တစ်ဦးဆုတောင်းတစ်ဦးဆီမှာဖြစ်ပေါ်လာရင်း ဘယ်လိုမျိုး ဖြည့်ဆည်းသွားကြမလဲ ဘယ်လိုမျိုးယုံကြည်ချက်တွေ ခိုင်မာမှုတွေက နှစ်ယောက်သားအချင်းချင်း အမြစ်တွယ်ငြိလာကြမလဲ ပေါ့ပါးတဲ့ခံစားချက်အတက်အကျလေးနဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပေါ်လာပုံကို ကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်

6.8 2025 84 mins
The Wish Swap
Racharikam
6.1

Racharikam (2025) “ပြောင်းလဲရေး” IMDb- 8.1/10 အတိုက်အခိုက် အသတ်အဖြတ်ခပ်ကြမ်းကြမ်းနဲ့ တလေဂူးနိုင်ငံရေးအက်ရှင်ဇာတ်လမ်းကို တင်ဆက်ပေးလိုက်ပါတယ်။ ရာချာကွန်ဒါဆိုတဲ့ရွာမှာ ဝန်ကြီးဖြစ်ချင်နေတဲ့ ရွာလူကြီး ရာဂျာရတ်ဒီ။ ပထမတစ်ယောက်မွေးတုန်းက မိန်းကလေးမို စပါးစေ့ခွံသတ်ပြီး ဒုတိယတစ်ယောက်ကို သားယောကျ်ားလေးဖြစ်ဖို မျှော်လင့်နေတဲ့သူ။ နောက်တစ်ယောက်မွေးတဲ့အချိန် မိန်းကလေးပဲဖြစ်နေပြီး သတ်ဖိုလုပ်တုန်းမှာ ဝန်ကြီးနေရာရဖိုအတွက်ပါတီကနေဖုန်းဆက်လာတာမို မသတ်ဘဲထားခဲ့တယ်။ သုံးခါဆက်တိုက် ရွေးကောက်ပွဲနိုင်ပြီး သတ်ဖြတ်မှုတွေနဲ့အတူ ဝန်ကြီးနေရာကို ရာဂျာရတ်ဒီတစ်ယောက် ထိန်းသိမ်းထားနိုင်ခဲ့တာပေါ့။ သမီးဖြစ်သူအရွယ်ရောက်လို ပေးစားထားတဲ့ သားမက်ကလည်း ရက်စက်ယုတ်မာလှတဲ့အပြင် သားဖြစ်သူကလည်း အဖေ့ခြေရာနင်းပြီး နိုင်ငံရေးလောကထဲကို အလောင်းတွေပုံနေအောင်သတ်ဖြတ်ပြီး ဝင်လာတဲ့အခါ…။ တချိန်က သူ့အတွက်သေဆုံးခဲ့ရတဲ့တပည့်ဖြစ်သူရဲ့သား ဇာတ်လိုက်ကျော် ရှီဗာက ရာဂျာရတ်ဒီရဲ့ နေရာကို ခြိမ်းခြောက်လာတဲ့အခါ…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်)

Drama • Comedy
6.1 2025 135 mins
Racharikam