YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

The Firing Squad (2024) WEB-DL,1080p HEVC (CM).mkv

1.67 GB N/A video/x-matroska 88 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Stan Lee
7.1

Stan Lee (2023) ~ IMDb - 7.2/10, Rotten Tomatoes - 88% ~ Superhero ပရိသတ်တွေရင်ထဲမှာ Stan Lee ဆိုတဲ့ နာမည်ကိုကြားတာနဲ့ Marvel ရဲ့ပဲ့ကိုင်ရှင်၊ ကျွန်တော်တို့ချစ်တဲ့ Superhero တွေရဲ့ ဖခင်ကြီးအဖြစ် တံဆိပ်ခတ်နှိပ်ထားပြီးသားဖြစ်လို့နေပါတယ်။ Stan Lee နဲ့ Marvel ဟာ ဒင်္ဂါးပြားတစ်ခုရဲ့ ခေါင်းနဲ့ပန်း လိုပါပဲ။ Stan Lee မရှိရင် Marvel ဆိုတာလည်းဖြစ်မလာနိုင်ပါဘူး။ Fantastic Four ကစလို့ X-Men, Spider-Man, Iron Man, Captain America, Hulk, Thor, Dr. Strange, Black Panther တို့လိုစူပါဟီးရိုးတွေအပြင် တခြား ဟီးရိုးနဲ့ ဗီလိန်ပေါင်းများစွာကို ဖန်တီးခဲ့တဲ့ Stan Lee ကို Marvel ရဲ့ ဥသျှောင်တင်မက စူပါဟီးရိုးယဉ်ကျေးမှုကြီးရဲ့ ဥသျှောင်အဖြစ်တင်စားရင်တောင် လွန်မယ်မထင်ပါဘူး။ စူပါဟီးရိုးရုပ်ပြစာအုပ်တွေကို Stan Lee ခေတ် မတိုင်ခင်က အပျော်တမ်းဖတ်ကလေးကြိုက်အဖြစ်ယူဆထားခဲ့ပေမဲ့ Stan Lee ဟာ အဲဒီထုံးတမ်းတွေကို ရိုက်ချိုးပြပြီး လူကြီးလူငယ်မရွေး ဖတ်ရှုအသည်းစွဲနိုင်တဲ့ စူပါဟီးရိုး‌တွေ အကြောင်း ရုပ်ပြတွေကို ဖန်တီးပေးခဲ့ပါတယ်။ Timely Comics ကနေ Atlas Comics... Atlas ကနေ Marvel အထိ တဖြည်းဖြည်းဆွဲတင်ပေးခဲ့တဲ့အပြင် တစ်ကမ္ဘာလုံးက လူမျိုးဘာသာ ကျားမ အသက်အရွယ်မရွေး ပရိသတ်တွေအတွက် စိတ်အပန်းပြေစရာ စိတ်လှုပ်ရှားစရာ ဆွေးနွေးငြင်းခုန်စရာ Culture ကြီးတစ်ခုကို ပုံပေါ်လာအောင် ထုဆစ်ပေးခဲ့တဲ့ Stan Lee အကြောင်း အထုပ္ပတ္တိ Documentary လေးဖြစ်ပါတယ်။ Stan Lee ရဲ့ငယ်ဘဝ၊ သူ့ရဲ့အိမ်ထောင်ရေး၊ သူ့ရဲ့ဘဝဇာတ်လမ်း၊ စူပါဟီးရိုးတွေအပေါ်ရှုမြင်ပုံအပြင် Stan Lee ရဲ့ အတွေးအခေါ် အယူအဆတွေကို Stan Lee ရဲ့ နောက်ခံအသံ၊ Animation မြိုင်မြိုင်နဲ့ ရိုက်ကူးထားပါတယ်။ ကြည့်ရင်း ကြက်သီးတွေထရတဲ့အခါရှိမယ်၊ Stan Lee ကို သနားမိတဲ့အခါတွေရှိမယ်၊ ရင်ထဲနွေးသွားရတဲ့အခါတွေရှိမယ်။ ကျွန်တော်တို့ငယ်ငယ်က ပုံပြင်နားထောင်ရသလိုပေါ့။ စိတ်ဝင်တစားနဲ့ မျက်တောင်မခတ်တမ်း ပါဝင်စီးမျောသွားနိုင်မယ့် Documentary လေးတစ်ခုဖြစ်တာကြောင့် စူပါဟီးရိုးပရိသတ်တွေတင်မက စူပါဟီးရိုးနာမည်လေးတစ်ခုကြားဖူးတဲ့သူတွေအနေနဲ့တောင် လက်မလွှတ်သင့်တဲ့ Documentary တစ်ခုပါ။ Stan Lee ဟာ 2018 ခုနှစ်မှာ ကွယ်လွန်ခဲ့ပေမဲ့ သူဖန်တီးခဲ့တဲ့ ဇာတ်ကောင်တွေနဲ့အတူ Stan Lee ဟာလည်း ကျွန်တော်တို့ရင်ထဲမှာ အမြဲထာဝရ ရှင်‌သန်နေဦးမှာဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.35GB, 900MB Quality - 1080p, 720p IMDb Rating - 7.2/10 Format - mp4 Duration - 1H 26Min Genre - Biography, Documentary Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Drama
7.1 2023 86 mins
Stan Lee
Through My Window: Across the Sea
6.7

Through My Window: Across the Sea(2023) ***************************************** Wifiတစ်ခုအစပြုပြီး ဖြစ်ပေါ်လာတဲ့ အချစ်ရေးကိုပုံဖော်ထားတဲ့ Trough My Windowဟာ ဒုတိယတစ်ကားထွက်ရှိလာပါပြီ။ ပထမတစ်ကားမှာတော့ ပေါ့ပေါ့ပါးပါးလူငယ်အချစ်ကားဖြစ်တာနဲ့အညီ ပရိတ်သတ်အကြိုက်တွေ့ခဲ့ကြပါတယ်။ ဒုတိယတစ်ကားမှာရော ဘယ်လိုတွေ ဇာတ်လမ်းဆက်ထားမလဲ... ဘယ်အချစ်ရေးမဆို အစပိုင်းတော့ ပျော်ရွှင်စရာတွေပြည့်နှက်နေတာချည်းပါပဲ။ ‌ နောက်တော့မှသာ ကိုယ်မသိတဲ့သူ့အကျင့်စရိုက်ပေါ်လာတာတွေ၊ မိသားစုအခြေအနေ၊ ပတ်ဝန်းကျင်အခြေအနေ စတာတွေကြောင့် အစပိုင်းလောက်တော့ ပျော်ရွှင်စရာအတိ ဘယ်ဟုတ်ပါတော့မလဲ။ Raquelနဲ့ Aresတို့ရဲ့အချစ်ရေးမှာလဲ ပျားရည်ဆမ်းတဲ့ အချစ်ခရီးလမ်းအစပြီးနောက်မှာ စိန်ခေါ်မှုတွေ ကြုံတွေ့ရပါတော့တယ်။ Aresဟာ Raquelရဲ့ ဖျောင်းဖျမှုနဲ့ ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့မှာ ဆေးကျောင်းသွားတက်ပါတယ်။ အထက်တန်းကျောင်းကနေ တက္ကသိုလ်ဘဝကို ကူးတဲ့အချိန်က ထင်သလောက်မလွယ်ကူတဲ့အပြင် နိုင်ငံရပ်ခြားမှာ ကျောင်းတက်ရတာက ပိုလို့တောင်ခက်ခဲပါသေးတယ်။ အခုခေတ်လို ပေါပေါပဲပဲရနေတဲ့ အချစ်တွေကြားမှာ long distance relationship ကလည်း နောက်ထပ် စိန်ခေါ်မှုတစ်ရပ်ပဲပေါ့။ ကျောင်းပိတ်ရက်ရောက်လို့ Aresအိမ်ပြန်လာတဲ့အချိန်မှာ သူတို့ကြားကဝေးကွာမှုဟာ အချစ်စစ်တစ်ခုကို စမ်းသပ်မှုဖြစ်လာတဲ့အခါ.... လူငယ်အချစ်ကားဖြစ်တာကြောင့် sexအခန်းများစွာပါဝင်တဲ့အတွက် မိသားစုနဲ့အတူကြည့်ဖို့ မသင့်တော်ပါခင်ဗျာ။ File Size          : 1.5GB, 707MB Quality            : WEB-DL 1080p, 720p Format            : mp4 Duration         : 1hr 49mins Genre              : Romance, Drama Translated by   Jane Encoded by Phyo Pyae

Crime • Drama
6.7 2023 110 mins
Through My Window: Across the Sea
Starred Up
7.1

ဒီကားလေးကတော့ british director David Mackenzie ရိုက်ကူးထားတာပါ။ ဇာတ်လမ်းကတော့ လူကြီးထောင်ကို ပြောင်းလာတဲ့ Eric Love လို့ခေါ်တဲ့ ၁၉ နှစ်အရွယ် လူငယ်တစ်ယောက်ရဲ့ အကြောင်းပါ။ ဖြစ်ချင်တော့ အဲ့ဒီထောင်မှာပဲ သူ့အဖေဖြစ်သူ Neville ဟာလည်း အကျဉ်းသားအဖြစ် ရှိနှင့်နေပြီးသား ဖြစ်နေပါတယ်။ ဒေါသကြီးပြီး စိတ်ဆတ်တတ်တဲ့ လူငယ်တစ်ယောက်အနေနဲ့ ဆိုးပေ့ကြမ်းပေ့ဆိုတဲ့ ယောကျ်ားတွေကြားမှာ ရှင်သန်ဖို့ ဘယ်လို ရုန်းကန်ရမယ်၊ အဖေဖြစ်သူမှာလည်း သူ့သားဒီထောင်ထဲမှာ အခြေကျနိုင်ဖို့အတွက် ဘယ်လိုကြိုးစားပြီး ကူညီပေးမယ် ဆိုတာတွေကို အမုန်းတရားတွေ၊ ဒေါသတွေကြားက သားအဖနှစ်ယောက်ရဲ့ မေတ္တာတရားကိုပါ မြင်တွေ့ရမှာပါ။ Eric Love အဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသားဖြစ်သူ Jack O’Connell ရဲ့ ပီပီပြင်ပြင် သရုပ်ဆောင်ချက်တွေ၊ ခပ်ကြမ်းကြမ်း action တွေနဲ့ စကားအသုံးအနှုန်းတွေအပြင် အုတ်နံရံ၊ သံတိုင်တွေကြားက ကြမ်းတမ်းတဲ့ ဘ၀တွေကို စိတ်လှုပ်ရှားစရာကောင်းအောင် ရိုက်ပြထားတာဖြစ်ပါတယ်။ File size…1.31GB / 538MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 46m Genre ..... Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by KMH

Action • Adventure • Drama • Thriller
7.1 2014 106 mins
Starred Up
Hidden Gems
6.2

~ IMDb rating - 6.5/10 ~ အချစ်ဆိုတာ မှော်ဆန်တယ်တဲ့... လူတစ်ယောက်ကို မျက်လုံးထဲ စိုက်ကြည့်လိုက်ရုံနဲ့ တစ်ဘဝလုံးကို သူ့ခြေရင်းမှာ ပစ်ချပြီး အညံ့ခံချင်ရလောက်အောင် ညှို့ငင်ဖမ်းစားနိုင်တဲ့ စွမ်းအားအကြီးဆုံး မှော်အတတ်က အချစ်မဟုတ်ရင် ဘာများဖြစ်နိုင်သေးလို့လဲ။ တစ်ဘဝလုံး ယုံကြည်လာသမျှကို ပြောင်းပြန်လှန်ပစ်နိုင်တယ်။ တစ်သက်လုံးမှာ အမြဲတမ်းနောက်ဆုတ်နေတတ်တဲ့သူကိုတောင် ရဲရင့်စေနိုင်တယ်။ အချစ်အတွက်နဲ့ အရာအားလုံးကို စွန့်လွှတ်နိုင်စေတယ်။ ချစ်ခွင့်ရတာဟာ ကံကောင်းမှုလို့ ပြောချင်ပါတယ်။ ချစ်ခြင်းကို ခံရရင်တော့ အကောင်းဆုံး ကံတရားကို ပိုင်ဆိုင်ခွင့်ရတာပေါ့... Hidden Gems က ၂၀၂၂ ထွက် Romance ဇာတ်ကားလေးပါ။ မိသားစုအတွက် ဘဝကို ပေးအပ်ထားတဲ့ အက်ဒီ အစ်မရဲ့ မင်္ဂလာဆောင်အတွက် အလုပ်ရှုပ်နေပါတယ်။ ဒါတင်မဟုတ်ပါဘူး သူ့အစ်မ ကိတ် ရဲ့ အောင်မြင်စပြုနေတဲ့ ကုမ္ပဏီကိုလည်း ဦးစီးနေရပါသေးတယ်။ ကိတ်ရဲ့ ဟာဝါအီမှာ ကျင်းပတဲ့ မင်္ဂလာဆောင်မှာ သူ့ဘဝကို ပြောင်းလဲသွားစေနိုင်တဲ့ အဖြစ်မျိုးနဲ့ကြုံရပြီး သူ့ရဲ့ပျောက်ကွယ်နေတဲ့ ရတနာလေးတွေကို ရှာတွေ့တာကို ကြည်ကြည်နူးနူးကြည့်ရမယ့် အချစ်ကားလေးတစ်ကားပါပဲ... (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.74GB, 1.12GB Quality - Blu-ray 1080p, 720p IMDb Rating - 6.5/10 Format - mp4 Duration - 1H 25Min Genre - Romance Subtitle - Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

Adventure • Drama • Family • Fantasy
6.2 2022 84 mins
Hidden Gems
The First Girl I Loved
5.5

ချစ်တယ်လို့ပြောရဲပေမယ့် မချစ်ရဲတဲ့သူတွေအများကြီးထဲမှာ ငါတို့နှစ်ယောက် ထိပ်ဆုံးကပါဝင်ခဲ့ကြတယ်။ ငါတို့နှစ်ယောက်ရဲ့ချစ်ခြင်းက ပြန်တွေးကြည့်ရင်ကလေးဆန်တယ်လို့ထင်ကြလိမ့်မယ်တဲ့... ဒါဆိုရင် ငါ ဘယ်တော့မှ လူကြီးမလုပ်တော့ဘူး။ နင့်ကိုပဲဆက်ချစ်မယ်... နင်နဲ့ပဲအတူတူရှိချင်တယ်... ဒါပေမဲ့ နင်ပျော်ရွှင်ဖို့ပဲလေ.... ငါနောင်တမရပါဘူး။ ဘဝကြီးက ဇာတ်လမ်းတစ်ပုဒ်ဆိုရင် နင်နဲ့ငါကအဓိကဇာတ်ဆောင်တွေပေါ့။ မဟုတ်သေးဘူး...ငါကနင့်ရဲ့ဇာတ်ကွက်ကို လှပအောင်ကူညီခွင့်ရခဲ့တဲ့ ဇာတ်ပို့သရုပ်ဆောင်ပါ။ ဒါပေမဲ့ ငါကျေနပ်တယ်။ အဓိကက နင်ပျော်ရွှင်ဖို့ပဲလေ... ငါနောင်တမရပါဘူး။ ငါတို့နှစ်ယောက် ဘာကွာခြားခဲ့လို့လဲ? အသက်အရွယ်လား စည်းစိမ်ဥစ္စာလား မိသားစုအခြေအနေကြောင့်လား? သေချာတာကတော့ ပတ်ဝန်းကျင်ကြောင့်ပါ။ အချစ်ကိုအချစ်လို့ မမြင်နိုင်ကြတဲ့ပတ်ဝန်းကျင်၊ အချစ်ကိုလိင်ဆက်ဆံဖို့ပဲသတ်မှတ်ထားကြတဲ့ ပတ်ဝန်းကျင်၊ သူတို့ရဲ့ကျားမစုံတွဲကမှ မြင့်မြတ်တဲ့အချစ်လို့ထင်ကြတဲ့ပတ်ဝန်းကျင်ကြောင့်ပေါ့။ နင်အတွက်ခက်ခဲခဲ့မှန်းသိပါတယ်။ အဲ့ဒါကြောင့် နင်ပျော်ရွှင်ဖို့ပဲလေ... ငါနောင်တမရပါဘူး... ဘဝကြီးကို အတူတူလျှောက်လှမ်းဖို့ ယောကျ်ားတစ်ယောက်ရှိဖို့မလိုပါဘူး။ ကိုယ့်ကိုနားလည်ပေးနိုင်မယ့်လူရှိဖို့ပဲ လိုအပ်တယ်။ ချစ်ခြင်းမေတ္တာဆိုတာ ချစ်နေရရင်ကို ချိုမြိန်ပါတယ်။ တကယ်ချစ်မိရင် တကယ်ခံစားရပါတယ်။ ငါချစ်နေတဲ့သူက နင်ဖြစ်နေတဲ့အတွက် ပိုပြီးချိုမြိန်ပါတယ်။ ပိုပြီးပျော်ရွှင်ရပါတယ်။ ပိုပြီးရင်ခုန်မိပါတယ်။ ။ ဒီကားလေးရဲ့ကောင်းတဲ့အချက်ကတော့ Love story အနေနဲ့ပဲ သဘောထားပြီးကြည့်ကြည့်ရင် ဒီလိုမျိုးဖြစ်တတ်ပါလားဆိုပြီး ကိုယ်စားခံစားမှုတွေဖြစ်ပေါ်လာတတ်သလို တိုက်ဆိုင်မှုတွေရှိထားတဲ့သူဆိုရင်တော့ အထူးတလည်ပြောမနေတော့ပါဘူး... ကော်ဖီလေးတစ်ခွက်ရယ် ..... ချစ်ရတဲ့သူကိုပြောချင်တာတွေ ချရေးဖို့စာအုပ်လေးတစ်အုပ်ရယ် ..... ပြီးတော့တစ်ရှုးလေးတစ်ထုပ်နဲ့ဆို ရုပ်ရှင်ကြည့်ဖို့ အဆင်ပြေပါပြီဗျာ.... အညွှန်း နဲ့ ဘာသာပြန်ကတော့ JoJoVa ပဲ ဖြစ်ပါတယ်။ Genre.....Drama, Romance Quality….WEB-DL 720p and 480o File size…1GB and 284MB Format…mp4 Duration….1h 35min Subtitle….Myanmar Subtitle (Hardsub) Translator ..... JoJoVa Encoder ..... August

Action
5.5 2021 92 mins
The First Girl I Loved
Ludo
7.3

(အလန်းစားကားမို့ WEB-DL1080P5.1CH,720Pတို့ဖြင့်တင်ဆက်ပေးထားပါသည်...)) တစ်ချို့ကားတွေရှိတယ်''Cast ကားကောင်းပေမဲ့ဇာတ်လမ်းမကောင်းတော့ မှန်းချက်နဲ့မကိုက်'' ဒီကားကတော့ခြွင်းချက်''ပါဝင်ထားတဲ့ Cast တွေက အားရစရာပါ...မြန်မာပရိတ်သတ်တွေနဲ့ရင်းနီှးကြတဲ့ ရဲနဲ့သူခိုးဖမ်းတမ်းကစားတဲ့ကားမှာမိမလိုနဲ့အမြဲကပ်ပြီးလွတ်သွားတဲ့ရဲသားကြီး Abhishek Bachchan '' သရဲမလေးကိုမှစွဲလန်းချစ်မိသွားတဲ့ Rajkummar Rao'' ထွက်သမျှကားတိုင်းမသောက်ရမနေနိုင်တဲ့ရှကီဘဲကြီး Aditya Roy Kapoor''အခုနောက်ပိုင်းထွက်တဲ့ဇာတ်ကားတိုင်းသူ့ခြေရာကနေမလွတ်တဲ့ဟာသဗီလိန်ကြီး Pankaj Tripathi''Hollywood ကားတွေပါတောင်ပါတယ်ဗျ''... ​ချစ်ဖို့ကောင်းတဲ့နပမ်းသမားမလေးနှစ်ယောက်ဖြစ်တဲ့ Fatima Sana Shaikh နဲ့ Sanya Malhotra ''ဂျွတ်ထိုးတတ်တဲ့ဆရာမလေးကားထဲမှာပါတဲ့စာတော်တဲ့ကျောင်းသားဆိုးလေး Rohit Saraf''အဲ့လိုCast တွေကိုအသုပ်စုံလိုသမထားပေမဲ့ဇာတ်ကားက အချိတ်အဆက်မိမိနဲ့ ဂေါ်ထွက်နေပါတယ်... ဒါရိုက်တာကလည်း '' Anurag Basu''ဖြစ်ပြီး''Ranbir Kapoor ရဲ့ Barfi''လက်ပွားမင်းသားရဲ့ Kites တို့လိုဇာတ်လမ်းခပ်ဆန်းဆန်းတွေရိုက်ပြီး''ဆုတွေလည်းရထားတာတဲ့သူပါ... ကြည့်ရတန်မယ်ဆိုတာအာမခံပါတယ်''Ludo ဆိုတဲ့ဂိမ်းလိုမျိုးပဲကြည့်သူတွေကိုဘယ်လိုလှည့်ကွက်နဲ့ဖမ်းစားမလဲဆိုတာကိုတော့ အညွှန်းက စပွိုင်လာဖြစ်နေမှာစိုးလို့ သီးခြားကြီးမရေးတော့ပါဘူး... မှုခင်းလည်းပါရမယ် ..အက်ရှင်လည်းပါရမယ် ..ဟာသလေတွေလည်းဖောက်ထားရမယ်.. Indiaကားလည်းဖြစ်ရမယ်ဆိုတဲ့သူတွေ နင်းကန်ဒေါင်းပြီးအားပေးသင့်ပါကြောင်း.... ဇာတ်လမ်းအညွှန်းကို Thu Hlaing မှရေးသားပေးထားပြီး ဘာသာပြန်သူများကတော့ Zwe Zan Aungနဲ့ Paing တို့ပဲဖြစ်ပါတယ်... File Size :(2.63GB)(1.16GB) and (429MB) Quality : NF WEB-DL 1080p 5.1CH, 720P Format…mp4 Duration…02:29:00 Genre :Action, Crime , Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Zwe Zan Aung & Paing Encoded by Phyo Pyae

Horror • Thriller
7.3 2020 150 mins
Ludo
Wind River
7.4

IMDb 8/10 rating ရထားတဲ့ ဒီဇာတ်လမ်းကောင်းလေးကိုညွှန်းရမယ် ဆိုရင်တော့ဖြင့် ..... ကော်ရိုဟာ နှင်းတွေအမြဲဖုံးလွှမ်းနေတဲ့ အင်ဒီးယန်းရေခဲတောင်တွေပေါ်မယ် သားရဲမုဆိုးအဖြစ် အသက်မွေးနေသူတစ်ယောက်ဖြစ်ပါတယ်... တစ်နေ့မှာ သူခြင်္သေ့လိုက်ထွက်ရင်း နှင်းတောထဲမှာ မိန်းမပျိုလေးတစ်ဦးရဲ့အလောင်းကို တွေ့ရှိလိုက်ရပါတယ်... ဒီအမှုကိုစုံစမ်းဖို့အတွက် FBIက အတွေ့အကြုံမရှိတဲ့ စုံထောက်မလေး ဂျိမ်းကို စေလွှတ်လိုက်ပါတယ်... မနူးမနပ် ဆတ်ဆတ်ကြဲ ဂျိမ်းဟာ လူအင်အားကလည်းမလုံလောက် သူကလည်းအတွေ့အကြုံမရှိ အမှုကလည်းရှုပ်ထွေးလာနဲ့မကြံတတ် မစည်တတ်ဖြစ်လာရတဲ့အတွက် ကော်ရိုရဲ့အကူအညီကိုတောင်းခံပြီး အတူတကွ ဆက်လက်စုံစမ်းကြရတာပေါ့... ဒီလိုစုံစမ်းနေတဲ့အချိန်မှာပဲ ရေခဲတောင်ပေါ်မှာ နောက်ထပ်အလောင်းတစ်လောင်းကို ထပ်ပြီးတွေ့ရှိလိုက်ရတဲ့အခါမှာတော့ ......... (ဒီဇာတ်လမ်းလေးကို အင်ဒီးယန်းနယ်မြေတွေမှာကြုံတွေ့ရလေ့ရှိတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတွေအပေါ် အခြေပြုရေးဖွဲ့ထားတယ်လို့ ဆိုပါတယ်...) ဇာတ်အိမ်ဖွဲ့ပုံသေသပ်လှတဲ့အတွက် တရားခံဘယ်သူဖြစ်နိုင်မလဲ.... ကိုယ့်ကိုယ်ကိုသတ်သေလိုက်တာမဟုတ်ဘူးလား....စသဖြင့် ရင်တထိတ်ထိတ်နဲ့ စိတ်ဝင်တစားကြည့်ရှုရမှာပဲဖြစ်ပါတယ်.... ရုပ်ရှင်တစ်ခုလုံးမှာလည်းနှင်းတွေရေခဲတောင် တွေနဲ့အမြဲဖုံးလွှမ်းနေတဲ့အတွက် ရုံတင်တုန်းက သွားကြည့်တဲ့သူတွေဆိုတော်တော်အေးမှာပဲ လို့တောင်တွေးမိလိုက်ပါသေးတယ်.... ဒါကလည်းရသတစ်မျိုးပေါ့လေ.. ပြန်ဆက်ရရင်ဖြင့် ဒီWind River လေးဟာဖြင့် တကယ်ကိုအမိုက်စားဇာတ်ကားလေးတစ်ကားဖြစ်တဲ့အတွက် Hollywood ပရိတ်သတ်အပေါင်းသူတော်ကောင်းတို့လက်လွတ်မခံသင့်ပါကြောင်း ညွှန်းဆိုလိုက်ရပါတယ်.... (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ မေသဇင်မြင့်ပါ) File Size : (850 MB) and (400 MB) Quality : Blu-Ray 720p Running Time : 1hr 47min Format : Mp4 Genre :Crime, Drama, Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by May Thazin Myint Encode by Thanhtike Zaw

Drama • Romance
7.4 2017 107 mins
Wind River
The Righteous
5.8

The Righteous(2022) =============== IMDb Rating – 5.8/10 နာကျည်းမှုနဲ့ အတိတ်မဲတွေရှိခဲ့တဲ့ ဘုန်းတော်ကြီး တစ်ယောက်ဟာ မြို့ငယ်လေးတစ်မြို့ကို ပြောင်းရွှေ့လာပြီး အဲ့ဒီမှာ မိသားစုတစ်ခု ထူထောင်ပြီး ဘုန်းတော်ကြီးဘဝကိုစွန့်လွှတ်လိုက်ပါတယ်။ တစ့်နေ့မှာ ဘုရားသခင်ကပဲ သူ့ကိုအပြစ်ပေးတဲ့ အနေနဲ့ သမီးရဲ့အသက်ကို နှုတ်ယူ သွားလေတာလား၊ အပြစ်သားတစ်ယောက်ကို ဝဋ်ဆိုတဲ့အရာကပဲ ပြန်နှိပ်စက်နေခဲ့တာလား။ သမီးကိုဆုံးရှုံးလိုက်ရတဲ့ ဘုန်းတော်ကြီး ဖရက်ဒရစ်ရဲ့ ဘဝထဲကို တစ်နေ့ လူငယ်လေးတစ်ယောက်က အိမ်ရှေ့တံခါးခေါက်ပြီး ရောက်လာပါတယ်။ ဒီကောင်လေးက သူတို့လင်မယားဘဝမှာ ဘုရားသခင်ပြန်ပေးတဲ့ ကောင်း ခြင်းလက်ဆောင်တစ်ခုလို့ ထင်မှတ်ပြီး သံယောဇဉ်တွယ်တာခဲ့မိပေမယ့်။ မကောင်းမှုတွေကပဲ ပြန်လည်အရောက်ပို့ပေးလိုက်တဲ့ ဖရက်ဒရစ်ရဲ့ အတိတ် အရိပ်ဆိုးကြီး တစ်ခုဖြစ်နေခဲ့တဲ့ အခါမှာတော့ အမှားနဲ့ အမှန်ကို အဖြူအမည်း ရုပ်ရှင်နဲ့ ဒိုင်ယာလော့ကောင်းကောင်းတွေနဲ့ တဖြည်းဖြည်းဇာတ်ရှိန်တက်လာရင်း ကြည့်ရမယ့် ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်) File Size……….(930 MB) / (400 MB) / (200 MB) Quality…………BluRay 1080p / 720p / 480p Duration………1Hr 37mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Horror, Mystery Translator…….Thiha Yan Naing Encoder……….SWM

Adventure • Comedy • Drama • Family • Fantasy
5.8 2022 97 mins
The Righteous
The Antique Shop
5.7

The Antique Shop (2022) “ရှေးဟောင်းပစ္စည်းဆိုင်” ဆိုတဲ့ နာမည်အတိုင်းပါပဲ။ ရှေးဟောင်းပစ္စည်းဆိုင်က ပစ္စည်းတွေရဲ့ ဇာတ်လမ်း ၃ ပုဒ်ကို တင်ပြထားတာပါ။ ရှေးဟောင်းပစ္စည်းတွေမှာက ပိုင်ရှင်အဟောင်းတွေ ရှိတတ်တယ်။ အစောင့်အရှောက်တွေ ရှိတတ်တယ် ဆိုတဲ့ ဇာတ်လမ်းတွေ ပုံပြင်တွေ ကြားဖူးကြမှာပါ။ ဒါဆိုရင် ဒီဇာတ်လမ်းထဲမှာရော ဘာတွေ ဆက်ဖြစ်ကြမလဲ ကြည့်ကြရအောင်ပါ။ ဇာတ်လမ်းစပုံကတော့ ဒီလိုပါ။ စင်ကာပူသားတစ်ယောက် ထိုင်းနိုင်ငံက ရှေးဟောင်းပစ္စည်းဆိုင်ကို ရောက်တော့ ရှေးဟောင်းပစ္စည်းဆိုင်က ပြောပြတဲ့ ဇာတ်လမ်းတွေကို နားထောင်ရာကနေ စပါတယ်။ နံပါတ် (၁) ဇာတ်လမ်းကတော့ အင်ဒိုနီးရှားသရုပ်ဆောင် Rio Dewanto ရဲ့ “သေမိန့်ကျထိုင်ခုံ” နံပါတ် (၂) ဇာတ်လမ်းကတော့ စင်ကာပူမင်းသား Aloysius Pang ရဲ့ “‌‌လက်ကောက်ထဲကထောင်ချောက်” နံပါတ် (၃) ဇာတ်လမ်းကတော့ CIX member Bae Jinyoung၊ ထိုင်းမင်းသားချော Mean Phiravich တို့ရဲ့ “မွေးနေ့ပွဲ” ပါ။ ဒီပစ္စည်းတွေရဲ့ နောက်ကွယ်မှာ ဘယ်လိုဇာတ်လမ်းတွေ ရှိမလဲဆိုတာ တစိမ့်စိမ့်တွေးပြီး တရေးရေးကြောက်ဖို့ ဆိုင်ပိုင်ရှင်ပြောပြတဲ့ ဇာတ်လမ်းသုံးပုဒ်ကို စင်ကာပူသားနဲ့အတူ နားဆင်ကြည့်ကြရအောင်ပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Xing Egg ပဲ ဖြစ်ပါတယ်။ Genre….. Horror Quality…. 1080p | 720p | 480p File size… 809MB | 437MB | 226MB Format… mp4 Duration…. 1h 24min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Xing Egg Encoder ….. Aaron

5.7 2022
The Antique Shop
Persona
8

Persona ( 1966 ) Personaက Ingmar Bergmanရဲ့ အကောင်းဆုံးတွေထဲပါသလို ခေတ်အဆက်ဆက် ရုပ်ရှင်ဒါရိုက်တာတွေ ဒီစတိုင်မျိုး တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ ပြန်ဖော်ထုတ်ကြတာကိုလည်း ခဏခဏခံခဲ့ရတဲ့ ရုပ်ရှင်ပဲ။ ထင်ထင်ရှားရှားကတော့ ဒေးဗစ်လင်းရဲ့ မူဟော်လန်ဒရိုက်ဗ်တို့ ဘာတို့ပေါ့။ စတိုရှိခွန်တို့ စကောဆေးစိတို့လည်း ကင်းခဲ့မယ်လို့ ကျွန်တော်တော့မထင်ဘူး။ ဒီလိုပါပဲ။ ဘာမှအသစ်မရှိတဲ့ သမိုင်းတစ်လျှောက်မှာ ဒါလည်း မဆန်းပါဘူး။ အင်ဂမာဘာ့ခ်မန်းကို ကျွန်တော်အလေးစားဆုံးအပိုင်းက သူ့အနုပညာကို သူ့အတွက်ပဲသူလုပ်တဲ့ အမှုကိုပဲ။ ဘာ့ခ်မန်းက အစောပိုင်းကာလတွေမှာတော့ သူ့ရုပ်ရှင်ရိုက်တဲ့အပိုင်းမှာ ပရိသတ်ဆိုတဲ့အပိုင်းကို ထည့်တွေးခဲ့ပေမဲ့ နောက်ပိုင်းတော့ ရုပ်ရှင်ကို သူ့အတွက်ပဲ သူရိုက်တော့တယ်လို့ ပြောခဲ့တယ်။ သူ့ခံစားချက် သူ့အနုပညာကို သူစီးကူးချင်လို့ပဲ ရိုက်တော့တယ်လို့ပြောခဲ့တယ်။ ဘာ့ခ်မန်းဟာ အော်စကာဆန်ခါတင်ဝင်တာကိုတောင် ငြင်းခဲ့တဲ့အတွက် သူ့ရုပ်ရှင်တွေဟာ သူ့အတွက်သူလုပ်တာလို့ပဲ ယုံခဲ့တဲ့လူမျိုးပဲ။ ဘယ်သူ့မှတ်ကျောက်မှ အတင်ခံစရာမလိုလို့လည်းဖြစ်နိုင်တယ်။ မသိနိုင်ဘူး။ ဝူဒီအယ်လန်ကလည်း Personaကို မှီးပြီး Stardust Memories (1980)ကို ရိုက်ခဲ့ဖူးသလို ဘာ့ခ်မန်းကို လေးလည်းလေးစားသလို လူချင်းလည်းတွေ့ဖူးတဲ့သူပဲ။ သူလည်း မထူးဘူး။ ‌အော်စကာကို ငြင်းတော့မငြင်းခဲ့ပေမဲ့ သူရခဲ့တဲ့လေးဆုလုံးကို သူသွားလည်းမယူခဲ့ဘူး။ သူလည်း အလားတူ သူ့အတွက်ပဲသူရိုက်ပုံပါပဲ။ သူ့ပြဿနာနဲ့သူ အမေရိကန်ရုပ်ရှင်လောကမှာ ခြေချဖို့မဖြစ်နိုင်တော့ပေမဲ့ ပရိသတ်လက်ခံမှုတော်တော်ပျက်သွားပေမဲ့ ပြင်သစ်မှာ အခုထိရိုက်ကောင်းတုန်းပဲ။ ဘာ့ခ်မန်းရဲ့ ရုပ်ရှင်တွေကတော့ ပုဂ္ဂလိက ပိုဆန်မလားပဲ။ သူ့ရုပ်ရှင်တွေဟာ အမြဲ သူ့အမေးတွေနဲ့ပဲ ပြည့်နှက်နေခဲ့တယ်။ သူ့ရုပ်ရှင်တွေဟာ သူ့ရှေ့က ဘယ်ဒါရိုက်တာနဲ့မတူတဲ့ အကြောင်းအရာတွေကို မီးမောင်းထိုးပြထားတဲ့ ရုပ်ရှင်တွေများတယ်။ သေခြင်း ယုံကြည်မှု လူ့ဆက်ဆံရေးတို့ကို အမြဲမေးခွန်းထုတ်ထားတယ်။ Personaကလည်း အဇ္စျတ္တနဲ့ အစစ်အမှန်တရားကို မေးခွန်းထုတ်ထားတဲ့ ရုပ်ရှင်လို့ပြောလို့ရတယ်။ Personaဆိုတာ maskဆိုတဲ့ အဓိပ္ပာယ်လည်းရနေတယ်။ ဘာ့ခ်မန်းအဆိုအရတော့ ကျွန်တော်တို့ရဲ့ ပြုခြင်းပြောခြင်း ထိတွေ့ခြင်း အရာရာက အစစ်အမှန်တရားမဟုတ်ဘူးတဲ့။ ငြိမ်သက်ခြင်းကတော့ အစစ်အမှန်တရားတစ်ခုတည်းသော ပုံစံဖြစ်နိုင်တယ်တဲ့။ ဒါကြောင့် ဒီရုပ်ရှင်ထဲက ဇာတ်ဆောင်ဟာ စိတ်‌ရော ကိုယ်ရော ကျန်းမာနေလျက်ပါနဲ့ ပြောခြင်းပြုခြင်းတွေနဲ့ ကင်းအောင်နေခဲ့တယ်။ ဒါကို ဆရာဝန်တွေက ကုပေးဖို့ကြိုးစားတာနဲ့ ဒီရုပ်ရှင်ကို စဖွင့်ထားတယ်။ ဘာ့ခ်မန်းဆက်ပြောတာက… နောက်တစ်ဆင့်ထပ်တွေးကြည့်မယ်ဆိုရင်လည်း ဒီလိုမပြုမပြောဘဲနေတာကိုကလည်း မျက်နှာဖုံးတစ်မျိုးဖြစ်နေတာကို မြင်ရလိမ့်မယ်တဲ့။ ဒီရုပ်ရှင်ဟာ အဲဒီနောက်တစ်ဆင့်ရဲ့ မျက်နှာဖုံးကို ခွာချတဲ့အကြောင်းလို့ပြောရင်လည်း ရတယ်။ မရှိမဖြစ်အတုတွေနဲ့ လည်ပတ်နေတဲ့အရာကို ကမ္ဘာလို့ ငါတို့ခေါ်တယ်။ အမြဲမဟုတ်တောင် တစ်ခါတလေတော့လည်း ငါတို့ထဲကအများစုကတော့ ဒါကိုမြင်ခဲ့ကြတယ်။ ဘယ်သူမှတော့ ဒါကိုအကြာကြီးမစွဲကြဘူး။ အကြာကြီး မတွေးကြဘူး။ စွဲလိုက်မိရင်လည်း ငါတို့ကမ္ဘာကြီးက ပြိုကျသွားလိမ့်မယ်။ ငါတို့ထက်တော်တဲ့လူတွေ မသိခဲ့ကြဘူးမဟုတ်ဘူး။ တစ်ချို့တလေကတော့ ငြိမ်သက်ခဲ့ကြတယ်။ သက်ငြိမ်ကလည်း ဒီကမ္ဘာက မလွတ်မြောက်နိုင်သေးတဲ့ လွတ်မြောက်ချင်ယောင်ဆောင်ထားတဲ့ နောက်ထပ်အတုတစ်ခုပဲ။ “ရောင်စုံစွန်းထင်းခဲ့တဲ့စိတ်ကို ဖြူစင်အောင်ပြန်ဖွတ်လည်း” ဒါတကယ်ဖြူစင်ခြင်း ဟုတ်ပါ့မလား။ ဖြူစင်ခြင်းကရော ရှိပါ့မလား။ တစ်ချိန်တည်းမှာပဲ အသစ်တစ်ခုကြောင့် အဟောင်းတစ်ခုက အတုဖြစ်သွားမယ်ဆို အသစ်တစ်ခုကလည်း အတုပဲလို့ ထင်ကောင်းထင်ရနိုင်တယ်။ ဒါပေမဲ့ ငါတို့ယုံကြည်ထားတဲ့ ခံစားချက်ရဲ့စစ်မှန်ခြင်းအရတော့ စစ်နေရင် ဒါတွေဟာ အတုတွေဟုတ်ပါ့ဦးမလား။ ဒါမှမဟုတ် အဲဒီခံစားချက်ကလည်း ငါတို့ဉာဏ်မမီနိုင်တဲ့ အတုတစ်ခုပဲလား။ စိတ်မှာရော အဆုံးရှိပါ့မလား။ ဒီအချိန်ငါ့အတွေးဟာ”အမည်မရှိရေတံခွန်”။ ” ဘယ်တုန်းကမှလည်း မမိခဲ့ဖူးဘူး”။ ဒီတိုင်းပဲ ထားလိုက်ရပါတယ်။ ဘာကမမှန်ပေမဲ့ အားလုံးမှားသွားတဲ့အခါကျရင် အားလုံးပြိုလဲကြရမှာမို့ပါ။ ဒီဒုက္ခဟာ ငါနဲ့ငါ့အတွက်ပဲ ဖြစ်ပါစေပေါ့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ WiRa Aung ဖြစ်ပါတယ်) Genre….. Drama Quality…. 1080p WEB-DL | 720p WEB-DL File size… 1.55GB | 1.15GB Format… mp4 Duration…. 1h 23min Subtitle…. Myanmar Subtitle (Hardsub) Translator ….. WiRa Aung Encoder ….. Aaron

8 1966
Persona
The Real Bros of Simi Valley: The Movie

ဒီရုပ်ရှင်ကားက 2017 တုန်းက ထွက်ထားတဲ့ season 3ခုပါဝင်တဲ့ Reality Show ရဲ့ အဆက် ရုပ်ရှင်ပါ။ ဒီမှာကတော့ သူတို့ သူငယ်ချင်းအဖွဲ့က အထက်တန်းကျောင်းက ကျောင်းသားဟောင်းတွေ့ဆုံပွဲကို အလန်းစားပုံစံနဲ့ ပြန်သွားဖို့ အစီအစဥ်တွေ ချတာကို ကြည့်ရမှာပါ။ သူငယ်ချင်း အုပ်စုထဲမှာ Xanderက truckကားတွေကို အရမ်းရူးသွပ်တဲ့သူဖြစ်ပြီး ကျောင်းတွေ့ဆုံပွဲမှာ တစ်နှစ်တာ အမိုက်ဆုံးထရပ်ကား ဆုကို ရဖို့ ထရပ်ကားအသစ်ကြီး ဝယ်လိုက်ပါတယ်။ ဒါပေမယ့် ကျောင်းတုန်းက အတန်းဖော်ဟောင်း Jatthew မှာ သူ့ထပ် ပိုလန်းတဲ့ truck ကားကို တွေ့ပြီးမှာ Simi Valley တစ်ခုလုံးမှာ အလန်းဆုံးဆိုတဲ့ ထရပ်ကားကို ရှာပုံတော် ဖွင့်ပါတော့တယ်။ သူ့ရှာပုံတော်မှာ သူငယ်ချင်းတွေကပါ ပါဝင်အားဖြည့်ပေးကြရင်း အလွဲတွေ ဟာသတွေကို ကြည့်ရမှာပါ။ ဒီကားရဲ့ seriesရော movie ရောရဲ့ program directorကတော့ Xander characterရဲ့ သရုပ်ဆောင် Jimmy Tatro ဆိုတဲ့ နာမည်ကြီး Youtuber ဖြစ်ပါတယ်။ File size…(2.3 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre… Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leonie

Comedy • Drama • Romance
0 2024
The Real Bros of Simi Valley: The Movie
Free Fall/ Freier Fall
7.5

Free Fall/ Freier Fall(2023) =================== မာ့ခ်ဟာ အတူနေချစ်သူနဲ့မကြာခင် ကလေးရတော့မှာဖြစ်တဲ့ လူငယ်ရဲအရာရှိတစ်ယောက်ပါ။ အဓိကရုဏ်းနှိမ်နင်းရေး သင်တန်းမှာတက်ရောက်နေပြီး ဆောင့်ကြွားကြွားနိုင်တဲ့ သူ့အခန်းဖော်ကိုင်း နဲ့ လည်း ကတောက်ကဆအနည်းငယ်ရှိပါတယ်။ တစ်နေ့တော့ လေ့ကျင့်ရေးကွင်းထဲမှာ ကိုင်းနဲ့သူ ထိပ်တိုက်ရုန်းရင်းဆန်ခတ်ဖြစ်ကြတဲ့အတွက် ရုံးခန်းအခေါ်ခံခဲ့ရပါတယ်။ ဒါပေမယ့် မကြာခင်မှာ ကိုင်းက သူ့ရဲ့ရိုင်းပျမှုအတွက် တောင်းပန်ခဲ့ပြီးတဲ့နောက် တောအုပ်ထဲကို အတူတူအပြေးကျင့်ကြရင်း ရင်းနှီးမှုပိုလာရင်း ကိုင်းရဲ့တဇွတ်ထိုးအပြုအမူတွေ၊ သူငယ်ချင်းထက်ပိုချင်တဲ့ အရိပ်အယောင်တွေမှာ သာယာပြီး ရုန်းမရအောင်ဖြစ်လာတဲ့အခါ သူ့ရဲ့ဘ၀ဟာ နက်ရှိုင်းတဲ့ချောက်နက်ကြီးတစ်ခုထဲကို တရိပ်ရိပ်ထိုးဆင်းနေမိပြီဆိုတော့ မာ့ခ် အလန့်တကြားသိလိုက်ရပါတော့တယ်။ Free Fall ဟာမထင်မှတ်ပဲ ဒေသတွင်းမှာရော အပြည်ပြည်ဆိုင်ရာ ပရိသတ်ကြားမှာပါအောင်မြင်သွားခဲ့တဲ့ ဂျာမန် romance/drama ကားတစ်ကားပါ။မင်းသားနှစ်ယောက်ကြားက ဓာတုဗေဒ၊ လှပသွက်လက်တဲ့ တင်ဆက်ပုံ၊နောက်ခံတေးဂီတ အစစအရာရာပြည့်စုံတဲ့ ဇာတ်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်။ ဒီကားရဲ့အောင်မြင်မှုကြောင့် Free Fall 2 ကိုလျာထားခဲ့ပေမယ့် အကြောင်းကြောင်းကြောင့်အခုချိန်ထိ ထွက်မလာနိုင်သေးပါဘူး။ Berlin Film Festival မှာ ပွဲဦးထွက်ပြသခဲ့ပြီး အခုချိန်ထိ ကမ္ဘာ့ရုပ်ရှင်ပွဲတော်အရပ်ရပ်မှာ အကောင်းဆုံးဇာတ်ကားဆု၊ဒါရိုက်တာဆုအပါအဝင်တွေဆုတွေ အများကြီးရထားပါတယ်။ (ဇာတ်ကားထဲမှာပါရှိတဲ့ ခွဲခြားဆက်ဆံတဲ့အသုံးအနှုန်းတွေဟာ ဇာတ်ကောင်စရိုက်အရထည့်သွင်းအသုံးပြုထားတာပါဖြစ်ပါတယ်။) ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ ) File size_(1.9GB)/(1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:37:00 Genre_Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias

Documentary
7.5 2013 97 mins
Free Fall/ Freier Fall
The Braid
7.2

The Braid (2023) IMDb Rating (7.2) Alejandroရဲ့ Babel (2006 )လိုမျိုး မတူညီတဲ့နိုင်ငံတွေက အဖြစ်အပျက်တွေကို ချိတ်ဆက်ရိုက်ကူးထားတဲ့ သူ့အရသာနဲ့ ခပ်ဆင်ဆင် ကားလေးလို့ပြောရမယ်။ တော်တော်လည်း ကြည့်လို့ကောင်းပါတယ်။ ဒီရုပ်ရှင်မှာတော့ အမျိုးသမီးဇာတ်ကောင်တွေနဲ့ သူတို့ရဲ့ဖြတ်သန်းရုန်းကန်မှုတွေကိုပဲ အသားပေးပြီး အမျိုးသမီးတွေရဲ့အင်အားကို ပြသပြီး အမျိုးသမီးတွေကို ဂုဏ်ပြုထားတယ်ပြောရမယ်။ ပြင်သစ်ဒါရိုက်တာ Laetitia Colombaniက သူရေးခဲ့တဲ့ နာမည်တူဝတ္တုကိုပဲ ပြန်ရိုက်ကူးထားတာပါ။ ဒီလိုမတူတဲ့နေရာတွေက မတူတဲ့လူတွေရဲ့ အဖြစ်အပျက်တွေကို သူတင်ဆက်တာက တည်းဖြတ်တာကအစ ခြောက်ပြစ်ကင်းနေတယ်လို့တော့ ပြောမရပေမဲ့ ကြည့်လို့ကောင်းတဲ့ အရသာတစ်ခုတော့ ပေးနိုင်တဲ့ ရုပ်ရှင်ပါပဲ။ အိန္ဒိယ, ကနေဒါနဲ့ အီတလီနိုင်ငံသုံးနိုင်ငံက အမျိုးသမီးသုံးယောက်ကို အဓိကထားပြီး သူတို့ရဲ့နေလာရင်းဘဝမှာ ရှိပြီးသား အခက်အခဲတွေ, အသစ်ထပ်ကြုံလာရတဲ့အခက်အခဲတွေ အဲဒီအခက်အခဲတွေကို သူတို့ရင်ဆိုင်ဖြေရှင်းကြပုံတွေကို ပြထားပေးတယ်။ ဒီမတူတဲ့နိုင်ငံသုံးခုက အနိမ့်ဆုံးကနေ အမြင့်ဆုံး ဘယ်လိုမှ မတူတဲ့ဘဝ၃ခုကို ချိတ်ဆက်ပြသသွားပုံကလည်း ထူးခြားတယ်။ မသေခင်ကြည့်သင့်တဲ့တို့ ဘာတို့စာရင်းမဝင်ပေမဲ့ ရသတစ်ခုလိုချင်ရင် ကြည့်သင့်ကြည့်ထိုက်တဲ့ရုပ်ရှင်ပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ WiRa Aung ဖြစ်ပါတယ်။) File size…(2.7 GB) / (1.2 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….02:01:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by WiRa Aung

7.2 2023 121 mins
The Braid
A Strange House
5.5

The Floor Plan – A Strange House (2024) IMDb – 5.5 Mysteryကြိုက်နှစ်သက်သူတွေအတွက် Uketsuရဲ့ ရောင်းအားအကောင်းဆုံးဝတ္ထုတစ်ပုဒ်ကို Junichi Ishikawaက ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းထားတဲ့ ၂၀၂၄ထွက်ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ထူးခြားတဲ့ဇာတ်ကြောင်းနဲ့ တင်ဆက်ပုံကြောင့် box office မှာ 30 millionsကျော်ရရှိခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း ~~~~~~~~~~~ အမဲမိရ လို့ခေါ်တဲ့ လူသိနည်းတဲ့ YouTuber တစ်ယောက်က သူ့ရဲ့အလုပ်အတွက် contentရှာရင်းနဲ့ ထူးဆန်းတဲ့အခန်းဖွဲ့ပုံရှိတဲ့ အိမ်တစ်အိမ်ကို ရှာတွေ့ခဲ့ပါတယ်။ အဲဒီအိမ်ရဲ့ အခန်းတွေက ပုံမှန်မဟုတ်တဲ့ နေရာအစီအစဉ်တွေရှိနေပြီး ဘာရည်ရွယ်ချက်နဲ့ ထည့်ဆောက်ထားမှန်းမသိတဲ့ အခန်းလွတ်တစ်ခန်းလည်း ပါနေခဲ့ပါတယ်။ အဲဒီအခန်းငယ်ဟာ ပြတင်းပေါက်လည်း မရှိဘဲ အိမ်သာနဲ့လည်းတွဲထားသလို အလွယ်တကူရှာမတွေ့နိုင်လောက်အောင် လှည့်ကွက်များနဲ့ ရှိနေခဲ့တာပါ။ အမဲမိရက ဒီအိမ်အကြောင်း တွေ့ပြီးတဲ့နောက်မှာတော့ သူ့အသိ ဗိသုကာပညာရှင်နဲ့အတူ ဒီအိမ်ရဲ့ လျှို့ဝှက်ချက်အကြောင်း Videoတစ်ပုဒ်ဖန်တီးဖို့ ဖြစ်လာပါတယ်။ အစကတော့ လူသတ်ဖို့ရည်ရွယ်ချက်နဲ့ စီစဉ်ထားတဲ့အိမ်လို့ ထင်ကြေးပေးခဲ့ပေမဲ့ တကယ်တမ်း သေချာလေ့လာလိုက်တဲ့အခါမှာတော့ ရှုပ်ထွေးတဲ့ဖြစ်ရပ်တွေ အကြောင်းအရင်းတွေဖြစ်နေတာမို့ mystery thriller ပရိသတ်တွေ အကြိုက်တွေ့စေမှာပါ။ File Size ~~~ 2.14 GB/ 644 MB Quality ~~~WED-DL 1080p/ 720p Duration~~~ 1:51:55 Format~~~mp4 Genre ~~~ Thriller, Mystery Subtitle ~~~ Myanmar Subtitle (Hard Sub) Translated by ~~~ Roseline Encoded by~~~ Treasure Htet

Horror
5.5 2024 110 mins
A Strange House