YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

The.Dreamer.2023.720p.(CM).mp4

1.04 GB 720p video/mp4 15 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Horror in the High Desert 2: Minerva
5

Horror in the High Desert (IMDb 5.7/10 , RT 66% ) ၂၀၁၇မှာ အမေရိကန် နီဗားဒါးမှာ ဂယ်ရီဟင့်ဆိုတဲ့ ခြေလျင်တောင်တက်သမားတစ်ယောက် ထူးဆန်းစွာပျောက်ဆုံးသွားခဲ့ပါတယ်... သူ့ကို အင်းအားသုံး ရှာဖွေခဲ့ကြပေမယ့် မတွေ့ရှိခဲ့ပါဘူး... အလားတူပဲ နောက်တစ်နှစ်မှာ အမျိုးသမီးတစ်ယောက်ပျောက် တစ်ယောက် အသတ်ခံခဲ့ရပါတယ်... နီဗားဒါးပြည်နယ်ထဲက ဆိုက်ပရပ်စ်မြို့ဟာ အထီးကျန်ဆုံး ဟိုင်းဝေးလမ်းမှာလို့ ခေါ်ကြတဲ့ အဝေးပြေးလမ်းမကြီးပေါ်က အစိတ်အပိုင်းတစ်ခုပါ... အထီးကျန်ဆို မိုင်၂၀၀လောက်နေမှ ရဲရှိတဲ့ အထိကို အဲ့ကြားထဲမှာ ဘာဆိုဘာမှမှရှိမနေတဲ့ ကန္တာရအတိဒေသကြီးတစ်ခုပေါ့... ဒီလိုဝေးလံတဲ့ဒေသမှာ လူသူနည်းတာမို့ လူမဟုတ်တဲ့ သတ္တဝါတွေက ကြီးစိုးလို့နေပါတယ်... ဒါပေမယ့်လည်း ဒီသတ္တဝါတွေကို လက်ဆုပ်လက်ကိုင်ပြနိုင်တာမျိုးတော့ မရှိသေးပါဘူး... ဒီဇာတ်လမ်းမှာတော့ ရရှိထားတဲ့အထောက်အထား... ခံရတဲ့ သားကောင်တွေကို အင်တာဗျူးတဲ့ Documentry ပုံစံမျိုး ရိုက်ကူးထားတာပါ တစ်ကားလုံးကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရတာမို့ သဲထိတ်ရင်ဖိုဇာတ်လမ်းကြိုက်သူတွေအဖို့ ဇာတ်ကားကောင်းလေးတစ်ကားပါပဲ... ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Tun Aung Kyaw ပါ ) File Size__(1.4GB) / (600MB) Quality__WEB-DL_1080p, 720p IMDb Rating__5.3/10 Format__mp4 Duration__01:15:00 Type__Horror Subtitle__Myanmar Subtitle (Hardsub) Translated by Tun Aung Kyaw Encoded by Lawn Ya Tal

Drama • Mystery
5 2023 76 mins
Horror in the High Desert 2: Minerva
The Fourth Musketeer
5.6

တစ်ခုသောညမှာ ဘုရင့်စစ်သည်တော်ရူးရူးနေတဲ့ ကောင်လေး တစ်ယောက်ဟာ ဒါ့တညံလို့အမည်ရတဲ့ သူအလေးစားရဆုံး ဘုရင့်စစ်သည်တော်ရဲ့ အခန်းထဲကို ခိုးဝင်ပါသတဲ့။ အကြောင်း ကတော့ သူ့စိတ်ထဲမှာ ဒါ့တညံဟာ ကျောထောက်နောက်ခံအင် အားမရှိ၊ မျိုးရိုးမရှိဘဲ ကိုယ်စွမ်းကိုယ်စနဲ့ ဘုရင့်စစ်သည်တော် ခေါင်းဆောင်နေရာထိ တက်လှမ်းနိုင်ခဲ့တယ်လို့ ယုံကြည်ထား ပါတယ်။ ဒါကြောင့် ဖြတ်လမ်းအလွယ်နည်းနဲ့ စစ်သည်တော် ဖြစ်လာဖို့ရာ ဒါ့တညံကို တိုက်ရိုက်စိန်ခေါပြီး စစ်သည်တော် အဖွဲ့ထဲကို လေ့ကျင့်ရေးမဆင်းရဘဲ တန်းခန့်‌စေချင်လို့ပါ။ ဖြစ်ချင်တော့ သူအခန်းထဲခိုးဝင်တဲ့အချိန်မှာ ဒါ့တညံဟာ ကိုယ် တွေ့မှတ်တမ်းရေးနေချိန်ဖြစ်ပြီး သူ့ကိုအားကျပြီး ဖြတ်လမ်း ကနေ စစ်သည်တော်ဖြစ်ချင်‌နေတဲ့ ကောင်လေးကိုတွေ့တော့ ဂုတ်ဆွဲထိုင်ခိုင်းပြီး သူ့ဇာတ်ကြောင်းကို ပြန်လှန်ပြောပြရင်း ဒီဇာတ်ကားဖြစ်လာသပေါ့လေ။ ဒီလိုနဲ့ ဒါ့တညံရဲ့ စစ်သည်တော်ဖြစ်လာပုံကို နောက်ကြောင်း ပြန်ပါတယ်။ သူတို့နှစ်ယောက်စကားဝိုင်းလည်းပြီး ဒီဇာတ်ကား လည်းပြီး။ သူ့ဇာတ်ကြောင်းနားထောင်ရင်း ဒါ့တညံကို ဆဲချင် ဆူချင်စိတ်ပေါက်လိုက်၊ ချီးကျူးချင်စိတ်ပေါက်လိုက်၊ သင်ခန်း စာယူစရာလေးတွေ့လိုက်နဲ့ ဒီဇာတ်ကားလေးက ပြီးလို့ပြီးမှန်း မသိ ပြီးသွားမှာပါ။ နာမည်ကိုရင်းနှီးသလိုလိုဖြစ်နေရင်တော့ ဟုတ်ပါတယ်...ဆရာ ကြီးပီမိုးနင်းဘာသာပြန်တဲ့ “သူရဲကောင်းသုံးယောက်”ထဲက ဒါ့တညံ(ဓားတညံ)ပါပဲ။ ဆရာကြီးရွှေဥဒေါင်းကလည်း ဘာသာ ပြန်ဖူးပါတယ်။ "The Count Of Monte Cristo"ကိုရေးတဲ့ ပြင် သစ်စာရေးဆရာအလက်ဇန်းဒါးဒူးမတ်ရဲ့လက်ရာ"The Three Musketeers"ကိုမှီငြမ်းထားတာပါ။ကြည့်ရှုခံစားလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size..........(1.0 GB) / (364 MB) Quality............WEB-RIP 1080p / 720p Duration.........1Hr 25Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Adventure Translator.......Ngwe Zin Encoder..........SWM

Crime • Drama
5.6 2022 85 mins
The Fourth Musketeer

လူငယ်ဒါရိုက်တာ ပုံဖော်ထားပြီး လူငယ်တက်သစ်စ သရုပ်ဆောင်တွေချည်း စုဝေးနေတဲ့ Defiant (2022)ဆိုတဲ့ ဇာတ်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... ဒီကားလေးဟာဆိုရင် အဆင့်နိမ့် ဇာတ်နိမ့်က လာသူတစ်ယောက်ဟာစစ်မြေပြင်အလယ်မှာ အဖော်ကောင်း စီးတော်မြင်းနဲ့ မိတ်ဆွေကောင်း လက်နက်တစ်ခုလက်ထဲရှိရင် မျက်မမြင်လည်း သူရဲကောင်းဖြစ်လာနိုင်တယ်ဆိုတာကို ရိုက်ကူးပုံဖော်ပြထားတဲ့ကားပေါ့... ဒီဇာတ်လမ်းလေးကို နီယန် ကောင်မလေးတစ်ယောက်က တစ်အိမ်လုံး အသက်ခံရပေမယ့် သူတစ်ယောက်တည်း လွတ်မြောက်လာပြီး သူ့အသက်ကို ကယ်တင်ပေးခဲ့တဲ့ မျက်မမြင် သူရဲကောင်းနဲ့ သူကြုံတွေ့ခဲ့ပုံလေးကို ဒိုင်ယာရီမှတ်သလို...မှတ်တမ်းရေးသလို... ပြောပြသွားဟန်နဲ့ တင်ဆက်ပြထားပုံကတော့ လူငယ်ဒါရိုက်တာတွေလက်ရာကောင်းမှန်းသိသာပါတယ်... နီယန်တို့ ဘာကြောင့် တစ်အိမ်လုံးအသတ်ခံရတယ်ဆိုတာရယ်... မျက်မမြင်သူရဲကောင်းက ဘယ်သူလဲဆိုတာရယ်... နီယန်နဲ့ မျက်မမြင်သူရဲကောင်းကြားမှာ ဘယ်လိုပတ်သက်မှုရှိပြီး... ဘယ်လိုပုံစံနဲ့ခင်မင်ခဲ့တယ်ဆိုတာကို ရိုက်ပြသွားပုံလေးလည်းစိတ်ဝင်စားဖို့ကောင်းလို့... အက်ရှင်ဖန်တွေ သိုင်းဖန်တွေသာမက ရိုက်ကူးရေးစိတ်ဝင်စားတဲ့သူတွေလည်း ကြည့်သင့်တဲ့ကားကောင်းလေးမို့ ကြည့်ဖြစ်အောင်ကြည့်ကြနော်~ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Drama Runtime : 1h 13min Subtitle : Myanmar Subtitle ( Hardsub ) Translated by Chu Chu ,Nu Mon , Moon Encoded by LK

Horror • Thriller
null 2022
Defiant
Little Forest
7.6

IMDb 7.2 ရရှိထားပြီး သဘာဝကျေးလက်အလှတရားတွေနဲ့ ဘဝနေပျော်မှုလေးတွေကို အနုပညာမြောက်စွာပြသထားတဲ့ ဒီကားလေးကို ခံစားကြည့်လိုက်ပါဦး။ မင်းသမီးကလည်း လက်ရှိချိန်မှာ အားလုံးရဲ့ အသဲကျော် နာဟီးဒို (Kim Tae-ri) ပါခင်ဗျ။ (အရင်က တင်ဆက်ပေးခဲ့ဖူးပြီးသား ကားကောင်းလေးပါ။ ဒါပေမဲ့ ဒီတစ်ခါတော့ video quality ကော subtitle  quality ပါ ပိုမိုကောင်းမွန် ပြီးပြည့်စုံအောင်ပြင်ဆင်ပြီး ပြန်လည် တင်ဆက်ပေးခြင်း ဖြစ်ပါတယ်။) လူတစ်ယောက်ရဲ့ဘဝ တိုးတက်ရာတိုးတက်ကြောင်းအတွက် နေရာ ဒေသ ပြောင်းလဲသင့် ပြောင်းလဲရမယ်ဆိုတာရယ်၊ ပညာရပ်တစ်ခုကို ထပ်ပေါင်းသင်ကြားရင်း အမြင့်တစ်ခုဆီကို တက်လှမ်းသင့် လှမ်းရမယ်ဆိုတာရယ် တော်တော်များများကို ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ကြားနေရပါတယ်။ တစ်ချို့တွေကတော့ ပြောင်းလဲမှုမှာ အံဝင်ခွင်ကျ ဖြစ်သွားကြသလို တစ်ချို့သူတွေကျတော့ ပြောင်းလဲမှုဒဏ်ကို မခံနိုင်ကြဘဲ ပြောင်းလဲမှုတွေကြားမှာ ပျော်ရွှင်မှုပျောက်ဆုံးနေတတ်ကြပါတယ်။ အထူးသဖြင့် ဆယ်ကျော်သက် ကလေးဘဝကနေ လူကြီးဘဝကို ကူးပြောင်းတဲ့အခါ လူငယ်တော်တော်များများက ရွေးချယ်စရာများစွာကြားမှာ ‌အဖြေရှာရင်း လမ်းပျောက်တတ်ကြပါတယ်။ ဒီကိုရီးယား ဇာတ်ကားလေးဟာ ဒီလို ဘဝတစ်ခုကို တည်ဆောက်ဆဲ လူငယ်အကြောင်းကို အလှပဆုံးပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့ ... ဟယ်ဝန်းဆိုတဲ့ကောင်မလေးတစ်ယောက်ဟာ သူ့ဘဝ သူ့ရည်မှန်းချက်ကို ရှာဖွေဖို့အတွက် မွေးရပ်မြေ ကျေးလက်တောရွာငယ်လေးကို ခွဲခွာပြီး မြို့ပြဆီကို ထွက်လာခဲ့ပါတယ်။ အဖြေကိုရှာဖွေရင်း ကြုံတွေ့ရတဲ့ ပြောင်းလဲမှုဒဏ်တွေဟာ သူ့အတွက် ခါးသီးလွန်း‌နေခဲ့ပါတယ်။ ဒါကြောင့် ရွာကလေးဆီကို ခေတ္တပြန်လာရာက သူ့ရဲ့ဒဏ်ရာတွေ မွန်းကျပ်မှုတွေကို ကုစားရင်း သူလိုအပ်နေတဲ့ ဘဝရဲ့အဖြေကို ရှာတွေ့သွားခဲ့မလား? ဒီကားထဲမှာ သဘာဝအလှနဲ့ စိတ်ဝင်စားစရာ ကျေးလက်ဓလေ့လေးတွေ၊ ဘဝအသီးသီးဖြတ်သန်း‌နေကြတဲ့ သူငယ်ချင်းသုံးယောက်ကြားက ကြည်နူးစရာခင်မင်မှုလေးတွေကို မြင်တွေ့ရမှာပါ။ ဒီဇာတ်ကားလေးက နာမည်ကျော် မန်ဂါ ဇာတ်လမ်းတွဲ "Little Forest" ကို အခြေပြုပြီး ပြန်လည်ရိုက်ကူးထားတဲ့ ကားလေးပါ။ ဂျပန်ဇာတ်ကားအနေနဲ့လည်း Little Forest: Summer & Autumn နဲ့Little Forest: Winter & Spring ဆိုပြီး Live Action နှစ်ကားထွက်ခဲ့ပါသေးတယ်။ ဒီကိုရီးယားကားလေးမှာတော့ တစ်ကားထဲမှာပဲ အားလုံးကိုရိုက်ပြထားတာပါ။ File Size          :  1.8GB, 736MB & 370MB Quality            : 1080p Blu-ray AC3 5.1CH, 720p Blu-ray & 480p Format            : mp4 Duration         : 1hr & 43mins Genre              : Drama Translated by  Hnin Pale Encoded by Kinnov

Animation • Comedy • Family • Fantasy
7.6 2018 103 mins
Little Forest
The Hunger Games: Catching Fire
7.4

The Hunger Games: Catching Fire ကတ်နစ်အဲဗားဒင်းနဲ့ ပီတာမယ်လော့ခ်တို့ ၇၄ကြိမ်မြေက်ကစားပွဲမှာ အနိုင်ရခဲ့ပြီးနောက် သူတို့မွေးရပ်မြေကိုပြန်လည်လို့ရောက်ရှိလာပါတယ်။ ဒါပေမယ့် သူတို့ရဲ့တာဝန်တွေကတော့အဆုံးသတ်မသွားပါဘူး။ အနိုင်ရသူတွေအနေနဲ့ နယ်မြေတိုင်းကိုသွားရောက်ပြီးတော့ မိန့်ခွန်းပြော၊ကျန်ရစ်သူမိသားစုတွေနဲ့ စကားပြောပေးရမဲ့အပြင် နောက်ဆုံးခရီးစဉ်အဆုံးသတ်မှာ ကတ်ပီတယ်ကိုပြန်ပြီးတော့ ဥက္ကဌကြီးကျင်းပပေးတဲ့ပါတီပွဲကိုဆင်နွဲရမှာပါ။ ကတ်နစ်ရဲ့ဘဝကလွယ်လွယ်ကူကူနဲ့ ပေါ့ပေါ့ပါးပါးဖြစ်သွားခဲ့တယ်ရယ်လို့တော့ မဟုတ်လှပါဘူး။ တကယ်တမ်းတော့ ကတ်နစ်တို့လို အောင်နိုင်သူတွေဟာ ခရီးစဉ်ရဲ့ရထားပေါ်မှာပဲအချိန်ကုန်ပြီးတော့ဘဝတစ်လျှောက်လုံးကို ဖြတ်သန်းသွားကြရတော့မှာဖြစ်ပါတယ်။ ဒီမှာဥက္ကဌစနိုးအရမ်းကိုစိုးရိမ်နေတဲ့ ကိစ္စတစ်ခုတော့ ရှိပါတယ်။ အဲ့ဒါကတော့ တော်လှန်ရေးပါပဲ။ နယ်မြေအသီးသီးကမကျေနပ်ချက်တွေစုပြုံလာတဲ့အချိန်မှာ သူတို့အနေနဲ့ ဒီလိုအနေအထားမျိုးကိုလက်သင့့်ပေးနိုင်တာမဟုတ်တာကြောင့် ကတ်နစ်ကို စနိုးကိုယ်တိုင်သွားရောက်ပြီးတော့နှစ်ဦးသဘောတူပြောကြားခဲ့တာတွေရှိလာပါတယ်။ ဒါပေမယ့် စနိုးရဲ့အကြံကဒီလောက်နဲ့ အဆုံးသတ်လို့မသွားပါဘူး။ ဆိုးရွားတဲ့လုပ်ရပ်ကိုလုပ်ဖို့ဝန်မလေးတဲ့စနိုးတစ်ယောက် ကစားပွဲတစ်ခုကိုစတင်လိုက်ပါတယ် ။ဒီတစ်ခေါက်မှာတော့ အရင်ပွဲတွေလိုမျိုးနယ်မြေအသီးသီးကယှဉ်ပြိုင်သူအသစ်တွေကို ရွေးချယ်တော့မှာ မဟုတ်ပဲ အောင်နိုင်သူတွေထဲကနေပြီးတော့ပဲ ထပ်မံရွေးချယ်မဲ့အကြောင်းကိုကြေညာလိုက်ပါတော့တယ်။ ဒီလိုနဲ့ပဲ ကတ်နစ်အဲဗာဒင်းတစ်ယောက် ကစားပွဲထဲကိုထပ်မံဝင်ရောက်ယှဉ်ပြိုင်တဲ့အခါမှာတော့ ဘယ်လိုတွေရင်ဆိုင်ပြီးတော့ ဘယ်လိုလက်လွတ်ဆုံးရှုံးမှုမျိုးတွေကိုကြုံတွေရမယ်ဆိုတာကိုကြည့်ရှုလိုက်ရအောင်ပါ။ File Size : (2 GB,1.09 GB) Quality : Blu-ray 1080p,720p Running Time : 2h 26min  Format : Mp4 Genre : Action, Adventure, Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Source : Blu-ray 1080p  Translated by Charm Encoded by sithu

Comedy • Mystery
7.4 2013 146 mins
The Hunger Games: Catching Fire
Catering Christmas
6.8

Catering Christmas (2022) ~ IMDb rating – 6.8/10 ~ ခရစ်စမတ် Vibe ဇာတ်လမ်းလေးတွေဆိုတာက Christmas အနားနီးလေလေ ကြည့်ရတာ ပိုပြီး အရသာရှိလေလေပါပဲ။ အဲဒါကြောင့် ရုပ်ရှင်ချစ်သူတွေအတွက် အသစ်စက်စက် ခရစ်စမတ် အချစ်ဇာတ်လမ်းလေးတစ်ခုကို ထပ်ပြီးတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းထဲမှာ မော်လီ ဆိုတဲ့ကောင်မလေးဟာ Molly’s Menu Magic ဆိုတဲ့ ဆိုင်လေးတစ်ဆိုင်ကို စဖွင့်ထားပြီး မြို့မှာရှိတဲ့ ပွဲလမ်းသဘင်တွေမှာ အကျွေးအမွေး service ပေးသူဖြစ်ပါတယ်။ ကိုယ်ပိုင်လုပ်ငန်းလေး နာမည်ရလာဖို့ လုံးပန်းနေရတာကြောင့် ရည်းစားထားချိန်မရှိဘဲ ခရစ်စမတ်အားလပ်ရက်မှာတောင် အနားမယူဘဲ အလုပ်လုပ်တဲ့ ရည်မှန်းချက်ကြီးသူလေးဖြစ်ပါတယ်။ မော်လီတို့မြို့လေးမှာ “ဟယ်ရစ်ဆင်န်” ဆိုတဲ့ ဖောင်ဒေးရှင်းတစ်ခုရှိပြီး လူထုအကျိုးပြု အဖွဲ့စည်းတစ်ခုဖြစ်တာကြောင့် တစ်နယ်လုံးက လူတွေဟာ ဖောင်ဒေးရှင်းကို ဦးဆောင်တဲ့ မိသားစုကို အလွန်ချစ်ခင်ကြပါတယ်။ ဖောင်ဒေးရှင်းကို လက်ရှိဦးဆောင်နေတာက ဂျီးန်ဟယ်ရစ်ဆင်န် ဆိုတဲ့ အမျိုးသမီးဖြစ်ပြီး တူဖြစ်သူ “ကာဆင်န်” ကို လုပ်ငန်းတွေလွှဲပေးပြီး အငြိမ်းစားယူဖို့ အကြံမျိုးစုံထုတ်နေသူလည်းဖြစ်ပါတယ်။ ဒါပေမဲ့ ပြဿနာရှိတာက ကာဆင်န်ဟာ ဖောင်ဒေးရှင်းကို ဦးဆောင်ဖို့ လုံးဝဝါသနာမပါဘဲ လွတ်လွတ်လပ်လပ် ကမ္ဘာပတ်လို့ရတဲ့ ဓာတ်ပုံဆရာအလုပ်ကိုသာ ခုံမင်သူတစ်ယောက် ဖြစ်နေပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာတော့ ဟယ်ရစ်ဆင်န် ဖောင်ဒေးရှင်းရဲ့ ခရစ်စမတ်ညစာစားပွဲအတွက် အကျွေးအမွေးတာဝန်ခံအဖြစ် မော်လီတို့ဆိုင်ကို ရွေးချယ်လိုက်တဲ့အခါ မော်လီနဲ့ ကာဆင်န်တို့ ရေစက်ဆုံဖို့ အကြောင်းဖန်လာပါတော့တယ်။ အဲဒီလို ကံဇာတ်ဆရာရဲ့ ကြိုးဆွဲမှုကြောင့် လောကကြီးကို အမြဲတမ်း မှန်ဘီလူးကနေတဆင့်ပဲ ကြည့်တတ်တဲ့ ကာဆင်န်တစ်ယောက် သိပ်လှတဲ့ ထက်ထက်မြက်မြက် စားဖိုမှူးမလေး မော်လီ ကို ချစ်မိသွားတဲ့အခါ… ဘာတွေဆက်ဖြစ်မလဲဆိုတာ ချမ်းစီးစီး ညချမ်းထဲ စောင်ကိုက်ရင်း ကြည့်လိုက်ကြပါဦးလို့… (ဒီဇာတ်ကားနဲ့အညွှန်းကို Thar Htet မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.4GB, 590MB Quality – 1080p, 720p IMDb Rating – 6.8/10 Format – mp4 Duration – 1H 26Min Genre – Comedy, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Thar Htet Encoded by Y

6.8 2022 85 mins
Catering Christmas
The Heartbreak Agency
5.3

ခဏခဏအသည်းကွဲနေတဲ့ ဆရာကြီးတွေ ဆရာမကြီးတွေ အတွက် ကုစားပေးနိုင်မဲ့နေရာကိုသိပါသလား။အဲ့ဒီနေရာကတော့ အရက်ဆိုင်တို့ ဘာတို့ မဟုတ်ဘဲနဲ့အခုတင်ဆက်ပေးမဲ့ The Heartbreak Agency လို့ခေါ်တဲ့ဇာတ်ကားထဲက အေဂျင်စီမှာပဲဖြစ်ပါတယ်။IMDb Rating 5.3 ရရှိထားပြီး အရမ်းကြီးလည်းမဆိုးသလို ကြည့်ပျော်ရှုပျော်ရှိတဲ့ အခြေအနေမှာရှိတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ အစပိုင်းမှာ ကားလ်ဆိုတဲ့စာရေးဆရာတစ်ယောက်က ဆော်နဲ့ ရုတ်တရက်ကြီးကောက်ကာငင်ကာပြတ်သွားတာကို တွေ့ရမှာဖြစ်ပြီး အဲ့ဒီကိစ္စကိုမကျေနပ်လို့ လိုက်စုံစမ်းတဲ့အခါ မှာတော့ အသည်းကွဲတဲ့လူတွေ အတွက်ဝန်ဆောင်မှုပေးနေတဲ့ အေဂျင်စီတစ်ခုကို ထောင်ထားတဲ့မာရီယာလို့ ခေါ်တဲ့ မိန်းမ တစ်ယောက်ရဲ့ အကြံပေးမှုကျေးဇူးကြောင့်ဆိုတာကို သိလိုက်ရ ပါတော့တယ်။ဒီလိုနဲ့ သူလည်းစာရေးဆရာ ပီပီမာရီယာ့အပေါ် မကျေနပ်ချက်တွေကို ခပ်ရိုင်းရိုင်းဆောင်းပါးတစ်ပုဒ်ရေးပြီး ဘာမပြောညာမပြောကောက်တင်လိုက်တဲ့အခါမှာတော့ အလုပ် ပြုတ်သွားပါတော့တယ်။ကျဆင်းသွားတဲ့သူ့ဘ၀ကြီးကို ပြန်အဖတ်ဆည်ဖို့ အလုပ်ပြန်ရအောင်ကြိုးစားခဲ့ပေမဲ့ မရနိုင်တာကြောင့် အရင်ကုမ္ပဏီမှာပဲ ပြန်သွား တောင်းပန်တဲ့အခါမှာ အလုပ်ပြန်ပေးမယ်လို့ ကမ်းလှမ်း ခံခဲ့ရပါတော့တယ်။ဒါပေမယ့် အဲ့လိုအလုပ်ပြန်ရဖို့သူလုပ်ရမှာ တစ်ခုရှိပြီး အဲ့ဒါကတော့မာရီယာထောင်ထားတဲ့ အဲ့ဒီအသည်းကွဲ အေဂျင်စီမှာ ကုထုံးသွားခံယူရမှာပဲဖြစ်ပါတယ်။ဒီလိုနဲ့ အလုပ်ပြန်ရချင် ဇောနဲ့သူအမြင်ကပ်နေတဲ့ အဲ့ဒီအေဂျင်စီမှာကုထုံးသွားခံယူပြီး နောက်ပိုင်း မာရီယာနဲ့ သူ့ကြားမှာဘာတွေဆက်ဖြစ်လာမလဲ ဆိုတာကိုကြည့်ရမဲ့ဒရာမာဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ File size…1.45GB / 675MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 34m Genre ….. Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.3 2024
The Heartbreak Agency
Tera Jadoo Chal Gayaa

Tera Jadoo Chal Gaya (2000) သုံးပွင့်ဆိုင်အချစ် ၂၀၀၀ ခုနှစ်များဆီက ဆွတ်ပျံ့ဖွယ်အချစ်ဇာတ်လမ်းလေးတွေကို ကြိုက်တတ်တဲ့ CM ပရိသတ်ကြီးအတွက် အဘီရှိတ်ခ်ဘဂျမ်း ၊ ကီရ်သီရတ်ဒီနဲ့ ဟာသမင်းသားကြီးဂျွန်နီတို့ အဓိကပါဝင်ထားတဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်တင်ဆက်ပေးလိုက်ပါတယ်။ ပူဂျာက အောင်မြင်တဲ့ဒါရိုက်တာကြီးအရမ်းဖြစ်ချင်တဲ့သူ ဒါပေမဲ့ အလုပ်မှာတော့အမြဲနောက်ကျတတ်လို့ ခဏခဏအဆူခံရတဲ့သူပေါ့ ၊ အများနဲ့မတူထူးခြားကောင်းမွန်တဲ့ သူ့အိုင်ဒီယာတွေကိုလည်း အလုပ်က စီနီယာတွေဆီမှာ ဖြတ်လုခံရနဲ့ ဒါရိုက်တာကြီးအိပ်မက်က အလှမ်းဝေးနေလေရဲ့။ တစ်နေ့သူငယ်ချင်းမင်္ဂလာဆောင်သွားရင် အာဂရာမြို့မှာတွေ့ခဲ့တဲ့ ကဘီးရ်က သူ့ကိုမြင်မြင်ချင်းစိတ်ဝင်စားသွားတော့တယ် ၊ ကဘီးရ်ဆိုတာလည်း သူ့မြို့မှာတောင် မသိသူမရှိ လူချစ်လူခင်များတဲ့သူ ၊ ကဘီးရ်ကသာ ပူဂျာ့ကိုစိတ်ဝင်စားပေမဲ့ ပူဂျာကတော့ ကဘီးရ်ရဲ့ အစွမ်းအစနဲ့ လူချစ်လူခင်များတာကိုသဘောကျရုံကလွဲ စိတ်ဝင်စားမှုရှိမလာပါဘူး၊ သူ့စိတ်ထဲမှာ သူ့လက်တွဲဖော်အတွက် ပုံဖော်ထားပြီးသားဖြစ်နေတာကြောင့်လည်းပါတယ် ပူဂျာအိပ်မက်ထဲက လက်တွဲဖော်ပုံစံနဲ့ထပ်တူကျတဲ့သူပေါ်လာချိန်မှာတော့ အိပ်မက်တွေကိုအလေးထားတဲ့ ပူဂျာနဲ့ သူတန်ဖိုးထားလိုချင်တဲ့အရာတွေကို ရအောင်ယူနိုင်စွမ်းရှိတဲ့ ကဘီးရ်တို့ကြားမှာ ဘယ်လိုအပြောင်းအလဲ ၊ အလှည့်အပြောင်းတွေဖြစ်လာမလဲဆိုတာ ရှုစားကြည့်ပါဦး အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်

0 2000
Tera Jadoo Chal Gayaa
In Between Seasons
6.1

In Between Seasons (2018) ************************* BL ကားတွေကို ကြိုက်နှစ်သက်ကြတဲ့ ပရိသတ်ကြီးအတွက် မိခင်မေတ္တာနဲ့ သူငယ်ချင်းနှစ်ယောက်ကြားက သံယောဇဉ်အကြောင်းကို ရိုက်ကူးဖော်ပြထားတဲ့ In Between Seasons ဆိုတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးချင်ပါတယ် .. အိမ်ရှင်မတစ်ဦးဖြစ်တဲ့မီဂယောင်းဟာ ခင်ပွန်းဖြစ်သူနဲ့ အနေဝေးပြီးတော့ တစ်ဦးတည်း‌သောသားလေး ဆူဟျွန်းကို တစ်ယောက်တည်း ပြုစုပျိုးထောင်ခဲ့ပါတယ်။ တစ်ရက်မှာတော့ ဆူဟျွန်းက အတန်းဖော်သူငယ်ချင်းဖြစ်တဲ့ ယောင်းဂျွန်းကိုသူနဲ့အတူ နေဖို့အတွက် အိမ်ကို ခေါ်လာခဲ့ပါတော့တယ်။ နှစ်အတော်ကြာအတူတူနေခဲ့ပြီးတော့ စစ်မှုထမ်းဖို့အတွက် ယောင်းဂျွန်းက အရင် သွားခဲ့ပြီး ဆူဟျွန်းက နောက်မှ ဝင်ခဲ့ပါတယ်။ ဒီလိုနဲ့ ဆူဟျွန်း စစ်မှုထမ်းပြီးတဲ့နောက် သူတို့နှစ်ယောက်က အတူတူခရီးထွက်ရာကနေ ကားမတော်တဆမှုဖြစ်ခဲ့ပြီး ဆူဟျွန်းက ကိုမာဖြစ်သွားတာကြောင့် မိခင်ဖြစ်သူကတော့ သူ့သား ဒီလိုဖြစ်သွားအတွက် ယောင်းဂျွန်းကို အပြစ်တင်ခဲ့ပါတယ်။ ဒီတော့ မီဂယောင်းက သူ့ကို ခွင့်လွှတ်ဖို့အတွက် ယောင်းဂျွန်းအနေနဲ့ ဘယ်လိုတွေ ကြိုးစားမလဲ။ ဆူဟျွန်းနဲ့ ယောင်းဂျွန်းရဲ့ဆက်ဆံရေးကို မီဂယောင်းက ဘယ်လိုတုံ့ပြန်မလဲဆိုတာ ကြည့်ရှုလိုက်ပါဦးနော် .. (ဇာတ်လမ်းအညွှန်းကို Estel မှရေးသားထားပါတယ်) File size…791MB / 356MB Quality… WEB-DL 1080p/ 720p Format…mp4 Duration…. 1 hr. 42 min. Genre ….. Romance, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Estel Encoded by AHtet

6.1 2018
In Between Seasons
Hellraiser: Revelations

Hellraiser: Revelations (2011) Hellraiser Revelations ကတော့ မိသားစုကြောင့် စိတ်ဒုက္ခရောက်နေတဲ့လူငယ်လေးနှစ်ယောက် စိတ်ပြေလက်ပျောက် ခရီးထွက်ရင်း ဒီဘဝအလွန်က သာယာမှုကို ရှာဖွေဖို့ အခွင့်အရေးကြုံလာပါတယ်။ သေတ္တာကို ဖွင့်လိုက်တော့ Cenobite တွေ ရောက်လာတယ် ခေါ်သွားတယ်ပေါ့။ ဒါပေမဲ့ သူတို့နှစ်ယောက်ထဲက တစ်ယောက်ကပဲ ခေါ်လိုက်တာဖြစ်ပေမဲ့ နှစ်ယောက်လုံးက မိသားစုဆီ ပြန်ရောက်မလာကြလို့ မိသားစုနှစ်ခုလုံး စိတ်ဒုက္ခရောက်နေကြရပါတယ်။ သူတို့ပျောက်သွားတဲ့အချိန်မှာ ဗီဒီယို ရိုက်ထားတာရှိတော့ အဲဒီဗီဒီယိုကနေ သဘာဝလွန်ဖြစ်ရပ်တွေ ဖြစ်တာကို သိကြပေမဲ့ ဘာကြောင့်ရယ်ဆိုတာကိုတော့ အဖြေမထုတ်နိုင်ကြပါဘူး။ သူတို့မိသားစုနှစ်စု ညစာစားနေတဲ့အချိန် ပျောက်သွားတဲ့ ကောင်လေးထဲက တစ်ယောက် ပြန်ရောက်လာတဲ့အချိန်မှာတော့… (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.6GB, 785MB Quality – 1080p, 720p Format – mp4 Duration – 1H 15Min Genre – Horror Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

0 2011 75 mins
Hellraiser: Revelations
Hashima Project
5.1

Hashima Project (2013) ********************** အော့ဖ်၊ ဒေါ့၊ နစ်၊ နမ်နဲ့ မေတို့ဟာ ရုပ်ရှင်မေဂျာနဲ့ ကျောင်းပြီးထားပေမဲ့ အလုပ်မရသေးဘဲ အလုပ်ရဖို့ ကြိုးစားနေကြတဲ့ သူငယ်ချင်းအုပ်စုဖြစ်ပါတယ်…သူတို့ဟာ သရဲခြောက်တယ်ဆိုတဲ့ နေရာတွေကို သွား ရိုက်ကူးရေးတွေလုပ်ပြီး ထုတ်လုပ်သူတွေကို ပြခဲ့ပေမဲ့ “နောက်မှပြန်ဆက်သွယ်လိုက်ပါမယ်” ဆိုတဲ့စကားကလွဲပြီး မကြားရတဲ့အခါမှာတော့ ယူကျုပေါ်မှာပဲ သူတို့ရိုက်ထားတဲ့ ဇာတ်လမ်းတွေကို တင်ဖို့အတွက် အကြံရလာပါတယ်…ဒီလိုနဲ့ တင်လိုက်တဲ့အခါမှာတော့ သူတို့ဇာတ်လမ်းဟာ အရမ်းကို ပေါက်သွားခဲ့ပြီး သန်းချီတဲ့ ကြည်ရှုသူတွေနဲ့အတူ နာမည်ကြီးလာခဲ့ပါတယ်… သူတို့ဇာတ်လမ်းပေါက်သွားတဲ့နောက်မှာတော့ သရဲရှိုးလုပ်တဲ့ Ghostland ဆိုတဲ့ ပရိုဂရမ်ကြီးကနေ သူတို့ဆီကို ကမ်းလှမ်းချက်တစ်ခုရောက်လာပါတော့တယ်…ရှားရှားပါးပါးအခွင့်အရေးဖြစ်တာကြောင့် သူငယ်ချင်းအုပ်စုဟာ အစီအစဉ်ဘက်ကလူတွေနဲ့ သွားရောက်တွေ့ဆုံခဲ့ရင်း Ghostland ဘက်ကပေးလာတဲ့ ပရောဂျက်အသစ်အဖြစ် ဂျပန်က သရဲခြောက်တဲ့ကျွန်းကြီးလို့ နာမည်ကြီးတဲ့ ဟာဂျီမာကျွန်းကိုသွားရောက်ပြီး ရိုက်ကူးရေးလုပ်ဖို့ လက်ခံခဲ့ပါတယ်… ဟာဂျီမာကျွန်းဟာ အဲဒီကျွန်းကို သွားရောက်ခဲ့တဲ့သူတိုင်း ကံဆိုးမိုးမှောင်ကျတတ်ပြီး အသက်ပါ သေဆုံးတတ်တယ်ဆိုတဲ့အချက်နဲ့တင် အတော်ကို နာမည်ကြီးနေတာခဲ့တာပါ…ဒီလိုကျွန်းကြီးကိုသွားရောက်ပြီး ရိုက်ကူးရေးလုပ်ရမဲ့ သူငယ်ချင်းအုပ်စု ဘာတွေ ဘယ်လိုတွေ့ကြုံရမလဲ ဆိုတာကို ခြောက်ခြားဖွယ်ရာ ကြည့်ရှုရမဲ့ Horror, Suspense ဇာတ်လမ်းကောင်းတစ်ခုဖြစ်ပါတယ်… ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ CharOu ဖြစ်ပါတယ်… File Size : 1.4GB / 608MB Quality : WEB-DL 1080p / 720p Duration : 01:58:00 Genres : Horror, Suspense Subtitle : Myanmar Subtitle (Hard Sub) Translated by Char Ou Encoded by Heather Oo

5.1 2013
Hashima Project
The Girl Who Wasn’t Dead
5.5

CM ပရိသတ်ကြီးကို ဖြစ်ရပ်မှန် Thriller ဇာတ်ကားလေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားဟာ ဩစတြေးလျနိုင်ငံ ကွင်းစလန်းပြည်နယ်က ဖြစ်ရပ်မှန် တစ်ခုကို မှီငြမ်းပြီးတော့ ကယ်လီဖိုးနီးယားမှာ ရိုက်ကူး ထားတာပါ။ ဇာတ်လမ်းမှာ အဲရီကာဆိုတဲ့ ၁၅ နှစ်သမီးလေး ကျောင်းကို သွားပြီးနောက် အိမ်ကို ပြန်မရောက်လာတော့ဘဲ ပျောက်ဆုံး သွားခဲ့ပါတယ်။ အဲရီကာဟာ အရင်ကလည်း အိမ်ကနေ ထွက်ပြေးဖူးပြီးတော့ သူ့ထက် အသက် ၆နှစ်ကြီးတဲ့ ရည်းစားနဲ့ မိုတယ်မှာ သွားနေ ခဲ့တာပါ။ ဒီတစ်ခါမှာတော့ သူ့ရည်းစားက လမ်းခွဲပြီးသားမို့ သူနဲ့ မဆိုင်ဘူးလို့ တွင်တွင်ပြောနေခဲ့လို့ ရဲတွေ လမ်းစရှာမရ အကြပ်ရိုက်နေခဲ့ပါတယ်။ ဆယ်ကျော်သက်အရွယ် မိန်းကလေးတွေကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ ကွင်းဆက် လူသတ်သမား ပေါ်လာခဲ့တာကြောင့် အဲရီကာဟာ လူသတ်သမားရဲ့ သားကောင်ဖြစ်သွားခဲ့ပြီး အထင်နဲ့ ၂ နှစ်အကြာမှာ လက်လျှော့ပြီး ဈာပနပွဲပါ ကျင်းပ ခဲ့ပါတယ်။ အဲရီကာ ပျောက်ဆုံးတာ ၄ နှစ်နီးပါး ရှိပြီးချိန် လူသတ်သမားရဲ့ တရားခွင် ရုံးချိန်းမှာ အဲရီကာ ရောက်လာ ခဲ့တဲ့အချိန်မှာတော့ ဒွိဟဖြစ်မှုတွေ မယုံကြည်နိုင်မှုတွေ အများ ပြည်သူတွေကြားမှာ ဖြစ်လာခဲ့ပါတော့တယ်။ ဒီဇာတ်ကားမှာ အိမ်ထောင်ရေး ပဋိပက္ခဖြစ်တဲ့အချိန်မှာ သားသမီးတွေအပေါ် စိတ်ပိုင်းဆိုင်ရာ ရိုက်ခတ်မှု ဘယ်လောက်ပြင်းထန်လဲ ဆိုတာအပြင် သမီးပျောက်ဆုံးမှု ကို နှစ်တွေကြာမြင့်လည်း မျှော်လင့်ချက် မဖျက်နိုင်တဲ့ မိခင် မေတ္တာကိုပါ တွေ့မြင်ရမှာပါ။ ဇာတ်ကားကို ကြည့်ရှုပြီးချိန် ရင်ထဲမှာ တစ်ခုခု ကျန်နေခဲ့မယ့် ဇာတ်ကား တစ်ကားလို့ ဆိုချင်ပါတယ်။ (စပွိုင်လာ ရီဗျူး— ဒီဇာတ်ကား မှီငြမ်းရိုက်ကူးခဲ့တဲ့ ဖြစ်ရပ်မှန်မှာ ပျောက်ဆုံးခဲ့တဲ့ အမျိုးသမီးဟာ Natasha Ryan ဆိုတဲ့သူ ဖြစ်ပြီးတော့ ၂၀၂၄ ဇွန်လမှာ ဆုံးပါးသွားခဲ့ပြီး ဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာ သူမဟာ အသက် ၄၀ ရှိပြီ ဖြစ်ပြီး သူမရဲ့ ခင်ပွန်းသည် (အသက် ၆နှစ်ကွာ ရည်းစားဟောင်း)နဲ့ ကလေး ၄ယောက် ရထားခဲ့တာပါ။ သူမ လေးနှစ်တာ ပျောက်ဆုံးပြီး လူသတ်မှု တရားခွင်မှာ ပြန်ပေါ်လာချိန် မီဒီယာလောကမှာ ဟိုးလေးတစ်ကျော် အမှန်တကယ် ဖြစ်ခဲ့ပါတယ် ။ စာနယ်ဇင်းတွေက သူမကို “a girl in the cupboard” ဆိုပြီးတော့ နာမည်ပြောင် ပေးခဲ့ကြတာပါ။ လေးနှစ်တာလုံးလုံး မိဘအိမ်နဲ့ သိပ်မဝေးတဲ့ နေရာမှာ နေထိုင်ပြီး အသိမပေးခဲ့တဲ့ သူမလုပ်ရပ်ကို အံ့ဩဘနန်း ဖြစ်ခဲ့ကြပြီး လူအများစုက ကိုယ်ချင်းစာနာစိတ် ကင်းမဲ့သူ သမီးတစ်ယောက်အဖြစ် သမုတ်ခဲ့ကြပါတယ်.. သူ့ကြောင့် အမှန်တကယ် ပျောက်ဆုံးသူတွေအတွက် နစ်နာကြောင်း အပြစ်ဆိုသူတွေ အများကြီး ရှိခဲ့ပါတယ်။) File size… (1.19 GB) / (615 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 26m Genre …..Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

Drama • Thriller
5.5 2024 86 mins
The Girl Who Wasn’t Dead
Clown in a Cornfield
6.1

Clown in a Corn Field (2025) လျို့ဝှက်ဆန်းကြယ်ဆန်ဆန် အသတ်အဖြတ် အကြမ်းအရမ်းဇာတ်ကားတွေကို ကြည့်ချင်ရင်တော့ ၂၀၂၅ ထဲမှာပဲ ပူပူနွေးနွေးထွက်ထားတဲ့ ဒီဇာတ်ကားလေးကို ကြည့်လိုက်ဖို့ အကြံပေးချင်ပါတယ်။ Ginny & Georgia ဇာတ်လမ်းတွဲထဲက အက်ဘီနေရာမှာ သရုပ်ဆောင်တဲ့မင်းသမီး ကေတီလည်း အဓိကပါဝင်ထားပြီး IMDb မှာ 6.1/10 နှင့် Rotten Tomatoes မှာ 74% ရရှိထားလို့ တကယ့် ကြည့်ပျော်ရှုပျော် ရင်ထိတ်စရာ ဇာတ်ကားလေးပါပဲ။ ဇာတ်လမ်းအကျဉ်း ဒေါက်တာ မေဘရွတ်ခ်ဟာ သူ့မိန်းမ ရောဂါနဲ့ ဆုံးသွားပြီးတဲ့နောက်မှာ မဖြည်ဆည်နိုင်လို့ စိတ်ဖြတ်နိုင်အောင် သမီးဖြစ်သူ ကွင်းန်နဲ့အတူ ရှေးရိုးစွဲပြီး ဖုန်းလိုင်းတောင် သိပ်မကောင်းချင်တဲ့ နယ်မြို့ကလေးကို ပြောင်းလာခဲ့ပါတယ်။ ကွင်းန်ကလည်း သူ့အိမ်နှင့် သူ့သူငယ်ချင်းတွေကို ထားခဲ့ရလို့ စိတ်မချမ်းသာပေမဲ့ ဒီမြိုသစ်ကလေးရဲ့ ကျောင်းမှာ ကိုးလ်၊ တပ်ကာ၊ မတ်နဲ့ ရွန်နီ အစရှိတဲ့ လူရမ်းကား ဆယ်ကျော်သက်ကလေးတွေနဲ့ အဖွဲ့ကျသွားပါတော့တယ်။ အဲမြို့မှာ ကိုးလ်က လူချမ်းသာမြို့မျက်နှာဖုံးရဲ့သားဖြစ်ပြီး သူ့ရဲ့အဘေးက ပြောင်းသကြားရည်ကို ဖန်တီးရောင်းချရာက ချမ်းသာလာတာဖြစ်ပါတယ်။ အဲပြောင်းသကြားရည်ရဲ့တံဆိပ်မှာ ထူးဆန်းစွာပဲ ကျောချမ်းစရာ လူပြက်ပုံလည်း ပါပြီးတော့ အဲလူပြက်ကို မြို့ခံတွေက ဖရန်ဒိုလို့ နာမည်ပေးထားပါတယ်။ အဲမှာ သူတို့သူငယ်ချင်းအုပ်စုက ယူကျုမှာ နာမည်ကြီးချင်တဲ့အတွက် ဖရန်ဒိုက တကယ်ရှိကြောင်း၊ လူသတ်တတ်ကြောင်း ဇာတ်လမ်းတွေဆင်ရိုက်ရာကနေ တကယ်ပဲ သူတို့အဖွဲ့ထဲက လူသေလာပါတော့တယ်။ အဲတော့ ဒီဖရန်ဒိုဆိုတဲ့လူပြက်က တကယ်ပဲ သဘာဝလွန်သတ္တဝါလား၊ သာမာန်မျက်နှာဖုံးစွပ် ကွင်းဆက်လူသတ်သမားလား သူတို့သူငယ်ချင်းအုပ်စု အဲလူပြက်ဆီကနေ ဘယ်လိုလွတ်အောင်ရုန်းကန်ကြမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။

6.1 2025 96 mins
Clown in a Cornfield
Neighborhood Watch

IMDb – 6.1/10 R-rated Neighbourhood Watch ဆိုတာ ရပ်ကွက်အတွင်းက ပြည်သူတွေ စုစည်းပြီး ရာဇဝတ်မှုနဲ့ အဖျက်အမှောင့်လုပ်ရပ်တွေကို ကာကွယ်ဖို့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ အဓိက ရည်ရွယ်ချက်တွေကတော့: * ရပ်ကွက်တွင်း လုံခြုံရေးနဲ့ ဘေးကင်းရေးဆိုင်ရာ အသိပညာပေးခြင်း။ * ရပ်ကွက်ကို လုံခြုံဘေးကင်းတဲ့ နေရာတစ်ခုဖြစ်အောင် လုပ်ဆောင်ခြင်း။ * ရာဇဝတ်မှုနဲ့ သံသယဖြစ်ဖွယ် လှုပ်ရှားမှုတွေကို စောင့်ကြည့်ပြီး သတင်းပို့ခြင်း။ * ရပ်ကွက်အတွင်းမှာ အချင်းချင်းသိကျွမ်းပြီး ကူညီပံ့ပိုးတဲ့ ဆက်ဆံရေးတွေ တည်ဆောက်ခြင်း။ * ဒေသန္တရ ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြစ်ပါတယ် အခု ဇာတ်လမ်းမှာတော့ စိတ္တဇရောဂါသည် ဆိုင်မန် (Jack Quaid) ဟာ မိန်းကလေးတစ်‌ယောက်ကို ပြန်ပေးဆွဲသွားတာ မြင်လိုက်ပြီး ရဲသွားတိုင်ခဲ့ပါတယ်။ သူကိုယ်တိုင်တောင် မရှိတာတွေ အရှိထင်၊ မြင်၊ ကြားနေတဲ့အတွက် ရဲကလည်း သူ့ကို အရေးလုပ်ပြီး အမှုကို ဂရုမစိုက်ပါဘူး။ ဒါကို သူ့ဘာသာသူလိုက်ရှာဖို့ ကြိုးစားရင်း အိမ်နီးချင်းလုံခြုံရေးဝန်ထမ်းဟောင်း အက်ဒ် (Jeffery Dean Morgan)ကတော့ ဆိုင်မန်ပြောတဲ့ ကားနံပါတ်ကိုလိုက်ကူရှာပေးရင်း ဆိုင်မန်နဲ့အတူ တစ်နွယ်ငင် တစ်စင်ပါ အရှုပ်တွေထဲ ပါသွားပါတော့တယ်။ The Boy ထဲမှာ စူပါကောင်တွေကို တော်လှန်နေသူ Jack Quaid နဲ့ Walking Dead Universe ရဲ့ Antihero ခေါ်မလား၊ ဗီလိန်ခေါ်မလား သရုပ်ဆာင်ခဲ့တဲ့ JDM တို့ကို တွဲဖက်မြင်ရမှာပါ။ တချက်တချက်ဖောက်လိုက်တဲ့ ဟာသတွေကလည်း အပန်းပြေစေမှာပါ။ ဆဲရေးတိုင်းထွာနေတာ‌တွေကြောင့် R-rated ပါ။ ဒါရိုက်တာ Duncan Skiles နဲ့ ဇာတ်ညွှန်း Sean Farley ဖြစ်ပါတယ်။ အညွှန်းနှင့်ဘာသာပြန် Thompson ဖြစ်ပါတယ်။ File size…(1.1 GB)/(681 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Thompson

Thriller
0 2025
Neighborhood Watch