YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Prathibha Tutorials (2024) Malayalam TRUE WEB-DL - 720p - AVC - YK(CM).mp4

844.59 MB 720p video/mp4 89 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Gurudev Hoysala
5

IMDb 7.6/10 ထူးဆန်းစွာပျောက်ဆုံးသွားတဲ့ လက်ထောက်အင်စပက်တာပျောက်ဆုံးမှုကိုစုံစမ်းဖို့အတွက် ရှုံးပွဲမရှိ နိုင်ခဲ့တဲ့ ဂူရူဒေ့ဗ်ကို အသ်နီမြို့လေးဆီ အထက်ကစေလွှတ်ခဲ့တယ် ဒီမြို့မှာလည်း ရဲတွေကြောက်ရတဲ့တစ်ဖွဲ့ရှိနေပါတယ် သူတို့ကတော့ ရဲတွေကိုငွေနဲ့အုပ်ပြီး တရားမဝင်သဲတွေတူးဖော်နေကြတဲ့ သဲသူခိုး သဲမာဖီးယားအဖွဲ့ပေါ့ ဂူရူဒေ့ဗ်မြို့ကိုရောက်ရောက်ချင်းပဲ အဲဒီမြို့ကရဲစခန်းရဲ့သတင်းကိုတီဗီကတစ်ဆင့်မြင်ခဲ့ရတယ် အဲဒါကတော့ ရဲဌာနကလူတွေက နိုင်ငံရေးသမားတွေနဲ့ပူးပေါင်းပြီး အဲဒီသဲမာဖီးယားတွေကိုအလွတ်ပေးနေတာလို့ မီဒီယာကကြေညာနေတာပါ ဒီလိုနဲ့သူဒီကိစ္စထဲဝင်ပတ်သက်မိပြီး အကုန်ဖိန့်ဖိန့်တုန်အောင်ကြောက်ရတဲ့ မာဖီးယားခေါင်းဆောင်နဲ့ ထိပ်တိုက်တွေ့လာရတဲ့အခါ... သူရှာနေတဲ့ လက်ထောက်အင်စပက်တာကိုရော ရှာတွေ့နိုင်မလား ဒီမာဖီးယားတွေနဲ့ရော ဘယ်လိုရင်ဆိုင်သွားမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါရှင် File size…2.18GB / 1.1GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Nyein Aye~BpL~Yunni~Cherry

Drama
5 2023 132 mins
Gurudev Hoysala
Suite Française
7.3

Suite Francaiseရုပ်ရှင်ရဲ့ မူရင်းဝတ္ထုဟာဆိုရင် ဒုတိယကမ္ဘာစစ်အတွင်းမှာရေးသားခဲ့တာဖြစ်ပြီး ၂၀၀၄ခုနှစ်ရောက်မှ ထုတ်ဝေနိုင်ခဲ့ပါတယ်။ အကြောင်းရင်းကတော့ ဒီဝတ္ထုကိုရေးသားခဲ့သူ Irène Némirovskyဟာ ၁၉၄၂ခုနှစ်မှာ ဂျူးလူမျိုးဖြစ်တဲ့အတွက် ဂျာမန်တပ်တွေ ဖမ်းဆီးတာခံရပြီး Auschwitzချွေးတပ်စခန်းမှာအခြားသော ဂျူးလူမျိုးတွေနဲ့အတူသတ်ဖြတ်ခံခဲ့ရလို့ပါ။ နှစ်၆၀လောက်ကြာပြီးတဲ့နောက်မှာ သူမရဲ့သမီးဖြစ်သူက မိခင်ဖြစ်သူရဲ့မှတ်စုစာအုပ်ထဲမှာရေးသားထားတဲ့ ဝတ္ထုနှစ်ပုဒ်ကိုတွေ့ရှိခဲ့ပြီး၊ ဒီဝတ္ထုနှစ်ပုဒ်ပေါင်းပြီးမှ Suite Francaiseဆိုတဲ့ ဝတ္ထုတစ်ပုဒ်ဖြစ်လာကာ နောက်များမှ ရုပ်ရှင်အဖြစ်ပိတ်ကားပေါ်ရောက်ရှိလာရပါတယ်။ မူရင်းစာရေးဆရာမဟာ ဒီဇာတ်လမ်းကို အပိုင်း ၅ပိုင်းနဲ့ရေးသားခဲ့မှတ်စုထုတ်ထားခဲ့ပေမယ့်လည်း နှစ်ပိုင်းသာအချောသတ်ရေးသားနိုင်ခဲ့တဲ့အတွက် ကျန်သုံးပိုင်းကတော့ မှတ်စုစာအုပ်ထဲက မှတ်တမ်းမှတ်ရာလေးတွေအဖြစ်သာကျန်ရှိနေဆဲပါ။ ဒီဇာတ်ကားရဲ့ဇာစ်မြစ်လေးဟာ ဒီလိုကြေကွဲစရာကောင်းသလို ဇာတ်လမ်းလေးကလည်း ရိုးရိုးရှင်းရှင်း ဆို့ဆို့နင့်နင့်နဲ့ အချစ်၊အမုန်းဒွန်တွဲပြီး ရန်သူတွေတစ်ဖြစ်လဲ၊ ဝတ္တရား တာဝန်တွေ ခြားနားခံထားရတဲ့ ချစ်သူနှစ်ဦးအကြားကတိမ်းညွှတ်လိုက်လျောမှုတွေကို ပေါ်လွင်အောင်ရိုက်ပြထားပြီး လက်မလွှတ်တမ်းကြည့်သင့်တဲ့war romantic dramaကားမို့ အများကြီးမညွှန်းတော့ပါဘူးဗျာ။ File Size :(1.7GB) and (688MB) Quality :Blu-Ray 1080P5.1Ch,720p Format…mp4 Duration…01:47:00 Genre : War, Drama , Romance , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by  Themes Encoded by Phyo Pyae

Comedy
7.3 2015 103 mins
Suite Française
[18+]Female War: A Nasty Deal
3.2

အိမ်ထောင်ရေးမှာအချစ်မပါရင် ဆားမပါတဲ့ဟင်းလိုပဲ ပေါ့ပျက်ပျက်ရယ်ပါ ဒီဇာတ်ကားရဲ့အဓိကသရုပ်ဆောင်က အွန်ယောင်း ပဲ အွန်ယောင်းက ငယ်ရွယ်နုပျိုပြီး လှသွေးကြွယ်နေတဲ့သူတယောက် နူးညံ့သိပ်မွေ့ပြီး နှလုံးသားလှသူတယောက် အထူးသဖြင့်သူမရဲ့ အမူယာဟန်ပန်နဲ့ လုံးကြီးပေါက်လှခန္ဓာကိုယ်ပဲ သူမကို ကံထူးသွားသူကတော့ ပန်းချီဆရာတယောက်ရယ်ပါ ဒါပေမဲ့ အိမ်ထောင်ကျပြီး မကြာခင်မှာပဲ ကြမ္မာဆိုးကြီးဝင်မွှေပါတယ် ပန်းချီဆရာက မတော်တဆမှုနဲ့ မျက်လုံးနှစ်ဖက်ကွယ်သွားပါတယ် ကြံရာမရဖြစ်နေချိန် ခိုးကိုးရာမဲ့နေချိန်မှာပဲ သူတို့ကို သတိထားမိသွားသူက ကင်ဆာရောဂါနဲ့ဘဝနေဝင်ချိန်ရောက်နေတဲ့ တစ်ကောင်ကြွက် ကုံလုံတဲ့အဖိုးကြီးတစ်ဦး...... သူတို့နှစ်ယောက်ကို ဂရုဏာသက်ပြီး သူ့မျက်လုံးကိုလှူဖို့ဆုံးဖြတ်လိုက်ပါတော့တယ် အွန်ယောင်းကလည်း ကျေးဇူးသိတက်သူပီပီ အဖိုးကြီးကိုသေတဲ့အချိန်စောင့်ရှောက်ဖို့အားထုတ်ပါတယ် ဒါပေမဲ့လေ... အွန်ယောင်းလေးကိုမြင်တာများပြီး အဖိုးကြီးစိတ်ပြောင်းသွားတယ် မတော်တရော်တစ်ခုကိုတောင်းဆိုလိုက်တယ် မျက်လုံးနှစ်လုံးလဲရမယ် အမွေတွေအားလုံးလဲရမယ် သူနဲ့တညပဲအိပ်တဲ့လေ အွန်ယောင်း ဘယ်လိုမှမငြင်းသာတော့ပဲ ခင်ပွန်းသည်စက္ခုနှစ်ကွင်းအလင်းရဖို့ မျက်စိမှိတ်လိုက်ပါတော့တယ် ဒါပေမဲ့အဖိုးကြီးက စိတ်သာရှိပေမဲ့ကိုယ်ကလိုက်မလာပါဘူး အဲဒီအချိန်မှာ အွန်ယောင်းတယောက် ရှိသမျှပညာအကုန်ထုတ်သုံးပေမဲ့လည်း အွန်ယောင်း ရဲ့ကြိုးစားမှုတခုကလေ Naked Weapon ထဲက Maggie Q ညုတဲ့အခန်းကို သွားပြီးတော့သတိရစေမှာအမှန်ပါပဲ ဇာတ်လမ်းဇာတ်ကွက်တွေက ခမ်းနားပြီး အချစ်ရေး အိမ်ထောင်ရေး မိန်းမတယောက်ရဲ့ အနွံတာခံမှုတွေကို DS Fans တွေအကြိုက် အခန်းများများနဲ့ရောနှောထားတာမို့ ကြည့်ရှု့ကြည့်ပါဦး File size…1.9GB / 856MB Quality…1080p FHD  /720p Format…mp4 Duration….1h 50m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Ki Mu Chi

Horror • Mystery • Thriller
3.2 2015 110 mins
[18+]Female War: A Nasty Deal
Open Water
5.5

ဒန်နီရယ် နဲ့ ဆူဆန် ဆိုတဲ့ လင်မယား နှစ်ယောက် ဟာ scuba diving လုပ်ဖို့ ပင်လယ်ပြင်ကို Tour guide တွေ အခြားသာတွေနဲ့ ခရီး ထွက်လာခဲ့ပါတယ် သူတို့ဟာ အဖွဲ့ထဲကနေ ခွဲထွက်ပြီး နည်းနည်းပိုနက်တဲ့ နေရာထိ ရေငုပ် စူးစမ်းခဲ့တာကြောင့် ဆုံမှတ်ကို ပြန်ရောက်တာ အနည်းငယ် နောက်ကျခဲ့ပါတယ် ကံဆိုးစွာနဲ့ပဲ လှေပေါ်က tour guide က အပြန်မှာ လူရေတွက်တာ မှားသွားတာ ကြောင့် ဒန်နီရယ် နဲ့ ဆူဆန်တို့ ပြန်မရောက်သေးတာ မသိပဲ ထွက်သွားခဲ့ပါတယ် ရေစီးသယ်ရာ မျောပါရင်း အနီးနားမှာ ‌သင်္ဘောကြီးတစ်စီးကို လှမ်းပြခဲ့‌ သော်လည်း သူတို့ကို မမြင်ခဲ့ပါဘူး သေရေးရှင်ရေးမှာ လူသားတွေ ဖြစ်တတ်တဲ့ စိတ် သဘာဝတွေ မြင်တွေ့ရမှာပါ ငါးမန်းတွေနဲ့ တွေ့ကြုံရချိန်မှာတော့ အချိန်ကြာလာတာနဲ့ အမျှ အသက်ရှင်ဖို့ အခွင့်အရေး နည်းပါးလာခဲ့တယ် နောက်ဆုံး မှာ ဒန်နီရယ် နဲ့ ဆူဆန်တို့ဆီ ကယ်တင်ရှင်ပေါ်လာပြီး ငါးမန်း တွေ ရန်ကလွတ်မှာလား ဒါမှ မဟုတ် ပင်လယ်ပြင်မှာပဲ အစာငတ် ရေငတ် ငါးမန်းကိုက်ခံရပြီး သေဆုံးသွားမှာလား ရင်ခုန်စွာ စောင့်ကြည့် ရမှာပါ IMDb-5.8/10 Rotten Tomatoes-71% Vudu-3.2/5 File size…(2.64GB/(1.94GB)/(1.09GB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:19:00 Genre...Adventure  / Drama /  Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Kevin

Thriller
5.5 2003 79 mins
Open Water
High School Serenade / Gita Cinta Dari SMA
8.3

High School Serenade / Gita Cinta Dari SMA (2023) ဆယ်ကျော်သက်လူငယ်ဘဝကို ပြန်ရောက်သွားသလိုခံစားရမယ့် အင်ဒိုနီးရှား လူငယ်အချစ်ကားလေးတစ်ကားကို တင်ဆက်ပေးပါ့မယ်။ အထက်တန်းကျောင်းသားဘဝ ဆယ်ကျော်သက်အရွယ်မှာ အချစ်ဦးနဲ့တွေ့ခဲ့ရပြီး လွဲခဲ့ရတဲ့လူတွေအတွက် ခံစားချက်နဲ့တိုက်ဆိုင်နိုင်လောက်မယ့် Drama ဇာတ်ကားလေးလည်းဖြစ်ပါတယ်။ ကျောင်းပြောင်းလာတဲ့ ကျောင်းသူလေး Ratna တစ်ယောက် ကျောင်းအသစ်မှာ စာတော်ပြီး အေးစက်စက်နေတတ်တဲ့ Gahli ဆိုတဲ့ ကျောင်းသားလေးနဲ့တွေ့ပြီး အချစ်ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်လာခဲ့ပါတယ်။ မိဘအသိုင်းအဝိုင်း အဆင့်အတန်းတွေမတူညီတော့ Ratna ရဲ့ အဖေက သဘောမတူဘဲ အတင်းလိုက်ခွဲတဲ့အချိန်မှာတော့ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြပါနော်။ MDb ကလည်း 8.3 ရထားတာမို့ ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်မိပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။ Genre….. Drama, Romance Quality…. 1080p | 720p File size… 1.3GB | 671MB Format… mp4 Duration…. 1h 43min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Moh Moh Encoder ….. Aaron

8.3 2023
High School Serenade / Gita Cinta Dari SMA
The Innocent
6.7

The Innocent (2022) ~ IMDb – 6.7/10, Rotten Tomatoes – 98% ~ Little Women (2019) ထဲက မမ Saoirse Ronan ရဲ့ဇာတ်ကောင်အတွက် နောက်ဆုံးမှာပေါ်လာတဲ့ ဖူးစာရှင်ဖြစ်သူ ခန့်ခန့်ညားညား တောင့်တောင့်ဖြောင့်ဖြောင့်ကြီးကို မှတ်မိကြမလား မသိဘူး။ အဲဒီသရုပ်ဆောင်မင်းသား Louis Garrel ကိုယ်တိုင် ရေးသားရိုက်ကူး ပါဝင်သရုပ်ဆောင်ထားတဲ့ ပြင်သစ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အမေတစ်ခု သားတစ်ခုနေလာတဲ့ အာဘဲလ်တစ်ယောက် အမေဖြစ်သူ နောက်အိမ်ထောင် ထူတော့မယ်ဆိုတဲ့အခါ စိတ်ခုစရာကြုံလာပါတယ်။ ပြဿနာကတော့ အမေ့ချစ်သူက လက်ရှိအချိန်မှာ ထောင်၅နှစ်ကျနေတဲ့သူပဲဖြစ်ပါတယ်။ တားမရတဲ့အဆုံး တရားခံဘဝနဲ့ထောင်ထဲရှိနေတုန်းပဲ လက်ထပ်ပွဲကျင်းပလိုက်ကြပေမဲ့ ပထွေးအဖြစ် ထောင်ကလွတ်လာတဲ့နောက်ပိုင်း အာဘဲလ်ရဲ့ အမြင်မကြည်မှုတွေ သံသယတွေနဲ့က သူ့အမေရဲ့ အိမ်ထောင်ရေးမှာ သာယာစေပါ့မလား။ အာဘဲလ်ဟာ အမေ့ကို ကာကွယ်ဖို့အသင့်ဖြစ်နေတဲ့ သားတစ်ယောက်ပေမဲ့ ပြစ်မှုကျူးလွန်ဖူးသူတစ်ယောက်ကရော တစ်ခါ အပြစ်သားဖြစ်ရင် တစ်သက်လုံး အပြစ်သားဆိုတဲ့ အမြင်အောက်မှာ ရှိနေဖို့လိုသလား။ ကိုယ်တိုင်ကိုယ်၌ကြားက အမေ့အပေါ်စိတ်ပူမှုနဲ့ လူသားဆန်ဆန်သဘောထားကြီးမှုကြား လွန်ဆွဲနေတဲ့ အာဘဲလ်ရဲ့ ပထွေးပေါ် ချဉ်းကပ်မှုခရီးစဉ်ပေါ့။ သိမ်မွေ့မှုနဲ့ ရာဇဝတ်မှု၊ ရယ်မောစရာနဲ့ ရင်မောစရာ မဆိုစလောက်စီမျှပါဝင်တာမို့ ဖျော်ဖြေရေးရုပ်ရှင်ကောင်းတစ်ခုလို့ပြောရင် မမှားနိုင်ပါဘူး။ ဒီ့ပြင်ကိုမှ ဒီထဲက မင်းသမီးကလည်း Portrait of a Lady on Fire ထဲက Noémie Merlant ဆိုတော့ ဘာများတွေဝေနေဖို့လိုဦးမလဲနော့်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 765MB Quality – 1080p, 720p IMDb Rating – 6.7/10 Format – mp4 Duration – 1H 39Min Genre – Comedy, Crime, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Z Encoded by Y

6.7 2022 99 mins
The Innocent
American Ninja 3: Blood Hunt

ဒီတစ်ကားမှာတော့ ရှောင်ဒေးဗစ်ဆန်ဆိုတဲ့ကောင်လေးဟာ သူ့အဖေပါဝင်မယ့် နပန်းပွဲကို ကြည့်ဖို့ရောက်နေတာ ဖြစ်ပြီး စိတ်လှုပ်ရှားနေတဲ့အတွက် သူ့အဖေကို စင်နောက်မှာ သွားရှာပါတော့တယ်။ ဒီအချိန်မှာ ကောင်တာကို ဓားပြတိုက်ဖို့ လာတဲ့အဖွဲ့နဲ့တိုးပြီး ရှောင်ကို ဓားစာခံအဖြစ် ချုပ်ထားပါတော့တယ်။ ဒီအချိန်မှာပဲ ရှောင်ရဲ့အဖေဖြစ်သူဟာ ရှောင့်ကို ကယ်ဖို့ကြိုးစားရင်း ပစ်သတ်ခံလိုက်ရပါတော့တယ်။ ဖခင်ကိုဆုံးရှုံးလိုက်ရတဲ့ ရှောင့်ကို ဂျပန်လူမျိုး အီဇူမိုဆိုတဲ့လူကြီးက ပြုစုစောင့်ရှောက်ခဲ့ပြီး နင်ဂျာအတတ်ပညာတွေကို ဆရာစားမချန် သင်ကြားပေးခဲ့တဲ့အတွက် သူဟာ နင်ဂျာတစ်ယောက် ဖြစ်လာခဲ့ပြီး ကရာတေးချန်ပီယံအနေနဲ့ ဘဝကိုဖြတ်သန်းနေပါတော့တယ်။ ဒီလိုနဲ့ ကျွန်းတစ်ကျွန်းမှာ နိုင်ငံတကာ ကရာတေးပြိုင်ပွဲ ကျင်းပပေးတဲ့အတွက် ရှောင်တစ်ယောက် ပြိုင်ဖို့ရောက်လာပါတော့တယ်။ ဒီအချိန်မှာ အရင်ဇာတ်ကားမှာပါဝင်ခဲ့တဲ့ ဇာတ်လိုက်ကျော်ကြီး ဂျက်ဆန်လည်း လာရောက်ယှဉ်ပြိုင်ပါတယ်။ တစ်ကယ်တမ်းကျ ကရာတေးပြိုင်ပွဲက အယောင်ပြသာဖြစ်ပြီး ဒီကျွန်းပေါ်မှာ အန္တရာယ်ရှိဗိုင်းရပ်စ်တွေကို စမ်းသပ်နေတာဖြစ်ပါတယ်။ ဒီကိစ္စမှာ ရှောင်နှင့် ဂျက်ဆန်တို့နှစ်ယောက် ဘယ်လိုပါဝင်ပတ်သက်လာပြီး ဘယ်လိုတားဆီးကြမလဲ ရှောင့်အနေနဲ့ သွေးကြွေးဆပ်ဖို့ ဘယ်လိုကြုံကြိုက်လာမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပြီး အရင်ကားတွေလည်း ကြည့်ပြီးသားဖြစ်လောက်တဲ့အတွက် အထူးတလည် ညွန်းစရာမလိုတော့ပါဘူးနော်။ ကြည့်ရှုခံစားလိုက်ကြပါဦးခင်ဗျ။ File size…(904 MB) Quality….Webrip 720p Format…mp4 Duration….01:29:00 Genre…Action, Adveture, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Matteo

0 1989
American Ninja 3: Blood Hunt
Universal Soldier: The Return
4.2

ဒီ​ရုပ်ရှင်​က Universal Soldier (1992) ရဲ့အဆက် ဇာတ်​လမ်း​ဖြစ်ပြီး ဗန်ဒိန်းက အဓိက​ဇာတ်​ကောင်​ Luc အဖြစ် သရုပ်ဆောင်​ထားပါတယ်။ ပထမ​ရုပ်ရှင်​အပြီး နှစ်အတန်ကြာကာလမှာ ဇာတ်​အိမ်တည်ထားတာဖြစ်ပါတယ်။ ၁၉၉၂ ဇာတ်ကား​နဲ့ အခု ၁၉၉၉၊ ဇာတ်ကား​ကြားမှာ ထွက်​ရှိ​ခဲ့တဲ့ Universal Soldier​ နှစ်ကား​ကတော့​ ရုပ်​သံ​လိုင်း​အတွက် ရိုက်​ကူးခဲ့တဲ့ဇာတ်ကားတွေဖြစ်ပြီး Luc နေရာမှာ ဗန်ဒိန်း​မဟုတ်​တဲ့အပြင် အဲဒီ​နှစ်ကား​က အဖြစ်​အပျက်​တွေကို အခု Universal Soldier :​ The​ Re​turn မှာ ထည့်​သွင်း​စဉ်းစား​ထားခြင်း​မရှိတဲ့အတွက် Universal Soldier​ franchise ရဲ့ လေးကားမြောက်ရုပ်ရှင်ဖြစ်ပေမဲ့ အထက်​က နှစ်ကား​ကိုပယ်ပြီး ဒုတိယ​မြောက်ဇာတ်ကားအဖြစ် သတ်​မှတ်ရင်​လည်းရပါတယ်။ ဇာတ်လမ်း​အကျဉ်းကတော့​ ပထမ​ဇာတ်ကား​အပြီး Luc ရဲ့ရန်သူတော် GR 13 သေဆုံး​ပြီးတဲ့နောက်မှာ Luc ဟာ Veronica နဲ့ လက်ထပ်ပြီး သမီးတစ်ဦးဖွားမြင်ပါတယ်။ Veronica ကွယ်လွန်​ပြီးနောက်မှာတော့ Luc ဟာ အစိုးရ​နဲ့ပူးပေါင်းပြီး ဒေါက်တာ Cotner နဲ့အတူ UniSol​ စီမံကိန်း​မှာပါဝင်ဆောင်ရွက်နေခဲ့ပါတယ်။ Universal​ Soldiers တွေဟာ အရင်ကထက် အဆင့်​မြင့်​လာပြီး ပိုမို​သန်မာမြန်ဆန်လာပြီး သူတို့​ရဲ့​လှုပ်​ရှားမှု​တွေကို ဒေါက်တာ​ Cotner​ တည်ဆောက်​ထားတဲ့ SETH​ လို့ခေါ်​တဲ့ ဉာဏ်​ရည်​မြင့်​ကွန်ပျူတာ​က ထိန်းချုပ်​စောင့်ကြည့်နေပါတယ်။ တနေ့​မှာအစိုးရ​က UniSol​ စီမံကိန်း​ကိုဖျက်သိမ်းဖို့ ဆုံးဖြတ်​လိုက်​ချိန်​မှာတော့ SETH က သူ့ရဲ့​တည်​ရှိမှုကိုခြိမ်းခြောက်တယ်လို့ယူဆပြီး အစိုး​ရ​ကိုဆန့်ကျင်​ကာ Luc တို့ဝန်ထမ်းတွေကိုပါ ရန်မူ​လာပါတော့တယ်။ စွမ်း​ရည်​မြင့် Universal​ Soldiers တွေကို​ထိန်းချုပ်​အမိန့်ပေးနိုင်တဲ့ SETH​ ရဲ့အကြံကို Luc နဲ့ အမေရိကန်​စစ်တပ်တို့ ဘယ်လို​တားဆီးကြမလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ 90s ခုနှစ်​တွေက အများ​အပြား​ထွက်​လေ့​ရှိတဲ့ Action​/Sci-fi အမျိုးအစား​ဖြစ်တာကြောင့် ဇာတ်​အိမ်​မကျယ်ပြန့်ပေမဲ့ ဗန်ဒိန်း​ရဲ့ အက်ရှင် scene တွေကို တဝကြီးမြင်ရမှာဖြစ်သလို Universal Soldier​ တွေကလည်း 1992 ကထက်​ အများကြီး​ကြမ်းတမ်းလာတာကိုတွေ့မြင်ရမှာပါ။ သမားရိုးကျအက်​ရှင်​ကားဖြစ်တာကြောင့် ဇာတ်လမ်း​က ပုံမှန်​အတိုင်း​မြင်​နေကျဇာတ်လမ်းမျိုးဆိုပေမဲ့ အက်ရှင်​ဇာတ်လမ်း​ပရိသတ်​တွေ​အတွက်တော့ အချိန်​ပေးကြည့်ရှုလို့ကောင်းမဲ့ရုပ်ရှင်ဖြစ်ပါတယ်။ File size…(1.8 GB)/(961 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:22:00 Genre…Action, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Wolfemhein

4.2 1999
Universal Soldier: The Return
Blue Valentine
7.3

Blue Valentine (2010) ~ IMDb – 7.3/10, RT – 86%, Meta – 81% ~ မပြေလည်ခြင်းများဟာ အနီရောင်နေ့ရက်တစ်ချို့ရဲ့အတွင်းသားထဲ စီးဆင်းသွားတဲ့နောက် ခရမ်းရောင်တစ်ခုက အရောင်ဗေဒတွေအတိုင်း ငါ့သွေးကြောထဲလှည့်ပတ်နေခဲ့ရင်း အခုဆိုဘယ်နှရာသီ။ ဘဝဟာ ချောကလက်ဘူးတစ်ဘူးနဲ့ သဏ္ဍာန်တူကြောင်း ရုပ်ရှင်ထဲက ခပ်အအ,ကာရိုက်တစ်ကောင်ပြောဖူးတာ ကြားဖူးမှာပါ။ ကိုကိုး၈၀ရာခိုင်နှုန်း ကိုကိုး၉၀ရာခိုင်နှုန်း ကိုကိုး၉၉ရာခိုင်နှုန်း။ များများစားစား မျှော်လင့်စရာဟာ အခါးဓာတ်နဲ့ အသားကျသွားဖို့ပေါ့။ အောင်မြင်တဲ့အချစ်ကို ဘဝတစ်ကွေ့မှာ ငါတို့ပက်ပင်းတွေ့ဖူးကြမှာပဲ။ ကမ္ဘာအဆက်ဆက်က ဖူးစာလို့ ထင်ကောင်းထင်ခဲ့ကြဖူးလိမ့်မယ်။ “ကြည်ဖြူနိုင်သူ နှစ်ဦး”လည်း ဖြစ်ခဲ့ကြဖူးတယ်။ မင်းအရိပ်မှာငါခို ငါ့သီချင်းမှာကခဲ့ဖူးတဲ့ ဆံပင်တွေလည်းမရှည်သေးဘူး။ ချိုသော နွေးသော မဖြောင့်တန်းသော လေမသွေးလက်များ ကံတော်မကုန်ခင်အထိတော့ တံလျှပ်တို့က အစစ်ပဲ အချစ်ရယ်။ နေဝင်သွားတဲ့ တံတားကြီးရဲ့ဟိုးတစ်ဘက်က ညနေဟာ ငါသိတဲ့ကဗျာတစ်ပုဒ်ကို လှိုက်စားသွားဖူးတယ်။ ဒါဟာ ရွှေရင်ပြုံးတုံ့အခါလည်ပေါ့။ မျက်ရည်တွေတောင်မှ ခမ်းနားလို့ ဟိုးတုန်းကတော့ အဲဒီနေ့တို့က ကောင်းကင်ပြာခြင်းတို့ရဲ့အပြာ။ အနောက်ဘက်တစ်ခြမ်းမှာတော့ ကျရှုံးခန်းတွေ ကျောက်စာထူထားတဲ့ စစ်မြေပြင်မှာ အားလုံးတိတ်ဆိတ်နေခဲ့တယ်။ ငါတို့သိတဲ့အချစ်များပြန်ရှာရင်း ငါတို့မသိတဲ့ငါတို့ကို ငါတို့ပြန်တွေ့ရှိခဲ့ရ။ ဟိုအရင်ကလိုပဲ ချက်ကော့ရဲ့သေနတ်ဟာ ချစ်သူတို့ရဲ့နေ့ရက်တိုင်းကို ချိန်ရွယ်ထားတုန်းပဲ။ ချက်ကော့ရဲ့သေနတ်ဟာ ချက်ကော့ရဲ့သေနတ်ဖြစ်နေလို့ပဲ ငါတို့တည့်တည့်ကြီးမှန်လို့ ငါတို့ကလည်စင်းခံ။ အမှတ်မထင် ကျည်ဆန်တွေရဲ့ ထိပ်ဖူးကို ငါတွေ့လိုက်ရတဲ့နေ့က အဲဒီကျည်ဟာ ခရမ်းရောင်ပကတိ။ “ပုံစံသဏ္ဍာန်ကွဲ အဖြစ်အပျက်နှစ်ရပ်တို့ ထပ်တူကျဖို့လည်း သီအိုရမ်တွေ အခုထိထွက်မလာသေး”။ ဒီလိုနဲ့ နေမလောင်ထားတဲ့ အရစ်ကြောင်းကို ငါမြင်နေခဲ့ရတယ်။ သီချင်းဟာ ဒီမှာရှုံးသွားတယ်။ ကပွဲဟာ ဒီမှာဆုံးသွားတယ်။ အောင်မြင်တဲ့အချစ်ဟာလည်း တစ်ကွေ့ကွေ့တော့ ရှုံးရမှာပါပဲ။ အားလုံးဟက်တက်ကွဲဖူးကြလိမ့်မယ်။ ကံကြမ္မာဟာ ငါတို့မြင်ချင်တဲ့ကမ္ဘာကြီးကို ပြလို့ ငါတို့မမြင်ချင်တဲ့ကမ္ဘာကြီးကို ပေးလိမ့်ဦးမယ်။ The Holdovers နဲ့ Election တို့ရဲ့ ဒါရိုက်တာ အလက်ဇန္ဒားပိုင်းန်ကို သူ့ရုပ်ရှင်တွေမှာ ဘာလို့ အကျအရှုံးတွေ ဒီလောက်များနေတာလဲလို့ မေးတော့ သူဖြေတာက ဘဝမှာ ဒီပြင်ဘာများရှိသေးလို့လဲတဲ့။ Blue Valentine ဟာ အောင်မြင်ခဲ့တဲ့အချစ်တစ်ခုရဲ့ ကျရှုံးခန်းအကြောင်းပါပဲ။ ဘယ်စစ်ဘုရင်ရဲ့ ကျရှုံးခန်းကမှတော့ ဒီကျရှုံးခန်းထက် ကြီးကျယ်ခမ်းနားမယ်မထင်ဘူး။ ကျွန်တော်တို့သိသမျှမှာ ဘယ်အချစ်ကရော မခမ်းနားဖူးလို့လဲ။ ” “– ဘဝဆက်တိုင်းအတူ – ကိုမောင်မောင် ” “– တစ်ပင်တည်း ရင်ထဲကနွယ် – ဖိုးချို (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.9GB, 1.25GB Quality – 1080p, 720p IMDb Rating – 7.3/10 Format – mp4 Duration – 1H 52Min Genre – Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.3 2010
Blue Valentine
Batman vs. Robin
7.1

Batman Vs Robin (2015) IMDb: 7.1/10 Rotten Tomatoes: 100% Genre: Animation/Action/Adventure Batman Vs Robin ဟာ “Batman: The Court of Owls” ကိုအသက်သွင်းထားတဲ့ DC Universe Animated Original Movies ရဲ့ ၂၃ ခုမြောက်ရုပ်ရှင်ဖြစ်ပါတယ်။ DC Animation ထဲက အတော်လေးလူသိများတဲ့ ရုပ်ရှင်ဆိုလည်းမမှားပါဘူး။ ပြောရရင်တော့ အဇာတသတ် လက်သစ်လေးအကြောင်းပေါ့ဗျာ။ ဇာတ်ညွှန်း အတိတ်မှာ ဘရုစ်ဝန်းသိခဲ့တာတစ်ခုရှိတယ်။ အဲဒါကတော့ဂေါ့သမ်မြို့မှာ လူချမ်းသာတွေနဲ့ အာဏာရှိတဲ့လူတွေစုပြီးဖွဲ့ထားတဲ့ ဇီးကွက်အဖွဲ့အစည်းဆိုတာရှိခဲ့တယ်။ ဒါပေမယ့် ဘယ်သူမှမမြင်ဖူးတော့ ပုံပြင်သာသာပဲဖြစ်နေပါတယ်။ ကြီးလာတော့ဒေမီယမ်ဝန်းဟာ ရော်ဘင်အဖြစ် ဘတ်မန်းဘေးကနေ အမှုတွေကိုကူလိုက်နေခဲ့ပါတယ်။ ဒါပေမယ့် ဒေမီယမ်ဟာအတော်လေးငယ်သေးတဲ့အတွက် ဒစ်ဂရေဆန်(Nightwing) လိုမျိုး မရင့်ကျက်သေးပါဘူး။ အားလုံးသိတဲ့အတိုင်း ဂေါ့သမ်မြို့ကြီး ကအရမ်းကိုအန္တရာယ်များလှပါတယ်။ မဖြစ်သင့်တာတွေမဖြစ်ရအောင် ကာကွယ်တဲ့အနေနဲ့ ဒေမီယမ်ကို အိမ်ထဲကနေအိမ်ပြင်မထွက်ခိုင်းခဲ့ပါဘူး။ ဒါပေမယ့်လည်းခိုးထွက်ခဲ့တာပါပဲ။ ထွက်ရင်းနဲ့မှ ဇီးကွက်အဖွဲ့အစည်းက တာလွန်တစ်ယောက်နဲ့သွားတွေ့ခဲ့ပါတယ်။ ငယ်သေးတဲ့ ရော်ဘင်လေးဟာအမှန်နဲ့အမှားကိုဆင်ခြင်နိုင်စွမ်းနည်းပါးပြီး ဘက်မှားခဲ့ပါတယ်။ ဘယ်လိုတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ဆက်ပြီးကြည့်လိုက်ကြပါ။ အချိန်ပေးကြည့်ရတာ တန်မယ့်ရုပ်ရှင်ကားကောင်းတစ်ခုဖြစ်ပါတယ်။ File size… 1 GB / 440 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 20m Genre ….. Animation/Action/Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Lucifer Maxmimoff

7.1 2015 80 mins
Batman vs. Robin
Day Dreaming
5.9

ဒီနေ့မှာတော့ CM ချစ်ပရိသတ်တို့ကို ကျူးထုံမူလတန်းကျောင်းသားလေးရဲ့ တစ်နေ့တာ စိတ်ကူးယဉ်အိပ်မက် ခရီးစဉ်ကို ရိုက်ကူးပြထားတဲ့ ဇာတ်ကားလေး ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဖေဖေမေမေတို့အတွက် ကလေးကို ကျောင်းပြောင်းပေးတာ လွယ်ကူပေမယ်… ကျောင်းသစ်တစ်ခုကို ရောက်သွားတဲ့ ကလေးတစ်ယောက် ဘယ်လို ဒုက္ခတွေရင်ဆိုင်ရတယ် ဆိုတာလေးကို ဟာသနှောပြီး ရိုက်ပြထားတဲ့ ဇာတ်ကားလေးပါ.. ကလေးတစ်ယောက်က ဘာမှနားမလည်သေးပေမယ့်လည်း သူနားလည်တဲ့ပုံစံနဲ့ အရာအားလုံးကို အသစ်အဆန်းတွေကို ပုံဖော်ပုံလေးတွေလည်း စိတ်ဝင်စားဖို့ကောင်းသလို.. ကျောင်းသားချင်း ဆက်ဆံရေး၊ ကျောင်းသား ဆရာ ဆက်ဆံရေး၊ ဆရာချင်း ဆက်ဆံရေး၊ မိဘဆရာ ဆက်ဆံရေး အားလုံးကို နည်းနည်းချင်းစီ ပုံဖော်ပြထားတာလေးလည်း စိတ်ဝင်စားဖို့ကောင်းနေပြန်ရော… Baby’s Day Out လိုမျိုးပဲ မူလတန်း တတိယနှစ်ကျောင်းသားလေးတစ်ယောက်ရဲ့ သူ့အမြင် သူ့အတွေး သူ့စိတ်ကူးကို ကလေးရှုထောင့်ကကြည့်ပြီး ရိုက်ကူးပြထားတာ အတော်လေး ပြောင်မြောက်တာမို့… ဖေဖေမေမေတို့ပဲဖြစ်ဖြစ် ဦးဦးဒေါ်ဒေါ်တို့ပဲဖြစ်ဖြစ် ဆရာဆရာမတို့ပဲဖြစ်ဖြစ် ကလေးတွေအကြောင်းနားလည်ချင်ရင် ကြည့်သင့်သလို… စိတ်ကူးစိတ်သန်း ကွန့်မြူးချင်ပါတယ်ဆိုရင်လည်း ဒီကားလေးကြည့်ပြီး သင်ယူနိုင်ပါလိမ့်မယ်… ဒီတစ်ကားလုံးရဲ့ အားနည်းချက်ကို ပြောရရင် ကြည့်လို့ မဝတာပဲ ဖြစ်လိမ့်မယ်… အတွဲ ၂ ဆက် ရှိမယ်ဆို ကြည့်ချင်ပါသေးတယ်လို့ ပြောရလောက်တဲ့ ဇာတ်ကားကောင်းလေးကို အားပေးကြပါဦးနော်…

5.9 2024
Day Dreaming
Mulan Legend
5.8

တရုတ်ရာဇဝင်တွေထဲက နာမည်ကြီးအမျိုးသမီးစစ်သူကြီးဟွားမုလန်ကို အားလုံးကြားဖူးကြမယ်လို့ထင်ပါတယ် ။ ဒီဇာတ်ကားလေးကတော့ စစ်သူကြီိးဟွားမုလန်ဘဝမှာကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေထဲကတစ်ခုကိုရိုက်ပြထားတာပဲဖြစ်ပါတယ် ။ ဇာတ်လမ်းအညွှန်းလေးအနေနဲ့ အေဒီ၄၃၀လောက်မှာ ရိုရန်မျိုးနွယ်တွေက စတင်တိုက်ခိုက်မှုတွေလုပ်လာပြီး မြောက်ပိုင်းဝေ့တိုင်းပြည့်ရဲ့ ယွင်ကျုံးမြို့ကိုသိမ်းပိုက်ခဲ့ပါတယ် ။ ဒီလိုအရိုင်းဆန်ပြီး ရင်ဆိုင်ရခက်တဲ့ ရိုရန်မျိုးနွယ်စုကိုနှိမ်နင်းဖို့အတွက် မြောက်ပိုင်းဝေ့ပြည်ဟာ မြောက်ပိုင်းလျန်နဲ့ ထိမ်းမြားပြီးမဟာမိတ်ယူဖို့ကြိုးစားပါတော့တယ် ။ ကံကြမ္မာက မျက်နှာသာမပေးရှာတော့ မြောက်ပိုင်းဝေ့ပြည်ရဲ့ မင်္ဂလာဆောင်ရမဲ့ မင်းသမီးကို လမ်းတစ်ဝက်တင် ရိုရန်လူမျိုးတွေက ဖမ်းသွားပါတော့တယ်။ ဒီလိုနဲ့မင်းသမီးကိုကာကွယ်ဖို့တာဝန်ရထားတဲ့ စစ်သူကြီးဟွားမုလန်ဟာ တာဝန်မကျေပွန်မှုနဲ့ သေမိန့်ချခံလိုက်ရပါတယ် ။ ဟွားမုလန်ကိုသေမိန့်မချခင် ရိုရန်လူမျိုးတွေက သူတို့ဆီစာပါးပြီး မြောက်ပိုင်းဝေ့ပြည်ရဲ့ မြို့၁၀မြို့ကို အပိုင်ပေးရင်ပေး မပေးရင်မင်းသမီးကိုသတ်မယ်ဆိုပြီး ချိန်းခြောက်လာချိန်မှာတော.. ဟွားမုလန်နဲ့သူ့စစ်သည်တွေရဲ့ မင်းသမီးကယ်ဆယ်ရေးခရီးစဉ်ကြီးစတင်ခဲ့ပါတော့တယ် ။

5.8 2020
Mulan Legend
Martínez
6.1

Martinez (2023) Genre – Drama, Comedy IMDb – 6.1/10 ——————————————— ချီလီလူမျိုး Marinezက အနှစ်၄၀လုံးကိုMexicoမှာပဲ နေထိုင်ခဲ့ပြီးသူ့ရဲ့ဘဝကိုအလုပ်အပေါ်မှာပဲမြှုပ်နှံထားခဲ့ပါတယ်။ ဒီလိုနဲ့အသက်၆၀ဖြစ်လာတဲ့အခါမှာတော့ အလုပ်ကနေအနားယူဖို့အတွက် တွန်းအားပေးခံလာရပါတယ်။ တနေ့မှာတော့ သူ့ရဲ့အိမ်နီးချင်းကရုတ်တရပ်သေဆုံးသွားခဲ့ပါတယ်။ သူအလုပ်လုပ်တဲ့ရုံးမှာလည်း သူ့နေရာမှာအစားထိုးလုပ်မယ့် ဝန်ထမ်းတယောက်ရောက်လာပါတော့တယ်။ ဒီဖြစ်ရပ်၂ခုကနေ သူ့ဘဝဘယ်လိုစတင်ပြောင်းလဲလာမှာလဲဆိုတာကိုကြည့်ရှုရမှာပဲဖြစ်ပါတယ်။ အသက်(၆၀)အရွယ်တယောက်ထဲနေတဲ့ဂွကျကျလူတယောက်ရဲ့ဘဝကို ပီပြင်စွာသရုပ်ဆောင်ထားတဲ့အတွက် Dramaအမျိုးအစားဆိုတဲ့အတိုင်း ကြည့်ရှုသူကစိတ်ခံစားချက်တမျိုးတဖုံခံစားရစေနိုင်တဲ့ဇာတ်လမ်းမျိုးဖြစ်ပါတယ်

Science Fiction • Horror • Thriller
6.1 2023 83 mins
Martínez
[18+] Kabitan
7.7

Kabitan (2024) IMDb Rating (7.7) Vivamax နယ်ပယ်ချဲ့လိုက်တဲ့ BL,GL ဇာတ်လမ်းတွေထဲက အသစ်ထွက် GL ဇာတ်လမ်းလေးဖြစ်ပါတယ်။ Vivamax ထွက်ဇာတ်လမ်းတွေဖြစ်တဲ့အတွက် မြင်နေကျ နုနုရွရွ လှလှပပလေးတွေမဟုတ်ပဲ အမှောင်ဇာတ်ကြမ်းတွေဖြစ်ကြောင်းသိကြမှာပါ။ ဒီဇာတ်ကားမှာတော့ Athena Red နဲ့ Alessandra Cruz တို့ကိုကွန်ဒိုမျက်နှာချင်းဆိုင်အိမ်နီးချင်းတွေဖြစ်တဲ့ အဲလစ်စ်နဲ့မီကာအဖြစ်တွေ့မြင်ရပါလိမ့်မယ်။ အဲ့ဒီထက်ပိုတိုက်ဆိုင်တာကတော့ နှစ်ဦးလုံးဟာ အိမ်ထောင်သည်တွေရဲ့အငယ်အနှောင်းဘ၀ကိုမရောက်ချင်ပဲရောက်နေကြတာပါပဲ။ အမြဲတမ်း ကြေကွဲဝမ်းနည်းရိပ်စွန်းနေတဲ့ မီကာကို အဲလစ်စ်က စိတ်ဝင်တစားစပ်စုရင်း အကြောင်းရင်းကိုသိရတဲ့အချိန်မှာတော့ သူတတ်ထားတဲ့ပညာတွေကို အိတ်သွန်ဖာမှောက်သင်ပေးဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ ပညာတွေသင်ရင်းနဲ့ သူတို့နှစ်ယောက်အချင်းချင်းစိတ်ပါလက်ပါ နယ်ကျွံသွားမိချိန်မှာ ဇာတ်လမ်းကိုဘယ်လိုရှေ့ဆက်မလဲဆိုတာ အကြမ်းအရမ်းအကွက်ဆန်းတွေနဲ့ရှုစားရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(760 MB) / (350 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:03:48 Subtitle….Myanmar Subtitle (Hardsub) Encoder….Alvar Translated by Alias

7.7 2024
[18+] Kabitan
They Wait
5.4

They Wait (2007) IMDb Rating (5.4) / Rotten Tomatoes (40%) တစ္ဆေများလဆိုရင် အာရှသားတွေတင်သာမက အနောက်တိုင်းသားတွေပါ ရင်းနှီးကြတဲ့ ရိုးရာပွဲတော်တစ်ခုပါ။ သူနဲ့ပတ်သက်တဲ့ ရာဇဝင်တွေ၊ ပါးစပ်ပြောဇာတ်လမ်းတွေ ကိုယ်တွေ့ခြောက်ခြားစရာအဖြစ်အပျက်တွေလည်းအများကြီးရှိနေခဲ့ပြီး ကိုယ်တိုင်ကြုံဖူးတဲ့သူတွေလည်းရှိကြပါလိမ့်မယ်။ဒီဇာတ်ကားကတော့ အဲ့ဒီနာမည်ကျော်တစ္ဆေများလကိုပဲ အခြေခံထားတာပါ။ ဆာရာနဲ့ဂျေဆင်တို့ဟာ ရှန်ဟိုင်းမှာနေထိုင်ကြတဲ့ ဇနီးမောင်နှံနှစ်ဦးဖြစ်ပြီး ဂျေဆင် ဦးလေးဖြစ်သူရဲ့ဈာပနအတွက်ဗန်ကူးဗားကို ခဏပြန်လာကြပါတယ်။ သူတို့ဦးလေးရဲ့ နေအိမ်ဟာ တစ်ချိန်က အလုပ်ရုံဟောင်းကြီးတစ်ခုဖြစ်ခဲ့ပေမယ့် အခုချိန်မှာတော့ ပိတ်သိမ်းထားခဲ့တာကြာပါပြီ။ သူတို့ရောက်ရှိချိန်ဟာ တစ္ဆေများလနဲ့တိုက်ဆိုင်နေပြီး သူတို့ရဲ့သားဖြစ်သူ ဆမ်မီကလည်း ဗန်ကူးဗားကိုစရောက်ကတည်းက တစ္ဆေတွေကိုဟိုတစ်စဒီတစ်စမြင်နေခဲ့ရပါတယ်။ အဲ့ဒီအိမ်ကိုကြီးကိုစရောက်ကတည်းက စိတ်မလုံခြုံသလို ကျောချမ်းသလိုခံစား ချက်တွေအပြင် သွေးပျက်ချောက်ချားစရာအာရုံတွေကိုပါ ခံစားလာမိတဲ့ ဆာရာဟာ သူတို့သားဖြစ်သူ ဆမ်မီလေး ဘာအကြောင်းမှမရှိပဲ သတိလစ်မေ့မျောပြီးဆေးရုံ တင်လိုက်ရချိန်မှာတော့ အဲ့ဒီဖြစ်ရပ်တွေရဲ့အဖြေကိုမဖြစ်မနေရှာဖွေရပါတော့တယ်။ သူတို့ကိုအခြေအနေကို အနီးကပ်စောင့်ကြည့်နေခဲ့တဲ့ တရုတ်လူမျိုးအဘိုးကြီးရဲ့ အဆိုအရတော့ ဆမ်မီလေးကို အဲ့ဒီအိမ်ကြီးထဲမှာရှိတဲ့ အငြိုးအတေးတွေနဲ့ ဝိဉာဉ်တစ်ခုက ဖမ်းစားထားတာဖြစ်ပြီး ကလေးကိုကယ်တင်ဖို့ တစ္ဆေပွဲတော်မပြီးခင် အာရုံတက်အထိပဲ အချိန်ရတော့တယ်ဆိုတာပါပဲ။ အာရှသားတွေရဲ့အယူအဆအပေါ်မှာ အခြေတည်ထားရုံတင်မက အာရှဟော်ရာကားအတော်များများရဲ့ချဉ်းကပ်ပုံနဲ့ပဲသွားထားတဲ့ အနောက်တိုင်းဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းဇာတ်ကွက်နဲ့တင်ဆက်ပုံစိတ်ဝင်စားစရာကောင်းသလိုမြုပ်ကွက်တွေ Jumpscare တွေကိုအံဝင်ခွင်ကျသုံးထားတာတွေလည်းမိုက်ပါတယ်။ Horror ပရိသတ်တွေအတွက် Old but gold တစ်ကားဖြစ်မှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.8 GB) / (730 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Horror,Mystery,Thriller Duration….01:26:54 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Alias

5.4 2007 89 mins
They Wait