YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Pilot (2024) WEB-DL 720P (CM).mp4

718.19 MB N/A video/mp4 2831 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Ghostbusters: Afterlife
7.5

Ghostbusters 2021 ရုပ်ရှင်အသစ် ထွက်လာပါပြီ။ Remake မဟုတ်ပါဘူး။ နောက်ဆက်တွဲ အနေနဲ့ ထွက်တာပါ။ သရဲဖမ်းသမားတွေရဲ့ မြေးတွေ မျိုးဆက်သစ်တွေကို တွေ့ရမှာဖြစ်သလို သရဲဖမ်းသမားဟောင်းကြီးတွေကိုလည်း ဧည့်သည်အဖြစ် တွေ့ရဦးမှာပါ။ သရဲဖမ်းသမားတွေကို လူတိုင်းရင်းနှီးကြမှာပါ။ သိပ္ပံနည်းလမ်းတွေနဲ့ ပရိုတွန် သေနတ်တွေ ထောင်ချောက်တွေနဲ့ သရဲတွေကို နှိမ်နင်းကြတဲ့သူတွေပေါ့။ ဒီဇာတ်လမ်းမှတော့ မူရင်း သရဲဖမ်းသမားတွေလည်း အငြိမ်းစားယူ၊ သရဲတွေလည်း ပေါ်မလာတော့တာ နှစ် ၃၀ လောက်ရှိပါပြီ။ သူတို့မြေးတွေ လက်ထက်ကျမှ သရဲအကြမ်းကြီးတွေ ပေါ်လာလို့ သူတို့အဘိုးတွေရဲ့ လက်နက်တွေနဲ့ ပြန်တိုက်ခိုက်ရတဲ့ ဇာတ်လမ်းပါ။ ဂန္ဓဝင်ကားတွေကို ဆက်ရိုက်ရင် fail တာများနေတဲ့ ခေတ်ထဲမှာ Rating 7.6 အထိရောက်လာတဲ့ ကျေနပ်လောက်စရာ နောက်ဆက်တွဲရုပ်ရှင်လေးပါပဲ။ ခံစားကြည့်လိုက်ပါဦး။ File size…(2.7 GB)/(900 Mb )/(450Mb) Quality….Webrip 1080p 5.1 CH / 720p / 480p Format…mp4 Duration….02:04:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Yoon Sandi Aung and Thiha Yan Naing

Drama
7.5 2021 124 mins
Ghostbusters: Afterlife
Summer of 84
6.9

ပေ့ါပေါ့ပါးပါး နဲ့ ကြောက်စရာကောင်းတဲ့ Summer of 84 ပါ။ Horror ကားဆိုပေမယ့် ကျွန်တော်တို့ရဲ့ ဆယ်ကျော်သက်ဘဝတွေကို ခပ်ပါးပါးလေး လွမ်းမိသွားအောင် ပြထားနိုင်ပါတယ်။ သတ်နေဖြတ်နေတဲ့ဇာတ်ကားမျိုးမဟုတ်ပဲ သာမန် ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ရဲ့ ဘဝမှာ မမျှော်လင့်တဲ့ဖြစ်ရပ်တစ်ခုဖြစ်သွားတာမျိုးကို ရိုးရိုးလေးပဲချပြထားတာပါ။ ဇာတ်လမ်းက စုံထောက်ဇာတ်လမ်းလို စိတ်ဝင်စားစရာတွေကိုမျက်မှောင်ကြီးကြုံ့ပြီး ကြည့်မနေရပဲနဲ့ စိတ်ဝင်စားစရာအချက်တွေကို ပေါ့ပေါ့ပါးပါးလေးပဲပြပေးထားပါတယ်။ ၁၉၈၀ ကနွေရာသီတစ်ခုမှာ ဒီအတိုင်းနွေရာသီကျောင်းပိတ်ရက်ကိုပျော်ပျော်ပါးပါး ဖြတ်သန်းရင်း Davies တစ်ယောက် အိမ်နီးချင်းတစ်ယောက်ကို Cape May Slayer လို့ခေါ်တဲ့ ပျောက်နေတဲ့လူသတ်သမားလို့ သံသယဝင်မိတာကစပြီးတော့ သူ့ရဲ့ လူသတ်သမားရှာပုံတော်ကြီးကို စဖွင့်ပါတော့တယ်။ အဲဒီအိမ်နီးချင်းက သူထင်သလိုပဲ လူသတ်သမားဖြစ်နေမလား။ ဒီအတိုင်း ကလေးချစ်တတ်တဲ့ ရဲသားကြီးတစ်ယောက်ပဲလားဆိုတာ ကြည့်ကြည့်လိုက်ပါတော့။ အဲဒါနဲ့ ဒီဇာတ်ကားလေးရဲ့ IMDB Rating ကတော့ 6.7 ဖြစ်ပြီးတော့ လူတိုင်းဟာ အတွဲလိုက်လူသတ်သမားတစ်ယောက်နဲ့ အိမ်နီးချင်းဖြစ်နေနိုင်ပါတယ်ဆိုတဲ့ စကားလေးနဲ့ စထားပြီးတော့ အဲဒါလေးနဲ့အဆုံးသတ်ထားပါတယ်။ နည်းနည်း Spoil မယ်နော် လူသတ်သမားရဲ့ နောက်ဆုံးလုပ်သွားတဲ့အကွက်လေးလှတယ်ဗျာ xD (d3mon ဘာသာပြန်တင်ဆက်ပေးထားပါတယ်) File Size : (865 MB) and (377 MB) Quality : AMZN WEB-DL 720p Running Time : 1hr 45min Format : Mp4 Genre : Drama, Horror, Mystery Subtitle : Myanmar Subtitle (Hard Sub) Source : 720p.AMZN.WEBRip.DDP5.1.x264-NTG Translated by d3mon Encoded by Thanhtike Zaw

Drama • Sci-Fi & Fantasy
6.9 2018 105 mins
Summer of 84
Wolf Creek
6.5

Wolf Creek ========== ဒီဇာတ်ကားဟာ ၁၉၉၉ ခုနှစ် ဩစတြေးလျနိုင်ငံမှာဖြစ်ခဲ့တဲ့ တကယ့်အဖြစ်အပျက်ကို ရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ဩစတြေးလျနိုင်ငံမှာဆိုရင် နှစ်စဉ်လူပျောက်တိုင်ကြားမှု ၃သောင်းလောက်ရှိတတ်ပါတယ်။ ကိုးဆယ်ရာခိုင်နှုန်းသော လူတွေကိုတော့ ပြန်တွေ့ပေမယ့် တချို့တွေကိုတော့ သတင်းအစအနတောင် ပြန်မရခဲ့ကြဘဲ ပျောက်ဆုံးသွားခဲ့ပါတယ်။ ဒါကို အခြေတည်ပြီးတော့ ပျောက်ဆုံးသွားတဲ့သူတွေက ဘယ်လိုတွေပျောက်ဆုံးခဲ့လဲဆိုတာကို ပြန်လည်ပုံဖော်ရိုက်ကူးထားတာကြောင့် horror/thriller ကြိုက်သူတွေ အနေနဲ့ ကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ဘန်၊ ခရစ်စတီ နဲ့ လစ်ဇီ ဆိုတဲ့ သူငယ်ချင်းသုံးယောက်ဟာ လူသူအရောက်အပေါက်နည်းတဲ့ ဥက္ခာခဲကျရောက်ခဲ့တဲ့နေရာကို အပျော်ခရီးအနေနဲ့ လာခဲ့ကြပါတယ်။ အလာမှာ ချောချောချူချူ ရောက်ခဲ့ကြပေမယ့် ပြန်ဖို့ပြင်တဲ့အချိန်မှာ ကားစက်နှိုးလို့မရဖြစ်နေခဲ့ပါတယ်။ သူတို့တွေလည်း အဲဒီညကို ကားပေါ်တင်အိပ်ပြီး ဖြတ်သန်းဖို့ ဆုံးဖြတ်ခဲ့ကြပေမယ့် ကံကောင်းထောက်မစွာနဲ့ ကုန်တင်ကားတစ်စီးက သူတို့နားကို ကူညီဖို့ ရောက်လာခဲ့ပါတယ်။ သူတို့ ဘေးကင်းပြီလို့ ထင်ခဲ့ကြပေမယ့် သူတို့ဆီကို မထင်မှတ်ထားတဲ့ ဘေးအန္တရာယ်တစ်ခု ရောက်လာခဲ့တဲ့အခါ ဘယ်သူတွေကလွတ်မြောက်သွားကြမလဲ အကုန်လုံးကရော လွတ်မြောက်နိုင်ပါ့မလား ဆိုတာကို ရင်တမမနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ File Size : ( 3.76 GB ) and ( 1.26 GB) Quality : BluRay 1080p , 720p Running Time : 1hr 39min Format : Mp4 Genre : Horror , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Jaka Encoded by Min Wai

Action • Adventure • Science Fiction
6.5 2005 104 mins
Wolf Creek
Everything I Am
6.8

Everything I Am (2022) ~ IMDb rating – 6.8/10 ~ ကမ္ဘာကို ဝေ့ဝဲကြည့်လိုက်ရင် ကိုယ့်ကိုယ်ကိုယ်ပြန်ကြည့်လိုက်ရင် အားလုံးက အတ္တဟိတနဲ့ပဲ အလုပ်များနေတာကိုတွေ့ရမှာပဲ။ ပရဟိတကို လုပ်ကြတဲ့လူတွေ ရှိတော့ရှိမယ်။ လုံးဝ ကိုယ်ကျိုးမကြည့်တဲ့ ပရဟိတသမားစစ်စစ်ကိုတော့ တော်တော်ရှာယူရလိမ့်မယ်။ ကမ္ဘာကိုက ဒီလိုကမ္ဘာဖြစ်နေတော့ ကမ္ဘာကို အသက်သွင်းထားတဲ့ ရုပ်ရှင်တွေကို အသက်သွင်းတဲ့အခါမှာလည်း ရက်စက်တဲ့ကမ္ဘာရဲ့ ပုံရိပ်တွေသာ ထင်နေတာကို တွေ့ကြရမှာပဲ။ ဝေဒနာက ကြီးလွန်းတော့ ဘယ်လောက်ပီပြင်လိုက်သလဲဆို အကောင်းဆုံးဆိုတဲ့ရုပ်ရှင်တွေဟာ ဝေဒနာတွေဖြစ်နေတာကို တွေ့ကြရမှာပဲ။ ဒီရုပ်ရှင်က အကောင်းဆုံးဆိုတဲ့ ရုပ်ရှင်တွေထဲတော့ မပါဘူး။ ဒါပေမဲ့ ဒီရုပ်ရှင်က ကမ္ဘာကြီးရဲ့ သိပ်နည်းပါးတဲ့ တစ်ထောင့်လေးကို ရိုက်ပြထားတယ်။ ချစ်ခြင်းတွေ ပရဟိတအစစ်တွေအကြောင်းပေါ့။ နောက် ကိုယ့်ထက်ကိုယ် အားလုံးကို ချစ်ကြတဲ့လူတွေအကြောင်းပေါ့။ အားလုံးကို ဘုံဆန်ဆန်ချစ်ဖို့ ဆိုတဲ့ ခက်ခဲတဲ့အရာတစ်ခုရဲ့အကြောင်းပေါ့။ သံသရာရုပ်ရှင်ရဲ့ နောက်ဆုံးက စာသားလိုပဲ။ ရေတစ်ပေါက်ကို ဘယ်တော့မှ မခန်းခြောက်အောင် အဲဒီရေပေါက်ကို ပင်လယ်ထဲ ပစ်ချလိုက်ရသတဲ့။ အားလုံးကို ထပ်တူညီချစ်ခြင်းဟာ ချစ်ခြင်းမေတ္တာကို မကုန်ခန်းစေတဲ့ နည်းတစ်နည်းပေါ့။ ကျင့်နိုင်ခဲလိမ့်မယ်။ ဒီရုပ်ရှင်ဟာ သူ့ခရစ်ယာန်ဘာသာကို ယုံကြည်တဲ့အတိုင်း အားလုံးကို ချစ်ဖို့ကြိုးစားခဲ့ ချစ်ခဲ့တဲ့ မိန်းကလေးတစ်ယောက်အကြောင်းပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို B မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 750MB Quality – 1080p, 720p Format – mp4 Duration – 1H 28Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by B Encoded by Y

Horror
6.8 2022
Everything I Am
[18+] Call Me Alma

Call Me Alma (2023) လူအမျိုးမျိုး စိတ်အထွေထွေရှိကြသလို ပြည့်တန်ဆာတွေမှာလည်း အမျိုးမျိုးစရိုက်အဖုံဖုံရှိကြတယ်။ ဒူးထောက်ရတာ သဘောကျတဲ့ ဘာသာရေးကိုင်းရှိုင်းသူတွေ၊ အချင်းချင်းဖြတ်ခုတ်တဲ့ လောဘသားတွေ၊ ဝါသနာပါလို့ ဒီအလုပ်လုပ်ကြတဲ့သူတွေ၊ တကယ့်ပရော်ဖက်ရှင်နယ်ဆန်ဆန် အလုပ်တစ်ခုလိုသာ သဘောထားသူတွေ စသဖြင့် အမျိုးမျိုးပေါ့လေ။ သူတို့အများစုရဲ့ ရည်မှန်းချက်ပန်းတိုင်ကတော့ ဒီဘဝကကယ်တင်ပေးမယ့်၊ သူတို့ကိုမြတ်မြတ်နိုးနိုးလက်ထပ်ယူမယ့် ကယ်တင်ရှင်တစ်ယောက်ယောက်ကိုပါပဲ။ ကျွန်မမှာတော့ အဲဒီလို အတွေးအယူမှား မျှော်လင့်ချက်အမှားတွေမရှိဘူး။ သူတို့အားလုံးနီးပါး နာမည်အတုတွေသုံးလေ့ရှိကြပေမဲ့ ကျွန်မကတော့ မသုံးဘူး။ ကျွန်မနာမည် “အယ်လ်မာ” ပါ။ အယ်လ်မာက ဒီဘဝမှာပျော်ပျော်နေသလို မနက်ဖြန်ကိုလည်း သိပ်မစဉ်းစားပါဘူး။ သူ့ဘဝရဲ့အတိတ်ဆိုးတွေကို ပြောပြလေ့မရှိသလို ပြန်တွေးနေတာမျိုးလည်းမရှိပါဘူး။ သူဟာ ပစ္စုပ္ပုန်ကိုပဲ တည့်တည့်ရှုမြင်လေ့ရှိသူပါ။ ဒါပေမဲ့ သူ့ဘဝထဲကို အတိတ်ကသူ့မိခင်ဆိုသူ ရှီလာဆိုတဲ့ အမျိုးသမီးကြီးတစ်ယောက် ချဥ်းနင်းဝင်ရောက်စပြုလာချိန်မှာ အယ်လ်မာဘယ်တုန်းကမှခေါင်းထဲမရှိခဲ့တဲ့ ချစ်ခြင်းမေတ္တာဆိုတဲ့အရာကို ခံစားမိစပြုလာပါတယ်။ အားလုံးရဲ့ အချစ်တော်လေး Azi Acosta ရဲ့ဇာတ်ကားသစ်ဖြစ်ပါတယ်။ တော်တော်မိုက်ပါတယ်။ ရှုစားလိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 755MB Quality – 1080p, 720p Format – mp4 Duration – 1H 30Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

0 2023
[18+] Call Me Alma
The Haunting at Saint Joseph’s
5.5

လီလီခေါ် လီလယ်နာဟာ အများကချစ်ခင်ကြတဲ့ ဆရာဝန်မလေးတစ်ယောက်ပါ။ သူ့ရဲ့ချစ်သူ ကစ်တ်ဟာလည်း ဆရာဝန်တစ်ယောက်ဖြစ်ပြီး သူတို့နှစ်ဦးဟာ အရမ်းချစ်ကြတဲ့စုံတွဲဖြစ်ပါတယ်။ ကစ်တ်မှာတော့ ညီမတစ်ဦး ရှိပြီး ကစ်တ်ရဲ့ညီမဟာ သူ့အစ်ကိုရဲ့ရည်းစားတိုင်းနဲ့ သူ့အစ်ကိုပြတ်အောင် လုပ်တတ်လို့ အခုလို လက်ထပ်ခါနီး ကျမှ လက်ထပ်တော့မယ့်အကြောင်းကိုသိရသူပါ။ ဂျက်စ်ကတော့ လီလီရဲ့ အခင်ဆုံးကောင်းတူဆိုးဖက် သူငယ်ချင်း ဖြစ်ပါတယ်။ ဒီလိုနဲ့ သူတို့ ၄ယောက်နဲ့အတူ တခြားသူငယ်ချင်း ၂ဦးကိုပါ ခေါ်လာပြီး ရှေးခေတ်က စိန့်ဂျိုးဆက်ပ် ဘုရားကျောင်းနားမှာရှိတဲ့ စိန့်ဂျိုးဆက်ပ်တည်းခိုရိပ်သာကို အပျော် ခရီးထွက်လာကြပါတယ်။စိန့်ဂျိုးဆက်ပ်တည်းခိုရိပ်သာပတ်ဝန်းကျင်မှာ ကြောက်စရာကောင်းတဲ့ဇာတ်လမ်းတွေ ပုံပြင်တွေ မနည်း မနောရှိပေမယ့် သူတို့ကတော့ ဒါတွေကို သိပ်အယုံအကြည်မရှိပါဘူး။ ဒါပေမယ့် စိန့်ဂျိုးဆက်ပ်ကိုရောက်ပြီး သိပ် မကြာခင်မှာပဲ ထူးဆန်းတာတွေဖြစ်လာပါတော့တယ်။ ဝုန်းခနဲ ဒိုင်းခနဲ ခြောက်ခြားစရာတွေမဟုတ်ဘဲ တစိမ့်စိမ့်နဲ့ ကျောချမ်းစရာဖြစ်တဲ့ ဇာတ်လမ်းမျိုးကို ကြိုက် နှစ်သက်တွေ သဘောကျမယ့်ဇာတ်ကားလေးဖြစ်ပါတယ်။ File size…1.63GB / 813MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 38m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ko Myo

5.5 2023
The Haunting at Saint Joseph’s
Armored

ကျည်ကာ ကုန်ကားကုမ္ပဏီကို အလုပ်ဝင်ခါစ စစ်သားဟောင်း တိုင် ဟာ မိဘနှစ်ပါးဆုံးပါးသွားပြီးနောက် တိုင်နဲ့ ညီဖြစ်သူ ဂျင်မီတို့ဟာအကြွေးတွေနဲ့ကျန်ခဲ့ပါတော့တယ်။ မိဘများမှ ဘဏ်တွင်အိမ်ကို အပေါင်ထားထားခဲ့ရာ ဘဏ်မှလည်း အိမ်ကိုသိမ်းမည့်အကြောင်း အကြောင်းကြားစာတွေလည်း အပို့ခံနေရပါတယ်။ ငွေကြေးအကျပ်အတည်း ရင်ဆိုင်နေရတုန်းမှာပဲ ရင်းနှီးတဲ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်မှ သယ်ယူပို့ဆောင်ပေးရမယ့် ငွေ ၄၂မီလီယံကို ခိုးယူကြဖို့ အကြံပြုလာပါတော့တယ်။ တိုင်တစ်ယောက် ဒုစရိုက်မှုနဲ့ အသိဉာဏ်ကြားလွန်ဆွဲရင်း ဘယ်လိုဆုံးဖြတ်ချက်ချမလဲ။ ဒေါ်လာ ၄၂ မီလီယံခိုးယူမယ့် အစီအစဉ်ရော အောင်မြင်မှာလား။ လောဘဖုံးလွှမ်းသွားရင် လူတွေက ဆင်ခြင်တုံတရားနည်းသွားပုံတို့ကို သည်းထိပ်ရင်ဖိုရိုက်ကူးပြထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ File size…(1.4 GB)/(711 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre…Action, Crime, Drma, Thriller, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Eunice

0 2009
Armored
Sumpahan Syaitan / Satan’s Curses

Sumpahan Syaitan / Satan’s Curse (2023) “စေတန်ရဲ့ကျိန်စာ” Netflixကနေ ထုတ်လွှင့်ခဲ့တဲ့ မလေးရှားသရဲဟာသရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ မစ္စတာဆမ်ဆိုသူက ဇနီးချောလေးနဲ့ ချစ်စရာသမီးကလေးကို ပိုင်ဆိုင်ထားသူတစ်ယောက်။ သန်းကြွယ်သူဌေးဖြစ်ချင်တဲ့ အိပ်မက်နဲ့ ဂိုဏ်းစတားကြီး ဘရန်ကိုဆီက ငွေတိုးချေးပြီး စီးပွားရေးလုပ်ရာမှာ အလိမ်ခံလိုက်ရပါတော့တယ်။ဘရန်ကိုဆိုတာ သူ့ဆီက ပိုက်ဆံချေးသွားပြီးလို့ အချိန်မှီပြန်မဆပ်ရင် တစ်မိသားစုလုံးကိုသတ်ပစ်တဲ့လူ။ ဒီမှာပဲ သူငယ်ချင်းဖြစ်သူက ဂိုဏ်းစတားကြီးဘရန်ကို လာသတ်တဲ့ရန်ကလည်းလွတ်အောင် သူ ဝယ်ဖို့စီစဉ်ထားတဲ့ ဟိုတယ်မှာ စီမံခန့်ခွဲရင်း သွားနေဖို့အကြံပေးပါတယ်။ အဲဒီဟိုတယ်ကို ပြန်ရောင်းဖို့စီစဉ်ထားပြီး ရောင်းလို့ရတဲ့ပိုက်ဆံက အကျိုးအမြတ်ကိုလည်း ဘရန်ကိုကို ပြန်ဆပ်ဖို့ ဆမ့်ကိုပေးမယ်လို့ပြောတဲ့အတွက် ဆမ်တို့မိသားစု သူငယ်ချင်းဖြစ်သူဝယ်မဲ့ ဟိုတယ်ကြီးဆီကိုရောက်လာကြပါတော့တယ်။ ဒီမှာပဲ ဟိုတယ်ကြီးက မမြင်အပ်မြင်အပ်တဲ့ သတ္တဝါတွေ တစ်ညပြီးတစ်ညသောင်းကျန်းလာတဲ့အခါမှာတော့…။ Comedyအမျိုးအစားဖြစ်တာမို့ ပရိသတ်တို့ အပျင်းတော်ပြေစေဖို့ ခံစားကြည့်ရှုကြပါဦးခင်ဗျ။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ aungmo3han ပဲ ဖြစ်ပါတယ်) Genre….. Comedy, Horror Quality…. 1080p | 720p File size… 1.5GB | 792MB Format… mp4 Duration…. 2h Subtitle…. Myanmar Subtitle (Hardsub) Translator ….. aungmo3han Encoder ….. Aaron

0 2023
Sumpahan Syaitan / Satan’s Curses
Rise of the Legend
6.5

Rise Of The Legend (2014) IMDb – 6.4/10 Rotten Tomotoes – 63% ဒီတစ် ခေါက် မိတ်ဆက် ပေးမယ့်ကား လေးက တော့ Rise Of The Legend ဆိုတဲ့ တရုတ် သိုင်းကားအက်ရှင်ကား လေးပဲဖြစ်ပါတယ် 2014 မှာထွက်ရှိထားပြီီး Sammo Kam-Bo Hung, Eddie Peng တိုနာမည်ကြီးသရုပ် ဆောင် တွေပါဝင်အားဖြည့်ထားတဲ့ကားဖြစ်ပြီး ဆု တွေလည်းအများကြီးလည်းရထားပါတယ် ဇာတ်လမ်းအညွှန်း ကျင်မင်းဆက် နှောင်းပိုင်းအချိန်အခါ ၁၈၆၈ ခုနှစ်အ တောအတွင်း ဂွမ်ဂျုံးပြည်နယ် ကုန်သွယ် ရေးဂိတ်ကိုကျားမဲဂိုဏ်းနဲ့ မြောက်ပင်လယ်ဂိုဏ်းတို စိုးမိုးထားစဥ် အချိန်အခါကို ကျောရိုးထားပြီးရိုက်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ် ဖိန်းဆိုတဲ့ သိုင်းသမားလူငယ်တစ် ယောက် ဂိတ်ကိုစိုးမိုး နေတဲ့ လူဆိုးဂိုဏ်း တွေကို ရှင်းလင်းဖို သူငယ်ချင်း ဝူနဲ့ ချန်းတိုနဲ့ အတူ နှစ်ရှည်အစီအစဥ်ဆွဲ အ ကောင်အထည် ဖော်ဖိုကြိုးစားရင်း ဖိန်းတစ် ယောက် ရန်သူကိုအတွင်းက နေတိုက်ဖို ကျားမဲဂိုဏ်းထဲကိုဝင်သွားခဲ့ပါတယ် အဲ့ဒီအချိန်ကာလက ဂိတ်ကို ကြီးစိုးထားတဲ့ ကျားမဲဂိုဏ်းနဲ့ မြောက်ပင်လယ်ဂိုဏ်းတို အာဏာအတွက် အပြိုင်အဆိုင်လုနေတဲ့အချိန်ပဲဖြစ်ပါတယ် ဖိန်းတစ် ယောက်ဂိုဏ်းထဲဝင်ပြီး ဂိုဏ်း ခေါင်း ဆောင်ရဲ့ ယုံကြည်မှုကို ရယူဖို ဘယ်လို တွေကြိုးစားခဲ့ရလဲ ရန်သူ့အတွင်းထဲက နေ ဘယ်လို တွေ ကြံရွယ်ထားတဲ့အစီအစဥ် တွေကို ဖော် ဆောင်လဲ ဆိုတာ တွေကိုကြည့်ရှူရမယ့်ကား လေးပဲဖြစ်ပါတယ် ဒါ့အပြင် အိမ်မက်တစ်ခုကို ဖော် ဆောင်ရင်ဖြစ် နေကျအတိုင်း ကိုယ့်ဘက်က စွန့်လွှတ်လိုက်ရတာ တွေလည်းရှိပါတယ် ထိုစွန့်လွှတ်မှု တွေကို ဖိန်းတစ် ယောက်ဘယ်လို တွေ ခက်ခက်ခဲခဲ ဖြတ် ကျော်ခဲ့ရလဲ ဘယ်လိုအ တွေးအ ခေါ် တွေနဲ့ အောင်မြင်မှုကိုရယူခဲ့လဲဆိုတာ တွေကိုလည်း တွေ့မြင်ရမယ့်တရုတ်သိုင်းကား ကောင်း လေးပဲဖြစ်ပါတယ် ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူက‌တော့ DB ပါ ) P.S- အသတ်အဖြတ်တွေက ကြမ်းတမ်းတဲ့အတွက် အတိုက်အခိုက်ကြိုက်တဲ့ ပရိတ်သတ်ကြီးကိုတော့အကြိုက်တွေ့စေမှာပါ။ ဒီဇာတ်ကားထဲက Orchid ဆိုတဲ့ ပြည့်တန်ဆာမလေးကတော့ကျွန်တော့ ခရှ်ခ် လေး AngelaBaby ပါ မာစတာလူကတော့ ဟုန်ကျင်းပေါင် လို့လူသိများခဲ့တဲ့မင်းသားကြီး Sammo Kam-Bo Hung ပါ အသက်ကြီးပြီး ဝပေမယ့် ပေါ့ပေါ့ပါးပါးဘဲ တိုက်ခိုက်ခန်းတွေကို သရုပ်ဆောင်ထားတာတွေ့ရပါတယ် File size_(2.8GB)/(1.5GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_02:11:00 Genre_Action, Biography, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by DB

Horror • Science Fiction • Thriller
6.5 2014
Rise of the Legend
Late Night with the Devil

ဒီသရဲကားက သာမန် ကားတွေနဲ့ လုံးဝမတူဘူးဗျ.. Horror ကားစစ်စစ်အရသာကို Rating 7.2 နဲ့ အတော်လေးကောင်းတဲ့ ကားလို့ပြောလို့ရတယ် Horror အရသာကို အမှန်ကန်ခံစားစေရမှာဖြစ်ပြီး…Jumpscare တွေနဲ့ ဖြဲချောက်တာမဟုတ်ဘဲ ကြည့်ရင်း ကျောချမ်းစေလာမယ့်..ရုပ်ရှင်ဖြစ်ပြီး…တင်ဆက်ပုံကလည်း ထူးခြားပါတယ် ဇာတ်လမ်းကိုပြောရရင်….. အမေရိကရဲ့ Late Night Talk Show အစီအစဉ်တွေကြည့်ဖူးကြမယ်ထင်တယ်.. Celebrity တွေကိုဖိတ်ခေါ်ပြီးစကားတွေအပြန်အလှန်ပြော အင်တာဗျူးကြတဲ့အစီအစဉ်ပေါ့ ဒီ Late Night Show ကတော့.. ပရလောကသားတွေ သဘာဝလွန်ဖြစ်ရပ်ကြုံတွေ့ရသူတွေကို ဖိတ်ခေါ်ပြီး တိုက်ရိုက်တင်ဆက်တဲ့ talk show ပါပဲ… ၁၉၇၇ က talk show ပုံစံတွေအတိုင်း ဇာတ်တိုက်ထားခြင်းမရှိဘဲ non-stop တင်ဆက်တာပါ…ဒီအစီစဉ်ဟာ ဟော်လိုးဝင်းအထူးအစီအစဉ်ဖြစ်တာကြောင့် Late night with Devil စေတန်နှင့်ညနေခင်း ဆိုပြီး နာမည်ပေးလိုက်ပါတယ်… ဝိဉာဉ်လောကနဲ့ချိတ်ဆက်ပြီး စေတန်ကိုးကွယ်သူတွေကို ဖိတ်ခေါ်တယ်…ပညာရှင် ဖြစ်သူ ကာမိုက်ကယ်ဟေ့ဂ်က တကယ့်ဖြစ်ရပ်မှန်ရင် ဆုငွေ ဒေါ်လာ ၁ သိန်းဆုချမယ်လို့ ကြောငြာလိုက်တာကြောင့် နိုင်ငံအနှံ့စောင့်ကြည့်ရတဲ့အထိ နာမည်အတော်လေးကြီးသွားပါတယ်… အစပိုင်းမှာပျော်စရာကောင်းတဲ့ အစီအစဉ်အဖြစ်တင်ဆက်ရင်း…မသင့်တော်တဲ့ နတ်ဆိုးကြီးတစ်ကောင်ကို လူပေါင်းသိန်းချီကြည့်နေတဲ့ အစီစဉ်ရှေ့မှောက်ကို တိုက်ရိုက်ဖိတ်ခေါ်မိသွားတဲ့ အခါမှာ ဘာတွေဆက်ဖြစ်မလဲဆိုတာကို စင်ပေါ်က ထူးခြားဆန်းကြယ်ဖြစ်ရပ်တွေ…စင်နောက်ကွယ်က ဖြစ်ရပ်မှန်တွေနဲ့ အတော်လေးကြည့်ကောင်းတဲ့ Horror ရုပ်ရှင်တစ်ခုဖြစ်ပါတယ်…. ( အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ် ) File size…(6.1 GB)/ (1.9 GB)/(981 MB) Quality….Webrip 4K HEVC/1080p / 720p Format…mp4 Duration….01:33:00 Genre…Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson,Ka Naung Translated by Thiha Yan Naing

0 2023
Late Night with the Devil
Under the Sand
7

Under the Sand (2000) ~ IMDb – 7/10, Rotten Tomatoes – 93% ~ “ကျွန်မထပ်ပြီး ရူးသွားတော့မယ်ထင်တယ်။ ကျွန်မခေါင်းထဲမှာ အသံတွေကြားနေရတယ်။ အလုပ်ကို အာရုံစိုက်လို့မရတော့ဘူး။ ကျွန်မ တိုက်ခိုက်ဖို့ ကြိုးစားချင်ပေမဲ့ ကျွန်မဆက်ပြီး အားတင်းမထားနိုင်တော့ဘူး။ ကျွန်မဘဝရဲ့ ပျော်ရွှင်မှုတွေ အားလုံးက ရှင့်ကျေးဇူးကြောင့်ပါပဲ။ ရှင်က ကျွန်မအတွက်တော့ အပြည့်အဝကောင်းတဲ့သူပါ။ ကျွန်မရှင့်ဘဝကို မဖျက်စီးချင်တော့ဘူး…” စိတ်အတက်အကျ ပြင်းထန်တဲ့ရောဂါဖြစ်နေတဲ့ နာမည်ကျော်စာရေးဆရာမကြီး ဗာဂျီးနီးယားဝုဖ် ကိုယ့်ကိုယ်ကိုယ်သတ်မသေခင် သူ့အမျိုးသားအတွက်ရေးထားခဲ့တဲ့စာကို ဇာတ်ကားထဲမှာ ကိုးကားထားတဲ့အတိုင်း ရေးထားတာပါ။ မူရင်းကပိုပြီး ခြောက်ခြားဖွယ်လှပနေတာကို တွေ့ရမှာပါ။ ဒီဇာတ်ကားကလည်း ဗာဂျီးနီးယားဝုဖ်ရဲ့ သေတမ်းစာလိုပဲ စိတ်ကို ညစ်ညူးစေပေမဲ့ လှပနေတဲ့ ဇာတ်ကားမျိုးပါ။ မူရင်းခေါင်းစဉ်က Sous le sable ဖြစ်ပြီး ပြင်သစ်နိုင်ငံရဲ့ ၂၇ ကြိမ်မြောက် César Awards ရုပ်ရှင်ဆုချီးမြှင့်ပွဲမှာ ဇာတ်ကားဆု၊ ဒါရိုက်တာဆု၊ ဇာတ်ဆောင်အမျိုးသမီးဆု ဆန်ခါတင်စာရင်းအများကြီးဝင်ခဲ့ပေမဲ့ ကံမကောင်းစွာနဲ့ ဆုမရခဲ့ပါဘူး။ ဒါပေမဲ့လည်း ရုပ်ရှင်ဇာတ်ကားတစ်ကားကောင်းမကောင်းဆိုတာ ကြည့်တဲ့သူရဲ့ နှလုံးသားပေါ်ပဲ မူတည်တာမဟုတ်လား။ ဒီဇာတ်ကားက ဆုမရပေမဲ့ နှလုံးသားတွေကိုတော့ ထိခတ်အောင်လုပ်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။ အိမ်ထောင်သက် ၂၅ နှစ်ကျော်ပေါင်းသင်းလာတဲ့ အချစ်ရဆုံးသူ ခင်ပွန်းသည် ပျောက်သွားတဲ့ ဇနီးသည်တစ်ယောက်ရဲ့ ခံစားချက်နဲ့ အတွေးတွေကို ထင်ထင်ရှားရှားနဲ့ မြင်သာလာအောင် ပြပေးထားပါတယ်။ ကိုယ်ချစ်ရတဲ့သူတစ်ယောက် သေသွားတာနဲ့ ပျောက်သွားတာ ဘယ်ဟာကပိုပြီး ခံရခက်ပါသလဲ။ ကျွန်တော့်အမြင်ကတော့ သေသွားပြီဆိုရင် တစ်ခါတည်း အပြီးပိုင်လက်လွှတ်ရပေမဲ့ ပျောက်သွားတာဆိုရင် ပြန်တွေ့လေမလားမျှော်နေရင်း ပြန်မတွေ့ရလို့ ဝမ်းနည်းနေရသလို တစ်နေရာရာမှာ ဒုက္ခရောက်နေမှာကို တွေးရင်း စိတ်ပူရင်းဝမ်းနည်းရပြန်လို့ ပျောက်တာက သေတာထက် ပိုဆိုးတယ်ထင်ပါတယ်။ အဲဒါကြောင့် ဒီဇာတ်ကားကိုကြည့်ပြီး အကြောင်းအမျိုးမျိုးကြောင့် ချစ်ရခင်ရတဲ့သူတွေနဲ့ ဝေးကွာနေရတဲ့သူတွေရှိရင် စိတ်ပူပင်နေတာတွေ ပျောက်သွားအောင် ဖုန်းတစ်ချက်ဆက်လိုက်ဖို့ တိုက်တွန်းချင်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.75GB, 800MB Quality – 1080p, 720p IMDb Rating – 7/10 Format – mp4 Duration – 1H 32Min Genre – Drama, Mystery Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

Drama • Family
7 2000
Under the Sand
The Romance
6.1

The Romance (2006) ********************** ဝမ်းနည်းဖို့ကောင်းပြီး တစ်ရှုးဆောင်ရတဲ့ အချစ်ကားတွေမှ ကြည့်ချင်တယ်ဆိုတဲ့ CM ပရိသတ်ကြီးတွေအတွက် Jo Jae Hyum နဲ့ Kim Jee Soo တို့ သရုပ်ဆောင်ကြီးတွေ ပါဝင်ထားတဲ့ The Romance ဆိုတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဥ်း- ယွန်းဟီးကတော့ ခင်ပွန်းသည်ရဲ့ သူ့အပေါ်ကို အလွန်အမင်း စွဲလမ်းမှုတွေ ရူးသွပ်တဲ့ မှားယွင်းတဲ့ ချစ်ပုံချစ်နည်းတွေကြောင့် အမြဲတမ်း အသက်ရှူကျပ်နေရသူပေါ့။ အဲဒါအပြင် ခင်ပွန်းသည် ဖြစ်တဲ့ လွှတ်တော်အမတ်က သူ့အပေါ်မှာ အမြဲတမ်း နိုင်ထက်စီးနင်း အကြမ်းဖက်လေ့ရှိတာကြောင့် မွန်းကြပ်ပြီး တစ်နေ့မှာ သတ်သေဖို့ ကြိုးစားခဲ့ရာ တစ်စုံတစ်ယောက်ရဲ့ ကယ်တင်မှုကြောင့် မအောင်မြင်ခဲ့ပေ။ တစ်ဖက်မှာလည်း ဟျောင်းဂျွန်းက အသက်ရှူနေရုံကလွဲပြီး ဘ၀ကြီးကို အဓိပ္ပာယ်မဲ့စွာ ဖြတ်သန်းနေသူ တစ်ယောက်ဖြစ်ပြီး တစ်ရက် အမှတ်မထင် ဟျောင်းဂျွန်းနဲ့ ယွန်းဟီး တွေ့ဆုံကာ တစ်ယောက်ဘဝကို တစ်ယောက် စာနာရင်း ချစ်ကြိုးသွယ်မိသွားပါတော့တယ်။ နှိပ်စက်တတ်တဲ့ ခင်ပွန်းသည်လက်ထဲကနေ ထွက်ပြေးချင်နေတဲ့ ယွန်ဟီး.. ဟျောင်းဂျွန်းနဲ့တွေ့မှ ချစ်ခြင်းမေတ္တာ အမှန်ကို သိရှိခဲ့ရတဲ့ ယွန်းဟီး.. အိမ်ထောင်ဆိုတဲ့ ထောင်ကနေ လွတ်မြောက်အောင် ကြိုးစားနိုင်ပါ့မလား..။ သူတို့ နှစ်ယောက်ရဲ့ အချစ်ရေးက ဘယ်လို အဆုံးသတ်သွားမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှု အားပေးလိုက်ကြပါဦးနော်။ (ဇာတ်လမ်းအကျဉ်းကို Miri မှ ရေးသားပေးထားပါတယ်။) File size…2.31GB / 1.32GB Quality… WEB-DL 1080p/ WEB-DL 720p Format…mp4 Duration….1h 48m Genre ….. Romance, Drama, Melodrama Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Miri

6.1 2006 106 mins
The Romance
Andrea Gets a Divorce Andrea lässt sich scheiden
6.5

Andrea Gets a Divorce (2024) IMDb Rating (6.5) ဒီဇာတ်ကားမှာ အန်ဒရီရယ် (Birgit Minichmayr) ဆိုတဲ့ ရဲအဖြစ်လုပ်ကိုင်တဲ့ အမျိုးသမီးတစ်ဦးကို ပြသထားပါတယ်။ သူ့ရဲ့ရွေးချယ်မှုတွေကနေ တဖြည်းဖြည်းပေါက်ကွဲလာပြီး သူ့ဘဝဟာ အတိတ်နဲ့လက်ရှိကြားမှာ အကျပ်ရိုက်လာပါတယ်။ ဒါရိုက်တာ Josef Hader က ဟာသနဲ့ ဒရမ်မာကို စွဲမက်ဖွယ်ပေါင်းစပ်ထားပြီး လူနေမှုနဲ့ အတွေးအခေါ်တွေကို ထိတွေ့အောင်ဖန်တီးနိုင်ပါတယ်။ ရုပ်ရှင်မှာ အတွေးတွေနဲ့ အနည်းငယ်ထိတ်လန့်ဖွယ်အခန်းတွေပါဝင်ပေမယ့်လည်း ဇာတ်ကွက်တွေ တဖြည်းဖြည်းတည်ဆောက်ထားတာကြောင့် အလွယ်တကူ နားလည်နိုင်မှာမဟုတ်ပါဘူး။ မကောင်းတဲ့အချက်အနေနဲ့ ဇာတ်ညွှန်းဟာ တစ်ချို့လူတွေအတွက် ခံစားရခက်နိုင်ပြီး အနည်းငယ် ချွတ်ယွင်းချက်တွေ ရှိနိုင်ပါတယ်။ သို့သော် အမြင်အသစ်နဲ့ ပြုလုပ်ထားတဲ့ ဇာတ်ကားတစ်ခုဆိုတာ သေချာပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ T Lone ဖြစ်ပါတယ်။) File size…(1.7 GB) / (940 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Drama Duration….01:34:34 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by T Lone

6.5 2024 94 mins
Andrea Gets a Divorce Andrea lässt sich scheiden
Aurora

Aurora” (2025) ရုပ်ရှင်ဇာတ်ကားကို အက်စတိုးနီးယားနိုင်ငံက ထုတ်လုပ်ထားပြီး ဒရာမာဇာတ်လမ်းတစ်ခုဖြစ်ပါတယ် Andres Maimik နှင့် Rain Tolk တို့က ဒါရိုက်တာအဖြစ် ရိုက်ကူးထားပါတယ် ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ Aurora (Maarja Johanna Mägi သရုပ်ဆောင်ထားသည်) က ဘာသာရေးခေါင်းဆောင်တစ်ဦးရဲ့ သမီးဖြစ်ပြီးတော့ သူမရဲ့ဘဝကို ပြောင်းလဲစေနိုင်တဲ့ လျှို့ဝှက်အချစ်ဇာတ်လမ်းတစ်ခုထဲ ဝင်ရောက်မိသွားခဲ့ပါတယ် Aurora က သူမပတ်ဝန်းကျင်မှာရှိတဲ့လူတိုင်းကို ပျော်ရွှင်စေဖို့ ကြိုးစားနေသူဖြစ်သော်လည်း သူမရဲ့ မင်္ဂလာနှစ်ပတ်လည်အခမ်းအနားကြီးတစ်ခု ကျင်းပဖို့ အချိန်မှာ မမျှော်လင့်ထားသော ဧည့်သည်တစ်ဦး ရောက်ရှိလာပြီး ဇာတ်ရှုပ်တွေ ဖြစ်လာခဲ့ပါတယ် ဒီဖြစ်ရပ်က သူမရဲ့ လျှို့ဝှက်ချက်​​တွေကို ဖော်ထုတ်ပြီး မိသားစု ယုံကြည်ချက်နဲ့ ပုဂ္ဂိုလ်ရေးဆန္ဒ​တွေကြားထဲမှာ ကြီးမားတဲ့ ပဋိပက္ခတွေကို ဖြစ်စေခဲ့ပါတယ် ဒီဇာတ်ကားက အချစ် သစ္စာဖောက်မှုနဲ့ ဘာသာရေးဖိနှိပ်မှုအကြောင်း စိတ်ခံစားမှုပြင်းပြင်းနဲ့ ရောင်ပြန်ဟပ်ထားပြီးတော့ အက်စတိုးနီးယားရုပ်ရှင်ရဲ့ ထူးခြားတဲ့ပုံစံတမျိုးနဲ့ ဇာတ်လမ်းကို ပုံဖော်ထားပါတယ် File size…(1.7 GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Min Khant

Comedy • Drama • Romance
0 2025
Aurora
Karki Nanu BA, LLB

Karki (2025) “ဆရာကြီး” အသစ်ထွက်ရှိလာတဲ့ ကန်နာဒါစကားပြော အိန္ဒိယရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ရည်ရွယ်ချက်တို့ ပန်းတိုင်တို့ဆီကို တချို့က စမ်းတဝါးဝါးပြေးကြတယ်၊ တချို့က ဦးတည်ပြီးပြေးကြတယ်။ တချို့လည်းရောက်တယ် တချို့လည်း လမ်းခုလတ်မှာပဲ ရပ်ကျန်ခဲ့ကြတာပေါ့။ ဒီဇာတ်လမ်းထဲက ဇာတ်လိုက်ကျော်ကြီးကတော့ ရှေ့နေဖြစ်ချင်တဲ့ရည်ရွယ်ချက်နဲ့ ဥပဒေအဓိကယူခဲ့တယ်။ ခက်တာက ကျောင်းမှာ အင်္ဂလိပ်လိုတွေချည်းသင်နေရော။ ဒီမှာ အင်္ဂလိပ်လို နကန်းတစ်လုံးမှမသိတဲ့ ဆရာသမားက ကန်နာဒါလိုသင်ပေးဖို့ တောင်းဆိုရင်းက သူ့ကို သေချာရှင်းပြပေးမဲ့ မိန်းကလေးတစ်ယောက်နဲ့တွေ့ဆုံခွင့်ရခဲ့ပါရော။ ဒါ ဇာတ်လမ်းအစပေါ့။ ဇာတ်လမ်းဘယ်လိုဆုံးမလဲ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်)

Drama
0 2025
Karki Nanu BA, LLB