YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Kabitan.2024.1080p.WEB-DL.HEVC (CM).mkv

762.82 MB N/A video/x-matroska 574 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
(21+) Sex, Party and Lies
4.6

ဒီတစ်ခေါက်တင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ အကြမ်းစား စပိန် 21+ ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့… နွေရာသီအားလပ်မှာ ပွဲတော်တစ်ခုကို သွားကဲချင်ပေမဲ့ ဘိုင်ပြတ်နေတဲ့အတွက် ကြံရာမရတဲ့အဆုံး ကလပ်မှာမူးယစ်ဆေးရောင်းဖို့ ဆုံးဖြတ်လိုက်တဲ့ နီကို နဲ့ တိုနီ ... ဝိတ်တက်လာလို့ ဘဲပစ်ခံလိုက်ရတဲ့အပြင် ဝလာတဲ့အတွက် အလုပ်ပါပြုတ်သွားလို့ လောင်နေတဲ့ကောင်မလေး ပက်ဇ် ... သူငယ်ချင်းမ ပက်ဇ် ကို နှစ်သိမ့်ပေးသလိုလိုနဲ့ သူ့ရဲ့ဘဲ ဘိန်းစားဂီတသမားနဲ့ နောက်ကွယ်မှာခိုးစားနေတဲ့ မစံပယ် … ကိုယ့်ကိုယ်ကိုယ် လက်စဘီယန် ဆိုတာ လက်မခံနိုင်တဲ့ကောင်မလေး မာရီနာ နဲ့ Bisexual စားစော်ကြီး လီယို … အစရှိသဖြင့် လူငယ်တွေကြားမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အပျော်အပါးခံစားချက် စရိုက်သဘာဝအစုံကို ခံစားကြည့်ရှူနိုင်မှာပဲဖြစ်ပါတယ်။ (Gay, Straight, Bi, Lesbian, Threesome စတဲ့ အကြမ်းစား sex အခန်းတွေ ဖောဖောသီသီ ပါဝင်တဲ့အတွက် မိသားစုနဲ့ကြည့်ရှုဖို့တော့ မသင့်တော်ပါဘူးခင်ဗျာ) (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Thar Htet ပဲ ဖြစ်ပါတယ်။) File Size          :  2.6GB, 1.2GB & 473MB Quality            : 1080p Blu-ray AC3 5.1CH, 720p Blu-ray & 480p Format            : mp4 Duration         : 1hr & 47mins Genre              : Comedy, Drama Translated by  Thar Htet Encoded by Kinnov

Drama
4.6 2009 107 mins
(21+) Sex, Party and Lies
Max Payne
5.4

Video Game အပေါ်အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပြီး နာမည်ကျော်မင်းသားကြီး Mark Wahlberg နဲ့ မင်းသမီးချော Mila Kunis ပါဝင်သရုပ်ဆောင်ထားကြပါတယ်.... မက်စ်ပိန်းဟာ နယူးယောက်က စုံထောက်ကျော် တစ်ယောက်ပေါ့… တစ်ရက်မှာ သူချစ်ရတဲ့ဇနီးသည် မီရှဲလ်နဲ့ လူမမယ်မွေးကင်းစကလေးလေးကို ဓားပြလာတိုက်တဲ့လူတစ်စုက ရက်ရက်စက်စက်သတ်သွားခဲ့ပါတယ်… တရားခံတွေလွတ်မြောက်သွားခဲ့ပြီး ဘယ်လိုစုံစမ်းစုံစမ်း အမှုမှန်မပေါ်ပေါက်တာကြောင့် မက်စ်လည်း အတော်လေးစိတ်ဆင်းရဲရတဲ့ကြားထဲအမှုစာရင်းသွင်းတဲ့ စာရေးသာသာ ရာထူးကိုပါ ချခံလိုက်ရပါတော့တယ်… ဒါပေမဲ့လည်း အားမလျှော့တဲ့ မက်စ်က ဆက်လက်စုံစမ်းရာက သူမထင်ထားတဲ့ ထူးထူးဆန်းဆန်းအရာတွေနဲ့ ကြုံဆုံလာရတဲ့အခါ သူ့ဇနီးနဲ့ကလေးကို သတ်သွားခဲ့တဲ့တရားခံကို သူကိုယ်တိုင် တရားစီရင်နိုင်ပါ့မလား ကိုယ်တိုင်ပဲကြည့်ရှုခံစားလိုက်ပါ..... File Size : (2.05GB)(889MB) and (263MB) Quality : Blu-Ray 1080p5.1ch,720p Format…mp4 Duration…01:40:00 Genre : Adventure, Crime, Action Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu Encoded by Phyo Pyae

Action • Drama • Horror
5.4 2008 100 mins
Max Payne
The Secret Life of Pets
6.3

ကျွန်တော်တို့ ခင်ဗျားတို့ အိမ်မှာ အိမ်မွေးတိရစ္ဆာန်လေးတွေကို သူတို့ချည်းပဲ ထားခဲ့ရပြီဆို သူတို့ ဘာလုပ်နေကြမယ် ထင်ပါသလဲ? သူတို့ အချင်းချင်းရော ဘာတွေကြံစည်တွေးတော နေကြမယ်ထင်ပါသလဲ? အဲဒီအကြောင်းတွေကို ဒီ Animation လေးထဲမှာ ကြည့်ကြပါစို့။ IMDb 6.8 နဲ့ Box Office မှာ 760$ Millions ထိ အောင်မြင်နေတဲ့ ဒီကားလေးရဲ့ ဇာတ်လမ်းအကျဉ်းကတော့..... Jack Russell Terrier အမျိုးအစား ခွေးလေး Max ဟာ သူ့သခင်မလေး ကေတီနဲ့အတူ မန်ဟက်တန်မြို့မှာ ပျော်ရွှင်စွာ နေထိုင်နေရင်း တစ်နေ့မှာ ကေတီဟာ ပိုင်ရှင်မဲ့ခွေးလေး Duke ကိုပါ အိမ်ကိုခေါ်လာတဲ့အခါ.....သူတို့ ၂ ကောင် ရန်ဖြစ်ရာကနေ လူတွေရဲ့စွန့်ပစ်ခံ မြေအောက်အိမ်မွေးတိရစ္ဆာန်ဂိုဏ်းကြီးနဲ့ သူတို့ရဲ့ ခေါင်းဆောင် Snowball နဲ့ တွေ့ဆုံရင်း ပြဿနာတွေ အကြီးအကျယ် တက်လာပြီး.....အဲဒီအချိန်မှာပဲ Max ကို ခရက်ရှ်နေတဲ့ အဖြူရောင်Pomeranian ခွေးမလေး Gidget ကလည်း Max ရဲ့ ဘော်ဒါတွေကို စုစည်းပြီး လိုက်ကယ်ဖို့ ချီတက်လာတဲ့အခါမှာတော့......

Comedy • Drama
6.3 2016 86 mins
The Secret Life of Pets
The Free World
6.1

The Free World (2016) ================= IMDb Rating – 6.1/10 ၁၅ နှစ်သားကတည်းက ထောင်ထဲကို ဝင်သွားရတဲ့ ကောင်လေးတစ်ယောက်ရှိသတဲ့။ ဟင့်အင်း၊ သူဘာမှမလုပ်ခဲ့ဘူး။ သူအမြဲပြောတတ်တဲ့စကားတစ်ခွန်းရှိတယ်။ ကျွန်တော် လက်ဖျားနဲ့တောင် မတို့ခဲ့ပါဘူးတဲ့။ ဒါပေမဲ့ဗျာ၊ လူ့ယဉ်ကျေးတို့ အသိုင်းအဝိုင်းက တရား ဥပဒေ ဘက်တော်သားပါဆိုတဲ့ အဖွဲ့လိုက်ကြီးက သူ့ကို သံတိုင်တွေနောက်ပို့ခဲ့တယ်။ ဒီကောင်လေးက တီဗီမင်းသားပေါ့လေ။ မသိတဲ့သူမရှိ။ ရဲတပ်ဖွဲ့ဝင်ဆိုတဲ့အကောင်တွေတိုင်း သူ့ကိုမြင်ရင် သင်္ကာမကင်းဖြစ်၊ အနိုင်သွားကျင့်ချင်တဲ့ ‌ခွေးစိတ်တွေပေါက်လာကြရော။ သူ့ကိုစွပ်စွဲခဲ့တဲ့အမှုက ကြီးကျယ်လွန်းတော့ မှုခင်းတီ‌ဗီမှာ မသိသူမရှိတဲ့ကောင်လေး။ ဒီတော့ ကြက်သီးထလောက်စရာ ပြစ်မှုကြီးရဲ့တရားခံက တရားဥပဒေဘက်တော်သားပါဆိုတဲ့ကောင် တွေအပေါ် ငါးသလောက်ပြုံး ပြုံးနေတဲ့အချိန် ဒီလူငယ်လေးက လေးဘက်လေးတန် သံတိုင် တွေကြားမှာ။ ထောင်ထဲမှာ အနိုင်ကျင့်ရမ်းကားမှုတွေကြား ဒီလူငယ်လေး ကြမ်းတမ်းလာတယ်။ လူဆိုးရင့်မာ ကြီးတွေကိုယ်တိုင် လက်ရှောင်ရတဲ့ ဖိုက်တာအကြမ်းစားကြီး။ အခန်းဖော်ကို ပြဿနာရှာလို့ မျက်လုံးတစ်ဖက် ဖောက်ထုတ်ပစ်လိုက်တာ သူ့ကို ဒဏ္ဍာရီမှာ မျက်လုံးတစ်လုံးပဲရှိတဲ့သတ္တဝါ ရဲ့ အမည်ဝိုင်းပေးလိုက်ကြတယ်။ ဆိုက်ကလော့ပ်ကြီးတဲ့။ တစ်ခါကလည်း သူ့အတွက် ထောင်ထမင်းကို တမင်ညစ်ပြီး မကျွေးတဲ့ထောင်စောင့်တစ်ယောက်ကို ခေါင်းရိုက်ခွဲလိုက်တာ နှစ်လလောက် ကိုးမားဝင်သွားသတဲ့။ သေရာပါ ဦးနှောက်ဒဏ်ရာပေါ့။ ဒီလို လူကြမ်းလေး။ ဒီလိုလူဆိုးလေး။ သူ့ကို ထောင်တွင်းက အစ္စလမ်အုပ်စုက ဖျောင်းဖျတရားပြပြီး ယဉ် ကျေးစေခဲ့တယ်။ အလ္လာအရှင်ထံမှောက် မာန်ချအရှုံးပေးတတ်အောင် သင်ပြခဲ့တယ်။ သူ ခရစ်ယာန်ဘာသာကို မရွေးချယ်ခဲ့တဲ့အကြောင်း သူရှင်းပြသေးသဗျ။ ခရစ်ယာန်တွေက သူ့ကို အပြစ် ဝန်ခံခိုင်းသတဲ့။ သူက အပြစ်မရှိတဲ့သူဆိုတော့ ဝန်ခံစရာမရှိလို့ သူ့ကိုမေးခွန်းတွေမမေးတဲ့ အစ္စလမ်တွေ ဘက်ကို သူရောက်သွားတယ်ပေါ့လေ။ ထားပါ။ (ဇာတ်ကားထဲကအတိုင်းထည့်ရေးထားတာပါ) ဒီကောင်လေးကို အပြစ်မရှိပါဘူးလို့ နှစ်ပေါင်းများစွာကြာပြီးမှ ထောင်ကလွှတ်လိုက်တယ်။ သူ့ကိုကြင်နာတဲ့ ခွေးဂေဟာက ပိုင်ရှင်ရဲ့ အလုပ်ပေးမှုနဲ့ ထမင်းနပ်မှန်နေခဲ့တယ်။ ဒီလိုအေးချမ်းနေတဲ့ သူ့ဘဝထဲကို အမျိုး သမီးတစ်ယောက် ကဗျာမဆန် ဆိုင်းမဆင့်ဗုံမဆင့် ဝင်ရောက်လာချိန်မှာတော့။ ဆိုက်ကလော့ပ်ကြီးရဲ့ နှလုံး သားတောင့်တစ်နေရာက ထွက်လာတဲ့ အချစ်မေတ္တာတွေကို ဖော်ကျူးထားတဲ့ ဒရမ်မာဇာတ်လမ်းတစ်ပုဒ်ပါ။ ကြည့်ရှုခံစားလိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Arr Khun Winchester ဖြစ်ပါတယ်) File Size……….(1.5 GB) / (608 MB) Quality…………WEB-DL 1080p / 720p Duration……..1Hr 40Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Romance Translator……Arr Khun Winchester Encoder……….SWM

6.1 2016
The Free World
Fallen Leaves
7.5

Fallen Leaves (2023) ~ IMDb – 7.5/10, RT – 98%, Meta – 86% ~ ” ကြီးကျယ်ခမ်းနားတဲ့ အချစ်ဇာတ်လမ်းတွေ ကြားဖူးတယ်မလား။ ဂန္ထ၀င်စာအုပ်တွေလိုမျိုးလေ။ နမ်းခန်းတောင်မပါဘူး။ မနမ်းကြဘူး။ လုံး၀ ဘာမှကိုမဖြစ်ဘူး အရမ်းသန့်စင်တယ်။ ဒါကြောင့်ပဲ ကြီးကျယ်ခမ်းနားတာ။ ထုတ်မပြောထားတဲ့ ခံစားချက်တွေဟာ မမေ့ရက်နိုင်စရာကောင်းတယ်… “ ဒီစကားက တာကော့စကီးရဲ့ Nostalghia ထဲက စကား။ ဘာလို့ ဒီစကားထည့်ပြောရသလဲဆို ဒီရုပ်ရှင်ဟာ အချစ်အကြောင်းမို့ပါပဲ။ ဒါပေမဲ့ အချစ်အကြောင်းလို့မထင်ရအောင်ကို ဒီရုပ်ရှင်ဟာ မကြီးကျယ်မခမ်းနားဘူး။ ခပ်ရှင်းရှင်းပြောရရင် အချစ်ဇာတ်အနေနဲ့ဆို တော်တော်လေး သိမ်ငယ်ရမယ့်အထဲတောင် ဝင်သွားနိုင်တယ်။ ဒါကြောင့်လည်း ဒီရုပ်ရှင်နဲ့သိပ်ဆန့်ကျင်ဘက်ဖြစ်လွန်းတဲ့ တာကော့စကီးပြောတဲ့ ကြီးကျယ်ခမ်းနားတဲ့ အချစ်တွေအကြောင်း သွားပြေးမြင်မိတာပဲ။ ထုတ်မပြောဖို့နေနေသာသာ တန်းပြောတန်းဖြစ်ဆိုတဲ့ သဘောမျိုးတောင် ဆန်တယ်။ ဒါကို ဘာလို့ပြေးမြင်မိသလဲဆို ဘာမှမဆိုင်လို့ပါပဲ။ ” ဘာဆိုင်လို့လွမ်းတာလဲ” ” ဘာမှမဆိုင်လို့ကို လွမ်းတာပါ” ဆိုတဲ့ စကားအတိုင်းပေါ့။ ဒီရုပ်ရှင်က Aki Kaurismäki ရဲ့ ကျောမွဲလူတန်းစားတွေအကြောင်းရိုက်ထားတဲ့ Proletariat Trilogy ထဲကို လေးကားမြောက်ထပ်ဖြည့်ထားတဲ့ကားဆိုတော့ ကျောမွဲလူတန်းစားအကြောင်း ဇာတ်ပဲ။ ဒီရုပ်ရှင်ထဲက အဓိကဇာတ်ကောင်၂ကောင်လုံးက လူမရိုသေရှင်မရိုသေအလုပ်တွေ လုပ်နေရတဲ့ ဒီနေ့အလုပ်မလုပ်ရင် မနက်ဖြန်ငတ်သွားနိုင်တဲ့ လူတွေထဲကလူတွေပဲ။ Kaurismäki ဟာ ဇာတ်ရဲ့ သုံးချိုးတစ်ချိုးလောက်အထိကို သူတို့အချစ်ဇာတ်ကို မပြသေးဘဲ သူတို့ရဲ့ ကျောမွဲလူတန်းစားဘဝကို အရင်ပြတယ်။ တကယ်တမ်း သူတို့ဆုံစည်းခြင်း ချစ်ကြိုက်ခြင်းကိုပြတော့လည်း တာကော့စကီးရဲ့ ကြီးကျယ်ခမ်းနားတဲ့ အချစ်ဇာတ်လမ်းတွေနဲ့ ဆန့်ကျင်စွာပဲ ခုတွေ့ ခုကြိုက် ခုချစ် ပုံစံမျိုးကို ရောက်သွားတယ်။ အမှတ်တမဲ့ဆို မမြင်သာနိုင်အောင်လောက်ပဲ ချစ်တယ်ဆိုတဲ့ စကားလုံးတော့ တစ်လုံးမှမပါခဲ့ဘူး။ ဒါကလည်း မဆန်းပါဘူး။ သက်လတ်ပိုင်း တစ်ကိုယ်တော်လူတစ်ယောက်နဲ့ သက်လတ်ပိုင်း အထီးကျန်နေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဘဝမှာ ဘာတွေများ ရွေးချယ်စရာများများစားစားရှိမှာလဲ။ ဒီတိုင်းဘဝဆိုတာကို ဒီတိုင်းလက်ခံလိုက်ကြရမှာပဲ။ ဒါပေမဲ့ ကံက သူတို့ဘက်မရှိပေမဲ့ ဒီအချစ်ကို သူတို့လက်မလျှော့လိုက်တဲ့အချက်ကတော့ သဘောကျစရာကောင်းနေတယ်။ Fallen Leaves ဟာ ရိုးရိုးလေးပါပဲ။ ဒီလိုရိုးရိုးလေးဆိုတဲ့ ဘာထူးထူးခြားခြားမှမပါတဲ့ ဇာတ်လမ်းတွေကို မကြိုက်တတ်ရင် Fallen Leaves ဟာ ခင်ဗျားအတွက်မဟုတ်လောက်ဘူး။ ဒီလို ရိုးရိုးလေးဆိုတဲ့ အရာရာပါနေတဲ့ ဇာတ်လမ်းတွေကို ကြိုက်တတ်ရင်တော့ ဒီဇာတ်လမ်းဟာ ခင်ဗျားအတွက်ဖြစ်လောက်မယ်။ ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာ Aki Kaurismäki ဟာ နာမည်ကျော်ဖင်လန် ဒါရိုက်တာတစ်ယောက်ဖြစ်ပြီး ဖင်လန်ရဲ့နာမည်အကျော်ဆုံး ဒါရိုက်တာလည်းဟုတ်တယ်။ သူရိုက်ခဲ့တဲ့ ကားအများစုက ကိန်းမှာဆုအသီးသီးရခဲ့ပြီး အော်စကာဆန်ခါတင်ဝင်ဖူးတာတွေလည်းရှိတယ်။ Fallen Leaves လည်း လက်ရှိမှာ Shortlist ထဲတော့ ဝင်ထားတာပါပဲ။ ပြီးတော့ နောက် တစ်ချက်ရှိတာက ဒီရုပ်ရှင်က သီချင်းတွေက တော်တော်လေးကောင်းတယ်။ Autumn Leaves ခေါ် Fallen Leaves လို ၁၉၄၅ကတည်းက သီချင်းကအစ မျက်မှောက်​ခေတ် ဖင်လန်ပေါ့ဂီတအဖွဲ့ဖြစ်တဲ့ Maustetytöt ရဲ့ ၂၀၂၀ကထွက်ခဲ့တဲ့ Syntynyt suruun ja puettu pettymyksin အဆုံး သုံးထားတယ်။ ရုပ်ရှင်ရဲ့ နာမည်ဖြစ်တဲ့ Fallen Leaves ကတော့ တော်တော်သမိုင်းကြီးတဲ့သီချင်းလို့ပြောရမယ်။ Nat King Cole တို့၊ Frank Sinatra တို့လို ဂီတသမိုင်းရဲ့ အကျော်အမော်တွေပါ ဆိုဖူးတဲ့သီချင်းပဲ။ ဂျတ်ဇ်ဂီတပညာရှင်တွေကတော့ အမေရိကန်ကထွက်တာမဟုတ်တဲ့ထဲ ဂျတ်ဇ်သမိုင်းရဲ့အရေးအပါဆုံးသီချင်းလို့ သမုတ်ကြတယ်။ မိန်းစထွင်းနဲ့ မော်ဒန်ဂျတ်ဇ်သမားတွေချည်း အကြိမ်ပေါင်း ၁၄၀၀လည်း အသံသွင်းဖူးသလို ဂျတ်ဇ်ဂီတရဲ့ ပြန်ဆိုသူအများဆုံးသီချင်းလည်း ဟုတ်နေတယ်။ Syntynyt suruun ja puettu pettymyksin ကတော့ နားထောင်ရတာ တော်တော်လေး နားဝင်လွယ်သလို သူတို့ခေတ် သူတို့နိုင်ငံရဲ့ အခြေအနေကိုလည်း ထင်ဟပ်နေသလို ခံစားရတယ်။ Fallen Leaves ကို Aki Kaurismäki ဟာ မျက်မှောက်ခတ်မှာပဲ အခြေတည်ထားသလို ရုံမှာ သူတို့သွားကြည့်ကြတဲ့ကားကလည်း The Dead Don’t Die ဖြစ်နေပေမဲ့ သုံးထားတဲ့အရောင်တွေက အဟောင်းဆန်နေသလို ရုပ်ရှင်ပိုစတာတွေကလည်း အဟောင်းတွေပါပဲ။ ဂိုးဒတ်တို့ ဘာတို့အကြောင်းတောင် ကောက်ပြောလိုက်ကြသေးတယ်။ ဘာကြောင့်လဲတော့ ရုပ်ရှင်ကိုကြည့်ပြီးတဲ့အခါ ကိုယ်တိုင်ပဲ ဆုံးဖြတ်ပေးလိုက်ပေါ့။ Fallen Leaves ဟာ ဘယ်လိုရုပ်ရှင်လဲဆိုတော့ ဆိုခဲ့သလို ကြီးကျယ်ခမ်းနားတဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်မဟုတ်တဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ပါပဲ။ ဒါပေမဲ့လည်း နှောင်ကြိုးကလွဲ ဘာမှမပိုင်ဆိုင်နိုင်တဲ့ သူတို့ရဲ့ဘဝမှာတော့ ဒီဇာတ်လမ်းဟာ ကြီးကျယ်ခမ်းနားနေမှာပါပဲ။ Fallen Leaves ထဲက အချစ်ဇာတ်ဟာ သစ်ရွက်ကြွေတို့ရဲ့အတိတ်တစ်ခုပေါ့။ မျက်လုံးကိုမှိတ်ပြီးနားထောင်ကြည့်ရင်တော့ တိတ်ဆိတ်လွန်းတဲ့ သစ်ရွက်ကြွေသံကို ခင်ဗျားကောင်းကောင်းကြားရမှာပဲ။ ဒီရုပ်ရှင်ဟာ အဲဒီသစ်ရွက်အသေတွေအကြောင်းပေါ့။ ဒါဟာ… မလှပခြင်းနဲ့ လှပနေတဲ့၊ လှပခြင်းနဲ့ မလှပနေတဲ့ သစ်ရွက်အသေတို့ရဲ့ ဂီတ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 890MB Quality – 1080p, 720p IMDb Rating – 7.5/10 Format – mp4 Duration – 1H 21Min Genre – Comedy, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.5 2023 81 mins
Fallen Leaves
My Wife Is a Gangster My Wife Is a Gangster 1
6.5

My Wife Is a Gangster ရုပ်ရှင်တွေဟာ ကိုရီးယားရုပ်ရှင်လောကကို တစ်ခေတ်ထွန်းစေခဲ့တဲ့ ၂၀၀၀ ပြည့်နှစ်များဆီက ရသစုံတဲ့ ဇာတ်လမ်းအမျိုးအစားတွေထဲက တစ်ခုပါပဲ။ အဲ့ဒီခေတ်က တင်ဆက်ပုံမျိုးက အစပိုင်းမှာ ရီနေရမယ် ပြီးရင် ငိုရမယ် ပြီးရင် စွဲငြိသွားစေရမယ်ဆိုတဲ့ Taste မျိုးဖြစ်ပြီး ဒီရုပ်ရှင်ကလဲ အဲ့လိုအရသာမျိုးနဲ့ နာမည်ကြီး လူကြိုက်များခဲ့ပြီး နောက်ထပ်အဆက်ဇာတ်ကားတွေ ထွက်တဲ့အထိအောင်မြင်ခဲ့ပါတယ်။ မင်းသမီး Eun-Kyung Shin ရဲ့ မှင်သေသေ သရုပ်ဆောင်ချက်တွေ Action တွေက ဇာတ်ကောင်တွေရဲ့ ထူးခြားတဲ့ဇာတ်ရုပ်တွေနဲ့လိုက်ဖက်ပြီး ကွဲပြားတဲ့ ဇာတ်အိမ်ကြောင့်လဲပိုမိုအသက်ဝင်ခဲ့ပါတယ်။ My Wife Is a Gangster (2001) My Wife Is a Gangster 1 ဒီဇာတ်လမ်းကတော့….. ကိုရီးယားက ဂိုဏ်းစတားအဖွဲ့ရဲ့ ထိပ်သီးခေါင်းဆောင်ဖြစ်သလို အဖွဲ့သားတွေက ချစ်ကြောက်ရိုသေရပြီး “အစ်ကိုကြီး” လို့ တလေးတစားခေါ်ကြရတဲ့ ဖိုက်တာကောင်မလေးတစ်ယောက်နာမည်ကတော့ ပိုးကောင်ဖြူပါတဲ့။ ငယ်ကတည်းက လက်ဇောင်းထက်ပြီး အရာရာကိုလက်ပါဒုတ်ပါဖြေရှင်းတတ်တာ သူမရဲ့ပင်ကိုယ်စတိုင်ပါပဲ။ လူမိုက်တွေနဲ့ပြိုင်မိုက်ပြီး ကျင်လည်ကျက်စားနေတဲ့ ဒီလို ဂျစ်ကန်ကန်ဖိုက်တာ ကောင်မလေးခမျာ အစ်မဖြစ်သူရဲ့ဆန္ဒအရ အိမ်ထောင်ပြုရဖို့အကြောင်းဖန်လာတဲ့အခါ…….။ ****My Wife is a Gangster ရုပ်ရှင်ကားတွေက ၃ ကားထွက်ရှိထားပြီး https://channelmyanmar.to/?s=my+wife+is+a+gangster မှာကြည့်ရှုနိုင်ပါတယ်။***

6.5 2001 110 mins
My Wife Is a Gangster My Wife Is a Gangster 1
The Djinn’s Curse

The Djinn’s Curse (2023) ယခုတစ်ခါမှာတော့ Horror movie ပရိသတ်တွေအတွက် ဂျင်အောက်လမ်းနဲ့ဆိုင်တဲ့ Horror ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းရဲ့အစမှာ ဝင်းတို့မိသားစုဟာ ဘန်ကောက်ကနေ နာရာသီဝပ်ကို အကြောင်းကိစ္စတစ်ခုကြောင့် ပြောင်းရွှေ့လာခဲ့ရပါတယ်။ သူတို့ နာရာသီဝပ်မှာ နေဖို့အတွက် အိမ်ကိုရောက်တဲ့အချိန်မှာ အဲဒီအိမ်ကြီးကို ပစ္စည်းတွေရှင်းရင်း ဂျင်နဲ့ပတ်သတ်တဲ့ စာအုပ်တွေအများကြီးရှိနေတာကို တွေ့ရပါတယ်။ ပြီးတော့ အဲဒီဒေသမှာ မကောင်းဆိုးဝါးပူးကပ်မှုတွေကိုလည်း မကြာခဏမြင်တွေ့နေရပါတယ်။ ဒီလိုနဲ့ အဲဒီအိမ်ကြီးမှာ နေလာရင်း မီနာနဲ့လင်းညီအစ်မနှစ်ယောက် ဘယ်လိုကြောက်စရာကိစ္စတွေနဲ့ ကြုံတွေ့ရမလဲ ….. သူတို့မိသားစုကရော ဘယ်လိုပြဿနာတွေကြောင့် ဒီကိုပြောင်းရွှေ့လာခဲ့ရတာလဲ ….. သူတို့မိသားစုအပေါ်မှာရော ဂျင်အောက်လမ်းတွေက ဘယ်လိုတွေသက်ရောက်လာမလဲ… ဆိုတာတွေကို နောက်ခံအသံကောင်းကောင်းနဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ အညွှန်းကိုတော့ Char Ou က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary Christ & Char Ou တို့ပဲ ဖြစ်ပါတယ်။ Genre….. Horror Quality…. 1080p | 720p File size… 857MB | 435MB Format… mp4 Duration…. 1h 38min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mary Christ & Char Ou Encoder ….. Aaron

Drama
0 2023
The Djinn’s Curse
Gringa
5.9

Gringa ဆိုတဲ့အဓိပ္ပာယ်က စပိန် ဒါမှမဟုတ် လက်တင်အမေရိကမှာနေထိုင်တဲ့ နိုင်ငံခြားသူအမျိုးသမီး အထူးသဖြင့် အင်္ဂလိပ်အမျိုးသမီးလို့အဓိပ္ပာယ်ရပါတယ်။ ဒီရုပ်ရှင်ရဲ့ဇာတ်လိုက်ဖြစ်တဲ့ မာ့ခ်ျဘစ်ခ်ဖို့်ဒ်ဆိုတဲ့ ဆယ်ကျော်သက်အရွယ်ကောင်မလေးဟာ အထက်တန်းကျောင်းတက်နေပါတယ်။ မာ့ခ်ျက အနည်းငယ်၀တယ်၊ နှေးတယ်၊ ဉာဏ်သိပ်မပြေးဘူး၊ ငြိမ်တယ် အဲဒါကြောင့် မာ့ခ်ျဟာ ကျောင်းမှာလည်းမ၀င်ဆံ့သလိုဖြစ်နေပြီး ‌ဆယ်ကျော်သက်ကျောင်းသားဘ၀ကို ဖြတ်သန်းဖို့ရာအခက်တွေ့နေပါတယ်။ တစ်ချိန်တည်းမှာပဲ မာ့ခ်ျရဲ့အမေဖြစ်သူဟာ ရုတ်တရက်ဆုံးပါးသွားခဲ့တဲ့နောက်မှာတော့ မာ့ခ်ျဟာ ၁၆ နှစ်လောက်ပျောက်ဆုံးနေခဲ့တဲ့ သူမရဲ့အဖေကိုရှာဖို့အတွက် အမေရိကန်-မက္ကဆီကိုနယ်စပ်ဖြတ်ပြီး ထွက်လာခဲ့ပါတယ်။ ဒီလိုနဲ့ နောက်ဆုံးမှာတော့ မက္ကဆီကိုကျေးလက်က ပင်လယ်ကမ်းခြေရွာလေးတစ်ရွာမှာ သူမရဲ့အဖေကိုတွေ့ရှိသွားခဲ့ပါတယ်။ မာ့ခ်ျရဲ့အဖေဟာ ရွာရဲ့အမျိုးသမီးဘောလုံးအသင်းကိုနည်းပြလုပ်ပေးရင်း ရပ်ရွာအကျိုးသယ်ပိုးပြီး ဘ၀ကိုရိုးရှင်းစွာဖြတ်သန်းလာခဲ့ပါတယ်။ ဒီလိုနဲ့ ၁၆ နှစ်တာကွဲကွာနေတဲ့ အဖေနဲ့သမီးနှစ်ယောက် ပြန်ဆုံသွားတဲ့အချိန်မှာ သူတို့နှစ်ယောက်လုံးရဲ့ဘ၀တွေ တစ်ဆစ်ချိုးပြောင်းလဲဖို့ရာအကြောင်းဖန်လာပါတော့တယ်။ အမျိုးအစားကို Comedy/Sport လို့ခေါင်းစဉ်တပ်ထားပေမဲ့ ကျွန်တော်ကတော့ ဟာသနဲ့ အားကစားကို အချိုးညီညီရောစပ်ထားတဲ့ ဒရာမာရုပ်ရှင်ကောင်းလေးလို့မြင်ပါတယ်။ ဒီရုပ်ရှင်ကို စိတ်အပန်းဖြေနေတဲ့သူတွေ၊ ပင်လယ် နဲ့ ကျေးလက်အလှတွေကိုခံစားချင်တဲ့သူတွေအတွက် အထူးသင့်တော်ပြီး အဖေနဲ့သမီးအကြားက နွေးထွေးတဲ့ချစ်ခြင်းအပြင် ပင်လယ်ကမ်း‌ခြေရွာလေးထဲက ချစ်စရာဇာတ်ကောင်တွေနဲ့ မက္က‌ဆီကန်ရိုးရာယဉ်ကျေးမှုတွေကိုလည်း တစေ့တစောင်းမြင်တွေ့ရမှာဖြစ်တာကြောင့် မြည်းစမ်းကြည့်ရှုဖို့ရာ မမှားတဲ့ရုပ်ရှင်လေးဖြစ်ကြောင်း ညွှန်းဆိုပေးလိုက်ပါတယ်။ File size…(1.9 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:42:00 Genre… Comedy, Drama, Sport Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

5.9 2023 103 mins
Gringa
Juna Furniture
7

Juna Furniture (2024) အမေ့လျော့ခံ အာဃာတ Genre – Drama IMDB – 7.8/10 ဇာတ်လမ်း၊ ဇာတ်ညွန်း၊ ဒါရိုက်တာနဲ့ ဇာတ်ဆောင်နေရာအားလုံးကို မင်းသားကြီး Mahesh Manjrekar တစ်ယောက်တည်းတာဝန်ယူ ရိုက်ကူးဖော်ဆောင်ထားတဲ့ အသစ်ထွက် အိန္ဒိယဒရမ်မာကားကောင်းလေးဖြစ်ပါတယ်။ ဂိုဗင်ပတ်သာခ်ဆိုတဲ့ အသက် ၇၀ အရွယ် ဘဲကြီးဟာ ဇနီးဖြစ်သူနဲ့ လင်မယားနှစ်ယောက်တည်း အေးအေးဆေးဆေး ဖြတ်သန်းနေလျက်ရှိပါတယ်။ ရပ်ကွက်ထဲမှာလည်း မတရားတာမြင်ရင် မနေနိုင်ပဲ ဝင်ဝင်ပါမိလို့ ရပ်ကွက်ဇိုးလေးတွေနဲ့လည်း မကြာခဏ နောင်ဂျိန်ပလေးရသူပါ။ မဟုတ်မခံလူမှန်ကြီးတစ်ယောက် ဆိုပါစို့။ သားဖြစ်သူကတော့ နေရာကောင်းရထားတဲ့ အစိုးရအရာရှိဖြစ်ပြီး ချမ်းသာတဲ့ လုပ်ငန်းရှင်ရဲ့သမီးနဲ့ လက်ထပ်ထားပြီး ယောက္ခမဖြစ်သူနဲ့ အဆင်ပြေပြေရှိပြီး သူတိုနဲ့သာ အတူတူနေထိုင်တာပါ။ မိဘရင်းတွေဆီလည်း သိပ်မတွေ့ဖြစ်ပဲ ငွေရေးကြေးရေးလောက်သာ ထောက်ပံ့ထားသူပေါ့။ တစ်ရက်ကျ ဖခင်ဖြစ်သူဆီကို လစဉ်ငွေပို့ဖို့ မေ့ပြီး နောက်ကျတာတွေရယ် ရေပေါ်ဆီဘဝမှာ သာယာယစ်မူးနေပြီး မပေါ့ဆအပ်တာတွေ ဖြစ်သွားတဲ့အခါ ဖြစ်ရပ်ဆိုးတစ်ခု ဖြစ်လာပြီး သားအဖရင်းနှစ်ယောက်ကြား အာဃာတမီးတောက်တစ်ခု ပေါ်ထွန်းလာတဲ့အခါမှာတော့…..။ ရုပ်ဝါဒီတွေ ကြီးစိုးနေတဲ့ လူ့အသိုင်းအဝန်းမှာ သားသမီးတွေရဲ့ လျစ်လျူရှုမှု ခံရတဲ့ သက်ကြီးရွယ်အိုမိဘတွေရဲ့ဖြစ်ပေါ်လာတဲ့ ပြဿနာ အကျပ်အတည်းဒုက္ခတွေကို မီးမောင်းထိုးပြပေးထားတဲ့ ပညာပေးကားကောင်းလေးပဲ ဖြစ်ပါတယ်လို့ နိဂုံးချုပ်လိုက်ပါစေဗျာ။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်)

7 2024
Juna Furniture
Big Project
5.7

CM ကနေ ဒီတစ်ခါတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ ပေါ့ပေါ့ပါးပါးနဲ့ ဟာသရသမြောက်တဲ့ ရုပ်ရှင်လေးပဲဖြစ်ပါတယ် ဇာတ်လမ်းလေးကိုပြောပြရမယ်ဆိုရင် ရုပ်ရှင်တွေကို ဖြစ်ကတတ်ဆန်း ရိုက်ကူးလာတဲ့ခေတ်ကြီးထဲမှာ အစ်ကိုဝမ်နဲ့ ဒါရိုက်တာဟွမ်တို့က ဆန်းသစ်တီထွင်မှုတွေနဲ့ ရိုက်ကူးချင်ကြသော်လည်း စမ်းသပ်ကြည့်ဖို့ ဘက်ဂျက်ကရှိမနေပြန်ပါဘူး အဲ့လိုနဲ့တစ်နေ့မှာ ပရောဂျက်ကြီး တစ်ခုကို ရိုက်ကူးဖို့ နမူနာကို ထုတ်လုပ်သူထံပို့ပေးဖို့ သွားရောက်ရိုက်ကူးချိန်မှာတော့ ရတနာပုလဲကို ခိုးယူထားပြီး လူကိုပြန်ပေးဆွဲလာတဲ့ ဓါးပြနဲ့ဆုံပါလေရော ဖြစ်ချင်တော့ သူတို့ရိုက်ကူးမယ့်ကားကလည်း ပြန်ပေးဆွဲငွေညှစ်တဲ့ကား‌ဖြစ်နေပြန်ရော ယွမ်သိန်း100 တန်ဖိုးရှိတဲ့ပုလဲကို သူတို့လည်း ဘက်ဂျက်ရတယ်ဆိုပြီး အဲ့ဒီဓါးပြနဲ့ဝင်ရောလိုက်ပါတော့တယ် အဲ့တော့ နောက်ပိုင်းဘာတွေဆက်ဖြစ်မှာလဲဆိုတာကို ဟာသအနှောလေးနဲ့ ရိုက်ကူးတင်ဆက်ထားတာ ဖြစ်ဖို့ စိတ်အပန်း‌ဖြေကြည့်ရှုချင်သူတွေအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်

5.7 2024
Big Project
Two Scoops of Italy

မိတ်ဆွေတစ်ဦးရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့စားသောက်ဆိုင်ဖွင့်ထား အမေရိကန်စားဖိုမှူးမလေးတစ်ဦးဟာ သူ့ရဲ့ဆိုင်ကို အောင်မြင်အောင်လုပ်ဖို့ရာအတွက် လူတွေ အကြိုက်တွေ့စေမယ့် မီနူးတစ်ခုဖန်တီးဖို့ လိုလာပါတယ်။ သူဟာ အကြံဉာဏ်အသစ်တွေရအောင် အီတလီနိုင်ငံကျေးလက်ဒေသကို ခရီးထွက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အီတလီနိုင်ငံရဲ့ အစားအသောက်အရသာတွေ၊ ယဥ်ကျေးမှုတွေ၊ ရေခဲမုန့်တွေကို အကြိုက်တွေ့သွားအောင် ကူညီပေးတဲ့ အီတလီအမျိုးသားနဲ့ ချစ်ကျွမ်းဝင်သွားတဲ့ အမေရိကန်မလေးရဲ့ အချစ်ဇာတ်လမ်းဖြစ်ပါတယ် File size…(1.5 GB)/(895 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:20:00 Genre… Romance, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Kaung San

0 2024
Two Scoops of Italy
American Reunion American Pie 4
6.7

American Pie ဇာတ်ကားတွေဆိုတာနဲ့ အူတက်အောင် ရယ်နေရတဲ့ ကျောင်းသားဟာသ အခွီကားတွေမှန်း သိကြမှာပါ။ ဒါပေမယ့် အဲ့လိုဟာသက်သက် အပြောင်အပျက်ဇာတ်ကားတွေမဟုတ်ဘဲ သူ့မှာ တခြားအဓိပ္ပါယ်ရှိတဲ့ ချစ်ခြင်းမေတ္တာ နွေးထွေးမှုတွေအကြောင်း အများကြီးပါဝင်နေပါတယ်။ ဒါကို ရှင်းပြဖို့ဆို American Pie ဇာတ်ကားတွေကို အပိုင်း (၂)ပိုင်းနဲ့ ရှင်းပြဖို့လိုပါတယ်။ American Pie ရဲ့ Original မူလဇာတ်ကြောင်းက ဇာတ်ကား (၄) ကားပဲရှိတယ်။ – American Pie (1999) – American Pie 2 (2001) – American Wedding (2003) – American Reunion (2012) ဒီရုပ်ရှင်ကား ၄ ကားသာလျင် သရုပ်ဆောင်တွေရော ဇာတ်လမ်းရောက တဆက်တည်းဖြစ်ပါတယ်။ လူငယ်သဘာဝ လူပျိုဖော်ဝင်စ အပျိုဖော်ဝင်စ ပြသနာတွေနဲ့ ကျောင်းသားဟာသတွေကို အစပြုထားပြီးတော့ သူငယ်ချင်းတွေကြားက ခင်မင်မှုတွေ၊ ချစ်သူတွေကြားက ကြင်နာယုယမှုတွေ၊ မိသားစုတွေကြားက နွေးထွေးတဲ့မေတ္တာတွေကို အဓိကထားတင်ဆက်ထားတာမလို့ ရယ်လဲရယ်နေရသလို နွေးထွေးတဲ့ ချစ်ခြင်းမေတ္တာတွေအကြောင်းကိုလဲ ခံစားမိစေမှာပါ။ ဒီရုပ်ရှင်ကား ၄ ကားစလုံးရဲ့ ကုန်ကျစရိတ်က Budget $147 million ခန့်သာရှိခဲ့ပေမယ့် ရုံတင်ဝင်ငွေ Box office $989.5 million ပြန်ရတဲ့ထိ အောင်မြင်ခဲ့ပြီး Rating တွေလဲ ထိုက်သင့်သလောက်ကောင်းမွန်ခဲ့သလို ဝေဖန်ရေးဆရာတွေလဲ အကြိုက်တွေ့ခဲ့ကြတဲ့ ဇာတ်ကားတွေဖြစ်ပါတယ်။ နောက်တပိုင်းကတော့ American Pie ရဲ့ Spin-off ဇာတ်ကားတွေဖြစ်တဲ့ American Pie Presents ဇာတ်ကားတွေပါ။ – American Pie Presents: Band Camp (2005) – American Pie Presents: The Naked Mile (2006) – American Pie Presents: Beta House (2007) – American Pie Presents: The Book of Love (2009) – American Pie Presents: Girls’ Rules (2020) ဒီ American Pie Presents ဇာတ်ကားတွေကတော့ ဇာတ်လမ်းတွေ ဆက်စပ်မှုသိပ်မရှိတော့ဘဲ ဆယ်ကျော်သက် ပါတီတွေ၊ နောက်ပြောင်မှုတွေ၊ လိင်မှုဆိုင်ရာ ဟာသတွေကိုသာ အသားပေး တင်ဆက်ထားပါတယ်။ မူလဇာတ်ကြောင်းထဲက Jim ရဲ့ အဖေဖြစ်သူနဲ့ Stifler ရဲ့မိသားစုကိုသာ အခြေခံထားပြီး Stifler ရဲ့ညီဝမ်းကွဲတွေက အဓိကဇာတ်ကောင်အဖြစ်ပါဝင်သွားပါတယ်။ ဒီ American Pie Presents ဇာတ်ကားတွေကတော့ direct-to-video(DVD)လိုအဖြစ်သာ ရိုက်ကူးထားတာဖြစ်လို့ Rating တွေလဲ သိပ်မကောင်းခဲ့ဘဲ ကျောင်းသားဟာသဇာတ်ကားတွေအဖြစ်သာ ကြည့်ရှုကြရမှာဖြစ်ပါတယ်။ +++++++++++++++ American Reunion (2012) American Pie 4 IMDb Rating (6.7) ဒီကားကတော့ American Pie 4 လို့ တနည်းအားဖြင့်ခေါ်ရမှာဖြစ်ပြီး မူလဇာတ်လမ်းရဲ့ အဆုံးပိတ်ရုပ်ရှင်ကားဖြစ်ပါတယ်။ American Reunion ဆိုတဲ့အတိုင်း Jim,Kevin,Oz,Finch,Stifler တို့ ၉၉ ကျောင်းသားအုပ်စုတွေ နှစ်ပေါင်းများစွာအကြာမှာ တဖန်ပြန်တွေ့ကြမယ့်ပွဲပါ။ 1999 ခုနှစ်က အထက်တန်းကျောင်းသားတွေအဖြစ်နဲ့ ပျော်ရွှင်ကြည်နူးခဲ့ကြတဲ့ သူတို့အုပ်စု ဆယ်စုနှစ်တခုကျော်အကြာ ၂၀၁၂ မှာ ဘာတွေဖြစ်နေကြပြီလဲ အထက်တန်းကျောင်းတုန်းက ကျောင်းမှတ်တမ်းစာအုပ်မှာ အသီးသီးရေးထားခဲ့ကြတဲ့ သူတို့ရဲ့ရည်မှန်းချက်တွေ ခုချိန်မှာ ဖြစ်တည်နေကြပြီလား လူ့ဘဝကြီးမှာ တခါတလေ လှောင်ရယ်ချင်စရာကောင်းတာက မှန်းထားတာနဲ့ ဖြစ်နေကြတာတွေက တလွဲစီတွေ ဖြစ်နေတတ်ကြတာမျိုးပဲမလား ဖြူစင်တဲ့ကလေးဘဝကိုကျော်ဖြတ်ပြီးသွားကြတဲ့ Jim တို့အုပ်စု ဘယ်လိုအနေအထားတွေနဲ့ ပြန်ဆုံကြမလဲ… သူတို့ချစ်သူရည်းစားတွေနဲ့ရော ဘယ်သူတွေက တည်တံ့ခိုင်မြဲနေပြီလဲ ပြောရရင် American Pie ဇာတ်လမ်းတခုလုံးကို ဒီ American Reunion က အကောင်းဆုံးပိတ်သိမ်းပေးနိုင်ခဲ့ပါတယ်။ Jim တို့ ၉၉ ကျောင်းသားအုပ်စုရဲ့ သူငယ်ချင်းသံယောဇဉ်တွေ မိသားစုမေတ္တာတွေ ဖြူစင်မှုတွေကို အကောင်းဆုံးချပြပိတ်သိမ်းနိုင်ခဲ့ပြီး ဒီ American Reunion ဇာတ်ကားကြောင့်ပဲ ရှေ့က ၃ ကားလုံးက ပိုပြီး တောင်ပြောင်သွားစေတယ်လို့ ရဲရဲကြီး ပြောချင်ပါတယ်။ ဘာဆင်ဆာမှမဖြတ်ထားတဲ့ Unrated Version ကို တင်ဆက်ထားပြီး CM အနေနဲ့ မြန်မာစာတန်းထိုးကိုလဲ ယခင်ကထက်ပိုမိုကောင်းမွန်အောင် ပြင်ဆင်ပေးထားပါတယ်။ (American Pie ဇာတ်ကားတွေက အဖော်အချွတ်ခန်းတွေနဲ့ အပြောအဆိုတချို့ကြောင့် R-Rated အဆင့်ဖြစ်ပြီး မိသားစုနဲ့ကြည့်လို့မရပါဘူး။)

Thriller • Crime • Mystery
6.7 2012 113 mins
American Reunion American Pie 4
Catching Dust
6.1

IMDb (6.1)/ Rotten Tomatoes (75%) အထီးကျန်မှုကို ကျတော်တို ဘယ်လိုဖြေဖျောက်ကြပါသလဲ။ ခင်ပွန်းသည်ရဲ့ မျက်စိဒေါက်ထောက် ကြည့်နေတာကို ခံနေရတဲ့ အထီးကျန် ဇနီးသည်တစ်ယောက်ဟာ ကျွန်တော်တို ကိုယ်တိုင် ဆိုရင်ကော။ ကျွန်တော်တိုရဲ့ ချစ်ခြင်းမေတ္တာကို သက်ဆိုင်သူတွေ မြင်အောင်ကော ကျွန်တော်တို ပြတတ်ကြပါရဲ့လား။ အစစအရာရာ ထိမ်းချူပ်လွန်းတဲ့ ခင်ပွန်းကို စိတ်ပျက်နေတဲ့ တက်ဆက်ပြည်နယ် တောချောင်ကလောင်က ဇနီးသည်တစ်ဦး။ နယူးယောက်မြိုကြီးကနေ အဲ့ဒီတောနယ်ကို ဆိုင်းမဆင့်ဘုံမဆင့် ပြောင်းလာတဲ့ မြိုကြီးသား လင်မယား။ ဒီလူလေးဦးကြားမှာ ဘာလျှိဝှက်ချက်တွေ ရှိနေသလဲ။ ဇာတ်ကား တစ်ခုလုံး ဘာဆက်ဖြစ်မလဲ ကော်ဖီသောက်စရာမလိုပဲ ရင်တစ်သိမ့်သိမ့်တုန်အောင် စောင့်ကြည့်ရမယ့် thriller ဇာတ်ကား အမျိုးအစားဖြစ်ပါတယ်။ The Boys ပရိသတ်တွေ အသည်းစွဲ မင်းသမီးချော Erin Moriarty ရဲ့ သရုပ်ဆောင်ချက်တွေကို စီးမျှောရမှာပါ။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Lazum David ဖြစ်ပါတယ်) File size… (1.49GB) / (704MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 36m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lazum David

Comedy • Music • Romance • Drama
6.1 2024 96 mins
Catching Dust
The Witch The VVitch: A New-England Folktale
6.9

The Witch (2015) IMDb Rating (7.0) / Rotten Tomatoes (91%) ၁၇ ရာစု New England မှာ ဇာတ်တည်ထားပြီး ပူရီတန်ဘာသာဝင် မိသားစုတစ်စုဟာ နေထိုင်လျက်ရှိတဲ့ လူ့အသိုင်းအဝန်းနဲ့ ဘာသာရေး ပဋိပက္ခတစ်ခု ဖြစ်ပြီး ပြည်နှင်ဒဏ်ပေးခံလိုက်ရတဲ့အတွက် တခြားလူသူမရှိတဲ့ တောစပ်နံဘေးမှာ သွားပြီး စိုက်ပျိုးရေးလုပ်စားကြပါတယ်။ ဒီမိသားစုမှာ အဖေအမေအပြင် သမီးကြီးတစ်ယောက်ရယ် သူ့အောက်က ၁၀ နှစ်ကျော် သားတစ်ယောက်ရယ် အမွှာမောင်နှမနှစ်ယောက်ရယ် မွေးကင်းစလေးတစ်ယောက်ရယ် ရှိပါကြပါတယ်။ လူတွေနဲ့ဝေးရာကို ရောက်လာလို့ အေးအေးချမ်းချမ်းနဲ့ လယ်လုပ်စားမယ်ဆိုမှ ဒီမိသားစုအပေါ် ကြမ္မာဆိုး စတင်ဝင်ရောက်လာပါတော့တယ်။ သမီးကြီးက မွေးကင်းစလေးနဲ့ တူတူရေဝါး ဆော့နေတုန်း အသားလွတ် မျက်စိတမှိတ်အတွင်း ပျောက်သွားတာတွေ၊ မိခင်ဖြစ်သူရဲ့ အမွေအနှစ်ငွေခွက် ပျောက်တာတွေ၊ အမွှာနှစ်ယောက်က အစ်မကြီးဖြစ်သူကို စုန်းမလို့ စွပ်စွဲတာတွေ၊ တောထဲကို မသွားရဘူးပြောတာကို သွားခဲ့တဲ့ သားကြီးကရော ဘာတွေဖြစ်မလဲ စသဖြင့် ခြောက်လှန့်မှုတွေကို ရှုစားရမှာ ဖြစ်ပါတယ်။ မင်းသမီးချောလေး Anya Taylor-Joy လည်း ပါဝင်ထားပြီး ဒါရိုက်တာကလည်း မကြာသေးခင်က ထွက်ရှိထားတဲ့ Nosferatu ကားတို့ Robert Pattinson ပါဝင်တဲ့ Light house တို့ကို ရိုက်ကူးထားတဲ့ Robert Eggers ဖြစ်ပါတယ်။ ဒီ ဒါရိုက်တာရဲ့ Horror စတိုင်ကတော့ တခြားသရဲကားတွေလို မဟုတ်ပဲ တစိမ့်စိမ့်ကြည့်ရင်းနဲ့မှ ကျောချမ်းလာစေတဲ့ စတိုင်မျိုးပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Na Ei ဖြစ်ပါတယ်။) File size…(2.9 GB) / (920 MB) / (650 MB) Quality….Blu-Ray 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Horror,Mystery Duration….01:33:09 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Na Ei

6.9 2015 92 mins
The Witch The VVitch: A New-England Folktale
Arzé
7

Arzé (2024) IMDb Rating (7.0) အလုပ်အကိုင်မရှိ မငြိမ်သက်နေတဲ့ ဗီဇာယူပြီးနိုင်ငံထဲက ပြေးတဲ့လူတွေကပြေး မပြေးနိုင်တဲ့လူတွေက ကျန်နေတဲ့နိုင်ငံကြီးထဲက အဖြစ်သနစ်တွေအကြောင်းပေါ့။ ဒီနိုင်ငံမှာ ပြေးသွားတဲ့လူတွေရဲ့ ကျန်ရစ်သူတွေလည်း တော်တော်များတယ်။ ဒီရုပ်ရှင်ဟာ ကျန်ရစ်ခဲ့သူတွေရဲ့ အခက်အခဲတွေအကြောင်းလို့ပြောလို့ရတယ်။ လင်မရှိတော့သူတွေ အဖေမရှိတော့သူတွေ သူတို့ဘဝကြီးကို မပြေလည်မှုများစွာနိုင်ငံကြီးမှာ ခက်ခက်ခဲခဲဖြတ်သန်းနေရတဲ့အကြောင်းပေါ့။ ဒီရုပ်ရှင်က အဓိကဇာတ်ကောင်က တစ်ပြည်ခြားပြေးသွားတဲ့ ယောက်ျားရဲ့ သားတစ်ယောက်နဲ့ ကျန်ရစ်ခဲ့တဲ့ဇနီးပေါ့။ သူ့သားလေးရယ် အဖမ်းခံလိုက်ရပြီး လင်သေသွားတဲ့အစ်မရယ် သူရယ် ခက်ခက်ခဲခဲရှင်သန်နေကြတယ်။ သူကမုန့်လုပ် သူ့သားလေးက မုန့်ပို့ပေါ့။ ဒီလိုနဲ့ မုန့်ပို့လို့ အဆင်ပြေအောင်ဆိုပြီး ဆိုင်ကယ်လေးတစ်စီး ရှိသမျှအကုန်ပုံအောပြီး ဝယ်လိုက်တယ်။ တစ်ပူပေါ် နှစ်ပူဆင့်ဆိုသလို ကောင်းရောင်းကောင်းဝယ်လုပ်စားရာကနေ မုန့်ပို့တဲ့ ဆိုင်ကယ်လေး အခိုးခံလိုက်ရတယ်။ မငြိမ်သက်နေတဲ့နိုင်ငံဆိုတော့ သူခိုးတွေလည်းပေါ ရဲတွေကလည်း မလိုက်နိုင်။ ဆိုင်ကယ်ပျောက်လိုက်ရှာရင်း ပင်လယ်ဝေတဲ့အကြောင်းပါပဲ။ နီးနီးစပ်စပ်လေးဆိုတော့ ထိထိမိမိဖြစ်မယ့်ပုံပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(2.8 GB) / (940 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Drama Duration….01:32:18 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

Comedy • Family
7 2024 93 mins
Arzé