YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Bodyguard 3 (2025) 1080p WEB-DL AAC2.0-CM.mkv

1.5 GB N/A video/x-matroska 190 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Street Fighter
4.5

ဗန်ဒိန်းဆိုတာနဲ့ ကျွန်တော်တို့ ငယ်ဘဝကကြည့်နေကျ အက်ရှင်မင်းသားကြီးဆိုတာ အမှတ်ရနေကြမှာပါ... Street Fighter ဆိုတဲ့ ဒီဇာတ်လမ်းလေးမှာတော့ ဗန်ဒိန်းက Col. Guile အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ် အာရှတစ်လွှားမှာ သူသတ်အကြမ်းဖက်လုယက်နေတဲ့ အာဏာရူး General Bisonဟာ မဟာမိတ်ညွှန့်အပေါင်းအဖွဲ့က စေတနာဝန်ထမ်၆၀ကျော်ကို ပြန်ပေးဆွဲသွားကာ လျော်ကြေးငွေ ၂၀ဘီလီယံတောင်းဆိုလာတဲ့အခါ ဗန်ဒိန်းတို့ မဟာမိတ်တပ်တွေက ဝင်ရောက်တိုက်ခိုက်ဖို့ဖြစ်လာပါတော့တယ်... ဒါတင်မကသေးဘဲ ဘိုင်ဆန့်လက်ချက်ကြောင့် ဒုက္ခရောက်ခဲ့ရသူအပေါင်းကလည်း လက်စားချေတုံ့ပြန်ဖို့ ကြံစည်လာတဲ့အခါ.... တချိန်က ဗန်ဒိန်းကားတွေကို ကြည့်ခဲ့ဖူးသူဆိုရင်တော့ ဒီဇာတ်လမ်းလေးက ငယ်ဘဝကိုလည်း ပြန်ပြောင်းသတိရစေမှာပါ Action ကြိုက်တဲ့သူတွေ့အဖို့လည်း အကြိုက်တွေ့စေမယ့် ဇာတ်ကားလေး တစ်ကားမို့တင်ဆက်ပေးလိုက်ပါတယ် ။ ( ဘာသာပြန်ပြီး အညွှန်း‌ရေးသားထားသူကတော့ Tun Aung Kyaw ပါ ) File Size__(2GB) / (1.1GB) Quality__Bluray_1080p, 720p IMDb Rating__5/10 Format__mp4 Duration__01:42:00 Type__Action, Adventure, Comedy Subtitle__Myanmar Subtitle (Hardsub) Translated by Tun Aung Kyaw Encoded by Naing Aung Latt

Comedy • Family
4.5 1994 102 mins
Street Fighter
Christmas Carol
5.8

GOT7 အဖွဲ့၀င် မင်းသားချောလေး Park Jin-young ရဲ့ မကြာခင်ကမှ ရုံတင်ပြသထားတဲ့ movie လေးလာပါပြီ။ ဒီဇာတ်ကားထဲမှာ Jin-young က လုံး၀မတူညီတဲ့ ကာရိုက်တာနှစ်ခုကို နှစ်ကိုယ်ခွဲ သရုပ်ဆောင်ထားပြီး သရုပ်ဆောင်ချက်တွေကလည်း တအားမိုက်လို့ တကယ်ကို ကြည့်သင့်တဲ့ကားလေးလို့ ညွှန်းချင်ပါတယ်။ ဒီနေ့လို ခရစ္စမတ်အကြိုနေ့လေးမှာ ခရစ္စမတ်အကြောင်းပါ၀င်နေတဲ့ ဇာတ်ကားလေးကို ကြည့်ရတော့ အမှတ်တရလည်းဖြစ်တာပေါ့။ ဇာတ်လမ်းအကျဉ်း ... ဂျူအီးဝူနဲ့ ဂျူဝေါဝူတို့ဟာ အမြွှာညီအစ်ကိုတွေဖြစ်ကြပြီး ခရစ္စမတ်နံနက်ခင်းမှာ ညီဖြစ်သူ ဝေါဝူကို သေလျက်သား တွေ့ရှိခဲ့ရတယ်။ ရိုးရိုးရှင်းရှင်းမတော်တဆမှုကြောင့်ဆိုပြီး အမှုပိတ်လိုက်ပေမဲ့ အစ်ကိုဖြစ်သူ အီးဝူဟာ ဒါကိုလက်မခံနိုင်ခဲ့ဘူး။ အဲဒါကြောင့် သူ့ညီရဲ့ သေဆုံးမှုကို ကိုယ်တိုင်စုံစမ်းဖော်ထုတ်ပြီး ပါဝင်ပတ်သက်နေသူ ဖုံးကွယ်ပေးသူအားလုံးကို လက်စားချေဖို့ စိတ်ဆုံးဖြတ်လိုက်တယ်။ အီးဝူမှာရှိနေတဲ့ သဲလွန်စက ဝေါဝူနဲ့ နောက်ဆုံးဖုန်းပြောတုန်းက ဖုန်းထဲကနေ ကြားလိုက်ရတဲ့အသံတစ်ခုတည်းသာပါ။ ဒါပေမဲ့လည်း ညီဖြစ်သူအတွက် တရားမျှတမှု ဖော်ဆောင်ဖို့နဲ့ တရားခံကိုရှာဖို့အတွက် အီးဝူတစ်ယောက် ကြိုးစားစုံစမ်းရင်းကနေမှ လူငယ်ထိန်းသိမ်းရေးစခန်းကို ရည်ရွယ်ချက်ရှိရှိ၀င်သွားတဲ့အခါမှာတော့ ... (ဇာတ်လမ်းအညွှန်းကို ကို Hnin က ရေးပေးထားပါတယ်။) File Size          : 1.5GB, 560MB, 283MB Quality            : 1080p WEB-DL, 720p WEB-DL, 480p Format            : mp4 Duration         : 2hr 11mins Genre              : Thriller Translated by Hnin, Tiff & Miri Encoded by Kinnov

Comedy
5.8 2022 131 mins
Christmas Carol
Patriot Games
6.7

Patriot Games (1992) ~ IMDb - 6.8/10, Rotten Tomatoes - 72% ~ ဒီဇာတ်ကားက​တော့ Jack Ryan Franchise ရဲ့ ဒုတိယကားဖြစ်ပြီး ပထမကားအပြီး နှစ်နှစ်အကြာ ၁၉၉၂မှာ ထွက်ရှိခဲ့တာပါ။ ဒီကားရဲ့ Jack နေရာမှာတော့ မင်းသားကြီး Harrison Ford က သရုပ်​​ဆောင်ထားသလို ပါတိုင်း​သေ မင်းသားကြီး Sean Bean နဲ့ အချစ်​တော်ကြီး Samuel L. Jackson တို့ ပါဝင်လို့ Cast List နဲ့တင် ရှိန်​​လောက်တဲ့ကားပါ။ အိုင်းရစ်ရီပတ်ဘလစ်တပ်မ​တော်လို့ ​ခေါ်တဲ့ IRA က ဗြိတိန်ကျွန်းစုရဲ့ အင်အားကြီးသူပုန်အဖွဲ့ဖြစ်ပြီး ​မြောက်အိုင်ယာလန်ကို ဗြိတိန်​တွေရဲ့လက်​အောက်က ခွဲထွက်ဖို့ ကြိုးစား​နေတဲ့အဖွဲ့ကြီးပါ။ ဒီဇာတ်ကားမှာ IRA က ​အိုင်ယာလန်ဘုရင်ခံဖြစ်လာမယ့် ဗြိတိန်မင်းသားကိုလုပ်ကြံဖို့ ကြိုးစားခဲ့​ပေမဲ့ မ​​အောင်မြင်ခဲ့ပါဘူး။ သူတို့ကို တားဆီးခဲ့တဲ့သူက တခြားသူမဟုတ်ဘဲ ဇာတ်လိုက်​ကျော်ကြီး ဂျက်ရိုင်ယန်ပါပဲ။ ဒါ​ပေမဲ့ လုပ်ကြံမှုကိုတားဆီးရင်း IRA တပ်သားတစ်ဦးဖြစ်တဲ့ ရှောင်ရဲ့ ညီကို ဂျက်တစ်​ယောက် သတ်မိခဲ့ပါတယ်။ ညီဖြစ်သူ​သေဆုံးသွားလို့ အခဲမ​ကျေတဲ့ ​ရှောင်က မူလမစ်ရှင်ဖြစ်တဲ့ ဗြိတိန်မင်းသားကို​တောင် ဂရုမစိုက်​တော့ဘဲ အ​မေရိကန်အထိလိုက်ပြီး ဂျက်နဲ့ သူ့ရဲ့မိသားစုကို လိုက်လံသတ်ဖြတ်ဖို့ ကြိုးစားပါ​တော့တယ်။ IRA အဖွဲ့ဝင်ရဲ့ အငြိုးကိုခံလိုက်ရတဲ့ ဂျက်အ​နေနဲ့ သူ့မိသားစုကို အသက်​ဘေးက ကာကွယ်ဖို့ ဘယ်​လောက်ထိ ကြိုးပမ်းသွားရမလဲဆိုတာ ဒီဇာတ်ကားမှာ ကြည့်ရှူခံစားရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို X မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 775MB Quality - 1080p, 720p IMDb Rating - 6.8/10 Format - mp4 Duration - 1H 57Min Genre - Action, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by X Encoded by Y

Drama • Mystery
6.7 1992 117 mins
Patriot Games
Guermantes
5.6

Guermantes (2021) =============== စကားပြောဖော်မရှိလို့ တစ်ယောက်တည်း ပျင်းနေရပါတယ်ဆိုတဲ့ သူတွေအတွက် ပျင်းချိန်မရှိလိုက်အောင်ကို ပေါက်ပေါက်ဖောက်ပေးမယ့် ဟာသဇာတ်ကားလေးလာပါပြီ။ အရင်ဆုံး စိတ်ကိုတည်ငြိမ်အောင်ထားပြီးမှ ကြည့်ပါ။ မဟုတ်ရင် ဟာသကားကြည့်ရင်း ထစိတ်တိုရတဲ့အဖြစ်တွေ ပေါ်လာနိုင်ပါတယ်။ ဤကားအရိုးရှင်းဆုံး အညွှန်းဖြစ်၏။ ကဲ ဇာတ်လမ်းအကြောင်းလေး ဆက်ရရင်ဖြင့် ဒီကားက ပြင်သစ်ဟာသ ကားလေးပါ။ ကော်မီဒီ-ဖရန်စီ လို့ခေါ်တဲ့ ပြဇာတ်အဖွဲ့တစ်ဖွဲ့ဟာ ရှိုးပွဲအတွက် ရီဟာဇယ်လေ့ကျင့်နေကြရင်း ရုတ်တရက် ရှိုးပွဲကို ဖျက်သိမ်းလိုက်ကြောင်း ကြေညာခံလိုက်ရပါတယ်။ အဲဒီမှာပဲ ရှိုးကနေ နှုတ်ထွက်မယ့်သူတွေ၊ ဘာလုပ် ရမလဲမသိ လမ်းပျောက်ကုန်တဲ့သူတွေ နဲ့ ဆက်လေ့ကျင့်ချင်တဲ့သူတွေဆိုပြီး အဖွဲ့တွေကွဲကုန်တာပေါ့။ ရှိုးရဲ့ဒါရိုက်တာကတော့ ရီဟာဇယ်ကိုဆက်လေ့ကျင့်စေချင်ပြီး ကိုယ့်အလုပ် ကိုယ်ဆက်လုပ်ဖို့ပဲ ပြောရာကနေ တစ်ယောက်တစ်ပေါက် ပေါက်ပေါက်ဖောက် ကြမယ့် ဇာတ်လမ်းစတင်လာပါတော့တယ်။ Plot twist တွေမပါဘဲ ရိုးရိုးရှင်းရှင်းနဲ့ ရယ်ရမယ့်ကားလေးဖြစ်တာမို့ အပန်းပြေ ကြည့်ချင်တဲ့သူတွေအတွက် သင့်တော်တဲ့ ဇာတ်ကားလေးတစ်ကားပါ။ သရုပ်ဆောင် ဆယ့်ခြောက်ယောက်တိတိကနေ သင့်ကို မနားတမ်း အဖော်ပြုပေးပါ လိမ့်မယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်)

Crime • Drama
5.6 2021
Guermantes
Charlotte
6.4

Charlotte (2021) ~ IMDb – 6.4/10, Rotten Tomatoes – 71% ~ Loving Vincent ဆိုတဲ့ အန်နီမေးရှင်းကားကိုမှ ဗန်ဂိုးရဲ့ ပန်းချီဟန်တွေနဲ့ ပေါင်းစပ်ထားတဲ့ ရုပ်ရှင်ကို သိကြမယ်ထင်ပါတယ်။ ဒီရုပ်ရှင်ဟာလည်း ထိုနည်းလည်းကောင်း ရုပ်ရှင်ပါ။ Charlotte လို့ခေါ်တဲ့ ဒုတိယကမ္ဘာစစ်ကာလတုန်းက ဂျာမန်ဂျူးအစပ် ပန်းချီဆရာမလေးရဲ့ ဂျာမန်တွေဒဏ်ကိုခံနေရတဲ့ကြားက မာစတာပိစ်လက်ရာတစ်ခုကို ဖန်တီးတဲ့အကြောင်းကို ရိုက်ပြထားတာပါ။ ကျွန်တော့်လို Loving Vincent ကို အသည်းစွဲကြိုက်တဲ့လူတွေတော့ ဒီရုပ်ရှင်ကိုလည်း သဘောကျကြမှာပါ။ Charlotte ဟာ သူ့မိသားစုရဲ့ ရင်နာစရာဇာတ်ကြောင်းကို ပန်းချီကားတစ်ထောင်ကျော်နဲ့ ပုံဖော်ရေးဆွဲခဲ့ပြီး “ဘဝလေလား ပြဇာတ်လေလား” လို့ ပန်းချီတစ်ထောင်ကျော်လုံးကို တစ်စုတည်းအဖြစ် သတ်မှတ် နာမည်ပေးလိုက်ပါတယ်။ အဲဒီပန်းချီကားစုကို ပထမဆုံး ဂရပ်ဖစ်နိုဗယ်အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ သူဟာ ပျော်စရာတွေထက် ဝေဒနာတွေက အနုပညာပိုစစ်တယ်လို့ ယူဆခဲ့ပြီး သူ့မိသားစုရဲ့ ဝေဒနာတွေကို ပန်းချီကားပေါင်းများစွာနဲ့ ပုံဖော်ခဲ့ပါတယ်။ ဒီပန်းချီတွေကို သူပန်းချီသေချာဆွဲတတ်စ နှောင်းပိုင်းကနေ တစ်သက်လုံးအားထုတ်ရေးဆွဲခဲ့တာပါ။ သူဟာ အသက် ၂၆အထိပဲ နေသွားရပေမယ့် ဒီကာလတိုတိုလေးအတွင်းမှာ ဒီပန်းချီကားပေါင်းများစွာကို မနားမနေအားထုတ်ရေးဆွဲသွားခဲ့တဲ့ အနုပညာရှင်ပါပဲ။ Keira Knightley က Charlotte အဖြစ် အသံသရုပ်ဆောင်ထားပါတယ်။ အနုပညာကိုချစ်ခြင်းဟာ အကောင်းဆုံးဘဝနေနည်းလို့ ဆိုခဲ့ကြပေမဲ့လဲ လက်တွေ့ဘဝမှာ အနုပညာချည်းသက်သက်ကို တွယ်ဖက်ပြီး ရှင်သန်ဖို့သာ အခက်ခဲဆုံးအရာတစ်ခုပါပဲ။ ဒီရုပ်ရှင်ဟာ ပန်းချီအနုပညာကို ချစ်ခဲ့တဲ့ ပန်းချီအနုပညာကို တွယ်ဖက်ခဲ့တဲ့ အမျိုးသမီးပန်းချီဆရာမတစ်ယောက်ရဲ့ ရင်နင့်စရာ ဖြစ်ရပ်မှန်ကို animation အနေနဲ့ အသက်သွင်းထားတဲ့ ရုပ်ရှင်ပါ။ ပန်းချီကိုချစ်တဲ့သူတွေ ကြည့်ကိုကြည့်သင့်တဲ့ ရုပ်ရှင်ဆိုလည်းဟုတ်ပါတယ်။ ရင်နင့်စရာကောင်းအောင် လှပတဲ့ရုပ်ရှင်လို့လည်း တစ်ချို့ကဆိုကြပါတယ်။ ဒီရုပ်ရှင်ဟာ ဟယ်ရီပေါ်တားရဲ့ Narcissa Malfoy, Peaky Blinder ရဲ့ Polly Gray တို့အဖြစ် သရုပ်ဆောင်ခဲ့ပြီး ပရိသတ်အချစ်ကိုရရှိခဲ့တဲ့ Helen McCrory ပါဝင်သရုပ်ဆောင်ခဲ့တဲ့ နောက်ဆုံးရုပ်ရှင်လည်းဟုတ်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီရုပ်ရှင်နဲ့ဟန်အတော်ဆင်တဲ့ ရုပ်ရှင်ဖြစ်တဲ့ Loving Vincent မှာလည်း Louise Chevalier အဖြစ် အသံသရုပ်ဆောင်ခဲ့သေးပါတယ်။ ကြွေသွားတဲ့ ကြယ်တစ်ပွင့်ရဲ့ နောက်ဆုံးရုပ်ရှင်အနေနဲ့လည်း ခံစားကြရမှာပါ။ ဘဝဟာ လူတိုင်းအတွက် ကောင်းခြင်းတွေပဲ ပေးမနေပါဘူး။ ဘဝဟာ ကိုယ့်ကို အမြဲတမ်းချစ်ပေးမနေပါဘူး။ အရေးကြီးတာကတော့ ကိုယ်က ဘဝကို ချစ်နေဖို့ပါပဲတဲ့။ ဒီရုပ်ရှင်ဟာ ဘယ်လိုအကြောင်းအရာလဲ စာတစ်ကြောင်းနဲ့ ဖော်ပြခိုင်းခဲ့ရင်တော့ ကျွန်တော်ပြောနိုင်တာက… ဒီရုပ်ရှင်ဟာ ကံဆိုးမိုးမှောင်တွေကြားမှာ ဘဝကိုချစ်ရင်း အနုပညာကိုချစ်ရင်း လောကဓံကို အစိမ်းလိုက်ရင်ဆိုင်ရဲခဲ့တဲ့ မိန်းကလေးတစ်ယောက်အကြောင်းပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.3GB, 540MB Quality – 1080p, 720p IMDb Rating – 6.4/10 Format – mp4 Duration – 1H 32Min Genre – Animation Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Animation • Comedy • Family • Science Fiction
6.4 2021 92 mins
Charlotte
Fools Rush In
6.1

Fools Rush In (1997) ပညာရှိစကားတစ်ခွန်း ကြားဖူးကြမလား။ အမိုက်အမဲတွေသာ အလျင်စလိုပြုတတ်ကြတယ် တဲ့။ အချစ်ကရော အလျင်စလိုပြုသင့်တဲ့အထဲမှာပါသလား။ အလျင်စလိုလုပ်ခြင်းက အမှားတစ်သိန်းကို ယူဆောင်လာနိုင်တယ်ဆိုရင် လျှပ်တပြက်အချစ်ကရော အမှားအယွင်းတစ်ခုလား။ အို… အချစ်ဆိုတာ အမှားတစ်ခုဆိုရင် ကျွန်တော်ဟာ အမှန်တရားကို အလိုမရှိပါဘူး။ အမှားကမ္ဘာထဲမှာ အချစ်နဲ့နေထိုင်ချင်တယ်။ အချစ်နဲ့တည်ဆောက်တဲ့နန်းတော်မှာ ချစ်သူရဲ့ ရယ်မောခြင်းတေးသံတွေ နားဆင်ချင်တယ်။ ချစ်ခြင်းမှာ သက်ဆင်းဖို့အခွင့်အရေးကို စစ်ခင်းလို့တောင် ယူလိုက်ချင်ပါရဲ့။ အခုတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့ အချစ်ကားလေးပါ။ အနုပညာသမား ကင်မရာကိုင်တဲ့ကောင်မလေးနဲ့ ဆောက်လုပ်ရေး ကွင်းဆင်းသမားကောင်လေးတစ်ယောက်ရဲ့ တစ်ညတာ ဖုတ်ဖက်ခါအချစ်ကနေ ကိုယ်ဝန်ရသွားတဲ့အခါမှာ ဇာတ်လမ်းစပါတယ်။ ယဉ်ကျေးမှုမတူ၊ အသိုင်းအဝန်းမတူ၊ အဆိုးဆုံးက ဘာသာမတူ (ဂိုဏ်းကွဲ) ဖြစ်လာတဲ့အခါ အချစ်ကို ပြဿနာတွေက ဖုံးလွှမ်းသွားတဲ့အဖြစ်ရယ်ပေါ့။ ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးလိုက်ကြပြီး ခြောက်ရက်အတွင်း လင်မယားပြတ်စဲမှုအရာရောက်မှာဖြစ်ပေမယ့် ခြောက်ရက်အတွင်းမှာပဲ အပြောင်းအလဲတွေဖြစ်လာတဲ့အခါ သိပ်ကိုလှပတဲ့ ချစ်ခြင်းရဲ့မောင်းနှင်မှုကို လူကြီးမင်းတို့ ရှုစားဖို့ရှိပါတယ်။ မင်းသားကြီးကတော့ Matthew Perry ပါ။ သူ့ရဲ့ ငယ်ရွယ်စဉ် ခံ့ညားတင့်တယ်မှုကို မြင်တွေ့ရဖို့ရှိပါတယ်။ မင်းသမီးကြီးကတော့ မသိသူ မရှိလောက်တဲ့ Salma Hayek ဖြစ်ပြီး သူ့ကို လောလောလတ်လတ် Puss in Boots 2 မှာ Kitty Softpaws အဖြစ် တွေ့မြင်ခဲ့ရမှာပါနော်။ သူတို့နှစ်ဦး ခေါင်းဆောင်တဲ့ ဒီအချစ်ကားလေးကို နွေလေရူးနဲ့အတူ ဆွေးဆွေးမြေ့မြေ့ ရှုစားလိုက်ကြပါဦးလို့။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.7GB, 780MB Quality – 1080p, 720p IMDb Rating – 6.1/10 Format – mp4 Duration – 1H 49Min Genre – Comedy, Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

6.1 1997
Fools Rush In
Closed School
5.6

Closed School (2019) ဒီတစ်ခါမိတ်ဆက်ပေးချင်တာကတော့ ကျောင်းတွင်းအနိုင်ကျင့်မှုကိုအခြေခံပြီးရိုက်ကူးထားတဲ့ Horror Movie ပဲဖြစ်ပါတယ် မီအုတ်နဲ့ယူရာဟာအချစ်ဆုံးသူငယ်ချင်းတွေဖြစ်ကြပြီး တစ်နေ့မှာတော့မီအုတ်ကိုလူတစ်စုက ကျောင်းတွင်းအနိုင်ကျင့်မှုတွေဆိုးဆိုးရွားရွားလုပ်ခံရတဲ့အခါ ဘာဆက်ဖြစ်မလဲ “မြန်မာစကားပုံ တွေထဲကအတိုင်း လူယုံသတ်လို့သေတယ်” ဆိုတဲ့စကားအတိုင်း ကိုယ်ကကြူးကိုယ်ဒူးတောင်မယုံသင့်ဘူးဆိုတာဒီဇာတ်ကားလေးကသက်သေပြသွားတာပါပဲ ဒါပေမယ့်အမှားဆိုတာလုပ်ထားရင်ပြန်ပေးဆပ်ရမှာ လောကရဲ့နိယာမပဲမို့ မီအုတ်ကိုအနိုင်ကျင့်တဲ့သူတွေရောသူတို့လုပ်ရပ်တွေအတိုင်းဘယ်လိုပြန်ပေးဆပ်ရမလဲဆိုတာကြည့်လိုက်ကြရအောင်နော် အညွှန်း နဲ့ ဘာသာပြန်ကတော့ Thae Thae ပဲ ဖြစ်ပါတယ်။ Genre….. Horror Quality…. 1080p | 720p File size… 674MB | 296MB Format… mp4 Duration…. 1h 21min Subtitle…. Myanmar Subtitle (Hardsub) Translator …..Thae Thae Encoder ….. Aaron

5.6 2019
Closed School
The Underdoggs

The Underdoggs (2024) =================== အမေရိကန်ရက်ပါ/မင်းသား Snoop Dogg ရဲ့ (၂၀၂၄)ခုနှစ်ထွက် ကားသစ်တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ သူ့ကားတွေ ကတော့ သိတဲ့အတိုင်း အသုံးခပ်ကြမ်းကြမ်းမို့ မိသားစုတို့ဘာတို့နဲ့ ကြည့်မယ်ဆိုရင် ဆင်ခြင်ပြီးကြည့်ရှုကြပါ။ အခုကားကတော့ Comedy/ Sport genre ဖြစ်ပြီး စိတ်ဝင်စားစရာလည်းကောင်းပါ တယ်။ နာမည်ကျသွားတဲ့ မာနခဲကြယ်ပွင့်ကစားသမားတစ်ယောက် အကြောင်းကို ရိုက်ကူးထားတာပါ။ ဂျေဆင်ဟာ လူငယ်ဘဝတုန်းက Gridiron Football အားကစားမှာ နာမည်ကြီးခဲ့တဲ့ကြယ်ပွင့်ကစားသမားတစ်ယောက်။ အသင်းဖော်ကို ရော၊ နည်းပြကိုရော၊ ပရိတ်သတ်ကိုရော ဘယ်သူ့ကိုမှ ဂရုမစိုက်တတ်တဲ့ သူ့အမူအကျင့်တွေကနေ ပြဿနာတွေဖြစ်လာပြီး အားကစားလောက ကနေ နှစ်၂၀ကင်းကွာသွားတဲ့သူ။ အဆဲအဆိုခံရတာတွေလည်း ဒုနဲ့ဒေး။ ဒါပေမဲ့ သူ့စိတ်ကတော့ သူရွှေထီးဆောင်းခဲ့တဲ့ကာလထဲမှာပဲ ရှိနေဆဲ။ တစ်နေ့ကျ ကားကို ဟယ်လင်ကဲလားလို မောင်းရာကနေ အက်ဆီးဒင့် ဖြစ်ပြီး ရုံးရောက်ဂတ်ရောက်တွေဖြစ်ကုန်တယ်။ တရားရုံးမှာ သူ့အမှုကို ကိုင်ရတဲ့တရားသူကြီးက သူ့ဇာတိမြို့ လောင်းဘိချ်မှာကတည်းကခင်ခဲ့တဲ့ ငတိမ။ သူ့အိမ်နီးချင်းရဲ့ထီမထင် မာနခဲစရိုက်ကိုသိနေတဲ့ တရားသူကြီးက ထောင်ချတဲ့အပြစ်ဒဏ်မပေးဘဲ လောင်းဘိခ်ျမှာ ပရဟိတအလုပ် နာရီ ၃၀၀ပြည့်အောင်လုပ်ရမယ်လို့ အမိန့်ချတယ်။ အဲလိုနဲ့ နာမည်ကျဘောလုံးသမားကြီးဟာ သူ့အိပ်မက်တွေ စအခြေတည်ရာ ဇာတိမြို့လေး‌ကို ပြန်ရောက်လာတယ်။ လိမ္မော်ရောင်သန့်ရှင်းရေးဝတ်စုံလေး ဝတ်ပြီး အာဝုအီးကျုံးဖို့ ဂေါ်ပြားလေးကိုင်ထားရင်းပေါ့။ ဒါ့အပြင် အကြောင်း တိုက်ဆိုင်ပြီး အဲဒီက ကလေးဘောလုံးအသင်းလေးမှာ နည်းပြလုပ်ပေးဖို့ဖြစ် လာတဲ့အခါ….။ ဇာတ်သွားကတော့ အဲလိုပါပဲ။ ဒီလို Plot မျိုးကြိုက်တဲ့သူတွေ ကြည့်ရှုသင့်တဲ့ကားကောင်းလေးဖြစ်ပါကြောင်း။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Ngwe Zin မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသား ပေးသူများကတော့ Ngwe Zin, May Thet Khine Soe တို့ ဖြစ်ပါတယ်) File Size……….(2 GB) / (1.1 GB) Quality…………WEB-DL 1080p / 720p Duration………1Hr 36Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Sport Translator…….Ngwe Zin, May Thet Khine Soe Encoder……….Zin Phyo Aung

Drama • Romance
0 2024
The Underdoggs
Juni
8.6

Juni 2024 (ဂျူနီရဲ့ အချစ်ပုံပြင်) IMDb 8.6/10 ဒီတစ်ခါမှာတော့ ကဖေးပိုင်ရှင်လေးနဲ့ ဂရပ်ဖစ်ဒီဇိုင်နာလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။ အချစ်ဇာတ်လမ်းလေးဖြစ်တဲ့အတိုင်းပဲ အလွမ်းအဆွေး အချစ်အမုန်း ခံစားချက်အစုံကို ကြည့်ရှုရမဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ ဟင်းတစ်ပွဲကို အရသာမရှိရင် မစားတတ်တဲ့အဖေဖြစ်သူကြောင့်နဲ့ ငယ်စဉ်အရွယ်ကတည်းက မိဘဖြစ်သူတွေပျော်ရွှင်ဖို့ စမ်းချက်ကြည့်ရင်းနဲ့ အချက်အပြုတ်ကိစ္စတွေကို ဝါသနာထုံသွားတဲ့ ပါသာ။ ကြီးလာတဲ့အခါမှာတော့ ကော်ဖီဆိုင်လေးတစ်ဆိုင်ဖွင့်ပြီး အမြဲတမ်း မီနူးအသစ်တွေကိုပဲ စဉ်းစားပြီး လုပ်နေသူ။ ဒီလို အချက်အပြုတ်ကို ခုံမင်တဲ့ ပါသာတစ်ယောက် သူ့ကဖေးကို အမြဲလာနေတဲ့ ဖောက်သည်ဖြစ်သူ ဂရပ်ဖစ်ဒီဇိုင်နာ ဂျူနီကို တိတ်တခိုးလေးချစ်ကြိုက်မိရာကနေ ……. ပါသာတစ်ယောက် ဂျူနီ့ကို ဘယ်လိုတွေ ပိုးပန်းသွားမလဲ ….. ပါသာတို့နှစ်ယောက်ရဲ့ အချစ်ခရီးလမ်းလေးကရော ဘယ်လိုတွေဖြစ်လာမလဲ…. ဆိုတာကို ခံစားကြည့်ရှုပေးကြပါဦးနော် (အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni ~ V ~ Suri ~ Alex ~ ToMo ~ Aditi တို့ပဲဖြစ်ပါတယ်)

8.6 2024
Juni
Campton Manor
5

Horror ချစ်သူများအတွက် စိတ်ဝင်စားစရာလှည့်ကွက်မျိုးစုံနဲ့ ဖြဲမခြောက်ဘဲ ကျောချမ်းနေရမဲ့ သရဲကားအသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားနာမည်ကတော့ Campton Manor ဖြစ်ပြီးနာမည်ကြီးသရုပ်ဆောင်တွေ ဒါရိုက်တာတွေနဲ့ ရိုက်ကူးထားတာတော့မဟုတ်ပေမဲ့ သူဟာနဲ့ သူကြည့်ကောင်းတဲ့အနေအထားတော့ရှိပါတယ်။ဒီဇာတ်ကားက Horror ဆိုပေမဲ့ လျှို့ဝှက်ဆန်းကြယ်ဖြစ်စဉ်တွေနဲ့ ပေါင်းစပ် ထားတာဖြစ်တဲ့အတွက် ပုံမှန်သရဲကားတွေလို ခြောက် လန့် ပြေးမဟုတ်ဘဲ ခေါင်းနည်းနည်းသုံးပြီးတော့စိတ်ဝင်စားစရာ ကောင်းတဲ့ပုံစံမျိုးဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ အစမှာတော့ အောင်မြင်တဲ့သည်းထိတ်ရင်ဖိုစာရေး ဆရာတစ်ဖြစ်လည်း ဂျာနယ်လစ်တစ်ယောက်ဖြစ်တဲ့ တက်ဒီ့ကို တွေ့ရမှာဖြစ်ပါတယ်။သူဒီနေ့အလုပ်လာတဲ့ ရက်မှာတော့သူ့ရုံးခန်းကို ဂျက် ဆိုတဲ့လူတစ်ယောက်ကရောက်နေပါတယ်။ဂျက်ကတော်တော် ထူးဆန်းတဲ့လူတစ်ယောက်ဖြစ်ပြီး လာရင်းအကြောင်းလည်း မပြောသလို သူဘယ်သူဆိုတာကိုလည်းမပြောပြပါဘူး။ဒါပေမယ့် သူက တက်ဒီ့မှာသေဆုံးပြီးသား လူတွေကိုမြင်နေရတဲ့ အစွမ်းတစ်ခု ရှိနေတာကို သိပြီးတော့ အဲ့ဒီအစွမ်းကိုအသုံးချဖို့လိုအပ်တဲ့အတွက် အကူအညီလာတောင်းတာလို့တော့ပြောပါတယ်။ဘာကိစ္စအတွက် တက်ဒီ့ အစွမ်းတွေကို လိုလဲဆိုတာကတော့ လွန်ခဲ့တဲ့ဆယ်စုနှစ် တွေတုန်းက ကမ့်ပ်တွန်ဆိုတဲ့အိမ်တော်ကြီးမှာလူတွေအစုလိုက် အပြုံလိုက်သေဆုံးခဲ့ကြပြီး ဘာလို့သေဆုံးခဲ့ရလဲဆိုတာကို အခုထက်ထိအဖြေမရှာနိုင်သေးတဲ့ အမှုအတွက်ပဲဖြစ်ပါတယ်။ တက်ဒီကတော့စိတ်မပါပေမဲ့ ဂျက်ကအတင်းအကြပ်ခေါ်နေတဲ့ အတွက်ပါသွားခဲ့ပြီးနောက်မှာတော့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ကမ့်ပ်တွန်အိမ်တော်ကြီးကိုရောက်ခဲ့ပါတော့တယ်။အဲ့ဒီကစပြီးတော့ တက်ဒီနဲ့ ဂျက်နှစ်ယောက်အိမ်ကြီးထဲဝင်သွားခဲ့ကြပြီးနောက် ဒီအိမ်ကြီးမှာ ဖြစ်ခဲ့တဲ့ လူသတ်မှုတွေရဲ့ နောက်ကွယ်မှာဘယ်လိုလျှို့ဝှက်ဆန်းကြယ် မှုတွေရှိနေလဲ ဆိုတာကို အဖြေရှာကြပုံကို ကြည့်ရမဲ့ဇာတ်ကားကောင်း တစ်ကားပဲဖြစ်ပါတယ်။ File size…976MB / 395MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 32m Genre ….. Horror , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5 2024 83 mins
Campton Manor
Dogville
8

IMDb 8/10 မင်းသားကြီး Paul Bettany နဲ့ မင်းသမီးကြီး Nicole Kidman တို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ Crime/ Drama ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် Director Lars Von Trier ရဲ့ ကိုယ်တိုင်ရေး ကိုယ်တိုင်ရိုက် လက်ရာကောင်းတစ်ခုပါ Manderlay 2005 ရဲ့ Trilogy ဖြစ်ပြီး Manderlay ဇာတ်ကားကိုလည်း ကိုယ်တိုင်ရေး ကိုယ်တိုင်ရိုက်အနေနဲ့ပဲ ဖန်တီးထားပါသေးတယ် နှစ်ကားစလုံး ဆုတွေအများကြီးရထားတာပါ နှစ်ကားစလုံးရဲ့ထူးခြားချက်ကလည်း ရိုက်ကွင်းကို စတူဒီယိုခန်းကြီးထဲက အနက်ရောင်စတိတ်စင်ကြီးပေါ်မှာ ပုံစံဖော်ပြီးရိုက်ကူးထားတာက တခြားရုပ်ရှင်ကားတွေနဲ့မတူတဲ့ Director Lars Von Trier ရဲ့ထူးခြားတဲ့ Idea တစ်ခုပဲဖြစ်ပါတယ် ဇာတ်အိမ်ကိုတော့ အမေရိကန်နိုင်ငံ ရော့ကီတောင်တန်းပေါ်က ဒေါ့ဗေးလ် ဆိုတဲ့မြို့လေးတစ်မြို့အကြောင်းကို တည်ပြီးရိုက်ကူးထားတာပါ တစ်ညမှာ ဝတ်ကောင်းစားလှတွေဝတ်ထားတဲ့ ချောမောလှပတဲ့ ဂရေ့စ် ဆိုတဲ့ မိန်းကလေးတစ်ယောက်ဟာ လူဆိုးတွေရဲ့လက်ကနေ ထွက်ပြေးလာရင်းနဲ့ ဒေါ့ဗေးလ် ဆိုတဲ့မြို့လေးကို ရောက်ရှိလာပါတယ် ဒေါ့ဗေးလ် မြို့မှာ လူ့ကျင်ဝတ်အကြောင်းကိုဟောပြောလေ့ရှိတဲ့ စာရေးစရာပေါက်စ တွမ် ဟာ ဂရေ့စ် နဲ့တွေ့ခဲ့ပြီး ဂရေ့စ် ကို ဒေါ့ဗေးလ် မြို့မှာနေထိုင်နိုင်ဖို့နဲ့ မြို့သူမြို့သားတွေလက်ခံလာနိုင်ဖို့အတွက် ကြိုးစားကြပါတော့တယ် တွမ် ကလည်း ဂရေ့စ် ကိုအကြံပေးရင်းနဲ့ မြို့သူမြို့သားတွေကိုလည်း လက်ခံလာနိုင်အောင်စည်းရုံးနဲ့ပေါ့လူဆိုးတွေရဲ့လက်ထဲကိုပြန်မရောက်ချင်တဲ့အချက်က ဂရေ့စ် အတွက်အားနည်းချက်တစ်ခုဖြစ်နေခဲ့ပြီး မြို့သူမြို့သားတွေက အဲဒီအားနည်းချက်ကိုချနင်းပြီး လူ့ကျင့်ဝတ် လူ့စည်းကမ်းတွေကို အမျိုးမျိုးချိုးဖောက်ခံရတဲ့ အကြောင်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ် ဇာတ်လမ်းဟာ ရင်နာစရာ၊ စိတ်နာစရာ၊ သံဝေဂရစရာ၊ ဒေါသထွက်စရာ၊ ကိုယ်ချင်စာစရာ စတဲ့ ရသပေါင်းစုံကိုပေးစွမ်းနိုင်တဲ့လက်ရာကောင်းတစ်ခုပါ ကျွန်တော်တို့လူသားတွေရဲ့ အမှောင်ဘက်ခြမ်းဟာ ဘယ်လောက်ကြောက်ဖို့ကောင်းလဲဆိုတာကို တဖြည်းဖြည်းနဲ့ ဇာတ်ရှိန်မြင့်လာအောင်ရိုက်ကူးထားပါတယ် လောကနိယာမရဲ့ တူသောအကျိုးကိုပြန်ခံစားရမယ်ဆိုတာကိုပါမြင်ရတာကြီးကတော့ တကယ်ကို ကြောက်စရာကောင်းလှပါတယ် Director Lars Von Trier ရဲ့ဘယ်လိုတင်ဆက်ထားသလဲဆိုတာကိုတော့ ကြည့်ရှုခံစားကြည့်ကြဖို့ တိုက်တွန်းလိုက်ပါရစေ ဒီဇာတ်ကားလေးကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ပဲဖြစ်ပါတယ် File size…(2.9 GB)/(1.3 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 02:58:00 Genre… Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leo

8 2003 178 mins
Dogville
Desperado
7.1

ဘယ်လူမိုက်ကိုမှ အထာမထားဘဲ သမတတ်တဲ့ ဂီတာအိတ်ကြီးလွယ်ထားတဲ့သားသတ်သမား လူထွားကောင်ကြီး ဇာတ်လမ်းတွေကို ကြည့်ဖူးကြမှာပါ။ ဟုတ်ပါတယ်….အဲ့ဒီရုပ်ရှင်တွေကတော့… Mexico Trilogy ဆိုပြီး နာမည်ကျော်ကြားတဲ့ ဒါရိုက်တာ Robert Rodriguez ရဲ့ El Mariachi (1992), Desperado (1995), Once Upon a Time in Mexico (2003) ရုပ်ရှင် ၃ ကားပဲဖြစ်ပါတယ်။ ပထမဆုံးရုပ်ရှင် El Mariachi (1992)ဇာတ်ကားဆိုရင် ဘတ်ဂျတ် ဒေါ်လာ ၇၀၀၀ လောက်သာစရင်းပြီး ဒေါ်လာ ၂သန်းလောက်ထိပြန်လည်ရရှိခဲ့တာကြောင့် အားလုံးရဲ့ချီးကျူးမှုကိုရရှိခဲ့ပါတယ်။ ဒါရိုက်တာကြီး Quentin Tarantino က ဒီရုပ်ရှင်ကို ကြွေလွန်းလို့ ဒုတိယရုပ်ရှင် Desperado (1995) မှာ ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ခဲ့ပြီး Trilogy ဖြစ်အောင် Once Upon a Time in Mexico (2003) ကိုပါဆက်ရိုက်ဖို့ မြှောက်ပေးခဲ့ပါတယ်။ ၃ ကားလုံးကို CM App နဲ့ Website https://www.channelmyanmar.to/?s=Mexico+Trilogy မှာ ကြည့်လို့ရပါတယ်။ ++++++++++++++++ Desperado (1995) IMDb Rating (7.1) / Rotten Tomatoes (70%) ဒီရုပ်ရှင်က တစ်ကားလုံး ချတာမှမြင်ချင်တဲ့လူတွေအတွက် ရုပ်ရှင်ပါ။ ၈၀% လောက်က ဝုန်းဒိုင်းကြဲနေတာကို တွေ့လိမ့်မယ်။ ဂန်းတွေပစ်မယ်။ သွေးတွေအလိမ်းလိမ်းနဲ့ ကြမ်းပေ့ဆိုတဲ့ အက်ရှင်ကားမျိုးပေါ့။ ဒီရုပ်ရှင်က ရုပ်ရှင်လောကထဲ အန်တိုနီယို ဘန်းဒရက်စ် ခပ်ကြမ်းကြမ်း ဝင်လာတဲ့ရုပ်ရှင်တစ်ခုဆိုရင်လည်းဟုတ်တယ်။ ဒီရုပ်ရှင်ရှေ့မှာ ဒါရိုက်တာ ရောဘတ်ရိုဒရီဂူးဇ်က El Mariachi ဆိုတဲ့ ရုပ်ရှင်တစ်ခုရိုက်ခဲ့ဖူးတယ်။ ဘတ်ဂျက်ကို ဒေါ်လာ ၇၀၀၀ ပဲ သုံးပြီး သန်းနဲ့ချီ ပြန်အမြတ်ထွက်တဲ့အတွက် တော်တော် ချီးကျူးခံခဲ့ရတဲ့ရုပ်ရှင်ပေါ့။ ဒီကားက El Mariachi ကို အမေရိကန်အထာ ဘတ်ဂျက် ၇ သန်းသုံးပြီး ပြန်ရိုက်ထားတဲ့ကားပါ။ ဒီရုပ်ရှင်ကလည်း ၁၀ဆ နီးပါး ပြန်အမြတ်ထွက်ခဲ့တယ်။ ဇာတ်လမ်းက သူ့မိန်းမကို သတ်ခဲ့တဲ့လူကို ပြန်လက်စားချေတဲ့ Miriachi မက္ကဆီကန် ဂီတသမားအပေါ် တည်ထားတယ်။ သူ့မိန်းမကို သတ်သွားတဲ့ မူးယစ်ရာဇာတွေကို လက်စားချေဖို့ ဘဝတစ်ခုလုံးကို ရင်းထားတဲ့လူပေါ့။ ဂီတာသေတ္တာကြီးတစ်လုံးကို ဆွဲပြီး သူလက်စားချေချင်တဲ့ မူးယစ်ရာဇာကို တစ်မြို့ဝင် တစ်မြို့ထွက် လိုက်ရှာတယ်။ သူ့ရဲ့ ဂီတာသေတ္တာထဲက သေနတ်ကြီးကို ထုတ်ပြီး လူဆိုးတွေကို ဘယ်လိုသတ်ကြောင်း ဇာတ်လမ်းက ဂိုဏ်းတွေကြားမှာပါ ဒဏ္ဍာရီတစ်ပုဒ်အနေနဲ့ ပျံ့နေတယ်။ တစ်နေ့‌တော့ မက္ကဆီကို မြို့ငယ်လေးကို သူရောက်လာတယ်။ အဲဒီမြို့မှာ သူလက်စားချေချင်တဲ့ မူးယစ်ရာဇာလည်း ရောက်နေတယ်။ အဲဒီမှာ စာအုပ်ဆိုင်ကကောင်မလေး (Salma Hayek) နဲ့ တွေ့ပြီး ချစ်သွားကြတယ်။ ဒါပေမဲ့ ဒီရုပ်ရှင်က အက်ရှင်ကိုအသားပေးတဲ့အတွက် ချစ်ခန်း ကြိုက်ခန်းတွေ သိပ်တော့မပါဘူး။ ‌ဇာတ်လမ်းထဲမှာ သူ့ရဲ့ ဆုံးဖြတ်ချက်တွေကို သံသယဝင်ရက်စရာတွေ ပါတယ်။ လက်စားချေဖို့အတွက် သူ့ဘဝတစ်ခုလုံးကိုရင်းထားတာ တန်ရဲ့လားပေါ့။ ဇာတ်လမ်းကတော့ အပစ်အခတ်တွေနဲ့ လက်စားချေတဲ့ ဇာတ်ကြောင်းတစ်ခုပဲ။ Plot Twist ကတော့ ဇာတ်လမ်းပြီးခါနီးမှလာတယ်။ ဒီရုပ်ရှင်မှာ အန်တိုနီယိုဘန်းဒရက်စ်ရဲ့နာမည်ကို မပြောသွားဘူး။ Manito (ကောင်လေး) နဲ့ Miriachi (ဂီတသမား) လို့ပဲသုံးသွားတယ်။ အဲဒီလို နာမည်မပြောသွားတာက တမင်လုပ်ထားတဲ့သဘောပဲ။ သူ့ရဲ့ Mysterious ဆန်ဆန် အငွေ့အသက်ကို တတ်နိုင်သမျှ ထိန်းချင်တဲ့ ဒါရိုက်တာရဲ့ စိတ်ကူးပဲဖြစ်လိမ့်မယ်။ Cast တွေကလည်း တော်တော်ကောင်းတယ်။ ထိပ်တန်းသရုပ်ဆောင်တွေကို သူတို့ရဲ့ အရှိန်အတက်ဆုံးအချိန်မှာ သုံးလိုက်တာပဲ။ Antonio Banderas က ဒီရုပ်ရှင်မထွက်ခင်ကတည်းက စပိန်မှာ နာမည်တော်တော်ရနေပြီ။ Desperado မှာ သူ့ရဲ့ performance ကြောင့် ဟောလိဝုဒ်အက်ရှင်လောကမှာ ခြေဆန့်ဖို့ အရှိန်တော်တော်ရသွားတယ်။ Salma Hayek ကတော့ ဘာပြောကောင်းမလဲ ဟော့လိုက်တာမှ အရမ်းပဲ။ Quentin Tarantino လဲ Cameo ပါထားပါတယ်။ ဒီရုပ်ရှင်က အကောင်းရော၊ အဆိုးရော ဝေဖန်ခံခဲ့ရတဲ့ရုပ်ရှင်ပါ။ Cinematography ပိုင်းနဲ့ သရုပ်ဆောင်ပိုင်းမှာ ချီးကျူးခံရသလို ဇာတ်လမ်းသွက်တဲ့အပေါ်လည်း ဝေဖန်ခံခဲ့ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ခုနောက်ပိုင်း ဖောဖောသီသီထွက်နေတဲ့ မရယ်ရတဲ့ဟာသတွေနဲ့ အက်ရှင်ကားတွေထက်စာရင်တော့ ဇာတ်လမ်းပိုင်း၊ စတန့်ပိုင်း နဲ့ Cinematography ပိုင်းမှာ သာတဲ့ ရုပ်ရှင်တစ်ခုပါပဲ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Min Thant Bo မှ တင်ဆက်ထားပါတယ်။)

7.1 1995
Desperado
Black Tea
5.2

Black Tea (2024) အာဖရိကန် ဒါရိုက်တာ Abderrahmane Sissako ရိုက်ကူးထားပြီး ဇာတ်အိမ်ကို တရုတ်နိူင်ငံ ကွမ်ကျိူးပြည်နယ်ဘက်မှာ ဇာတ်အိမ်တည်ထားတာပါတယ်။ ဂျွိုက်ဟာ သူစိတ်ဝင်စားတဲ့ လက်ဘက်ရည်ပညာရပ်ကိုလဲဆည်းပူးရင်း စိတ်ပြေလက်ပျောက် တရုတ်နိူင်ငံ ကွမ်ကျိုးမြို့ဆီ ထွက်လာခဲ့ပါတယ်။ နယ်ခံဖြစ်တဲ့ Cai နဲ့ ဂျွိုက်စ် တို့ရဲ့ကြားက သံယောဇဉ်ကနေ ချစ်ချင်းမေတ္တာပေါက်ဖွားလာပုံ၊ ဂျွိုက်နဲ့နယ်ခံတရုတ်တွေရဲ့ကြား ဆက်နွယ်မှုအကြောင်းကို ရိုက်ကူးပုံဖော်တင်ဆက်ထားတဲ့ ဇာတ်လမ်းကောင်းဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Aung Kyaw ဖြစ်ပါတယ်။) File size…(1.5 GB) / (780 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Romance Duration….01:50:35 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Pyae Aung Kyaw

5.2 2024 111 mins
Black Tea
The Conqueror
5.8

ဖန်တက်စီကားချစ်သူတို့အတွက်မိစ္ဆာနှိမ်နင်းသူ ကားကောင်းလေးတစ်ကားကို CMမှထပ်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့…… တစ်ခါတုန်းက နယ်စပ်မြို့ငယ်လေးတစ်ခုမှာဝက်မိစ္ဆာကြီးသောင်းကျန်းနေပါသတဲ့….. ဝက်မိစ္ဆာကြီးကိုနှိမ်နင်းဖို့အတွက် အနယ်နယ်အရပ်ရပ်က မိစ္ဆာနှိမ်နင်းသူတွေကိုဖိတ်ခေါ်လိုက်တဲ့အခါ အနယ်နယ်အရပ်ရပ်ကမိစ္ဆာနှိမ်နင်းသူတွေလာရောက်ကူညီကြပါတယ်။ ခရီးသွားတစ်ယောက်ဖြစ်တဲ့အားရှီဟာ ဖိတ်စာကိုကောက်ရပြီး သူ့ရဲ့မိစ္ဆာနှိမ်နင်းသူဖြစ်ချင်တဲ့အိပ်မက်ကိုအကောင်အထည်ဖော်ဖို့ရောက်လာတာပေါ့ လမ်းမှာမုံ့ကျူးဆိုသူလေးနဲ့တွေ့ပြီး ချစ်ကျွမ်းဝင်က မုံ့ကျူးဆီမှာတပည့်ခံလိုက်ပါတော့တယ်…… ကျွမ်းကျင်ပညာရှင်တွေကြားမှာ စော်ကြူသိုင်းသာ ကျွမ်းကျွမ်းကျင်ကျင်တတ်တဲ့အားရှီတစ်ယောက် နှစ်တစ်ထောင်ဝက်မိစ္ဆာကြီးကိုဘယ်လိုနှိမ်နင်းမလဲဆိုတာကို….. ပေါ့ပေါ့ပါးပါးကြည့်ရှုခံစားလိုက်ပါဦးနော်

TV Movie • Comedy • Romance
5.8 2020
The Conqueror
Forget Me
5.6

ကျွန်မကိုမေ့လိုက်ပါ……လူတစ်ယောက်ကိုမေ့ပစ်ဖို့တောင်းဆိုရတာ မချစ်လို့မဟုတ်ပဲ ချစ်လွန်းလို့မေ့ပစ်စေချင်တာလဲဖြစ်နိုင်ပါတယ်။ ဒီဇာတ်လမ်းလေးကတော့ အရမ်းချစ်ကြတဲ့ချစ်သူနှစ်ယောက် ဘဝရှေ့ရေးအတွက်ကြိုးစားရင်း မတူညီတဲ့လမ်းကို ရွေးချယ်ဖြစ်ကြတဲ့အခါ ခဏတာခွဲခွာခဲ့ကြရတယ်။ အချိန်တန်လာတော့လဲ ချစ်သူရဲ့တန်ဖိုးကိုသိနားလည်ပြီး ချစ်သူဘေးနားကိုပြန်ရောက်လာပြီးတော့ နှစ်ကိုယ်တူဘဝလေး အတူပြန်တည်ဆောက်ဖို့ကြိုးစားကြတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ဒါပေမယ့် မထင်မှတ်တဲ့ကံကြမ္မာရဲ့ရိုက်ခတ်မှုတွေရောက်လာတဲ့အခါ ဒီချစ်သူနှစ်ယောက်ဟာ အဆုံးထိလက်တွဲသွားနိုင်ဦးမလားဆိုတာတော့ မရေရပါဘူး

TV Movie • Thriller • Drama • Crime
5.6 2025
Forget Me